အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီးမ်

wikishia မှ

အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီးမ် ဟူသည် (စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၁၂၄) ဖြစ်ပြီး တမန်တော် အိဗ်ရာဟီး(မ် (အစ)) အား အရှင်မြတ်ဘက်မှ အကြိမ်ပေါင်းများစွာ စမ်းသပ်မှု ပြုလုပ်ပြီးနောက် အေမာမ်သ် အရိုက်အရာကို ခန့်အပ်ခြင်း အကြောင်း ဖော်ညွှန်းထားသည်။ ရှီအာ ပညာရှင်များသည် ဤအာယသ်တော်ကို အေမာမ် ဟူသည် အရှင်မြတ်ဘက်မှ ခန့်အပ်ရမည် နှင့် ထိုအေမာမ်သည် အပြစ်ကင်းစင်သူ ဖြစ်ရမည် နှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်၏ သက်သေအထောက်အထား တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီးမ် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၁၂၄) အာယသ်၏ အချက်အလက်များ အာယသ်၏ အမည် အိဗ်သိလာယေ အိဗ်ရာဟီးမ် လာရှိထားသည့် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၁၂၄ ဂျွဇ်အ် (အစောင်) ၁ အကြောင်းအရာ အချက်အလက် ကျရောက်သည့် အကြောင်းအရာ တမန်တော် အိဗ်ရာဟီး( (အစ) အား စမ်းသပ်ခြင်း ကျရောက်သည့် နေရာ မဒီနဟ် ခေါင်းစဉ် အကျင့်စာရိတ္တ အခြား အကြောင်းအရာ အပြစ်ကင်းစင်ခြင်း နှင့် အေမာမသ်အား အရှင်မြတ်ဘက်မှ ခန့်အပ်ခြင်း ရှီအာ နှင့် စွန္နီ တို့၏ သီအိုလောဂျီ ပညာရှင်များ နှင့် သဖ်စီးရ် ပညာရှင်များသည် ဤအာယသ်နှင့် ပတ်သက်ပြီး အကြောင်းအရာများစွာကို ဖော်ပြခဲ့ကြသည်။ အချို့များ သည်၊ လာရှိထားသည့် အာယသ်တော်အရ၊ “ကလမာသ်” ၏ ဆိုလိုရင်းမှာ တမန်တော် အိဗ်ရာဟီးမ်သည် တမန်တော် အီစ်မာအီလ် အား ကုရ်ဘာနီ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အိပ်မက် ဖြစ်သည်ဟု ဆိုထားသည်။ အချို့က ၎င်းအား ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် ဘာသာရေးဆိုင်ရာ တာဝန်များအားလုံးဖြင့် တမန်တော် အိဗ်ရာဟီးမ် ၏ စမ်းသပ်မှုဟု ယူဆကြသည်။ အလ္လာမဟ် သွဗာသွဗာယီး၏ အဆိုအရ၊ “ကလမာသ်” ၏ ဆိုလိုရင်းမှာ တမန်တော် အိဗ်ရာဟီးမ် နှင့် အရှင်မြတ်အကြား ထားရှိသည့် ကတိသစ္စာများ နှင့် ၎င်းနှင့် ပတ်သက်သည့် မြင့်မြတ်သော စမ်းသပ်မှုများကို ဆိုလိုသည်။ သဖ်စီးရ် ပညာရှင်များ၏ အလင်းဖွင့်ဆိုချက်များ၌ “အေမာမသ်” ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်- နိုင်ငံရေးဗျူဟာဆိုင်ရာ ခေါင်းဆောင် ၊စိတ်နှလုံး အတွင်းပိုင်းအား လမ်းညွှန်ပြသခြင်း ၊ ကမ္ဘာတစ်ခုလုံးဆိုင်ရာ အေမာမသ် အုပ်ချုပ်မှု နှင့် နဗူဝသ် တို့ဖြစ်သည်။

