စကီဖေ ယေ ဗနီစာအိဒဟ် ‌ အဖြစ်အပျက်

wikishia မှ

စကီဖေ ယေ ဗနီစာအိဒဟ် ‌ အဖြစ်အပျက်သည် ဟီဂျရီ ၁၁ရာစု၌ တမန်တော်မြတ် (ဆွ) ဆုံးပါးသွားပြီးနောက် အဘူဘက္က်ရ် ဗင်န် အဘီကိုဟာဖဟ် အား မွတ်စ်လင်မ် လူထု၏ ခလီဖှာ အဖြစ် ရွေးချယ်တင်‌ေမြာက်ခဲ့ကြသော အဖြစ်အပျက် တစ်ခုဖြစ်သည်။ တမန်တော်မြတ်(ဆွ) ဆုံးပါးသွားပြီးနောက်၊ အေမာမ်အလီ(အစ) နှင့် ဆွဟာဘာများ အနက်မှ အချို့သည် တမနိတော်မြတ်(ဆွ)အား မြုပ်နှံဖို့ရန် အတွက် ပြင်ဆင်နေခဲ့ကြသည်။ ထိုအချိန်၌ပင်၊ စအ်ဒ် ဗင်န် အေဘာဒဟ် ဦးဆောင်သော အန်ဆွာရ်မှ အုပ်စုတစ်စု သည် ဗနီစာအိဒဟ်တို့၏ စကီဖှာ‌ေနရာတွင် တမန်တော်မြတ်(ဆွ) ပြီးနောက် ဆက်ခံမည့် ကိုယ်စားလှယ် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်‌ ‌ေမြာက်ဖို့ရန်အတွက် စုဝေးခဲ့ကြသည်။ အချို့ သမိုင်းသုတေသီများ၏ အမြင်အရ၊ ထိုအန်ဆွာရ်အုပ်စုသည်၊ မဒီနဟ်မြို့ကို အုပ်ချုပ်မည့်သူ တစ်ဦးအား ရွေးချယ်ခန့်အပ်ရန် စုဝေးခြင်းသာ ဖြစ်သည်။ သို့သော် ထိုအစည်းအဝေးတွင် မိုဟာဂျီရ်များ အနက်မှ အုပ်စုအချို့ ပါဝင်ရောက်ရှိလာခြင်း နှင့်အတူ၊ အငြင်းပွားမှုများ စတင်လာကာ မွတ်စ်လင်မ်အားလုံးကို ဦးဆောင်ဖို့ရန်အတွက် တမန်တော်မြတ်၏ ကိုယ်စားလှယ် ဆက်ခံသူအား ခန့်အပ်သည့်ဘက်သို့ ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင် မွတ်စလင်မ်များ၏ ခလီဖှာအဖြစ် အဘူဘက္က်ရ်အား ဘိုင်အသ် သစ္စာခံယူခဲ့ကြသည်။ သမိုင်းကျမ်းကိုးများ၏ ကောက်နုတ်ဖော်ပြချက်အရ၊ မိုဟာဂျီရ်များဘက်မှ ပြောကြားခဲ့သော အဘူဘက္က်ရ် မှလွဲ၍ အွမ္မရ် ဗင်န် ခသွာဘ် နှင့် အဘူအိုဘိုင်ဒဟ် ဂျဲရ်ရာဟ် တို့သည် စကီဖှာတွင် ရှိနေခဲ့ကြသည်။ အဲဟ်လေစွန္နသ်တို့သည် အဘူဘက္က်ရ် ၏ အုပ်ချုပ်မှု နှင့် ခေဘာဖှသ်ကို တရားဝင်ဖြစ်စေဖို့ရန် အတွက် လူ့အဖွဲ့အစည်း၏ သဘောတူညီမှု နိယာမကို သက်သေပြုခဲ့ကြသည်။ သို့သော်လည်း သမိုင်းပညာရှင်များ၏ အဆိုအရ အဘူဘက္က်ရ် အား ရွေးချယ်ခန့်အပ်ခဲ့သည့် ရွေးကောက်ပွဲကို လူသိရှင်ကြား အများသူဌာ လက်ခံခဲ့ခြင်း မရှိခဲ့ပေ။ ထိုအဖြစ်အပျက်ပြီးနောက် အချို့ပုဂ္ဂိုလ်များဖြစ်ကြသော ဥပမာ အေမာမ်အလီ (အစ) ၊ ဖှာသွေမဟ်ဇဲဟ်ရာ (စအ)၊ ဖက်ဇ်ွလ် နှင့် အိုဘိုင်ဒုလ္လာဟ် တမန်တော်မြတ် ဦးရီးတော်၏ သားများ နှင့် တမန်တော်မြတ်၏ အချို့သော ကျော်ကြားသည့် ဆွဟာဘာများ ဥပမာ စလ်မာန် ဖှာရ်စီ၊ အဘူဇဲရ် ဂဖှာရီ၊ မိက္က်ဒါဒ် ဗင်န် အွမ်ရို၊ ဇိုဘိုင်းရ် ဗင်န် အဝါမ် နှင့် ဟိုဇိုင်ဖဟ် ဗင်န် ယမာန် တို့သည် စကီဖှာ ရွေးကောက်ပွဲ ပြုလုပ်ခြင်း နှင့် ၎င်း၏ နောက်ဆုံးရလဒ်အပေါ် ကန့်ကွက် ဆတ့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။ ရှီအာများသည် စကီဖှာ အဖြစ်အပျက် နှင့် ၎င်း၏ရလဒ်ကို ဂဒီးရ်ခွမ်၌ အေမာမ်အလီ(အစ) အား ကိုယ်စားလှယ်ခန့်အပ်ခြင်း နှင့်ပတ်သက်ပြီး တမန်တော်မြတ်၏ မိန့်ဆိုချက်များနှင့် ဆန့်ကျင်နေသည် ဟူ၍ သတ်မှတ်ထားလေသည်။ သမိုင်းကျမ်းကိုးများ၌ စကီဖှာ အဖြစ်အပျက် နှင့်ပတ်သက်ပြီး ဖော်ပြထားလေသည်။ ထို့အတူ ၎င်းအား ပြန်လည်သုံးသပ် ခွဲခြမ်းစိတ်ဖြာပြီး ရေးသားထားသည့် ရလဒ်များလည်း ရှိ‌ပြီး ဟိုနရီလာမနီစ်၊ ကာသီယာနီ နှင့် မာဒလူးန်ဂ် ကဲ့သို့သော အရှေ့တိုင်းပညာရှင်များသည် စကီဖှာ အဖြစ်အပျက်ကို ရေးသားဖော်ပြခဲ့ကြသည်။ . မာဒလူးန်ဂ် မှ “တမန်တော် မိုဟမ္မဒ်၏ ကိုယ်စားလှယ်” ဟူသော စာအုပ် နှင့် ဟိုနရီ လာမနီစ်၏ “တြိဂံပါဝါ သီအိုရီ” ဟူသော စာအုပ်တို့သည် ၎င်းတို့အနက်မှ အကျော်ကြားဆုံးဖြစ်သည်။

ဖြစ်ပွားခဲ့သည့်နေရာ

စကီဖှာ ဟူသော နေရာသည် အများပြည်သူဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် တိုင်ပင်ဆွေးနွေးရန် အာရဗ်မျိုးနွယ်စုများ စုဝေးရာ နေရာတစ်ခု ဖြစ်သည်။ (1) တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက် မိုဟာဂျီရ် အချို့ နှင့် အန်ဆွာရ် အချို့ အစည်းအဝေးပြုလုပ်ခဲ့‌သည့် စကီဖှာနေရာသည် မဒီနဟ်၌ နေထိုင်ကြသော ခုဇ်ရုဂ်ျ ဟု အမည်ရှိသော အုပ်စုအနက်မှ ဗနီစာအိဒဟ် မျိုးနွယ်တို့နှင့် သက်ဆိုင်သည့် နေရာဖြစ်ပြီး တမန်တော်မြတ်(ဆွ) ဟီဂ်ျရသ် မတိုင်မီ ၎င်းမျိုးနွယ်စုတို့ စုဝေးရာဌာနလည်း ဖြစ်ပေသည်။ ထိုနေရာသည် တမန်တော်မြတ် မဒီနဟ်သို့ ဝင်ရောက်ပြီးနောက်ပိုင်းမှ စပြီး ၊ ဆယ်နှစ်ကြာ (တမန်တော်မြတ် ကွယ်လွန်မည့် အချိန်အထိ) ၊ ၎င်းတို့ ထိုသို့စုဝေးမှု ပြုလုပ်လို့ မရတော့ပေ။ ထို့နောက် မိုဟာဂျီရ် နှင့် အန်ဆွာရ်များသည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ရန်အတွက် စုဝေးမှုတစ်ခုအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ (2)

