အာယသ်သေ သဗ္ဗ်လီးဂ်

wikishia မှ

အာယသ်သေ သဗ္ဗလီးဂ်သည် တမန်တော်မြတ်ကြီး(ဆွ) အပေါ် နောက်ဆုံးကျခဲ့သော ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော် ဖြစ်သည်။ ဤအာယသ်တော်အရ ၊ တမန်တော်မြတ်(ဆွ) သည် သတင်စကားတစ်ခုကို လူသားများထံ ပို့ချရမည် ဖြစ်ပြီး အကယ်၍ ဤသို့ ပို့ချရာ၌ ပျက်ကွက်မှုများ ရှိခဲ့ပါက မိမိ၏ ရေစာလသ် တာ၀န်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ရှီအာများ နှင့် အချို့ အဲဟ်လေစွန္နသ်တို့၏ အမြင်အရ ၊ ဤအာယသ်တော်သည် တမန်တော်မြတ်(ဆွ) ၏ နောက်ဆုံးပြုလုပ်သည့် ဟဂ်ျ နှင့် ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့ မတိုင်မီ အနည်းငယ်အလို ဟီဂျရီ ဆယ်ရာစု၌ ၌ ကျရောက်ခဲ့သည်။ ရှီအာတို့၏ ယုံကြည်ချက်အရ ၊ အာယသ်တော်၏ အကြောင်းအရာမှာ ၊ အေမာမ်အလီ(အစ) ၏ ခေလာဖသ် အရိုက်အရာ ၊ ကိုယ်စားလှယ် အရိုက်အရာ နှင့်သက်ဆိုင်သည့် သတင်းအချက်အလက် ဖြစ်ပြီး တမန်တော်မြတ်(ဆွ) သည် ဤအာယသ် ကျရောက်ပြီးနောက် အရှင်မြတ်၏ ထိုအမိန့်တော်များကို လုပ်ဆောင်ခဲ့သည်။

အာယသ်တော် နှင့် ဘာသာပြန်

أَيُّهَا الرَّسُولُ بَلِّغْ مَا أُنزِلَ إِلَيْكَ مِن رَّبِّكَ وَإِن لَّمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّـهُ يَعْصِمُكَ مِنَ النَّاسِ إِنَّ اللَّـهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ

ဘာသာပြန်:

အို၊ (အရှင့်သတင်းစကားတော်ကို လူသားထံသို့ အရောက်ပိုဆောင်ရန် တာဝန်ပေးခံရသော) ရစူလ်တမန်တော်၊ အသင့်အား ဖွဲစည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အသင့်ထံ ချမှတ်ပေးအပ်ခြင်းခံရသမျှ (အရှင့်အမိန့်ပညတ်ချက်အားလုံး) ကို (လူသားထံ) အသိပေး ပိုဆောင်ပေးလော့။ အကယ်၍ ထိုအရှင့်သတင်းစကားတော်ကို (လူသားထံသို့အရောက်) မပိုဆောင်လျင် တာဝန်ပေးသည့်အတိုင်း ကျေပွန်စွာ ပိုဆောင်ပေးရာ မရောက်ပေ (မမည်ပေ)။ ထိုပြင် (တာဝန်ကျေပွန်လျှင်) အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူသားတိုထံမှ (ဖြစ်သော ဘေးရန်အလုံးစုံကို ထိန်းချုပ်တော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သော) လူမျိုးတို့အား လမ်းညွှန်တော်မူလိမ့်မည် မဟုတ်ပေ။ (စူရဟ် မာအိဒဟ် အာယသ်အမှတ် ၆၇)