စာသား နှင့် ဘာသာပြန်

وَ إِذِ ابْتَلی إِبراهیمَ رَبُّه بِکلماتٍ فَأتَمَّهُنَّ قالَ إِنّی جاعِلُک لِلنّاسِ إِماماً قالَ وَمِنْ ذُرِّيَّتِي قالَ لاینالُ عَهدی الظّالِمینَ ﴿۱۲۴﴾ တမန်တော်အီဗ်ရာဟီးမ်ကို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က အမိန့်တော်များဖြင့် စမ်းသပ်တော်မူသည့်အခါ (တမန်တော်) အီဗ်ရာဟီးမ်းက ယင်းတို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ အရှင်မြတ် က “ငါအရှင်မြတ်သည် သင့်အား လူသားတို့၏အီမာမ် (ရှေ့ဆောင်ဦးစီးခေါင်းဆောင်) အဖြစ် ခန့်အပ်တော်မူ ခဲ့ပြီ။” ဟု မိန့်ဆိုသော် (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်တော်၏သားစဉ်မြေးဆက်များကိုလည်း (ရှေ့ဆောင်များ၊ ဦးစီးခေါင်းဆောင်များအဖြစ် ဖြစ်စေတော်မူပါ။)” ဟု လျှောက်တင်ခဲ့၏။ အရှင်မြတ်က “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ကတိတော်နှင့်အလှမ်းဝေး၏။” ဟု မိန့် တော်မူ၏။ (ကတိတော်၌ သူတို့မပါဝင်သည့်အတွက် ငါအရှင်မြတ်၏ဂုဏ်ပေးမှုသည် သူတို့အထိ ရောက်မည် မဟုတ်ပေ။ (၁၂၄)

