ကအ်ဗဟ်ကျောင်းတော်အတွင်းမွေးဖွားခြင်း

wikishia မှ
مولود کعبه فرشچیان

မောင်ဝ်လူ ဒေ ကအ်ဗဟ် ဆိုသည်မှာ ကအ်ဗဟ်ကျောင်းတော်အတွင်းမွေးဖွားခြင်းကို ခေါ်ပေသည်။ ယင်းသည် အေမာမ်အလီ(အစ)မွေးဖွားလာသည့် အဖြစ်အပျက်ကို ဖော်ညွှန်းထားပြီး ၎င်း၏ သာလွန်မြင့်မြတ်မှုများမှ ဖြစ်ပေသည်။ အချိုကျမ်းကိုးကားများ၌ အဲဟ်လေစွန္နသ်တိုဘသည် အေမာမ်အလီ(အစ)၏ဤသာလွန်မြင့်မြတ်မှုကို ငြင်းဆိုထားပြီး ထိုမြင့်မြတ်သောအရာကို အခြားသူများနှင့်လည်းသက်ဆိုင်သည်ဟူ၍ လုပ်ကြံမှန်ကန်မှုမရှိသော ရေဝါယသ်များ လာရှိထားပေသည်။ သိုသော် အနည်းဆုံးအနေဖြင့် အဲဟ်လေစန္နသ်၏ ကျမ်းကိုးစာအုပ်‌ေပါင်း၁၆ အုပ် နှင့် ရှီအာများ၏ ကျမ်းကိုးစာအုပ်ပေါင်း၅၀ တို၌ အေမာမ်အလီ(အစ)သည် ကအ်ဗဟ်ကျောင်းတော်အတွင်းမွေးဖွားလာသည်ဟူ၍ ကောက်နုတ်ဖော်ပြထားသည်။ စွန္နီ ၊ ရှီအာ ကျမ်းကို စာအုပ်အမျိုးမျိူး၌ အေမာမ်အလီ(အစ)ကအ်ဗဟ်ကျောင်းတော်အတွင်း မွေးဖွားလာခြင်းနှင့်ပတ်သက်သည့်အဆိုများကို ထင်ပေါ်ကြော်ကြားသောအဆို အဖြစ်သတ်မှတ်ထားသည်။ သိုသော် ၎င်း၏အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး ကွဲပြားမှုရှိပေသည်။ အေမာမ်အလီ(အစ)ကအ်ဗဟ်ကျောင်းတော်အတွင်း မွေးဖွားလာခြင်းနှင့်ပတ်သက်ပြီး စာအုပ်အမျိုးမျိုးရေးသားခဲ့ကြသည်။ ဥပမာအားဖြင့် (အလီ ၀လီးဒွလ် အက်ဗဟ်) ဟူသောစာအုပ်သည် မီရ်ဇာမိုဟမ္မဒ်အလီ အူရ်ဒူဘာဒီ ( ဟီဂျရီ ၁၃၈၀- ၁၃၁၂) ရေးသားထားပြီး ဤစာအုပ်၏ ဖွာရ်စီ ဘာသာပြန်စာအုပ်သည် (ယိက်ဂါနေ ယေ မောင်ဝ်လူးဒေ ကအ်ဗေဟ်) ဖြစ်သည်။

ကျမ်းကိုးကားများ၌ လာရှိထားသည့် အဆိုများ

(မောင်ဝ်လူ ဒေ ကအ်ဗဟ်) ၏ဆိုလိုရင်းမှာ ပေမာမ်အလီ(အစ)သည် ရှီအာများ၏ ထပမဆုံးအေမာမ် ဖြစ်ပြီး ၎င်းသည် ကအ်ဗဟ်ကျောင်းတော်အတွင်း မွေးဖွားလာသည်ဟု ဖော်ညွှန်းထားသည်။ [၁] အလ္လာမဟ်အမီးနီးသည် အဲဟ်လေစွန္နသ်ကျမ်းကိုးစာအုပ်‌၁၆ အုပ် နှင့် ရှီအာများ၏ ကျမ်းကိုးစာအုပ်၅၀ တိုမှ ကောက်နုတ်ထားသည်မှာ အေမာမ်အလီ(အစ)သည် ကအ်ဗဟ် ကျောင်းတော်အတွင်း၌ဖွားမြင်ခဲ့ပေသည်။ [၂] ၎င်းသည် ၂ရာစု နှစ်မှ ၁၄ရာစုနှစ် ကဗျာဆရာများထံမှ ၎င်းတို၏ကဗျာစာသားများတွင် အေမာမ်အလီ(အစ)သည် အက်ဗဟ်အတွင်းမွေးဖွားခဲ့သည် ဟူသေ။စာပိုဒ်များကိုလည်း ဖော်ပြခဲ့သည်။ [၃] အိဟ်ကာကွလ်ဟက္က် စာအုပ်အား အလင်းဖွင်းဆိုထားသည့်စာအုပ်၌ ရေးသားထားသည်မှာ အဲဟ်လေစွန္နသ်၏ ကျမ်းကိုးကားစာအုပ်(၇) အုပ်တွင် အေမာမ်အလီ(အစ) ကအ်ဗဟ်အတွင်းမွေးဖွားခဲ့သည်ဟု လာရှိထားပေသည်။ [၄] စီဘ်သ်ွ ဗင်န် ဂျိုဇီး [၅] ၊ အိဗ်နေ ဆွဘာဂ် မာလီကီ [၆] ၊ နှင့် အလီ ‌ဗင်န် ဘွရ်ဟာနုလ် ဒီးန် ဟလ်ဘီး[၇] တိုသည် အဲဟ်လေစွန္နသ် အိုလမာပညာရှင်ကြီးများ ဖြစ်ကြပြီး အေမာမ်အလီ(အစ)သည် ကအ်ဗဟ်အတွင်းမွေးဖွားခဲ့ကြောင်းကို ပြောဆိုခဲ့ကြသည်။ မုစ်သဒ်ရကွလ်အလက်လိဆွဟီဟိုင်းန်[၈]၊ နှင့် ကိဖွာယသုလ်သွာလီဘ်[၉] ၌ အေမာမ်အလီ(အစ)သည် ကအ်ဗဟ်အတွင်းမွေးဖွားသည် ဟယသေ။ ကကြွေးကြော်ချက်မှာ ထင်ပေါ်ကြော်ကြားသောအရာ ဖြစ်သည်။

