ရှီအာ

wikishia မှ

ရှီအာ ဟူသည် အစ္စလာမ် သာသနာ၏ ကြီးမြတ်သော မဇ်ဟဘ် နှစ်ခု အနက်မှ တစ်ခုဖြစ်သည်။ ဤမဇ်ဟဇ်အရ ၊ တမန်တော်မြတ်(ဆွ) သည် အရှင်မြတ်၏ အမိန့်တော်ဖြင့် အေမာမ်အလီ(အစ) အား မိမိ၏ မဆိုင်းမတွ ဆက်ခံသူ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည် ။ အေမာမ်သ်သည် ရှီအာမဇ်ဟဘ်၏ အခြေခံမှု များအနက်မှ တစ်ချက်ဖြစ်ပြီး ၎င်းတို့ နှင့် အဲဟ်လေစွန္နသ် တို့၏ ခြားနားချက် ဖြစ်သည်။ ထိုအခြေခံမူအရ၊ အေမာမ်ကို အရှင်မြတ်ဘက်မှ ခန့်အပ်ပြီး တမန်တော်မြတ်(ဆွ) အကြောင်းခံဖြင့် လူသားများအား ကြေငြာမိတ်ဆက် ပေးပေသည်။

        ဇိုင်ဒီယဟ် မှလွဲပြီး အခြားကျန်ရှိသော ရှီအာများ အားလုံးသည် ၊ အေမာမ်(အစ) များကို မအ်စူမ် အပြစ်ကင်းစင်သူ ဖြစ်သည် ဟူ၍ လက်ခံထားကြသည်။ ထို့အပြင် နောက်ဆုံးအေမာမ် ဖြစ်သည့် အေမာမ်မဲဟ်ဒီ(အဂျ) သည် ကွယ်ပျောက်နေပြီး တစ်နေ့ ပြန်လည် ဖူးပွင့်လာကာ ကမ္ဘာလောကကြီးကို တရားမျှတစွာဖြင့် အုပ်ချုပ်ဖို့ရန် ၊ ကေယာမ် တော်လှန်‌ေရး ပြုလုပ်လိမ့်မည် ဟူ၍ ယုံကြည်ထားကြသည်။

        ရှီအာတို့၏ သီအိုလောဂျီ ဆိုင်ရာ သီးခြားယုံကြည်ချက် အချို့မှာ : ဦးနှောက်ဖြင့် ကောင်းခြင်း နှင့် ဆိုးခြင်းကို တိုက်းတာခြင်း ၊ အရှင်မြတ်၏ မရှိအပ့်သည့် ဂုဏ်ပုဒ်များ ၊ ကြားနေဝါဒဆွဂာဘာများ၏ တရားမျှတမှု မရှိခြင်း ၊ သကီယဟ် (ပိုးလျှို၍နေထိုင်ခြင်း) ၊ သဝစ္စုလ်w နှင့် ရှဖှာအသ် (ကြားဝင်အသနားခံခြင်း) တို့ ဖြစ်သည်။

        ရှီအာမဇ်ဟဘ်၌ အဲဟ်လေစွန္နသ် မဇ်ဟဘ် အတိုင်း ၊ တရားတော်၏ ဥပဒေသများအား ပြဌာန်းထုပ်နုတ်မှုဆိုင်ရာ ကျမ်းကိုးများ ရှိပေသည်။ ထိုကျမ်းကိုးများမှာ ကုရ်အာန်စွန္နသ် ဦးနှောက် နှင့် လူ့အဖွဲ့အစည်း တို့ဖြစ်ကြသည်။ သို့သော် ရှီအာများသည် တမန်တော်မြတ်(ဆွ)၏ စွန္နသ် ‌တော်အပြင် ၊ အေမာမ်(အစ) များ၏ စွန္နသ် တစ်နည်းအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ နှင့် ဆိုစကားများကိုလည်း ဟွဂ္ဂျသ် သက်သေသာဓက အဖြစ် သတ်မှတ်ထားကြသည်။

        ယခုခေတ် ရှီအာမဇ်ဟဘ် တွင် ဂိုဏ်းသုံးဂိုဏ်း ရှိပေသည်။ ထိုဂိုဏ်းများမှာ အေမာမီယဟ်အိစ်မာအီလီယဟ် နှင့် ဇိုင်ဒီယဟ် တို့ ဖြစ်ကြသည်။ အေမာမီယဟ် ရှီအာများ သို့မဟုတ် ၁၂ ပါးအေမာမ်ကို လက်ခံသော် အေမာမီယဟ် ရှီအာများသည် ၊ ရှီအာအများစု ဖြစ်သည်။ ၎င်းတို့သည် အေမာမ်၁၂ ပါး၏ အေမာမသ်ကို ယုံကြည်လက်ခံကြပြီ နောက်ဆုံးအေမာမ်မှာ အေမာမ်မဲဟ်ဒီ(အဂျ) ဖြစ်သည်။

        အိစ်မာအီလီယဟ် များသည် ၊ ရှီအာတို့ လက်ခံထားသည့် ၁၂ပါးအေမာမ်(အစ) များအနက်မှ ခြောက်ပါးမြောက် အေမာမ်အထိ တစ်နည်းအားဖြင့် အေမာမ်ဆွာဒီက်(အစ) အထိ လက်ခံထားကြပြီး ထိုအေမာမ်(အစ) ပြီးနောက် ၎င်း၏ သားဖြစ်သူ အိစ်မာအီးလ် နှင့် ထိုအိစ်မာအီးလ် ၏သားဖြစ်သူ မုဟမ္မဒ် တို့အား မိမိတို့၏ အေမာမ် အဖြစ် ယုံကြည် လက်ခံထားကြသည်။ ထို့အပြင် ၎င်းကိုလည်း နောက်ဆုံးအေမာမ် ဟူ၍ ယုံကြည်ထားကြသည်။ ဇိုင်ဒီယဟ်များသည် ၊ အေမာမ်များ၏ အရေအတွက်ကို အကန့်အသတ် မရှိပေ ဟူ၍ လက်ခံထားပြီး ဟဇရသ်သေ ဖွာသွေမဟ်(စအ) သခင်မ၏ သားများမှ ပညာတက်သူ ၊ ရိုကျို့မှုရှိသူ ၊ ရဲရင့်သူ ၊ ရက်ရောသူ နှင့် ကေယာမ် တော်လှန်မှုပြုလုပ်သူ မည်သူမဆို အေမာမ် ဖြစ်သည်ဟူ၍ ယုံကြည်ထားပေသည်။

        အာလေအိဒ်ရီးစ်အလဝီယားန်နေ သွီဘ်ရီစ်သားန်အာလေဘူယေဟ် ၊ ဇိုင်ဒီယားန်နေ ယမန်ဖှာသွေမီယားန်အိစ်မာအီလီယဟ်စဲရ်ဘ်ဒါရ‌ေန စက်ဘ်ဇ်ဝါရ်ဆွဖှဝီယဟ် နှင့် အီရာန် အစ္စလာမ္မစ် သမ္မတနိုင်ငံ အုပ်ချုပ်မှုတို့သည် ရှီအာအုပ်ချုပ်မှုများ အနက်မှ ဖြစ်ကြသည်။

        ပျူဝ် ဘာသာရေး နှင့် ဘဝနေထိုင်မှု အင်စတီကျု၏ အဆိုအရ ကမ္ဘာ့မွတ်စလင်လူဦးရေ၏ ၁၀ နှင့် ၁၃% အကြားသည် ရှီအာများ ဖြစ်ကြသည်။ ရှီအာလူဦးရေသည် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၅၄ မှ သန်း ၂၀၀ အထိရှိ ပေသည်။ ရှီအာအများစုသည် အီရာန်ပါကစ္စတန်အိန္ဒိယနှင့် အီရတ်တို့တွင် နေထိုင်ကြသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

        ရှီအာ ဆိုသည်မှာ အေမာမ်အလီ(အစ) ၏နောက်သားများဖြစ်ပြီး တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား မိမိ၏ မဆိုင်းမတွ ဆက်ခံသူ ကိုယ်စားလှယ် အဖြစ် အတိအလင်း ခန့်အပ်ခဲ့သည် ယုံကြည်ကြသူများကို ခေါ်ဆိုသည်။ (1) ရှီးခ်မိုဖီးဒ် ယုံကြည်ထားသည်မှာ “အလ်ရှီအဟ်” ဟူသော ဝေါဟာရသည် “အလီဖ် ၊ လာမ်” နှင့်တကွ လာရှိထားပါက ၎င်း၏ ဆိုလိုရင်းမှာ တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်‌အလီ(အစ)၏ မဆိုင်းမတွ ဆက်ခံသည့် ဝေလာယသ် နှင့် အေမာမသ် အရိုက်အရာအပေါ် ယုံကြည်ကြသော နောက်လိုက်သားများကိုသာ ဆိုလိုပေသည်။ (2) သို့သော် အဲဟ်လေစွန္နသ် တို့ ပြောကြသည်မှာ ၊ တမန်တော်မြတ်(ဆွ) သည် မိမိ၏ ကိုယ်စားလှယ်ကို အသတ်မှတ်သွားခဲ့ပေ။ ထို့နောက် လူ့အဖွဲ့အစည်းသည် အဘူဘက်ရ် နှင့် ဘိုင်အသ် ကတိသစ္စာ ခံယူခဲ့သည့် သက်သေအရ ၎င်းသည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ် ဖြစ်ပေသည် ။ (3)

