ဟဒီးစေ ဝေဆွာယသ်

wikishia မှ

        ဟဒီးစေ ဝေဆွာယသ် ( ဆက်ခံသူ ၊ ကိုယ်စားလှယ် ဟဒီးစ်) ဆိုသည်မှာ တမန်တော်မြတ်(ဆွ)၏ ဟဒီးစ်တစ်ခုဖြစ်ပြီး ယင်း၌ အေမာမ်အလီ (အစ) ကို တမန်တော်မြတ်၏ ဆက်ခံသူ ၊ ကိုယ်စားလှယ်အဖြစ် ဖော်ပြခံသည်။ ဤဟဒီးသ်ကို ရှီအာ နှင့် အဲဟ်လေစွန္နသ် တို့စ ဟဒီးစ် ကျမ်းကိုးများတွင် ဝေါဟာရအမျိုးမျိုးဖြင့် ဖော်ပြထားပါသည်။ «لِكُلِّ نَبِيٍّ وَصِيٌّ وَ وَارِثٌ وَ إِنَّ عَلِيّاً وَصِيِّي وَ وَارِثِي‏» ဟူသော ရေဝါယသ် သည် အကျော်ကြားဆုံးသော ဟဒီးစ် ဖြစ်ပြီး ဗိုရီးဒဟ် ဗင်န် ဟဆွီးန် သည် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားခဲ့သည်။

ဟဒီးစ် စာပိုဒ်

عنه صلی الله عليه و آله : لِكُلِّ نَبِيٍّ وَصِيٌّ وَ وَارِثٌ وَ إِنَّ عَلِيّاً وَصِيِّي وَ وَارِثِي

တမန်တော်မြတ်(ဆွ) မိန့်တော်မူသသည်မှာ : တမန်တော်တိုင်းအတွက် ဆက်ခံသူ ၊ ကိုယ်စားလှယ် ဟူ၍ရှိပေသည်။ ကျွန်ုပ်၏ ဆက်ခံသူ ၊ ကိုယ်စားလှယ် မှာလည်း အလီ ဗင်န် အဘီသွာလီဘ် ဖြစ်သည်။ (1)