အဖြစ်အပျက်

အေမာမ်အလီ(အစ) အက်ဗက်အတွင်း၌ မွေးဖွားခဲ့ခြင်းသည် ကျမ်းကိုးကားစာအုပ်များ၌ ပုံစံသုံးမျိုး လာရှိထားသည်။ ၎င်းတိုမှာ- မနာကိဘ် အိဗ်နေ မဂါလီး( ဟီဂျရီ၄၈၃၌ကွယ်လွန်) စာအုပ်၌ အေမာမ်စဂျာဒ်(အစ)ထံမှ ကောက်နုတ်ထားသည်မှာ တမန်တော်မြတ်ကြီး(ဆွ)သည် အဘူသွာလီဘ်အား ၀မ်းနည်းသေ ပံာစံဖြင့် တွေ့လေသည် ထိုနောက် အဘယ်ကြောင့် ၀မ်းနည်းနေရသနည်းဟုမေးမြန်းသည့်အခါ အဘူသွာလီဘ်ပြောသည်မှာ ကျွန်တော်မျိုးမ၏ ဇနီး ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည် ကလေးမွေးဖွားချင်သောကြောင့် ဗိုက်နာနေပါသည် ။ ထိုအခါ အဘူသွာလီဘ် နှင့် ၎င်း၏ဇနီးငည် တမန်တော်မြတ်ကြီး(ဆွ) နှင့်အတူ အက်ဗဟ်ကျောင်းတော်သိုလာခဲ့ကြသည်။ ထိုနောက် အဘူသွာလီဘ်သည် ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်အား အက်ဗဟ်ကျောင်းတော်အတွင်းသို လမ်းညွှန်ခဲ့သည်။ အေမာမ်အလီ(အစ)မွေးဖွားခဲ့ပြီးနောက် တမန်တော်မြတ်ကြီး(ဆွ)သည် ၎င်းအား ၎င်း၏အိမခသိုါ ခေါ်ဆောင်သွားခဲ့သည်။ [၁၀] ရှဖိးခ်ဆူဒူက်သည် မိမိ၏ ဟဒီးစ်စာအုပ်များ၌ ၊ အိလက်လုလ်ရှရာယေအ်[၁၁] ၊ မအာနီယွလ်အက်ခ်ဘာရ်[၁၂]၊ နှင့် အမာလီး [၁၃]၎င်းနောက်ပိုင်းအခြားသော ဟဒီးစ်ရေးသားကြသူများ[၁၄] ယဇီးဒ် ဗင်န် ကအ်နက်ဘ် ကောက်နုတ်ချက်မှ ဖော်ပြထားကြသည်မှာ ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည် အက်ဗဟ်ကျောင်းတောာ်၏ အနား၌ ဗိုက်နာခဲ့သည်။ ၎င်းသည် ကလေးလွယ်ကူစွာမွေးဖွားန်ုင်ရန် အရှင်မြတ်ထံမှတောက်းခံဘလသည်။ ထိုအချိန် အက်‌ဗဟ်၏ အနောက်ဘက်အုတ်များသည် ကွဲအပ်သွားပြီး ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည်လည်း အက်ဗဟ်အတွင်းသို ၀င်သွားခဲ့သည်။ ထိုနောက် အပ်ကွဲနေသော အက်ဗဟ်အုတ်များသည် ပြန်ဆက်သွားခဲ့သည်။ ထိုအတူ ၎င်းသည် ယဇီးဒ် ဗင်န် ကအ်နက်ဘ်မှ ကောက်နုတ်ထသည်မှာ ကျွန်ုတိုအားလုံး ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကအ်ဗဟ်ကျောင်းတော်ကို မဖွင့်နိုင်ပေ။ ထိုကြောင့် ယင်းအလုပ်သည် အရှင်မြတ်ထံတော်မှ ဖြစ်ပေကြောင်းကို နားလည်ခဲ့ကြသည်။ ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည် လေးရက်နေပြီးနောက် အလီ(အစ)ကို လက်မှာပွေ့လျက် ကအ်ဗဟ်ကျောင်းတော်ထဲမှ ထွက်လာခဲဘသဘ်။ သုဟ်ဖသွလ်အက်ဘ်ရာရ် စာအုပ်၌ ဟစန် ‌ဗင်န် အလီသွီဘ်ရီ ( ဟီဂျရီ၇၀၁တွင် အသက်ရှင်နေထိုင်) ပြောကြားချက်အရ အလီ(အစ) ၏မိခင် ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည် ကအ်ဗဟ်ကျောင်းတော်ကို သွဝါဖ်လုပ်နေစဉ် ဗိုက်နာလာပြီး အိမ်ပြန်ဖို ခွန်အားမရှိတော့ပေ။ ထိုကြောင့် ကအ်ဗဟ်ကျောင်းတော်ဘက်် မျက်နှာမူလိုက်သည် ထိုအခါ ကအ်ဗဟ်ကျောင်းတော်၏ တံခါးပဠင့်သွားပြီး သူမသည်လည်း ထိုအထဲသို ၀င်သွားခဲ့သည်။ ထိုနောက် ကအ်ဗဟ်၏တံခါးပိတ်သွားပြီး ၎င်းသည် ထိုကအ်ဗဟ်အတွင်း၌ ကလေးမွေးခဲဘသည်။ သူမသည် ကအ်ဗဟ်အတွင်း သုံးရက်နေခဲဘသည်။[၁၅]