အဖြစ်အပျက်အား ရှင်းလင်းဖွင့်ဆိုခြင်း

ဂျာမနီ အစ္စလာမ်မစ်ပညာရှင်တစ်ဦး ဖြစ်သည့် ဝီလ်ဖဲရ်ဒ် မာဒ်လူးန်ဂ် (၁၉၃၀ မွေးဖွား) ၏ အဆိုအရ ဗနီစာအိဒဟ် တို့၏ စကီဖှာနေရာ၌ စုဝေးခြင်းဆိုင်ရာ စစ်မှန်‌ေသာ ရေဝါယသ်သည် အွမ္မ်ရ် ဗင်န် ခသွာဘ် ထံမှ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အဗ္ဗာစ် ကောက်နုတ်ထားခြင်းသို့ ဦးတည်နေပေသည်။ အခြားသော ရေဝါယသ်များသည်လည်း ထိုရေဝါယသ်၏ သတင်းအချက်အလက်မှ ကောက်နုတ်ကိုးကားထားခြင်း ဖြစ်သည်။ ထိုရေဝါယသ်ကို အနည်းငယ် ပြောင်းလည်းခြင်းအားဖြင့် အခြားသော ရေဝါယသ် အမျိုးမျိုး၌ ၊ အိဗ်နေဟရှာမ်၊ မုဟမ္မဒ် ဂျရီးရ် သွီဗ်ရီ၊ အဗ္ဗ်ဒုရ်ရဇာက် ဟမ်မာမ်၊ မုဟမ္မဒ် ဗင်န် အိစ်မာအီးလ် ဘိုခါရီ နှင့် အိဗ်နေ ဟမ်ဘလ် တို့မှ ကောက်နုတ်ဖော်ပြခဲ့ကြသည်။ (3) မဒီနဟ်မြို့တွင် နေထိုင်ကြသော မွတ်စ်လင်မ်များသည် တမန်တော်မြတ် (ဆွ) ကွန်လွန်သွားသည့် သတင်းကို ကြားသိပြီးနောက် အန်ဆွာရ် အနက်မှ အုပ်စုတစ်စုသည် မိမိတို့၏ အခြေအနေကို ဆုံးဖြတ်ရန် နှင့် တမန်တော်မြတ် (ဆွ) ၏ ကိုယ်စားလှယ် ကိစ္စနှင့်ပတ်သက်ပြီး နည်းလမ်းရှာဖွေရန်အတွက် ၊ ဗနီစာအိဒဟ်၏ စကီဖှာ၌ စုဝေးခဲ့ကြသည်။ သမိုင်းအထောက်အထားအရ၊ ထိုစုဝေးမှု၏ အစပိုင်း၌ ခုဇ်ရုဂ်ျ မျိုးနွယ်၏ ‌အကြီးအကဲ ဖြစ်သူ စအ်ဒ်ဗင်န်အေဘာဒဟ် သည် နာမကျမ်း ဖြစ်နေသည့်အတွက် မိမိ၏သားမှတစ်ဆင့် လူထုဖြင့် စကားပြောခဲ့သည်။ ၎င်းသည် အချို့သက်သေ အထောက်အထားများကို ဖော်ပြခြင်းဖြင့် တမန်တော်မြတ် (ဆွ)၏ ကိုယ်စားလှယ်သည် အန်ဆွာရ်များ ၏ အခွင့်အရေး ဖြစ်သည်ဟူ၍ သတ်မှတ်ပြီး ၎င်းတို့အား အုပ်ချုပ်ရေးကို တာဝန်ယူရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာ၌ ရှိနေသူများသည်လည်း ၎င်း၏ စကားကို ထောက်ခံခဲ့ကြပြီး စအ်ဒ် ကို မိမိတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ရန် ကြွေးကြော်ခဲ့ကြသည်။ ထို့အပြင် ၎င်းအမြင်နှင့် ဆန့်ကျင်၍ မည်သည့်အရာကိုမှ မပြုလုပ်ဖို့ရန် အခိုင်အမာ ထောက်ခံပြောဆိုခဲ့ကြသည်။ (4) သို့သော် အချို့ အန်ဆွာရ်များသည် မိုဟာဂျီရ်များသည် ဤအမြင်နှင့် ဆန့်ကျင်နိုင်ကြောင်း နှင့် ဤလူထု၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ ဤဖြစ်နိုင်ခြေသည် အန်ဆွာရ်မှ ခေါင်းဆောင်တစ်ယောက် နှင့် မိုဟာဂျီရ် အနက်မှ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ရန် ဖြစ်နိုင်ခြေ ရှိခဲ့သည်။ (5) ထိုလူထု၏ ဖော်ပြချက် နှင့် ထိုသို့စုဝေးရခြင်း၏ အကြောင်းတရားများသည် အဘူဘက္က်ရ် ဗင်န် အဘီကိုဟာဖဟ် နှင့် အွမ္မရ် ဗင်န် ခသွာဘ် ထံသို့ သတင်းရောက်သွားခဲ့ပြီး ထိုနှစ်ယောက်သည် အဘူ အိုဘိုင်ဒဟ် ဂျရာဟ် နှင့်အတူ စကီဖှာသို့ သွားခဲ့ကြသည်။ လူထုထဲသို့ ၎င်းတို့ ဝင်ရောက်လာခြင်းနှင့်အတူ၊ အဘူဘက္က်ရ် သည် အွမ္မရ်၏ မိန့်ခွန်းကို တားဆီးခြင်းဖြင့်၊ မိုဟာဂျီရ်များသည် ပိုမိုသာလွန်ကြောင်း နှင့် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်အတွက် ကိုရိုင်းရှ်များ ကိုသာ ဦးစားပေးသင့်ကြောင်း ပြောဆိုခဲ့သည်။ (6) ထိုနေရာ၌ ရှိနေသူများ အနေဖြင့် ဤမိန့်ခွန်းများအပေါ် ဆန့်ကျင်မှုများ နှင့် လက်ခံမှုများ ရှိခဲ့ပြီး အချို့သည်လည်း အေမာမ်အလီ( အစ သည် ပိုမိုသာလွန်မှုရှိပြီး ၎င်းမှလွဲ၍ မည်သူကိုမှ ဘိုင်အသ် သစ္စာ မခံယူနိုင်ကြောင်းကို ဖော်ပြခဲ့ကြသည်။ (7) သို့သော် နောက်ဆုံး၌၊ အဘူဘက္က်ရ် သည်၊ အွမ္မရ် နှင့် အဘူအိုဘိုင်ဒဟ် တို့ကို ထိုအရိုက်အရာအတွက် အသင့်လျော်ဆုံးသူများ အဖြစ် မိတ်ဆက်‌ ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးသည်လည်း အဘူဘက္က်ရ်၏ အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြသည်။ (8) သာရီးခေသွီဘ်ရီ (ဟီဂျရီ ၃၀၃ ၌ရေးသားခဲ့) ၏ ဖော်ပြချက်အရ၊ အွမ္မရ် ဗင်န် ခသွာဘ်သည် ထိုအခိုက်အတန့် နှင့်ပတ်သက်ပြီး ပြောထားသည်မှာ : ဤအခိုက်အတန့်တွင် ဘက်ပေါင်းစုံမှ လူထုတို့၏ ဆူညံသံနှင့် ရုန်းရင်းဆန်ခတ်သံများ ထွက်ပေါ်လာပြီး နားမလည်နိုင်သော စကားလုံးများကို ထောင့်တိုင်းမှ ကြားနေရသောကြောင့် ထိုသို့ ကွဲပြားခြားနားမှုများသည် ကျွန်ုပ်တို့၏ အဓိကအလုပ်ကို ပြိုကွဲသွားစေမည်ကို စိုးရိမ်မိခဲ့သည်။ အဘူဘက္က်ရ် အားပြောခဲ့သည်မှာ : သင့်အား ဘိုင်အင် သစ္စာ ခံယူဖို့ရန် အသင့်လက်ကို ဆန့်တန်းလိုက်ပါ။ သို့သော် အွမ္မရ်၏လက်သည် အဘူဘက္က်ရ်၏လက် နှင့် မထိမီအရင် ၊ သအ်ဒ်ဗင်န်အေဘာဒဟ် ၏ ပြိုင်ဘက်များထဲမှတစ်ဦးဖြစ်သော ဘရှီးရ်ဗင်န်စအ်ဒ် ခုဇ်ရဂျီသည် အဘူဘက္က်ရ် နှင့် လက်ဆွဲနှုတ်ဆက်ပြီး ၎င်းအား ဘိုင်အသ် သစ္စာခံယူခဲ့သည်။(9) ထိုအဖြစ်အပျက်ပြီးနောက်၊ စကီဖှာ၌ ရှိနေသူများသည် အဘူဘက္က်ရ် နှင့် ဘိုင်အသ် သစ္စာခံယူရန် စုဝေးနေကြပြီး ထိုလူများ၏ အလျင်စလိုကြောင့် နာမကျန်း ဖြစ်နေသော စအ်ဒ် ဗင်န် အေဘာဒဟ် သည် ၎င်းတို့၏ လက်ခြေထောက်အောက်၌ နင်းမိနိုင်ခြေ ရှိခဲ့သည်။ ဤအဖြစ်အပျက်သည် အဘူဘက္က်ရ်၏ ဝင်ရောက်စွက်ဖက်မှုဖြင့် အဆုံးသတ်ခဲ့သည့်အတွက် အွမ္မရ် ၊ စအ်ဒ် နှင့် ကိန်းစ် ဗင်န် စအ်ဒ် တို့အကြား ပြင်းထန်သော ခိုက်ရန်ဖြစ်ပွားမှုကို ဖြစ်စေခဲ့သည်။ (10)

စကီဖှာ၏ အ‌ခြေတင်ဆွေးနွေးချက်များ

စကီဖှာ နေရာ၌၊ လက်ရှိ ရှိနေကြသည့် အန်ဆွာရ်များ နှင့် ၎င်းတို့နှင့်ပူးပေါင်းခဲ့သော မိုဟာဂျီရ်များအကြား စကားဝိုင်းများစွာကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး တစ်‌ေယာက်ချင်းစီ အလှည့်ကျ ရောက်ရှိလာခဲ့သည်။ သို့သော် အဘူဘက္ကရ် နှင့် ၎င်းအပေါင်းအဖော်များ၏ စကားများသည် အားလုံးထက် ပိုမိုထိရောက်မှု ရှိခဲ့သည်။ ထိုအချိန်တွင် ပြုလုပ်ခဲ့သော စကားဝိုင်းအချို့သည် အောက်ပါလူများထံမှ ဖြစ်သည်။ ၎င်းတို့မှာ : စအ်ဒ် ဗင်န် အေဘာဒဟ် ၊ ၎င်းသည် အစည်းအဝေးအစတွင် အဓိကအားဖြင့် အဘူဘက္ကရ် နှင့် ၎င်း၏အပေါင်းအဖော်များ မရောက်ရှိမီတွင် စကားပြာခဲ့ပြီး နမာမကျမ်းမှုကြောင့် ၎င်း၏ စကားများကို ၎င်း၏သားမှတစ်ဆင့် လူထုထံသို့ ပို့ဆောင်ခဲ့သည်။ ၎င်း၏ အဓိကစကားများမှာ ၊ မနာကီဘ် နှင့် အန်ဆွာရ်တို့၏ သမိုင်း၊ အခြားမွတ်စလင်မ် အုပ်စုများထက် ၎င်းတို့၏ သာလွန်ကောင်းမွန်မှု၊ အစ္စလာမ် သာသနာ နှင့် တမန်တော်မြတ်(ဆွ) အပေါ် ၎င်းတို့၏ အလုပ်ကျွေးပြုမှု၊ တမန်တော်မြတ်(ဆွ) ကွယ်လွန်မည့်အချိန် ၎င်းသည် အန်ဆွာရ်များမှ ကျေနပ်နှစ်သက် အလိုတူမှု စသည်တို့ ဖြစ်သည်။ ၎င်းသည် ထိုအကြောင်းပြချက်များဖြင့် အန်ဆွာရ် များကို တမန်တော်မြတ်၏ ကိုယ်စားလှယ် ဖြစ်ရန် ပို၍ထိုက်တန်ကြောင်း ကြေညာပြီး ရေးရာကိစ္စများကို တာဝန်ယူရန် ဖိတ်ခေါ်ခဲ့သည်။ အန်ဆွာရ်များ အနက်မှ ခေါင်းဆောင်တစ်ယောက် နှင့် မိုဟာဂျီရ်မှ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး ပြန်လည်ဆုတ်ခွာသင့်သည် ဟူ၍ သတ်မှတ်ထားသည်။ (11) အဘူဘက္က်ရ် ၊ ၎င်း၏ စကားများသည် ထိုလူထု၏ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးခဲ့သည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပြီး ထိုစကားများ၏ အကျဉ်းချုံးမှာ ၊ မိုဟာဂျီရ်များသည် အန်ဆွာရ်များထက် ပိုမိုသာလွန်မြင့်မြတ်မှုရှိခြင်း ဥပမာ တမန်တော်မြတ် (ဆွ)၏ ရေစာလသ်အား ထောက်ခံရာ၌ လက်ဦးမှုရှိခြင်း၊ အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်ခြင်း နှင့် ခဝပ်ကိူကွယ်ရာ၌ လက်ဦးမှုရှိခြင်း၊ တမန်တော်မြတ် နှင့် ဆွေမျိုးတော်စပ်မှုရှိခြင်း သို့မဟုတ် ခင်မင်ရင်းနှီးမှု ရှိခြင်း၊ ထိုအချက်အလက်များကြောင့် မိုဟာဂျီရ်များသည် တမန်တော်မြတ်၏ ကိုယ်စားလှယ်ဖြစ်ရန် ပိုမိုထိုက်တန်ခြင်း၊ မနာကီဘ် နှင့် အန်ဆွာရ် တို့သည် ဝန်ကြီးအရိုက်အရာအတွက် သင့်လျော်မှုရှိသောလည်း အုပ်ချုပ်မှုအတွက် မထိုက်တန်ကြောင်း ပြောဆိုခြင်း နှင့် မိုဂာဂျီရ်များသည် တမန်တော်မြတ် (ဆွ) ၏ ကိုယ်စားလှယ် ဖြစ်ခြင်းနှင့် ဆန့်ကျင်ခြင်းမှ တားမြစ်ခြင်း တို့ဖြစ်သည်။ (12) ဟိုဘာဘ် ဗင်န် မန်ဇဲရ် ၊ ၎င်းသည် စကီဖှာ၌ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်တိုင် စကားပြောခဲ့ပြီး ၎င်း၏ စကားများသည် မိုဟာဂျီရ်များ အထူးသဖြငါ့ အဘူဘက္က်ရ် နှင့် အွမ္မရ် အပေါ် လှုံ့ဆော်မှု သို့မဟုတ် ခြိမ်းခြောက်မှုများ ပါ၀င်သည်။ (13) ၎င်းသည် အကြိမ်တိုင်းတွင် လူမျိုးစုတစ်ခုစီမှ ခေါင်းဆောင်တစ်ဦး ကို ရွေးချယ်ရန် ထပ်မံအဆိုပြုခဲ့သည်။ (14) အွမ္မရ် ဗင်န် ခသွာဘ် ၊ အွမ္မရ် သည် များသောအားဖြင့် အဘူဘက္က်ရ်၏ စကားများကို ထောက်ခံခဲ့ပြီး သက် သေအထောက်များဖြင့် ထိုစကားအပေါ် အတည်ပြုခဲ့သည်။ အချို့သော သက်‌သေအထားများမှာ အောက်ပါတို့ ဖြစ်သည် ၊ အာရဗ်လူမျိုးများသည် တမန်တော်မြတ်၏ မိသားစုမှ ကိုယ်စားလှယ် ဆက်ခံမှုကို ကြိမ်းသေပေါက် မဆန့်ကျင်ကြပေ ၊ အုပ်စု နှစ်စုစီမှ ခေါင်းဆောင် နှစ်ဦးကို ရွေးရန် မဖြစ်နိုင်ပေ အဘယ်ကြောင့်ဆိုသော် ဓားနှစ်ချောင်းသည် အိုးတစ်လုံးတည်းတွင် အံမဝင်သောကြောင့် ဖြစ်သည်။ (15) အဘူအိုဘိုင်ဒဟ် ဂျရ်ရာဟ် ၊ ၎င်းသည် အန်ဆွာရ်တို့ အား ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းတို့ကို သာသနာ ဘာသာကူးပြောင်းခြင်း ၊ ပြောင်းလဲခြင်း နှင့် မွတ်စလင်မ် အပေါင်း စည်းလုံးညီညွတ်မှု၏ အခြေခံကို တားမြစ်ခဲ့သည်။ (16) ဘရှီးရ် ဗင်န် စအ်ဒ် ၊ ၎င်းသည် ခုဇ်ရုဂ်ျ အုပ်စု နှင့် အန်ဆွာရ် အနက်မှ ဖြစ်သည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ အဘူဘက္က်ရ် နှင့် ၎င်းနောက်လိုက်များ၏ သက်သေအထောက်အထားများကို ထောာက်ခံခဲ့သည်။ ထို့အပြင် အရှင်မြတ်မှ ကြောက်ရွံခြင်း၊ မွတ်စ်လင်မ် တစ်ဦး၏ အခွင့်အရေးကို မဆန့်ကျင်ခြင်း စသည်ကဲ့သို့သော စကားလုံးများဖြင့် အန်ဆွာရ်များကို မိုဟာဂျီရ်များအား ဆန့်ကျင်ခြင်းမှ ပိတ်ပင်တားမြစ်ခဲ့သည်။ (17) အဗ္ဗ်ဒုလ်ရဟ်မားန် ဗင်န် အောင်ဖ် ၊ ၎င်းသည် အေမာမ်အလီ (အစ) ၊ အဘူဘက္က်ရ် နှင့် အွမ္မရ် တို့၏ မြင့်မြတ်မှုများ ၊ အရိုက်အရာများ နှက့်ပတ်သက်ပြီး သတိပေး ပြောဆိုခဲ့သည်။ ထို့နောက် အန်ဆွာရ်များကို ထိုကဲ့သို့သော် အရိုက်အရာ မရှိကြောင်း ဖော်ပြခဲ့သည်။ (18) မွန်ဇဲရ် ဗင်န် အဘီ အဲရ်ကမ်၊ ၎င်းသည် အန်ဆွာရ်များ အနက်မှ ဖြစ်ပြီး စကီဖှာ၌ အဘူဘက္က်ရ် နှင့် အဗ္ဗ်ဒုလ်ကဟ်မာန် ဗင်န် အောင်ဖ်တို့၏ သက်သေအ‌ေထာက်အထားများ၏ ဆန့်ကျင်ဘက် အနေဖြင့် အေမာမ်အလီ(အစ) အား ဤသွင်ပြင်ဘလက္ခဏာများဖြင့် ပြည့်စုံသူအဖြစ် မိတ်ဆက်ပေးခဲ့သည်။ အကယ်၍ ၎င်းအား ဘိုင်အသ် သစ္စာခံယူပါက မည်သူမှ ဆန့်ကျင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ (19) မွန်ဇဲရ်၏ စကားများကို အချို့သော အန်ဆွာရ် များမှ ထောက်ခံ ကြွေးကြော်ပြီး အလီ အစ ကိုသာလျှင် ဘိုင်အသ် သစ္စာခံမည် ဟူ၍ ကြေငြာခဲ့သည်။ (20)

