ကောင်းကင်တမန်

wikishia မှ

ကောင်းကင်တမန် သို့မဟုတ် မလာအိကဟ် ဆိုသည်မှာ လောကီ နှင့် လောကုတ္တရာ၌ အရှင်မြတ်၏ အမိန့်တော်များကို ထမ်းဆောင်ရန် တာဝန်ရှိသော မမြင်နိုင်သည့် သဘာဝလွန် တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့၏တည်ရှိမှုကို ယုံကြည်ခြင်းသည် မွတ်စ်လင်မ်တို့၏ ယုံကြည်ချက်တစ်ခုဖြစ်သည်။ မွတ်စ်လင်မ် ပညာရှင်များသည် ကောင်းကင်တမန်များ၏ သဘောသဘာဝ နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်ရှု‌ေထာင့်များ ရှိကြသည်။ သီအိုလောဂျီ ညာရှင်များက ၎င်းတို့အား ပုံစံအမျိုးမျိုးဖြင့် ပြောင်းလည်းပြုလုပ်နိုင်‌ေသာ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုများဟု မှတ်ယူကြသည်။ သို့သော် ဒဿန ပညာရှင်များသည် ၎င်းတို့အား ရုပ်လွန် တည်ရှိမှုများ ဟူ၍ ယူဆထားကြသည်။ ရှီအာ ပညာရှင်များ၏ ယုံကြည်ချက်အက ကောင်းကင်တမန်များသည် အပြစ်ကင်းစင်ကြသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်၊ အရှင်မြတ်၏ အမိန့်တော်များမှ နာမခံခြင်း ၊ အပြစ်ကျူးလွန်ခြင်းမျိုး မရှိပေ။ ထို့အပြင် ကောင်းကင်တမန်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းမရှိပေ။ ၎င်းတို့၏ တာဝန်များမှာ ၊ အေဘာဒသ် ခဝတ်ကိုးကွယ်ခြင်း၊ အရှင်မြတ်၏ သက်စ်ဘီးဟ်အား ရွတ်ဖတ်ခြင်း၊ အမလ် ကျင့်ဆောင်မှုများကို ရေးသားခြင်း၊ တမန်တော်များထံ ဝဂီ ဗျာဒိတ်တော်များ ပို့သခြင်း၊ လူသားများက်ု စောင့်ရှောက်ကာကွယ်ပေးခြင်း၊ မိုအ်မင်န်များကို ကူညီပေးခြင်း၊ လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ ရိုဇီရိက္ခာများကို ပို့ဆောင်ခြင်း၊ အသက်နုတ်ယူခြင်း ၊ နှလုံးသားများကို လမ်းညွှန်ပေးခြင်း နှင့် အရှင်မြတ် ပေးအပ်သည့် အပြစ်ဒဏ်ကို ကွပ်မျက်ခြင်း၊ စသည်တို့ ဖြစ်သည်။ ကောင်းကင်တမန်များတွင် မတူညီသော အမျိုးအစားများနှင့် အဆင့်များ ရှိသည်။ ဂျီဘ်ရာအီလ်၊ မီကာအီလ်၊ အိစ်ရာဖီလ် နှင့် အိဇ်ရာအီလ် တို့သည် အခြားသော ကောင်းကင်တမန်များထက် ပိုမိုသာလွန်မြင့်မြတ်သော အဆင့်၌ ရှိပေသည်။ ကောင်းကင်တမန်များသည် လူသားများထက် ပိုမိုသာလွန်မြင့်မြတ်ခြင်း၊ ကောင်းကင်တမန်များ၏ အပြစ်ကင်းစင်မှု နှင့် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှု ဖြစ်ခြင်း သို့မဟုတ် ရုပ်လွန် တည်ရှိမှု ဖြစ်ခြင်း နှင့်ပတ်သက်ပြီး သီအိုလောဂျီ နှင့် သဖ်စီးရ် စာအုပ်များတွင် လာရှိထားသာ်။ ထို့အပြင် ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်ရှုထောင့်များ ရှိပေသည်။

ကောင်းကင်တမန်များသည် မည်သို့တည်ရှိမှုမျိူ ဖြစ်သနည်း?