ဟကီးမ် ဗင်န် ဟိဇားမ်၏ အဖြစ်အပျက်

فاطمه بنت اسد

ရှီးခ်သည် ကအ်ဗဟ်တွင် အလီ(အစ) ၏မွေးဖွားခြင်းကို ယခင်ကမည်သူ့ကိုမျှမဖြစ်ခဲ့ဖူးသော အေမာမ်အလီ(အစ)၏ အထူးသာလွန်မြက့်မြတ်မှုများထဲမှတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဖြစ်လာတော့မည် မဟုတ်ပေ။ [၁၆] သိုသော် အဲဟ်လေစွန္နသ်၏ အချို ကျမ်းကိုးကားများ၌ လာရှိထသည်မှာ တမန်တော်မြတ်(ဆွ)၏ ဆွဟာဘာများအနက်မှ တစ်ဦးဖြစ်သူ ဟကီးမ် ဗင်န် ဟိဇားမ်[၁၇]သည်လည်း ကအ်ဗဟ်အတွင်းမွေးဖွားခဲ့‌‌ေပသည်။[၁၈]သိုသော် အချိုသူများ ယုံကြည်ထားသည်မှာ ဤရေဝါယသ်သည် အေမာမ်အလီ(အစ)၏ ထူးခြား‌ေသာလွန်မြင့်မြတ်မှုကို ငြင်းပယ်ထားပြီး တမန်‌ေတာ်မြတ်၏ ဆွဟာဘာဖြစ်သူ ဇိုဘိုင်းရ်သည် မိမိ၏၀မ်းကွဲညီအကို အားချစ်သောစိတ်‌ေကြာင့် ထိုအကြောင်းအရာကို မဟုတ်မမှန်ရေးသားခဲပေသည်။ အဘယ်ကြောင့်ဆိုသော် ဟကီးမ် ဗင်န် ဟိဇားမ်ဗင်န် ခိုဝိာင်လီဒ် ဗင်န် အစက်ဒ် ဗင်န် အက်ဘ်ဒုလ်အဇီး ၏မျိုးဆက် နှင့် ဇိုဘိုင်းရ်၏ မျိုးဆက်သည် အစက်ဒ် ဗင်န် အက်ဘ်ဒုလ်အဇီး ၌ တူညီနေပေသည်။[၁၉] ၎င်း၌ ပြဿနာများလည်း ၀င်ရောက်လာခဲ့ပေသည်။ ဥပမာ

  1. မွစ်အက်ဘ် ဗင်န် အွစ်မာန် သည် မည်သူမည်ဝါ ဖြစ်ကြောင်း မသဲကွဲပေ။ ထိုအပြင် ‌ကေသာဘေရေဂျာလီ (ဟဒီးစ်ကောက်နုတ်ရေးသားသူများ၏ အမည်စားရင်းစာအုပ်) ၌ ၎င်းအမည်အား ဖော်ပြထားခြင်း မရှိပေ။
  2. ဤရေဝါယသ်သည် ဒွိဟသံသယ ဖြစ်ဖွယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဤရေဝါယသ်ကို ရေးသားသူ မွစ်အက်ဘ် ဗင်န် အွစ်မာန် သည် ထို အဖြစ်အပျက်ပြီးနောက် နှစ်ပေါင်းများစွာနေပြီးမှ မွေးဖွားလာပေသည်။ ထိုကြောင့် ဤအြဖစ်အပျက်အား ကြားခံနယ်မရှိဘဲ တိုက်ရိုက်ကောက်နုတ်နိုင်ခြင်းမရှိပေ။ [၂၀]

အေမာမ်အလီ(အစ) ကအ်ဗဟ်ကျောင်းတော်အတွင်း မွေးဖွားလာသည့်လျိုဝှက်ချက်

အေမာမ်အလီ(အစ) ကအ်ဗဟ်ကျောင်းတော်အတွင်း မွေးဖွားလာသည့်လျိုဝှက်ချက်များအနက်မှ တစ်ခုမှာ - အလ္လာဟ်အရှင်မြတ် မိန့်နတာ်မူ၏၊ အိုကအ်ဗဟ်၊ကျွန်ုပ်သည် အသင့်အတွင်းထဲ၌ မွေးဖွားခြင်း၏ အကြောင်းခံဖြင့် အသင့်အား ညစ်ညမ်းမှုအပေါင်း၊ ရရုပ်ထာအပေါင်း( အုံစောင်းန်၊ အန်ဆွာဘ် ၊ အက်ဇ်လာမ်) များမှ သန်းရှင်းစင်ကြယ်စေတော်မူပေမည်။ ထိုလျိုဝှက်ချက်ထက် ပိုပိုလေးနက်၊ နက်နဲသောလျိုဝှက်ချက်မှာ- ကအ်ဗဟ်ကျောင်းတော်ကို အာရုံစိုက်ဂရုပြုခြင်းသည် ၎င်းထဲ၌မွေးဖွားလာခဲ့သည် နှုရ်အလင်းရောင်အား အာရုံစိုက်ဂရုပြုခြင်း ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၌ ကအ်ဗဟ်ကျောင်းတော်ကို အာရုံစိုက်ဂရုပြုခြင်းရ၏ ရည်ရွယ်ချက်မှာ သီးသန့် ကအ်ဗဟ်ကျောင်းတော် နှင့် ၎င်း၏ကျောက်တုံးကျောက်ခဲများကိုသာ ဖြစ်ပါက ထိုသိုအာရုံစိုက်ဂရုပြုခြင်း အမျိုးအစားသည် ရုပ်ထုများ( အုံစောင်းန်၊ အန်ဆွာဘ် ၊ အက်ဇ်လာမ်)ကို ကိူးကွယ်ခြင်းပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် မြေကြီးမှ ဖြစ်တည်လာသည့်အတွက် ကအ်ဗဟ်ကျောင်းတော်ကို အာရုံစိုက်ဂရုပြုခြင်းသည်လည်း မြေကြီးကဲ့သိုပင် အာရုံစိုက်ပေသည်။ သိုသော် လူသားများ၏ နာမ်ဝိဉာဏ်(ရုပ်လွန်ဝါဒ)သည် တန်ဖိုးရှိမြင့်မြတ်သောအရာဖြစ်‌‌ေပသည်။ ထိုကြောင့် ကအ်ဗဟ်ကျောင်းတော်ကို အာရုံစိုက်ဂရုပြုခြင်းရ၏ ရည်ရွယ်ချက်မှာ နှုရ်လင်းရောင်ခြည်ဖြစ်ပါက ထိုသိုအာရုံစိုက်ဂရုပြုခြင်း အမျိုးအစားသည် နှုရ်လင်းရောင်ခြည်ဘက်သို ဦးတည်နေပေသည်။ မိမိ့အမျိုးအစားနှင့်တူညီသောအရာသာလျှင် မိမိနှင့် ထိုက်တန်ပေသည်။နှုရ်လင်းရောင်ခြည် သည် နှုရ်လင်းရောင်ခြည် အတွက်သာဖြစ်ပြီး မြေဆီလွှာသည် မြေဆီလွှာ အတွက်သာဖြစ်သည်။[၂၁]