ကျရောက်သည့် အကြောင်းအရင်း

သက်ဖ်စီးရ် ပညာရှင်များ အတိအလင်း ပြောထာကြသည်မှာ ဤအာယသ်သေ သဗ္ဗလီးဂ် သည် တမန်တော်မြတ်(ဆွ) နောက်ဆုံးဟဂ်ျမှ အပြန် ဂဒီးရေခွမ် ဟုခေါ်သော နေရာ၌ ဇီလ်ဟဂ်ျလ ၁၈ ရက်နေ့၌ ကျရောက်ခဲ့သည်။ (1) အဲဟ်လေစွန္နသ်၏ ကျမ်းကိုးများ၌လည်း ဤအာယသ် ကျရောက်သည့် နေရာ နှင့် အချိန်ကို ဂဒီးရေခွမ်၌ ဖဘသ်သည်ဟူသော ရေဝါယသ်များ လာရှိထားသည်။ (2) ရှီအာဓမ္မ ပညာရှင်များသည် အေမာမ်(အစ) များ နှင့် အချို့ အဆ်ွဟာဘ် များ၏ ရေဝါယသ်တော်များကို အမှီသဟဲပြုခြင်းဖြင့် ၊ ဤအာယသ်တော် ကျရောက်ရခြင်း၏ ‌အကြောင်းအရင်းကို ဂဒီးရ် အဖြစ်အပျက် နှင့် အေမာမ်အလီ(အစ) ကိုယ်စားလှယ်တော် အဖြစ် ကြွေးကြော်ခြင်း ဖြစ်သည်ဟူ၍ လက်ခံထားသည်။ (3) အဲဟ်လေစွန္နသ် ဓမ္မပညာရှင်များသည်လည်း ဤအာယသ်တော် ကျရောက်ရခြင်း၏ ‌အကြောင်းအရင်းကို တမန်တော်မြတ်၏ ရေစာလသ် အစပျိုးခြင်း သို့မဟုတ် အိစ္စလာမ်အား ကြွေးကြော်ရန် တမန်တော်မြတ်အပေါ် တာ၀န်ကျရောက်ခြင်း ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (4) ရှီအာ ကျမ်းကိုးများအရ ၊ ဂျီဘ်ရာအီးလ်သည် အစပိုင်း၌ တမန်တော်မြတ်ကြီး နောက်ဆုံးဟဂ်ျ ပြုလုပ်နေစဉ် ၎င်းထံသို့ လာရောက်ပြီး အေမာမ်အလီ(အစ) အား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖိုရန် အတွက် လူထုမှ ဘိုင်အသ် သစ္စာခံယူမှုကို ရယူရန် တောင်းဆိုခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွ) သည် ကိုရိုင်းရှ် နှင့် မိုနာဖီက္က် ‌အရေခြုံများသည် အေမာမ်အလီ(အစ) အပေါ် ရန်ငြိုးထားခြင်းအကြောင်းကို သိထားပြီး လူထုအခြား သဘောထားကွဲလွဲခြင်း၏ အန္တရာယ်ကိုမြင်ပြီး ဂျာဟေလီယသ် ခေတ်သို့ပြန်‌ ရောက်သွားကြမည် ဖြစ်သောကြောင့် လူသားများကိုကာကွယ်ရန် အရှင်မြတ်ထံမှတောင်းဆိုခဲ့သည်။ ဂျီဘ်ရ အီးလ်သည် ဒုတိယအကြိမ် ခိုင်းဖ် ဟုခေါ်သော ဗလီ၌ တမန်တော်မြတ်(ဆွ) ထံလာရောက်ပြီး ထိုအမိန့်‌တော်ကို ထပ်မံ၍ ပို့ချခဲ့သည်။ ထိုသို့ပို့ချရာ၌ လူသားများ အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ပေးမည် ဟူသော သတင်းစကားကို တမန်တော်မြတ်အတွက် လက်ဆောင်ပါးခဲ့သည်။ တတိယ အကြိမ်၌ ဂျီဘ်ရာအီးလ်သည် မက္ကာ မှ မဒီနာသို့သွားရာလမ်းတွင် တမန်တော်မြတ်ထံရောက်လာပြီး ထိုအမိန့်တော်ကို ထပ်ခါတလဲ ပို့ချခဲ့သည်။ တမန်တော်မြတ်သည် ဂျီဘ်ရာအီးလ် အား မိန့်တော်မူသည်မှာ လူထုသည် ကျွန်ုပ်အား အလီ(အစ) ကို ကိုယ်စားလှယ် ခံအပ်ရာ၌ လူလိမ်ဟူ၍ မှတ်ယူပြီး ကျွန်ုပ်၏ စကားကို လက်မခံကြမည်ကို ကြောက်ရွံစိုးရိမ်မိပါသည်။ နောက်ဆုံးအကြိမ် ဂျီဘ်ရာအီးလ်သည် ဂဒီးရ်ဟုခေါ်သောရေကန်အနီးတွင် တမန်တော်မြတ်ထံ လာရောက်ခဲ့ပြီး အရှင်မြတ်၏ ထိုအမိန့်တော်ကို ထပ်မံ ပို့ချခဲ့သည်။ ထို့အပြင် ၎င်းသည် မျာနာဖီက္က် ‌အရေခြုံများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးမည် ဟူသော အရှင်မြတ်၏ ကတိကိုလည်း တမန်တော်မြတ်အတွက် စကားလက်ဆောင်ပါးခဲ့သည်။ (5)