ကောင်းကင်တမန်များသည် ၊ အရှင်မြတ် နှင့် လူ့လောက အကြားတွင် စေ့စပ်ညှိနှိုင်းပေးသော တည်ရှိမှုများ ဖြစ်ကြပြီး အရှင်မြတ်သည် ကမ္ဘာကြီးအား ၎င်းတို့ထံ၌ အပ်နှင်းထားသည်။ (1) မလာအိကဟ် ဟူသည် မုလ်က် ၏ အများကိန်းဖြစ်သည်။ (2) ကောင်းကင်တမန်များ၏ သဘောသဘာဝနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်။ သီအိုလောဂျီ ပညာရှင်များသည် ၎င်းတို့အား ကွဲပြားခြားနားသော ပုံစံနှင့် ပုံသဏ္ဍာန်များ ပြုလုပ်နိုင်သော နူးညံ့သိမ်မွေ့ပြီး တောက်ပသော ရုပ်ခန္ခာများ ဖြစ်သည် ဟူ၍ မှတ်ယူကြသည်။ (3) အလ္လာမဟ် မဂ်ျလေစီသည် ဤအမြင်ရှု‌ေထာင့်ကို ဒဿနပညာရှင် အများအပြားမှလွဲ၍ မွတ်စ်လင်မ်အားလုံး လက်ခံထသည့် အမြင်ဖြစ်သည် ယူဆထားပြီး တမန်တော်များ နှင့် သူတော်စင်များသာ် ၎င်းတို့အား မြင်နိုင်ပေသည် ဟူ၍ ထပ်မံ အဆိုပြုထားသည်။ (4)ဒဿနပညာရှင် အချို့သည် ကောင်းကင်တမန်များကို ရုပ်ခန္ဓာထက် ကျော်လွန်သည် ဟူ၍ ယူဆကြပြီး ၎င်းတို့၌ ရုပ်ခန္ဓာနှင့် မကိုက်ညီသော ဂုဏ်တော်များ ရှိသည် ဟူ၍လည်း ယုံကြည်ထားကြသည်။ (5) အလ္လာမဟ် သွဗာသွဗာယီး ၏အဆိုအရ၊ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန် နှင့် ပုံစံများဖြင့် ကောင်းကင်တမန်များကို ကြည့်ရှုမြင်သာခြင်း နှင့်ပတ်သက်ပြီး ရေဝါယသ်များ၌ လာရှိထားခြင်းသည် ပုံဥပမာ သာလျှင် ဖြစ်သည်။ (ဆိုလိုသည်မှာ တစ်စုံတစ်ခုသည် တစ်ဦးတစ်‌ေယာက် အတွက် သီးခြားပုံသဏ္ဌာန် တစ်မျိုးဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။) (6) ထို့အပင် ၎င်း၏ အဆိုအရ၊ ကောင်းကင်တမန်များ နှင့် ဂျင်န် တို့သည် ပုံစံအမျိုးမျိုး နှင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နူးညံ့သိမ်မွေ့သော ရုပ်ခန္ဓာများဖြစ်ကြောင်း သိရှိရခြင်းမှာလည်း ခိုင်လုံသော သက်သေအထောက်အထား မရှိပေ။ (7) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ ကောင်းကင်တမန်များသည် နူရ် အလင်းရောင်မှ ဖန်ဆင်းထားခြင်း ဖြစ်သည်။ (8)

အရေးပါမှု နှင့် အရိုက်အရာ

ကောင်းကင်တမန်များ တည်ရှိမှုကို ယုံကြည်ခြင်းသည် မွတ်စ်လင်မ် တို့၏ ယုံကြည်ချက် ဖြစ်သည်။ (9) ၎င်းတို့အား ယုံကြည်ခြင်းသည် နမာဇ် ၊ ရိုဇာ များကို ယုံကြည်ခြင်း ကဲ့သို့ ဖြစ်ပြီး နဗူဝသ် တမန်တော် အရိုက်အရာကို ယုံကြည်ခြင်း၏ လိုအပ်မှုများ အနက်မှ ဖြစ်သည်။ (10) မလာအိကဟ် ဟူသော ဝေါဟာရသည် ကုရ်အာန်၌ ၈၈ ကြိမ် လာရှိထားသည်။ (11) အေမာမ်အလီ(အစ) သည် အရှ်ဗဟ် မိန့်ခွန်း၌ ၊ ကောင်းကင်တမန်များ ဖန်ဆင်းခြင်း၊ ၎င်းတို့၏ အမျိုးအစားများ၊ ဝိသေသလက္ခဏာများ နှင့် တာဝန်များ အကြောင်းကို မိန့်ဆိုသွားခဲ့သည်။ (12) ဗေဟာရုလ်အန်ဝါရ်၌၊ ကောင်းကင်တမန်များ မည်သို့မည်ပုံ ဖြစ်ခြင်း ၊ ၎င်းတို့၏ တာဝန်များ ၊ ကောင်းကင်တမန် များ၏ အပြစ်ကင်းစင်မှု နှင့် နီးစပ်သော ကောင်းကင်တမန် များ၏ ဂုဏ်တော်များ နှင့် ပတ်သက်သော ရေဝါယသ် တစ်ရာ ကျော် လာရှိထားသည်။ (13) အေမာမ်စဂျာဒ်(အစ) မှ ဆွဟီး‌ဖဟ် စဂျာဒီယဟ် စာအုပ်၏ တတိယမြောက် ဆုတောင်းချက်သည် အရှင်မြတ် နှင့်နီးစပ်သော ကောင်းကင်တမန်များ အကြောင်း ဖြစ်ပြီး ဤဒိုအာ၌၊ အရှင်မြတ်၏ ဆွလဝါသ် ကောင်းချီးများသည် ကောင်းကင်တမန်များ၏ သန့်ရှင်းစင်ကြယ်မှု တိုးပွားစေသည့် အကြောင်းအရင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ (14) ရေဝါယသ်များ၏ အဆိုအရ၊ ကောင်းကင်တမန်များသည် အရှင်မြတ်၏ မြောက်မြားစွာသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ ရေဝါယသ်များစွာသည် ၎င်းတို့၏ များပြားမှု နှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ (15) ကောင်းကင်တမန်များကို ဖန်ဆင်းခြင်းသည် တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) တို့၏ အလင်းရောင်ကို ဖန်ဆင်းပြီးနောက် ဖြစ်သည် ဟူ၍ ဟဒီးစ်တော်များတွင် ဖော်ပြထားသည်။ (16) မုရှ်ရီက် အုပ်စုတစ်စုသည် ကောင်းကင်တမန်များကို ကိုးကွယ်ကြပြီး ၎င်းတို့ကို အရှင်မြတ်၏ ဖန်ဆင်းခံများ ဖြသ်သည် ဟု ယူဆထားကြသည်။ သို့သော် ကောင်းကင်တမန်များသည် လုပ်ဆောင်များတွင် အမှီသဟဲ ကင်းမဲ့စွာ တိုက်ရိုက် လုပ်ဆောင်နိုင်ကြသူများ ဖြစ်ပြီး မိမိတို့၏ အောက်လက်ငယ်သား တည်ရှိမှုများ၏ အရှင်သခင် ဖြစ်ပေသည် ဟူ၍လည်း လက်ခံထားကြသည်။ (17) အချို့သာ မုရှ်ရီက်များသည်လည်း ၊ ကောင်းကင်တမန်များကို အရှင်မြတ်၏ သမီးတော်များ ဖြစ်သည်ဟူ၍ ယုံကြည်လက်ခံ ထားကြသည်။ (18)

