အေမာမ်အလီ(အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှုများ

wikishia မှ

        အေမာမ်အလီ(အ.စ) သည် ကျမ်းမြတ်ကုရ်အာန် အာယသ်တော်များ ၊ ရေဝါယသ်များ နှင့် သမိုင်းအဖြစ်အပျက်များ၌ ၎င်းအား ဖော်ညွှန်းထားသော ရှီအာများ၏ ပထမဦးဆုံး အေမာမ်ဖြစ်သည်။ တမန်တော်မြတ်ထံ(ဆွ) ထံမှ ‌ေကာက်နုတ်ထားသည်မှာ ၊ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများသည် ရေတွက်လို့ မရနိုင်ပေ ။ တမန်တော်မြတ်ထံ(ဆွ) ထံမှ ကောက်နုတ်ထားသည့် အခြ ရေဝါယသ် တစ်ခုအရ ၊ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများ ကို ပြန်ပြောပြခြင်း ၊ ရေးသားခြင်း ၊ ကြည့်ခြင်း နှင့် နားထောင်ခြင်း တို့သည် အေဘာဒသ် ဖြစ်ပြီး အပြစ်များကို ခွှင့်လွှတ်ပလပ်စေသည်။

        အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများသည် အပိုင်း နှစ်ပိုင်း ရှိပေသည်။ အေမာမ်အလီ(အစ) နှင့်သာ သက်ဆိုင်သည့် မြင့်မြတ်မှု နှင့် အေမာမ်အလီ(အစ) အပါအ၀င် အခြားသောအဲဟ်ဟေဘိုင်းသ်(အစ) များနှင့်လည်း သက်ဆိုင်သည့် မြင့်မြတ်မှုတို့ ဖြစ်သည်။ အေမာမ်အလီ(အစ) နှင့်သာ သက်ဆိုင်သည့် မြင့်မြတ်မှုများမှာ : အာယသ်သေ ဝေလ ယသ်အာယသ်သေ ‌‌ရှေရာအ်အာယသ်သေ အင်န်ဖာက္က်ဟဒီးစေ ဂဒီးရ်ဟဒီးစေ သွီးရ် မက်ရ်ဝါဟဒီးစေ မန်ဇေလသ် နှင့် ခါသမ်ဘက်ခ်ရှီး တို့ဖြစ်ကြသည်။ အေမာမ်အလီ(အစ) အပါအ၀င် အခြားသောအဲဟ်ဟေဘိုင်းသ်(အစ) များနှင့်လည်း သက်ဆိုင်သည့် မြင့်မြတ်မှုများမှာ အာယသ်သေ သက်သ်ွဟီးရ်အာယသ်သေ အဲဟ်လုလ်ဇီက်ရ်အာယသ်သေ မို၀က်(ဒ်)ဒက်သ် နှင့် ဟဒီးစေ စက္ကလိုင်းန် တို့ ဖြစ်သည်။

        ဗနီအိုမိုင်ယာ လက်ထပ်၌ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို ထုပ်ဖော်ခြင်းမှ တားမြစ်ခဲ့ကြသည်။ ၌ခေတ်ကာလ၌ မည်သူမဆို အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို ကောက်နုတ် ရေးသား ဖော်ပြပါက အသတ်ခံရသည် သို့မဟုတ် အကျဉ်းချခံရသည်။ ထို့အတူ မိုအာဝီယာ ၏ အမိန့်ဖြင့် အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို ဆန့်ကျင်ပြီး ခလီဖာ သုံးဦးအတွက် မြင့်မြတ်မှုများ ဂုဏ်ပုဒ်များကို လုပ်ကြံရေးသား ဖော်ပြပါက ထိုသူအား ချီးမြောက်ကာ ဆုလဒ်များ ပေးပေသည်။ အချို့သူများ ဥပမာ စလဖီယဟ်များ၏ ခေါင်းဆောင် အိဗ်နေ သိမ်မီယဟ် ၊ ‌၎င်း၏ ကျောင်းသားဖြစ်သူ အိဗ်နေကစီးရ် ဒမီရှ်ကီး နှင့် အိဗ်နေကိမ်း ဂျောင်ဇီး တို့သည် အေမာမ်အလီ(အစ) နှင့် ပတ်သက်ပြီး လာရှိထားသည့် အာယသ်တော်များ နှင့် ဟဒီးစ်တော် အများအပြားကို လုပ်ကြံဖန်တီး ရယူထားသည်ဟု ယူဆထားကြသည်။

        အေမာမ်အလီ (အစ) ၏ မြင့်မြတ်မှုများ ပြန့်ပွားမှုကို တားဆီးရန် ဆန့်ကျင်သူများ၏ ကြိုးပမ်းမှုများ ရှိနေသည့်ကြားမှ အလီ ဗင်န် အဘီသွာလီဘ် (အစ) ၏ မြင့်မြတ်မှု များစွာကို ရှီအာ နှင့် အဲဟ်လေစွန္နသ် ဟဒီးစ်များတွင် ကိုးကားလာရှိထားသည်။ ထို့အပြင် ရှီအာ နှင့် အဲဟ်လေစွန္နသ် အာလင်မ် ပညာရှင်များသည် ၊ အေမာမ်အလီ (အစ) ၏ မြင့်မြတ်မှုများ နှင့် ပတ်သက်သည့် စာအုပ်များကို ပြုစုရေးသား ခဲ့ကြသည်။ ဥပမာ ဖဇာအိလုလ် အမီးရုလ် မိုအ်မေနီး အိဗ်နေ ဟန်ဘလ်ခဆွာအိဆ် အမီးရုလ်မိုအ်မေနီး နစာအီ နှင့် အုမ်အဒု ုယူးနိ ဆွဟာဟိလ် အခ်ဘာရ် ဖီ မနာကိဘ် အိမာမိလ် အဘ်ရာရ် အိဗ်နေ ဘက်သ်ွရီးက္က် စသည့် စာအုပ်များ ဖြစ်ကြသည်။

မြင့်မြတ်မှု ဆိုသည်မှာ မည်သို့ ဖြစ်သနည်း

        မြင့်မြတ်မှု ဆိုသည်မှာ ၊ တစ်ဦးချင်း သို့မဟုတ် အုပ်စုတစ်စုအား အခြားသူများထက် ပိုမိုသာလွန်စေသော ဂုဏ်ပုဒ်များ နှင့် ဝိသေသ လက္ခဏာများ ဖြစ်သည်။ (1) ထို့အတွက်ကြောင့် " အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှု " ဆိုသည်မှာ ၊ ကုရ်အာန် အာယသ်တော်များ ၊ ရေဝါယသ်များ နှင့် သမိုင်းဖော်ပြချက်များ တွင် ရှီအာတို့၏ ပထမဦးဆုံး အေမာမ် ဖြစ်သော အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို ဖော်ပြထားပြီး ထိုအရာများသည် ၎င်းအား အခြားသူများထက် ပိုမိုသာလွန်မှု ရှိစေသည့် အကြောင်းအရာများပင် ဖြစ်သည်။ ရှီအာ သီအိုလောဂျီစာအုပ်များ၌ ၊ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများမှ ၎င်း၏ အေမာမသ် နှင့် သာလွန်မှုများကို သက်သေပြုဖို့ရန် အတွက်လည် အသုံးပြုထားသည်။ (2)

        တမန်တော်မြတ်ကြီး(ဆွ) ထံမှ ကောက်နုတ်ထားသည်မှာ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများသည် အလွန်များပြားလှပြီး ရေတွက်လို့ပင် မရနိုင်ပေ။ (3) အဲဟ်လေစွန္နသ်တို့သည်လည်း ထိုအကြောင်းအရာကို လက်ခံကြပေသည်။ ဥပမာအားဖြင့် ‌‌ဖော်ပြရသော် ၊ ဟန်ဗ္ဗလီ ဂိုဏ်းဂန ၏ ခေါင်းဆောင်ဖြစ်သူ အဟ်မဒ် ဗင်န် ဟန်ဗ္ဗလီ ထံမှ ကောက်နုတ်ထားသည်မှာ ၊ အလီ ဗင်န် အဘီသွာလီဘ် အတွက် ဖော်ပြထားသော မြင့်မြတ်မှုများသည် အခြား မည်သည့် အဆ်ွဟာဘ် နောက်လိုက်သား တစ်ဦးတစ်ယောက် အတွက်မှ ဖော်ပြထားခြင်းမျိုး မရှိပေ။ (4)

အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများ အပိုင်းနှစ်ပိုင်း ရှိပေသည်။

  • ပထမအပိုင်းမှာ သီးသန့် ၎င်းနှင့်သာ သတ်ဆိာင်သော မြင့်မြတ်မှုများ ဥပမာ လိုင်းလသုလ် မဘီးသ် ၌ တမန်တော်မြတ်၏ အိပ်ယာပေါ်တွင် အိပ်စပ်ခြင်း နှင့် အာယသ် ‌ရှေရာအ် ၎င်းအတွက် ကျရောက်ခြင်း တို့ ဖြစ်သည်။