        ရှီအာတို့၏ သမိုင်းသုတေသီ ဖြစ်သူ ရစူလေ ဂျအ်ဖရီယားန်၏ အဆိုအရ၊ အစ္စလာမ် သာသနာ ထွန်းကားပြီး နှစ်အနည်းငယ် ကြာမြင့်သည့်အထိ ၊ အဲဟ်‌လေဘိုင်သ်(အစ) တို့အား အချစ်ထားကြသူများ နှင့် အေမာမ်အလီ(အစ) ကို တတိယ ခလီဖှာဖြစ်သူ အွစ်မာန်ထက် ပိုမိုသာလွန်သည်ဟု ယုံကြည်လက်ခံထားကြသူများ အားလုံးကိုလည်း ရှီအာ ဟူ၍ ခေါ်ဆိုခဲဘကြသည်။ (4) ထိူသူများကို ၊ အဲဟ်လေဘိုင်သ်(အစ) ကို အချစ်ထားကြသည့် ရှီအာများ “ရှီအေယေ မိုဟိဗ္ဗ်သီး” ဟူ၍ ခေါ်ဆိုပြီး ပထမ ဖော်ပြခဲ့သည့် ရှီအာများ (တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်‌အလီ(အစ)၏ မဆိုင်းမတွ ဆက်ခံသည့် ဝေလာယသ် နှင့် အေမာမသ် အရိုက်အရာအပေါ် ယုံကြည်ကြသောသူများ) ကို “ရှီအေယေ အေအ်သေကာဒီ” ဟုခေါ်ဆိုပေသည်။ (5) “ရှီအာ” ဟူသော ဝေါဟာရသည် အဘိဓာန်၌ “နောက်လိုက်သား ၊ ကူညီသူ နှင့် အုပ်စု” ဟူ‌၍ အဓိပ္ပါယ် ရှိပေသည်။ (6)

ရှီအာ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း

        ရှီအာ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း နှင့်ပတ်သက်ပြီး ကွဲပြားသော အဆိုများ ရှိပေသည်။ ဥပမာ ၊ တမန်တော်မြတ်(ဆွ) အသက်ရှင်နေထိုင်သည့် အချိန်ကာလ အစပိုင်း ၊ စကီဖှာ ရွေးကောက်ပွဲ ပြီးနောက် ၊ အွစ်မာန် အသတ်ခံရပြီးနောက် နှင့် ဟုက်မီယသ် အဖြစ်အပျက် ပြီးနောက် စသည့်အချိန်တို့အား ရှီအာ ဖြစ်ပေါ်လာသည့် သမိုင်း ဟူ‌၍ ခေါင်းစဉ်တပ် ခေါ်ဝေါ်ကြသည်။ (7) အချို့ ရှီအာ အိုလမာ ပညာရှင်များသည် ၊ တမန်တော်မြတ်(ဆွ) အသက်ရှင်နေထိုင်သည့် အချိန်ကာလမှ စ၍၊ ဆွဟာဘာ များအနက်မှ အုပ်စုတစ်စုသည် အေမာမ်အလီ(အစ) ၏ အနား၌ ရှိခဲ့ကြပြီး ထိုအချိန်ကာလ၌ပင် ရှီအာများ ရှိခဲ့ကြသည် ဟူ၍ ယုံကြည်ထားကြသည်။ (8) ၎င်းတို့သည် ဟဒီးစ်တော်များ (9) နှင့် သမိုင်း ကျမ်းကိုးများ (10) ကို အထောက်အထား အဖြစ် ယူဆောင်လာပြီး ထိုအထောက်အထားများအရ၊ တမန်တော်မြတ်(ဆွ) အသက်ရှင်နေထိုင်သည့် အချိန်ကာလ၌ အေမာမ်အလီ(အစ) ၏ ရှီအာ နောက်လိုက်သားများ ရှိခဲ့သည် ဟူ၍လည်းကောင်း သို့မဟုတ် အချို့သူများကို အေမာမ်အလီ(အစ) ၏ ရှီအာများ အနက်မှ ဖြစ်သည် ဟူ၍လည်းကောင်း ဖော်ပြထားခဲ့သည်။ (11) ထိုအုပ်စုသည် တမန်တော်မြတ်(ဆွ) ဆုံးပါးသွားသည့် နောက်ပိုင်း ၊ စကီဖှာ၌ အဘူဘက်ရ်အား ဘ်ိုင်အသ် သစ္စာခံယူသည့် ရွေးကောက်ပွဲ‌အပေါ် ဆန့်ကျင်ခဲ့ကြပြီး အဘူဘက်ရ်အား ခလီဖှာ အဖြစ် ဘ်ိုင်အသ် သစ္စာခံယူခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။ (12) ဝစာအီလုလ်အိမာမဟ် စာအုပ်၌ နာရှီအက္က်ဘရ်၏ အဆိုအရ၊ အေမာမ်အလီ(အစ) ၏ခေတ်ကာလ၌ပင် ရှီအေယေအေအ်သေကာဒီ (တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်‌အလီ(အစ)၏ မဆိုင်းမတွ ဆက်ခံသည့် ဝေလာယသ် နှင့် အေမာမသ် အရိုက်အရာအပေါ် ယုံကြည်ကြသောသူ) များရှိခဲ့သည်။ (13) “ရှီအာ” ဟူသော ဝေါဟာရကို အေမာမ်အလီ(အစ) ကိုယ်တိုင် မိမိ၏ နောက်လိုက်သားများအတွက် တရားဝင် အသုံးပြုခဲ့ပေသည်။ ထို့ကြောင့် ရှီအာများသည် အစ္စလာမ်ဘာသာ အစပိုင်း၌ပင် တည်ရှိခဲ့ကြောင်း ဖော်ပြနိုင်သည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ‌‌ေအမာမ်အလီ(အစ) သည် နဟ်ရဝါးန် စစ်ပွဲမှ ပြန်လာပြီးနောက် မိမိအရှေ့မှ အုပ်ချုပ်ခဲ့ကြသည့် အုပ်စိုးရှင်များအကြောင်း အချို့မေးခွန်းများကို ပြန်လည် ဖြေဆိုရာ၌ ရေးသားသည့် စာတွင် ၊ မိမိ၏ နောက်လိုက်သားများကို “ရှီအာ” ဟူ၍ ခေါ်ဆိုထားပြီး ထိုအကြောငအရာ နှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုက်အာန်မှ အာယသ်တော်ကို ရည်ညွှန်းထောက်ထားခဲ့သည်။ ၎င်း မိန့်ဆိုထားသည်မှာ :

        ဗိစ်မိလ္လာဟိရ်ကဟ်မားနိရ်ရဟီးမ် ၊ အရှင်မြတ်၏ ကျေးကျွန်ဘက်မှ ၊ အလီ အမီးရုလ်မိုအ်မေနီးန် နှင့် ၎င်း၏ ရှီအာများသည် မိုအ်မင်န် သက်ဝင်ယုံကြည်သူများ နှင့် မွတ်စ်လင်မ် များဖြစ်ကြသည်။ ကျမ်းမြတ်ကုရ်အာန်၌ အရှင်မြတ် မိန့်တော်မူထားသည့်အတိုင်း “وَإِنَّ مِنْ شِیعَتِهِ لَإِبْرَاهِیمَ “ (စူရသ်ဆွာဖှာသ် အာယသ်အမှတ် ၈၃) ဒွိဟသံသယ ကင်းစွာဖြင့် ၊ တမန်တော်အိဗ်ရာဟီးမ်(အ.စ) သည် တမန်တော် နူဟ်၏ နောက်လိုက်သားဖြစ်သည်။ “ရှီအာ” ဆိုသည်မှာ ၊ ကျမ်းမြတ်ကာရ်အာန်တွင် အရှင်မြတ်သည် ယင်းအား မြင့်မြတ်သောအရာ အဖြစ် သတ်မှတ်ထားသည့် အမည်တစ်ခု ဖြစ်သည်။ တမန်တော်မုဟမ္မဒ်(ဆွ) သည် တမန်‌ေတာ် အိဗ်ရာဟီးမ်(အစ) ၏ နောက်လိုက်သား ဖြစ်သကဲ့သို့ အသင်တို့ အားလုံးသည်လည်း တမန်တော်မုဟမ္မဒ်(ဆွ) ၏ ရှီအာ နောက်လိုက်သားများ ဖြစ်ကြသည်။ ရှီအာ ဟူသော အမည်သည် သီးခြား လူတစ်ဦးတစ်‌ေယာက် နှင့်သာ သက်ဆိုင်မှု ရှိခြင်း မဟုတ်သလို ၎င်းအား အသုံးပြုခြင်းသည် ဘိဒ်အသ် အယူမှားခြင်းလည်း မဟုတ်ပေ။ (14)

အေမာမသ်၏ အမြင်ဝါဒ

        ရှီအာတို့၏ အမြင်၌ အေမာမသ် နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှီအာဂိုဏ်းကွဲများ အားလုံး၏ သဘောတူညီ ယုံကြည်လက်ခံထားသည့်အရာ ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ (15) “အေမာမသ်” သည် ရှီအာတို့၏ သီအိုလောဂျီ အကြောင်းအရာများတွင် အလွန်အရေးကြီးသော အခန်းဂဏ္ဌ၌ ရှိပေသည်။ (17) ရှီအာတို့၏ ရေဝါယသ်များ၌၊ အေမာမ်၏ ရပ်တည်ချက်မှာ တစ်စုံတစ်ဦးသည် ၎င်း၏ အေမာမ်ကို မသိဘဲ သေဆုံးသွားပါက ကာဖဲရ် အဖြစ် သေဆုံးသွားခြင်း ပင် ဖြစ်သည် ဟူ၍ လာရှိထားသည်။ (18) ထိုအကြောင်းအရာသည် အဲဟ်လေစွန္နသ် တို့၏ ထင်ရှားသော ကျမ်းကိုးများ၌လည်း လာရှိထားသည်။ ဥပမာ ၊ ရှဲရ်ဟုလ်မကာဆွီဒ် စအ်ဒုလ်ဒီးန် သဖ်သာဇာနီး ၊ မုစ်နက်ဒေ အဟ်မဒ်‌ ဗင်န် ဒါဝူးဒ်၊ မုစ်နက်ဒေ အဟ်မဒ် ဗင်န် ဟမ်ဘလ် ၊ ဆွဟီးဟ် မွတ်စ်လင်မ် နှင့် အခြားကျမ်းကိုးများ ဖြစ်ကြသည် (19) တမန်တော်မြတ်(ဆွ) မိန့်တော်မှုသည်မှာ : «من مات ولم يعرف إمام زمانه مات ميتة جاهلية» မည်သူမဆို မိမိခေတ်ကာလ၏ အေမာမ်ကို မသိပဲ ဆုံးသွားပါက ၎င်းသည် ဂျာဟေလီယသ် သေခြင်း (ကာဖဲရ်အနေဖြင့် သေဆုံးခြင်း) မျိုးပင် ဖြစ်သည်။ (သဖ်သာဇာနီ ၊ ရှဲရ်ဟုလ်မကာဆွီဒ် ၊ အတွဲ၅၊ စာမျက်နှာ ၂၃၉)

