အေမာမ်မူစာကာဇွင်မ် အလိုင်းဟိစ္စလာမ်

wikishia မှ

မူစာ ဗင်န် ဂျအ်ဖဲရ် ( ၁၂၇ သို့မဟုတ် ၁၂၈-၁၈၃ ဟီဂျရီ) သည် အေမာမ် မူစာကာဇွင်မ် ဟဟူ၍ ထင်ပေါ်ကျော်ကြားကာ ဂုဏ်ပုဒ်မှာ ကာဇွင်မ် နှင့် ဘာဘွလ်ဟဝါအိဂ်ျ ဖြစ်ပြီး ရှီအဟ်များ၏ ၁၂ ပါးအေမာမ်များ အနက်မှ ခုနှစ်ပါးမြောက် အေမာမ် ဖြစ်သည်။ ၎င်းသည် ဟီဂျရီ ၁၂၈ ခုနှစ်တွင် အမဝီယားန် မင်းများကို ဆန့်ကျင်ပုန်ကန်ကြသော အဘူမွတ်စ်လင်မ် ခိုရာစာနီ နှင့် ဒါအီဗနီအဘ္ဘာစ် တို၏ တော်လှန်ရေး ပြုလုပ်သည့် အချိန်၌ မွေးဖွားလာခဲ့သည်။ ထိုနောက် ဟီဂျရီ၁၄၈ ခုနှစ် ၎င်း၏ ဖခင် အေမာမ်ဆွာဒီက်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမသ် ရာထူးသို့ ရောက်ရှိခဲ့သည်။ ၎င်း အေမာမသ်၏ ၃၅ နှစ်တာ ကာလ သည် အဘာစီမင်းများ ဖြစ်ကြသော မန်ဆူးရ် ၊ ဟာဒီ ၊ မဟ်ဒီ နှင့် ဟာရှုးန် တို အုပ်ချုပ်သည့် ကာလ ၌ ရှိနေပေသည်။ မဲဟ်ဒီ နှင့် ဟာရူးန် အဘ္ဘာစီ မင်းတို သည်အေမာမ်မူစာ ကာဇွင်မ်(အစ) အား အကြိမ်ကြိမ် အကျဉ်းချခဲ့ကြသည်။ ၎င်းနောက် အေမာမသ် သည် ၎င်း၏ သားဖြစ်သူ အလီ ဗင်န် မူစာ (အစ) သို့ ရောက်ရှိခဲ့သည်။

အေမာမ်ကာဇွင်မ်(အစ) ၏ အေမာမ်သ် ခေတ်ကာလသည် အဘ္ဘာစီယားန် မင်းများ၏ စိုးမိုးအုပ်ချုပ်သည့် ခေတ်ကာလ၌ ဖြစ်ပြီး အေမာမ်သည် ၎င်းတို စိုးမိုးအုပ်ချုပ်သည့်ခေတ်ကာလ၌ သကီယဟ် ဖြင့် နေထိုင်ခဲ့ပြီး ရှီအဟ် နောက်လိုက်သားများကိုလည်း ထိုသို့နေထိုင်ရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် ခုနှစ်ပါးမြောက် အေမာမ်၏ ရှီအဟ် နောက်လိုက်သားသည် အဘ္ဘာစီမင်းများ ကို တော်လှန်ပုန်ကန်သည့် အလဝီကေမာမ်များ ဥပမာ ရှဟီးဒ်ဖက်ခ် ကဲ့သို့သော ကေယာမ် များ မရှိခဲ့ပေ။ ထိုအတွက်ကြောင့်ပင် အေမာမ်ကာဇွင်မ် (အစ) သည် အဘွဘာစီ မင်းများနှင့် မိုနာဇေရဟ်( စကားအချေအတင် ဆွေးနွေးမှုများ) နှင့် အပြန်အလှန် အမေးအဖြေ ပြောဆိုမှုများတွင် သကီယဟ် အနေဖြင့် အဘ္ဘာစီမင်းများ၏ ခေလာဖသ် ကို တရားဝင်ဖြစ်သည့် ပုံစံမျိုး ဖြစ်အောင်ကြိုးစား ပြောဆိုခဲ့သည်။ အေမာမ်မူစာကာဇွင်မ် (အစ) နှင့် အချို့သော ဂျူး နှင့် ခရစ်ယာန် ပညာရှင်များ၏ မိုနာဇေရဟ် စကားအချေအတင် ဆွေးနွေးမှုများ နှင့် အပြန်အလှန် အမေးအဖြေ ပြောဆိုမှုများပြုလုပ်ခြင်း နှင့် ၎င်းတို၏ မေးခွန်းများကို တုံပြန်ခြင်း တို့ကို သမိုင်းဆိုင်ရာ ကျမ်းကိုးများ နှင့် ဟဒီးစ်တော်များ၌ ဖော်ပြထားသည်။ မွစ်နဒွလ်အိမာမွလ်ကာဇွင်မ် စာအုပ်၌ အေမာမ်ကာဇွင်မ်(အစ) ထံမှ ဟဒီးစ်ပေါင်း သုံးထောင်ကျော်ကို စုဆောင်းထားပြီး ၎င်းတိုအနက်မှ အချို့ ဟဒီးစ်တော်များကို အဆ်ွဟာဘ် များက ရေဝါယသ် အဖြစ် စုစည်းတင်ပြထားသည်။ အေမာမ်ကာဇွင်မ်(အစ) သည် ရှီအဟ် နောက်လိုက်သားများနှင့် အဆက်အသွယ် ပြုလုပ်ဖို့ရန် အတွက် ကိုယ်စားလှယ်တော်များ စည်းရုံးရေးအဖွဲအစည်းကို တိုးချဲ့ခဲ့ပြီး ဒေသအသီးသီးတွင် ၀ကီးလ် ကိုယ်စားလှယ်တော်များကို များအဖြစ် ခန့်အပ်ခဲ့သည်။အခြားတစ်ဖက်၌ အေမာမ်ကာဇွင်မ်(အစ) အသက်ရှင်နေထိုင်သည့် ကလာ၌ပင် ရှီအာတို့ အကြား ကွဲပြားမှုများ ဖြစ်လာကာ အီမာအီလီယဟ်ဂိုဏ်း ၊ ဖက်သ်ွဟီယဟ်ဂိုဏ်း ၊ နာဝူးစီယဟ်ဂိုဏ်း တို့သည် အေမာမ်ကာဇွင်မ်(အစ) ၏ အေမာမသ် အစပြုသည့် အချိန်၌ပေါ်ပေါက်လာပြီး ဝါကီဖီယဟ်ဂိုဏ်းသည် ၎င်း ရှဟီးဒ် ဖြစ်ပြီးနောက် ပေါ်ပေါက်လာခဲ့သည်။ ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ အေမာမ်ကာဇွင်မ်(အစ) ၏ ပညာရှိခြင်း ၊ အေဘာဒသ် ပြုလုပ်ခြင်း ၊ ခန္နီသည်းခံတရားရှိခြင်း၊ နှင့် ပေးကမ်းစွန့်ကြဲခြင်း တို့ကို ဖော်ပြပေးထားပြီး ၎င်းအား ကာဇွင်မ် နှင့် အဘ်ဒ်ဆွာလေဟ် ဟူသော ဂုဏ်ပုဒ်အား ပေးခဲ့ကြသည်။ အဲဟ်လေစွန္နသ်၏ အကြီးအကဲ ပုဂ္ဂိုလ်များသည် ရှီအာတို့၏ ခုနှစ်ပါးမြောက် အေမာမ်ဖြစ်သူ အေမာမ်ကာဇွင်မ်(အစ) အား ဓမ္မ သာသနာ့ ပညာရှင် အဖြစ် အရိုအသေ ပေးကြပြီး ရှီအာများကဲ့သို့ ၎င်းထံ ဇေယာရသ် သွားရောက် ပြုလုပ်ကြသည်။ အေမာမ်ကာဇွင်မ်(အစ) နှင့် ၎င်း၏ မြေးဖြစ်သူ အေမာမ်ဂျဝါဒ်(အစ) တို၏ ဟရမ် ဗိမာန်တော်သည် ဘဂ္ဂဒက်မြို့၏ မြောက်ဘက်ရှိ ကာဇွင်မိုင်းန် ဟုခေါ်သော ဒေသ၌ ရှိပြီး ဟရမ်မေကာဇွင်မိုင်းန် ဟုကျော်ကြားကာ မွတ်စ်လင်မ် များ အထူးသဖြင့် ရှီအာများ၏ ဇေယာရသ် ပြုလုပ်ရာ ဌာနဖြစ်သည်။