အာရဗီသဒ္ဒါပိုင်းဆိုင်ရာ နှင့် ကဗျာများ

သမိုင်းတစ်လျှောက်၌ အေမာမ်အလီ(အစ) မွေးဖွပြီးနောက် ၊ ၎င်းင်း၏ ကအ်ဗဟ်ကျောင်းတော်အတွင်း၌ မွေးဖွားလာသည့် အဖြစ်အပျက်သည် အာရဗီသဒ္ဒါ နှင့် ကဗျာဆရာများ၏ ကဗျာများ၊ စွန္နီ နှင့် ရှီအာ ပညာရှင်ကြီးများ၏ ကဗျာများ၌ ထိုအကြောင်းအရာကို ဖော်ညွှန်းထားကြသည်။ ဆိုင်ယီဒ်ဟမီဒီ(ဟီဂျရီ၁၇၉) ပြောထားသည်မှာ «ولدته فی حرم الاله و امنه» «والبیت حیث فناؤه و المسجد» ၎င်း၏မိခင်သည် ၎င်းအား အရှင်မြတ်၏အိမ်တော်အတွင်း၊ အရှင်မြတ်၏ လုံခြုံစိတ်ရသောအိမ်တော်၌ ဖွားမြင်ခဲ့သည်။ ထိုနေရာသည် ၎င်း၏စက်ဂျ်ဦးချရာနေရာဖြစ်သည်။ [၂၂] အိဘ်နေ အဘီလ် ဟဒီဒ် မိုအ်သဇေလီ(ဟီဂျရီ၆၅၆) သည်၎င်း၏ ကြော်ကြားသော ကစီဒါ၌ ဤသိုဆိုထားသည်မှာ هوالذی بیت الله مولدهفطهر البیت من ارجاس و اوثان ဘာသာပြန် ( ထိုသူမှာ အရှင်မြတ်၏အိမ်တော်သည် သူ၏မွေးရပ်မြေဖြစ်တော်မူပြီဂုဏ်ရည်ကိုယ်သွေးရှိသူဖြစ်သည်၎င်းသည် အရှင်မြတ်၏အိမ်တော်ကို ရုပ်တုအညစ်အကြေးများမှ သန့်စင်စေခဲ့သည်။) [၂၃] ဟာဂ်ျမီရ်ဇာအိစ်မာအီးလ် သည်လည်း(ဟီဂျရီ၁၂၅၈-၁၃၀၅) ၎င်း၏ကဗျာ၌ဤသိုလာရှိထာယသည်မှာ إِنْ یَکُنْ یُفرَضُ لِلهِ البَنُونَ| فَتَعَالَى اللهُ عَمَّا یَصِفُونَ} فَوَلیدُ الْبَیْتِ أَحْرَى أَنْ یَکُونَ| لِوَلیِّ الْبَیْتِ حَقّاً وَلَداً ဘာသာပြန်( အကယ်၍ အရှင်မြတ်၌ သားရှိသည်ဟု ယူဆပါက၊ ဘုရားသခင်သည် ၎င်းတိုဖော်ပြသည့်အရာထက် သာလွန်ပြီး မြင့်မြတ်တော်မူသည် (ထိုသူ၌ သားသမီးမရှိ)။ ကအ်ဗဟ်ကျောင်းတော်၌မွေးဖွားလာသူသည် ၎င်း၏သားဖြစ်ဖိုရန် ပိုမိုထိုက်တန်ပေသည်။) [၂၄]

ရေးသားထားသည့်စာအုပ်များ

မအမာမ်အလီ(အစ) ကအ်ဗဟ်ကျောင်းတော်အတွင်းမွေးဖွားလာသည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး စာအုပ်များရေးသားထားသည်။ ၎င်းတိုအနက်မှအချိုမှာ

  • (အလီ ၀လီးဒွလ် ကအ်ဗဟ်) မိုဟမ္မဒ်အလီအူရ်ဒူဘာဒီ ရေးသားထားပြီး ထုတ်ဝေခဲ့သည်။ ၎င်း၏ဖွာစီဘာသာပြန်စာအုပ်မှာ( ယိဂ်ဂါနေဟ် မောင်ဝ်လူးဒေဟ် ကအ်ဗေဟ်) ဖြစ်သည်။
  • ( ၀လီးဒွလ်ကအ်ဗဟ်) ဆိုင်ယဒ်မိုဟမ္မဒ်ရေဇွာ ဟူစိုင်နီ ဂျလာလီး ရေးသားထားသည်။ ဤစာအုပ်တွင် ကအ်ဗဟ်အတွင်း အေမာမ်အလီ(အစ) မွေးဖွားခြင်းဆိုင်ရာ ကျမ်းကိုးကားချက်များနှင့် ဆောင်းပါးများစွာ ပါဝင်သည်။ အီရာန်နှစ် ၁၃၈၃ ခုနှစ်၌ ထုပ်ဝေခဲ့သည်။
  • ( အလ်မောင်လူးဒွန် ဖီ ဘိုင်းသွလ္လာဟ်ဟုလ် ဟရာမ် အလီ ဗင်န် အဘီသွာလီဘ် အမ် ဟကီးမ် ဗင်န် ဟဇာမ်) သည် ဆိုင်ယဒ် နဘီးလ် ဟစန်နီရေးသားထားသည်။ စာရေးသူသာ် ဤစာအုပ်၌ ကအ်ဗဟ်အတွင်းမွေးဖွားလာခြင်းသည် အေမာမ်အလီ(အစ)၏ ထူးခြားသောဂုဏ်ရည်တစ်ခုဖြစ်ကြောင်းကို သက်သေပြုရန် ကြိုးစားထားသည်။ ထိုနောက် ယင်းအား ဇဘီးရ် ဗင်န် ဘိုကားရ် နှင့် ၎င်း၏ ဦးလေး မွစ်အက်ဘ် ဗင်န် အဘ်ဒုလ္လာဟ် တိုသည် အေမာမ်အလီ(အစ) အပေါ်အမုန်းထားကာ ဟကီးမ် ဗင်န် ဟဇာန်အတွက်ဖြစ်သည်ဟု လုပ်ကြံရေးသားခဲဘသည်။[၂၅]