အခြားထင်မြင်တစ်မျိုး

အာယသ်တော် ကျရောက်ခြင်း၏ အကြောင်းအရင်း နှင့်ပတ်သက်ပြီး အခြား ထင်မြင်ချက် တစ်ခုကိုလည်း ဖော်ပြထားသည်။ ထိုထင်မြင်ချက်ကို အိစ္စလာမ့် အိုလမာ ပညာရှင်များ နှင့် ရှီအာပညာရှင်များဘက်မှ ငြင်းဆိုထားသည်။ ထိုထင်မြင်ချက်များမှာ အောက်ပါတို ဖြစ်သည်၊

၁ ။ ။ အာယသ်တော်သည် မက္ကာ၌ ကျရောက်ခဲ့သည်။

အဲဟ်လေစွန္နသ်တို့၏ အချို့ အိုလမာ ပညာရှင်များ ယုံကြည်ထားကြသည်မှာ အာယသ်သေ သဗ္ဗလီးဂ် သည် မက္ကာမြို၌ (တမန်တော်မြတ်၏ ရေစာလသ် အစပိုင်း၌) ကျရောက်ခဲ့သည်။ ဤအာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်းမှာလည်း တမန်တော်မြတ်အပါ် သာသနာ၏ အမှန်တရားကို ကုဖ္ဖာရ်(ကာဖဲရ်ငြင်းပယ်သူများ) နှင့် မွရှ်ရီက္က် (တုဖက်နှိင်းယှဉ်ကိုးကွယ်သူ) များထံ တင်ပြရမည် ဖြစ်သည်။ အချို့ ရေဝါယသ်များ အရ ၊ တမန်တော်မြတ်(ဆွ)အား ရန်သူများ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်အတွက် ‌အစောင့်အကြပ်များကိုလည်း ခန့်အပ်ထားသည်သည်။ သို့သော် တမန်တော်မြတ်(ဆွ) သည် အာယသ်သေ သဗ္ဗလီးဂ် ကျရောက်ပြီးနောက်ပိုင်း ၊ မိမိ၏ ‌အစောင့်အကြပ်များကို သွားခွင့်ပေးလိုက်ပြီး " အရှင်မြတ်သည် ကျွန်ုပ်အား မနာလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ထားမည် ဖြစ်ကြောင်း ၊ ထို့အပြင် သာသနာ၏ အမှန်တရားကို ကုဖ္ဖာရ်(ကာဖဲရ်ငြင်းပယ်သူများ) နှင့် မွရှ်ရီက္က် (တုဖက်နှိင်းယှဉ်ကိုးကွယ်သူ) များ၏ ရန်မှ အကြောက်အလန့်မရှိဘဲ ဖော်ပြရန် တာဝန်ရှိကြောင်းကို မိနိ့ဆိုခဲ့သည်။ (6)

ခြေပခြင်း ဤထင်မြင်ချက်ကို ခြေပရာတွင် ၊ စူရဟ် မာအိဒဟ်သည် မဒီနာမြို၌ ကျရောက်ခဲ့ကြောင်း သက်ဖ်စီးရ် ပညာရှင်များ အားလုံးသည် တူညီသော အမြင်ရှိကြပေသည်။ (7) ရေဝါယသ်များအရ ၊ အဘ်ဒွလ္လာဟ် ဗင်န် အွမ္မရ်၏ ကောက်နုတ်ဖော်ပြချက်အရ စူရဟ်မာအိဒဟ်သည် တမန်တော်မြတ်ထံ နောက်ဆုံးကျခဲ့သည့် စူရဟ်ဖြစ်သည်။ (8) ထိုအတွက်ကြောင့် အာယသ်သေ သဗ္ဗလီးဂ် သည် မက္ကာတွင် ကျရောက်ခဲ့သည် ဟူသော အဆိုများ နှင့် ဖော်ပြထားသော စူရဟ် တစ်ခုတည်းကိုသာလျှင် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ရွတ်ဆိုခဲ့သည် သို့မဟုတ် ယင်းစူရဟ်အား သီးသန့် အထောက်အထားတစ်ခု အနေဖြင့် သိမ်းစည်းထားသည် ဟူသော အဆိုများအားလုံးသည် မှန်ကန်မှု မရှိပေ။ (9) ထို့အပြင်၊ အချို့သော ပညာရှင်တို့သည် မက္ကာမြို၌ တမန်တော်မြတ်(ဆွ)၏ အသက်ကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် ရေဝါယသ်များကို အပျက်သဘောဆောင်သော ဟဒီးဆ်တော်အဖြစ် မှတ်ယူကြသည်။ (10)