ရေဝါယသ် ကျမ်းကိုး၌ ဝေဆွာယသ် ဟဒီးစ်

        ဝေဆွာယသ် ဟဒီးစ် သည် ရှီအာ နှင့် အဲဟ်လေစွန္နသ် ရေဝါယသ် ကျမ်းကိုးများ ဖြစ်ကြသော ဖ‌ဒွာအိလုလ် ဆွဟာဘဟ် အိဗ်နေ ဟမ်ဗလ် (2) မနာကီဘ် အိဗ်နေ မဂါဇိလီ (3) အလ်မုအ်ဂျမုလ် ကဘီးရ် သွီဘ်ရာနီ (4) သာရီးခေ မဒီနေ ယေ ဒမီရှ်က် (5) မနာကီဘ် ခဝါရ်ဇိမီ (6) အလ်ကာမီလ် ဂျရ်ဂျာနီ (7) သဇ်ကုရ်ရသုလ် ခဝါဆ်ွ (8) ကိဖာယသုလ် အစဲရ် (9) မန်လာယဟ်ဒွရုလ် ဖကီးဟ် (10) ဒလာအိလုလ် အိမာမဟ် (11) မနာကီဘ် အိဗ်နေ ရှဟ်ရ် အာရှုဘ် (12) နှင့် ဗေဟာရုလ် အန်ဝါရ် (13) တို့၌ လာရှိထားသည်။ ဗိုရီဒဟ် ဗင်န် ဟဆွီးန် သည် « لِكُلِّ نَبِيٍّ وَصِيٌّ وَ وَارِثٌ وَ إِنَّ عَلِيّاً وَصِيِّي وَ وَارِثِي‏» ဟူသော ရေဝါယသ်ကို တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည်။ (14) စလ်မားနေ ဖာရီသည် တမန်တော်မြတ်(ဆွ) ၏ ဆက်ခံသူ ကိုယ်စားလှယ် နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တမန်တော်မြတ်(ဆွ) ပြန်ဖြေဆိုရာ၌ မိန့်တော်မူသည်မှာ : ကျွန်ပ်၏ ဆက်ခံသူ ကိုယ်စားလှယ် ဆိုသည်မှာ ၎င်းသည် ကျွန်ုပ်၏ အကြွေးကိုဆပ်ပြီး ကျွန်ုပ်၏ ကတိများကို သေချာစွာ လုပ်ဆောင်ပေးသူဖြစ်သည်။ ထိုသူမှာ အလီ ဗင်န် အဘီသွာလီဘ် ပင် ဖြစ်သည်။ (15) ထို့အတူ အလီ ဗင်န် အလီ ဟလာလီ ထံမှ ကောက်နုတ် ဖော်ပြထားသည့် ဟဒီးစ် တစ်ခုအရ ၊ တမန်တော်မြတ်(ဆွ) သည် ဖွာသွေမဟ် (စအ) သခင်မအား မိန့်တော်မူသည်မှာ : «َ وَصِيِّي خَيْرُ الْأَوْصِيَاءِ وَ أَحَبُّهُمْ إِلَى اللَه وَ هُوَ بَعْلُكِ؛ " ကျွန်ုပ်၏ ဆက်ခံသူ ကိုယ်စားလှယ် သည် အကောင်းဆုံးသူ ဖြစ်ပြီး အရှင်မြတ် အနှစ်မြို့ဆုံးသူ ဖြစ်သည် ၎င်းမှာ အသင်၏ ခင်ပွန်းပင်ဖြစ်သည်။ (16) ဟဒီးစ်၏ အကြောင်းအရာ ဝေဆွာယသ် ဟဒီးစ်၏ အကြောင်းအရာမှာ ၊ အေမာမ်အလီ(အစ) ၏ ကိုယ်စားလှယ် နှင့် ခေလာဖသ် အကြောင်းအရာပင် ဖြစ်သည်။ ရှီအာ အိုလမာ ပညာရှင်များသည် ထိုဟဒီးစ်အား အေမာမ်အလီ(အစ) ၏ အေမာမသ် ကို သက်သေပြုသည့် အထောက်အထား တစ်ခု ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ၎င်းတို့သည် ဝေဆွာယသ် ၏ အနက်အဓိပ္ပါယ်ကို ကိုယ်စားလှယ် ၊ ဆက်ခံသူ ဟူ၍ သတ်မှတ်ထားပြီး တမန်တော်မြတ်(ဆွ) သည် ထိုဟဒီးစ်တော်အရ အလီ(အစ) ကို မိမိ၏ ဆက်ခံသူ ကိုယ်စားလှယ် အဖြစ် မိတ်ဆက်ခဲ့သည် ဟူ၍ လက်ခံထားကြသည်။ (17) သို့သော် အဲဟ်လေစွန္နသ် တို့၏ အချို့ အိုလမာ ပညာရှင်များ ပြောကြသည်မှာ ဤဟဒီးစ်၌ ဝေဆွာယသ်၏ အနက်အဓိပ္ပါယ်မှာ ခေလာဖသ် မဟုတ်ပေ ၊ သို့သော် တမန်တော်မြတ်(ဆွ) သည် မိမိ၏ မိသားစု နှင့်ပတ်သက်ပြီး အလီ (အစ) အား မှာကြားခဲ့ခြင်း ဖြစ်သည်။ (18) ၎င်းတို့အား အဖြေပေးထားသည်မှာ ၊ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အသ) အား မိမိ၏ ဆက်ခံသူ ကိုယ်စားလှယ် အဖြစ် တိုက်ရိုက် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တမန်တော်မြတ်(ဆွ) ၏ ဝေဆွာယသ် မှာကြားခြင်းသည် မိမိ၏ မိသားစု အရေး သာလျှင် ဖြစ်သည် ဟူသော ကြွေးကြော်ချက် နှင့် ပတ်သက်ပြီးသက်သေအထောက်အထား မလာရှိထားပေ။ (19) ဟမဒီ ဗင်န် အ‌ဗ္ဗ‌ဒုလ် မဂျီးဒ် စလဖီ သည် သဟ်ကီးကုလ် မုအ်ဂျမုလ် ကဘီးရ် ၌ ပြောထားသည်မှာ အကယ်၍ ဟဒီး‌စ်၏ အထောက်အထား မှန်ကန်ပါက ထိုဟဒီးစ်သည် ခေလာဖသ် နှင့် ကိုယ်စားလှယ် အကြောင်းအရာ အပေါ်သို့ သက်သေပြုပေသည်။ (20)