ဘာသာတရားများ၌ ကောင်းကင်တမန်များ

ကောင်းကင်တမန်များကို အခြားသော ဘာသာတရားများတွင်လည်း ဖော်ပြထားပါသည်။ မီးကိုးကွယ်သည့် ဘာသာတရားတွင် ၊ ကောင်းကင်တမန်များသည် အာဟူရာမက်ဇ်ဒါ၏ ဖန်ဆင်းခံများ ဖြစ်ကြသည်။ အင်မ်ရှာစပန် ( မီးကိုးကွယ်သည့် ဘာသာတရား၏ မြင့်မြတ်သည့် အရိုက်အရာ၌ ရှိသော ကောင်းကင်တမန်များ) တိုင်းသည် အာဟူရာမက်ဇ်ဒါ၏ ဂုဏ်‌ေတာ်များထဲမှ ထင်ရှားသည့် ဂုဏ်‌ေတာ် တစ်ခု ဖြသ်သည်။ ယဟူဒီ ဘာသာတွင်၊ ကောင်းကင်တမန်များသည် မြေကြီးပေါ်၌ အရှင်မြတ်၏ အမိန့်တော်များကို ထမ်းဆောင်ပြီး လူသားတို့အား ဝဟီ ဗျာဒိတ်တော်များကို ပို့ဆောင်သော အရှင်မြတ်၏ ဗန်ဒါ ကျေးကျွန်များ ဖြစ်ကြသည်။ ခရစ်ယာန် ကျမ်းစာအရ၊ ကောင်းကင်တမန်များသည် လူသားများ မဖန်ဆင်းမီအရင် ဖန်ဆင်းခံရပြီး လူသားတို့၏ အုပ်ထိန်းသူများ ဖြစ်သည်။ မီကာအီလ် ကဲ့သို့ ကောင်းကင်တမန်အချို့ကို ကိုးကွယ်ခြင်း နှင့် ဆွလဝါသ် ပို့သခြင်းသည် ခရစ်ယာန်ဘုရားကျောင်းများတွင် ထင်ရှားစွာ ရှိပေသည်။ (19)