စကီဖှာ၌ ရှိကြသူများ

ဗနီစာအိဒဟ် ၏ စကီဖှာ အကြောင်း စွန္နီ ကျမ်းကိုးများမှ ဖော်ပြချက်များအရ ဤဖြစ်ရပ်တွင် မိုဟာရျီရ်များ နှင့် အန်ဆွာရ်တို့၏ တည်ရှိမှု နှင့် နိုင်ငံရေးဗျူဟာ ပါဝင်မှုအကြောင်း ဖြစ်သည်။ (21) အဲဟ်လေစွန္နသ် တို့၏ များစွာသာ ကျမ်းကိုးများတွင် အဘူဘက္က်ရ်အား ဘိုင်အသ်ပြုလုပ်သည့် အဆင့်နှစ်ဆင့်ကို ဖော်ပြထားပြီး ၎င်းတို့မှာ စကီဖှာနေ့၌ ဘိုင်အသ် ပြုလုပ်ခြင်း နှင့် စကီဖှာ အဖြစ်အပျက် ပြီးနောက်ပိုင်း မဒီနဟ်၌ နေထိုင်သူများမှ ဘိုင်အသ်ပြုလုပ်ခြင်း ဟူ၍ ဖြစ်သည်။ အဖြစ်အပျက်ကို လူထုသစ္စာခံယူမှုဟု ခေါ်သည်။ (22) ဝီလ်ဖဲရ်ဒ် မာဒ်လူးန်ဂ် ၏ အဆိုအရ၊ မိုဟာဂျီရ်များအကြား အဘူဘက္က်ရ် ၊ အွမ္မရ် နှင့် အဘူအိုဘိုင်ဒဟ် တို့သာလျှင် စကီဖှာ အစည်းအဝေးတွင် တက်ရောက်ခဲ့ကြပြီး ကိုယ်ရေးကိုယ်တာကျွန်များ၊ မိသားစုဝင်များ နှင့် အပေါင်းအဖော်များစွာ တို့သည် ထိုသုံးဦးနှင့်အတူ လိုက်ပါရန် ဖြစ်နိုင် ခြေမရှိခဲ့ပေ။ အချို့သုတေသီများသည် အဘူဟိုဇိုင်ဖဟ်၏ လွတ်မြောက်ကျွန် ဖြစ်သည့် စာလင်မ် ကို စကီဖှာ၌ ရှိနေပြီး ၎င်းသည် အဘူဘက္က်ရ်အား ပထမဦးဆုံး ဘိုင်အသ်ပြုလုပ်သူများမှ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ သို့သော် ကျော်ကြားသော ကျမ်းကိုးများ၌ ၎င်း၏ တည်ရှိမှုကို မဖော်ပြထားပေ။ ကျမ်းကိုးများတွင် ဤလူများမှလွဲ၍ အခြားလူလတ်တန်းစား သို့မဟုတ် အဆင့်နိမ့်အဖော်များပင် ရှိနေခြင်းကို ဖော်ပြထားခြင်းမရှိပေ။ (23) စကီဖှာ၌ မိုဟာဂျီရ် လူဦးရေ အလွန်နည်းသည်ဟု သုတေသီများက ဖော်ပြထားသည်။ (24) ကျမ်းကိုးများအရ စကီဖှာ၌ ရှိနေကြသည့် အကျော်ကြားဆုံးသော အန်ဆွာရ်များမှာ : စအ်ဒ် ဗင်န် အေဘာဒဟ် ၊ ၎င်း၏သား ကိန်းစ် ၊ ဘရှီးရ် ဗင်န် စအ်ဒ် ၎င်း၏ တူ နှင့် စအ်ဒ် ၏ ဝမ်းကွဲညီ ၊ အစီးဒ် ဗင်န် ဟဇွီးရ် ၊ စာဘီသ် ဗင်န် ကိန်းစ်၊ မွန်ဇဲရ် ဗင်န် အရ်ကမ် ၊ ဘရာအ် ဗင်န် အာဇီဘ် ၊ ဟိုဘာဘ် ‌ဗင်န် မွန်ဇဲရ် တို့ ဖြစ်ကြသည်။ (25) အိဗ်နေ ကသီးဘဟ် သည် “အကယ်၍ စအ်ဒ်သည် ၎င်းတို့နှင့် တိုက်ခိုက်ရန် နောက်လိုက်သားကို စုစည်းခဲ့ပါက ထိုသူများသည် ၎င်းတို့နှင့် တိုက်ခိုက်မည်မှာ သံသယမရှိပေ” (26) ဟူသော စကားဖြင့် စကီဖှာ လူထု၌ အန်ဆွာရ်များသည် လူနည်းစုသာ ရှိခြင်းအပေါ် ရည်ညွှန်းခဲ့သည်။ (27)

စကီဖှာ၌ အန်ဆွာရ်များ စုစည်းရခြင်း၏ အကြောင်းရင်း

အချို့သော် ပညာရှင်များသည် စကီဖှာ၌ အန်ဆွာရ်များ စုစည်းရခြင်း၏ အကြောင်းရင်းကို ၎င်းတို့အနေဖြင့် အနာဂတ်ကိုကြောက်ရွံ့ခြင်း နှင့် တမန်တော်မြတ်(ဆွ) ကွယ်လွန်ပြီးနောက် ၎င်းတို့၏ ကံကြမ္မာကို စိုးရိမ်မိခြင်းကြောင့် ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ အထူးသဖြင့် မက္ကာကို သိမ်းပိုက်ပြီးနောက်၊ ၎င်းတို့သည် အနာဂတ်တွင် ၎င်းတို့အတွက် ထိခိုက်နစ်နာစေမည့် ကိုရိာငါးရှ် တို့၏ ဟန်ချက်ညီသော စစ်ပွဲများကို ဖွဲ့စည်းမည်ကို စိုးရိမ်ခဲ့ကြသည်။ ထိုအမြင်ကို လက်ခံသူများသည် တမန်တော်မြတ် မှ ဆက်ခံမည့် ကိုယ်စားလှယ် အကြောင်း ရေးဆွဲထားသော မိုဟာဂျီရ်များ အနက်မှ အုပ်စုတစ်စာ၏ အစီအစဉ်ကို အန်ဆွာရ်များဘက်မှ ရှာဖွေတွေ့ရှိနိုင်ခြေကို မစဉ်းစားကြပေ။ (28) အခြားစာရေးဆရာအချို့က စကီဖှာ၌ စုဝေးခြင်းသည် ဤပြဿနာများ၏ ရလဒ်ဖြစ်သည်ဟု ယူဆကြသည် : အန်ဆွာရ်များသာ် ၎င်းတို့၏ အသက်များ၊ ပစ္စည်းများနှင့် သားသမီးများကို အစ္စလာမ်၏လမ်းစဉ်တွင် စွန့်လွှတ်ခြင်းဖြင့် ထိုသာသနာက်ု မိမိတို့၏ ရင်‌ေသွးသဖွယ် မှတ်ယူကာ ၎င်းအား ထိန်းသိမ်းစောင့်ရှောက် ဖို့ရန်အတွက် မိမိတို့မှ အပ အခြားမည်သူကိုမျှ ပိုထိုက်တန်သည်ဟု မယူဆခဲ့ကြပေ။ တမန်တော်မြတ်၏ စစ်ပွဲများတွင် အန်ဆွာရ်များ ၏ ဓားချက်ဖြင့် သတ်ဖြတ်ခြင်း ခံရခြင်းကြောင့် ကိုရိုင်းရှ် ၏ လက်စားချေခြင်းကို အန်ဆွာရ်များမှ ကြောက်ရွံ့နေခဲ့သည်။ ထို့အပြင်၊ တမန်တော်မြတ်(ဆွ)သည် မိမိမရှိတော့သည့် နောက်ပိုင်း ၎င်းတို့အား အုပ်စိုးရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှု ၊ ညှင်းပန်းမှုများ ရှိလာပေမည်ဟု မိန့်ဆိုခဲ့ပြီး ဤသို့အခြေအနေ၌ သည်းခံရန် အန်ဆွာရ်များကို ပြောခဲ့သည်။ ကိုရိုင်းရှ်များသည် အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး တမန်တော်မြတ်(ဆွ) မိန့်ဆိုခဲ့သည့် ဗျာဒိတ်တော်များကို နာခံမည် မဟုတ်ကြောင်း စဉ်းစားတွေးတောမိပေသည်။ (29) အခြားသူများ၏ အမြင်အရ၊ အဘူဘက္က်ရ်သည် ဗလီ၌ တမန်တော်မြတ် ဆွ ဆုံးပါးသွားသည့် သတင်းကို အတိအလင်း ကြေဌာခဲ့သည်။ မဒီနဟ်၌ နေထိုင်ကြသော အုပ်စုတစ်စုသည် ၎င်းအား ဝန်းရံကာ ဘိုင်အသ် သစ္စာခံကတိပြုခဲ့ကြသည်။ ဤအဖြစ်အပျက်သည် မဒီနဟ် တွင်ရှိသော အန်ဆွာက်အဖွဲ့၏ အတွေးထဲတွင် အန်ဆွာများအနက်မှ ခလီဖှာတစ်ဦးကို ရွေးချယ်ပိုက်ခွင့်ရှိခြင်း နှင့်ပတ်သက်၍ သံသယများကို ဖြစ်ပေါ်စေခဲ့ပြီး ထိုသို့အတွေးဖြင့် စကီဖှာ၌ စုဝေးခဲ့ကြသည်။ (30)