အေမာမ်ကာဇွင်မ်(အစ) ၏ အတ္ထုပတ္တိ

အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ်(အစ)သည် ဇီလ်ဟဂ်ျလ ၊ ဟီဂျရီ ၁၂၇ (1) သို့မဟုတ် ဆွဖဲရ်လ ၇ ရက်နေ့ ၊ ဟီဂျရီ ၁၂၇ (2) ၌ အေမာမ်ဆွာဒီက်(အစ) နှင့် ၎င်း၏ ဇနီး ဟမီဒဟ် တို ဟဂ်ျ မှပြန်လာသည့်အချိန် အဘ်ဝါ ဟုခေါ်သော နေရာဒေသ၌ မွေးဖွားခဲ့သည်။ (3) ၎င်းအား ဟီဂျရီ ကမရီ ၁၂၉ ခုနှစ် မဒီနာ ၌ မွေးဖွားခဲ့သည် ဟူ၍လည်း ဖော်ပြထားသည်။ (4) အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံပြက္ခဒိန်တွင် ခုနှစ်ပါးမြောက် အေမာမ် ၏ မွေးဖွားခြင်းကို ဇီလ်ဟဂ်ျ လ ၏ ၂၀ ရက်နေ့ ဟု မှတ်တမ်းတင်ထားသည်။ (5) အချို့ ကျမ်းကိုးများ၌ အေမာမ်ဆွာဒီက်(အစ) သည် ၎င်းအား အလွန်ချစ်မြတ်နိုးသည်ဟု ဖော်ပြထားသည်။ (6) အဟ်မဒ် ဘရ်ကီ၏ ရေဝါယသ်အရ အေမာမ်ဆွာဒီက်(အစ) သည်မိမိ၏သားဖြစ်သူ အေမာမ်ကာဇွင်မ်(အစ) မွေးဖွားလာသည့်အခါ သုံးရက် တိုင်တိုင် အစားအစာ ပေးကမ်းခဲ့သည် ဟုလာရှိထားသည်။ (7)

အေမာမ်ကာဇွင်မ်(အစ) ၏ ဂုဏ်ပုဒ် များ နှင့် အစွဲပြုခေါ်ဆိုသော အမည်များ မူစာ ဗင်န် ဂျအ်ဖဲရ် ဗင်န် မိုဟမ္မဒ် ဗင်န် အလီ ဗင်န် ဟိုစိုင်းန် ဗင်န် အလီ ဗင်န် အဘီသွာလီဘ် ၏ မျိုးရိုးသည် ကြားခံလူလေးယောက်မှတဆင့် အေမာမ်အလီ (အစ) သို့ ရောက်ရှိသည်။ ၎င်း၏ ဖခင်မှာ ရှီအာများ၏ ခြောက်ပါး‌ေမြာက် အေမာမ်ဖြစ်သူ အေမာမ်ဆွာဒီက်(အစ) ဖြစ်ပြီး ၎င်း၏ မိခင်မှာ ဟမီဒဟ် ဘရ်ဘကီယဟ် ဖြစ်သည်။ (8) အေမာမ်ကာဇွင်မ်(အစ) ၏ အစွဲပြုခေါ်ဆိုသော အမည်များကို အဘူအီဗ်ရာဟီးမ် ၊ အဘွလ်ဟစန် အောင်၀လ် ၊ အဘွလ်ဟစန် မာဇွီ နှင့် အဘူအလီ ဟူ၍ ဖော်ပြထားသည်။ ၎င်းအား အခြားသူများ၏ ရိုင်းစိုင်းသော အပြုအမူအပေါ် မိမိ၏ အမြတ်ဒေါသကို ထိန်းချုပ်ထားသော ကာဇွင်မ် ဟု ခေါ်ဆိုပြီး (9) အေဘာဒသ် အမြောက်အများ ပြုလုပ်သောကြောင့် အဘ်ဒ်ဆွာလေဟ် ဟူသော ဂုဏ်ပုဒ် ဖြင့် ခေါ်ဆိုကြသည်။ (10) ဘာဘွလ်ဟဝါအီဂ်ျ ဟူသော ဂုဏ်ပုဒ် သည်လည်း ၎င်း၏ ပုဏ်ပုဒ် ဖြစ်သည်။ (11) မဒီနာရှိ ပြည်သူလူထုသည် ၎င်းအား زَیْنُ المُجتَهدین ကြိုးစားအားထုတ်သောသူတို၏ အလှတရား ဟုခေါ်ဆိုကြသည်။ (12) အေမာမ် မူစာ ဗင်န် ဂျအ်ဖဲရ်(အစ) သည် အမဝီယားန် မင်းများ မှ အဘ္ဘာစီယားန် မင်းများ သို့ အာဏာလွှပြောင်းစဉ် ကာလတွင် မွေးဖွားခဲ့သည်။ ၎င်းလေးနှစ် အရွယ်တွင် ပထမဦးဆုံး အဘ္ဘာစီမင်း အာဏာရလာသည်။ အေမာမ်ကာဇွင်မ်(အစ) ၏ ဘဝနှင့်ပတ်သက်ပြီး ငယ်ရွယ်စဉ်၌ မဒီနာမြို့တွင် ပညာရှင်ကြီးများနှင့် အတူ စကားဆွေးပြောဆိုခြင်းမှအပသတင်းအချက်အလက်များစွာ မရှိပေ ဥပမာ အဘူဟနဖီယဟ် နှင့် ပြောဆိုခြင်း ၊ (13) အခြား သာသနာမှ ပညာရှင်များနှင့် ပြောဆိုခြင်း (14) တို့ဖြစ်သည်။ မနာကီဘ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ် တစ်ခုအရ အေမာမ်ကာဇွင်မ်(အစ) သည် ဆီးရီးယား ရွာတစ်ရွာသို့ အမည်မသိ ပုံစံဖြင့် ဝင်ရောက်ကာ ထိုနေရာတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် စကားစမြည်ပြောဆိုခဲ့ရာ ထိုဘုန်းတော်ကြီးနှင့် ၎င်း၏ အပေါင်းအဖော်များသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာခဲ့ကြသည်။ (15) ထို့အတူ ဟဂ်ျ သို့မဟုတ် အွမ်ရာ ပြုလုပ်ဖို့ရန် အတွက် အေမာမ်ကာဇွင်မ်(အစ) ၏ မက္ကာသို့ သွားရောက်သည့် ခရီးစဉ်များအကြောင်း ဖော်ပြထားသည့် အဆိုများလည်း ရှိပေသည်။ (16) အဘ္ဘာစီ မင်းများသည် အေမာမ်ကာဇွင်မ်(အစ) အား ဘဂ္ဂဒက်မြို့သို့ အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ခဲ့သည်။ ဤကိစ္စများမှလွဲ၍ အေမာမ်ကာဇွင်မ်(အစ) သည် များသောအားဖြင့် မဒီနာမြို့ ၌ နေထိုင်ခဲ့သည်။

ဇနီးများ နှင့် သားသမီးများ အေမာမ်ကာဇွင်မ်(အစ) ၏ ဇနီးများ၏ အရေအတွက်မှာ တိတိကျကျ မရှိပေ။ ထိုဇနီးများ အနက်မှ ပထမဦးဆုံး ၎င်း၏ ဇနီးမှာ အေမာမ်ရေဿွာ(အစ) ၏ မခင်ဖြစ်သူ နက်ဂ်ျမဟ် ပင် ဖြစ်သည်။ (29) ၎င်း၏ သားသမီးများနှင့် ပတ်သက်ပြီး သမိုင်း ကျမ်းကိုးများ၌ ကွဲပြားသော အဆိုများ လာရှိထားသည်။ ရှီးခ်မိုဖီးဒ်၏ အဆိုအရ အေမာမ်ကာဇွင်မ်(အစ) ၌ သားသမီး ၃၇ ယောက် (သား ၁၈ ယောက် နှင့် သမီး ၁၉ ) ရှိသည် ဟယ၍ လာရှိထားသည်။ အေမာမ်ရေသွာ(အစ) ၊ အီဗ်ရာဟီးမ် ၊ ရှာဟ်ချေရာက္က် ၊ ဟမ်ဇဟ် ၊ အီစ်ဟာက္က် တို့သည် ၎င်း၏ သားများ ဖြစ်ကြပြီး ဖွာသွေမဟ် မအ်စူမဟ် နှင့် ဟကီးမဟ် တို့သည် ၎င်း၏ သမီးများ ဖြစ်ကြသည်။ (30) အေမာမ်ကာဇွင်မ်(အစ) ၏ မြေးများသည် စာဒါသေမူစဝီ (မူစဝီ စိုင်ယိဒ်များ) ဟူ၍ ကျော်ကြားကြသည်။ (31)