၂ ။ ။ ကောင်းကင်ကျကျမ်း လက်ခံသူများထံ ပို့ချခြင်း

အချို့သူများ ရေးသားထားသည်မှာ ၊ အာယသ်သေ သဗ္ဗလီးဂ်သည် မဒီနာ၌ ကျရောက်ခဲ့သည်။ (11) ကျရောက်ရသည့် ရည်ရွယ်ချက်မှာလည်း ၀ဟီဗျာဒိတ်တော်၏ အမှန်တရားများကို ကောင်းကင်ကျကျမ်း လက်ခံသူများအား ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုရန် အရှင်မြတ်ဘက်မှ ရစူလ်တမန်တော်အား တာ၀န်ပေးခိုင်းစေခဲ့ခြင်း ဖြစ်သည်။ (12) အဘူဟယားန် ပယာမီး ဆိုသူ၏ ပြောဆိုချက်အရ တမန်တော်မြတ်(ဆွ) သည် ထိုအမိန့်တော်အား ပြောပြရန် တာ‌၀န်ပေးခြင်းခံရသည်။ ထိုအမိန့်မှာ ကျောက်ခဲနှင့် ပစ်ခြင်း (မီးလောင်ခြင်း) နှင့် လက်စားချေခြင်းဆိုင်ရာ ဥပဒေသပညတ်တော် ဖြစ်ပြီး၊ ဂျူးများနှင့် ခရစ်ယာန်များသည် သောင်ရသ် နှင့် အင်န်ဂျီးလ် ကျမ်းစာမျတွင် ဤမြင့်မြတ်သော ပညတ်တော်များကို ပြောင်းလဲထားခဲ့သည်။ (13) ၎င်း၏ အထောက်အထားမှာ ဤအာယသ်တော် ၏ အရှေ့ နှင့် အနောက် ၌ လာရှိထာူသည့် အာယသ်များသည် အဲဟ်လေကီသာဘ် ကောင်းကင်ကျကျမ်း လက်ခံသူများ နှင့်သက်ဆိုင်သည့် အကြောင်းအရာများဖြစ်ပြီး ဤအာယသ်၏ အကြောင်းအရာသည်လည်း အရှေ့ ၊ အနောက် အာယသ်များ၏ အကြောင်းအရာနှင့် မတူညီပဲ သီးသန့်ခွဲထွက်နေလို မရပေ ဟူ၍ ဖြစ်သည်။