        တမန်တော်မြတ်(ဆွ) ထံမှ အိဗ်နေ ရှာဇာန်နေ ကွမ်းမီ ကောက်နုတ်ထားသည့် ရေဝါယသ် တစ်ခုအရ ၊ မည်သူမဆို အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုကို ရေးသားပါက ၊ ထိုရေးသားမှု ရှိနေသရွေ့ မလာအိကာ ကောင်းကင်တမန်များသည် ၎င်းအတွက် အိစ်သီဂ်ဖွာရ် ၀န်ချတောင်းပန်မှု ပြုလုပ်ပေးပေမည်။ ထို့အတူ မည်သူမဆို အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို နားထောင်ပါက ၊ နားဖြင့်ကျူးလွန်မိခဲ့သော အပြစ်ငရဲများကို အရှင်မြတ်သည် ခွင့်လွှတ်‌ေတာ်မူပြီး မည်သူမဆို အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများကို ကြည့်ရှု့ပါက မျက်စိဖြင့် ကျူးလွန်မိခဲ့သော အပြစ်ငရဲများကို ခွင့်လွှတ်ပေးလိမ့်မည်။ (5)

ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့် မြင့်မြတ်မှု

        ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့် မြင့်မြတ်မှု ဆိုသည်မှာ ၊ အေမာမ်အလီအလီ(အစ) နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည့် ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော်များ သို့မဟုတ် အေမာမ်အလီ(အစ) သာလျှင် ထိုအာယသ်တော်များ၏ ဆိုလိုရင်း ဖြစ်ပြီး အခြားမည် တစ်ဦးတစ်ယောက်မှ မဟုတ်ကြောင်း ဖော်ညွှန်းထားခြင်း ဖြစ်သည်။ (6) ထို့အတူ အိဗ်နေအဘ္ဘာစ် သည် တမန်တော်မြတ်(ဆွ)ထံမှ ကောက်နုတ်ထားသည်မှာ အရှင်မြတ်သည် «یا أیها الذین آمنوا» " အို အီမာန် သက်၀င်ယုံကြည်သူ အပေါင်းတို့" ဟူသော အာယသ်တော်တိုင်းကို ပို့ချရာ၌ အလီ(အစ) သည် ထိုသက်၀င် ယုံကြည်သူများ၏ ခေါင်းဆောင် ၊ အမီးရ် ဖြစ်သည်ဟူ၍ မိန့်ဆိုထားသည် ။ (7) ၎င်းသည် အာယသ်တော်ပေါင်း ၃၀၀ ကျော်ကို အေမာမ်အလီ(အစ) အား ချီးမွန်းခြင်း အတွက် ကျရောက်ခဲ့သည် ဟုသတ်မှတ်ထားသည်။ (8) ကျမ်းမြတ်ကုရ်အာန်မှ အေမာမ်အလီ(အစ) ၏ အချို့သော မြင့်မြတ်မှုများမှာ အောက်ပါတို့ ဖြစ်သည်။

  • အာယသ်သေ ‌ရှေရာအ် ။ ။ စူရဟ် ဘက္ကရာ အာယသ်အမှတ် ၂၀၇ ၊ လူသားတို့တွင် မိမိ၏ နဖ်စ် ကို အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု ရရှိရန် လှဲလှယ်ရောင်းချသူလည်း ရှိပေသည်။ (11) မိုအ်သဇေလဟ် ဂိုဏ်း၏ ပညာရှင် ဖြစ်သူ အိဗ်နေ အဘီလ် ဟဒီးဒ် ၏ ပြောကြားချက်အရ ၊ ဤအာယသ်သည် အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ကျရောက်ခဲ့ကြောင်းကို အားလုံးသော သက်ဖ်စီးရ် ပညာရှင်များမှ လက်ခံယုံကြည်ထားသည်။ (12)

အလ္လာမဟ် သွဗာသွဗာယီး ရေးသားထားသည်မှာ ၊ ရေဝါယသ်များအရ ဤအာယသ်တော်သည် လိုင်းလသုလ် မဘီးသ် နှင့် ပတ်သက်ပြီး ကျရောက်ခဲ့သည်။ (13) လိုင်းလသုလ် မဘီးသ်၌ မွတ်ရှ်ရီးက် များသည် မက္ကာတွင် ရှိသော တမန်တော်မြတ်၏ နေအိမ်ကို တိုက်ခိုက်ပြီး ၎င်းအား သတ်ဖြတ်ရန် အကြံအစီ ရှိခဲ့ကြသည်။ ထိုည၌ ၊ အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) ၏ အသက်ကို ကယ်တင်ဖို့ရန် ၎င်း၏ အိပ်ယာတွင် အိပ်ခဲ့သည်။ (14)

  • အာယသ်သေ သဗ္ဗ်လီးဂ် ။ ။ စူရဟ် မာအိဒါ အာယသ်အမှတ် ၆၇ ၊ ထိုအာယသ်အရ ၊ တမန်တော်မြတ်(ဆွ) သည် လူသားများထံ သတင်းတစ်ခု ပို့ချမည့် တာ၀န်ရှိပြီး အကယ်၍ ထိုသတင်းကို မပို့ချပါက မိမိ ပြုလုပ်ခဲ့သော ရေစာလသ်တာ၀န်သည် အချဉ်းအနီးသာလျှင် ဖြစ်‌သွားပေမည်။ (15) ရှီအာ နှင့် စွန္နီ သက်ဖ်စီးရ် ပညာရှင်များ၏ မဆိုအရ ၊ အာယသ်သေ ဝေလာယသ် သည် တမန်တော်မြတ် နောက်ဆုံးပြုလုပ်သည့် ဟဂ်ျမှ အပြန် ဂဒီးရ်ခွမ်း ဟု အမည်ရှိသော နေရာ၌ ကျရောက်ခဲ့သည်။ (16) ရေဝါယသ်များ၌ ၊ အာယသ်သေ ဝေလာယသ် ကျရောက်ရသည့် အကြောင်းတရားကို ဂဒီးရ်အဖြစ်အပျက် နှင့် အေမာမ်အလီ(အစ) အား ကိုယ်စားလှယ် အဖြစ် ခန့်မပ်ရန် ကြေဌာရခြင်း ဖြစ်သည်ဟု လက်ခံထားကြသည်။ (17)
  • အာယသ်သေ အင်န်ဖာက္က် ။ ။ စူရဟ် ဘက္ကရာ အာယသ်အမှတ် (၂၇၄) ၊ ဤအာယသ်တော်၌ လူခြေတိတ်ဆိတ်သည့် ညယံအချိန်တွင်ဖြစ်စေ၊ နေ့အချိန်၌ လူမြင်ကွင်းတွင်ဖြစ်စေ၊ သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ အင်န်ဖာက္က် စွန့်လှူပေးကမ်း လှူဒါန်းကြသူတို့ အတွက် အရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များ ရှိကြောင်း ဖော်ပြထားသည်။ (28) သက်ဖ်စီးရ် ပညာရှင်များ၏ အဆိုများအရ ၊ ဤအာယသ်သည် အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည်။ အေမာမ်အလီ(အစ) ၌ ‌ဒီရ်ဟမ် လေးခုရှိရာ ယင်းအား တစ်ခုကို ညအချိန် ၊ တစ်ခုကို နေ့အချိန် ၊ နောက်တစ်ခုကို သိုသိုသိပ်သိပ် လှူဒါန်းခဲ့ပြီး ကျန်တစ်ခုကို ပေါ်လွင်စွာ လှူဒါန်းခဲ့သည်။ (29)
  • အာယသ်သေ နက်ဂ်ျဝါး ။ ။ စူရဟ် မိုဂျာဒိလဟ် အာယသ်အမှတ် (၁၂) ဖြသ်ပြီး ဤအာယသ်၌ ချမ်းသာကြွယ်၀သော မွတ်စ်လင်မ်များကို တမန်တော်မြတ်နှင့် သီးသန့် နှီးနှော ဆွေး‌ နွေး တိုက်ပင် လိုသောအခါ ထိုသို့မပြုမီ ဆွဒ်ကာ အလှူဒါန စွန့်လှူပေူကမ်းရန် အမိန့်ပေးထားသည်။ (30) သွီဗ်ရေစီ၏ အဆိုအရ ရှီအာ နှင့် စွန္နီ တို့၏ များစွာသော သက်ဖ်စီးရ် ပညာရှင်များသည် သီးသန့် အေမာမ်အလီ(အစ) သာလျှင် ဤအာယသ်တော် အပေါ် လိုက်နာ ကျင့်ဆောင်ခဲ့သည် ဟူ၍ လက်ခံထားကြသည်။ (31)
  • အာယသ်သေ ဝုဒ်ဒ ။ ။ စူရဟ် မရ်ယမ် အာယသ်အမှတ် (၉၆) ဖြသ်ပြီး ဤအာယသ်အရ ၊ အရှင်မြတ်သည် မိုအ်မင်န် သက်၀င်ယုံကြည်သူများ၏ အချစ်တရားကို အခြားသူများ၏ နှလုံးသားထဲ၌ ထည့်သွင်းပေးထားတော်မူသည်။ (32) အချို့ ရေဝါယသ်များအရ ၊ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား " အိုအရှင်မြတ် ၊ မိုအ်မင်န် သက်၀င်ယုံကြည်သူများ၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာကို ထည့်သွင်းပေးတော်မူပါ " ဟူ၍ ပြောခိုင်းခဲ့သည်။ ထိုသို့ ‌ေပြာဆိုပြီးနောက် ဤအာယသ်တော် ကျရောက်လာခဲ့သည်။ (33)
  • အာယသ်သေ မိုဘာဟေလဟ် ။ ။ စူရဟ် အာလေအင်မ်ရာန် အာယသ်အမှတ် ၆၁ ၊ ဤအာယသ်သည် နဂ်ျရားန် ၏ ခရစ်ယာန်များနှင့် တမန်တော်မြတ်(ဆွ) တို့ ၏ မိုဘာဟေလဟ် ဖြစ်ကြောင်းကို ဖော်ညွှန်းထားသည်။ သက်ဖ်စီးရ် အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ အီမာမ်အလီ (အစ) ကို တမန်တော်မြတ်၏ နဖ်စ် ဝိညာဉ်အဖြစ် ဤအာယသ်တွင် မိတ်ဆက်ထားသည်။ (34)
  • အာယသ်သေ အူလူလ်အမ်ရ် ။ ။ စူရဟ် နိစာအ် အာယသ်အမှတ် ၅၉ ၊ ဤအာယသ်၌ မိုအ်မင်န် သက်၀င် ယုံကြည်သူများကို အရှင်မြတ် ၊ ရစူလ် တမန်တော်နှင့် အူလူလ်အမ်ရ် များထံမှ လိုက်နာဆောင်ရွက်ရန် အမိန့်ပေးထားသည်။ (36) ရှဖိအာ နှင့် စွန္နီ သက်ဖ်စီးရ် ပညာရှင်များ၏ အမြင်အရ ၊ ဤအာယသ်တော်သည် မူလူလ်အမ်ရ် ၏ သာလွန်မြင့်မြတ် အပြစ်ကင်းစင်မှု အပေါ် သက်သေပြုပေသည်။ (37) ရေဝါယသ်များ၌ အူလူလ်အမ်ရ် ၏ ဆိုလိုရင်းကို အေမာမ်များ ဖြစ်ကြသည် ဟူ၍ မိတ်ဆက်ထားသည်။ (38)
  • အာယသ်သေ အိသ်ွအာမ် ။ ။ ဤအာယသ်တော်တွင် မိမိတို့ကိုယ်တိုင် အစားအစာကို လိုအပ်နေသော်များလည်း အရှင်မြတ် အတွက် ထို အစားအစာကို မိစ်ကီးန် ဆင်းရဲသားယသီးမ် မိဘမဲ့များ နှင့် အစီးရ် သုံ့ပန်းများကို ပေးကမ်းလှူဒါန်းခဲ့သော ကောင်းမှုပြုသူများ၏ အကြောင်းကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ (41) ရေဝါယသ်များအရ ၊ ဤအာယသ်တော်သည် ၊ အေမာမ်အလီ (အစ) ၊ ဖွာသွေမဟ် (စအ) တို့သည် ဟစန်နိုင်း တို့နှစ်ဦး ‌ရှဖာ နေပြန်ကောင်းလာစေရန် သုံးရက် ရိုဇာထားခဲ့ကြသည်။ ထိုသုံးရက်လုံး အိဖ်သွာရ် ဖြေမည့် အချိန်၌ ၎င်းတို့ကိုယ်တိုင် ဗိုက်စာနေသောလည်း အစားအစာများကို မရှိဆင်းရဲသား ၊ မိဘမဲ့ နှင့် သုံ့ပန်းများကို ပေးကမ်းစွန့်ကြဲ ခဲ့ကြသည်။ (43)
  • အာယသ်သေ အဲဟ်လာလ် လိဇီက်ရ် ။ ။ စူရဟ် နဟလ် အာယသ်အမှတ် (၄၃) နှင့် စယရဟ် အန်ဗီယာ အာယသ်အမှတ် (၇) တို့ဖြစ်ပြီး ၊ အဲဟ်လေ ဇီက်ရ် လုပ်သူများကို မေးမြန်းခြင်း နှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ (44) အချို့‌ရေဝါယသ်များအရ ၊ အဲဟ်လေ ဇီက်ရ် သည် တမန်တော်မြတ်၏ အိမ်သူအိမ်သား များသာလျှင် ဖြစ်ကြသည် ဟူ၍ လာရှိထားသည်။ (45)