“ကလမာသ်” ဟူသော ဝေါဟာရ၏ ကွဲပြားသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အာယသ် သေ အိဗ်သေလာယေ အီဗ်ရာဟီးမ် အရ၊ အရှင်မြတ်သည် တမန်တော် အီဗ်ရာဟီးမ်အား “ကလမာသ်” ဖြင့် သင်ကြားခဲ့သည်။ အလင်းဖွင့်ဆိုသူများသည် “ကလမာသ်” ဟူသော ဝေါဟာရ နှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးကို ဖော်ပြထားသည်။ (1) ၎င်းတို့မှာ - တမန်တော် အီဗ်ရာဟီးမ်(အစ))၏ သားတော် တမန်တော် အိစ်မာအီလ် အား ကုရ်ဘာနီလုပ်ရန် အိပ်မက်မက်ခြင်း၊ သန့်ရှင်းရေး သို့မဟုတ် ခန္ဓာကိုယ်ကို သန့်စင်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်း ဆယ်မျိုး၊ စူရဟ် သောင်ဗဟ်၏ အာယသ် ၁၁၂ ၊ စူရဟ် အဲဟ်ဇာဘ် အာယသ် ၃၅ နှင့် စူရဟ် မိုအ်မင်န် အာယသ် ၁ မှ ၉ အထိ တွင်ဖော်ပြထားသော ကိုယ်ကျင့်တရားသုံးဆယ်၊ ကြယ်များ၊ လနှင့် နေကိုးကွယ်သူများ နှင့်အတူ တမန်တော် အီဗ်ရာဟီးမ်၏ အခြေတင် ဆွေးနွေးပြောဆိုမှုများ၊ ၎င်းအား မီးပုံထဲသို့ ပစ်ချခြင်း၊ မွေးရပ်မြေမှ ပြောင်းရွှေ့နေထိုင်ခြင်း နှင့် မိမိ၏ သားဖြစ်သူ အီစ်မာအီးလ်အား ကုရ်ဘာနီ ပြုလုပ်ခြင်း၊ တမန်တော် အီဗ်ရာဟီးမ်အား ဉာဏ်ရည်ဉာဏ်သွေးနှင့် ဘာသာရေးဆိုင်ရာ တာဝန်ရပ်များ အားလုံးဖြင့် စမ်းသပ်ခြင်း၊ ဟဂ်ျ ဓလေ့ထုံးတမ်းများကို ပြုလုပ်ခြင်း (2) သွီဗ်ရီစီးသည် မဂ်ျမအုလ်ဘယားန် သဖ်စီးရ်၌ ၊ အာယသ်တော်တွင် လာရှိထားသည့် “ကလမာသ်” ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဖော်ပြထားသော ဖြစ်နိုင်ခြေအားလုံး ပါဝင်သည်ဟု ယုံကြည်ထားသည်။ ၎င်းသည် အာယသ်တော်၌ “ကလမာသ်” ဟူသော ဝေါဟာရ၏ ဆိုလိုရင်းမှာ “အဲဟ်လေဗိုင်သ် ငါးပါး” ဖြစ်ပြီး တမန်တော် အာဒမ်၏ ဝန်ချတောင်းပန်မှုသည် ထိုငါးပါးသခင်တို့၏ အကြောင်းခံဖြင့် အရှင်မြတ်ဘက်မှ လက်ခံခဲ့သည် ဟူသော အေမာမ်ဆွာဒီက် အစ ထံမှ လာရှိထားသည့် ရေဝါယသ်တစ်ခု ကိုလည်း ဖော်ညွှန်းထားလေသည်။ (3) အလ္လာမဟ် သွဗာသွဗာယီးသည် ကုရ်အာန်တွင် “ကလမာသ်” ၏ အဓိပ္ပါယ်ကို မဖော်ပြထားသော်လည်း၊ ၎င်းသည် အာယသ်တော်၏ ဆက်စပ်မှုမှ အနက်အဓိပ္ပါယ် ရရှိသည်မှာ - “ကလမာသ်” ဟူသော ဝေါဟာရသည် တမန်တော် အိဗ်ရာဟီးမ် သည် အရှင်မြတ်နှင့် ထားရှိထားသည့် ကတိသစ္စာများ ၊ ၎င်းစမ်းသပ်ခံခဲ့ရသည့် အရာအားလုံး ဥပမာ ကြယ် ဖြစ်စဉ်များ၊ ရုပ်တုများ၊ ရွှေ့ပြောင်းနေထိုင်မှု နှင့် မိမိ၏ကလေးအား ကုရ်ဘာနီ ပြုလုပ်ခြင်း စသည်တို့ ဖြစ်သည်။ (4) ၎င်း၏ အမြင်၌၊ လုပ်ဆောင်ချက်(فَاتَمّهنّ) ၌ ပြုလုပ်သူသည် အိဗ်ရာဟီးမ် ဖြစ်ပါက “ကလမာသ်အား အဆုံးသပ်လိုက်ခြင်း (فَاتَمّهنّ) " ၏ ဆိုလိုရင်းမှာ ၊ တမန်တော် အိဗ်ရာဟီးမ်သည် အရှင်မြတ် အလိုရှိတော်မူသည့် အရာများအားလုံးကို လုပ်ဆောင်ခဲ့သည် ဟူ၍ ဖြစ်သည်။ အကယ်၍ လုပ်ဆောင်ချက်(فَاتَمّهنّ) ၌ ပြုလုပ်သူသည် အရှင်မြတ် ဖြစ်ပါက ၊ အာယသ်၏ အပြင်ပိုင်းသည် ထိုသို့ပင် ဖြစ်ပြီး ထိုအခါ “ကလမာသ်အား အဆုံးသပ်လိုက်ခြင်း (فَاتَمّهنّ) " ၏ ဆိုလိုရင်းမှာ ၊ အရှင်မြတ်သည် တမန်တော် အိဗ်ရာဟီးမ် ကောင်းချီးပေးကာ စမ်းသပ်မှုများ အောင်မြင်ရန် ကူညီပေးခဲ့သည် ဟူ၍ ဖြစ်သည်။ (5)

အိဗ်ရာဟီးမ်၏ အေမာမသ် (ရှေ့ဆောင် ဦးစီးခေါင်းဆောင်) ၏ဆိုလိုရင်းမှာ အဘယ်နည်း?