တာဝန်ဝတ္တရားများ

ကုရ်အာန်တွင် ကောင်းကင်တမန်များ အတွက် တာဝန်များကို ဖော်ပြထားသည်မှာ : ဝဟီ ဗျာဒိတ်တော်များ ပို့ချရာ၌ ကြားခံနယ်ဖြစ်ခြင်း (အရှင်မြတ်၏ သတင်းအချက်အလက်များကို တမန်တော်များထံ ပို့ဆောင်ခြင်း) ၊ (20) ကမ္ဘာလောက၏ အရေးကို စီမန်ခန့်ခွဲခြင်း ၊ ဖန်ဆင်းခံများထံ အရှင်မြတ်၏ မြင့်မြတ်သော ကျေးဇူးတော်ကို ပို့ဆောင်ပေးခြင်း (21) ဝန်ချတောင်းပန်ခြင်း (22) မိုအ်မင်န် သက်ဝင်ယုံကြည် သူများအတွက် ရှဖှအသ် တောင်းခံပေးခြင်း (23) မိုအ်မင်န် သက်ဝင်ယုံကြည် သူများအား ကူညီဆောင်မခြင်း (24) ကာဖဲက် သွေဖည်ငြင်းဆန်သူများကို လအ်နသ် ပို့သခြင်း (25) ဖန်ဆင်းခံများ၏ လုပ်ဆောင်ချက်များကို ရေးမှတ်ခြင်း (26) ဖန်ဆင်းခံများ၏ အသက်ကို နုတ်ယူခြင်း(27) တို့ ဖြစ်သည်။ ကောင်းကင်တမန် များအနက် အုပ်စုတစ်စုသည် အရှင်မြတ်ကို အမြဲကိုးကွယ်ပြီး၎င်း၏ သစ်ဘီးဟ်ကို ဖတ်ရွတ်ကာ အခြားမည်သည့် အရာကိုမျှ မလုပ်ဆောင်ပေ။ (28) ကောင်းကင်တမန်များသည် အာလမ်မေ ဘရ်ဇခ် (29) နှင့် တမလွန်၌လည်း တည်ရှိကြသည်။ ၎င်းတို့အနက်မှ အုပ်စုတစ်စုသည် ဂျန္နသ် သုခဘုံ၌ အမြဲတစေ ရှိပြီး (30) အချို့အုပ်စုသည်လည်း ငရဲဘုံ နှင့် ငရဲသားများကို အုပ်ထိမ်းသူများ ၊ စောင့်ရှောက်သူများ ဖြစ်ကြသည်။ (31)

အဆင့်များ နှင့် အမျိုးအစားများ

အလ္လာမဟ် သွဗာသွဗာယီး၏ အဆိုအရ ကောင်းကင်တမန်များသည် မတူညီသော အဆင့်များ နှင့် ရာထူးများ ရှိကြ‌ပြီး ၎င်းတို့အနက်မှ အချို့သည် အခြားသူများထက် မြင့်သည် သို့မဟုတ် နိမ့်ပေသည်။ (32) ကုရ်အာန် ကျမ်းတော်မြတ်၏ အာယင်တော်များအရ၊ ၎င်းတို့အနက်မှ အုပ်စုတစ်စာသည် ဝဟီ ဗျာဒိတ်တော်များ ပို့ဆောင်ခြင်း (ဂျီဘ်ရာအီလ်) (33) နှင့် အုပ်စုတစ်စုသည် အသက်ဇီဝန်များကို နုတ်ယူခြင်း (အိဇ်ရာအီလ်) တာဝန်ကို ထမ်းဆောင်သည် ဟူ၍ သတ်မှတ်ထားကြသည်။ (34) မုလ္လာဆွဒ်ရာသည် ကောင်းကင်တမန်များကို နီးစပ်သော ကောင်းကင်တမန်များ၊ မိုဟိုင်မဟ် ဝိညာဉ်များ၊ ကောင်းကင်ရေးရာ တာဝန်များကို ထမ်းဆောင်သည့် ကောင်းကင်တမန်များ၊ အသိဉာဏ်ဆိုင်ရာ ကောင်းကင်တမန်များ နှင့် မြေကြီးဆိုင်ရာ ကောင်းကင်တမန်များ ဟူ၍ ခွဲခြမ်းစိတ်ဖြာထားပြီး (35) အေမာမ်ခိုမေနီသည် ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာ သိမ်းပိုက်ခြင်းမရှိသော ကောင်းကင်တမန်များ (အာဏာလောက၏ ကောင်းကင်တမန်များ) နှင့် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုများအား ထိမ်းသိမ်းစောင့်ရှောက် သည့် ကောင်းကင်တမန်များ (36) ဟူ၍ ခွဲခြမ်းစိတ်ဖြာထားသည်။

ဂုဏ်အရည်အချင်းများ

ကောင်းကင်တမန်များ၏ အချို့သော ဂုဏ်အရည်အချင်းများမှာ အောက်ပါတို့ ဖြစ်သည် :