ရေဝါယသ်များ၌ လာရှိထားသည့် မြင့်မြတ်မှုများ

        ရဇွာ ဘက်ဒ်ရုလ် စမာအ် ကောက်နုတ်ထားသည့် " အလီ အမည်အား ဇီကီရ် လုပ်ခြင်းငည် အေဘာဒသ် ဖြစ်သည် " ဟူသော ဟဒီးစ်။ ရေဝါယသ်များ၌ လာရှိထားသည့် မြင့်မြတ်မှုများ ဆိုသည်မှာ အေမာမ်အလီ(အစ) အတွက် ချီးမွန်းပြောဆိုထားသော သို့မဟုတ် ၎င်း၏ မြင့်မြတ်မှုများကို ဖော်ပြထားသော တမန်တော်မြတ်(ဆွ)ထံမှ လာရှိထားသည်ဘ ဟဒီးစ်များ ဖြစ်သည်။ ဤဟဒီးစ်များ အနက်မှ အချို့မှာ-

  • ဟဒီးစေ ဂဒီးရ် ။ ။ ဂဒီးရေခွမ် ဆိုသော နေရာ၌ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား မွတ်စ်လင်မ်များ၏ ဦးသျှောင်အဖြစ် ကြောဌာရန် မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ဤဟဒီးစ်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ ကောက်နုတ်ဖော်ပြ ထားသည်။ (49) ရှီအာတို့သည် ယင်းအား အေမာမ်အလီ(အစ) ၏ အေမာမသ် နှင့် ခေလာဖသ် ကို သက်သေပြုရာ၌ အသုံးပြုပေသည်။ (50)
  • ဟဒီးစေ ယောင်မွလ်ဒါးရ် ။ ။ တမန်တော်မြတ်(ဆွ) သည် မိမိ၏ ဆွေးမျိုးများကို ဖိတ်ခေါ်မှုကို လက်ခံရန် တောင်းဆိုပြီး ၎င်းတို့လာရောက်ကြသည့်အခါ အေမာမ်အလီ(အစ) အား မိမိ၏ ၀ဆွီး ကိုယ်စားလှယ်တော် ဖြစ်ကြောင်း ၊ ခေလာဖသ် အရိာက်အရာကို ဆက်ခံမည့်သူ ဖြစ်ကြောင်းကို မိန့်ဆိုခဲ့သည်။ (54) ရှီအာ ဓမ္မပညာရှင်များသည် အီမာမ်အလီ (အစ) ၏ အေမာမသ် ကိုသက်သေပြရန် ဤဟဒီးဆ်တော်များကို ကိုးကားဖော်ပြခဲ့သည်။ (55)
  • ဟဒီးစေ ဝေဆွာယသ် ။ ။ ဤဟဒီးစ်တော်၌ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား မိမိ၏ ကိုယ်စားလှယ်တော် အဖြစ် ခန့်အပ်ပြီး မိတ်ဆက်ပေးခဲ့သည်။ (56) ရှီအာများသာ် အေမာမသ် ကိုသက်သေပြရန် ဤဟဒီးဆ်တော်များကို ကိုးကားဖော်ပြခဲ့သည်။ (57)
  • ဟဒီးစေ ဝေလာယသ် ။ ။ ဤဟဒီးစ်၌ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား မိမိပြီးနောက် ဆက်ခံမည့် မိုအ်မင်န် သက်၀င် ယုံကြည်သူများ၏ ဦးသျှောင် အဖြစ် မိတ်ဆက်ပေးခဲ့သည်။ ဤဟဒီးစ်သည် ဝေါဟာရအမျိုးမျိုးဖြင့် ရှီအာ နှင့် အဲဟ်လေသွန္နသ် တို့၏ ကျမ်းကိုးများ၌ လာရှိထားသည်။ (58) ရှီအာများသည် " ၀လီ " ဆိုသော ဝေါဟာရကို «عَلِیٌّ وَلِیُّ کُلِّ مُؤْمِنٍ مِنْ بَعْدِی‏» ဟူသော (59) စာကြောင်း၌ အသုံးပြုကြပြီး " အေမာမ် ၊ ဦးသျှောင် " ဟူ၍ သတ်မှတ်ထား ကြသည်။ ထိုနည်းလမ်းဖြင့် အေမာမ်အလီ(အစ) ၏ အေမာမသ် နှင့် ခေလာဖသ် အား သက်သေပြုရာ၌ အသုံးပြုကြ ပေသည်။ (60)
  • ဟဒီးစေ သွိုင်းရ် ။ ။ တမန်တော်မြတ်(ဆွ)သည် ငှက်ဒါန်ျပါက်ကို စားရန် ရည်ရွယ်ထားကာ အရှင်မြတ်ထံမှ ထိုအစားအစာအား အကောင်းဆုံး သော ဖန်ဆင်းခံ နှင့်အတူ စားရန် တောင်းဆိုခဲ့သည်။ ထိုအခါ အီမာမ်အလီ (အစ) သည် ၎င်း နှင့် အတူစားခဲ့သည်။ (61) ဤရေဝါယသ်သည် ရှီအာ နှင့် အဲဟ်လေသွန္နသ် တို့၏ ကျမ်းကိုးများ၌ လာရှိထားသည်။ (62)
  • ဟဒီးစေ ရာယသ် ။ ။ ဤဟဒီးစ်သည် တအန်တော်မြတ် ထံမှ လာရိထားသည့် ကျော်ကြားသော ဟဒီးစ်တစ်ခု ဖြစ်ပြီး ယင်း၌ အေမာမ်အလီ(အစ) အား ခိုင်ဘရ် စစ်ပွဲ၌ လာရှိထားသည့် " "မနက်ဖြန်တွင် ခိုင်ဘရ် ခံတပ်ကို အရှင်မြတ်၏ အလိုတော်ဖြင့် အောင်နိုင်မည့်သူ ၊ အရှင်မြတ် နှင့် ရစူလ်ကို ချစ်မြတ်နိုးသူ ၊ အရှင်မြတ် နှင့် ရစူလ်သည်လည်း ၎င်းအား ချစ်မြတ်နိုးသူကို အလံပေးမည် ဖြစ်သည်။ " (63)
  • ဟဒီးစေ စက္ကလိုင်းန် ။ ။ ကုရ်အာန် နှင့် အဲဟ်လေဘိုင်းသ်၏ အရိုက်အရာ နှင့် ပတ်သက်ပြီး မိန့်ဆိုထားသည့် တမန်တော်မြတ်(ဆွ) ၏ ကျော်ကြားသော ဟဒီးစ် တစ်ခု ဖြစ်သည်။ ဤဟဒီးစ်၌ လာရှိထားသည်မှာ " ကျွန်ုပ်သည် အသင်တို့အကြား တန်ဖိုးရှိပြီး လေးလံသော အရာနှစ်ခုကို ထားရစ်ခဲမည် ဖြစ်သည်။ ထိုအကာနှစ်ခုအား စွဲမြဲစွာ လက်ကိုင်ထားပါက မည်သောအခါမှ လမ်းမှားသို့ ရောက်မည် မဟုတ်ပေ။ ထိုအရာ နှစ်ခုမှာ ကုရ်အာန် နှင့် ကျွန်ုပ်၏ အဲဟ်လေဘိုင်းသ် အိမ်သူအိမ်သား များသာလျှင် ဖြစ်သည်။ " (64) ဤဟဒီးစ်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများတွင် လာရှိထားသည်။ (65)