        ရှီအာများသည် အေမာမသ်ကို သာသနာ၏ အခြေခံမှုများမှ ဖြစ်ပြီး အရှင်မြတ်ဘက်မှ ခန့်အပ်တော်မူသည် ဟူ၍ ယုံကြည် လက်ခံထားကြသည်။ ဆိုလိုသည်မှာ ၊ တမန်တော်များသည် အေမာမ်ကို ရွေးချယ်ရာ၌ လူသားများအား တာဝန်ပေးလို့ မရသည့်အပြင် ၎င်းတို့၏ နေရာ၌ ဆက်ခံမည့်အေမာမ်အား သတ်မှတ်ရမည်မှာ တမန်တော်များအတွက် ဝါဂျီဘ်တာဝန် ဖြစ်သည်။ (20) ထို့ကြောင့်၊ ရှီအာ သီအိုလောဂျီ ပညာရှင်များသည် (ဇိုင်ဒီယဟ် မှအပ) (21) အေမာမ်ကို “အတိအလင်းရွေးချယ်သတ်မှတ်ရန်” (တမန်တော်မှ ဖြစ်စေ၊ အရင်အေမာမ်မှဖြစ်စေ) လိုအပ်သည် ဟူ၍ ယုံကြည်ထားကြသည်။ (22) ထို့အပြင် ဤသို့ အတိအလင်းရွေးချယ်သတ်မှတ်ခြင်း (ရည်ရွယ်ထားသော အဓိပ္ပါယ်ကို အတိအလင်းဖော်ပြသော စကားလုံး သို့မဟုတ် လုပ်ဆောင်ချက်) (23) ကို အေမာမ်အား သိကျွမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည် ဟူ၍ လက်ခံထားကြသည်။ (24)

        ၎င်းတို့၏ သက်သေ အထောက်အထားမှာ ၊ အေမာမ်သည် မအ်စူမ် အပြစ်ကင်းစင်သူ ဖြစ်ရပြီး အရှင်မြတ် တစ်ပါးတည်းသာလျှင် လူသားများ၏ အပြစ်ကင်းစင်မှုကို သိရှိတော်မူပေသည်။ (25) အဘယ်ကြောင့်ဆိုသော်၊ အပြစ်ကင်းစင်မူ ဟူသည် လူ့အတွင်းစိတ်၌ ရှိသောဂုဏ်အရည်အချင်း ဖြစ်ပြီး လူ့အပြင်ပိုင်းကို ကြည့်ရှုခြင်းဖြင့် ၎င်း၏ အပြစ်ကင်းစင်မှုကို မသိရှိနိုင်ပေ။ (26) ထို့အတွက်ကြောင့် ၊ အရှင်မြတ်သာလျှင် အေမာမ်ကို ခန့်အပ်ရပြီး ထိုခန့်အပ်ထားသည့် အေမာမ်ကို တမန်တော်၏ အကြောင်းခံဖြင့် လူသားများအား ကြေငြာထုပ်ပြောရပေမည်။ (27)

        ရှီအာ သီအိုလောဂျီ စာအုပ်များ၌၊ လူ့အဖွဲ့အစည်း၌ အေမာမ်သည် မဖြစ်မနေ တည်ရှိရခြင်းဆိုင်ရာ ဦးနှောက်သက်သေ နှင့် ကျမ်းကိုးသက်သေများစွာကို ဖော်ပြ ဆွေ‌ေနွးထားသည်။ (28) အာယသ်သေ အူလူလ်အမ်ရ် နှင့် ဟဒီးစေ မမ်မာသာ တို့သည် အေမာမ် မဖြစ်မနေ တည်ရှိရခြင်းဆိုင်ရာ ကျမ်းကိုးသက်သေများ ဖြစ်သည်။ (29) ကျေးဇူးတော်နိယာမ သည် ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး ၎င်းတို့၏ ဦးနှောက်သက်သေ ဖြစ်သည်။ ထိုနိယာမကို ခွဲခြမ်းစိတ်ဖြာရာ၍ ရေးသားဖော်ပြထားသည်မှာ : တစ်ဖက်တွင်၊ အေမာမ်တည်ရှိမှုသည် လူသားများကို အရှင်မြတ်၏ အမိန့်တော်များကို ပိုမိုနာခံစေပြီး အပြစ်ပြုရန် ပို၍ နည်းပါးစေသည်၊ အခြားတစ်ဖက်၌ ကျေးဇူးတော်နိယာမ အရ ၊ ထိုသို့သော အပြုအမှုများကို ဖြစ် ပေါ်စေသော မည်သည့်အရာကိုမဆို လုပ်ဆောင်ရမည်မှ အရှင်မြတ်၏ တာဝန်ဖြစ်သည်။ ထို့အတွက်ကြောင့် ၊ အေမာမ်အား ခန့်အပ်ရမည်မှာ အရှင်မြတ်၏ တာဝန်ဖြစ်သည်။ (30)

အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု

ရှီအာများသည် အေမာမ်(အစ)များကို မအ်စူမ် အပြစ်ကင်းစင်သူများ ဟူ၍ ယုံကြည်လက်ခံထားကြပြီး ထိုအပြစ်ကင်းစင်မှုကို အေမာမသ်၏ ပညတ်ချက် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (31) ၎င်းတို့သည် ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ဦးနှောက် နှင့် ကျမ်းကိုး အထောက်အထားများကို (32) သက်သေအဖြစ် ယူဆောင်လာကြသည်။ ဥပမာ အာယသ်သေ အူလူလ်အမ်ရ် (33) အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီးမ် (34) နှင့် ဟဒီးစေ စက္က်လိုင်းန် စသည်တို့ ဖြစ်သည်။ (35)

        ရှီအာတို့အကြား၊ ဇိုင်ဒီယဟ်များသည် အေမာမ်(အစ) များ၏ အပြသ်ကင်းစင်မှုကို လက်မခံပေ။ ၎င်းတို့၏ ယုံကြည်ချက်အရ ၊ အဆ်ွဟာဘေကိစ္စာ (တမန်တော်မြတ်(ဆွ) ၊ အေမာမ်အလီ(အစ)ဖွာသွေမဟ်(စအ)အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) ) တို့သာလျှင် မအ်စူမ် အပြစ်ကင်းစင်သူများ ဖြစ်ကြသည်။ (36) အခြားကျန်ရှိသော အေမာမ်(အစ)ကို သာမန်လူသားများ ကဲ့သို့၊ အပြသ် အမှားအယွင်းများမှ မကင်း‌စင်ပေ ဟူ၍ လက်ခံထားကြသည်။ (37)

တမန်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်တော် နှင့်သက်ဆိုင်သည့် အကြောင်းအရာ

        ရှီအာများ ယုံကြည်ထားသည်မှာ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) ကို မျမိ၏ ကိုယ်စားလှယ်တော်အဖြစ် လူသားများအား မိတ်ဆက်ပေးခဲ့ပြီး အေမာမသ် အရိုက်အရာကို ၎င်း နှင့် ၎င်း၏ သားသမီးများ၏ အထူးရပိုင်ခွင့် ဖြစ်သည် ဟူ၍ လက်ခံထားကြသည်။ (38) သို့သော်၊ ရှီအာတို့အကြား ၊ ဇိုင်ဒီယဟ်များသည် ‌အဘူဘက်ရ် နှင့် အွမ္မရ် တို့သည်လည်း အေမာမသ် အရိုက်အရာ ရှိသည်ဟူ၍ လက်ခံထားကြပြီး အေမာမ်အလီ(အစ)ကို ၎င်းတို့နှစ်ယောက်ထက် ပိုမိုသာလွန်မှု ရှိငည်ဟူ၍လည်း ယုံကြည်ထားကြသည်။ ဇိုင်ဒီယဟ်များ ပြောသည်မှာ “မွတ်စ်လင်မ်များသည် အဘူဘက်ရ် နှင့် အွမ္မရ် တို့အား အေမာမ်အဖြစ် မှားယွင်းစွာ ရွေးချယ်ခဲ့ကြသော်လည်း အေမာန်အလီ(အစ) သည် ထိုနှစ်ယောက်အပေါ် ကျေနပ်မှုပေးလိုက်သည့်အတွက် ၎င်းတို့နှစ်ယောက်၏ အေမာမသ် ကို ကျွန်ုပ်တို့အားလုံး လက်ခံရပေမည်။” (39)