အေမာသ်ခေတ်ကာလ

အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ်(အစ) သည် ဟီဂျရီ၁၄၈ ခုနှစ်၌ အေမာမ်ဆွာဒီက်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ၎င်း၏ အသက် ၂၀ အရွယ်၌ အေမာမသ် သို့ ရောက်ရှိခဲ့သည်။ (32) ၎င်း ခေလာဖသ် ပြုလုပ်သည့် အချိန်ကာလသည် ဗနီအဘ္ဘာစ် မှ ခလီဖာ လေးဦးအုပ်ချုပ်သည့် ခေတ်ကာလနှင့် တစ်ချိန်တည်း ဖြစ်ပေသည်။ (33) ၎င်း၏ ဆယ်နှစ်နီးပါး အေမာမသ် ကာလသည် မန်ဆူးရ်အဘ္ဘာစီမင်း ၏ ခေလာဖသ် အုပ်ချုပ်သည့် ခေတ်ကာလ၌ ရှိခဲသည်(ဟီဂျရီ၂၃၆ -၁၅၈ အုပ်ချုပ်ခဲ့သည်) ၊ ၎င်း၏ ၁၁ နှစ် အေမာမသ် ကာလသည် မဲဟ်ဒီအဘ္ဘာစ်မင်း ၏ ခေလာဖသ် အုပ်ချုပ်သည့် ခေတ်ကာလ၌ ရှိခဲသည်(ဟီဂျရီ ၁၅၈ - ၁၆၉ အုပ်ချုပ်ခဲ့သည်) ၎င်း၏ တစ်နှစ် အေမာမသ် ကာလသည် ဟာဒီအဘ္ဘာစ်မင်း ၏ ခေလာဖသ် အုပ်ချုပ်သည့် ခေတ်ကာလ၌ ရှိခဲသည်(ဟီဂျရီ ၁၆၉-၁၇၀ အုပ်ချုပ်ခဲ့သည်) ၎င်း၏ ၁၃ နှစ် အေမာမသ် ကာလသည် ဟာရှုးန်အဘ္ဘာစ်မင်း ၏ ခေလာဖသ် အုပ်ချုပ်သည့် ခေတ်ကာလ၌ ရှိခဲသည်(ဟီဂျရီ ၁၇၀- ၁၉၃ အုပ်ချုပ်ခဲ့သည်)။ (34) အေမာမ် မူစူကာဇွင်မ်(အစ) ၏ အေမာမသ် ပြုလုပ်ခဲ့သည့် အခိန်ကာလမှာ ၃၅ နှစ် ဖြစ်ပြီး ဟီဂျရီ ၁၈၃ ခုနှစ်တွင် ရှဟာဒသ် ဖြစ်ခဲ့ရာ အေမာမသ် အရိုက်အရာသည် အေမာမ်ရေဿွာ(အစ) ထံသို့ ရေ က်ရှိခဲ့သည်။ (35)

အေမာမသ်အား သတ်မှတ်ခြင်း ရှီအာ အမြင်၌ ၊ အေမာမ်များသည် အရှင်မြတ်ဘက်မှ ရွေးချယ်သတ်မှတ်ခြင်း ဖြစ်သည်။ ၎င်းတိုအား သိကျွမ်းနိုင်သည့် နည်းလမ်းများမှာ နက်ဆ်ွ ( တမန်တော်မြတ် သို့မဟုတ် အရင် အေမာမ်က နောက်လာမည့် အေမာမ်ကို အတိအလင်း ကြေငြာပြောဆို သွားခြင်း) ပင်ဖြစ်သည်။ (36) အေမာမ်ဆွာဒီက်(အစ) သည် များစွာသော ကိစ္စရပ်များ ၊ အကြောင်းအရာ အမျိုးမျိုးတွင် အေမာမ် မူစာကာဇွင်မ် (အစ) ၏ အေမာမသ် ရာထူးကို မိမိနှင့် နီးစပ်မှုရှိသော နောက်လိုက်သားများကို ပြောဆိုကြေငြာခဲ့သည်။ အလ်ကာဖီစာအုပ် (37) အီက်ရှာဒ် စာအုပ်(38) အအ်လာမွလ်၀ရာအ် စာအုပ် (39) နှင့် ဗေဟာရွလ်အန်ဝါရ် စာအုပ် (40) များတွင် အေမာမ် မူစာကာဇွင်မ် (အစ) ၏ အေမာမသ် အား သတ်မှတ်ခြင်း နှင့် ပတ်သက်ပြီး သီးသန့် အခန်း(ခေါင်းစဉ်) တစ်ခု လာရှိထားသည်။ ထိုအခန်း(ခေါင်းစဉ်) များမှာ အစဉ်လိုက်အားဖြင့် ဖော်ပြရသော် အခန်း ၁၆ ၊ အခန်း ၄၆ ၊ အခန်း ၁၂ ၊ နှင့် အခန်း ၁၄ တိုဘတွင် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ရေဝါယသ်များကို ကောက်နုတ်ဖော်ပြထားသည်။ (41) ဥပမာပေးရသော် ရေဝါယသ် တစ်ခု၌ ဖီးစ် ဗင်န် မွခ်သာရ် ပြောထားသည်မှာ ၊ အေမာမ်ဆွာဒီက်(အစ) ထံမှ မေးမြန်းခဲ့သည် " အသင် ပြီးနောက် မည်သူသည် အေမာမ် ဖြစ်သနည်း?" ထိုအချိန်၌ ၎င်း၏ သားဖြစ်သူ မူစာကာဇွင်မ်(အစ) ရောက်လာပြီး အေမာမ်ဆွာဒီက်(အစ) ၎င်းအား မိမိပြီးနောက် ဆက်ခံမည့် အေမာမ် ဖြစ်သည် ဟု မိတ်ဆက်ပေးခဲ့သည်။(42) အလီ ဗင်န် ဂျအ်ဖဲရ် ကောက်နုတ်ထားသည်မှာ အေမာမ်ဆွာဒီက်(အစ) သည် အေမာမ် မူစာကာဇဠင်မ် (အစ) နှင့် ပတ်သက်ပြီး မိန့်တော်မူသည်မှာ «فَإِنَّهُ أَفْضَلُ وُلْدِی وَ مَنْ أُخَلِّفُ مِنْ بَعْدِی وَ هُوَ الْقَائِمُ مَقَامِی وَ الْحُجَّةُ لِلَه تَعَالَی عَلَی كَافَّةِ خَلْقِهِ مِنْ بَعْدِی" (ဘာသာပြန် ။ ။ ၎င်းသည် ကျွန်ုပ်၏အကောင်းဆုံး သားသမီးများ နှင့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်။ ထိုနောက် ၎င်းသည် ကျွန်ုပ် ပြီးနောက် ကျွန်ုပ်၏ အရိုက်ရာကို ဆက်ခံမည့်သူ ၊ ဖန်ဆင်းခံ အားလုံးအပေါ်၌ အရှင်မြတ် ၏ သက်သေသာဓက ဖြစ်သည်။ ) (43) ထို့အတူ အိုယူးနွလ်အခ်ဘာရွလ်ရေဿွာ စာအုပ်၌ လာရှိထားသည်မှာ ဟာရှုးနွလ်ရရှီးဒ် သည် မိမိ၏သား မအ်မူးန် ကို မယပြောကြားရာတဠင် " မူစာ ဗင်န် ဂျအ်ဖဲရ် ကို မှန်ကန်သော အေမာမ် ၊ တမန်တော်မြတ် (ဆွ) ၏ ကိုယ်စားလှယ်တော် အဖြစ် ဆက်ခံရန် အထိုက်တန်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်း၏ လမ်းညွှန် ခေါင်းဆောင်မှုသည် ထင်ရှားပြီး အင်အားကြီးမားသည်ဟု ဖော်ပြခဲ့သည်။ (44)

အေမာမ်ဆွာဒီက်(အစ) ၏ ၀စီယသ် သေတမ်းစာ နှင့် အချို့ရှီအာများ၏ ခေါင်းရှုပ်ထွေးမှု ကျမ်းကိုးများ၌ လာရှိထားသည်မှာ အေမာမ်ဆွာဒီက်(အစ) သည် အဘ္ဘာစီ မင်းများ၏ တင်းကျပ်မှုများ နှင့် အေမာမ်မူစာကာဇွင်မ်(အစ) ၏ အသက်ကို ကယ်တက်ဖို့ရန်အတွက် အဘ္ဘာစီမင်း အပါအ၀င် လူဦးရေ ငါးယောက်ကို မိမိ၏ ကိုယ်စားလှယ် အဖြစ် မိတ်ဆက်ပေးခဲ့သည်။ (45) အေမာမ်ဆွာဒီက်(အစ) သည် မိမိ့နောက် ဆက်ခံမည့် အေမာမ်အား ၎င်း၏ နောက်လိုက်သားများကို အကြိမ်ကြိမ် မိတ်ဆက်ပေးခဲ့သော်လည်း၊ ဤလုပ်ရပ်သည် ရှီအာများအတွက် မရှင်းမလင်း ဖြစ်စေခဲ့သည်။ ဤကာလတွင် အေမာမ်ဆွာဒီက်(အစ) ၏ ထင်ရှားသော အချို့နောက်လိုက်သားများ ဥပမာ မိုအ်မင်န်သွာက္က် နှင့် ဟရှာမ် ဗင်န် စာလင်မ် တို့သည်လည်း သံသယဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် အေမာမ်ဟု ကြွေးကြော်ခဲ့သော် အဘ်ဒွလ္လာဂ်အိဖ်သွဟ် ထံသို့ ဦးစွာသွားခဲ့ကြပြီး ဇကားသ် နှင့် ပတ်သက်ပြီး ၎င်းအား မေးမြန်းခဲ့ကြသည်။ သို့သော် အဘ်ဒွလ္လာဂ်အိဖ်သွဟ် ၏ ဖြေဆိုမှုများသည် ၎င်းတို ကျေနပ်လောက်သည့်အထိ လုံလောက်မှု မရှိခဲ့ပေ။ ထို့အခါ ၎င်းတို နှစ်ယောက်သည် အေမာမ် မူစာဗင်န် ဂျအ်ဖဲရ်(အစ) နှင့် တွေ့ဆုံပြီး အေမာမ် ၏အဖြေများကို ကျေနပ်ကြကာ အေမာမ်၏ အေမာမ်မသ် အရိုက်အရာ ကို လက်ခံခဲ့ကြသည်။ (46)