ခြေပခြင်း သမိုင်း ကျမ်းကိုးများအရ ၊ မွတ်စ်လင်မ် များ နှင့် ယဟူဒီများ ၏ စစ်ပွဲပြီးသည့်နောက်ပိုင်း ၊ ဥပမာ ဗနီကရီဇွ စစ်ပွဲ နှင့် ခိာင်ဘဲရ် စစ်ပွဲ ပြီးနောက် ယဟူဒီများ၏ သြဇာအာဏာသည် ကြဆင်းသွားခဲ့သည်။ ထို့အပြင် ၎င်းတို့၏ အခြေစိုက်စခန်းများကို သိမ်းပိုက်ခြင်းနှင့် ၎င်းတိုအနက်မှ အများအပြားကို မဒီနာမြိုပြင်သို့ ပြည်နှင်ဒဏ်ပေးခြင်းဖြင့် ၎င်းတို့၏ သြဇာအာဏာလွှမ်းမိုးမှုသည် ပျောက်ကွယ်သွားခဲ့သည်။ (14) ခရစ်ယာန်များသည်လည်း ဆော်ဒီအာရေဗျ အထူးသဖြင့် မဒီနာမြို တွင် အာဏာမရှိသည့်အပြင် ၎င်းတိုနှင့် မွတ်ဆလင် တို ထိပ်တိုက်တွေ့မှုမှာ မိုဘာဟေလဟ် အဖြစ်အပျက်သာ လျှင်ရှိခဲ့သည်။ (15) ယင်းမှာလည်း ခရစ်ယာန်များ၏ တောင်းဆိုချက်အရ ထိုတွေ့ဆုံမှုကို ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့်၊ ရစူလ်တမန်တော်၏ အသက်တာ၏ နောက်ဆုံးနှစ်များတွင် ၎င်း နှင့် မွတ်စ်လင်မ်တို့၏ သြဇာအာဏာ ကြီးမားမှုကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် မိမိ့ သာသနာ၏ အမှန်တရားကို ဂျူးများ နှင့် ခရစ်ယာန်များထံ ပိုဆောင်ရာတွင် ၎င်းတို့၏ ရန်မှ ကြောက်ရွံရန် အကြောင်းမရှိပေ။ ထို့အပြင် အာယသ်သေ သဗ္ဗလီးဂ်၏ အကြောင်းအရာသည် ၎င်း၏ အရှေ့အာယသ် နှင့် အနောက်အာယသ် တို့၏ အကြောင်းအရာများမှ သီးခြားခွဲထွက်နေခြင်း မဟုတ်ပေ။ အဘယ်‌ကြောင့်ဆိုသော် ၎င်း၏ အရှေ့အာယသ် နှင့် အနောက်အာယသ် တို့သည် ဂျူးများ နှင့် ခရစ်ယာန်များကို ပြစ်တင်ရှုတ်ချထားမှုတွင် ရှိနေပြီး ရစူလ်တမန်တော်မြတ် ဆုံးပါးသွားခြင်းနှင့်အတူ မွတ်စ်လင်မ်အာဏာသည်လည်း ပျောက်ကွယ်သွားပြီး ထပ်မံ၍ အာဏာပြန်ရရှိလာနိုင်သည် ဟု ၎င်းတို ထင်ကောင်းထင်ကြပေမည်။ သို့သော် အာယသ်သေ သဗ္ဗလီးဂ်သည် တမန်တော်မြတ်(ဆွ) ပြီးနောက် အွမ္မ်သေအိစ္စလာမီ အား ဉီးဆောင်မည့် ခေါင်းဆောင် ကို ကြောငြာသည့် အာယသ် ဖြစ်သည့်အတွက် ထိုမှားယွင်းသော စိတ်ကူးအတွေများကို ပယ်ဖျက်ထားပြီး ထိုခေါင်းဆောင်ကြေငြာသည့် အကြောင်းအရာသည် အေမာမ်အလီ(အစ) ၏ ဝေလာယသ် ကိုကြေငြာကြာပြီးနောက် ကျရောက်သည့် " အာယသ်သေ အိက္က်မာလ်" နှင့် ကိုက်ညီမှု ရှိသည်။ (16)

၃ ။ ။ တမန်တော်မြတ်(ဆွ) အား သတိပေးချက်

ဟီဂျရီ ခုနှစ်ရာစု နှင့် ရှစ်ရာစု၏ ဟဒီးစ်ပြုစုသူ နှင့် ဆူဖီများအနက်မှ တစ်ဦးဖြစ်သော အိဗ်ရာဟီးမ် ဗင်န် မိုဟမ္မဒ် ဟမူအီ ဂျဝီနီး သည် တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ ဤအာယသ်တော်ကို တမန်တော်မြတ်(ဆွ)အား သတိပေးချက်အဖြစ် သတ်မှတ်ထားသည်။ ဤရေဝါယသ်၌ တမန်တော်မြတ်(ဆွ) သည် မဲအ်ရာဂ်ျ ကောင်းကင်ဘုံခရီး၌ ကောင်းကင်ခုနှစ်ထပ်တွင် " အလီသည် အရှင်မြတ်၏ အာယသ် သက်သေသာဓက ဖြစ်သလို မိုအ်မင်န် သက်၀င်ယုံကြည် သူများ၏ အချစ်ထားရာ လည်းဖြစ်သည်။ လူထုကို ၎င်းနှင့် မိတ်ဆက်ပေးပါလေ" ဟူသော အသံအား ကြားခဲ့ရသည်။ တမန်တော်မုဟမ္မဒ်သည် မဲအ်ရာဂ်ျ ကောင်းကင်ယံခရီးမှ ပြန်ရောက်လာပြီးသည့်အခါ ထိုကြားခဲ့သည့်အသံကို မေ့‌လျော့သွားခဲ့သည်။ ထို့ကြောင့် အာယသ်‌ သဗ္ဗလီးဂ်သည် ထိုအရာအား ပြန်လည်သတိပေးရန် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ (17) အာယသ်တော်၏ ==အရေးကြီးသည့် အချက်အလက်များ==