        ရှီအာသီအိုလောဂျီ ပညာရှင်များသည်၊ တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်အလီ(အစ) ၏ မဆိုင်းမတွ ဆက်ခံရရှိသော အေမာမသ် အရိုက်အရာကို သက်သေပြုဖို့ရန်အတွက် ၊ အာယသ်တော်များ နှင့် ရေဝါယသ်များကို ထောက်ထားကိုးကားကြပြီး ၎င်းတို့အနက်မှ အချို့မှာ အာယသ်သေ ဝေလာယသ်ဟဒီးစေ ဂဒီးရ် နှင့် ဟဒီးစေ မန်ဇေလသ် တို့ဖြစ်ကြသည်။ (40)

ရှီအာတို့၏ ဂိုဏ်းများ

ရှီအာတို့၏ အရေးကြီးဆုံးသော ဂိုဏ်းကွဲများကို အေမာမီယဟ်ဇိုင်ဒီယဟ်အိစ်မာအီလီယဟ်ဂါလီယဟ်များကီစာနီယဟ် နှင့် ဝါကီဖီယဟ် အနည်းငယ် ဟူ၍ သတ်မှတ်ထားကြသည်။ (41) ထိုဂိုဏ်းကွဲများမှ အချို့ဂိုဏ်းများ ကိုယ်တိုင် ထပ်မံ၍ ဂိုဏ်းကွဲများ ရှိပေသည်။ ဥပမာ ၊ ဇိုင်ဒီယဟ်၌ ဂိုဏ်းကွဲဆယ်ခု ရှိကြောင်း ဖော်ပြထားသည်။ (42) ကီစာနီယဟ်တွင် ၊ ဂိုဏ်းကွဲလေးခု ရှိပေသည်။ (43) ယင်းကြောင့် ဂိုဏ်းခွဲများစွာကို ရှီအာဂိုဏ်းများ ဟူ၍ ရည်ညွှန်းဦးတည်စေခဲ့သည်။ (44) သို့သော်၊ များစွာသော ရှီအာဂိုဏ်းမျသည် ပပျောက်သွားခဲ့ပြီး ယခုအချိန်တွင် အေမာမီယဟ် ၊ ဇိုင်ဒီယဟ် နှင့် အိစ်မာအီလီယဟ် ဟူသော ဂိုဏ်းသုံးခု နှင့် ၎င်းတို့၏ နောက်လိုက်သားများသာ ရှိကြပေသည်။ (45)

        ကီစာနီယဟ် တို့သည် မုဟမ္မဒ် ဟနဖီယာ၏ နောက်လိုက်များ ဖြစ်ကြသည်။ ၎င်းတို့သည် အေမာမ်အလီ(အစ)အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့ပြီးနောက် အေမာမ်အလီ(အစ) ၏ နောက်သားတစ်ဦးဖြစ်သည့် မုဟမ္မဒ် ဟနဖီယဟ် ကို အေမာမ်အဖြစ် လက်ခံခဲ့ကြသည်။ ထို့နောက် ဤသို့ ယုံကြည်ထားသည်မှာ ၊ မုဟမ္မဒ် ဟနဖီယဟ်သည် မသေပဲ ၊ နောက်ဆုံးဖူးပွင့်မည့် မဲဟ်ဒီယေ မောင်အူဒ်သာ ဖြစ်ပြီး ၎င်းသည် ရဇ်ွဝါ တောင်ပေါ်တွင် နေထိုင်ပေသည်။ (46)

        ဝါကီဖီယဟ် များသည် အေမာမ်ကာဇွင်မ်(အစ) ရှဟီးဒ်ဖြစ်ပြီးနောက် ၊ ၎င်း၌ပင် ရပ်တန့်နေခဲ့သည်။ ဆိုလိုသည်မှာ အေမာမ်ကာဇွင်မ်(အစ) အား နောက်ဆုံးအေမာမ် ဟူ၍ ယုံကြည်လက်ခံထားကြသည်။ (47) ဂါလီယဟ်များသည်လည်း အေမာမ်(အစ) များ၏ အရိုက်အရာနှင့်ပတ်သက်ပြီး အလွန်အကြူး ယုံကြည်ကြသည့် အုပ်စုဖြစ်သည်။ ဆိုလိုသည်မှာ အေမာမ်(အစ) များကို ခဝတ်ကိုးကွယ်ရာအရှင် အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အေမာမ်(အစ) များကို ဖန်ဆင်းခံများ ဟူ၍ လက်မခံကြပဲ အရှင်မြတ်နှင့် ခိုင်းနှိုင်းခဲ့ကြသည်။ (48)

ရှီအာဂိုဏ်းများ အကြောင်း သိကောင်းစရာများ

အေမာမ် ၁၂ ပါးကို လက်ခံသည့် ရှီအာအေမာမီယဟ်

အေမာမ် ၁၂ ပါးကို လက်ခံသည့် ရှီအာအေမာမီယဟ် သို့မဟုတ် အိစ်နာအရှရာ ဂိုဏ်းသည် ရှီအာမဇ်ဟဘ်၏ အကြီးမားဆုံးသောဂိုဏ်း ဖြစ်သည်။ (49) အေမာမီယဟ် မဇ်ဟဘ်တိုဘ၏ အမြင်အရ၊ တမန်တော်မြတ်(ဆွ) ပြီးနောက်၊ အေမာမ်၁၂ပါး တည်ရှိပြီး ၎င်းတို့အနက်မှ ပထမဦးဆုံး အေမာမ်မှာ ၊ အေမာန်အလီ(အစ) ဖြစ်ကာ နောက်ဆုံးအေမာမ်မှာ အေမာမ်မဟ်ဒီ(အဂျ) ဖြစ်ပြီး (50) ယခုအချိန်ထိ့ သက်ရှိထင်ရှား ရှိနေသည်။ ၎င်းသည် အကွယ်၌ တည်ရှိကာ တစ်နေ့တစ်ချိန်၌ ကမ္ဘာလောကကြီးကို တရားမျှတစွာ အုပ်ချုပ်ဖို့ရန် ဖူးပွင့်လာပေမည်။ (51)

        ရီဂ်ျအသ် နှင့် ‌ဗဒါအ် တို့သည် အေမာမ်၁၂ပါးကို လက်ခံသည့် ရှီအာအေမာမီယဟ် များ၏ အထူးယုံကြည်ချက် ဖြစ်သည်။ (52) ရီဂ်ျအသ် ၏သွန်သင်ချက်များအရ၊ အေမာမ်မဟ်ဒီ(အဂျ) ဖူးပွင့်ပြီးနောက် ၊ ဆုံးပါးသွားခဲ့ပြီဖြစ်သော အချို့သူများသည် ပြန်လည် ရှင်သန်လာပေမည်။ ဆုံးသွားပြီးနောက် ပြန်လည်ရှင်သန် လာမည့်သူများ၌ ကောင်းမွန်သူများ နှင့် ရှီအာများ ပါဝင်သည့်အပြင် ဤလောက၌ ၎င်းတို့၏ လုပ်ရပ်အတွက် အပြစ်ပေးခံရမည့် အဟ်လေဘိုင်သ်(အစ) ၏ ရန်သူများလည်း ပါဝင်သည်။ (53) ဗေဒါအ် ဆိုသည်မှာ အရှင်မြတ်သည် တစ်ခါတစ်ရံ အကြောင်းအကျိုး တစ်စုံတစ်ရာကြောင့်၊ တမန်တော်မြတ်(ဆွ) သို့မဟုတ် အေမာမ်(အစ) အတွက် ပို့ချခဲ့သည့် အမိန့်တော်ကို ပြောင်းလည်းလိုက်ခြင်း သို့မဟုတ် ယင်းအစား အခြားတစ်ခုကို အစားထိုးလိုက်ခြင်းကို ခေါ်ဆိုသည်။ (54)

        အရေးကြီးဆုံးသော အေမာမီယဟ် သီအိုလောဂျီ ပညာရှင်များမှာ : ရှိက်ခ် မိုဖီးဒ် (ဟီဂျရီ ၃၃၆ သို့မဟုတ် ၃၃၈_ ၄၁၃) ၊ ရှီးခ်သူစီး (ဟီဂျရီ ၄၆၀ _ ၅၉၇) ၊ ခဝါဂျေဟ် နဆ်ွရုလ်ဒီးနေ သူစီး (ဟီဂျရီ ၅၉၇_ ၆၇၂) နှင့် အလ္လာမဟ်ဟီလ္လီ (ဟီဂျရီ ၆၄၈ _ ၇၂၆) တို့ဖြစ်ကြသည်။ (55) အထင်ရှားဆုံးသော အေမာမီယဟ် ဖိက္ကဟ် ပညာရှင်များမှာ : ရှီးခ်သူစီးမိုဟက္ကီ‌‌ကေဟိလ္လီအလ္လာမဟ် ဟိလ္လီရှဟီးဒ်အောင်ဝလ်ရှဟီးဒ်စာနီကာရှဖီဖုလ်ဂသွာအ်မီရ်ဇာကွမ်မီ နှင့် ရှီးခ်မုရ်သဇွာ အန်ဆွာရီ တို့ဖြစ်ကြသည်။ (56) နိုင်ငံ၏လူဦးရေ၏ ၉၀% ခန့်ရှိသော အီရာန်၏ ရှီအာ အများစုသည် အေမာမ်၁၂ပါးကို လက်ခံသည့် ရှီအာအေမာမီယဟ် များဖြစ်ကြသည်။ (57)