ဆွဟာဘာများ နှင့် ကိုရိုင်းရှ် အကြီးအကဲများ၏ အနေအထား

အလီ အစ ၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများသည် အချို့သော် မိုဟာဂျီရ်များ နှင့် အန်ဆွာအချို့ နှင့်အတူ အဘူဘက္က်ရ်အား ဘိုင်အသ် သစ္စာခံယူခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။ သမိုင်းကြောင်း၏ ဖော်ပြချက်အရ၊ ၎င်းတို့အနက်မှ အချို့မှာ ၊ အဘာစ် ဗင်န် အဗ္ဗ်ဒုလ်မိုသွလီဘ် ၊ ဖက်ဇ်ွလ် ဗင်န် အဘာစ် ၊ ဇိုဘိုင်းရ် ဗင်န် အဝါမ်၊ ခါလီဒ် ဗင်န် စအီးဒ်၊ မိက္က်ဒါဒ် ဗင်တ် အွမ်ရို၊ စလ်မာနေဖှာရ်စီ၊ အဘုဇဲရ် ဂဖ်ဖှာရီ၊ အမာရ်ယာစီရ်၊ ဘရာအ် ဗင်န် အာဇီဘ်၊ အဘီ ဗင်န် ကအ်ဘ် တို့ ဖြစ်ကြသည်။ (31) ထိုဆွဟာဘာများ အနက်မှ အချို့နှင့်၊ သို့မဟုတ် ကိုရိုင်းရှ် ၏အကြီးအကဲများသည် ၊ တမန်တော်မြတ်၏ ကိုယ်စားလှယ်အတွက် အဘူဘက္က်ရ်၏ အရည်အချင်း မရှိမှုကိုလည်း အကြိမ်များစွာ ဖော်ပြခဲ့ကြသည်။ အချို့ ကြွေးကြော်ချက်မှာ : ဖက်ဇ်ွလ် ဗင်န် အဘာစ်သည် ကိုရိုင်းရှ်များကို လှည့်ဖြားပြီး ဖုံးကွယ်ထားသည်ဟု စွတ်စွဲပြောဆိုကာ တမန်တော်မြတ်၏ အဲဟ်လေဗိုင်သ် အထူးသဖြင့် အေမာမ်အလီ အစ အား ကိုယ်စားလှယ် အတွက် အသင့်လျှော်ဆုံးသောသူ အဖြစ် ကြွေးကြော်ခဲ့သည်။ (32) စလ်မာန်ဖှာရ်စီ၊ ၎င်း၏ပြောဆိုချက်များ၌ မွတ်စ်လင်မ်များသည် စကီဖှာ၌ ဘိုင်သအ် သစ္စာခံယူခြင်းသည် မှားယွင်းပြီး ယင်းမှာ အဲဟ်ဘေဗိုင်သ် အစ ၏ ရပိုင်ခွင့် ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ (33) အဘူဇဲရ် ဂဖ်ဖှာရီသည် စကီဖှာ ဖြစ်ပွားနေသည့်နေ့၌ မနီနဟ်တွင် မရှိ‌ခဲ့ပေ။ ၎င်းမဒီနဟ်သို့ ပြန်ရောက်ပြီးနောက် အဘူဘက္က်ရ်၏ ခေလာဖသ် နှင့်ပတ်သက်ပြီး သတင်းကြားခဲ့သည်။ ကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ ၎င်းသည် အဖြစ်အပျက်ကို သိရှိသည့် ကာလ နှင့် (34) ‌အွစ်မာန် ဗင်န် အဖာန် ကတိသစ္စာပြုသည့် အချိန်၌ တမန်တော်မြတ်၏ ကိုယ်စားလှယ်သည် အဲဟ်လေဗိုင်သ်၏ ဟက္က်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ (35) မီက္က်ဒါဒ် ဗင်န် အွမ်ရို သာ် စကီဖှာ၏ ဆုံးဖြတ်ချက်များကို လိုက်နာရာတွင် မွတ်စလင်များ၏ အပြုအမူကို အံ့အားသင့်စေကာ အေမာမ်အလီ အစ ၏ ရပိုင်ခွင့် ဟက္က် အပေါ် အတည်ပြု ထောက်ခံခဲ့သည်။ (36) အွမ္မရ် ဗင်န် ခသွာဘ် သည် ၎င်းဘဝ၏ နောက်ဆုံးနှစ်တွင် အများသူဌာအား ဟောကြားသည့် မိန့်ခွန်း၌ ပြောသည်မှာ “ အဘူဘက္က်ရ် နှင့် ဘိုင်အသ် သစ္စာခံယူခြင်းသည် အမှားတစ်ခုဖြစ်သည်။ ပြုလုပ်ပြီးခဲ့လေပြီ။ ဖြစ်ပြီးသွားခဲ့ပြီ၊ ဟုတ်ပါသည်၊ သို့သော် အရှင်မြတ်သည် လူသားများကို ထိုမကောင်းမှုမှ ကာကွယ်စောင့်ရှောက်ခဲ့သည်။ မည်သူမဆို ဤငို့ပုံစံဖြင့် ခလီဖှာ ကိုရွေးချယ်ပါက ၊ ၎င်းအား သတ်ပါလေ” (37) အိဗ်နုကသီဘဟ် သည် အိမာမသုဝလ်စီယာစဟ်၌ ဆိုထားသည်မှာ : ဗနီအိုမိုင်ယာများသည် အွစ်မာန်အနား၌ ဝိုင်းနေကြပြီး ဗနီဇိုရေဟ်သည် စအ်ဒ် နှင့် အဗ္ဗ်ဒုရ်ရဟ်မာန် ဗင်န် အောင်ဖ် အနား၌ ဝိုင်းရံလျက် ရှိနေကြသည်။ ၎င်းတို့အားလုံးသည် ဗလီ၌ စုရုံးနေကြပြီး လူထုသည် အဘူဘက္က်ရ် နှင့် ဘိုင်အသ် သစ္စာခံယူနေကြသည်။ အွမ္မရ်သည် ဗလီ၌ စုရုံးနေသူများကို ပြောသည်မှာ ၊ အသင်တို့သည် ပြန့်ကျဲစွာ စုရုံးနေကြသည် ၊ ဘာဖြစ်နေကြသနည်း ၊ ထကြပြီး အကုန်လုံး အဘူဘက္က်ရ် နှင့် ဘိုင်အသ်သစ္စာ ခံယူကြပါလေ ၊ ကျွန်ုပ်သည် ၎င်းနှင့် ဘိုင်အသ် သစ္စာခံယူခဲ့ပြီး ဖြစ်သည်။ အွမ္မရ် စကားပြောပြီးနောက် ၊ အွစ်မားန် ဗင်န် အဖှားန် နှင့် ဗနီအိုမိုင်ယာ မှအချို့သူများသည် အဘူဘက္က်ရ် နှင့် ဘိုင်အသ် သစ္စာခံယူခဲ့သည်။ ထို့အတူ အခြားသူများသည်လည်း စအ်ဒ် နှင့် အဗ္ဗ်ဒုရ်ရဟ်မာန် တို့၏ အကြံနှင့် တူညီကြသည်။ (38) အဘူစိုဖီယားန်သည် တမန်တော်မြတ်၏ အမိန့်တော်ဖြင့် မဒီနဟ် မြို့ပြင်သို့ စေလွှတ်ခြင်းခံထားရပြီး ၎င်းမဒီနဟ်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း တမန်တော်မြတ် ဆုံးပါးသွားသည့် သတင်းနှင့် ၊ စကီဖှာ၌ ဘိုင်အသ် သစ္စာခံယူမှု‌အကြောင်း သိရှိပြီးနောက် အေမာမ်အလီ အစ နှင့် အဘာစ် ဗင်န် အဗ္ဗ်ဒုလ်မုသွလီဘ် တို့၏ တုံ့ပြန်မှုအကြောင်းကို မေးမြန်းခဲ့သည်။ ထိုနှစ်ဦး အိမ်မှာနေနေသည်ကို သိရှိသွားသောအခါ ပြောသည်မှာ “ အရှင်မြတ်အား ကျိန်ဆိုပါ၏၊ အကယ်၍ ၎င်းတို့အတွက် အသက်ရှင်မည် ဆိုပါက ၊ ၎င်းတို့၏ ခြေထောက်ကို . با اطلاع از خانه‌نشینی این دو نفر گفت: «به خدا سوگند، اگر برای ایشان زنده بمانم، پایشان را بر فراز بلندی رسانم.» وی اضافه کرد: «من گرد و غباری می‌بینم که جز بارش خون، چیزی آن را فرو ننشاند.»[۳۹] ကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ အဘူစိုဖီယားန်သည် မဒီနဟ်မြို့ကို ဝင်ရောက်လာခြင်းနှင့်အတူ အေမာမ်အလီ အစ ၏ ကိုယ်စားလှယ်အပေါ် ထောက်ခံသည့် က‌ဗျာ နှင့် အဘူဘက္က်ရ် နှင့် အွမ္မက်တို့အား ရှုတ်ချထားသည့် ကဗျာများကို ဖတ်ရွတ်ခဲ့ပေသည်။ (40) မိုအာဝီယဟ် ဗင်န် အဘီစိုဖီယားန် သည် မုဟမ္မဒ် ဗင်န် အဘီဘက္က်ရ်အား ရေးသည့် စာတစ်စောင်၌ ( စကီဖှာ အဖြစါအပျက် ပြီးနောက်နှစ်များစွာ၌) ပြောထားသည်မှာ ၊ “ ... အသင့်အဖေ နှင့် ၎င်း၏ သူငယ်ချင်း အွမ္မရ် တို့သည်၊ အလီ(အစ) ၏ ဟက္က် ရပိုင်ခွင့်ကို မတရား လုယူခဲ့ပြီး ၎င်းအား ဆန့်ကျင်ခဲ့ကြသည့် ပထမဦးဆုံးသောသူများ ဖြစ်ကြသည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အတိုင်အပေါက်ညီပြီး အလီ(အစ) အား ဘိုင်အသ် သစ္စာခံယူစေခိုင်းခဲ့သည်။ သို့သော် အလီ(အစ) ဘက်မှ ဘိုင်အသ်ပြုလုပ်ခြင်းကို ငြင်းဆိုသောအခါတွင် ၎င်းတို့သည် မှားယွင်းသော ဆုံးဖြတ်ချက်များချကာ ၎င်း နှင့်ပတ်သက်ပြီး အန္တရာယ်ရှိသော အတွေးများ ပြုလုပ်ခဲ့ကြ သည်။ နောက်ဆုံး၌ အလီ(အစ) သည် ၎င်းတို့အား ဘိုင်အသ် သစ္စာခံယူခဲ့ရသည်။ (41) ထို့အတူ ဗလီ၌ အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာခံယူကြသောအခါ ဗနီအိုမိုင်ယာများသည် အွစ်မားန်၏ ပတ်ပတ်လည်တွင် စုဝေးခဲ့ကြပြီး ကိုရိုင်းရှ် မျိုးနွယ်စုများမှ ဗနီဇိုဟ်ရဟ် သည် အွမ္မရ် ၏ကြိုးပမ်းမှုဖြင့် အဘူဘက္က်ရ် အား ဘိုင်အသ် သစ္စာခံယူရန် သဘောတူထားသည့် အဗ္ဗ်ဒုရ်ရဟ်မာူန် ဗင်န် အောင်ဖ် သို့မဟုတ် စအ်ဒ် ၏ ရွေးကောက်ပွဲတွင်လည်း သဘောတူညီမှု ရှိခဲ့ကြသည်။ (42)