“အေမာမ်” ဟူသော ဝေါဟာရသည် အမျိုးမျိုး အနက်အဓိပ္ပါယ် ဖွင့်ဆိုကြသော ဝေါဟာရများ အနက်မှ ဖြစ်သည်။ ၎င်းတို့မှာ _ ရှီးခ်သူစီသည် အလ်သွီဘ်ယားန် သဖ်စီးရ်၌၊ ဤအာယသ်တွင် လာရှိထားသည့် အေမာမ်အား ၊ ဝေလာယသ် (လမ်းညွှန်မှု) နှင့် နိုင်ငံရေးခေါင်းဆောင်မှုကို ဆိုလိုသည်။ ၎င်းသည် ဝေလာယသ် (လမ်းညွှန်မှု) နှင့် နိုင်ငံရေးခေါင်းဆောင်မှုကို နဗူဝသ် နှင့် ရေစာလသ် တို့မှ ဆက်းသက်လာသည် ဟူ၍ မသတ်မှတ်ပေ။ ထို့အတွက်ကြောင့်၊ တမန်တော်များ အားလုံးသည် နဗူဝသ် အရိုက်အရာ ရှိသော်လည်း ဝေလာသ် အရိုက်အရာ မရှိကြပေ။ သို့သော် ၎င်းတို့ အနက်မှ အချို့သော တမန်တော်များသည် ထိုအရိုက်အရာနှင့် ထိုက်တန်ပေသည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (6) အလ္လာမဟ် သွဗာသွဗာယီး၏ ရှုထောင့်အရ၊ အေမာမ် ဟူသည် ၎င်း၏ အပြောအဆို နှင့် အပြုအမူကို လူသားများမှ နာခံ လိုက်နာသော သူများဖြစ်သည်။ ဤအာယသ်၌ လာရှိထားသည့် အေမာမသ်၏ ဆိုလိုရင်းမှာ ၊ အတွင်းပိုင်းဆိုင်ရာ ဝေလာယသ် ((လမ်းညွှန်မှု) ရှိခြင်း ဖြစ်သည်။ ထိုသို့ အဆင့်မျိုးသည် ၊ ကြိုးစားရုန်းကန်မှု များစွာပြီးနောက် လက်ဝယ်ရရှိလာမည့် အောင်မြင်သည့် အထူးဖြစ်တည်မှု ၊ ပြီးပြည့်စုံမှု နှင့် မအ်နဝီ (နာမ်) ပိုင်းဆိုင်ရာ အဆင့်များရှိရန် လိုအပ်ပေသော အနေအထားတစ်ခု ဖြစ်သည်။ (7) ဟီဂျရီ သုံးရာစု ၊ အဲဟ်လေစွန္နသ်တို့၏ သဖ်စီးရ် ပညာရှင် ဖြစ်သူ သွီဗ်ရီစီး သည် ၊ “အေမာမသ်” ကို အိဗ်ရာဟီးမ်၏ တစ်ကမ္ဘာလုံးဆိုင်ရာ အေမာမသ် အုပ်ချုပ်မှု ဟူ၍ ဖွင့်ဆိုထားသည်။ ၎င်း၏ ယုံကြည်ချက်အရ၊ ဤအာယသ်တော်ကို အခြေခံ၍ ၊ တမန်တော် အိဗ်ရာဟီးမ်သည် ၎င်း ခေတ်ကာလ၏ မအမာမ် ဖြစ်ပြီး အခြားသော ခေတ်ကာလများ နှင့် တမန်တော်များ အားလုံး၏ အေမာမ်လည်း ဖြစ်သည်။ ထို့အပြင် အရှင်မြတ်တစ်ပါးတည်း ဖြစ်ကြောင်း လက်ခံသူများ အားလုံးသည်လည်း ၎င်းမှ လိုက်နာနာခံရမည် ဖြစ်သည်။ (8) အဲဟ်လေစွန္နသ်တို့၏ သဖ်စီးရ် ပညာရှင်တစ်ဦးဖြစ်သူ ဖခ်ရ် ရာဇီသည် ၊ အေမာမသ်ကို နဗူဝသ် ဖြစ်သည်ဟူ၍ ဖွင့်ဆိုထားသည်။ (9) ဂျအ်ဖဲရ် စုဗ်ဟာနီသည်လည်း ၊ အာယသ်တော်၌ လာရှိထားသည့် အေမာမသ် အရိုက်အရာ၏ ဆိုလိုရင်းမှာ ၊ တမန်တော် အိဗ်ရာဟီးမ် သည် အဖက်ဖက်၌ စံနမူနာဖြစ်ကြောင်း ဖော်ညွှန်းထားခြင်း ဖြစ်သည် ဟူ၍ ယုံကြည်ထားသည်။ ၎င်း၏ အမြင်၌၊ ထိုအရိုအရာအား သဲရ်ကေအူလာ မလုပ်မိသူများကို ပေးအပ် ပေသည်။ ၎င်းဆိုထားသည်မှာ ၊ ထိုအရိုက်အရာသည် အပြစ်ကက်းစင်ခြင်း အရိုက်အရာထက် ပိုမိုသာလွန်မြင့်မြတ်မှုရှိပြီး အချို့သော တမန်တော်များသာ ထိုသို့သော အရိုက်အရာ၌ ရှိပေသည်။ (10)