အထောက်အထား

        ဝေဆွာယသ် ဟဒီးစ် ( ဆက်ခံသူ ၊ ကိုယ်စားလှယ် ဟဒီးစ်) သည် ဗိုရီးဒဟ် (21) ၊ စလ်မားန် (22) ၊ အဘူအယူဘ် အန်ဆွာရီ နှင့် အနက်စ် ဗင်န် မာလီက် (23) တို့ထံမှာ လာရှိထားသည့် အထောက်အထားနှင့်တစ်ကွ အဲဟ်လေစွန္နသ်တို့၏ ကျမ်းကိုးများ၌ လာရှိထားသည်။ စီဘ်သ်ွ ဗင်န် ဂျောင်ဇီ ( သဇ်ကုရ်ရသုလ် ခဝါဆ်ွ အား ရေးသားသူ) သည် စလ်မားန်၏ ရေဝါယသ်ကို အထောက်အထား နှစ်မျိုးဖြင့် ကောက်နုတ်ဖော်ပြထားသည်။ ၎င်းသည် ဖဒွာအိလုလ် ဆွဟာဘဟ် အိဗ်နေ ဟမ်ဘလ် ၌ လာရှိထားသည့် အထောက်အထားကို မှန်ကန်သည် ဟု လက်ခံထားသည်။ (24) အဲဟ်လေစွန္နသ်တို့၏ အချို့ အိုလာမာ ပညာရှင်များ ဖြစ်ကြသော အိဗ်နေ ဂျောင်ဇီ (25) ၊ ဂျလာလုလ်ဒီးနေ စီယူသွီး (26) နှင့် ဟီစမီ (27) တို့သည် ဟဒီးစ် ၌ မုဟမ္မဒ် ဗင်န် ဟမီးဒ် ရာဇီ သို့မဟုတ် အလီ ဗင်န် မိုဂျာဟိဒ် တို့ရှိနေသည့် အတွက်ကြောင့် ဟဒီးစ်အား ဒွဟသံသယ ဖြစ်စရာဟု သတ်မှတ်ထားပြီး ဟဒီးစ်တော်ကို လက်မခံကြ သော်လည်း စိုင်ယိဒ် အလီ မီလာနီး ၏ အဆိုအရ ၊ မုဟမ္မဒ် ဗင်န် ဟမီးဒ် သည် ဆွဟာဟုလ် စီသ်သဟ် အား ကိုးကားဖော်ပြသူများအနက်မှ တစ်ဦးဖြစ်ပြီး အချို့ ရေဝါယသ် ပညာရှင်များသည် ၎င်းအား မှန်ကန်စွာ ရေဝါယသ်‌ ကိုးကားကောက်နုတ်သူ ဖြစ်သည်ဟု အတည်ပြုသည်။ (28) ထို့အတူ ပြောထားကြသည်မှာ အဲဟ်လေစွန္နသ် တို့၏ ဆွီဟဟုလ် စီသ်သဟ် စာအုပ်များ အနက်မှ စိာနန်နုလ် သီမေဇီ စာအုပ်အား ရေးသားပြုစုသူ သီရ်မေဇီ နှင့် အဂ်မဒ် ဗင်န် ဟမ်ဘလ် တိုဘသည် အလီ ‌ဗင်န် မိုဂျာဟိဒ် ထံမှ ရေဝါယသ်များကို ကောက်နုတ် ဖော်ပြခဲ့ကြသည်။ (29(