အလီ(အစ) ၏ တုံ့ပြန်မှု

ရှီက်ရှကီယဟ် မိန့်ခွန်းအချို့ အရှင်မြတ်အား ကျိမ်ဆိုပါ၏၊ အဘူကိုဟာဖဟ်၏ သားဖြစ်သူ အဘူဘက္က်ရ်သည် ခေလာဖသ် ဝတ်ရုံကို တတ်ဆင်ထားသော်လည်း ခေလာဖသ် အရိုက်အရာတွင်ရှိသော ကျွန်ုပ်၏ တည်ရှိမှုသည် ကြိတ်စက်ဝင်ရိုး နှင့် အလားတူသည်ကို သိရှိနေပေသည်။ ကျွန်ု၌ရှိသော အသိပညာသည် ရေလွှမ်းမိုးခြင်းကဲ့သို့ စီးဆင်းနေပြီး ကျွန်ုပ်၏ အရိုက်အရာ မည်မျှလောက် ရှိသည်ကိုပင် မတွေးတောနိုင်ပေ။ သို့သော်် ခေလာဖသ် အကိုက်အရာကို မျက်ကွယ်ပြုပြီး လှည့်ထွက်ခဲ့ရသည်။ နက်နက်နဲနဲ တွေးတောခဲ့သည်မှာ ပျက်နေသောလက် နှင့် နောက်လိုက်သား မပါပဲ တိုက်ခိုက်ရမည်လော၊ သို့မဟုတ် ထိုဆိုးရွားလှသော အမှောင်ထုကို သည်းခံရမည်လော၊ အသက်ကြီးသူများ ၎င်း၌ ပိုများလာပြီး ငယ်ရွယ်၍ အရွယ်ရောက်ပြီး သူများနှင့် မိုအ်မင်န် သက်ဝင်ယုံကြည်သူများသည် အမှန်တရားကို တွေ့ရှိရန် ခက်ခဲနေရပေသည်။ နဟ်ဂျွလ်ဗလာဂဟ် ၊ ဟိုစိုင်းန် အန်ဆွာရီယားန် ဘာသာပြန်ဆိုထားသည်။ စကီဖှာနေ့တွင် ၊ အလီ(အစ) သည် အဘူဘက္က်ရ် နှင့် ဘိုင်အသ်သစ္စာ မခံယူခဲ့ပေ။ စပီဖှာ နောက်ပိုင်းတွင်လည်း ဘိုင်အသ်လက်ခံခြင်း နှင့် ၎င်း ဘိုင်အသ် ပြုလုပ်သည့် အချိန် နှင့်ပတ်သက်ပြီး သမိုင်းပညာရှင်များအကြား ကွဲပြားသော အဆိုများ ရှိပေသည်။ ရှီအာပညာရှင် ဖြစ်သူ ရှီးခ်မိုဖီးဒ် ( ဟီဂျရီ ၁၃ ကွယ်လွန်) ၏အဆိုအရ၊ အလီ ဗင်န် အဘီသွာလီဘ် (အစ) သည် မည့်သည့်အခါမှ အဘူဘက္က်ရ် နှင့် ဘိုင်အသ်သစ္စာ မခံယူခဲ့ပေ ဟူ၍ ရှီအာ သုတေသီများမှ လက်ခံထားကြသည်။ (43) စကီဖှာ ဘက်တော်သားများသည် အဘူဘက္က်ရ် အားသစ္စာခံရန် အတင်းအကျပ် ကြိုးစားကြသည့် အချိန်မှစ၍ အလီ (အစ) သည် ၎င်းတို့အား မိန့်ခွန်းများ ပြောကြားခဲ့သည် : ကျွန်ုပ်သည် ခေလာဖသ် အရိုက်အရာ၌ အသင့်ထက် ပိုမိုထိုက်တန်ပြီး အသင့်အား ဘိုင်အသ် ပြုလုပ်မည် မဟုတ်ပေ။ အသင်သည် ကျွန်ုပ်အား ဘိုင်အသ် သစ္စာခံယူရန် ပိုမိုထိုက်တန်ပေသည်။ အသင်သည် ခေလာဖသ်ကို အန်ဆွာရ် များမှ ရယူခဲ့ပြီး တမန်တော်မြတ် နှင့် နီးကပ်စွာရှိသူ ၊ ဆွေမျိုးတော်စပ်သူ ဖြစ်သည်ဟူ၍ ၎င်းတို့နှင့် ‌အခြေတင် ပြောဆိုခဲ့သည်။ အသင် ၎င်းတို့အား ပြောသည်မှာ “ ကျွန်ုပ်သည် တမန်တော်မြတ် နှင့် အနီးကပ်ဆုံးရှိသူ ဖြစ်ပြီး ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်သည့် အတွက်ကြောင့် ခေလာဖသ်သည် ကျွန်ုပ်နှင့် ပိုမိုထိုက်တန်ပေသည်။ ၎င်းတို့သည်လည်း ထိုအတွက့်ကြောင့်ပင် ခေလာဖသ် နှင့် ဦးသျှောင်မှုကို အသင့်အား ပေးခဲ့ကြသည်။ ကျွန်ုပ် (အလီ) သည်လည်း အသင်အန်ဆွာများကို ပြောခဲ့သည့် ဂုဏ်ရည်လက္ခဏာများဖြင့် အသင့်ကို ပြန်လည် ပြောပေမည်။ (ဆိုလိုသည်မှာ တမန်တော်မြတ် နှင့် အနီးစပ်ဆုံးရှိသူ ၊ ဆွေမျိုးတော်စပ်သူ ဖြစ်ပေသည်။ ) ထို့ကြောင့် အကယ်၍ အရှင်မြတ်အား ကြောက်ရွံပါက ကျွန်ုပ်တို့နှင့် တရားမျှတစွာ နေထိုင်ပါလေ၊ ထို့အပြင် အန်ဆွာရ်များ အသင့်အတွက် လက်ခံထားသည့်အရာကို ကျွန်ုပ်အတွက် လက်ခံပါလေ ဤသို့မဟုတ်ပါက အသင်သည် မတရားမှုကို ကျူးလွန်သူ သာလျှင် ဖြစ်ပေသည်။ (44) အချို့ ကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ အလီ(အစ) သည် အဘူဘက္က်ရ် နှင့် နူးညံ့သိမ်မွေ့သော်လည်း ပြတ်သားလှသော အချေအတင် ပြောဆိုမှုများ ရှိခဲ့ပြီး စကီဖှာ ဖြစ်ရပ်ကို ချိုးဖောက်မှု နှင့် တမန်တော်မြတ်၏ အဲဟ်လေဗိုင်သ်(အစ) ၏အခွင့်အရေးကို လျစ်လျူရှုခဲ့သည့် အတွက် အဘူဘက္က်ရ် ကို ရှုတ်ချခဲ့သည်။ အဘူဘက္က်သည် အေမာမ်အလီ(အစ) ၏ ထိုစကားများကြောင့် အေမာမ်အလီ(အစ) အား တမန်တော်မြတ်၏ ကိုယယ်စားလှယ်အဖြစ် ဘိုင်အသ်သစ္စာ ခံယူလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ၎င်း၏ အပေါင်း‌အဖော်များဖြင့် ဆွေးနွေးပြီးနောက် ထိုသို့ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ (45) အလီ(အစ) ကြုံကြိုက်လာသည့် အချိန်အခါတိုင်း စကီဖှာ အဖြစ်အပျက်အပေါ် ရှုတ်ချ‌ေပြာဆိုမှုများ ရှိခဲ့ပြီး တမန်တော်မြတ်၏ ကိုယ်စားလှယ် နှင့်ပတ်သက်ပြီး မိမိ၏ ရပိုင်ခွင့် ဟက္က်ကို ထုပ်ဖော်ပြလေ့ရှိသည်။ ရှီးက်ရှကီယဟ် မိန့်ခွန်းသည် ထိုအကြောင်းအရာများကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ အေမာမ်အလီ(အစ) သည် ထိုမိန်းခွန်း၏ အစပိုင်း၌ မိန့်ဆိုသည်မှာ “ အရှင်မြတ်အား တိုင်တည် ကျိန်ဆိုပါ၏၊ အဘူကိုဟာဖဟ်၏ သား (အဘုဘက္က်ရ်) သည် ခေလာဖသ်ကို အဝတ်အစားကဲ့သို့ ဝတ်ဆင်လိုက်သည်။

من برای خلافت مانند محور آسیاب هستم
ကျွန်ု၌ရှိသော အသိပညာသည် ရေလွှမ်းမိုးခြင်းကဲ့သို့ စီးဆင်းနေသည်။ လေထဲ၌ရှိသော ငှက်များပင် ကျွန်ုပ်၏ အထွတ်အထိပ်ကို မရောက်နိုင်ပေ။ (46) 

အာယသုလ္လာဟ် ခါမေနယီး ၏ အဆိုအရ စကီဖှာ အဖြသ်အပျက် အပါအဝင် အေမာမ်အလီ(အစ)၏ ဘဝတစ်ခုလုံးတွင် ၎င်း၏ စံသတ်မှတ်ချက်မှာ အရှင်မြတ်၏ ‌ေကျနပ်နှစ်သက်မှုကို ရရှိရန် ဖြစ်သည်။ ၎င်းသည် အစ္စလာမ် သာသနာ နှင့် မွတ်စ်လင်မ်များ အကျိုးဖြစ်မည့်အရာကို ရွေးချယ်လေ့ရှိပေသည်။ (47) အခြားသော ကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ အလီ (အစ) သည် စကီဖှာ အဖြစ်အပျက် ပြီးနောက်ပိုင်း နှင့် ဟဇရသ် သေဇဲဟ်ရာ(စအ) အသက်ရှင်နေသည့် ကာလတစ်လျှောက်လုံး၌ ညအချိန်မျာူတွင် တမန်တော်မြတ်၏ သမီးတော်ကို စီးနှင်းယာဉ် ဖြင့်ခေါ်ဆောင်သွားကာ အိမ်တိုင်း နှင့် ၊ နေရာတိုင်းတွင် အကူအညီ တောင်းခံခဲ့သည်။ ထိုအခါ ပြောကြငည်မှာ “ အိုတမန်တော်မြတ်၏ သမီးတော် ၊ ကျွန်ုပ်တို့သည် အဘူဘက္က်ရ် နှင့်ဘိုင်အသ် သစ္စာခံယူပြီး ဖြစ်သည်။ အကယ်၍ အလီသာ အရင်ရောက်လာခဲ့မည် ဆိုပါက ၊ ကျွန်ုပ်တို့သည် သူ့ထံမှ သွေဖည်သွားမည် မဟုတ်ပေ။ အေမာမ်အလီ(အစ) ဖြေဆိုသည်မှာ ၊ တမန်တော်မြတ်ကို မြေမြုပ်ရသေးပဲ ခေလာဖသ် အတွက် အငြင်းပွားရမည်လော? ။” (48) အဗ္ဗ်ဒုလ်ဟိုစိုင်းန် ဇရီးန်ကူးဘ် : တမန်တော်မြတ်၏ နောက်ဆုံးအချိန်များ၌ အလီ အစ) ၏ ဟက္က် အမှန်တရားအဖြစ် လူအများသိကြသည့် ခေလာဖသ် သည် ၎င်း၏လက်မှ နှုတ်ယူခံရပြီး အခြားသူများထံ လွှဲပြောင်းပေးအပ်ခံခဲ့ရပြီး ဖှာသွေမဟ် စအ ဆုံးပါးပြီး မကြာမီတွင် အလီ(အစ) သည် လိုလားသည် ဖြစ်စေ၊ မလိုလားသည် ဖြစ်‌ေစ ဘိုက်အသ် သစ္စာခံယူခဲ့သည်။ (49)

ဖှာသွေမဟ် (စအ)) သခင်မ၏ တုံ့ပြန်မှု

ထို့အတူကြည့်ပါ : ဖှာသွေမဟ် (စအ) ၏အိမ် ဖှာသွေမဟ် (စအ) သည် စကီဖှာ အဖြသ်အပျက်ပြီးနောက် ထိုစကီဖှာ နှင့် ၎င်းမှ ရရှိလာသည့် ရလဒ်အပေါ် ဆန့်ကျင်ငြင်းဆန်ခဲ့ပြီး ယင်းအား တမန်တော်မြတ်(ဆွ)၏ အမိန့်ကို ချိုးဖောက်ကြောင်း ကြေငြာခဲ့သည်။ ဤကန့်ကွက်မှုများထဲတွင် ဟဇရသ် သေ ဖှာသွေမဟ် (စအ)သည် အလီ (အစ) ထံမှ ဘိုင်အသ် သစ္စာခံယူ စေရန် နေအိမ်ကို ဝိုင်းရံထားခြင်း နှင့်ပတ်သက်သည့် အဖြစ်အပျက်များအတွင်း ဟဇရသ် သေ ဖှာသွေမဟ် (စအ) ပြောခဲ့သည့် စကားများဖြစ်သည်။ (50) ထို့အတူ မဒီနဟ်မြို့၏ ဗလီ၌ တမန်တော်မြတ်၏ သမီးတော် ပြောခဲ့သည့် ဖဒက် မိန့်ခွန်း တို့ဖြစ်သည်။ (51) သမိုင်း၏ ဖော်ပြချက်အရ၊ ဟဇရသ်သေဖှာသွေမဟ် (စအ) သည် ဖျားနာခြင်းကြောင့် မိမိ၏ နောက်ဆုံးနေ့ရက်များကို အိပ်ရာထဲတွင် ကုန်ဆုံးစေသောအခါ၊ မိုဟာဂျီရ် နှင့် အန်ဆွာရ် များအနက်မှ အမျိုးသမီးများသည် ၎င်းထံ လာရောက်သတင်းမေးမြန်း ကြသည့်အခါ၊ စကီဖှာကို တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်များနှင့် ဆန့်ကျင်နေသည်ဟု မိန့်ဆိုကာ ယင်းအဖြစ်အပျက်သည် နောင်တစ်ချိန် အနာဂတ်တွင် အစ္စလာမ်ဘာသာကို ထိခိုက်စေမည့် အကြောင်း သတိပေးခဲ့သည်။ (52)