  • ဟဒီးစေ ကိစ္စာ ။ ။ အဲဟ်လေဘိုင်းသ် ငါးပါး၏ မြင့်မြတ်မှု နှင့် ပတ်သက်ပြီး လာရှိထားသည့် ဟဒီးစ်တော် ဖြစ်သည်။ ရှီအာ ကျမ်းကိုး (66) နှင့် စွန္နီ ကျမ်းကိုး (67) ၌ လာရှိသည့်အရ ၊ တမန်တော်မြတ်(ဆွ) သည် ၎င်း၏ အိမ်သူအိမ်သားများကို သိုးမွှေးအဝတ်ဖြင့် ဖုံးအုပ်ကာ " အိာ အရှင်မြတ် ၊ ထိုသူများသည် ကျွန်ုပ်၏ အိမ်သူအိမ်သားများ ဖြစ်ကြပါသည်။ မကောင်းမှုများကို ၎င်းတို့ထံမှ ကင်းဝေးစေတာ် မူပြီး ၎င်းတို့အား စင်ကြယ်သန့်ရှင်းတော် မူပါလေ " ဟူ၍ ဆုတောင်းခဲ့သည်။ (68)
  • ဟဒီးစေ စဖီနဟ် ။ ။ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ကျော်ကြားသော ဟဒီးစ် ဖြစ်ပြီး ဤဟဒီးစ်၌ တမန်တော်မြတ်သည် မိမိ၏ အဲဟ်လေဘိုးသ်ကို တမန်တော် နူဟ်၏ သင်္ဘော နှင့် နှိုင်းယှဉ်ခဲ့သည်။ ယင်း၌ မည်သူမဆို ထိုသဘ်ော အပေါ် ၀င်ရောက်လာပါက ကယ်တင်မှု ရရှိပြီး ကျန်ခဲဘမည့်သူသည် နှစ်မညုပ်သွားပေမည် ဟုလာရှိထားသည်။ (69) ဤဟဒီးစ်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများတွင် လာရှိထားသည်။ (70)
  • ဟဒီးစေ ရှဂျရ်ရဟ် ။ ။ တမန်တော်မြတ်(ဆွ) မိန့်တော်မူထားသည်မှာ ကျွန်ုပ် နှင့် အလီ သည် အပင်တစ်ပင် တည်းမှ ဖန်းဆင်းခံထားရခြင်း ဖြစ်သည်။ အခြားသော သူများသည် အပင်အမျိုးမျိုးမှ ဖန်ဆင်းခံထားရသည်။ (71) အချို့သော သက်ဖ်စီးရ် ပညာရှင်များသည် ၊ တမန်တော်မြတ်(ဆွ) နှင့် အေမာမ်အလီ (အစ) တို့အား တူညီသောအရင်းအမြစ်မှ ဖန်ဆင်းခြင်းမှာ မဖြစ်မနေ နာခံမှု နှင့် ဝေလာယသ် ပိုင်းဆိုင်ရာ၌ တာဝန်ဝတ္တရားများတွင် ၎င်းတို့နှစ်ဦးသည် တန်းတူညီတူဖြစ်ရန် အကြောင်းပြချက်ဖြစ်သည်ဟု ယူဆထားကြသည်။ (72)
  • ဟဒီးစေ ဟက္က် ။ ။ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ကျော်ကြားသော ဟဒီးစ် ဖြစ်ပြီး ယင်း၌ အေမာမ်အလီ(အစ) အား အမှန်တရား၏ တိုင်းတာရာ စံနှုန်း အဖြစ် မိတ်ဆက်ပေးထားသည်။ ထိုဟဒီးစ်၏ အချို့ စာသားများမှာ " အလီသည် အမှန်တရား နှင့် အတူ ရှိပြီး ၊ အမှန်တရားသည် အလီ နှင့် အတူ ရှိပေသည်။ ထို အရာ နှစ်ခုသည် မည်သည့်အခါမှ ကွဲကွားသွားမည် မဟုတ်ပေ။ ထို့အပြင် ကေယာမသ်နေ့ အထိ ကောင်စရ် ရေကန် အနား၌ ကျွန်ုပ်ထံ ၀င်ရောက်လာကြ‌ပေမည်။ (74)
  • ဟဒီးစေ သက်ရှ်ဘီးဟ် ။ ။ ဤဟဒီးစ်တော်၌ တမန်တော်မြတ်(ဆွ)သည် အေမာမ်အလီ(အစ) အား အခြားသော တမန်တော်များနှင့် နှိုင်းယှဉ်ထားလေသည်။ ဤဟဒီးစ်သည် ရှီအာ ကျမ်းကိုး (75) နှင့် စွန္နီ ကျမ်းကိုး (76) များတွင် ကောက်နုတ် ဖော်ပြထားသည်။
  • ဟဒီးစေ لا فَتَى إِلّا عَلِی ။ ။ ဤဟဒီးစ်၏ အဓိပ္ပါယ်မှာ ၊ အလီ ကဲ့သို့ သတ္တိရှိသူ အခြားမည်သူမှ မရှိပေ။ ဟဒီးစ် နှင့် သမိုင်း ကျမ်းကိုးများအရ ၊ ဤဟဒီးစ်ကို ဂျီဘ်ရာအီးလ်သည် အဟွဒ် တိုက်ပွဲ၌ အေမာမ်အလီ(အစ) ရဲစွမ်းသတ္တိ ရှိမှုကြောင့် မိန့်ဆိုခဲ့သည် ဟုလာရှိထားသည်။ (77) ဤဟဒီးစ်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများတွင် ကောက်နုတ် ဖော်ပြထားသည်။ (78)
  • ဟဒီးစေ قسیم النار و الجنة ။ ။ ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးသည့် ဟဒီးစ်။ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည် ရေဝါယသ် ဖြစ်ပြီး ယင်း၌ အေမာမ်အလီ(အစ) အား ဂျန္နသ် နှင့် ဂျဟန္နမ်ကို ခွဲခြားပေးသူ အဖြစ် မိတ်ဆက်ထားသည်။ (79) ဤဟဒီးစ်သည် ရှီအာ ကျမ်းကိုး (80) နှင့် စွန္နီ ကျမ်းကိုး (81) များတွင် ပုံစံ အမျိုးမျိုး ၊ ရေဝါယသ် အမျိုးမျိုးဖြင့် ကောက်နုတ် ဖော်ပြထားသည်။
  • ဟဒီးစေ خاصِف النَعل ။ ။ အေမာမ်အလီ(အစ) ၏ အရိုက်အရာ နှင့် မြင့်မြတ်မှုကို ဖော်ပြထားသည့် တမန်တော်မြတ်(ဆွ) ၏ မိန့်ဆိုချက်များဖြစ်ပြီး အေမာမ်အား တမန်တော်မြတ်၏ ဖိနပ်ဖြင့် အလုပ်ရှုပ်နေသော အချိန်တွင် خاصِف النَعل ဘွဲ့အမည်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ (82)