ဇိုင်ဒီယဟ်

        ဇိုင်ဒီယဟ်မဇ်ဟဘ်သည် အေမာမ်စဂျာဒ်(အစ) ၏သားဖြစ်သူ ဇိုင်ဒ်နှင့် သက်ဆိုက်ပြီး ၎င်း၏ နောက်လိုက်များ ဖြစ်ကြသည်။ (58) ဤမဇ်ဟဘ်၏ ယုံကြည်ချက်အရ၊ အေမာမ်အလီ(အစ)အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့၏ အေမာမသ် သာလျှင် အရှင်မြတ်ဘက်မှ ခန့်အပ်ခဲ့ပြီး တမန်တော်မြတ်၏ အကြောင်းခံဖြင့် လူသားများကို မိတ်ဆက်ပေးခဲ့သည်။ (59) ထိုအေမာမ်သုံးပါးမှ လွဲပြီး ၊ ဟဇရသ်သေ ဖှာသွေမဟ်ဇဲဟ်ရာ(စအ) သခင်မ၏ မျိုးဆက်မှ ကေယာမ် တော်လှန်ရေး ပြုလုပ်သူ၊ ပညာရှိသူ၊ ရိုကျို့သူ ၊ အနစ်နာခံသူ နှင့် ရဲရင့်သူတိုင်းသည် ၊ အေမာမ် ဖြစ်ပေသည်။ (60)

        ဇိုင်ဒီယဟ်များသည် အဘူဘက်ရ် နှင့် အွမ္မရ် တို့၏ အေမာမသ် နှင့်ပတ်သက်ပြီး အကြောင်းအရာ နှစ်ခု ရှိပေသည်။ ထိုအကြောင်းအရာမှာ ၊ ဇိုင်ဒီယဟ်များ အနက်မှ အချို့သည် အဘူဘက်ရ် နှင့် အွမ္မရ် တို့၏ အေမာမသ်ကို လက်ခံယုံကြည်ကြပြီး အချို့မှာ လက်မခံကြပေ။ (61) ယမန်ရှိ ယနေ့ ဇိုင်ဒီယဟ်များ ၏ အမြင်သည် ပထမအုပ်စု၏ အမြင်နှင့် နီးစပ်မှု ရှိပေသည်။ (61)

        ဂျာရူဒီယဟ် ၊ ဆွာလိဟီယဟ် နှင့် စိုလိုင်မားနီယဟ် တြိဘသည် ဇိုင်ဒီယဟ်တို့၏ အဓိက ဂိုဏ်းသုံးခုဖြစ်သည်။ (62) အလ်မိလဲလ် ဝန် နိဟလ် စာအုပ် ရေးသားသူ ရှဟ်ရီစ်သာနီ ၏အဆိုအရ၊ များစွာသော ဇိုင်ဒီယဟ်များသည် သီအိုလောဂျီမိုအ်သဇိလဟ် တို့မှ ၊ ဖိက္ကဟ်၌ ဟနဖီမဇ်ဟဘ် နှင့် အဟ်လေစွန္နသ် တို့၏ ဖိက္ကဟ် မဇ်ဟဘ်ဂိုဏ်း လေးခုတို့မှ ရယူထားခြင်း ဖြစ်သည်။ (63) အိသ်ွလီစေ ရှီအဟ် စာအုပ်၏ ဖော်ပြချက်အရ၊ ယမန်လူဦးရေ သန်း ၂၀ မှ၊ ၃၅ မှ ၄၀ ရာခိုင်နှုန်းသည် ဇိုင်ဒီယဟ်များ ဖြစ်ကြသည်။ (64)

အိစ်မာအီလီယဟ်

        အိစ်မာအီလီယဟ် များသည် ရှီအာမှ ဂိုဏ်းကွဲတစ်ခု ဖြစ်ပြီး ၊ အေမာမ်ဆွာဒီက်(အစ) ပြီးနောက် ၎င်း၏ သားအကြီးဖြစ်သူ အိစ်မာအီလ်အား အေမာမ်ဟူ၍ လက်ခံထားကြပြီး အေမာမ်ကာဇွင်မ်(အစ) နှင့် အခြားသောအေမာမ်များအေမာမသ်ကို လက်မခံကြပေ။ (65)အိစ်မာအီလီယသ်များ ယုံကြည်ထားသည်မှာ ၊ အေမာမသ်သည် ကာလခုနှစ်ခု ရှိပြီး ကာလတစ်ခုချင်းစီတိုင်းသည် သာသနာအသစ် ယူဆောင်လာသူ “နာသွီက္က်” တစ်ဦးဖြင့် အစပြုကြပေသည်။ ထိုကာလတစ်ခုချင်းစီတိုင်း၌ ထိုသာသနာအသစ် ယူဆောင်လာသူ “နာသွီက္က်” တစ်ဦး ပြီးနောက် အေမာမ်ခုနှစ်ဦးသည် အေမာမသ် ပြုလုပ်ပေမည်။ (66)

        အေမာမသ်၏ ပထမ ကာလခြောက်ခု၏ သာသနာအသစ် ယူဆောင်လာသူ နာသွီက္က် များမှာ ၊ အူလူလ်အဇ်မ်တမန်တော်များ ဖြစ်ကြပြီး ၎င်းတို့မှာ အာဒမ်နူဟ်အိဗ်ရာဟီးမ် ၊ မူစာ ၊ အီစာ နှင့် တမန်တော် မုဟမ္မဒ်(ဆွ) တို့ ဖြစ်ကြသည်။ (67) အိစ်မာအီလ်၏ သားဖြစ်သူ မုဟမ္မဒ် မက်သူမ်သည် ၊ တမန်တော် မုဟမ္မဒ်(ဆွ) ဖြင့် အစပြုသည့် အေမာမသ်၏ ကာလခြောက်ခု၏ ခုနှစ်ပါးမြောက် အေမာမ်ဖြစ်သည်။ မုဟမ္မဒ် မက်သူမ်သည် မဟ်ဒီယေ မောင်ဝ်အူဒ် ဖြစ်ပြီး ၎င်းကေယာမ် တော်လှန်မှု ပြုလုပ်သည့်အချိန် အေမာမသ်၏ ခုနှစ်ခုမြောက် ကာလ၏ သာသနာအသစ် ယူဆောင်လာသူ နာသွီက္က် ဖြစ်လာပေမည်။ (68) ဖှာသွေမီယဟ်များ အုပ်ချုပ်မှုအတွင်း ဤသွန်သင်ချက် အချို့သည် အပြောင်းအလဲများ ရှိခဲ့သည်ဟု ဆိုထားသည်။ (69)

        အစ်မာအီလီယဟ်များ၏ အရေးကြီးဆုံး သော ထူးခြားချက်မှာ "အတွင်းစိတ် လက်ခံကြသူများ” ဖြစ်သည်ဟု ယူဆထားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အာယတ်တော်များဟဒီးစ်များ၊ သွန်သင်ချက်များနှင့် အစ္စလာမ့်စီရင်ထုံးများကို အခြားအနက်အဓိပ္ပါယ်သို့ ပြန်ဆိုရှင်းလင်းဖွင့်ဆို သောကြောင့် ဖြစ်သည်။ ၎င်းတို့အဆိုအရ ၊ ကုရ်အာန်နှင့် ဟဒီးစ်တော်များသည် ပြင်ပသွင်ပြင် နှင့် အတွင်းသွင်ပြင်များ ရှိသည်။ အေမာမ်များသည် ထိုအရာများ၏ အတွင်းသွင်ပြင် ကို သိရှိနားလည်ကြသည်။ ထို့နောက် အေမာမသ်၏ ဒဿနိက ၊ တရားတော်၏ အတွင်းသွင်ပြင် သွန်သင်ချက်များ ၊ နှင့် အတွင်းသွင်ပြင် ဆိုင်ရာ အသိတရားများကို ပြောပြလေသည်။ (70)

        ကာဇွီနိအ်မားန် သည် အိစ်မာအီလီယဟ် တို့၏ အကြီးမြတ်ဆုံးသော ဖကီးဟ်ပညာရှင် (71) အဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏ “ဒအာအိမုလ် အစ္စလာမ်” စာအုပ် သည် ဤမဇ်ဟဘ်၏ အဓိက ဖိက္ကဟ် အရင်းအမြစ် စာအုပ် ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (71) အဘူဟာသီမ်ရာဇီ ၊ နာဆွီရ် ခိုစ်ရို နှင့် အိခ်ဝါးနုဆ်ွဆွဖာ ဟူသော အုပ်စုတစ်စု ကိုလည်း အိစ်မာအီလီယဟ် တို့၏ ထင်ရှားသော အတွေးအခေါ် ပညာရှင်များ ဟူ၍ သတ်မှတ်ထားကြသည်။ (72) အဘူဟာသီမ်ရာဇီ ရေးသားထားသည့် “အိခ်ဝါးနုဆ်ွဆွဖာ နှင့် အအ်လာမုလ်နဗူဝဟ်” စာစောင်များသည် ၎င်းတို့၏ အရေးကြီးဆုံး ဒဿန စာအုပ်များထဲမှ ဖြစ်သည်။ (73)

        ယခုခေတ် အိစ်မာအီလီယဟ်များကို “အာဂါခါနီယဟ်” နှင့် “ဘိုဟ်ရဟ်” ဟူ၍ အုပ်စု နှစ်စု ပိုင်းခြားထားပြီး ထိုအုပ်စု နှစ်စုသည် ဖှာသွေမီယားနေ မိဆ်ွရ် တစ်နည်းအားဖြင့် နဇာရီယဟ်များ နှင့် မုစ်သအ်လဝီယဟ် ဂိုဏ်းမှ ကျန်ရစ်သူများ ဖြစ်ကြသည်။ (74) ပထမအုပ်စုသည် အိန္ဒိယပါကစ္စတန်အာဖဂန်နစ္စတန်နှင့် အီရာန် ကဲ့သို့သော အာရှနိုင်ငံများတွင် အဓိကနေထိုင်သူ တစ်သန်းခန့် ရှိသည်ဟု ယူဆထားကြသည်။ (75) ဒုတိယအုပ်စု၏ အရေအတွက်မှာ လူဦးရေ ငါးသိန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယနိုင်ငံ တွင် နေထိုင်ကြသည်။ (76)