ကြည့်ရန်

အာယာသေဝေလာယသ် ဟဒီးစေသွီးရ် ခါသမ်ဘက်ခ်ရှီး အမီးရွလ်မိုအ်မေနီးန် အေမာမ်အလီ(အစ)၏မိခင် ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်သည် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ပြောထားသည်မှာ ကျွန်မသည် ဖိရ်အောင်န်၏ဇနီး အာစီယဟ် နှင့် အီစာ(အ.စ)၏မိခင်မရ်ယမ် တိုထက် ပိုမိုသာလွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ကအ်ဗဟ်အတွင်းထဲသို ၀င်ရောက်ခဲ့သည်။ ထိုနောက် သုခဘုံမှ သစ်သီး၀လံများကို စားသုံးခဲ့သည်။ ကအ်‌ဗဟ်ထဲမှ ပြန်ထွက်လာ တော့အချိန် အကွယ်မှ အသံကြားခဲ့ရသည်။ ယင်းမှာ- အိုဖွာသွေမသ် ထိုကလေးအား အလီဟု အမည်ပေးပါလေ။ ထိုသူသည် အလီဖြစ်သည်။ အလီ၏ဖန်ဆင်းရှင်သည် အလွန်မြင့်မြတ်သောအရှင်ဖြစ်ပြီး မိန့်ဆိုသည်မှာ ဧကန်စင်စစ် ၎င်း၏အမည်ကို ကျွန်ုပ်အမည်မှ ခွဲခြားထားပြီး ၎င်းအား ကျွန်ုပ်၏ကျင့်၀တ်များဖြင့် ပြုစုပျိုးထောင်ခဲ့တယ်။၎င်းအား ကျွန်ုပ်ပညာ၏ လျှိဝှက်ချက်များကို သိစေတော်မူခဲ့သည်။ ထိုသူသည် ကျွန်ုပ်၏ အိမ်တော်၌ရှိသော ရုပ်ထုများကို ရိုက်ချိူမည့်သူဖြစ်သည်။ ၎င်းသည် ကျွန်ုပ်အိမ်တော်၏ ခေါင်မိုးအပေါ်၌ အာဇာန်ပေးပြီး ကျွန်ုပ်အားချီးမွန်းထောပနာ ပြုပေမည်။ ထိုနောက် ၎င်းအားချစ်မြတ်နိုးသူ၊ ၎င်း၏အမိန့်များကိုနားခံလိုက်နာသူများသည် ကံကောင်းကြသူများ ဖြစ်ကညပြီး ၎င်းအားမုန်းတီးသူ၊ ရန်သုအြဖစ်သတ်မှတ်သူ၊၎င်း၏အမိန့်များအပေါ်နားခံကျင့်ဆောင်မှုမရှိသူများသည် ကံဆိုးမိုးမောင်ကညမည့်သာများဖြစ်‌ေပသည်။ မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၃၅စာမျက်နှာ၉။

ဟကီးမ် ဗင်န် ဟဇာန်း ဗင်န် ခိုဝိုင်လီဒ်၊ ၎င်း၏အစွဲပြုခေါ်ဆိုသောအမည်မှာ အဘူခါလီဒ် ဖြစ်ပြီး ဘီဘီခတီဂျာသခင်မ ၏တူ၊ ဇိုဘိုင်းရ် ဗင်န် အဝါမ်နှင့် ညီအကို၀မ်းကွဲ ဖြစ်သည်။ ကဗျာဆရာမူဆမသ်သည် စာပိုဒ်များစွာကို ဖန်တီးပြီး နောက်ဆုံးပိုဒ်ကို နောက်တစ်ပုဒ်တွင် ပေါင်းစပ်ထားသော ကဗျာအမျိုးအစားဖြစ်သည်။ ၁၄ရာစု ၏ ကျော်ကြားသော ကဗျာဆရာများထဲမှ တစ်ဦး၊ အာယသွလ္လာဟ်ဆိုင်ယဒ်အဘ်ဒုလ်ဟာဒီရှီရာဇီ ၏ ဖခင် နှင့် အကြီးမီရ်ဇာရှီရာဇီ ၏ ဝမ်းကွဲတော်သူ နှင့် ၎င်း၏ ထင်ရှားသော ကျောင်းသား များထဲမှ တစ်ဦး ဖြစ်သည်။ သူသည် ကြီးမြတ်သောစာရေးဆရာတစ်ဦးဖြစ်ပြီး အစွမ်းထက်သောကဗျာဆရာတစ်ဦးလည်ဖြစ်သည် ထိုနောက် အဲဟ်လေဘိုင်းသ်(အစ) နှင့် ၎င်းတို၏မရ်စီယာတိုကို ချီးမွမ်းကာ ကဗျာများစွာရေးသားခဲ့သည်။ ၎င်းတိုအနက်မှ အကျော်ကြားဆုံးမှာ အာရဗ်နှင့် အာရပ်မဟုတ်သော စာရေးဆရာများမှ ချီးကျူးခံရသည့် အေမာမ်အလီ(အစ) ၏ မွေးဖွားခြင်းဖြစ်ပြီး ၎င်း၏အရင်းအမြစ်မှာ ဤကျမ်းပိုဒ်ဖြစ်သည်-( رغـد العيش فـزده رغـدا * بسلاف منـه تشفـي سقمي)