အခြားသော ရေဝါယသ်များတွင်လည်း အေမာမ်အလီ (အစ) ၏ မြင့်မြတ်မှု နှင့် ပတ်သက်ပြီး တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ်များ ကောက်နုတ်ထားသည်။ ဥပမာ " ခန်ဒက် စသ်ပွဲ၌ အေမာမ်အလီ ၏ ဒဏ်ရာသည် ဂျင်န် နှင့် လူသားများ၏ အေဘာဒသ် ထက် ပိုမိုသာလွန်ပေသည်။" (83) " မည်သူမဆို အလီအား ကျန်ဆဲပါက ကျွန်ုပ်အား ကျန်ဆဲ ခြင်းပင် ဖြစ်သည်။" (84) " မည်သူမဆို အလီအား နာကျင်အောင် လုပ်ပါက ကျွန်ုပ်အား နာကျင်အောင် လုပ်ခြင်းပင် ဖြစ်သည်။ (85) " အလီကို အချစ်ထားခြင်းဖြင့် မိုအ်မင်န် သည် မိုနာဖီက်မှ ကွဲပြားသွားမည် ဖြစ်သည်။ (86) " အလီသည် ကျွန်ုပ် မှ ဖြစ်ပြီး ကျွန်ုပ်သည် အလီမှ ဖြစ်သည်။ " (87) "အလီအား သတိရခြင်းသည် အေဘာဒသ် ဖြသ်သည်။ " (88) " အလီ၏ မျက်နှာအား ကြည့်ရှု့ခြင်းသည် အေဘာဒသ် ဖြသ်သည်။ " (89)

        အေမာမ်အလီ(အစ) ၏ ဂုဏ်ပုဒ်များ ဥပမာ ဆွီဒီးက္က် အက္က်ဘရ် (90) ၊ ဖာရူးက္က် အအ်ဇွမ် (91) ၊ အဘူသိုရာဘ် (92) စသည်တို့သည်လည်း ရေဝါယသ်များ၌ လာရှိထားသည့် အေမာမ်အလီ၏ မြင့်မြတ်မှုများ ဖြစ်ပေသည်။

အေမာမ်အလီ(အစ) ၏ အခြားသော သာလွန် မြင့်မြတ်မှုများ

အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများအဖြစ် သတ်မှတ်ခံထားရသော အချို့ သာလွန်မှုများ နှင့် အခွင့်ထူးများမှာ-

  • ကအ်ဗဟ် ကျောင်းတော်၌ ဖွားမြင်ခြင်း ။ ။ ယင်းအဖြစ်အပျက်သည် အေမာမ်အလီ ကို ကအ်ဗဟ် ကျောင်းတော်၌ မွေးဖွားခဲ့ခြင်းအား ဖော်ညွှန်းထားပေသည်။ ယင်းသည် အေမာမ်အလီ(အစ)၏ သီးခြားထူးမြတ်သော မြက့်မြတ်မှု တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ (95)
  • အမီးရွလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ် ။ ။ အမီးရ် ဆိုသည်မှာ ၊ မွတ်စ်လင်မ်များ၏ ခေါင်းဆောင် ၊ ၎င်းတို့အား အမိန့်ပေးသူ ဟူ၍ဖြစ်သည်။ ဤဂုဏ်ပုဒ်သည် ရှီအာတို့၏ အမြင်အရ သီးသန့် အေမာမ်အလီ(အစ) နှင့်သာလျှင် သက်ဆိုင်သော ဂုဏ်ပုဒ် ဖြစ်သည်။ ရှီအာတို့ ယုံကြည်ထားသည်မှာ ၊ ဤဂုဏ်ပုဒ်သည် ပထမဦးဆုံးအကြိမ် တမန်တော်မြတ်၏ ခေတ်ကာလ၌ အေမာမ်အလီ အတွက် အသုံးပြုခဲ့သည်။ (96) ဟီဂျရီ ခုနှစ်ရာစု၌ ရှီအာ ဟဒီးစ် ကောက်နုတ်သူ စိုင်ယိ အိဗ်နေသွာဝူးစ် သည် " အလ်ယကီးန် ဘိလ် အိခ်သိဆွာဆ်ွ မောင်လာနာ အလီ ဘိအိမ်ရသုလ် မိုအ်မေနီးန် " ဟူသော စာအုပ်၌ အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးမှ လာရှိထားသည့် ဟဒီးစ် ၂၂၀ အား ကိုးကား‌ေထာက်ထားခြင်း အားဖြင့် အမီးရုလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ်ကို သီးသန့် အေမာမ်အလီ(အစ) အတွက်သာလျှင် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (97)
  • စိုင်ယိဒုလ် အဘ်ဝါးဘ် ။ ။ ယင်း၏ အဓိပ္ပါယ်မှာ တံခါးများကို ပိတ်ဆို့ခြင်းဟု ဆိုလိုသည်။ တမန်တော်မြတ်(ဆွ)သည် အရှင်မြတ်၏အမိန့်တော်ဖြင့် မက်စ်ဂျီဒုလ် နဗီ ဗလီဝတ်ကျောင်းတော်ဘက်သို့ ဖွင့်ထားသော အိမ်တံခါးများ အားလုံးကို အေမာမ်အလီ (အစ) ၏ အိမ်တံခါးမှလွဲ၍ ပိတ်ဆို့ထားရန် အမိန့်ပေးသည့် အဖြစ်အပျက် တစ်ခုကို ဖော်ညွှန်းထားပေသည်။ (98)
  • တမန်တော်မြတ် နှင့် ညီအကိုဖွဲ့ခြင်း ။ ။ တမန်တော်မြတ်(ဆွ) သည် မဒီနာမြို့သို့ ဟီဂျရသ် မလုပ်မီ၊ မိုဟာဂျီရ် ရွှေ့ပြောင်းနေထိုင်သူ များကြားတွင် သာသနာ့ ညီနှောင် ဖွဲ့စည်းရေးကို ပြုလုပ်ခဲ့သည်။ ထို့အတူ မဒီနာ၌လည်း မိုဟာဂျီရ် များ နှင့် အန်ဆွာရ်များ အကြား သာသနာ့ ညီနှောင် ဖွဲ့စည်းရေးကို ပြုလုပ်ခဲ့ပြီး ထိုသို့ ပြုလုပ်သည့် နှစ်ကြိမ်စလုံး၌ မိမိ နှင့် အလီ(အစ) တို့အကြား သာသနာ့ ညီနှောက် ဖွဲ့ခဲ့ကာ အလီ(အစ) အား မိမိ၏ ညီ ဟူ၍ ခေါ်ဆိုခဲ့သည်။ (99)
  • ပထမဦးဆုံးမွတ်စ်လင်မ် ။ ။ ရှီအာ နှင့် အချို့သော အဲဟ်လေစွန္နသ် ပညာရှင်တို့၏ အမြင်အရ ၊ အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) အပေါ် အီမာန် ယူလာသော ပထမဦးဆုံး အမျိုးသားဖြစ်သည်။ (100)
  • ခါသမ်ဘက်ခ်ရှီး ။ ။ ခါသမ်ဘခ်ရှီး ၏ ဆိုလိုရင်းမှာ ၊ အေမာမ်အလီ(အစ) သည် နမာဇ်ဖတ်စဉ် ရူကူအ် အတွင်း မရှိဆင်းရဲသားတစ်ဦးအား မိမိ၏ လက်စွတ်ကို ပေးကမ်းလိုက်သည့် အဖြစ်အပျက် ပင်ဖြစ်သည်။ ဤ အဖြစ်အပျက်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ လာရှိထားသည်။ (103)
  • နေလုံးကို ပြန်ထုပ်ခြင်း ။ ။ ၌အဖြစ်အပျက်သည် ၊ အေမာမ်အလီ(အစ) အဆွရ် နမာဇ်ကို ဖတ်ဖို့ရန် တမန်တော်မြတ်(ဆွ) ၏ ဒိုအာဖြင့် အနောက်အရပ်သို့ ၀င်သွားသော နေသည် ပြန်ထွက်လာခဲ့သည်။ (104) ထို့အတူ ရှီးခ်မိုဖီးဒ်၏ ကောက်နုတ်ချက်အရ ၊ အေမာမ်အလီ(အစ) ၏ ခေတ်ကာလ၌ ၊ စစ်ပွဲတစ်ပွဲတွင် အချို့သော တပ်သားတစ်စုသည် အဆွဲရ် နမာဇ်ကို မဖတ်ရသေးပေ ထိုအခါ အေမာမ်အလီ(အစ) ဒိုအာဖြင့် နေပြန်ထွက်လာခဲ့သည်။ (105)

အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု ဂုဏ်သတင်းများ ကို မပြန့်ပွားစေရန် တားစီးခြင်း