အပြစ်ကင်းစင်ခြင်း

အလ္လာမဟ် မဂ်ျလေစီ၏ အဆိုအရ၊ ရှီအာများသည် ကောင်းကင်တမန်များကို ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် များမှ ကင်းစင်သည်ဟူ၍ လက်ခံထားကြသည်။ ထို့အတူ၊ များစွာသော အဲဟ်လေစွန္နသ်တို့သည်လည်း ထိုသို့ ယုံကြည်လက်ခံထားကြသည်။ (37) သို့သော် အချို့သော အဲဟ်လေစွန္နသ်တို့သည် ကောင်းကင်တမန်များ၏ အပြစ်ကင်းစင်ခြင်းကို လက်မခံကြပေ။ ၎င်းတို့ အနက်မှ အချို့များသည်လည်း ၊ ဗျာဒိတ်တော် ပို့ဆောင်သော ကောင်းကင်တမန်များ နှင့် နီးစပ်သော ကောင်းကင်တမန်များ ကဲ့သို့ အချို့သော အမျိုးအစားများကိုသာ အပြစ်ကင်းစင်သည် ဟူ၍ လက်ခံထားကြသည်။ (38) لَا یسْبِقُونَهُ بِالْقَوْلِ وَهُم بِأَمْرِ‌هِ یعْمَلُونَ ၎င်းတို့သည် အရှင်မြတ်အား မကျော်ဘဲ အရှင်မြတ်၏ အမိန့်ဖြင့်သာ လုပ်ဆောင်ကြသည်။ (39) နှင့် لایعصون الله ما امرهم (40) ဟူ‌ေသာ အာယသ်တော်အရ ကောင်းကင်တမန်များသည် အပြစ်ကင်းစင်သူများ ဖြစ်ကြပြီး အရှင်မြတ်၏ အမိန့်တော်များကို မလွန်ဆန်ကြပေ။ (41) သို့သော် အချို့သူများသည် ဟာရူးသ် နှင့် မာရူးသ် အကြောင်း၊ အာဒမ်အား အီဗ်လီးစ်မှ စဂ်ျဒါ မလုပ်ခြင်း အကြောင်းကို ထောက်ထားခြင်းဖြင့် (42) ထို့အပြင် ဖီသ်ွရုစ် ၏ ဖီဆန်ခြင်း အ‌ေကြာင်းအရာတို့ကြောင့် ကောင်းကင်တမန်များ၏ အပြစ်ကင်းစင်မှုအပေါ် သံသယ ရှိကြသည်။ (43) ရှီအာ ပညာရှင်များသည် ထိုအကြောင်းအရာများအတွက် အဖြေများ ဖြေဆိုခဲ့ကြသည်။ ဥပမာ ၊ ဟာရူးသ် နှင့် မာရူးသ် တို့၏ အမိန့် မနာခံခြင်းသည် ကုရ်အာန် နှင့် ဟဒီးစ်များ၌ မလာရှိထားသည့် ဒဏ္ဍာရီများ လုပ်ကြံဇာတ်များ ဖြစ်သည်။ (44) ထို့အပြင် အီဗ်လီးစ်သည် ကောင်းကင်တမန် မဟုတ်ပေ ဟူ၍ ‌ဆိုထားလေသည်။ (45) ထို့အတူ ၊ မုရ်သဇွာ မိုသွဟ်သရီ ၏ အဆိုအရ၊ ကောင်းကင်တမန် အားလုံးမဟုတ်ဘဲ ကောင်းကင်တမန် တစ်စုသည် အရှင်မြတ်၏ အမိန့်တော်များကို မနာခံသည့် အလားအလာ ရှိသည်။ (46) နာဆွီရ် မကာရင်မေ ရှီရာဇီ၏ အဆိုအရ၊ ရေဝါယသ်များ၌ ကောင်းကင်တမန်များအား မြင့်မြတ်သော အရှင်မြတ်၏ အမိန့်တော်များကို ဆောင်ရွက်ရာတွင် နှေးကွေးခြင်းကြောင့် အပြစ်ဒဏ်ပေးခြင်း အကြောင်း ဖော်ပြထားခြင်းသည် ၊ သဲရ်ကေအူလာ ဖြစ်ပြီး အပြစ်ကျူးလွန်ခြင်း မဟုတ်ပေ။ ထိုသို့ပင် အချို့ တမန်တော်များ နှင့်ပတ်သက်ပြီး ဤသို့ သုံးနှုံးထားပေသည်။ (47) အလ္လာမဟ် သွဗာသွဗာယီး ယုံကြည်ထားသည်မှာ၊ ကောင်းကင်တမန်များသည် အရှင်မြတ် လိုလားသည့်အရာကို လိုလားကြပြီး အရှင်မြတ်၏ အမိန့်ပေးသည့်အရာကို လိုက်နာကြသည်။ ထို့ကြောင့် အပြစ်မကျူးလွန်ကြပေ။ (48)