ရှီအာများအကြား ကွဲပြားမှုများ ရှိလာခြင်း

အေမာမ်မူစာကာဇွင်မ်(အစ) ၏ အေမာမသ် ခေတ်ကာလတွင် အီစိမာအီလီယဟ် ဂိုဏ်း ၊ ဖက်သ်ွဟီယဟ် ဂိုဏ်း နှင့် နာဝူးစီယဟ် ဂိုဏ်းများ ပေါ်ပေါက်လာခဲ့သည်။ မည်မျှပင် အေမာမ်ဆွာဒီက်(အစ) အသက်ရှင်နေထိုင်သည့် အချိန်ကာလပင် ရှီအာများ အကြား ကွဲပြားနိုင်သည့် အခြေအနေ ရှိနေသော်များလည်း အစစ်အမှန်၌ ၎င်းတို့သည် ဂိုဏ်းများအဖြစ် မပေါ်ပေါက်လာခဲ့ကြပေ။ သို့သော် အေမာမ်ဆွာဒီက်(အစ) ရှဟီးဒ် ဖြစ်ပြီး အေမာမ်မူစာကာဇွင်မ်(အစ) အေမာမသ် အစပြုသည့် အချိန် ရှီအာများအကြား ဂိုဏ်းအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ ၎င်းတိုအနက်မှ အချို့မှာ အေမာမ်ဆွာဒီက်(အစ) ၏သား အိစ်မာအီလ်၏ သေဆုံးခြင်းကို လက်မခံကြပေ။ အိစ်မာအီလ်ကို အေမာမ် အဖြစ် လက်ခံထားကြသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အိစ်မာအီလ် အသက်ရှင်နေသည့် အချိန်ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက် အိစ်မာအီးလ်၏ သားဖြသ်သူ မိုဟမ္မဒ်အား အေမာမ် ဟူ၍ လက်ခံလိုက်ကြသည်။ ထိုသို့သော် အုပ်စုကို အိစ်မာအီလီယဟ်ဂိုဏ်း ဟူ၍ ကျော်ကြားသည်။ အချို့ အုပ်စုသည် အဘ်ဒွလ္လာဟ် ဗင်န် အက်ဖ်သွဟ် ကို အေမာမ် အဖြစ် လက်ခံထားကြသည်။ ၎င်းတိုအား ဖသွဟီယဟ်ဂိုဏ်း ဟုခေါ်တွင်ကြသည်။ သို့သော် ဤဂိုဏ်းသည် အဘ်ဒွလ္လာဟ် ဗင်န် အက်ဖ်သွဟ် ဆုံးသွားပြီးနောက် ရက်ပေါင်း ၇၀ နီးပါး ကြာပြီးနောက် အေမာမ်မူစာကာဇွင်မ်(အစ) အေမာမသ်အား ယုံကြည်လက်ခံ ခဲ့ကြသည်။ အချို့ဘအုပ်စုသည်လည်းနာဝူးစ် အမည်ရှိသူ တစ်ဦး၏ နောက်လိုက်သား ခံယူကြရာ အေမာမ်ဆွာဒီက်(အစ) အေမာမ်မသ်ကို လက်မခံကြပေ။ ထိုနောက် အချို့အုပ်စုသည် မိုဟမ္မဒ် ဒဂျာဂ်ျ အား အေမာမ် ဖြစ်သည်ဟု လက်ခံထားကြသည်။ (47) အေမာမသ် ကာလ အေမာမ်မူစာကာဇွင်မ် ခေတ်ကာလ၌ ခေလာဖသ် အုပ်ချုပ်ခြင်း အေမာမသ် မတိုင်မီ အုပ်ချုပ်သည့် ခလီဖာမင်းများ (ဟီဂျရီ ၁၂၈-၁၄၈) နှစ် ဟီဂျရီ ၁၂၈-၁၃၂ ဟီဂျရီ ၁၃၂-၁၃၆ ဟီဂျရီ ၁၃၆-၁၄၈ ခလီဖာများ မရ်ဝါးန် ဗင်န် မိုဟမ္မဒ် စဖာဟ် မန်ဆူးရ် ဒဝါနီကီး အေမာမ် ကာလ၌ အုပ်ချုပ်သည့် ခလီဖာမင်းများ ဟီဂျရီ၁၄၈-၁၈၃ နှစ် ဟီဂျရီ ၁၄၈-၁၅၈ ဟီဂျရီ ၁၅၈-၁၆၉ ဟီငျကီ ၁၆၉-၁၇၀ ဟီဂျရီ ၁၇၀-၁၈၃ ခလီဖာမင်းများ မန်ဆူးရ် ဒဝါနီကီး မဲဟ်ဒီ အဘ္ဘာစီ ဟာဒီအဘ္ဘာစီ ဟာရှုးန် အဘ္ဘာစီ

ဂါလီယားန် ဂိုဏ်းတို၏ ကြိုးပမ်းအားထုတ်မှုများ

အေမာမ်မူစာကာဇွင်မ်(အစ) ၏ ခေတ်ကာလ၌ ဂါလီယားန်တို့သည်လည်း ကြိုးပမ်းအားထုတ်မှုများ ရှိကြပေသည်။ ဤကာလအတွင်း၊ အေမာမ်မူစာကာဇွင်မ်(အစ) ၏ နောက်လိုက်သားများ အနက်မှတစ်ဦးဖြစ်သော မိုဟမ္မဒ် ဗင်န် ဘက်ရှ်ရှီးရ် အားလက်ခံထားကြသည့် ဘက်ရှ်ရှရီယဟ် ဂိုဏ်းကို ဖွဲစည်း‌ ပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် အေမာမ်ကာဇွင်မ်(အစ) အသက်ရှင်နေထိုင် နေစဉ်၌ ၎င်းနှင့် ပတ်သက်ပြီး လိမ်ညာပြောဆိုမှုများကို ပြုလုပ်ခဲ့သည်။ (48) မိုဟမ္မဒ် ဗင်န် ဘက်ရှ်ရှီးရ် ပြောသည်မှာ " လူထုမှ မူစာ ဗင်န် ဂျအ်ဖဲရ် ဟု သိထားသူသည် အစစ်အမှန်၌ ၎င်းသည် အရှင်မြတ်၏ သက်သေသာဓက ဖြစ်သော အေမာမ် မူစာ ဗင်န် ဂျအ်ဖဲရ် မဟုတ်ပေ။ (49) ထိုနောက် မူစာ ဗင်န် ဂျအ်ဖဲရ် အစစ်မှာ မိမိ၏ အနား၌ရှိနေပြီး ထိုအေမာမ်အား လူသားများကို ပြသနိုင်သည်ဟု အခိုင်အမာပြောဆို ကြွေးကြော်ခဲ့သည်။ (50) မိုဟမ္မဒ် ဗင်န် ဘက်ရှ်ရှီးရ် သည် မှော်ပညာကို ကျွမ်းကျင်ပြီး အေမာမ်ကာဇွင်မ်(အစ) ၏ မျက်နှာကဲ့သို့ မျက်နှာကို ပြုလုပ်ကာ အေမာမ်ကာဇွင်မ်(အစ) အဖြစ် လူတိုအား ပြသခဲ့ပြီး အချို့မှာ ၎င်း၏ လှည့်စားခြင်းကို ခံခဲ့ရသည်။ (51) အေမာမ်မူစာကာဇွင်မ်(အစ) ရှဟာဒသ် မဖြစ်မီ မိုဟမ္မဒ် ဗင်န် ဘက်ရှ်ရှီးရ် နှင့် ၎င်း၏ နောက်လိုက်များသည် အေမာမ်မူစာကာဇွင်မ်(အစ) သည် အကျဉ်းထောင်ထဲ၌ မရှိကြောင်း ၊ အသက်ရှင်လျက်ရှိပြီး မသေကြောင်း လူ့အဖွဲအစည်းတွင် ကောလဟာလများ ကို ထုပ်ပြောခဲ့သည်။ (52) အေမာမ်မူစာကာဇွင်မ်(အစ) သည် မိုဟမ္မဒ် ဗင်န် ဘက်ရှ်ရှီးရ် ကို မသန့်ရှင်းသူ ဟုသတ်မှတ်ကာ ထိုသူအား လအ်နသ် လုပ်ခဲ့ပြီး သတ်ပိုင်ခွင့် ရှိသည်ဟု မိန့်ခဲ့သည်။ (53)