မဲဟ်ဒဝီယသ်

        မဲဟ်ဒဝီယသ်အား အစ္စလာမ့် ဘာသာအားလုံး၏ တူညီသော အယူဝါဒတစ်ခု ဟူ၍ ယူဆထားကြသည်။ (77) သို့သော် ဤအယူဝါဒ သည် ရှီအာမဇ်ဟဘ်တွင် အထူးအရိုက်အရာ ရှိပေသည်။ ရေဝါယသ်များ၊ စာအုပ်များ၊ ဆောင်းပါးများတွင် ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး များစွာလာရှိထားသည်။ (78)

        ရှီအာဂိုဏ်းများသည် ‌အေမာမ်မဲဟ်ဒီ တည်ရှိမှုအပေါ် တူညီသော ထင်မြင်ချက်ရှိသော်လည်း ၎င်း၏ အသေးစိတ် အချက်အလက် နှင့် ဆိုလိုရင်းတွင် ကွဲပြားမှုများ ရှိပေသည်။ အေမာမ်၁၂ပါးကို လက်ခံထားသော ရှီအာများသည် ‌ယုံကြည်လက်ခံထားသည်မှာ ၊ မဲဟ်ဒီ ဟူသည် အေမာမ်ဟစန် အစ်ကရီ(အစ)၏ သားဖြစ်ပြီး၊ ၁၂ ပါးမြောက် အေမာမ် ၊ နောက်ဆုံးဖူးပွင့်မည့် မဲဟ်ဒီ‌ယေ မောင်ဝ်အူဒ်(အဂျ) ဖြစ်ကာ ယခုအချိန် အကွယ်၌ ရှိနေပေသည်။ (79) အိစ်မာအီလီယဟ် တို့သည် အေမာမ်ဆွာဒီက်(အစ) ၏ သားဖြစ်သူ အိစ်မာအီလ်၏ သား မုဟမ္မဒ် မက်သူမ် အား မဲဟ်ဒီယေ မောင်ဝ်အူဒ် ဟူ၍ လက်ခံထားကြသည်။(80) ဇိုင်ဒီယဟ် များသည် ကေယာမ် တော်လှန်မှုပြုလုပ်ခြင်းကို အေမာမ်၏ ပညတ်ချက်များ အနက်မှ ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည့်အတွက်ကြောင့် ဂိုင်ဘသ် ကွယ်ပြောက်ခြင်းကို လက်မခံကြပေ။ (81) ၎င်းတို့သည် အေမာမ်တိုင်းကို မဲဟ်ဒီ နှင့် ကယ်တင်ရှင်ဟု မှတ်ယူကြသည်။ (82)

အခြားအရေးကြီးသော သီအိုလောဂျီ ဆိုင်ရာအမြင်များ

        ရှီအာများသည် သာသနာ့အခြေခံမူများ ဖြစ်သည့် “သောင်ဟီးဒ်နဗူဝသ်ကေယာမသ်” တို့၌ မွတ်စ်လင်မ်များနှင့် တူညီသောအမြင်‌ ရှိသည့်အပြင် ၊ ၎င်းတို့၌ ၊ အခြား‌ေသာ ယုံကြည်ချက်များလည်း ရှိပြီး ထိုယုံကြည်ချက်များသည် ရှီအာများကို အားလုံယသော အဲဟ်လေစွန္နသ် သို့မဟုတ် အချို့သော အဲဟ်လေစွန္နသ်များမှ ကွဲပြားစေခဲ့သည်။ ထိုယုံကြည်ချက်များမှာ : အေမာမသ် နှင့် မဟ်ဒဝီယသ် တို့ဖြစ်ပြီး ထိုယုံကြည်ချက် နှစ်ခု၌ အောက်ပါ ‌အကြောင်းအရာများ ပါဝင်ပြီး ၎င်းတို့မှာ “ကောင်းခြင်း နှင့် မကောင်းခြင်းကို ဦးနှောက်ဖြင့် သိရှိနားလည် သဘောပေါက်ခြင်း၊ “အရှင်မြတ်၏ မရှိထိုက်သည့် ဂုဏ်အရည်အချင်းများကြားနေဝါဒဆွဟာဘာများ၏ တရားမျှတမှု မရှိခြင်း ၊ သကီယဟ် (လျှို့ဝှက်စွာနေထိုင်ခြင်း) ၊ သဝစ္စုလ် နှင့် ရှဖှာအသ် တို့ဖြစ်သည်။

        ရှီအာ အာလင်မ် ပညာရှင်များသည် မိုအ်သဇိလဟ်များ ကဲ့သို့ ကောင်းခြင်း နှင့် မကောင်းခြင်း ကို ဦးနှောက်ဖြင့် နားလည်သဘောပေါက်နိုင်သည် ဟူ၍ လက်ခံထားကြသည်။ (83) “ကောင်းခြင်း နှင့် မကောင်းခြင်းကို ဦးနှောက်ဖြင့် သိရှိနားလည် သဘောပေါက်ခြင်း” ဆိုသည်မှာ လုပ်ရပ်များ နှင့်ပတ်သက်ပြီး အရှင်မြတ်ဘက်မှ ကောင်းသည် ၊ မကောင်းသည် ဟူ၍ ဥပဒေသ ထုပ်ပြန်ထားခြင်းကို မသုံးသပ်ပဲ သီးသန့် ဦးနှောက်ဖြင့်သာ ကောင်းခြင်း ၊ မကောင်းခြင်းကို ခွဲခြမ်းစိတ်ဖြာခြင်း” ဟူ၍ အဓိပ္ပါယ်ရပေသည်။ (84) ဤအမြင်သည် ၊ အီရှာအေရေဟ် များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ၎င်းတို့သည် ကောင်းခြင်း နှင့် မကောင်းခြင်းကို တရားတော်ဖြင့်သာ သိရှိနားလည်နိုင်သည် ဟူ၍ လက်ခံထားကြသည်။ (85) ဆိုလိုသည်မှာ ၊ အကောင်း နှင့် အဆိုးသည် လက်တွေ့ဘဝတွင် အမှန်တကယ် မတည်ရှိသည့်အပြင် စိတ်ကူးယဉ် သက်သက်သာ ဖြစ်သည်။ ထို့ကြောင့်၊ အရှင်မြတ် အမိန့်ပေးထားသည့်ဘအရာများသည် ကောင်းသည့်အရာများ ဖြစ်ပြီး ၎င်း တားမြစ်ထားသည့် အရာများသည် မကောင်းသည့် အရာများ ဖြစ်ကြသည် ဟူ၍ ဆိုထားကြသည်။ (86)

        “မရှိအပ်သည့် ဂုဏ်အရည်အချင်းများ” ၏ နိယာမသည် “သအ်သွီးလ်” နှင့် “သရှ်ဘီးဟ်” နိယာမ နှစ်ခု၏ ဆန့်ကျင်ဘက် ဖြစ်သည်။ “သအ်သွီးလ်” နိယာမအရ ၊ မည်သည့် ဂုဏ်အရည်အချင်း ကိုမှ အရှင်မြတ်အား ပတ်သက်မှု ပေးလို့မရပေ။ “သရှ်ဘီးဟ်” နိယာမ အရ၊ အရှင်မြတ်အား ၎င်း၏ ဂုဏ်အရည်အချင်းများတွင် အခြားသော ဖန်ဆင်းခံများ နှင့် နှိုင်းယှဉ်ကြသည်။ (87) ရှီအာ မဇ်ဟဘ်အရ၊ ဖန်ဆင်းခံများ၌ ရှိသည့် အချို့သော ရှိအပ်သည့် ဂုဏ်အရည်အချင်းများကို အရှင်မြတ်အား ပတ်သက်မှု ပေးနိုင်ပေသည်။ သို့သော် အရှင်မြတ်သည် ထိုဂုဏ်အရည်အချင်းများကို ဖန်ဆင်းခံများ ပိုင်ဆိုင်သည့်ပုံစံ ကဲ့သို့ပင် ပိုင်ဆိုင်ပေသည် ဟူ၍ မသတ်မှတ်ကြပေ။ (88) ၊ ဥပမာအားဖြင့်၊ လူသားသည် အသိပညာ၊ တတ်စွမ်းနိုင်မှု နှင့် အသက်ရှိ သကဲ့သို့၊ အရှင်မြတ်၌လည်း ဤဂုဏ်အရည်အချင်းများ ရှိပေသည်။ သို့သော် ၊ အရှင်မြတ်၏ အသိပညာ၊ တတ်စွမ်းနိုင်မှု နှင့် အသက်ရှိခြင်း တို့သည် ၊ လူသားများ၏ အသိပညာ၊ တတ်စွမ်းနိုင်မှု နှင့် အသက်ရှိခြင်း ကဲ့သို့ မဟုတ်ပေ။ (89)

       ကြားနေဝါဒ” နိယာမအရ ၊ လူသားများသည် မိုအ်သ‌ဇိလဟ်တို့ လက်ခံထားကြသည့်အတိုင်း လုံးဝလွတ်လပ်စွာ‌လုပ်ပိုင်ခွင့် ရှိသူများ မဟုတ်သလို ၊ အဲဟ်လေဟဒီးစ် တို့ ပြောသည့်အတိုင်း လုံးဝ အကျပ်ကိုင်ခံထားခြင်း မျိုးလည်း မဟုတ်ပေ။ (90) သို့သော် လူသားသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို လွပ်လပ်စွာ လုပ်ပိုင်ခွင့်ရှိကြသော်လည်း ၎င်းတို့ စိတ်ဆန္ဒ နှင့် တတ်စွမ်းနိုင်မှုသည် ၎င်းတို့ကိုယ်တိုင်မှ တိုက်ရိုက်လာရှိထားခြင်း မဟုတ်ပဲ အရှင်မြတ်၏ အလိုတော် နှင့် ဆက်စပ်မှု ရှိပနပေသည်။ (91) ရှီအာများ အနက်မှ ဇိုင်ဒီယဟ်များသည် မိုအ်သဇီလဟ် တို့၏ အမြင်ဝါဒ အတိုင်း လက်ခံထားကြသည်။ (92)