လူသားများထက် သာလွန်မှုရှိခြင်း

အချို့ သာသနာ့ ပညာရှင်များသည် ၊ وَلَقَدْ کَرَّمْنَا بَنِی آدَمَ... وَ فَضَّلْنَاهُمْ عَلَی کَثِیرٍ مِمَّنْ خَلَقْنَا تَفْضِیلًا ဧကန်ပင်၊ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်ကြသော လူသားအား (ထူးကဲသော ဂုဏ်အရည် အသွေးနှင့်အသွင်အပြင် အမျိုးမျိုးဖြင့်) မြင့်မြတ်စေတော်မူပြီး ........ အသင်တို့အား ယင်းတို့ထက် ဂုဏ်သိက္ခာ အရလည်း ထူးကဲမြင့်မြတ်စေတော်မူခဲ့၏။ (49) ကောင်းကင်တမန်များက်ု လူသားများထက် သာလွန်မှုရှိသည် ဟူ၍ လက်ခံထားကြသည်။ အချို့သူများသည်၊ ကောင်းကင်တမန်များသည် တမန်တော်အာဒမ်အား စဂ်ျဒါ ပြုလုပ်ခဲ့သည့် အကြောင်းကို ထောက်ထားခြင်းအားဖြင့်၊ လူသားများကို ကောင်းကင်တမန်များထက် သာလွန်မှုရှိသည် ဟူ၍ လက်ခံထားကြသည်။ သို့သော် မိမိတို့၏ အရည်အချင်းများကို အသုံးချရပေမည်။ (50) ဟစန် ဟစန်ဇာဒေဟ် အာမိုလီ ၏ အဆိုအရ၊ အိဗ်နေအရ်ဗီသည် မြင့်မြတ်၍ တန်ခိုးကြီးသော ကောင်းကင်တမန်များကို လူသားများထက် သာလွန်မှုရှိသည် ဟူ၍ လက်ခံထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ တမန်‌ေတာ်အာဒမ် အား စဂ်ျဒါ ပြုလုပ်ဖို့ရန် ၎င်းတို့အ‌ပေါ် ဝါဂျီဘ် တာဝန် မဟုတ်သောကြောင့် ဖြစ်သည်။ (51) ထို့အပြင် မုဟမ္မဒ် ဒါဝူးဒ် ကီဆွရီ သည် ၊ အရှင်မြတ်၏ ခလီဖှာအဆင့်သို့ ရောက်ရှိသော လူသားများကို မြင့်မြတ်၍ တန်ခိုးကြီးသော ကောင်းကင်တမန်များ ထက် သာလွန်မှုရှိသည် ဟူ၍ လက်ခံထားသည်။ (52) မုလ္လာဟ်ဆွဒ်ရာသည် ၊ တမန်တော်အာဒမ် မှ ကောင်းကင်တမန်များကို သွန်သင်ပေးသည် ဟူ၍ ဖော်ပြထားသည့် စူရဟ် ဘကရာ အာယသ်အမှတ် ၃၁ ကို ထောက်ထားခြင်းအားဖြင့် ၊ ဤအာယသ်တော်သည် မြင့်မြတ်၍ တန်ခိုးကြီးသော ကောင်းကင်တမန်များ မဟုတ်ဘဲ ကမ္ဘာမြေကြီးပေါ်ရှိ ကောင်းကင်တမန်များထက် အာဒမ်၏ သာလွန်မှုကို ရည်ညွှန်းသည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (53)

တမန်တော်များသည် ကောင်းကင်တမန်များထက် သာလွန်မှုရှိခြင်း

မွတ်စလင်မ် အများစုသည် တမန်တော်များကို ကောင်းကင်တမန်များထက် သာလွန်မှုရှိသည် ဟူ၍ ယုံကြည်ထားကြသည်။ ထိုသို့ယုံကြည်ရသည့် အကြောင်းတရားမှာလည်း တမန်တော်များတွင် အမျက်ဒေါသ နှင့် အလိုရမတ်များ ရှိကြပြီး ကောင်းကင်တမန်များ၌ ထိုအရာများ မရှိကြပေ။ (54) ထို့အပြင်၊ တမန်တော်များသည် ကောင်းကင်တမန်များထက် သာလွန်မှုရှိကြောင်းကို ဖော်ကြူးဖို့ရန် အတွက် တမန်‌ေတာ်အာဒမ်ကို ကောင်းကင်တမန်များမှ စဂ်ျဒါ ပြုလုပ်ခြင်း နှင့် တမန်တော်အာဒမ်သည် ၎င်းတို့အား သွန်သင်ပေးခြင်း တို့ကို ရည်ညွှန်းထားသည့် ကုရ်အာန်ကျမ်းတော်မြတ်မှ အာယသ်တော်များကို ကိုးကားထားကြသည်။ (55) ရှီအာများသည် အေမာမ်(အစ) များကို ကောင်းကင်တမန်များထက် သာလွန်မှုရှိသည် ဟူ၍ ယုံကြည်ထားကြသည်။ (56)

လူသားတို့အား ကိုယ်စားပြုခြင်း သို့မဟုတ် ၎င်းတို့၏ ပုံစံတူ

ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်များအရ (57) ရူးဟုလ်အမီးန် သည် မရ်ယမ် ကို လူသားပုံစံဖြင့် ကိုယ်စားပြုသည်။ (58) ထို့အပြင်၊ ရေဝါယသ်တော်များအရ၊ ဂျီဘ်ရာအီလ်သည် တမန်တော်မြတ်(ဆွ) အပေါ် “ဒဟီယဟ် ကလ်ဘီ” ( အလွန်လှပသော မျက်နှာအသွင်အပြင် ရှိသည့် လူတစ်ဦး၏ အမည်ဖြစ်သည်) ပုံစံဖြင့် နာဇီလ် ဖြစ်ပေသည်။ (59) ရေဝါယသ်၌ လာရှိထားသည်မှာ၊ ကောင်းကင်တမန်များသည် ဝိညာဉ်နုတ်ယူသောအခါ အဆိုပါလူသား၏ စစ်မှန်သော အသွင်သဏ္ဌာန်ဖြင့် လာရောက်ကာ အသက် နုတ်ယူကြပေသည်။ ဥပမာ ထိုသူသည် မိုအ်မင်န် ဖြစ်ပါက ကျက်သရေရှိသော မိုအ်မင်န် ပုံစံဖြင့် လာရောက် ဝိညာဉ်နုတ်ယူပြီး အကယ်၍ ထိုလူသားသည် ဖာစီက္က် ဖြစ်ပါက ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် လာရောက်ပေသည်။ ထို့‌ေကြာင် ကောင်းကင်တမန်များသည် ဝိညာဉ်နုတ်ယူသောအခါ အဆိုပါ လူသားများ၏ ပုံစံအမျိုးမျိုးဖြင့် ကိုယ်စားပြုကြသည်။ (60) ကိုယ်စားပြုခြင်း သို့မဟုတ် ပုံစံတူ ဆိုသည်မှာ ကောင်းကင်တမန်များသည် ၎င်းတို့၏ မူလမျက်နှာမှ လွဲ၍ အခြားမျက်နှာများဖြင့် ပေါ်လာခြင်းကို ခေါ်ဆိုသည်။ (61) တမန်တော်မြတ်မှတစ်ပါး အခြားမည်သူမျှ ကောင်းကင်တမန်များကို ၎င်းတို့၏ မူလပုံစံဖြင့် မမြင်ဖူးကြပေ။ (62)