ပို့ချမည့် တာ၀န်၏ အရေးပါမှု

ဤအာယသ်တော်သည် သတင်းစကား၏ အရေးပါမှု နှင့် ထိရောက်မှုကို ဖော်ပြသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစကားကို မပြောဆိုပါက၊ အရှင်မြတ်၏ ရေစာလသ် တာ၀န်ကို ပြီးမြောက် အောင် မထန်းဆောင်ခဲ့ခြင်းပင် ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုသတင်းစကားသည် နဗူ၀သ် နှင့် ရေစာလသ်၏ သတင်းစကား နှင့် တန်းတူညီမျှမှု ရှိပေသည်။ ထို့ကြောင့် ပို့ချမည့် သတင်းစကားသည် သောင်ဟီးဒ် ၊ နဗူ၀သ် နှင့် မအာဒ် ကဲ့သို့ ယုံကြည်မှုပိုင်းဆိုင်ရာ အကြောင်းအရာများ မဖြစ်နိုင်သလို နမာဇ် ၊ ရိုဇာ နှင့် ဟဂ်ျ ကဲ့သို့သော် အဲဟ်ကာမ် ဥပဒေသပိုင်း ဆိုင်ရာ အကြောင်းအရာလည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စူရဟ် မာအိဒဟ်သည် နောက်ဆုံး ကျရောက်ခဲ့သည့် စူရဟ် ဖြစ်ပြီး ထိုအကြောင်းအရာမျသည် ယခင်ကတည်းက တမန်တော်မြတ်အ‌ေပါ် ကျရောက်ခဲ့ပြီး လူသားများထံ ပို့ချခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ပြောနိုင်သည်မှာ တမန်တော်မြတ်(ဆွ)၏ နောက်ဆုံးအချိန်များတွင် လူတိုအတွက် အရေးကြီးပြီး အသစ်အဆန်းဖြစ် စေသည့်အရာ ၊ အဓိက မဏ္ဌိုင်ဖြစ်သော ရေစာလသ်ကို ဖြည့်စွက်‌ပေးမည့်အရာ တစ်ခုကို ကြေညာရမည့် အချိန်ရောက်ပြီဟု ဆိုနိုင်ပါသည်။ ထိုအရာမှာ တမန်တော်မြတ်(ဆွ) ဆုံးပါးပြီးနောက် အိစ္စလာမ့်အွမ္မသ်များကို ဦးစီးဦးဆောင် ပြုလုပ်မည့် ခေါင်းဆောင်ကောင်း တစ်ယောက်အား ကြေငြာခြင်းပင် ဖြစ်သည်။ အစစ်အမှန်တွင် ၊ တမန်တော်မြတ်၏ ပို့ချမည့် သတင်းစကားသည် အလွန်အရေးကြီးသောကြောင့် အကယ်၍ ၎င်းကို မလုပ်ဆောင်ပါက သာသနာ၏ အခြားသော အဲဟ်ကာမ် ဥပဒေသများ နှင့် မိန့်ရပ် စည်းမျဥ်းစည်းကမ်းများကို လျစ်လျူရှုလိုက်သလို ဖြစ်သွားပြီး ထိရောက်မှုမရှိတော့‌ပေ။ ထိုအခါ သာသနာသည်လည်း ဝိညာဉ်မဲ့ လူသေကောင်ကဲ့သို့ ဖြစ်သွားပေမည်။ ထိုသတင်းစကားမှာ ဝေလာယသ် ကိုပို့ချရမည်ဟူသော မိန့်ရပ်ပင် ဖြစ်ပြီး ယင်းမှာလည်း အရှင်မြတ်၏ အလိုတော်အရ ဖြစ်ပြီး သာသနာကို စောင့်ရှောက်မည့် အေမာမ် ၊ လူ့အဖွဲအစည်း၏ အရေးအခင်းများကို ကြီးကြပ်သူ နှင့် စီစဉ်သူ ဖြစ်ပေသည်။ ရှီအာ နှင့် စွန္နီ တို့၏ ရေဝါယသ်များ ၌လည်း စူရဟ် မာအိဒဟ် အာယသ်အမှတ် ၆၇ သည် အေမာမ်အလီ(အစ) ၏ ဝေလာယသ် နှင့် ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ ထောက်ခံထားကြသည်။ (18)