ဓမ္မပညာပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ

အေမာမ်မူစာကာဇွင်မ်(အစ) မှ ဓမ္မပညာပိုင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှု အမျိုးမျိုးကို ဖော်ပြထားသည်။ ထို ကြိုးပမ်းအားထုတ်မှု ဆိုင်ရာ အရေးအသားများကို ရေဝါယသ် ၊ ဓမ္မပညာဆိုင်ရာ မိုနာဇေရဟ် နှင့် အမေးအဖြေ ပြောဆိုမှုများ အနေဖြင့် ရှီအာ ဟဒီးစ် စာအုပ်များ၌ လာရှိထားသည်။ (54)

ရေဝါယသ်များ

အေမာမ်မူစာကာဇွင်မ်(အစ) မိန့်တော်မူသည်မှာ : လောကကို ချစ်မြတ်နိုးသောသူသည် နောင်တမလွန်ကို ကြောက်ရွံသည် စိတ်နှလုံး ၎င်းမှ ပျောက်ကွယ်သွား ပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အား လောကကို ပိုမိုချစ်မြတ်နိုးလာစေမည့် ပညာရပ်ကို ပေးလိုက်မည်ဆိုပါက ထိုသယသည် အရှင်မြတ်ထံမှ ပိုမိုဝေးကွာ သွားပြီး ထိုအရှင်မြတ်၏ အမျက်ဒေါသ ၎င်းသူအပေါ်သို့ ပိုမိုကျရောက်ပေမည်။ အိဗ်နေရှိအ်ဗဟ် ဟရာနီး ၊ အဟ်ဖွလ်အူကူးလ် ၊ ဟီဂျရီ ၁၄၀၄ ၊ စာမျက်နှာ ၃၉၉ အေမာမ်ကာဇွင်မ်(အစ) ထံမှ မြောက်များစွာစသာ ဟဒီးစ်တော်များသည် ရှီအာ ဟဒီးစ် ကျမ်းကိုးများ၌ ကောက်နုတ်ဖော်ပြထားသည်။ ထိုရေဝါယသ်တော်များသည် များသေ။အားဖြင့် ယုံကြည်မှုပိုင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဖြစ်ကြသည်။ ဥပမာ သောင်ဝ်ဟီးဒ် (55) ဗေဒါအ်(56) နှင့် အီမာန်(57) တို့ဖြစ်သည်။ ထို့အတူ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အကြောင်းအရာများလည်း လာရှိထားသည်။ (58) ထို့အပြင် မိုနာဂျာသ် ဆုတောင်းခြင်း များ ဥပမာ ဒိာအာယေ ဂျောင်ရှန် ဆွဂီးရ် သည် အေမာမ်ကာဇွင်မ်(အစ) ထံမှ ကောက်နုတ်ထားခြင်း ဖြစ်သည်။ ထိုရေဝါယသ်များ၌ အေမာမ်ကာဇွင်မ်(အစ)အား အလ်ကာဇွင်မ် ၊ အဘီလ်ဟစန် ၊ အဘီလ် ဟစန်နေ အူလာ ၊ အဘီလ်ဟစန်နေမာဒွီ ၊ အလ်အာလင်မ် (59) နှင့် အလ်အက်ဘ်ဒွလ်ဆွာလေဟ် ဟူ၍ ဖော်ပြထားသည်။ အဇီးဇွလ္လာဟ် အသွာရိဒီ ဆိုသူသည် အေမာမ်ကာဇွင်မ်(အသ) ထံမှ ဟဒီးတော်ပေါင်း ၃၁၃၄ ခုကို ‌စုစည်းဖော်ပြပေးထားသည်။ (60) အဘုအင်မ်ရားန် မက်ဝဲရ်ဇီ ဘက်ဂ်ဒါဒီ (ဟီဂျရီ၂၉၉) သည် အဲဟ်‌လေစွန္နသ်၏ ပညာရှင် တစ်ဦးဖြစ်ပြီး ၎င်းသည်လည်း ရှီအာတို့၏ ခုနှစ်ပါးမြောက် အေမာမ်မှ ဟဒီးစ် အချို့ကို မွစ်နဒွလ် အေမာမ် မူစာ ဗင်န် ဂျအ်ဖဲရ် စာအုပ်၌ ဖော်ပြပေးထားသည်။ (61) အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ် (အစ) ထံမှ ရေဝါယသ် ကောက်နုတ်ထားသည့် အခြားသော အကြောင်းအရာများ အေမာမ်မူစာကာဇွင်မ်(အစ) ၏ ညီအကို ဖြစ်သူ အလီ ဗင်န် ဂျအ်ဖဲရ်သည် အလ်မစာအီလ် အမည်ရှိ စာအုပ်တစ်အုပ်ရှိပြီး ထိုစာအုပ်၌ အေမာမ်ကာဇွင်မ်(အစ) ထံမှ မေးမြန်းထားသည့် မေးခွန်းများ၏ ဖြေဆိုမှုများကို စာစည်းထားသည်။ (62) ထိုစာအုပ်၏ ခေါင်းစဉ်မှာ မစာအိလေဖီက္က်ဟီ ( ဓမ္မသတ်ဆိုင်ရာ အကြောင်းအရာများ) ဖြစ်သည်။ (63) ထိုစာအုပ်၏ အမည်မှာ မစာအိလေ အလီ ဗင်န် ဂျအ်ဖဲရ် ဝါ မွစ်သက်ဒ်ရကာသ် ဖြစ်ပြီး မိုအ်စစ်စေ အာလွလ်ဘိုင်းသ် မှ ဖြန့်ချီပေးခဲ့‌သည်။ ဟရှာမ် ဗင်န် ဟကမ် ထံ ရေးထားသော ဉာဏ်ပညာပိုင်းဆိုင်ရာ စာစောင်များကိုလည်း ရေးသားခဲ့ကြသည်။ (64) ဖက်သ်ဟ် ဗင်န် အဘ်ဒွလ္လာဟ် ၏ မေးခွန်းများကို ဖြေဆိုထားသည့် သောင်ဝ်ဟီးဒ် နှင့် ပတ်သက်ပြီး စာစောင်များကိုလည်း ရေးသားခဲ့ကြသည်။ (65) အလီ ဗင်န် ယက္က်သွီးန် သည်လည်း အေမာ မူစာ ဗင်န် ဂျအ်ဖဲရ် (အစ) ထံမှ ရယူထားသည့် အကြောင်းအရာများကို မစာအိ‌လ် အန် အဘီလ်ဟစန် မူစာ ဗင်န် ဂျအ်ဖဲရ် ဟူသော ခေါင်းစဉ်ဖြင့် စုစည်းတင်ပြထားသည်။ (66)

မိုနာဇေရဟ် များနှင့် အမေးအဖြေ အပြောအဆိုများ

အေမာမ်မူစာကာဇွင်မ်(အစ) နှင့် အဘ္ဘာစီ မင်းများ အချို့ (67) ယဟူဒီပညာရှင်များ (68) ခရစ်ယာန်များ (69) အဘူဟနဖီယဟ် (70) ၊ အခြားသူများ နှင့် ပြုလုပ်သည့် မိုနာဇေရဟ် များနှင့် အမေးအဖြေ အပြောအဆိုများကို ဖော်ပြပေးထားသည်။ ဘာကဲရ် ရှရီးဖ် ကိုရိုင်ရှီး သည် အေမာမ်ကာဇွင်မ်(အစ) ထံမှ အပြောအဆို ၈ခု ကို အေမာမ်ကာဇွင်မ်(အစ) ပြုလုပ်ခဲ့သည့် မိုနာဇေရဟ် ခေါင်းစဉ်အောက်၌ ဖော်ပြပေးထားသည်။ (71) အေမာမ်မူစာကာဇွင်မ်(အစ) သည် မဲဟ်ဒီအဘ္ဘာစီမင်းနှင့် ဖဒက္က် နှင့် ပတ်သက်ပြီး မိုနာဇေရဟ် ပြုလုပ်ခဲ့ပြီး ထို့အတူ ကျန်းမြတ်ကုရ်အာန်၌ အရက်သည် ဟရာမ် ဖြစ်ကြောင်းနှင့် ပတ်သက်ပြီး မိုနာဇေရဟ် လုပ်ခဲ့သည်။ (72) အေမာမ်သည် ဟာရူးန်အဘ္ဘာစီ နှင့်လည်း မိုနာဇေရဟ် ပြုလုပ်ခဲ့သည်။ ဟာရူးန်အဘ္ဘာစီမင်းသည် တမန်တော်မြတ်(ဆွ) နှင့် မိမိသည် အေမာမ်ကာဇွင်မ်(အစ) ထက် အမျိုးတော်စပ်ပုံ ပိုမိုနီးစပ်ကြောင်း ကို ဖော်ပြလာသောအခါ အေမာမ်ကာဇွင်မ်(အစ) သည် ဟာရူးန်အဘ္ဘာစီမင်း ရှေ့မှောက်တွင် မိမိသည် တမန်တော်မြတ်(ဆွ) နှင့် ပိုမိုနီးစပ်မှု ရှိကြောင်းကို အတိအလင်း ပြောဆိုခဲ့သည်။ (73) အေမာမ်ကာဇွင်မ်(အစ) သည် အခြားဘာသာရေးပညာရှင်များနှင့် စကားပြောဆိုမှုများသည်လည်း ယေဘူယျအားဖြင့် ၎င်းတို၏ မေးခွန်းများကို ဖြေဆိုရသည့် ပုံစံမျိုး ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာခဲ့ကြသည်။ (74)