အေမာမ်၏ အပြစ်ကင်းစင်ခြင်းအပေါ် အာယသ်တော်၏ သက်သေပြုမှု

ရှီအာ အိုလမာ ပညာရှင်ကြီးများသည် «لاینالُ عَهدی الظّالِمینَ» “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ ကတိတော်နှင့်ဘအလှမ်းဝေး၏။” ဟူသော စကားစုအား ထောက်ထားခြင်းအားဖြင့်၊ အေမာမ် ဟူသည် အပြစ်ကင်းစင်သူ ဖြစ်ရမည် ဟူ၍ နိဂုံးထုပ်နုတ်ထားသည်။ (11) ၎င်းတို့သည် ထိုအာယသ်တော်အရ၊ အေမာမ်သည် မအ်စူမ် ဖြစ်ကိုဖြစ်ရပြီး မည့်သည့် အပြစ်ငရဲကိုမှ မကျူးလွန်ဘဲ မတရားမှု၊ ညှဉ်းပန်းနှိပ်စက်မှု အလျင်းမရှိပေ ဟူ၍ ယုံကြည်ထားကြသည်။ အဘယ်‌ေကြာင့်ဆို‌ေသာ် တမန်တော် အိဗ်ရာဟီးမ်၏ သားသမီးများသည် ဤကဲ့သို့မဟုတ်ကြပေ။ အရှင်မြတ်သည် ဤအာယသ်တော်ဖြင့်၊ ၎င်းသားသမီးများ၏ အေမာမသ်အတွက် တောင်းဆိုမှုကို လက်မခံခဲ့ပေ။ (12)

ရှီအာအိုလမာ ပညာရှင်မျာ၏ ရှုထောင့်အပေါ် ဓစာဓကပြုခြင်း

အချို့က ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို စောဓက ပြုလုပ်ကြသည်မှာ ၊ ဇွာလင်မ် ညှဉ်းပန်းနှိပ်စက်သူ ဆိုသည်မှာ ကြီးစွာသော အပြစ်ကိုကျူးလွန်ပြီး မိမိ၏ အပြစ်အတွက် နောင်တမရသူ ဖြစ်သည်။ ထို့ကြောင့် ၊ သောင်ဗဟ် ဝန်ချတောင်းပန်သော အပြစ်သားများကို ဇွာလင်မ် ညှဉ်းပန်းနှိပ်စက်သူ ဟူ၍ ခေါ်ဆို၍မရပေ။ နိဂုံးမှာ ၊ ဤအာယသ်သည် အေမာမ်သည် အပြစ်ကင်းစင်ရမည် ဟူသော အချက်အပေါ် သက်သေမပြုပေ။ (13)