ကုရ်အာန်၏ ရှင်းလင်းပြတ်သားသော အာယတ်တော်များ အရ၊ အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံများ၌ရှိသောဂုဏ်ရည်သွေများ၎င်း၌မရှိပေ မည်သည့်အရာနှင့်မျှ ဆင်တူခြင်းမရှိပေ။ «لیس کمثله شئ» စူရဟ်ရှိရာ အာယသ်အမှတ် ၁၁ «لم یلد و لم یولد» စယရဟ်သောင်ဝ်ဟီးဒ် အာယသ်အမှတ်၃။ ထိုသိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကဗျာပုံစံဖြင့်လည်းကောင်း၊ ထိုကဲ့သိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အသုံးပြုပါက၊ အနန္တတန်ခိုးရှင် အလ္လာဟ်အရှင်မြတ်သည် ရုပ်ဝတ္ထုသတ္တဝါများနှင့် ဆင်တူစေရန် မဆိုလိုပေ။ အလ္လာမဟ်သွာဗာသွဗာယီးသည် ဤသိုယုံကြည်ထားသည်မှာ အဲဟ်လေကေဘားဘ် (ဂျူးနှင့် ခရစ်ယာန်များ)ပင်လျှင် တိုကိုယ်တိုင်နှင့် ၎င်းတို၏ တမန်တော်များအား အရှင်မြတ်၏သား သမီးများဖြစ်ကြသည်ဟု မှတ်ယူထားကြသည်။ ထိုနောက် ပြောကြသည်မှာ «نحن أبناء الله وأحبائه» အစပိုင်း၌ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ရဖို ဟူသောရည်ရွယ်ချက်ဖြင့် ဤသိုပြောခဲ့ကြသောလည်း နောက်ပိုင်း၌ လှည့်ဖြားပြီး ပြောဆိုခဲ့သည့်များကို အစစ်အမှန်ဟုယူဆခဲ့ကြသည်။ သွဗာသွဗာယီး၊အလ်မီဇာန်း၊အတွဲ၁ စာမျက်နှာ၂၆၁။

မှတ်စုများ

  1. မက်စ်အူဒီ၊မိုရူးဂျုလ်ဇိုဟ်ဘ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၂၊စာမျက်နှာ၃၄၉၊မိုဖီးဒ် ၊အိရ်ရှားဒ်၊ဟီဂျရီ၁၄၁၄၊အတွဲ၁၊စာမျက်နှာ၅
  2. အမီးနီး၊ အလ်ဂဒီးရ်၊ဟီဂျရီ၁၄၁၆၊အတွဲ၆၊စာမျက်နှာ၃၇-၄၃
  3. အမီးနီး၊ အလ်ဂဒီးရ်၊ဟီဂျရီ၁၄၁၆၊အတွဲ၆၊စာမျက်နှာ၄၄- ၅၁
  4. မရ်အရှီ နရျက်ဖ်၊ ရှရ်ဟေအိဟ်ကာကွလ်ဟက္ကဂ်၊ မက်သက်ဘေ အာယသွလ္လာဟ်မရ်အရှီ၊ အတွဲ၇၊စာမျက်နှာ၄၈၆-၄၉၁
  5. စီဘ်သ်ွ ဗင်န် ဂျိုဇီး၊သက်ဇ်ကုရသွလ်ခဝါဆ်ွ၊ဟီဂျရီ၁၄၀၁၊စာမျက်နှာ၂၀
  6. အိဗ်နေဆွဗာဂ်၊ အလ်ဖုဇူးလုလ် မိုဂမ္မဟ်၊ ဟီဂျရီ၁၄၂၂၊အတွဲ၁၊စ မျက်နှာ၁၇၁
  7. ဟလ်ဘီ၊အစ်စီးရသွလ်ဟလဘီးယဟ်၊ဟီဂျရီ၁၄၀၀၊အတွဲ၁စ မျက်နှာ၂၂၆
  8. ဟာကင်မေနီရှာဘူးရီ၊ အလ်မုစ်သဒ်ရကွလ် အလက်လ် ဆွဟီဟိုင်းန်၊ ဟီဂျရီ၁၄၂၂ အတွဲ၃၊စာမျက်နှာ၄၈၃
  9. ဂန်ရျီရှာဖေအီ၊ ကေဖာယသွလ်သွာလီဘ်၊သီဂျရီ၁၄၀၄၊စာမျက်နှာ၇၀၇
  10. pအီ‌ဗ်နေ မဂါဇေလီး၊ မနာကိဘုလ် အေမာမ် အလီ ဗင်န် အဘီသွာလီဘ် ၊ ဟီဂျရီ၁၄၂၄၊စ မျက်နှာ၅၈-၅၉၊ အိဗ်နေ ဟာသမ် ရှာမီး၊ အဒ်ဒါရွလ်နဇွီးမ်၊ ဟီဂျရီ၁၄၂၀၊စ မျက်နှာ၂၂၅
  11. ရှီးခ်ဆူဒူက်၊ အိလက်လုလ်ရှာရ ယေအ်၊ အီရာန်နှစ်၁၃၈၅၊အတွဲ၁၊စာမျက်နှာ၁၃၅
  12. pရှီးခ်ဆူဒူက်၊ မအာနီယွလ်အခ်ဘာရ်၊ ဟီဂျရီ၁၄၀၃၊စာမျက်နှာ၆၂
  13. ရှီးခ်ဆူဒူးက်၊ အမာလီ၊ အီရ န်နှစ်၁၃၇၆စာမျက်နှာ၁၃၂
  14. မိုဟမ္မဒီရိန်းရှဟ်ရီ၊ ဒါနီရှ်နာမေယေအမီးရွလ်မိုအ်မေနီးန် (အစ) ဘရ် ပါယေကုရ်အာန်၊ဟဒီးစ် နှင့် သမိုင်း ၊ အီရာန်နှစ်၁၃၈၅အတွဲ၁စာမျက်နှာ၇၈
  15. သွီဘ်ရီး၊သုဟ်ဖသွလ်အက်ဘ်ရာရ်၊အီရာန်နှစ်၁၃၇၆၊စာမျက်နှာ၁၆၄-၁၆၅
  16. မိုဖီးဒ် ၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၄၊အတွဲ၁၊စာမျက်နှာ ၅
  17. y၁၇
  18. pကုရ်ရှီအစက်ဒီ၊ ဂျမ်ဟရသွလ်နစက်ဘ် ကိုရိာင်ရှ်ဝါအခ်ဘာရ်ဟား၊ ဟီဂျရီ၁၃၈၁စာမျက်နှာ၃၅၃
  19. ရွှက်ရှ်ငရီ၊ကာမူစွလ်ရေဂျာလ်၊ဟီဂျရီ၁၄၁၀၊အတွဲ၃စာမျက်နှာ၃၈၇၊မွရ်သဇွာအာမိလီး၊အဆ်ွဆွဟီးဟွလ်မင်န် စီးရသွလ်နဗီ၊ဟီဂျဖရီ၁၄၂၆၊အတွဲ၂စာမျက်နှာ၁၆၀
  20. ရွှက်ရှ်ငရီ၊ကာမူစွလ်ရေဂျာလ်၊ဟီဂျရီ၁၄၁၀၊အတွဲ၃စာမျက်နှာ၃၈၇၊မွရ်သဇွာအာမိလီး၊အဆ်ွဆွဟီးဟွလ်မင်န် စီးရသွလ်နဗီ၊ဟီဂျဖရီ၁၄၂၆၊အတွဲ၂စာမျက်နှာ၁၆၀
  21. ဟာစိုင်နီသွဟ်ရာနီ၊ အေမာမ်ရှေနာစီး၊ ဂီဂျရီ ၁၄၂၅၊အတွဲ၁စာမျက်နှာ၁၁၇၊مقام امیرالمؤمنین و کیفیت ولادت آن حضرت در خانه، ဝီဘ်ဂါမက်သက်ဘ်၀ဟီ
  22. အိဗ်နေရှဟ်ရ်အာရှုးဘ်၊မနာကိဘ်အာလေအဘီသွာလီဘ်၊ သွဘ်အွလ်မက်သဘသွလ်ဂိုင်ဒရီယဟ်၊အတွဲ၂စာမျက်တှာ၂၄
  23. အိဘ်နေအဘီဟဒီးဒ်၊ နဟ်ဂျွလ်ဘလာဂဟ်အားအလင်းဖွင်းဆိုခြင်း
  24. အ်ဘ်နေအဗီဟဒီဒ်၊ မိုဟမ္၎င်မဒ်ဟိုစိုန်၊ အလ်ဂဒီးရ်၊အတွဲ၆၊စာမျက်နှာ၂၆
  25. pဟစန်နီ၊အလ်မောင်လူးဒွလ်ဖီဘိုင်သွလ္လာဟ်ဟရာမ်အလီး ဗင်န် အဘီသွာလီဘ် အမ် ဟကီးမ် ဗင်န် ဟဇာမ်၊ ဟီဂျရီ၁၄၃၃၊စာမျက်နှာ၉၉-၁၀၄