အရှေ့တိုင်းအမြင်၌ စကီဖှာအကြောင်း

ဟိုနရီ လာမနီစ် နှင့် တြိဂံပါဝါ၏သီအိုရီ- ဟိုနရီ လာမနီစ် (၁၈၆၂-၁၉၃၇)၊ ဘယ်လ်ဂျီယံ သီအိုရီပညာရှင် တစ်ဦးဖြစ်ပြီး ၎င်းသည် “အဘူဘက္က် ၊ အွမ္မရ် နှင့် အဘုအိုဘိုင်ဒဟ် တို့၏ တြိဂံပါဝါ ၊ The Triangle of Power; Abu Bakr, Umar and Abu Ubaydah” ဟူသော စာ‌စောင်တွင် ကြွေးကြော်ထားသည်မှာ ၊ ဤသုံးဦး၏ ဘုံရည်မှန်းချက် နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုသည် တမန်တော်မြတ်(ဆွ)၏ အသက်ရှင်နေထိုင်သည့် ကာလအတွင်း စတင်ခဲ့သည်။ ၎င်းသည် အဘူဘက္က်ရ် နှင့် အွမ္မရ် တို့၏ ခေလာဖသ် ကို တည်ထောင်ရန် စွမ်းအားကို ပေးခဲ့သည်။ အကယ်၍ အဘူအိုဘိုင်ဒဟ်သည် အွမ္မရ် အသက်ရှင်နေသည့်အချိန် မဆုံးပါးသေးပါက ၊ ၎င်းသည် အွမ္မရ် ဘက်မှ ခန့်အပ်မည့် ခလီဖှာ တစ်ဦးဖြစ်လာမည်မှာ သေချာပေသည်။ ၎င်းသည် ထိုကြွေးကြော်ချက်၌ ယုံကြည်ထားသည်မှာ အဘူဘက္က်ရ် နှင့် အွမ္မရ် တို့၏ သမီးများဖြစ်ကြသည့် အာ‌ေယရှာ နှင့် ဟဖဆ်ဆဟ် တို့သည် တမန်တော်မြတ်၏ ဇနီးမယားများဖြစ်ကြပြီး သူမတို့သည် မိမိခင်ပွန်းသည်၏ လှုပ်ရှားမှုများ နှင့် အတွေးအခေါ်များကို မိမိတို့၏ ဖခင်ထံသို့ သတင်းပေး ပို့ဆောင်ခဲ့ကြသည်။ ဤလူနှစ်ဦးသည် တမန်တော်မြတ်၏ လုပ်ဆောင်မှုများတွင် ပါဝင်စွတ်ဖက်နိုင်ခဲ့ကြသည်။ ထိာနည်းလမ်းဖြက့် ၎င်းတို့သည် အာဏာရသွားခဲ့ကြသည်။ (53) ကာယိသာနီ၏ အမြင်၊ အီတလီအရှေ့တိုင်းပညာရှင် လီယွန်ကာယိသာနီ သည် အစ္စလာမ်သမိုင်းစာအုပ်၏ နိဒါန်းအကြောင်းအရာများတွင် အဘူဘက္က်ရ် နှင့် ဗနီဟာရှင်မ် တို့အကြား ခြားနားချက်၏ အတိမ်အနက်ကို ဖော်ပြခဲ့သည်။ ထို့နောက် ၎င်းသည် တမန်တော်မြတ်(ဆွ) ဆုံးပါးပြီး နာရီအနည်းငယ် အကြာတွင် ဗနီစာအ်ဒဟ် ၏ စကီဖှာ ရှိ အန်ဆွာရ်တို့အကြားတွင် အဘူဘက္က်ရ်၏ ခေလာဖသ် ဆက်ခံမှုကို အံ့အားသင့်သွားခဲ့သည်။ က သီယာနီသည် ခေလာဖသ် အတွက် အေမာမ်အလီ(အစ) ဘက်မှ ကြွေးကြော်လာနိုင်သည့် အလားအလာကို ၊ အဘူဘက္က်ရ် မှ အန်ဆွာရ် လူထုအား မိမိသည် ကိုရိုင်းရှ်မျိုးနွယ် မှဖြစ်သည့်အတွက် တမန်တော်မြတ်၏ ကိုယ်စားလှယ်ဖြစ်ရန် အထိုက်တန်ဆုံး ဖြစ်သည် ဟူသော ‌ေရဝါယသ်ကို ငြင်းပယ်ခြင်း ဖြင့် ပြတ်ပြတ်သားသား အတည်ပြုသည်။ အဘယ်ကြောင့်ဆိုသော် ဤဆွေးနွေးမှုသည် တမန်တော်မြတ်၏ အရင်းနှီးဆုံး ဆွေမျိုးဖြစ်သည့် အလီ(အစ)၏ အရေးဆိုမှုကို အားကောင်းစေသောကြောင့် ဖြစ်သည်။ ၎င်း၏ အဆိုအရ၊ မုဟမ္မဒ် (ဆွ) သည် မိမိ၏ ကိုယ်စားလှယ် ဆက်ခံမည့်သူကို ရွေးချယ်နိုင်ခဲ့ပါက၊ ၎င်းသည် အခြားသူများထက် အဘူဘက္က်ရ် ကို ဦးစားပေး ရွေးချာ်မည် ဖြစ်သည်။ ထို့ကြောင့် ကာသီယာနီသည် အစ္စလာမ်သမိုင်း၏ နောက်ထပ် အတွဲများထဲမှ တစ်ခုတွင် သီယာနီသည် “အဘူဘက္က် ၊ အွမ္မရ် နှင့် အဘုအိုဘိုင်ဒဟ် တို့၏ တြိဂံပါဝါ ၊ The Triangle of Power; Abu Bakr, Umar and Abu Ubaydah” သီအိုရီကို ခေလာဖသ် အုပ်ချုပ်မှု နိယာမအတွက် အသင့်လျော်ဆုံး သီအိုရီအဖြစ် ဖော်ပြခဲ့သည်။ (54) ဝီလ်ဖဲရ်ဒ် မာဒ်လူးန်ဂ်၊ ၎င်းသည် တမန်တော်မြတ် ဆွ ၏ ကိုယ်စားလှယ် ဟူသော စာအုပ်တွက် ဤအကြောင်းအရာကို စူးစမ်းလေ့လာ သုံးသပ်ထားပေသည်။ ၎င်းယုံကြည်ထားသည်မှာ ၊ သမိုင်းပညာရှင် အများစု၏ ယုံကြည်ချက်နှင့် ဆန့်ကျင်ဘက်၊ စကီဖှာ ရွေးကောက်ပွဲသည် မွတ်စလင်မ်များ၏ ခလီဖှာကို ခန့်အပ်ရန် ကနဦး ဖွဲ့စည်းခဲ့ခြင်း မဟုတ်ပေ။ ခေလာဖသ် အရိုက်အရာ ရှု့ထောင့်သည် ၊ တမန်တော်မြတ်၏ ကိုယ်စားလှယ် ဆက်ခံမည့်သူအဖြစ် အစ္စလာမ့်လူ့အဖွဲ့အစည်းတွင် ရှေးရိုးမရှိသောကြောင့်၊ ထိုအန်ဆွာရ်များ၏ အတွေး၌၊ ထိုသို့စုရုံးခြင်းဖြင့် ထိုကိုယ်စားလှယ်ကို ရှာဖွေခဲ့သည်ဟု ယူဆရန် ဝေးကွာလှ ပေသည် ( ဖြစ်နိုင်ခြေ မရှိပေ)။ (55) မာဒ်လူးန်ဂ် ယုံကြည်ထားသည်မှာ : အန်ဆွာရ်များငည် တမန်တော်မြတ် ဆွ ဆုံးပါးသွားခြင်းဖြင့် ၎င်းနှင့်ပြုလုပ်ထားသော ဘိုင်အသ် သစ္စာခံယူမှုသည်လည်း ပျက်တောက်သွားကာ တမန်တော်မြတ် ဆွ တည်ဆောက်ထားသည့် နိုင်ငံရေးအသိုက်အဝန်း သည်လည်း ပြိုလဲသွားခဲ့သည် ဟူ၍ ယူဆထားကာ မဒီနဟ် မြို့၏ အရေးကိစ္စတွေကို စီမံခန့်ခွဲဖို့ အန်ဆွာက် အုပ်စု အနက်မှ ခေါင်းဆောင် တစ်ဦးကို ရွေးချယ်ဖို့ ကြိုးပမ်းခဲ့ကြသည်။ ထို့ကြောင့် မိုဟာဂျီရ်များဖြင့် မတိုင်ပင်ဘဲ စုရုံးခဲ့ကြသည်။ (56) မိုဟာဂျီရ်များသည် မဒီနဟ်တွင် နေထိုင်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိသဖြင့် ၎င်းတို့၏ နေရပ် မက္ကာမြို့သို့ ပြန်သွားကြပြီး မဒီနဟ်၌ နေလိုသူများသည် အန်ဆွာရ်၏ အုပ်ချုပ်မှုကို လက်ခံနိုင်ဖွယ်ရှိသည် ဟူ၍ အန်ဆွာရ်များက ထင်မြင်ထားကြသည်။ (57) မုဟမ္မဒ် (ဆွ) ၏ ကိုယ်စားလှယ် ဆက်ခံသူသည် အာရဗ်အားလုံး၏ အုပ်စိုးရှင်ဖြစ်ကြောင်း နှင့် ထိုသို့ခေလာဖသ်မျိုးသည် ကိုရိုင်းရှ်များ အတွက်သာ သင့်လျော်သည် ဟူ၍ အဘူဘက္က်ရ် နှင့် အွမ္မ်ရ် တို့ကသာ ဤလေးနက်သော အယူအဆကို ထုတ်ဖော်ပြသခဲ့သည်။ (58) တမန်တော်မြတ်(ဆွ) မဆုံးပါးမီတွင် အဘူဘက္က်ရ်သည် ခလီဖှာ ရာထူးကို ခံယူရန် ဆုံးဖြတ်ခဲ့ပြီး ဤအိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ၎င်း၏ အင်အားကြီးမားသော ပြိုင်ဘက်များကို ဖယ်ရှားပစ်ရန် ရည်ရွယ်ထားကြောင်း မာဒ်လူးန်ဂ် က ယုံကြည်ထားသည်။ (59) ထိုအင်အားကြီးမားသော ပြိုင်ဘက်များမှာ ၊ ကုရ်အာန်ကျမ်းတော်မြတ်၌ အခြားသော မွတ်စ်လင်မ်များထက် ရာထူးအဆင့် မြင့်မားသော တမန်တော်မုဟမ္မဒ်(ဆွ)၏ အဲဟ်လေဗိုသ်(အစ) တို့ဖြစ်သည်။ (60) စကီဖှာ အစည်းအဝေးကို ကျင်းပရာတွင် အန်ဆွာရ်များ၏ အစပြုမှုသည် အဘူဘက္က်ရ် အတွက် ထိုအရာကို အကောင်အထည်‌ေဖာ်ရန် သင့်လျော်သော အခွင့်အလမ်းကို ပေးစွမ်းခဲ့သည်။ ပထမ၌ ၎င်းသည် ထိုအုပ်စုတွင် အနိုင်ရရန် အခွင့်အလမ်းမရှိသော အမ္မ်ရ် နှင့် အဘုအိုဘိုင်ဒဟ် တို့ကို ဆက်ခံမည့် ကိုယ်စားလှယ်လောင်းများအဖြစ် တင်စားခဲ့သည်။ သို့သော် ထိုအဆိုပြုချက်သည် လေးနက်မှုမရှိခြင်းမှာ ထင်ရှားပေသည်။ လူစုလူဝေးကြားတွင် အငြင်းအခုံ ဖန်တီးရန်သာ ဖြစ်ပြီး နောက်ဆုံး၌ မိမိလိုခြင်သည့် ပန်းတိုင်ကို ရောက်ရှိစေရန်သာ ဖြစ်သည်။ (61) မာဒ်လူးန်ဂ်၏ အဆိုအရ၊ အဲဟ်လေစွန္နသ်တို့ နှင့် အနောက်တိုင်း ပညာရှင်တို့၏ သက်သေအထောက်အထားများမှာ အလီ(အစ) သည် အဘူဘက္က်ရ် နှင့် အွမ္မရ် ကဲ့သို့ အခြားသော ဆွဟာဘာများ များနှင့် နှိုင်းယှဉ်ပါက ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးသောကြောင့် ၎င်းအလှည့်မရောက်ရှိခဲ့ပေ။ ထိုအရာသည် လုံးဝ မမှန်ကန်ပေ။ အဘူဘက္က်ရ်၏ အခြား သက်သေအထောက်အထားမှာ အလီ(အစ) သည် နုတ်ဆိတ်နေခဲ့ခြင်းကြောင့် ဖြစ်သည်ဟူ၍ လာရှိထားသည်။ (62)