ရုပ်လွန်ဝါဒ

ဒဿနပညာရှင်များသည် ကောင်းကင်တမန်များအား ရုပ်လွန်တည်ရှိမှု ဖြစ်ကြောင်း ယုံကြည်ထားကြသည်။ (63) ကာမဂုဏ် ဒေါသ စသည်တို့၏ ဂုဏ်သတ္တိများ မပါရှိခြင်း (64) ပြောင်းလဲမှု, အသွင်ပြောင်း, ဆင့်ကဲဖြစ်စဉ် (65) နှင့် အာရုံခံစားခြင်းများ မရှိခြင်း (66) တို့သည် ရုပ်လွန်တည်ရှိမှု ၏ အကြောင်းတရားများ ဖြစ်ကြသည်။ သို့ရာတွင် မုလ္လာဟ်ဆွဒ်ရာ သည် ကောင်းကင်တမန်များကို ပြောင်းလည်းမှု‌ေသာ ပုံသေအနေအထားတစ်ခု ဟူ၍ ယူဆထားသည့် အချို့သဖ်စီးရ် ပညာရှင်များ နှင့်မတူဘဲ (67) ၎င်းတို့အနက်မှ အုပ်စုတစ်စု၏ အသိပညာ နှင့် ပြီးပြည့်စုံမှု တို့သည် ပိုမိုတိုးမြင့်လာနိုင်သည် ဟူ၍ မှတ်ယူထားသည်။ (68) အေမာမ်အလီ(အစ) ကောင်းကင်တမန်များ အနက်မှ အုပ်စုတစ်စုကို ဉာဏ်အမြော်အမြင် အရှိဆုံး၊ အရှင်မြတ်နှင့် အနီးစပ်ဆုံး ရှိသော ဖန်ဆင်းခံ ဖြစ်သည်ဟူ၍ မိတ်ဆက်ပေးထားပြီး ၎င်းတို့သည် မည့်အခါမှ ၎င်းတို့၏ မျက်ဝန်းများ၌ အိပ်စပ်မှု မရှိ၊ ၎င်းတို့၏ အသိဉာဏ်၌ မေ့လျော့မှုမရှိ ၊ ၎င်းတို့၏ ခန္ဓာကိုယ်အပေါ် ပင်ပန်းနွမ်းနယ်မှုမရှိကြပေ။ (69)

အတောင်ပံ ရှိခြင်း

ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော်များ နှင့် ရေဝါယသ်များ အရ၊ ကောင်းကင်တမန်များတွင် အတောင်များ ရှိပေသည်။ (70) ကောင်းကင်တမန်များ၏ အတောင်ပံများ၏ ဆိုလိုရင်းနှင့် ပတ်သက်၍ ကွဲပြားသော အမြင်များရှိသည်။ ၎င်းတို့မှာ : 