ကျမ်းကိုးမျာ

مقام امیرالمؤمنین و کیفیت ولادت آن حضرت در خانه၊ ဝီဘ်ဂါဟ်၊မက်သက်ဘေ၀ဟီ။

အီဗ်နေဆွဘာဂ်မာလီကီ၊ အလီဗင်န် မိုဟမ္မဒ်၊ အလ်ဖုစူးလွလ်မိုဟမ္မဟ် ဖီ မအ်ရိဖသွလ် အအင်မ္မဟ်၊ ကွမ်း၊ ဒါရွလ်ဟဒီးစ်၊ ဟီဂျရီ၁၄၂၂။

အိဗ်နေမဂါ‌ဇေလီ၊ အလီ ဗင်န် မိုဟမ္မဒ်၊ မနာကိဘွလ် အေမာမ် အလီ ဗင် အဘီသွာလီဘ်၊ ဘီရူးသ်၊ဒါရွလ်အဇ်ဝါးအ်၊ဟီဂျရီ၁၄၂၄။

အမီနီ၊ အဗ်ဒုလ်ဟိုစိန်၊ အလ်ဂဒီးရ် ဖီလ် ကိသာဘ် ၀လ် စွန္နသ် ၀လ် အဒါဘ်၊ ကွမ်၊ မရ်ကဇုလ်ဂဒီးရ်၊ ဟီဂျရီ၁၄၁၆။

ဟာကင်မေနီရှာဘူရီး၊ မိုဟမ္မဒ် ဗင်န် အဘ်ဒုလ္လာဟ်၊ အလ်မွစ်သက်ဒ်ရကွလ် အလက်လ် ဆွဟီဟိုင်းန်၊ ဘ္ရူးသ်၊ဒါရွလ်ဖိကိရ်၊ ဟီဂျရီ၁၄၂၂။

ဟစန်နီ၊ ဆိုင်ယိဒ်နဗီးလ်၊ အလ်မောင်ဝ်လူးဒွန် ဖီလ် ဘိုင်သွလ္လာဟိလ် ဟရာမ် အလီ ဗင်န် အဘီသွာလီဘ် အမ် ဟကီးမ် ‌ဗင်န် ဟဇားမ်၊ ကရ်ဘလာ၊ အလ်အိသ်ဘသုလ် ဟူစိန်နီယဟ် အလ်မိုကဒ္ဒစ် ကိစ်မုလ် ရှီယူးနုလ် ဖိကါရ် ဝါ စကာဖီယဟ်၊ ဟီဂျရီ ၁၄၃၃၊ခရာဇ်နှစ်၂၀၁၂။

ဟူစိန်နီသွဟ်ရ။နှ၊ မိုဟမ္မဒ်ဟူစိန်၊ အေမာမ်ရှေနာစီး၊ မက်ရှ်ဟဒ်၊ အလ္လာမဟ်သွဗာသွဗာယီး၊ ဟီဂျရီ၁၄၂၅။

ဟလဘီ၊ အလီ ဗင်န် ဘွရ်ဟုနုလ်ဒီးန်၊ အစ်စီးရသွလ် ဟလဘီယဟ် ဖီ စီးရသွလ်အမီးနုလ် မအ်မူန်း၊ ဘီရူးသ်၊ ဒါရွလ်မအ်ရေဖဟ်၊ ဟီဂျရီ၁၄၀၀။

မိုဟမ္မဒ် ရန်းရှဟ်ရီ၊ မိုဟမ္မဒ်၊ ဒေါနီရှ်နျာမယေအမီးရွလ်မိုအ်ျမနီးန် ၊ ဘရ်ပါယေကုရ်အာန်၊ ဟဒီးစ် နှင့်သမိုင်း၊ ကွမ်း၊ မိုအ်စစ်စေ အီလ်မီ ဖရ်ဟန်ဂီ၊ ဒါရွလ်ဟဒီးစ်၊ စာပေထုပ်ဝေမှု နှင့် ပုံနှိပ်ဌာန၊ အီရာန်နှစ်၁၃၈၉။