        သမိုင်း အထောက်အထားများအရ ၊ ဗနီအိုမိုင်ယာ ကာလတွင်၊ မိုအာဝီယာ ၏အမိန့်အရ အေမာမ်အလီ (အစ) ၏မြင့်မြတ်မှု ဂုဏ်သတင်းများကို ဖြန့်ဝေခြင်းမှ တားမြစ်ခဲ့သည်။ ဟီဂျရီ သုံးရာစု သမိုင်းပညာရှင် ဖြစ်သူ အလီ ဗင်န် မုဟမ္မဒ် မဒါအင်နီ ၏ အဆိုအရ ၊ မိုအာဝီယာ သည် အေမာမ်အလီ (အစ) နှင့် ၎င်းမိသားစု၏ မြင့်မြတ်မှုကို ကိုးကား ဖော်ပြ ထုတ်ဝေသူ၏ ဘဝ ပျက်သုန်းစေမည် ဖြစ်ကြောင်း ၎င်း၏ နောက်လိုက်များထံ စာရေးသားခဲ့သည်။ (106) ထို့အတူ ‌ေအမာမ်အလီ(အစ) ထံမှ ရေဝါယသ် ကောက်နုတ်ခြင်း ၊ ၎င်း၏ ကောင်းသတင်းများကို ပြန်လည်ပြောပြခြင်း နှင့် သားသမီးများကို အလီ ဟူသော အမည်ထားခြင်းမှ တားမြစ်ထားသည်။ (107) မိုအာဝီယာသည် အေမာမ်အလီ(အစ) အား ရှုတ်ချခဲ့သည်။ မိုအာဝီယာ ပြောသည်မှာ " မည်သူမှ အလီ ထံမှ မြင့်မြတ်မှုများကို မကောက်နုတ်သည့်တိုင်အောင် ကျွန်ုပ် ဒီလိုလုပ်ခြင်းမှ ရပ်တန့်မည် မဟုတ်ပေ။ " (108) မိုအာဝီယာ၏ အမိန့်ဖြင့် အလီ(အစ,) အပေါ် ရှုတ်ချပြေခြင်းသည် တရားဟောစဉ်များအထက် အစပြုခဲ့သည်။ (109) ထိုသို့ပြုလုပ်ခြင်းသည် အွမ္မရ် ဗင်န် အဗ္ဗဒုလ် အဇီးဇ် လက်ထပ် ယေဘူယျအားဖြင့် နှစ်ပေါင်း ၆၀ နီးပါးအထိ ကြာမြင့်ခဲ့သည်။ (110) အလ္လာမဟ် ဟီလ္လီ ( ဟီဂျရီ ၆၄၈- ၇၂၆) သည် ကရှ်ဖုလ်ယကီးန် စာအုပ်၌ အေမာမ်အလီ(အစ) အား အချစ်ထားသူများသည် မိုအာဝီယာကို ကြောက်၍သော် လည်းကောင်း ၊ အေမာမ်အလီ(အစ) အား အမုန်းထားသူများသည် ၎င်းအပေါ် မနာလို ရှိကြ၍သော်လည်းကောင်း အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများကို မဖြန့်ဝေခဲ့ကြသော်လည်း အရှေ့အရပ် မှ အနောက်အရပ် တို့သည် ၎င်း၏ ကောင်းသတင်း ၊ မြင့်မြတ်မှုများ ဖြင့် ပြည့်နှပ်နေသည်။ (111) မုဟမ္မဒ် ဂျဝါဒ် မဂ်နီယဟ် ၏ အဆို အရ ၊ ဗနီအိုမိုင်ယာများသည် အလီ(အစ) ထံမှ မြင့်မြတ်မှု သို့မဟုတ် ဟဒီးစ် တစ်ခုကို ကောက်နုတ်သူတိုင်းအား ညှင်းပန်းနှိတ်ဆက်ကြသည်။ ဗနီအိုမိုင်ယာတို့သည် အေမာမ်အလီ(အစ) ၏ သီးသန့် နောက်လိုက်သားများ ဖြစ်ကြသော မီစမ်မေ သမားရ် ၊ အွမ်ရို ဗင်န် ဟာမိက္က် ခိုဇာအီ ၊ ရရှီးဒေ ဟီဂ်ျရီ ၊ ဟိုဂျဲရ် ဗင်န် အိုဒိုင်း နှင့် ကိုမိုင်းလ် ဗင်န် ဇေယားဒ် တို့အား သတ်ဖြတ်ခဲ့ကြပြီး မည်သူ တစ်ဦးတစ်ယောက်မှ ၎င်းတို့ထံမှ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများကို မကိုးကားနိုင်ရန် တားမြစ်ခဲ့ကြသည်။ (112) ထို့အတူ အဲဟ်လေစွန္နင် ပညာရှင် ဖြစ်သူ ရှီးခ် မုဟမ္မဒ် အဘူဇိုဟ်ရဟ် ၏ ဖော်ပြချက် အရ ၊ အိုမိုင်ယာ အုပ်ချုပ်မှုသည် အလီ ၏ များစွာသော ဂုဏ်သတင်းများကို ဖုံးကွယ်ထားခြင်းအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့သည်။ ထို့အတွက်ကြောင့်ပင် ၊ အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများ၌ အလီ ထံမှ ကောက်နုတ်ထားသည့် ဟဒီးစ် အနည်းငယ်သာ ရှိပေသည်။ (113) စိုင်ယဒ် အလီ ရှဟ်ရီစ်သာနီ သည် " မန်အုလ် သက်ဒ်ဝီးနိလ် ဟဒီးစ်" စာအုပ်၌ ရေးသားထားသည်မှာ ၊ များစွာသော ရှီအာ ကောက်နုတ်ကိုးကားသူများ ယုံကြည်ထားသည်မှာ ၊ ဟဒီးစ် ကောက်နုတ်ခြင်းကို တားစီးရခြင်း၏ အကြောင်းတရား တစ်ခုမှာ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှု ဂုဏ်သတင်းများ ပြန့်ပွားခြင်းမှ တားမြင့်ထားသောကြောင့် ဖြစ်သည်။ (114) အဘယ်ကြောင့်ဆိုသော် ၊ တမန်တော်မြတ်၏ ဟဒီးစ်တော်များ၌ အဲဟ်လေဘိုင်းသ် အကြောင်း ၊ အဲဟ်လေဘိုင်းသါ၏ သာလွန်မြင့်မြတ်မှု နှင့် ခေလာဖသ် အရိုက်အရာ အတွက် ၎င်းတို့သာလျှင် ထ်ုက်တန်သယများ ဖြစ်ကြောင်းကို မိန့်ဆိုထားပြီး ထိုအကြောင်းအရာများသည် ဗနီအိုမိုင်ယာ အုပ်ချုပ်သူများ မလိုလားသည့် အကြောင်းအရာများ တစ်နည်းအားဖြင့် ၎င်းတို့နှင့် ဆန့်ကျင်နေသည့် အကြောင်းအရာများပင် ဖြစ်သည်။ (115)

အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများကို အခြားသူများအတွက် လုပ်ကြုကိုးကားခြင်း

        အိဗ်နေ အဘီလ် ဟဒီးဒ် သည် တတိယရာစု၏ မိုအ်သဇီလဟ် ဓမ္မပညာရှင် ဖြစ်သူ အဘူဂျအ်ဖရ် အိစ်ကာဖီ မှ ကောက်နုတ် ဖော်ပြထားသည်မှာ မိုအာဝီယာ သည် အေမာမ်အလီ(အစ) နှင့် ပတ်သက်ပြီး ရှုတ်ချမှုများ ပါရှိသော ဟဒီးစ်များကို လုပ်ကြံဖန်တီး ကိုးကားရန် အဆွ်ဟာဘ်များ နှင့် သာဘီအီးန် များအနက်မှ အုပ်စုတစ်စုကို ညွှန်ကြားခဲ့သည်။ (116) မိုအာဝီယာသည် မိမိ၏ နောက်လိုက်များထံ ရေးသားသည့် စာတစ်စောင်တွင် အွစ်မားန် ဗင်န် အဖ်ဖာန်၏ နောက်လိုက်သားများကို ခွဲခြားသတ်မှတ်ပြီး ၎င်းတို့နီင့် အနီးကပ်နေရန် နှင့် ၎င်းတို့သည် အွစ်မားန်၏ မြင့်မြတ်မှုများကို ရေးသားသည့် ကြောင်းအရာတိုင်းအား မိမိထံ ပြန်လည်ရှောက်တင်ရန် ပြောဆိုခဲ့သည်။ (117) ဟီဂျရီ သုံးရာစု၏ သမိုင်းပညာရှင် ဖြစ်သူ အလီ ဗင်န် မုဟမ္မဒ် မဒါအင်နီ၏ အဆိုအရ ၊ လူထုသည် ပစ္စည်း ဥစ္စာ ငွေကြေးများကို လက်၀ယ်ရရှိ ဖို့ရန် အတွက် အွစ်မားန်အား ချီးမွန်းထားသော ဟဒီးစ်များကို ရေးသားကြသည်။ ထိုသိုဖြင့် အွစ်မားန်၏ မြင့်မြတ်မှုအကြောင်း ကောက်နုတ် ရေးသားခြင်းသည် ပိုမိုများပြား လာခဲ့သည်။ (118) ထို့အတွက်ကြောင့် ၊ မိုအာဝီယာသည် ၎င်း၏ နောက်လိုက်များထံ ရေးသားသည့် စာတစ်စောင်၌ ၊ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှု နှင့် သက်ဆိုင်သော ဟဒီးတော်များ ပပြောက်စေဖို့ရန် လူထုအား ဆွဟာဘာများ နှင့် ခလီဖာ သုံးဦး၏ မြင့်မြတ်မှုအကြောင်း ရေဝါယသ် ကိုးကားရန် သို့မဟုတ် ထိုကဲ့သို့သော် ဟဒီးစ်မျိုးကို ပထမဦးဆုံး ခလီဖာများနှင့် ဆွဟာဘာများ အတွက် ကောက်နုတ်ရေးသားရန် သို့မဟုတ် အလီ(အစ) အတွက် ၎င်းနှင့် ပတ်သက်ပြီး လာရှိထားသော ဟဒီးစ်များ၏ ပြောင်းပြန်ဟဒီးစ်ကို ကောက်နုတ်ရန် ဖိတ်ခေါ်ခဲ့သည်။ မိုအာဝီယာသည် ဤသို့ ပြုလုပ်ခြင်းကို အလီ(အစ) နှင့်၎င်း၏ နောက်လိုက် ရှီအ များ၏ လမ်းစဉ်ကို ပျက်သာန်းစေသည့် နည်းလမ်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ (119)

အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများကို ငြင်းပယ်ခြင်း

        အိဗ်နေ သိမ်မီယဟ် ( ဟီဂျရီ ၆၆၁ - ၇၂၈) စလဖီများ၏ ခေါင်းဆောင် ဖြစ်ပြီး ၎င်းသည် အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး လာရှိထားသည့် ဟဒီးစ်များကို လုပ်ကြံ ဟဒီးစ်များ ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (120) ထို့အတူ ၎င်း၏ ကျောင်းသားဖြစ်သူ အီစ်မာအီးလ် ဗင်န် အွမ္မရ် ၊ အိဗ်နေ ကစီးရေ ဒမီရှ်ကီ (ဟီဂျရီ ၇၀၁-၇၇၄) ဟူ၍ ကျော်ကြားပြီး ၎င်းပြောထားသည်မှာ သီးငန့် အေမာမ်အလီ(အစ) အတွက်ဟူ၍ မည်သည့် အာယသ်မှ အကျရောက်ခဲ့ပေ။ သို့သော် အလီ(အစ) အား ချီမွန်းခန်း ဖွင့်ဆိုထားသည့် အာယသ်တော်များသည် အလီ(အစ) အပြင် အခြားသူများလည်း ထိုအာယသ်တော်၌ အကျုံး၀င်ပေသည်။ (121) ၎င်း ယုံကြည်ထားသည်မှာ ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး အိဗ်နေ အဘ္ဘာစ် နှင့် အခြားသူများမှ ကောက်နုတ်ထားသော ရေဝါယသ်များသည် မှန်ကန်မှု မရှိပေ။ (122) ထို့အတူ ၎င်းသည် အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများနှင့် ပတ်သက်ပြီး လာရှိထားသည့် ဟဒီးစ်များ၏ အထောက်အထားကို ယုံကြည်ဖွယ်ရာ မရှိပေ ဟု သတ်မှတ်ထားသည်။ (123) အိဗ်နေ ကိုင်ယီးမ် ဂျောင်ဇီ ( ဟီဂျရီ ၇၅၁ ကွယ်လွန်) သည် အိဗ်နေ သိမ်မီယဟ်၏ ကျောင်းသားတစ်ဦး ဖြစ်ပြီး ၊ ၎င်းသည် ဂဒီးရေခွမ်၌ အေမာမ်အလီ(အစ) အေမာမသ် အရိုက်အရာကို လုပ်ကြံ ရယူထားခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (124) သို့သော် အလ္လာမဟ် အမီနီသည် ဟဒီးစေ ဂဒီးရ်အား ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ အတိအလင်း လာရှိထားသည်ဟု ဖော်ပြထားသည်။ (125) ထို့အတူ အိဗ်နေ ဂျောင်ဇီ (ဟီဂျရီ ၅၉၇ ကွယ်လွန်) သည် အဲဟ်လေစွန္နသ်၏ ပညာရှင် ဖြစ်ပြီး ၊ ၎င်းသည် မောင်၀်ဇူအားသ် စာအုပ်၌ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှု နှင့် ပတ်သက်ပြီး လာရှိထားသည့် အချို့ ဟဒီးစ်တော်များကို လုပ်ကြံ ဖန်တီး ကိုးကားထားသော ဟဒီးစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ (126)

ရေးသားထားသည့် စာအုပ်များ

        အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများသည် အဲဟ်လေစွန္နသ်တို့၏ ဟဒီးစ် စာအုပ်များ၌လည်း လာရှိထားသည် ။ ဥပမာ ဆွိဟဟုလ် စီသ်သဟ် စာအုပ်၌ မနာကီဘ် နှင့် အလီ ဗင်န် အဘီသွာလီဘ် ၏ မြင့်မြတ်မှုများ ဟူသော ခေါင်းစဉ်ဖြင့် အပိုင်းတစ်ပိုင်း လာရှိထားသည်။ (127) ထို့အတူ အဲဟ်လေဘိုင်းသ်(အစ) ၏ သာလွန်မြင့်မြတ်မှု များနှင့် ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များ ၌လည်း အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများ ဟူသော ခေါင်းစဉ်ဖြင့် သီးသန့် အပိုင်းတစ်ပိုင်း လာရှိထားသည်။ ရှီအာ နှင့် စွန္နီ အိုလမာ ပညာရှင်များ သည် အေမာမ်အလီ(အစ) ၏သာလွန် မြင့်မြတ်မှုများ နှင့် ပတ်သက်သည့် အကြောင်းအရာများကို သာအုပ်များ ရေးသားထုပ်ဝေခဲ့ကြသည်။ အဂါဘိုဇုရ်ဂေ သီဟီရာနီ သည် အလ်ဇရီအဟ် စာအုပ် ၌ ခေါင်းစဉ် ၁၅ ခုကို အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများ ဟူ၍ မိတ်ဆက်ပေးထားသည်။ (128) ထို့အတူ ၎င်းသည် အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှုများပါရှိသော အခြားခေါင်းစဉ်များနှင့် စာအုပ်များကို မိတ်ဆက်ပေးခဲ့သည်။ ဥပမာ ပေးရသေည် "«نهج العدالة فی فضائل الإمام أميرالمؤمنین علی بن أبی‌طالب» ဟူသော စာအုပ်သည် အဗ္ဗ်ဒ် အလီ ဗင်န် ဟိုစိုင်းန် လုဘ်နားနုလ် နဂျဖီ ရေးသားထားသည့် စာအုပ် ဖြစ်သည်။ (129) နှင့် «مصباح الأنوار فی فضائل إمام الاَبرار» ဟူစသာ စာအုပ်သည် ဟာရှင်မ် ဗင်န် မုဟမ္မဒ် ရေးသားထားသည့် စာအုပ်ဖြစ်သည်။ (130)