နည်းလမ်း

အေဘာဒသ် ကိုးကွယ်ဆည်းကပ်၀တ်ပြုခြင်း နည်းလမ်း

ရှီအာ နှင့် စွန္နီ ကျမ်းကိုးများအရ ၊ အေမာမ်မူစာကာဇွင်မ်(အစ) သည် အလွန် အေဘာဒသ် ပြုလုပ်သူ ဖြစ်သည်။ ထို့ကြောင့် ၎င်းအတွက် အဘ်ဒွလ်ဆွာလေဟ် ဟူသော ဂုဏ်ပုဒ် အား အသုံးပြုကြသည်။ (75) (76) အချို့ဖော်ပြချက်များအရ အေမာမ်ကာဇွင်မ်(အစ) သည် အလွန် အေဘာဒသ် ကိုးကွယ်ဆည်းကပ်၀တ်ပြုသောကြောင့် ၎င်း၏ ထောင်အစောင့်များသည်လည်း ၎င်းနှင့်အတူ အေဘာဒသ် လိုက်လုပ်ကြသည်။ (77) ရှီးခ်မိုဖီးဒ် သည် အေမာမ်မူစာကာဇွင်မ်(အစ) အား ၎င်းခေတ်ကာလ၌ အေဘာဒသ် ပြုလုပ်ဆုံးသူအဖြစ် သတ်မှတ်ခဲ့သည်။ ထိုနောက်ဖော်ပြထားသည်မှာ အေမာမ်မူစာကာဇွင်မ်(အစ) သည် အရှင်မြတ်ကို ကြောက်ရွံသည့်စိတ်ကြောင့် ငိုကြွေးကာ ၎င်း၏ မုတ်ဆိတ်များသည် မျက်ရည်များဖြင့် စိုရွဲကုန်သည်။ ‌အေမာမ်မူစာကာဇွင်မ်(အစ) သည် «عَظُمَ الذَّنْبُ مِنْ عَبْدِكَ فَلْيَحْسُنِ الْعَفْوُ مِنْ عِنْدِكَ» (ဘာသာပြန် ။ ။ အပြစ်များသည် အရှင်မြတ်၏ ကျေးကျွန်များထံမှ ပေါက်ဖွားလာသောကြောင့် ခွင့်လွှတ်ခြင်းသည် ကောင်းမွန်လှပ ပေသည်။) ဟူသော ဒိုအာကို အကြိမ်ကြိမ် ဖတ်ရွတ်တော်မူပြီး «اللَّهُمَّ إِنِّي أَسْأَلُكَ الرَّاحَةَ عِنْدَ الْمَوْتِ وَ الْعَفْوَ عِنْدَ الْحِسَابِ» ( ဘာသာပြန် ။ ။ အို အရှင်မြတ်၊ လွယ်ကူစွာ သေဆုံးနိုင်ရန် နှင့် အအ်မာလ် ကျင့်ဆောင်မှုများကို တွက်ချက်ရာတွင် ခွှင့်လွှတ်မှုကို အသင့်ထံမှ ကျွန်ုပ်တောင်းဆိုပါ၏။) ဟူသော ဒိုအာကို စဂ်ျဒါ၌ ဖတ်ရွတ်လေ့ရှိသည်။ (78)

ဟာရူးန်အဘ္ဘာစီမင်း၏ အမိန့်ဖြင့် အကျဉ်းကျခြင်း ခံရသော အချိန်၌လည်း အရှင်မြတ်အား ကျေးဇူးထောပနာ တင်ရှိခဲ့ပြီး အေဘာဒသ် ပြုလုပ်ဖို့ရန်အတွက် အချိန်ရရှိလာကြောင်း မိန့်ဆိုခဲ့သည် " အို အရှင်မြတ် ၊ အသင့်အား ဝတ်ပြုဖို့ရန်အတွက် အချိန်အခါ ကျွန်ာပ် အမြဲတောင်းခံခဲ့ပါသည် ၊ ကျွန်ုပ်အတွက် ထိုအချိန်ကို ပေးခဲ့‌ သောကြောင့် အရှင့်အား ကျေးဇူးတင်ပ်၏။ " (79) အေမာမ်မူစာကာဇွင်မ်(အစ)၏ လက်စွပ်ပုံစံ မှာ အောက်ပါအတိုင်း ဖြစ်သည်။ «حَسْبِيَ اللهُ حَافِظِي»(အရှင်မြတ်သည် ကျွန်ုပ်အား ကာကွယ်ရန် လုံလောက်ပါသည်) (80) နှင့် «الْمُلْكُ لِله وَحْدَهُ» (စိုးပိုင်အုပ်ချုပ်မှု နှင့် အုပ်စိုးမှုသည် တစ်ဆူတည်းသော အရှင်မြတ်သာလျှင် ဖြစ်သည်။) (81)

ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ နည်းလမ်းများ

ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ အေမာမ်ကာဇွင်မ်(အစ) ၏ ခန္နီသည်းခံတရားထားရှိမှု (82) (83) ၊ အနစ်နာခံမှု တိုနှင့် ပတ်သက်ပြီး ကောက်နုတ်ချက်အဆို အမျိုးမျိုး လာရှိထားသည်။ (84) (85) ရှီးခ်မိုဖီးဒ် သည် အေမာမ်ကာဇွင်မ်(အစ) အား ၎င်းခေတ်ကာလ၌ ပေးကမ်းစွန့်ကြဲဆုံးသောသူ အဖြစ် သတ်မှတ်ထားသည်။ အေမာမ်သည် ညအချိန်များ၌ မဒီနာမြို့ရှိ မရှိဆင်းရဲသားများ အတွက် အစားအစာများကို ပေးကမ်းလေ့ရှိသည်။ (86) အိဗ်နေအန်ဘဟ် ဆိုသူ သည် အေမာမ်မူစာကာဇွင်မ်(အစ) ၏ အနစ်နာခံပုံကို ဤသို့ ပြောထားသည်မှာ " ၎င်းသည် ညအချိန်များ၌ ဒီဟမ် ထည့်ထားသော အိပ်ကို ကိုင်‌ဆောင်ကာ အိမ်မှအပြက်သို့ ထွက်ပြီး လမ်း၌ တွေ့သည့် လူတိုင်း သို့မဟုတ် ၎င်း၏ စေတနာကို ကြည့်ရှုမြင်တက်သော သူများကို ပေးကမ်းလေ့ရှိသည်။ ၎င်း၏ ပိုက်ဆံထည့်ထားသော အိပ်သည် စကားပုံများ ဖြစ်လာခဲ့သည်။ (87) ထို့အတူ ပြောထားသည်မှာ မူစာ ဗင်န် ဂျအ်ဖဲရ်သည် မိမိအား မတရား ညှင်ယပန်း နှိတ်ဆက်သူများကိုလည်း ပေးကမ်းခဲ့သည်။ ထို့အပြင် တစ်စုံတစ်ယောက်က မိမိကို နာကျင်အောင် လုပ်ဖို ကြိုးစားနေကြောင်း အကြောင်းကြားလာတဲ့အခါ ထိုသူ့အတွက် လက်ဆောင်တစ်ခု ပိုပေး‌‌လေသည်။ (88) ထို့အတူ ရှီးခ်မိုဖီးဒ် သည် အေမာမ်ကာဇွင်မ်(အစ) အား ၎င်း၏ မိသားစု အပေါ် ကရုဏာထားခြင်း နှင့် အခြားဆွေမျိုးများကို အဆက်အသွယ် ပြုလုပ်ရာတွင်တွင် လုံလအရှိဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။ (89) ရှီအာတို့၏ ခုနှစ်ပါးမြောက် အေမာမ်အား ကာဇွင်မ် ဟုခေါ်ဆိုကခြင်းမှာ ၎င်းသည် မိမိ၏ အမျက်ဒေါသကို အလွန် ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ (90) (91) ကျမ်းကိုးများ၌ အဆိုအမျိုးမျိုး လာရှိထားသည်မှာ အေမာမ်ကာဇွင်မ်(အစ) သည် ၎င်း၏ရန်သူများ နှင့် ၎င်းအား နာကျင်စေသောသူများ၏ ရှေ့မှောက်၌လည်း အမျက်ဒေါသကို ထိန်းချုပ်ထားခဲ့သည်။ (92)(93)(94) နောက်ပိုင်းတွင် ဆူဖီအကြီးအကဲများထဲမှ တစ်ဦးဖြစ်လာခဲ့သော ဘက်ရှ်ရှဲရ်ဟာဖီ ဆိုသူသည်လည်း အေမာမ်၏ မိန့်ဆိုချက်များ နှင့် ကိုယ်ကျင့်တရားများကို ကြားနာပြီးနောက် နောင်တရခဲ့ရာ သောင်ဗာ ပြုလုပ်ခဲ့သည်။ (95)(96)