        ရှီအာ သီအိုလောဂျီ ပညာရှင်များသည် အဲဟ်လေစွန္နသ် (93) တို့နှင့် ဆန့်ကျင်ဘက် ၊ အားလုံးသေယ ဆွဟာဘာများကို တရားမျှတမှု ရှိသည် ဟူ၍ လက်မခံထားကြပေ။ (94) ထို့အပြင် တမန်တော်မြတ်နှင့် တွေ့ဆုံခြင်းသည် တရားမျှတမှု၏ သက်သေ မဟုတ်ပေ ဟူ၍ ဆိုထားကြသည်။ (95)

        ဇိုင်ဒီယဟ်များ မှအပ (96) အခြားကျန်ရှိသော ရှီအာများငည် သကီယဟ် လျို့ဝှက်စွာနေထိုင်ပိုင်ခွင့် ရှိသည်ဟူ၍ လက်ခံထားကြသည်။ ဆိုလိုသည်မှာ ၊ အချို့ကိစ္စရပ်များတွင် မိမိတို့ ယုံကြည်လက်ခံထားသည့်အတိုင်း ထုတ်ဖော်ပြောပြခြင်းအားဖြင့် ဆန့်ကျင်သူများဘက်မှ ထိခိုက်နစ်နာအောင် ပြုလုပ်လာနိုင်ပါက ၊ မိမိတို့၏ ယုံကြည်ချက်ကို ထုတ်ဖော်ခြင်းမပြုပဲ ၎င်းနှင့် ဆန့်ကျင်ဘက်ကို ပြောဆိုရမည် ဟူ၍ဖြစ်သည်။ (97)

        သဝစ္စုလ်သည် အစ္စလာမ် သာသနာ၏ အခြားသော ဂိုဏ်းများတွင်လည်း တူညီသော အနက်အဓိပ္ပါယ် ရှိနေပါစေ ၊ ရှီအာတို့၌ ထိာအရာထက် သာလွန်သော အရိုက်အရာ ရှိပေသည်။ (98) ရှီအာများသည် အချို့သော အဲဟ်လေစွန္နသ် ဥပမာ ဝဟာဘီများ (99) ၏ ဆန့်ကျင်ဘက် ၊ လူသားမျာူသည် မိမိတို့၏ တောင်းဆုဒိုအာများ ပြည့်ဝစေဖို့ရန် ၊ အရှင်မြတ်နှင့် နီးစပ်စေဖို့ရန် အတွက် ‌၎င်း၏ သူတော်စင်များကို ကြားခံနယ်အဖြစ် ထားပိုင်ခွင့် ရှိပေသည်။ (100) သဝစ္စုလ် (ကြားခံနယ်ထားခြင်း) သည် ရှဖှာအသ် (ကြားဝင်အသနားခံခြင်း) နှင့် ခိုင်မာသော ချိတ်ဆက်မှု ရှိပေသည်။ (101) ရှီးခ်မိုဖီးဒ်၏ အဆိုအရ၊ ရှဖှာအသ် (ကြားဝင်အသနားခံခြင်း)၏ ဆိုလိုရင်းမှာ ၊ တမန်တော်များ နှင့် အေမာမ်များသည် ကေယာမသ်နေ့၌ အပြစ်ကျူးလွန်သာများအတွက် ကြားဝင်အသနားခံပေး နိုင်ပြီး အရှင်မြတ်သည် ၎င်းတို့၏ ရှဖှာအသ် ကြားဝင်အသနားခံပေးမှုဖြင့် များစွာသော အပြစ်သားများကို ခွင့်လွှတ်တော်မူပေမည် ဟူ၍ဖြစ်သည်။ (102)

ဖိက္ကဟ် ဓမ္မသတ်များ

        ကုရ်အာန် နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ်သည် ရှီအာ အားလုံးအတွက် ဘာသာရေးဆိုင်ရာ စီရင်ထုံးများ၏ အဓိက အခြေခံမှု နှစ်ခု ဖြစ်ပေသည်။ (103) သို့သော် ဤအခြေခံမှုနှစ်ခု အပြင် ဖိက္ကဟ်ဆိုင်ရာ အခြားသော အခြေခံမှုများကို မည်သို့မည်ပုံ အသုံးပြုရမည် နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။

        များစွာသော ရှီအာများ ဆိုလိုသည်မှာ အေမာမီယဟ် နှင့် ဇိုင်ဒီယဟ်များ ၊ ထို့အတူ အဲဟ်လေစွန္နသ် တို့သည် ကုရ်အာန် နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ် အပြင် ဦးနှောက် နှင့် လူ့အဖွဲ့အစည်း ကိုလည်း ဟွဂ္ဂျသ် သက်သေသာဓက အဖြစ် လက်ခံထားကြသည်။ (104) သို့သော် အိစ်မာအီလီယဟ်များသည် ထိုသို့လက်မခံပေ။ အိစ်မာအီလီယဟ် မဇ်ဟဘ်၏ ယုံကြည်ချက်အရ၊ မုဂ်ျသဟီဒ် များမှ သက္ကလီးဒ် ယူပိုင်ခွင့် မရှိပေ။ ထို့အပြင် တရားတော်ဆိုင်ရာ ဥပဒေသ ပြဌာန်းချက်များကို ကုရ်အာန် ၊ တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော် နှင့် အေမာမ်များ၏ သွန်သင်ချက်များမှ တိုက်ရိုက် ရယူရပေမည်။ (105)

        ဇိုင်ဒီယဟ်များသည် စွန္နသ် နှင့်ပတ်သက်ပြီး၊ သီးသန့် တမန်တော်မြတ်(ဆွ) ၏ ဆိုစကား နှင့် လုပ်ဆောင်ချက် ကိုသာလျှင် ဟွဂ္ဂျသ် သက်သေသာဓက အဖြစ် လက်ခံထားကြသည်။ ထို့နောက် အဲဟ်လေစွန္နသ်တို့၏ ဟဒီးစ် ကျမ်းကိုးဖြစ်သော ဆွီဟာဟုစီသ္သဟ် စာအုပ်ကို အသုံးပြုကြသည်။ (106) သို့သော် ၊ အေမာမီယဟ် နှင့် အိစ်မာအီလီယဟ် တို့သည် ၎င်းတို့၏ အေမာမ်(အစ) များမှ ကောက်နုတ်ထားသော ဟဒီးစ်များကိုလည်း ဖိက္ကဟ် ကျမ်းကိုး အဖြစ် သတ်မှတ်ထားကြသည်။ (107)

        ထို့အတူ ၊ ဇိုင်ဒီယဟ်များသည် အဲဟ်လေစွန္နသ်များ ကဲ့သို့ ကေယာစ် နှင့် အိစ်သိဟ်စာန် ကိုလည်း ဟွဂ္ဂျသ် သက်သေသာဓက အဖြစ် လက်ခံထားကြသည်။ (108) သို့သော် ၎င်းတို့သည်လည်း အေမာမ်၁၂ ပါးကို လက်ခံသည့် ရှီအာများ နှင့် အိစ်မာအီလီများ ဟူ၍ ကျော်ကြားပေသည်။ (109) သို့သော် ဇိုင်ဒီယဟ်များသည် အေမာမီယဟ် နှင့် အဲဟ်လေစွန္နသ် တို့အကြား ကွဲပြားခြားမှုရှိသည့် တရားတော်ဆိုင်ရာ အချို့ ဥပဒေသများ၌ ၊ ရှီအာများ၏ ဖသ်ဝါကို ရွေးချယ်ကြသည်။ ဥပမာပေးရသော်၊ ဇိုင်ဒီယဟ်များသည် အဲဟ်လေစွန္နသ် နှင့် ဆန့်ကျင်ဘက် ၊ “ဟိုင်ယ အလာ ခိုင်းရိလ်အမလ်” حَی عَلیٰ خَیرِ العَمِل ဟူသော စကားစုကို အဇာန်၏ အစိတ်အပိုင်း အဖြစ် သတ်မှတ်ထားပြီး “ အဆ်ွဆွလာသု ခိုင်းရွန် မိနက်န် နောင်မ်”الصلاةُ خَیرٌ مِن النَّوم “နမာဇ်သည် အိပါသက်ခြင်းထက် သာလွန်ပေသည်” ဟူသော စကားစုကို အဇာန်၌ ဟရာမ် ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (110)

        အေမာမီယဟ် နှင့် အဲဟ်လေစွန္နသ် တို့အကြား ကွဲပြားခြားမှုရှိ‌ေသာ အကြောင်းအရာ ဖြစ်သည့် ယာယီထိန်းမြားလက်ထပ်ခြင်း နှင့်ပတ်သက်၍လည်း ၊ အိစ်မာအီလီယဟ် နှင့် ဇိုင်ဒီယဟ် တို့သည် အဲဟ်လေစွန္နသ် နှင့်တူညီကြပေသည်။ (111) ဆိုလိုသည်မှာ ၊ ယာယီထိန်းမြားလက်ထပ် ပိုက်ခွင့် ရှိသည်ဟု သတ်မှတ်ထားသော အေမာမီယဟ်များ နှင့်ဆန့်ကျင်ဘက် ၊ ယင်းအား ဟရာမ် ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ (112)