ရှီအာတို့၏ ရှုထောင့်မှ စကီဖှဟ် ဖြစ်ရပ်

ရှီအာများ ၏ အဆိုအရ စကီဖှာ တွင် စုရုံးခြင်း နှင့် ၎င်း၏ ရလဒ် များသည် တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်အလီ(အစ) မိမိ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည့် ၎င်း၏ ပြတ်သားသော ညွှန်ကြားချက်များ ဖြင့် ချိုးဖောက် ဆန့်ကျင်ခြင်း ဖြစ်ပေသည် ။ ရှီအာများသည် စကီဖှာ၏ တရားဝင်မှုကို ငြင်းပယ်ရန် နှင့် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ် ဆက်ခံရန်အတွက် အလီ(အ.စ.) ၏ဟက္က် ရပိုင်ခွင့်ကို သက်သေပြဖို့ရန်အတွက်၊ အဲဟ်လေသွန္နသ် ကျမ်းကိုးများ၌လည်း လာရှိထားသည့် ကုရ်အာန်ကျမ်း‌ေတာ်မြတ်မှ အာယသ်အချို့၏ အနက် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သမိုင်းဝင်ဖြစ်ရပ်များ နှင့် ထုံးတမ်းစဉ်လာများကို ကိုးကားဖော်ပြခဲ့သည်။ ၎င်းတို့အနက်မှ အရေးကြီးဆုံးမှာ ဂဒီးရ်ဖြစ်ရပ် နှင့် ၎င်းနှင့် သက်ဆိုင်သည့် ရေဝါယသ်များ ဖြစ်ပေသည်။ ရှီအာများ၏ ယုံကြည်ချက်အရ ၊ ဂဒီးရေခွမ် တွင် ၊ တမန်တော်မြတ် (ဆွ) သည်၊ အေမာမ်အလီ(အစ) အား ကိုယ်စားလှယ်အဖြစ် ဆက်ခံခြင်းကို မိမိ့ ရေစာလသ်၏ ပြီးပြည့်စုံမှု ဖြစ်သည်ဟူ၍ မွတ်စ်လင်မ်အပေါင်းအား ကြေဌာခဲ့သည်။ (63) မုဂမ္မဒ် ရေဇွာမိုဇွဖဲရ် သည်၊ အမျိုးမျိုးသော သမိုင်းဖြစ်ရပ်များနှင့် ပတ်သက်သည့် ထင်ပေါ်ကျော်ကြားသော ရေဝါယသ် ၁၇ ခုကို ဖော်ပြထားပြီး ယင်း၌ တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ) အား မိမိပြီးနောက် ဆက်ခံမည့် ကိုယ်စားလှယ်အဖြစ် အတိအလင်း သို့မဟုတ် အရိပ်အမွတ်ဖြင့် မိန့်ဆိုထားသည်။ ဆွေမျိုးသားချင်းများကို ဖိတ်ကြားသည့် ဖြစ်ရပ်၊ ဂဒီးရ် ဖြစ်ရပ်၊ သာသနာ့ညီနောင် ဖွဲ့သည့်ဖြစ်ရပ်၊ စက်ဒ်ဒုလ်အဘ်ဝါဘ် ၊ ခန်ဒက္က် နှင့် ခိုက်ဘဲရ် တိုက်ပွဲ နှင့် ခါဆွဖုလ်နအ်လ် ဟဒီးစ်၊ ဘာဘုလ်မဒီနသုလ်အီလ်မ် ဟဒီးစ်၊ ဝစီယသ် သေတမ်းစာများ နှင့် إن علیّا منّی و أنا من علیّ، و هو ولیّ کل مؤمن بعدی “ ဧကန်အမှန် အလီသည် ကျွန်ုပ်မှ ဖြစ်ပြီး ကျွန်ုပ်သည် အလီမှ ဖြစ်သည် ၊ အလီသည် ကျွန်ုပ်ပြီးနောက် မွတ်စ်လင်မ် အားလုံး၏ ဝလီ ဦးသျှောင် ဖြစ်သည်” စသည်တို့ ဖြစ်သည်။ (64) အာယသ် သေ ဝေလာယသ် ၊ အာယသ် သေ သက်သ်ွဟီးရ် ၊ အာယသ် သေ မိုဘာဟ်လဟ် တို့သည်လည်း တမန်တော်မြတ်(ဆွ) ပြီးနောက် အေမာမ်အလီ(အ.စ.)၏ ကိုယ်စားလှယ် ဆက်ခံမှုကို သက်သေပြုရန် ရှီအာဓမ္မပညာရှင်များမှ ကိုးကား ဖော်ပြထားသော ကုရ်အာန်ကျမ်းမြတ်မှ အာယသ်တော်များ ဖြစ်ပေသည်။ (65)

စကီဖှာမှ ရရှိသည့် သတင်းအချက်အလက်များ

အချို့ သုတေသီများသည်၊ တမန်တော် ကွယ်လွန်ပြီးနောက် သမိုင်းဝင် အဖြစ်အပျက်များစွာကို စကီဖှာ အဖြစ်အပျက်၏ ရလဒ်အဖြစ် မှတ်ယူကြသည်။ ၎င်းတို့အနက်မှ အချို့မှာ အောက်ပါတို့ ဖြစ်သည်။ ဟဇရသ် သေ ဖွာသွေမဟ် စအ သခင်မ၏ အိမ်သို့ အကြမ်းဖတ်ဝင်ရောက် တိုက်ခိုက်ခြင်း ၊ အဘုဘက္က်ရ်၏ ခေလာဖသ်အား လက်ခံကြသောသူများ၏ ဖော်ပြချက်အရ၊ စကီဖှာ အဖြစ်အပျက် နှင့် အချို့ ဆွာဟာဘာများ ဥပမာ အေမာမ်အလီ(အစ) သည် အဘူဘက္က်ရ်အား ဘိုင်အသ် သစွစာခံယူခြင်းမှ ရှောင်လွဲခဲ့ပြီးနောက် ၊ အေမာမ်အလီ (အစ) ဘက်မှ အဘုဘက္က်ရ်ကို ဘိုင်အသ်သစ္စာခံယူစေရန် အတွက် ဟဇရသ် သေ ဖွာသွေမဟ် စအ သခင်မ၏ အိမ်သို့ အကြမ်းဖတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ (66) ရှီအာများ၏ ယုံကြည်ချက်အရ၊ ဟဇရသ် သေ ဖွာသွေမဟ် (စအ) သခင်မသည် ထိုသို့ အကြမ်းဖတ်ဝင်ရောက် တိုက်ခိုက်ခြင်းမှ ရရှိခဲ့သည် ဒါဏ်ရာများကြောင့် ရှီဟီးဒ် ဖြစ်သွားခဲ့သည်။ (67) ဖဒက်အား မတရားသိမ်းပိုက်ခဲ့ခြင်း ၊ အချို့သမိုင်းပညာရှင်များ၏ ယုံကြည်ချက်အရ၊ စကီဖှာ အဖြစ်အပျက် ပြီးနောက် ဟဇရသ် သေ ဖွာသွေမဟ်(စအ) သခင်မ ထံမှ ဖဒက်အား မတရားသိမ်းပိုက်ခဲ့ပြီး ထိုသို့မတရား ရယူခြင်းမှာလည်း အဲဟ်လေဗိုင်သ် အစ နှင့် စီးပွားရေးဆိုင်ရာ ဆန့်ကျင်တိုက်ခိုက်ရန် ဟူသော ဦးတည်ချက်ဖြင့် ဖြစ်သည်။ ဤလုပ်ဆောင်ချက် နှစ်ခုစလုံးသည် အဘူဘက္က်ရ် ၏အုပ်ချုပ်မှု အရင်းမြစ်ကို ခိုင်မာစေပြီး တမန်တော်မြတ် (ဆွ) ၏ မိသားစုများ ဘက်မှ တိုက်ခိုက်ခြင်း နှင့် ဆန့်ကျင်ခြင်းမှ တားဆီးခဲ့စေသည်။ (68) စကီဖှာတွင် မိုနာဖီက္က် အယောင်ဆောင်များမှ ပူးပေါင်းဆောင်ရွက်ခြင်း ၊ အာယသုလ္လာဟ် ဂျဝါဒ်အာမိုလီ သည် တမန်တော်မြတ်(ဆွ) မရှိသည့်နောက် မိုနာဖီက္က်များ မရှိခြင်း အကြောင်းကို ဖွင့်ဆိုထားသည်မှာ : ထိုများပြားလှသော လူဦးရေသည် တစ်ရက်ထဲ၌ ပပျောက်သွားသည် ဆိုသည်မှာ မမှန်ကန်ပေ။ သို့မဟုတ် ၎င်းတို့အားလုံးသည် စလ်မာနေဖှာရ်စီ နှင့် အဘူဇဲရ် ကဲ့သို့ မိုအ်မင်န် သက်ဝင်ယုံကြည်သူ ဖြစ်သွားသည်မှာလည်း အလျင်းဖြစ်နိုင်ဖွယ် မရှိပေ။ ထို့ကြောင့် တစ်ခုတည်းသော တွေးတောစရာမှာ ၎င်းတို့သည် စကီဖှာကို ပြုလုပ်နေကြသည် ထို့အတွက်ကြောင့် စကီဖှာ အစည်းအဝေးပွဲ ပြီးနောက်ပိုင်း မဒီနဟ်၌ မိုနာဖီက္က်များ မရှိတော့ပေ။ (69) ကရ်ဘလာ အဖြစ်အပျက်၊ အချို့သူများ၏အဆိုအရ၊ စကီဖှာ ယတွင် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ် ဆက်ခံရေး လမ်းကြောင်းကို ပြောင်းလဲလိုက်ခြင်းကြောင့် ခလီဖှာ ရွေးချယ်ခြင်းသည် မည်သည့် ဥပဒေသနှင့်မျှ မကိုက်ညီတော့ပေ။ ထို့အတွက်ကြောင့် ၊ မွတ်စ်လင်မ် လုထု၏ ခလီဖှာသည် အန်ဆွာရ်များမှ တစ်ရက်၊ ကိုရိုင်းရှ် မျိုးနွယ်စုမှ တစ်ရက်၊ ပထမ ခလီဖှာ၏ အလိုဆန္ဒဖြင့် တစ်ရက်၊ လူခြောက်ယောက်၏ ကောင်စီဖြင့် တစ်ရက်၊ ထိုသို့ဖြင့် တစ်ရက်တွင် မိုအာဝီယာသည် မိမိ၏သား ယဇီးဒ်အတွက် ပြည်သူလုထုမှ ဘိုင်အသ် သစ္စာ ခံယူစေခဲ့သည်။ ထိုမှတစ်ဆင့် ယဇီးဒ်သည် ကရ်ဘလာ အဖြစ်အပျက်ကို ဖန်တီးသူ ဖြစ်လာခဲ့သည်။ (70) ရှီအာ ပညာရှင်ဖြစ်သူ စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် သီဟီရာနီ (ဟီဂျရီ ၁၄၂၆ ကွယ်လွန်) သည် ကာဇီ အိဗ်နေ အဘီဘက်ရ် ဗင်န် အဘီ ကရီအဟ်၏ ကဗျာကို ကောက်နုတ်ဖော်ပြပြီးနောက် အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး و اَریتکم ان الحسین اصیب فی یوم السقیفة ဟူသော ကဗျာစာပိုဒ်၌ ရှင်းလင်းဖွင့်ဆိုထားသည်မှာ ၊ “အကယ်၍ အလီ(အစ) ၏ ခေလာဖသ်ကို မလုယူခဲ့ပါက ဟရ်မလာ၏ မြှာူသည် အလီအဇ်ဂဲရ်၏ လည်ပင်းသို့ စိုက်ရောက်မည် မဟုတ်ပေ။ (71) ထို့အတူ ရှီအာ ပညာရှင် ဖြစ်သူ မုဟမ္မဒ် ဟိုစိုင်းန် ဂဲရ်ဝီ အဆ်ွဖှာဟာနီ (ဟီဂျရီ ၁၂၉၆- ၁၃၆၁) သည်လည်း အောက်ပါ ကဗျာကို ဖော်ပြခဲ့သည်မှာ ၊ فما رَماه اِذْ رَماهُ حَرمَلة و انَما رَماهُ مَن مَهَّدَ له