နိုင်ငံရေးဗျူဟာ ဆိုင်ရာ နည်းလမ်း

အချို့ကျမ်းကိုးများ၌ ပြောထားသည်မှာ အေမာမ်မူစာကာဇွင်မ်(အစ) သည် အဘ္ဘာစီခလီဖာမင်းများ ၏ တရားမ၀င် အုပ်ချုပ်မှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဥပမာ မိုနာဇေရဟ် အချေအတင်ဆွေးနွေးသည့် နည်းလမ်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုသည့် နည်းလမ်း တိုဖြင့် အလေးပေးဖော်ပြခဲ့သည်။ ထိုနောက် ၎င်းတိုအပေါ် လူထု၏ ယုံကြည်မှုကို လျော့ပါးအောင် ကြိုးစားခဲ့သည်။ (97) အောက်ပါ အကြောင်းအရာ တို့သည် အဘ္ဘာစီမင်းများ ကို ယုံကြည်မှုကို လျော့ပါးအောင် ကြိုးပမ်းခဲ့သည့် ဥပမာများဖြစ်သည်။ အဘ္ဘာစီ ခလီဖာ မင်း များသည် တမန်တော်မြတ်(ဆွ)ကို ရည်ညွှန်းခြင်းအားဖြင့် မိမိတို၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ကိစ္စများတွင်၊ အေမာမ်မူစာကာဇွင်မ်(အစ) သည် မိမိ၏မျိုးရိုးကို‌ ဖော်ပြပြီး မိမိသည် အဘ္ဘာစီမင်းများထက် တမန်တော်မြတ်(ဆွ)နှင့် ပိုမိုနီးစပ်ကြောင်း ပြသခဲ့သည်။ ဥပမာ ၎င်းနှင့် ဟာရူးန် အဘ္ဘာစီမင်း အကြားတွင် ဖြစ်ပွားခဲ့သော စကားဝိုင်း၌ အေမာမ်သည် ကျမ်းမြတ်ကုရ်အာန် မှ အာယသ်တော်အချို့ ဥပမာ အာယသ်သေ မိုဘာဟေလဟ်ကို ကိုးကားထောက်ထားခြင်းအားဖြင့် မိမိသည် တမန်တော်မြတ်(ဆွ) ၏ သမီးတော် ဖွာသွေမဟ် (စအ) မှတစ်ဆင့် တမန်တော်မြတ် ထံ ရောက်ရှိကြောင်းကို သက်သေပြုခဲ့သည်။ (98)(99) မဲဟ်ဒီအဘ္ဘာစီမင်း သည် ဖိနှိပ်မှုကို ငြင်းပယ်လိုက်သောအခါ၊ အေမာမ်ကာဇွင်မ်(အစ) သည် ဖဒက္က် ကို ၎င်းထံမှ တောင်းဆိုခဲ့သည်။ (100) မဲဟ်ဒီအဘ္ဘာစီမင်း သည် ဖဒက္က် ၏ နယ်နိမိတအတိုင်းအတာကို ဆုံးဖြတ်ရန် အေမာမ်အား တောင်းဆိုခဲ့ပြီး အေမာမ် သည် အဘ္ဘာစီမင်းများ အုပ်ချုပ်မှုနယ်မြေနှင့်ညီမျှသော အတိုင်းအတာကို သတ်မှတ်ခဲ့သည်။(101) ရှီအာများ၏ ခုနှစ်ပါးမြောက် အေမာမ်သည် မိမိ၏ နောက်လိုက်သားများကို အဘ္ဘာစီမင်းများနှင့် မပူးပေါင်းရန် တိုက်တွန်းခဲ့သည်။ ဥပမာ ဆွဖ်ဝါးန်နေ ဂျမားလ် အား ၎င်း၏ ကုလားအုတ်များကို ဟာရူးန်အဘ္ဘာစီမင်း သို့ ငှားရန်းခြင်းမှ တားမြစ်ထားသည်။ (102) ထိုသို့တစ်ချိန်တည်းမှာပင်၊ ဟာရူးနွလ်ရရှီးဒ် အုပ်ချုပ်မှုအတွင်း ဝန်ကြီးဌာနတာဝန်ခံ ဖြစ်သူ အလီ ဗင်န် ယက္က်သွီးန် အား ထိုနန်းတော်အတွင်း နေထိုင်ပြီး ရှီအာများကို အလုပ်ကျွေးပြုရန် တောင်းဆိုခဲ့သည်။ (103) အေမာမ်မူစာကာဇွင်မ်(အစ) သည် ၎င်းထံမှ အဲဟ်လေဘိုင်းသ်(အစ) အား အချစ်ထားသူများကို တရိုတသေ ပြုမူဆက်ဆံရန် ၀န်ခံကတိအား တောင်းဆိုခဲ့သည်။ ထို့အပြင် အေမာမ်သည်လည်း ၎င်းအား သတ်ဖြတ်မှု ၊ ခက်ခဲမှု နှင့် ထောင်ချမှုများ မဖြစ်စေရန် အာမခံချက်ပေးခဲ့သည်။ (104) ထို့ကြောင့် အေမာမ်မူစာကာဇွင်မ်(အစ) မှ အဘ္ဘာစီမင်းများ၏ အုပ်ချုပ်မှုကို ပေါ်ပေါ်လွင်လွင် ဆန့်ကျင်သော အပြုအမူများ မရှိခဲ့ပေ။ အေမာမ်သည် သကီယဟ် ဖြင့် နေထိုင်ခဲ့ပြီး ရှီအာ နောက်လိုက်သားများကိုလည်း ထိုသို့နေထိုင်ရန် တိုက်တွန်းခဲ့သည်။ ဥပမာအားဖြင့်၊ ခိုင်းဇ်ရားန် ထံ ရေးသားခဲ့သည့် စာတစ်စောင်တွင် ဟာဒီအဘ္ဘာစီမင်း၏ မိခင်ဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ (105) ရေဝါယသ် တစ်ခုအရ ဟာရူးန်အဘ္ဘာစီမင်းသည် အေမာမ်ကာဇွင်မ်(အစ) အား နန်းတော်သို့ လာရောက်ရန် ခေါ်ကြားသောအခါ အေမာမ်(အစ) မိန့်တော်မူသည်မှာ " အုပ်ချုပ်သူ ရှေ့တွင် ‌သကီယဟ် နေခြင်းမှာ ဝါဂျီဘ် ဖြစ်သောကြောင့် ကျွန်ုပ်သည် ဟာရူးန်ထံသို့ သွားမည် ဖြစ်သည်။ " ထို့အတူ အေမာမ်ကာဇွင်မ် (အစ) သည် ဟာရူးန်အဘ္ဘာစီမင်း ဘက်မှ ပေးသော လက်ဆောင်များကို အာလေအဘီသွားလီဘ် တို ထိန်းမြားလက်ထပ်နိုင်ရန် နှင့် ၎င်းတို သားစဉ်မြေးဆက်များ ပျက်သုန်းခြင်းမှ ကာကွယ်ရန် လက်ခံခဲ့သည်။(106) ထို့အပြင် အေမာမ်ကာဇွင်မ်(အစ) သည် အလီ ဗင်န် ယက္က်သွီးန်အား အဘ္ဘာစီမင်းများဘက်မှ မခြိမ်းခြောက် စေဖို့ရန် အချိန်ကာလတစ်ခုအထိ အဲဟ်လေစွန္နသ် ကဲ့သို့ ဝူဇူပြုလုပ်ရန် မိန့်ဆိုခဲ့သည်။ (107)