ပို့ချပြောဆိုရခြင်းမှ တမန်တော်မြတ်(ဆွ) စိုးရိမ် ကြောက်ရွံမှု

သတင်းစကား အကြောင်းအရာ၏ အရေးပါမှု နှင့် ထိရောက်မှု ကြောင့် ၊ တမန်တော်မြတ်(ဆွ) သည် ထိာသတင်ူကို ပို့ချရာ၌ စိုးရိမ်မှုများ ရှိခဲ့သည်။ သို့သော် အရှင်မြတ်သည် «واللهُ یعْصِمُکَ مِنَ الناس‌» ဟူသော ကတိအရ ထိာစိုးရိမ်မှုကို ၎င်းထံမှ ဖယ်ရှားခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် မိမိ၏ အသက်အန္တရာယ် ရှိခြင်းမှ စိုးရိမ်မှု မရှိခဲ့ပေ။ အကယ်၍ ဤသို့ စိုးရိမ်ခဲ့လျှင်လည်း ၎င်းသည် မိမိ၏ တရားဒေသနာတော်များကို မဟောကြားမီ အသတ်ခံရမည်ကို စိုးရိမ်ခြင်း သို့မဟုတ် မိုနာဖီက် အရေခြုံများသည် မိမိအား လိမ်ညာသည်ဟု ပြောဆို စွတ်စွဲကြမည်ကို စိုးရိမ်ခြင်းပင် ဖြစ်သည်။ ထိုသို့စိုးရိမ်ရခြင်းမှာလည်း အရှင်မြတ်၏ သာသာနာတော်ကို ပို့ချရာ၌ အတားအစီးဖြစ်မည်ကို ကြောက်ရွံမိသောကြောင့် ဖြစ်သည်။ (19) အာယသ်သေ သဗ္ဗလီးဂ် သည် ကိုရိုင်းရှ် တုဖက်ယှဉ်တွဲ ကိုးကွယ်သူများ နှင့် အဲဟ်လေကေသာဘ် ကောင်းကင်ကျကျမ်း ရရှိထားသည့် သူများ နှင့် ပတ်သက်ပြီး ကျရောက်ခဲ့ခြင်းကို ငြင်းဆိုထားသည့်အတွက်ကြောင့် ရှင်းလင်းသည်မှာ အာယသ်သေ သဗ္ဗ်လီးဂ် ၌ လာရှိထားသည် «ناس‌» "လူသား" ဟူသော ဝေါဟာရ၏ ဆိုလိုရင်းမှာ အစ္စလာမ့်လူ့အဖွဲအစည်းတွင် ရှိနေသည့် မိုနာဖီက် အရေခြုံများကို ဆိုလိုသည်။(20) တမန်တော်မြတ်(ဆွ) အေမာမ်အလီ(အစ) အား မိမိ၏ ဆက်ခံသူ ကိုယ်စားလှယ်တော် အဖြစ် မိတ်ဆက်ပေးရာတွင် ထိုမိုနာဖီက် အရေခြုံတို့၏ အတိုက်အခံနှင့် ဆန့်ကျင်မှု များအတွက် စိုးရိမ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိုနာဖီက် အရေခြုံများသည် မိမိတိုကိုယ်တိုင် တမန်တော်မြတ်(ဆွ) ၏ ဆက်ခံသူ ကိုယ်စားလှယ်တော် ဖြစ်ရန် လိုလားခဲ့ကြသည်။ ထိုသို့ ကိုယ်စားလှယ်တော် ဖြစ်ခြင်းဖြင့် လောက၏ စည်းစိမ်မှန်သမျှကို လက်၀ယ်ရရှိမည် ဟူ၍ ဆန္ဒ ရှိခဲ့ကြသည်။ သို့သော် အေမာမ်အလီ(အစ) ၏ ဆက်ခံမှုသည် ၎င်းတို့၏ဆန္ဒများကို ချေဖျက်ခဲ့သည်။ (21) အေမာမ်အလီ(အစ) အား ပြတ်ပြတ်သားသား ရှိသူ နှင့် စိတ်ဓာတ်ကြံခိုင်သူ အဖြစ် လူသိများသည်။ (22) ယခုအချိန် မွတ်စ်လင်မ် ဖြစ်လာသူများသည် စစ်ပွဲများတွင် အေမာမ်အလီ(အစ) သည် မိမိ့တို့၏ ဆွေမျိုးများကို ယခင်က သတ်ဖြတ်ခဲ့ဖူးသောကြောင့် ၎င်းအပေါ် ရန်ငြိုးထားခဲ့ကြသည်။ (23) အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) ဆုံးပါးသည့်အချိန် အသက် ၃၃ နှစ်သာ ရှိသေးသည်။ ထို့ကြောင့် အသက်အရွယ်သည် အရေးကြီးသည် ဟု စံသတ်မှတ်ချက်တစ်ခု အဖြစ် ထားရှိထားသည့် လူ့အဖွဲအစည်းတွင် ၎င်း၏ ခေါင်းဆောင်မှုကို လက်ခံခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ပေ။ (24) ဤမိန့်ရပ်သည် သဘူးသ် စစ်ပွဲ၌ တမန်တော်မြတ်(ဆွ)သည် အေမာမ်အလီ(အစ) အား မဒီနာမြို၌ မိမိ၏ နေရာတွင် အစားထို နေခဲ့ခိုင်းခြင်း သို့မဟုတ် ၎င်းဘဝ၏ နောက်ဆုံးအချိန်များတွင် အိုစာမဟ် ဗင်န် ဇိုင်းဒ် ကို မိမိ၏ တပ်မှူးအဖြစ် ခန့်အပ်ခဲ့ခြင်း ကြီးမားသော ကိစ္စရပ် တစ်ခု ဖြစ်သွားခဲ့သည်။ (25)