سَهمٌ اَتی مِن جانب السقیفة و قَوسُه عَلی یدِ الخلیفة

و ما أصاب سَهْمُهُ نَحرَ الصّبی بَل کَبدَ الدینِ و مُهجة النَبی

(72) ဘာသာပြန် ၊ မြှားပစ်လိုက်သူမှာ ဟရ်မလဟ် မဟုတ်ပေ။ သို့သော် ထိုသို့ဖြစ်လာစေသူသည် မြှားကို လွှတ်လိုက်ခြင်း ဖြသ်သည်။ စကီဖှာဘက်မှ လာသည့် မြှားတစ်စင်းသည် ခလီဖှာ၏ လက်၌ ကိုင်ထားသည့် လေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်း၏ မြှားသည် ကလေးငယ်၏ လည်ပင်းသို့ မကျရောက်ခဲ့ပေ သို့သော် သာသနာ့၏ နှလုံးသား နှင့် တမန်တော်မြတ်၏ အသက်ဇီဝိန်သို့ ကျရောက်ခဲ့သည်။ နိုက်ယီရ် သီဘ်ရီဇီ သည်လည်း ၎င်းကဗျာများတွင် ဤအချက်ကို ဖော်ပြခဲ့သည်မှာ : စကီဖှာ ကောင်စီ၏ သစ္စာခံကတိကို ပယ်ချပါက အာရှုရာ ၏ အစီအစဉ်ကိုလည်း ပယ်ချရမည် ဖြစ်သည်။ ‌ေလးသည် မဒီနဟ်မြို့မှ ‌ဖြစ်ပြီး ထိုမှမြှားသည် ကရ်ဘလာ၏ သင်္ကေတ တစ်ခု ဖြစ်လာသည်။ (73)

စကီဖှာ နှင့် လူ့အဖွဲ့အစည်း

အဲဟ်လေစွန္နသ် တို့တွင်၊ အဲဟ်ကာမ် သာသနာ့ ဥပဒေသများကို ကိုးကားကောက်နုတ်ရာ၌ အသုံးပြုသည့် ကျမ်းကိုးများအနက်မှ တစ်ခုမှာ လူ့အဖွဲ့အစည်း ဖြစ်ပြီး ယင်းအား စကီဖှာ အဖြစ်အပျက်တွင်လည်း အဘူဘက္ကရ်အား တရားဝင် ရွေးချယ်တင်မြောက်ရခြင်း၏ အကြောင်းတရား တစ်ခခုအဖြစ် ဖော်ပြခဲ့သည်။ (74) အချို့ရှီအာ သုတေသီများ၏ ယုံကြည်ချက်အရ၊ အဲဟ်လေစွန္နသ်တို့သည် အဘူဘက္က်ရ်၏ ခေလာဖသ် နှင့် အုပ်ချုပ်မှုအား တရားတော်နှင့်အညီ တရားဝင်ဖြစ်ကြောင်း ပြုလုပ်ဖို့ရန်အတွက် အွမ္မသ်လူထု၏ သဘောဆန္ဒကို အားကိုးခဲ့ပြီး သက်သေအဖြစ် ဖော်ပြခဲ့ကြသည်။ (75) ၎င်းတို့သည် အလုံးခြုံဖြစ်သော အေမာမသ် နှင့် သီးခြားဖြစ်သော အေမာမသ်တို့၌လည်း လူအများ၏ သဘောတူညီချက်၏ မှန်ကန်မှုကို သက်သေပြသည့် အများသဘောတူ ဆွေးနွေးမှုကို ဖန်တီးခဲ့ကြသည်။ (76) ဤပညာရှင်များ၏ အဆိုအရ၊ အများသဘောတူသော အယူအဆသည် စကီဖှာ ၏အဖြစ်အပျက်နှင့် အဘူဘက္ကရ် ၏ ခေလာဖသ် အတွက်တရားမျှတမှု တစ်ခုဖြစ်ပြီး အလုံးခြုံဖြစ်သော အေမာမသ် ၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြေခံမူများ ကဲ့သို့သော အခြားသွန်သင်ချက်များအတွက် ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်ပြီး ယင်းသို့ယုံကြည်ချက်အား မှန်ကန်ကြောင်း ဖော်ပြဖို့ရန်အတွက် ကြိုးစားထားခြင်း ဖြစ်သည်။ (77)

ရေးသားထားသည့် စာအုပ်များ

စကီဖှာ အဖြစ်အပျက်သည် အစ္စလာမ့်သမိုင်း ကျမ်းကိုးများ၌ ဖော်ပြထားသည်။ သာရီးခေ သွီဘ်ရီ ၊ သာရီးခေ ယအ်ကူဘီ စသဖြင့် စာအုပ်များသည် ၎င်းနှင့်ပတ်သက်ပြီး ေရးသား ဖော်ပြထားပြီး ၎င်း၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ထိုအကြောင်းအရာကို လေ့လာမှုနှင့် ခွဲခြမ်းစိတ်ဖြာမှု နှင့်အတူ ဖော်ပြထားသည်။ ထိုစာအုပ်များ အနက်မှ အချို့မှာ ၊ အလ်စကီဖှဟ် : အဘီဆွာလေဟုလ် စလီးလ် ဗင်န် အဟ်မဒ် ဗင်န် အီစာ (ဟီဂျရီ သုံးရာစု၌ အသက်ရှင် နေထိုင်ခဲ့သည်) ရေးသားထားသည်။ အလ်စကီဖှဟ် ဝါ ဘိုင်အသု အလီဘက္က်ရ် : မုဟမ္မဒ် ဗင်န် အွမ္မရ် ဝါကိဒီ (ဂီဂျရီ ၁၅၇ ကွယ်လွန်) ရေးသားထားသည်။ အလ်စကီဖှာ : အဘီမခ်နဖ် လုသ်ွ ဗင်န် ယဟ်ယာ ဗင်န် စအီးဒ် (ဟီဂျရီ ၁၅၇ ကွယ်လွန်) ရေးသားထားသည်။ စကီဖေဟ် ဝါ အိခ်သိလာဖ် ဒဲရ် သအ်ယီး နေ ခလီဖေဟ် : စဟာဘ် ဗင်န် မုဟမ္မဒ် ဇမာန် သဖ်ရရှီ ရေးသားထားပြီ ၊ အီရာန်နှစ် ၁၃၃၄ ၌ သီဟီရာန်တွင် ထုပ်ဝေခဲ့သည်။ အလ်စကီဖှဟ် : အဘီ အီစာ အလ်ဝရာက္က် မုဟမ္မဒ် ဗင်န် ဟာရူးန် ရေးသားထားသည်။ (78) အလ်စကီဖှာ : မုဟမ္မဒ် ရေဇွာ မိုဇဖဲရ်။ ဂျာနေရှီးနေ မုဟမ္မဒ် : ဝီလ်ဖဲရ်ဒ် မာဒ်လူးန်ဂ်။ စကီဖှာ : တမန်တော်မြတ် ကွယ်လွန်ပြီးနောက် အုပ်ချုပ်မှုကို မည်သို့ဖွဲ့စည်းခဲ့ကြောင်း ‌စမ်းစစ်လေ့လာထားပြီး ၊ မုရ်သဇွာ အစ်ကရီ ရေးသားထားသည်။ အလ်စကီဖှာ ဝလ် ခိလာဖဟ် : အဗ္ဗ်ဒုလ်ဖသာဟ် အဗ္ဗ်ဒုလ်မက္က်ဆူးဒ် ရေးသားထားသည်။ အလ်စကီဖှာ ဝလ် ဖဒက် : အဟ်မဒ် ဗင်န် အဗ္ဗ်ဒုလ်အဇီးဇ် ဂျောင်ဟရီ ဘဆွရီ ရေးသားထားသည်။ မုအ်သမရုလ်စကီဖှဟ် : ဒရာစသုလ် မောင်ဇုအီယဟ် လိအခ်သွဲရ် ဟာဒီစ် ဖီ သာရီးခုလ်အိစ္စလာမုလ် စီယာစီ ၊ ဘာကဲရ် ရှရီးဖ် ကိုရိုင်းရှ် ရေးသားထားသည်။

မုအ်သမရုလ်စကီဖှဟ် နဇ်ွရသုလ် ဂျဒီးဒဟ် ဖီလ် သာရီးခုလ် အိစ္စလာမ် : စိုင်ယိဒ် မုဟမ္မဒ် သီဂျာနီ စမာဝီ ရေးသားထားသည်။

နာဂိုဖ်သေဟာယီ အဇ် စကီဖေဟ် ( အကြောင်းအရင်း၊ အချက်အလက်များ နှင့် တုံ့ပြန်မှုများ) ၊ နဂျ်မုလ်ဒီးနေသွီဘ်စီ ရေးသားထားသည်။ ကဗျာ၌ စကီဖှာ အဘူဘက္က်ရ်ကို တမန်တော်မြတ် ဆွ ၏ ကိုယါစားလှယ် အဖြစ် ရွေးချယ်မှုကို ကန့်ကွက်ပြီး ဤကိစ္စတွင် အဲဟ်လေဗိုင်သ်(အစ) ၏ အခွင့်အရေးကို လျစ်လျူရှုခြင်းသည် အာရဗီ နှင့် ပါရှန် ကဗျာဆရာများ၏ ကဗျာများ ဖြစ်လာခဲ့သည်။ (79) ဤကဗျာအချို့သည် စကီဖှာ အဖြစ်အပျက်ကို တိုက်ရိုက် ရည်ညွှန်းထားသည်။ ဥပမာ ကာဇီအဘီဘက္ကရ် မှ ရေးစပ်ထားသော ကဗျာစာပိုဒ် ကဲ့သို့ ဖြစ်သည်။ يا من يسائل دائبا عن كل معضلة سخيفة لا تكشفنَّ مُغطأ فلربما كشفت جيفة

ولَرُبَّ مخبوء بدا كالطبل من تحت القطيفة ان الجواب لحاضر لكنني اخفيه خيفة

لولا اعتداء رعية القى سياستها الخليفة وسيوف اعداءٍ بها هاماتِنا اَبدا نقيّة

لَنشرتُ من اسرار آل محمّدٍ جُمَلاً طریفة

تُغنیکم عمّا رواه مالکٌ و ابوحنیفة

وأریتُکم أن الحسین أُصیب فی یوم السقیفة

ولأیِّ حالٍ لُحِّدت باللیل فاطمة الشریفة

(80) ဘာသာပြန် ၁ ။ လေးလေးနက်နက် ဇွဲလုံ့လဖြင့် ခက်ခဲရှုပ်ထွေးသော ထင်ယောင်ထင်မှား နှင့် အားနည်းချက်များ၏ ပြဿနာတိုင်းကို အဆက်မပြတ်မေးနေသူ။ ပုပ်ပွနေသော ခန္ဓာကိုယ်မှ ဖုံးအုပ်ထားသော အရာကို မဖယ်ရှားပါနှင့်။ ဘာသာပြန် (၂) ။ ကျယ်လောင်သော ဒရမ်ကဲ့သို့ တစ်စုံတစ်ခုကို ဖုံးအုပ်ထားပြီး ဝှက်ထားသည်မှာ ပါးပျဉ်းအောက်နှင့် ရင်ခွင်အောက်မှ ထင်ရှားနေပေမည်။ အမှန်တော့၊ အသင့်ရဲ့အဖြေသည် မင်းနားလည်ချင်သလို ကျွန်ုပ်နဲ့ အတူရှိနေ၏။ သို့သော် ကျွန်ုပ်သည် ကြောက်လန့်ပြီး ဤအရာကို ဖုံးကွယ်ထားခဲ့သည်။ ဘာသာပြန် (၃) ။ ခလီဖှာ အရိုက်အရာကို လွှဲပြောင်းရယူထားသော်လည်း ၎င်းသည် ဘာကိုမှ မပိုင်ဆိုင်ပေ။ ဘာသာပြန် (၅) ။ မည်သို့ပင်ဆိုစေကာမူ၊ မာလီက် နှင့် အဗ္ဗ်ဒုလ်ဟနီဖာ တို့ပြောခဲ့သည့်စကားများကို မလိုအပ်ဘဲ မုဟမ္မဒ် မိသားစု၏ လျှို့ဝှက်ချက်များမှ ရှားပါးသော အကြောင်းအရာများ နှင့် မမြင်နိုင်သောပုံပြင်များကို ပြောပြခဲ့ဖူးသည်။ ဘာသာပြန် (၆) ။ ထို့နောက် ဟိုစိုင်န် သည် စကီဖှာနေ့တွင် ဓားများအောက်၌ အပိုင်းပိုင်း ဖြစ်သွားသည်ကို ဖော်ပြနေသည်။ (81)

]