အလ္လာမဟ် သွဗာသွဗာယီ ယုံကြည်ထားသည်မှာ ၊ ကောင်းကင်တမန်များတွင် အတောင်များ ရှိခြင်း၏ ဆိုလိုရင်းမှာ ၊ ၎င်းတို့သည် ကောင်းကင်မှ မြေကြီးသို့၊ မြေကြီးမှ ကောင်းကင်ယံသို့၊ တစ်နေရာမှတစ်နေရာသို့ အရှင်မြတ်၏ အမိန့်တော်ဖြင့် သွားလို့ရသည့် အရာတစ်ခု တပ်ဆင်ထားခြင်း ဖြစ်သည်။ သို့‌ေသာ် ၊ ၎င်းတို့၏ အတောင်ပံများသည် ငှက်အတောင်ပံများ ကဲ့သို့ ဖြစ်သည် ဟူ၍ မဟုတ်ပေ။ (71) အေမာမ်ခိုမေနီ ယုံကြည်ထားသည်မှာ ၊ ရုပ်ပိုင်းဆိုင်ရာ မဟုတ်သည့် မမြင်နိုင်သော ရုပ်လွန်လောက၏ ကောင်းကင်တမန်များသည် အတောင်ပံများ မရှိကြသော်လည်း အာလမ်မေ မိစာလ် (ပုံတူအသွင်သဏ္ဍာန် ရှိသည့်လောက သို့မဟုတ် စံနမူနာပြုသော လောက) ၏ ကောင်းကင်တမန်များသည် စံနမူနာပြုသော အတောင်များ နှင့် အမွေးများ ရှိနိုင်ပေသည်။ (72) အိဗ်နေအရဗီသည် ကောင်းကင်တမန်များရှိ အတောင်ပံများ၏ အရေအတွက်ကို ၊ ကောင်းကင် နှင့် မြေကြီး၌ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု အတိုင်းအတာကို ဆိုလိုသည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (73) ထို့အတူ ၊ ကောင်းကင်တမန်များရှိ အတောင်ပံများ၏ အရေအတွက်ကို အရှင်မြတ်၏ အမိန့်တော်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ လျင်မြန်‌ေသာ အရှိန်အဟုန်၏ နိမိတ်လက္ခဏာ (74) ပြောင်းလည်းနိုင်ခြင်း နှင့် လုပ်ဆောင်နိုင်ခြင်းတို့၏ နိမိတ်လက္ခဏာ (75) နှင့် ကောင်းကင်တမန်များ၏ အဆင့်ကွာခြားမှု၏ လက္ခဏာတစ်ခု (76) ဖြစ်သည် ဟူ၍ လက်ခံထားသည်။

ရေးသားထားသည့် စာအုပ်မျာ

ကောင်းကင်တမန်များ အကြောင်းနှင့် ပတ်သကါပြီး ဖှာရ်စီ အာရဗီ နှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် စာအုပ်များ ရေးသားထားသည်။ အချို့စာအုပ်များမှာ: စီရီးဒဲရ် အိစ်ရာရေ ဖရီရှ်သေဂါန် စာအုပ်၊ ကုရ်အာန် နှင့် ပရမတ် သဘောတရား အရ ပြုစုထားပြီး မုဟမ္မဒ် ဇမာန် ရုစ်သမီ နှင့် သွာဟိရဟ် အာလေဘူယေဟ် တို့သည် ဖှာရ်စီ စကားဖြင့် ရေးသားထားသည်။ ကောင်းကင်တမန်များ၏ သဘောသဘာဝ၊ ကောင်းကင်တမန်များ၏ ဂုဏ်တော်များ၊ ကောင်းကင် တမန်အမျိုးအစားများ၊ ကောင်းကင်တမန်များ၏ လုပ်‌ေဆာင်ချက်များ နှင့် ကောင်းကင်တမန်များ အပေါ်၌ လူသားတို့၏ ခေလာဖှသ် ရှိခြင်း တို့သည် ဤစာအုပ်၏ အခန်းကြီးများ၏ ခေါင်းစဉ်များဖြစ်သည်။ (77) အစ္စလာမ္မစ် သညာရပ် နှင့်ယဉ်ကျေးမှု အင်စတီကျုမှ ဤစာအုပ်ကို စာမျက်နှာ ၅၅၂ တွင် ၂၀၁၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ (78) အလ်မခ်လူကားသုလ် ခဖီယဟ် ဖီလ် ကုရ်အာန် ၊ အလ်မာလာအိကဟ် ၊ အလ်ဂျင်န်၊ အိဘ်လီးစ် “ စာအုပ်၊ အရဗီ စကားဖြင့် ပြုစုထားပြီး စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီ ရေးသားထားသည်။ ထို့အပြင်၊ အလ်အီမာန် ဘိလ်မာလာအိကဟ် စာအုပ်၊ အဗ္ဗ်ဒုလ္လာဟ် စရာဂျုလ် ဒီးန် ရေးသားထားသည်။ ဘီလီဂရာမ် ရေးသားထားသည့် အလ်မာလာအိကဟ် စာအုပ်၊ လိုင်လာဟမ်ဒုအိလာဟီ ရေးသားထားသည့် စီမာယေ ဖရီရှ်သေဂါန် ဒဲရ် ကုရ်အာန် ဝါ နဟ်ဂျွလ်ဘလာဂဟ် စာအုပ်၊ အလီရေဇွာ ရေဂျာလီ သီဟီရာနီ ရေးသားထားသည့် ဖရီရှ်သေဂါးန် စာအုပ်၊ မုဟမ္မဒ် ရှိုဂျာအီ ရေးသားထားသည့် မလာအိကဟ် စာအုပ်၊ ဤအျကြာင်းအရာ နှင့်ပတ်သက်ပြီး ရေးသားထားသော အခြားစာအုပ်များ ဖြစ်ကြသည်။ (79)

လေ့လာရမည့် အရာများ ဂျီဘ်ရာအီလ် အိဇ်ရာအီလ် အိစ်ရာဖီလ် မီကာအီလ် ရူဟုလ်ကိုဒုစ် ဖိသ်ွရူစ် ဟာရူသ် နှင့် မာရူသ် ရကီးဘ် နှင့် အသီးဒ် နကီးရ် နှင့် မွန်ကီးရ် جن