စီဘ်သ်ွ ဗင်န် ဂျူဇီး၊ ယူစွဖ် ဗင်န် ဖရ်ဂလီ ဗင်န် အဘ်ဒုလ္လာဟ် ဘဂ်ဒေါဒီ၊ သဇ်ကာရ်ရသုလ်ခဝါဆ်၊ ဘီရူးသ်၊မိုအ်စစစေအဲဟ်‌‌လေဘိုင်းသ် ၊ဟီဂျရီ၁၄၀၁။

ရှာမီး၊ ယူစွဖ် ဗင်န် ဟာသမ်၊ အလ်ဒါရွလ်နဇွီးမ် ဖီ မနာကိဘ် အအင်မသုလ် ဟာမီးမ်၊ ကွမ်း၊ ဂျာမေအေယေမိုဒရီစီးန်၊၊ ဟီဂျရီ၁၄၂၀။

ရှုရှ်သရီ၊ မိုဟမ္မဒ်သကီ၊ ကာမူစုဘ်ရေဂျာလ်၊ ကွမ်း၊ မိုစစ်စေနက်ရှ်ရွလ်အိစ်လာမီ၊ ဟီဂျရိ၁၄၁၀။

ရှီးခ်ဆူဒူက်၊ မိုဟမ္မဒ် ဗင်န် အလီ၊ အမာလီ၊ သဟ်ရာန်၊ ကေသာဘ်ချိပုံနှိပ်တိုက်၊ အီရာန်နှစ်၁၃၇၆။

ရှီးခ်ဆူဒူက်၊ မိုဟမ္မဒ် ဗင်န် အလီ၊ မအာနီယုလ်အခ်ဘာရ်၊ ကွမ်း၊ အိစ်လာမီပုံနှိပ်တိုက်၊ဟီဂျရီ၁၄၀၃။

ရှီးခ်ဆူဒူက်၊ မိုဟမ္မဒ် ဗင်န် အလီ၊ အိလက်လုလ်ရှရာယေအ်၊ ကွမ်း၊ ကေသာဘေ ဖရှုရှီ ဒါ၀ယ်ရီ၊ အီရာန်နှစ်၁၃၈၅။

ရှီးခ်မိုဖီးဒ်၊ မိုဟမ္မဒ် ဗင်န် မိုဟမ္မဒ်၊ အိရ်ရှာဒ် ဖီ မအ်ရိဖဟ် ဟွတ်ဂျ်ဂျလ္လာဟ် အလက်လ်အိဘာဒ်၊ ကွမ်း၊ မိုအ်စေစအာလေဘိုင်းသ် (အစ) ၊ ဟီဂျရီ၁၄၁၄။

  • သွီဘ်ရီ၊ မိုဟမ္မဒ် ဗင်န် အလီ ဗင်န် ရွတ်စ်သမ် သွဘ်ရီ၊ ဘေရှာရသုလ်မွရ်သဇွာ လရှီးအသုလ် မွရ်သဇွာ၊ သဟ်ကီးက် ဂျဝါဒ် ကိန်ယူမီး အိဆ်ွဖွာဟနီး ၊ မိာအ်စစ်စေ နက်ရှ်ကွလ် အိစလာမီယုလ် သာဘိအဟ် လဂျမာအဟုလ် နိုဒရိစီးန် ဘေကွမုလ် မက်ရှ်ကဖဟ်၊ ဟီဂျရီ၁၄၂၀။

သွီဘ်ရီ၊ အေမာဒုလ်ဒီးန် ဟစန် ဗင်န် အလီ၊ သုဟ်ဖသုလ်အဘ်ရ အ်၊ သီဟီရာန်၊ မီရာစုလ်မက်သယးဘ်၊ ဟီဂျရီ၁၃၇၆။

ကရ်ရှီ အစက်ဒီ မက္ကီ၊ ဇိုဘိာငရ် ဗင်န် ဘိုကာ၊ ဂျွမ်ဟရုလ် နက်စ်ဘု ကိုရိုင်းရှ် ဝါ အခ်ဘာရ်ဟာ၊ သဟ်ကီးက် မဟ်မူဒ် မိုဟမ္မဒ် ရှာကီရ်၊ မသ်ွဘအုလ် မဒနီ၊ ဟီဂျရီ၁၃၈၁။

ဂန်ဂျီရှာဖေအီ၊ မိုဟမ္မဒ် ဗင်န် ယူစွဖ် ကေဖာယသုလ် သွာလီဘ် ဖီ မနာကိဘ် အလီ ဗင်န် အဘီသွာလီဘ် ၊ သီဟီရာန်၊ ဒါရွလ်အဟ်ယာ သရာစ် အဲဟ်‌ေ ဘိုင်းသ်၊ ဟီဂျရီ၁၄၀၄။

မွရ်သဇွာအာမေရီ၊ ဆိုင်ယဒ်ဂျအ်ဖရ်၊ အစ်ဆွဟဖိးဟုလ် မင်န် စီးရသုလ် နဗီ အအ်ဇွမ် ၊ ကွမ်း ၊ဒါရွလ်ဟဒီးစ်၊ ဂီဂျရီ၁၄၂၆၊

မရ်အရှီနဂျဖီ၊ ဆိုင်ယဒ်ရှဟာဘုလ်ဒီးန်၊ ရှရ်ျဟ အဟ်ကာပုလ်ဟက္က်၊ ကွမ်၊ မက္က်သဘုလ်အာယသုလ္လာဟ် မရ်အရှီ၊ ဘီသာ။

မက်စ်အူဒီ၊ အလီ ဗင်န် ဟူစိန်၊ မရ်၀ဂျုလ် ဇုဟ်ဘ် ဝါ မအာဒလ်ဂျောင်ဟရ်၊ သဟ်ကီးက် အက်စ်အဒ် ဒါဂရီ၊ ကွမ်၊ ဒါရွလ်ဟွဂ်ျရာအ်၊ ဟီဂျရီ၁၄၀၉။