အာယသ်တော်၏ နောက်ဆုံး စာကြောင်း

အာယသ်တော်၏ နောက်ဆုံး စာကြောင်း ဖြစ်သော ( إِنَّ اللهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ) (ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သော (အမှန်တရားကို ငြင်းဆန်ဖုံးကွယ်သော) လူမျိုးတို့အား လမ်းညွှန်တော်မူလိမ့်မည် မဟုတ်ပေ။) သည် ဤအာယသ်၏ ဆိုလိုရငနှင့် ဆက်စပ်မှု ရှိပြီး အာယင်၌ လာရှိထားသည့် "လူသား" ဟူသော ဝေါဟာရ၏ ဆိုလိုရင်းမှာ ခေါင်းမာသော ကာဖဲရ် ငြင်းဆန်သူများ ဖြစ်ပြီး သာသနာတော်ကို ပို့ချရာ၌ ၊ အေမာမ်အလီ၏ ဝေလာယသ်ကို သတင်းပေးခြင်းဖြင့် တမန်တော်မြတ်၏ ရေစာလသ် ပြီးပြည့်စုံသွား၌ အတားအစီး ပြုလုပ်ကြသည်ကို ဖော်ညွှန်းထားပေသည်။ အလ္လာမဟ် သွဗာသွ‌ဗာယီး၏ ဖွင့်ဆိုချက်အရ ( إِنَّ اللهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ) ဟူသော အာယသ် သည် အစစ်အမှန်၌ ၎င်းထက်အရင် လာရှိထားသော (وَاللهُ يَعْصِمُكَ مِنَ النَّاسِ) ဟူသော အာယသ်တော်ကို ဖွင့်ဆိုရှင်းလင်းထားခြင်း ပင်ဖြစ်သည်။ ဆိုလိုသည်မှာ တမန်တော်မြတ် နှင့် အိစ္စလာမ် သာသနာအား မိုနာဖီက် အရေခြုံများ၏ အန္တရာယ်ပြုခြင်း ၊ ခြိမ်းခြောက်ခြင်း မှ ကာကွယ်စောင့်ရှောက်ရာ၌ အရှင်မြတ်သည် ၎င်းတို( ကာဖဲရ် ၊ ဇွာလင်မ် နှင့် ဖာစီက်) သည် အိစ္စလာမ် သာသနာ ၊ တမန်တေ။်မြတ် နှင့် မဠတ်စ်လင်မ်များကို မလိုလားကြသူများ ဖြစ်သည့်အတွက် အရှင်မြတ်သည် ၎င်းတို့ကြောင့် တမန်တော်မြတ်၏ ရေစာလသ်ကို အကျိူးမရှိ အဖြစ်ခံမည် မဟုတ်ကြောင်း မိန့်ဆိုထားခြင်းပင် ဖြစ်သည်။ မည်မျှပင် ၎င်းတို့သည် ၎င်းတို့၏ မှားယွင်းသော စိတ်ဆန္ဒများကို အချိန် နှင့် နေရာ တစ်ခု၌ ယာယီဖြည့်ဆည်းပေးနိုင်သော်လည်း၊ ယင်မှာ အမြဲတမ်းတည်မြဲမည်မဟုတ်ကြောင်းကို ဖော်ပြပေးထားခြင်း ဖြစ်သည်။ (26)