ရှီအာအိုလမာများ၏ ဖြေဆိုမှု

ရှီးခ်သူစီ နှင့် ဖက်ဇ်ွလ် ဗင်န် ဟစန် သွီဗ်ရိစီ တို့သည် ထိုစောဓကကို ဖြေဆိုထားသည်မှာ၊ «لاینالُ عَهدی الظّالِمینَ» “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ ကတိတော်နှင့် အလှမ်းဝေး၏။” ဟူသော စကားစု၌ လာရှိထားသည့် အငြင်းဝါကျသည် “အကြွင်းမဲ့ အငြင်းဝါကျ” ဖြစ်သည်။ ဆိုလိုသည်မှာ ၊ မည်သည့် အချိန်ကာလတိုင်း၌ မည်သို့ဇွာလင်မ် ညှဉ်းပန်းနှိပ်စက်သူတိုင်း မဆို အကျုံးဝင် သက်ရောက်မှု ရှိပေသည်။ ထို့ကြောင့် အာယသ်တော်၏ ဥပဒေသသည် ဇွာလင်မ် ညှဉ်းပန်းနှိပ်စက်သူ ဖြစ်ခဲ့‌ေသာ်လည်း နောင်တရကာ သောင်ဗဟ် ဝန်ချတောင်းပန်သူ အတွက်လည်း အကျုံးဝင် သက်ရောက်မှု ရှိသည် ဟူ၍ မပြောနိုင်ပေ။ ၎င်း၏အဆိုအရ၊ ထိုအကြောင်းအရာကို ဂရုပြုခြင်းအားဖြင့် ၊ ထိုသို့သော်သူကို အာယသ်၏ ဆိုလိုရင်းမှ ဖယ်ထုပ်ဖို့ရန် အတွက် ၊ အခြားသော အကြောင်းပြချက် (သက်သေ) ) တစ်ခု လိုပေသည်။ သို့သော် ထိုသို့ အကြောင်းပြချက် ((သက်သေ)) အား မဖော်ပြထားပေ။ (14) အလ္လာမဟ်သွဗာသွဗာယီး သည်လည်း ဤစောဓကကို ဖြေဆိုထားသည်မှာ ၊ တမန်တော် အိဗ်ရာဟီးမ်သည် မိမိ၏ မတရား ညှဉ်းပန်းနှိပ်စက်မှုမှ နောင်တမရ သောင်‌ဗာဟ် ဝန်ချတောင်းပန်ခြင်း မရှိသူအတွက် အေမာမသ် အရိုက်အရာအား အရှင်မြတ်ထံမှ မတောင်းဆိုခဲ့ပေ။ ထို့အတွက်ကြောင့်၊ ၎င်း၏ တောင်းဆိုမှုသည် မတရား ညှဉ်းပန်းနှိပ်စက်မှု အလျင်းမရှိသူ အတွက်ဖြစ်မည် သို့မဟုတ် မိမိ၏ မတရား ညှဉ်းပန်းနှိပ်စက်မှုမှ နောင်တရကာ သောင်ဗဟ်ပြုလုပ်ခဲ့သူ အတွက် အေမာမသ် အရိုက်အရာအား တောင်းဆိုခဲ့ခြင်း ဖြစ်ပေမည်။ (15) သို့သော်၊ တမန်တော် အိဗ်ရာဟီးမ်၏ သားသမီးများသည် ညှဉ်းပန်းနှိပ်စက်သူ ၊ ရက်စက်သူများ ဖြစ်သည့်အတွက် ဤတောင်းဆိုချက်ကို အရှင်မြတ်ဘက်မှ ငြင်းပယ်သောကြောင့် ၊ အာယသ်တော်၏ ဥပဒေသ (အေမာမသ်အား ငြင်းပယ်ခြင်း) သည် မတရား ညှဉ်းပန်းနှိပ်စက်သူ ဖြစ်ခဲ့ပြီး နောင်တရကာ သောင်‌ဗဟ် ဝန်ချတောင်းပန်သူ အတွက်လည်း အကျုံးဝင် သက်ရောက်မှု ရှိပေသည်။ (ဆိုလိုသည်မှာ မတရား ညှဉ်းပန်းနှိပ်စက်သူ ဖြစ်ခဲ့ပြီး နောင်တရကာ သောင်‌ဗဟ် ဝန်ချတောင်းပန်သူ အတွက်လည်း အေမာမသ် အရိုက်အရာ မရှိပေ။ ) (16)