အဲဟ်လေစွန္နသ် စာအုပ်များ

        ဖဇာအိလုလ် အမီးရုလ် မိုအ်မိနီးန် စာအုပ် ၊ အဂ်မဒ် ဗင်န် ဟန်ဘလ် ရှီဘာနီ ( ဟီဂျရီ ၂၄၁ ကွယ်လွန်) ရေးသားထားပြီး ၊ ၎င်းသည် အဲဟ်လေစွန္နသ် တို့၏ ခေါင်းဆောင်လေးဦး အနက်မှ တစ်ဦး ဖြစ်သည်။ ဤစာအြပ်၌ ၊ အေမာမ်အလီ(အစ) ၏ သာလွန် မြင့်မြတ်မှု နှင့် ပတ်သက်ပြီး ရေဝါယသ် ပေါင်း ၃၆၉ ခုကို ကောက်နုတ် ဖော်ပြထားသည်။ (131) အိဗ်နေ ဟန်ဘလ်သည် ဤစာအုပ်၌ ဂဒီးရ်နေ့၌ ဒုတိယ ခလီဖာသည် ‌‌ေအမာမ်အလီ(အစ) အား မိုဘာရက် စကားပြောခဲ့ကြောင်းကို ဖော်ပြထားသည်။ (132) ခဆွာအိဆုလ် အမီးရုလ် မိုအ်မိနီးန် စာအုပ် ၊ အဟ်မဒ် ဗင်န် ရှိုအိုက်ဗ် နစာအီ (ဟီဂျရီ ၃၀၃ ကွယ်လွန်) ရေးသားထားသည်။ အဲဟ်လေစွန္နသ်၏ ဆွိဟာဟ် စာအုပ် ခြောက်အုပ်အနက်မှ ၊ အလ်စိုနန် စာအုပ် ရေးသားသူ ၊ ဟဒီးစ် ကောက်နုတ်သူ ဖြစ်သည်။ ဤစာအုပ်သည် အရဗီစကား ဖြင့် ရေးသားထားပြီး အေမာမ်အလီ(အစ) အစ္စလာမ် သာသနာ ၊ တမန်တော်မြတ်(ဆွ) အနား၌ ၎င်း၏ အရိုက်အရာ ၊ တမန်တော်မြတ်(ဆွ) နှင့် အမျိုးတော်စပ်မှု ၊ ၎င်း၏ ဇနီးမိန်းမ နှင့် သားသမီးများ၏ အရိုက်အရာ အကြောင်း လာရှိထားသည်။ မနာကီဗေ အေမာမ်အလီ ဗင်န် အဘီသွာလီဘ် ၊ အိဗ်နေ မဂါလီ (ဟီဂျရီ ၄၈၃ ကွယ်လွန်) ရေးသားထားသည်။ ဤစာအုပ်သည် အရဗီစကားဖြင့် ရေးသားထားသည်။ ယင်း၌ အေမာမ်အလီ(အစ) နှင့် ပတ်သက်သည့် မြင့်မြတ်မှုများ ဥပမာ ကအ်ဗာ ကျောင်းတော်၌ ဖွားမြင်ခြင်း ၊ အခြားသူများထက် ဦးစွာ အစ္စလာမ် သာသနာကို လက်ခံခြင်း ၊ တမန်တော်မြတ်(ဆွ) ၏ ပုခုံးအထက် တက်ခြင်း ၊ ဟဒီးစ်တော်များ နှင့် ရေဝါယသ်များ ကို ဖော်ပြထားသည်။ မနာကီဗေ အလီ ဗင်န် အဘီသွာလီဘ် ၊ အဟ်မဒ် ဗင်န် မူစာ ဗင်န် မရ်ဒဝဲယဟ် (ဟီဂျရီ ၄၁၀ ကွယ်လွန်) ရေးသားထားသည်။ အလ်မအ်ယားရု ဝလ် မိုဝါဇိနဟ် ဖီ ဖဇွာအိလုလ် အိမာမု အမီးရုလ် မိုအ်မိနီးန် အလီ ဗင်န် အဘီသွာလီဘ် (အစ) ၊ မုဟမ္မဒ် ဗင်န် အ‌ဗ္ဗဒုလ္လာဟ် အိစ်ကာဖီ ၊ မိုအ်သဇိလဟ် ပညာရှင် (ဟီဂျရီ ၂၄၀ ကွယ်လွန်)။ အလ်ဂျောင်ဟဲရ်ရသု ဖီ နစက်ဘုလ် အိမာမ် အလီ ဝါ အာလေဂိ စာအုပ် ၊ မုဟမ္မဒ် ဗင်န် အဘီ ဘက္က်ရ် သလမ်စာနီ ( ဟီဂျရီ ခုနှစ်ရာစု) ဂျဝါဟိရုလ် မသွာလီဘ် ဖီ မနာကီဘ် အိမာမ် အလီ ဗင်န် အဘီသွာလီဘ် ၊ ရှမ်စုလ်ဒီးနေ ဘာအူနီး ( ဟီဂျရီ ၇၈၁) ရေးသားထားသည်။ ကိဖာရသုလ် မသွာလီဘ် ဖီ မနာကီဘ် အလီ ဗင်န် အဘီသွာလီဘ် ၊ မုဟမ္မဒ် ဗင်န် ယူစွဖ် ဂန်ဂျီ ( ဟီဂျရီ ၆၅၈ ကွယ်လွန်) ရေးသားထားသည်။ မနာကီဘုလ် အိမာမ် အမီးရုလ်မိုအ်မိနီးန် (အစ) ၊ မို၀ဖက္က် ဗင်န် ခဝါရ်ဇိမီး (ဟီဂျရီ ၅၆၈ ကွယ်လွန်) ရေးသားထားသည်။ နှင့် မနာကီဘ် မွရ်သဇွာ ၊ မီးရ် မုဟမ္မဒ် ဆွာလေဟ် သီရ်မေဇီ (ဟီဂျရီ ၁၀၆၀ ကွယ်လွန်) ရေးသားထားသည်။ စသည်တို့သည် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများ နှင့် ပတ်သက်ပြီး အဲဟ်လေစွန္နသ် အိုလမာ ပညာရှင်များ ပြုစုရေးသားထားသည့် စာအုပ်များ ဖြစ်ကြသည်။

ရှီအာ စာအုပ်များ

        အလ်မရာသီဗ် ဖီ ဖဇွာအိလုလ် အမီးရုလ်မိုအ်မိနီး ၊ ဤစာအုပ်သည် ဟီဂျရီ လေးရာစု ဇိုင်ဒီယဟ် အာလင်မ် ပညာရှင် ဖြစ်သူအဘုလ်ကာစင်မ် ဘုစ်သီး ရေးသားထားသည့် စာအုပ် ဖြစ်သည်။ ဤစာအုပ်၌ အေမာမ်အလီ(အစ) ၏ မြင့်မြတ်မှု ၄၅၀ ကို ဖော်ပြထားသည်။ သက်ဖ်ဆွီးလေ အမီးရုလ်မိုအ်မိနီးန် ။ ရှီးခ်မိုဖီးဒ် ( ဟီဂျရီ ၄၁၃ ကွယ်လွန်) ရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်၌ ရှီအာ နှင့် စွန္နီ ဟဒီးစ်များကို ကိုးကားထောက်ထားပြီး အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) မှလွဲပြီး အခြားသော တမန်တော်များအားလုံးထက် သာလွန်မြင့်မြတ်မှု ရှိကြောင်းကို သက်သေပြုထားသည်။ ဤစာအုပ်သည် ဖာရီစကားဖြင့် ရေးသားထားခြင်း ဖြသ်သည်။ အရ်ရိစားလသုလ် အလဝီယဟ် ဖီ ဖက်ဇ်လိ အမီးရုလ် မိုအ်မိနီးန် (အစ) ၊ အလီ စာအိရိလ် ဘရီးယဂ် စိဝါ စိုင်ယိဒိနာ ရစူရွလ္လာဟ် (ဆွ) ၊ ဤစာအုပ်အား အဘုလ်ဖက်သ်ဟ် ကရာဂျကီး (ဟီဂျရီ ၄၄၉ ကွယ်လွန်) သည် အရ‌ဗီ စကားဖြင့် ရေးသားထားသည်။ ဤစာအုပ်၌ အာယသ်တော်တွင် လာရှိထားသည့် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု ၊ အေမာမ်အလီ(အစ) ၏ ဂုဏ်ပုဒ်များ နှင့် ၎င်းနှင့်ပတ်သက်သည့် စောဓကများ နှင့် အဖြေများကို ဖော်ပြထားသည်။ အလ်ယကီးန် ဘိလ်အိခ်သိဆွာဆ်ွ မောက်လာနာ အလီ အလိုင်းဟိစ္စလာမ် ဘိအိမ်ရသိလ် မိုမိနီးန် ၊ ဤစာအုပ်အား စိုင်ယိဒ် အိဗ်နေ ငွာဝူးစ် (ဟီဂျရီ ၆၆၄ ကွယ်လွန်) ရေးသားထားသည်။ ၎င်းသည် ဤစာအုပ်၌ အဲဂ်လေစွန္နသ်တို့၏ ဟဒီးစ် ကျမ်းကိုးမှ ဟဒီး‌စ် ၂၂၀ ကို ကိုးကားထောက်ထားပြီး " အမီးရုလ်မိုအ်မိနီး" ဟုသော ဂုဏ်ပုဒ်သည် တမန်တော်မြတ်(ဆွ) မှ အေမာမ်အလီ(အစ) အား ပေးခဲ့သည့် ဂုဏ်ပုဒ်ဖြသ်ပြီး သီးသန့်အေမာမ်အလီ(အစ) နှင့်သာလျှင် သက်ဆိုင်ကြောင်း ဖော်ပြထားသည်။ အွမ်ဒသု အိုယူးနိ ဆွိဟာဟု ဖီ မနာကီဘိ အိမာမုလ် အဗ်ရာရ် ၊ ဤစာအုပ်သည် အလ်အွမ်ဒဟ် ဟူသော အမည်ဖြင့် ကျော်ကြားပြီး ၊ အိဗ်နေ ဗသ်ွရီးက္က် (ဟီဂျရီ ၆၀၀ ကွယ်လွန်) ရေးသားထားသည်။ မာအိသွန် မန်ကဗသွန် မင်န် မနာကီဘ် အမီးရုလ်မိုအ်မိနီးန် ဝလ် အအင်မ်မဟ် မင်န် ဝုလ်ဒဟ် (အစ) မင်န် သွရီးကိလ် အာမ်မဂ် ၊ ဤစာအုပ်ကို အိဗ်နေရှာဇားန် ရေးသားထားသည်။ သွရဖုလ မိနလ် အန်ဗီယာ ၀လ် မနာကိဗ် ၊ သိုင်ယိဒ် အိဗ်နေ သွာဝူးစ် ရသားထားသည်။ အရ်ရောင်ဇသုလ် ဖီ ဖဇွာအိလိ အမီးရုလ် မိုအ်မိနီးန် ၊ အလ္လာမဟ်ဟိလ္လီ ရေးသားထားသည်။ ကဇွာအု အမီူရုလ် မိုအ်မိနီးန် ၊ မုဟမ္မဒ် သကီ ရှုရ်ှုသရီး ရေးသားထားသည်။ ဖဇွာယိလိလ် ခမ်စဟ် မိနလ် ဆွိဟာဟုလ် စိသ်သဟ် ၊ ဖီရူးဇ် အာဘာဒီး ရေးသားထားသည်။ ထို့အပြင် ရှီးအာ အိုလမာ ပညာရှင်များသည် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု များနှင့် ပတ်သက်ပြီး အခြားသော စာအုပ်များကိုလည်း ရေးသားထားခဲ့ကြသည်။