လူဦးရေ နှင့် ပထဝီဆိုင်ရာ ကျန်ပြန့်မှု

        ပျူဝ် ဘာသာရေး နှင့် ဘဝနေထိုင်မှု အင်စတီကျု၏ အဆိုအရ ၊ ကမ္ဘာပေါ်တွင် ရှီအာအရေအတွက်က်ု သန်း ၁၅၄ မှ ၂၀၀ ကြားတွင် ခန့်မှန်းထားပြီး မွတ်စလင်များ၏ ၁၀ မှ ၁၃ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ဆိုထားသည်။ (114) သို့သော်၊ အချို့သည် ဤကိန်းဂဏန်းသည် လက်တွေ့မကျဟု ယူဆကြပြီး အစစ်အမှန် ရှီအာလူဦးရေသည် သန်းသုံးရာကျော် သို့မဟုတ် ကမ္ဘာပေါ်ရှိ မွတ်စလင် လူဦးရေ၏ ၁၉% ကျော်သာ ရှိသည်ဟု ယူဆထားကြသည်။ (115)

        ပျူဝ် ဘာသာရေး နှင့် ဘဝနေထိုင်မှု အင်စတီကျု ၏ အဆိုအရ ရှီအာများ၏ ၆၈% မှ ၈၀% သည် အီရာန်၊ အီရတ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ တို့တွင် နေထိုင်ကြသည်။ အီရာန်တွင် ရှီအာ ၆၆ သန်းမှ ၇၀ သန်းရှိပြီး ကမ္ဘာပေါ်ရှိ ရှီးယိုက်စုစုပေါင်း၏ ၃၇ မှ ၄၀ ရာခိုင်နှုန်းနှင့် ညီမျှ ပေသည်။ ပါကစ္စတန်အိန္ဒိယနှင့် အီရတ်တို့တွင် ရှီးယိုက်လူမျိုး ၁၆ သန်းကျော် နေထိုင်ကြသည်။ (116)အီရာန်၊ အဇဲရ်ဘိုင်ဂျာန်၊ ဘဟ်ရိန်း နှင့် အီရတ်တို့တွင် ထင်ရှားသော လူဦးရေမှာ ရှီအာများ ဖြစ်ကြသည်။ (117)

        ရှီအာများသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာရှ-ပစိဖိတ်ဒေသနှင့် အမေရိကန် နှင့် ကနေဒါ (118) နှင့် တရုတ် (119) တို့တွင်လည်း နေထိုင်ကြသည်။

အုပ်ချုပ်မှုများ

        အုပ်ချုပ်မှုများ ဖြစ်ကြသည့် အာလေအိဒ်ရီးစ်အလဝီယားနေ သွီဘ်ရီစ်သားန်အာလေဘူယဟ်ယမန်ဇိုင်ဒီယဟ်များ၊ ဖှာသွေမီယားန် ၊အိစ်မာအီလီယဟ် အလမောင်သ်စဲရ်ဘ်ဒါရားနေ စက်ဘ်ဝါးရ်ဆွဖှဝီယဟ် နှင့် အီရာန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ၎င်းတို့သည် အစ္စလာမ့်ကမ္ဘာ၏ ရှီအာအုပ်ချုပ်မှုများ အနက်မှ ဖြစ်ကြသည် ။

        အာ‌ေလအီဒ်ရီစ် အုပ်ချုပ်မှုသည် မရာကီရှ် နှင့် အလ်ဂျဇာယီရ် မှ အပိုင်းတစ်ပိုင်း (120) ကို ရှီအာလူမျိုးများဖြင့် ပထမဆုံးဖွဲ့စည်းသော အုပ်ချုပ်မှု တစ်ခုအဖြစ် သတ်မှတ်ထားသည်။ (121) ထိုအုပ်ချုပ်မှုသည် ဟီဂျရီ ၁၇၂ ၌ အေမာမ်ဟစန်(အစ) ၏ မြေးဖြစ်သူ အီဒ်ရီးစ် မှ ဖွဲ့စည်းခဲ့ပြီး ဟီဂျရီ နှစ်ရာစု ဆက်တိုက် ဆက်လက်အုပ်ချုပ်သွားခဲ့သည်။ (122) အလဝီယဟ်များ၏ အုပ်ချုပ်မှုသည် ဇိုင်ဒီများ ဖြစ်ကြသည်။ (123) ဇိုင်ဒီယဟ်များသည် ဟီဂျရီ ၂၈၄ မှ ဟီဂျရီ ၁၃၈၂ အထိ ယမန်တွင် အုပ်ချုပ်ခဲ့သည်။ (124) ဖှာသွေမီယဟ်များ နှင့် အိစ်မာအီလီယဟ် အလမောင်သ် အုပ်ချုပ်မှုများသည် ၊ အိစ်မာအီလီး မဇ်ဟဘ် ဘာသာတရား ဖြစ်‌ကြပေသည်။ (125) အာလေဘူယဟ်များ၏ အုပ်ချုပ်မှု နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။ အချို့များသည် ၎င်းတို့ကို ဇိုင်ဒီမဇ်ဟဘ် ဟူ၍ သိရှိထားပြီး ၊ အုပ်စုတစ်စုသည် ၎င်းတို့အား အေမာမီယဟ် ဖြစ်သည်ဟု ဆိုကြသည်။ အချို့များသည်လည်း ၎င်းတို့သည် ပထမပိုင်း၌ ဇိုင်ဒီမဇ်ဟဘ် ဖြစ်ပြီး နောက်ပိုင်းတွင် အေမာမီယဟ် မဇ်ဟဘ် ဖြစ်လာခဲ့သည် ဟူ၍ ယုံကြည်ထားကြသည်။ (126) အူလဂျာယေသူးန် ဟူ၍ ကျော်ကြား‌သည့် စုလ်သွာန် မုဟမ္မဒ် ခိုဒါဗန်ဒေဟ် (ဟီဂျရီ ၇၀၃ _ ၈၁၆ အုပ်ချုပ်) သည်လည်း အချိန်ကာလ အတန်ကြာသည့်အထိ အေမာမ်တစ်ဆယ့်နှစ်ပါးကို လက်ခံသည့် ရှီအာဘာသာကို ၎င်းအုပ်စိုးမှု၏ တရားဝင်ဘာသာအဖြစ် ကြေညာခဲ့သည်။ သို့သော် အဲဟ်လေစွန္နသ် မဇ်ဟဘ်ကို အခြေခံထားခဲ့သည့် ၎င်းအစိုးရ၏ ဖိအားပေးမှုများကြောင့် အဲဟ်လေစွန္နသ် မဇ်ဟဘ်ကို တရားဝင်ဘာသာအဖြစ် ထပ်မံကြေငြာခဲ့သည်။ (127)

        စက်ဘ်ဝါရ်မြို့ ရှိ စဲရ်ဘ်ဒါရားန် အုပ်ချုပ်မှုကိုလည်း ရှီအာအုပ်ချုပ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ (128) သို့သော် ရစူလေဂျအ်ဖရီ ၏ အဆိုအရ၊ စဲရ်ဘ်ဒါရားန်၏ ခေါင်းဆောင်များ နှင့် အုပ်စိုးရှင်များ၏ မဇ်ဟဘ်ဘာသာတရားသည် အတိအကျမသိရပေ။ သို့သော် ၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များသည် ရှီအာဘာသာကို လက်ခံသော ဆူဖီများ ဖြစ်ကြောင်း ထင်ရှား ပေသည်။ (129) စဲရ်ဘ်ဒါရားန်တို့၏ နောက်ဆုံး အုပ်ချုပ်သူ ခဝါဂျေဟ် အလီ မိုဝယဒ် သည် (130) အေမာမီယဟ်ကို မိမိ အုပ်ချုပ်မှု အစိုးရ၏ တရားဝင်ဘာသာအဖြစ် ကြေညာခဲ့သည်။(131)ဟီဂျရီ ၉၀၇ တွင် ရှာဟ်အိစ်မာအီလ်မှ တည်ထောင်ခဲ့သော ဆွဖှဝီယဟ် အုပ်ချုပ်မှုတွင် အေမာမ် ဆယ့်နှစ်ပါးကို လက်ခံသည့် ရှီအာဘာသာကို အသိအမှတ်ပြုခဲ့သည်။ (132) မှုသည် အီရာန်တွင် အေမာမီယဟ် မဇ်ဟဘ်ကို ပြန့်ပွားစေခဲ့ပြီး အီရာန်ကို လုံးဝရှီအာနိုင်ငံအဖြစ် ပြောင်းလဲစေခဲ့သည်။ (133)

အီရာန်အစ္စလာမ္မစ် သမ္မတနိုင်ငံတွင်လည်း၊ အေမာမ်ဆယ့်နှစ်ပါးကို လက်ခံသည့် ရှီအာမဇ်ဟဘ်၏ အခြေခံမူများ နှင့် ဖိက္က်ဟ်ရေးရာတို့ အပေါ်အခြေခံသည်။ (134) ဤအုပ်ချုပ်

ပိုမိုလေ့လာ ရေးသားထားသည့် စာအုပ်

အလ္လာမဟ် သွဗာသွဗာယီး ရေးသားထားသည့် “ကိသာဘေရှီအဟ် ဒဲရ် အစ္စလာမ်” စာအုပ်၊ ဤစာအုပ်သည် ရှီအာဘာသာကို မိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။ အထူးသဖြင့် မွတ်စလင်မဟုတ်သူများ အတွက် ရည်ရွယ်ထားသည်။ ဖှာရ်စီစကားဖြင့် ‌‌ေရးသားထားသည်။ ဤစာအုပ်၌၊ ရှီအာကို သိဖို့ရန် လိုအပ်သော အကြောင်းအရာများကို ရိုးရှင်း‌စွာ အတိုချုံး ဖော်ပြထားသည်။ “ကိသာဘေရှီအဟ် ဒဲရ် အစ္စလာမ်” စာအုပ်ကို ဘာသာစကား အမျိုးမျိုးဖြင့် ဘာသာပြန်ဆိုထားသည်။ လေ့လာရန် အစ္စလာမ် အဲဟ်လေစွန္နသ်