အေမာမ်ကာဇွင်မ်(အစ) နှင့် အလဝီများ၏ ကေယာမ် တော်လှန်ပုန်ကန်မှုများ

အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ် (အစ) ၏ ဘ၀နေထိုင်မှုသည် အဘ္ဘာစီမင်းများ၏ လွှမ်းမိုးအုပ်ချုပ်သည့် အချိန် နှင့် ၎င်းတို အပေါ် အလဝီများ၏ ကေယာမ်‌ေတာ်လှန်ပုန်ကန်မှုများ ပြုလုပ်သည့် အချိန်တို၌ တစ်ထပ်တည်းကျနေပေသည်။ အဘ္ဘာစီယားန် များသည် အဲဟ်လေဘိုင်းသ် ၏ အားပေးထောက်ခံဖြင့် အာဏာရလာသော်လည်း မကြာမီကာလအတွင်း အလဝီများအတွက် အလွန်ရက်စက်သောရန်သူအဖြစ် ပြောင်းလည်းသွားကာ များစွာသော အလဝီတို့ကို သတ်ဖြတ်ခြင်း သို့မဟုတ် ထောင်ချခြင်း ပြုလုပ်ခဲ့ကြသည်။ (108) အဘ္ဘာစီမင်းများ ၏တင်းကျပ်မှုကြောင့် အလဝီ အများစုသည် ၎င်းတို့ကို ဆန့်ကျင်သော တော်လှန်ပုန်ကန်မှုများ ပြုလုပ်လာကြသည်။ ရှဟီးဒ် ဖက်ခ်၏ တော်လှန်ရေး ၊ ယဟ်ယာ ဗင်န် အဘ်ဒွလ္လာဟ် ၏ တော်လှန်ရေး တိုမှ အီဒ်ရီစီယားန် အဖွဲအစည်း ပေါ်ပေါက်လာခဲ့သည်။ ရှဟီးဒ် ဖက်ခ်၏ တော်လှန်ရေး သည် ဟီဂျရီ ၁၆၉ ခုနှစ် ၊ အေမာမ်မူစာကာဇွင်မ်(အစ) အေမာမသ် ပြုလုပ်သည့်ကာလ နှင့် ဟာဒီအဘ္ဘာစီ ခေလာဖသ် အုပ်ချုပ်သည့် အချိန်၌ ‌ဖြစ်ပွားခဲ့သည်။ (109) ‌အေမာမ်မူစာကာဇွင်မ်(အစ) သည် ဤတော်လှန် ပုန်ကန်မှုများ၌ မပါ၀င်ခဲ့ပေ။ ထို့အပြင် ထိုတော်လှန်ပုန်ကန်မှု နှင့်ပတ်သက်ပြီး အေမာမ်ဘက်မှ ၎င်းတိုအား အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းဆိုင်ရာ ရပ်တည်ချက်လည်း ဖော်ပြထားခြင်း မရှိပေ။ နောက်ဆုံး ယဟ်ယာ ဗင်န် အဘ်ဒွလ္လာဟ် သည် သွီဘ်ရီစ်သားန် နေရာ၌ တော်‌လှန်ပုန်ကန်မှု ပြုလုပ်ပြီးနောက် ၎င်းရေးသားခဲ့သည့် စာတစ်စောင်၌ ထိုသို့ အေမာမ်မပါ၀င်ခြင်းကို ရှုတ်ချခဲ့သည်။ (110) ‌‌ေလးရာစု၏ သမိုင်းသုတေသီ နှစ်ဦးဖြစ်သော အဟ်မဒ် ဗင်န် အိဗ်ကာဟီးမ် ဟစန်နီ နှင့် အဟ်မဒ် ဗင်န် စဟ်လ် တို၏ ပြောကြားချက်အရ ရှဟီးဒ် ဖက်ခ်၏ တော်လှန်ပုန်ကန်မှု ဖြစ်ပွားနေသည့်အချိန် အေမာမ်မူစာကာ‌ဇွင်မ်(အစ) သည် ဟဂ်ျ ပြုလုပ်ဖို့ရန် မက္ကာတွင် ရှိနေခဲ့သည်။ (111) ထိုနှစ်ဦး၏ ဖော်ပြချက်အရ အဘ္ဘာစီမင်း ခေလာဖသ်၏ အဖွဲ၀င်တစ်ဦးဖြစ်သည့် မူစာ ဗင်န် အီစာသည် စစ်ပွဲအတွင်း အေမာမ်အား ဆင့်ခေါ်ခဲ့ပြီး အေမာမ်သည်လည်း ထိုနေရာသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးမှုပြီးဆုံးသည့် အချိန်အထိ ထိုသူနှင့်အတူ ရှိနေခဲ့သည်။ (112) ထိုဖော်ပြချက်အရ မဲဆွယ်ပွဲပြီး‌ေနာက် အေမာမ်မူစာကာဇွင်မ်(အစ) သည် မီနာသို့ သွားမည့်အချိန် တပ်သားအချို့သည် ဖြတ်ထားသော ဦးခေါင်းများကို မူစာ ဗင်န် အီစာ ထံသို့ ယူဆောင်လာခဲ့သည်။(113) အဘွလ်ဖရက်ဂ်ျ အိဆ်ွဖာဟာနီ၏ ကောက်နုတ်ချက်အရ အေမာမ်မူစာကာဇွင်မ်(အစ) သည် ဆွာဟီဘ် ဖက်ခ်၏ ဦးခေါင်းကို တွေ့ပြီး အာယသ်သေ အိစ်သေရာဂ်ျ အား ဖတ်ရွတ်ခဲ့ပြီး ၎င်း ၏ကောင်းမြတ်မှုများကို ဖော်ပြခြင်းဖြင့် ၎င်းအား မှန်ကန်သောလူ အဖြစ် မိတ်ဆက်ပေးခဲ့သည်။ (114) အန်စာဘ်စာအုပ်၏ အခန်းငယ် ၌ ဘီဟက္ကီး ဆိုသူ၏ ဖော်ပြချက်အရ ဆွာဟီဘ်ဖက်ခ် ဆုံးပါးသွားပြီးနောက် အေမာမ်မူစာကာဇွင်မ်(အစ) သည် ၎င်းရုပ်ကလပ်တော်အတွက် နမာဇ် ဖတ်ပေးခဲ့သည်။ (115) ဟီဂျကီ ခုနှစ်ရာစု၌ ရှိသော ရှီအာအိုလမာ ပညာရှင်များအနက်မှ ဖြစ်သည့် စိုင်ယိဒ် အိဗ်နေ သွာဝူးစ် ၏ ကောက်နုတ်ဖော်ပြချက်အရ ဟာဒီအဘ္ဘာစီမင်းသည် ဆွာဟီဘ်ဖက်ခ်၏ တော်လှန်ရေးကို အေမာမ်မူစာကာဇွင်မ်(အစ) ၏ အမိန့်ကြောင့် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (116) သို့ဘသော် အလ်ကာဖီစာအုပ်၌ ကိုလိုင်နီ၏ ကောက်နုတ်ဖော်ပြချက်အရ ဆွာဟီဘ်ဖက်ခ် တော်လှန်ပုန်ကန်မှု ပြုလုပ်သည့်အချိန် ၎င်းသည့် အေမာမ်အား ဘိုင်အသ်ပြုလုပ်ဖို့ရန် ဖိတ်ခေါ်ခဲ့သည် သို့သော် အေမာမ်သည် ဘိုင်အသ်လုပ်ခြင်းမှ ငြင်းပယ်ခဲ့ပြီး ထပ်မံ၍ မိမိအား ဘိုင်အသ်အတွက် မတိုက်တွန်းဖို့ရန် မိန့်ဆိုခဲ့ရာ ၎င်းသည်လည်း လိုက်နာခဲ့သည်။ (117) အဘ်ဒွလ္လာဟ် မာမကာနီ ဆိုသူ လက်ခံထားသည်မှာ ဆွာဟီဘ်ဖက်ခ် ဘက်မှ အေမာမ်မူစာကာဇွင်မ်(အစ) အား ဘိုင်အသ် သစ္စာခံယူဖို့ရန် ဖိတ်ခေါ်ရခြင်းမှာ အကယ်၍ မိမိ၏ တော်လှန်မှု အောင်မြင်ခဲ့ပါက ခေလာဖသ်အား အေမာမ်အား ပေးအပ်ကန် အတွက် ဖြစ်သည်။ ထိုအတွက်‌ေကြာင့် အေမာမ်မူစာကာဇွင်မ်(အစ) သည် သကီယဟ် လုပ်ခြင်းဖြင့် ၎င်းအား တော်လှန်ရေး မပြုလုပ်ရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အစစ်အမှန်၌ အေမာမ်ငည် ထိုတော်လှန်ရေးအပေါ် ကျေနပ်လိုလား ခဲ့သည်။ ထို့အတူ ဆွာဟီဘ်ဖက်ခ် ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမ်သည် ၎င်းအတွက် ဆုမွန်ဒိုအာ တောင်းပေးခဲ့သည်။ (118) မကာသီလ် စာအုပ်၌ အချို့ သုတေသီများ ယုံကြည် လက်ခံထားသည်မှာ အကယ်၍ ရေဝါယသ်အမြောက်အများသည် ဆွာဟီဘ်ဖက်ခ် ၏ မြင့်မြတ်မှုနှင့် ပတ်သက်ပြီး ထောက်ခံလာရှိထားသော်လည်း ထိုအရာများသည် ၎င်း၏ တော်လှန်ရေးကို ရှီအာ အေမာမ်များဘက်မှ ထောက်ခံအားပေးထားသည် ဟူသော သက်သေအထောက်အထား မရှိပေ။ (119) ဟီဂျရီ ၁၅ ရာစု၏ သမိုင်း သုတေသီ တစ်ဦးဖြစ်သည့် ရစူလ်ဂျအ်ဖရီယားန် သည် Fakhဆွာဟီဘ်ဖက်ခ်၏ တော်လှန်ရေးသည် အဘ္ဘာစီမင်း များကို ဆန့်ကျင်သည့် အကောင်းမွန်ဆုံးသော တော်လှန်မမှုများ အနက်မှ တစ်ခု ဖြစ်သည်ဟု ယူဆထားသော်လည်း ဤ‌ေတာ်လှန်မှုကို အေမာမ်ကာဇွင်မ်(အစ) ၏ အမိန့်ဖြင့် ဆောင်ရွက်ခဲ့သည်မှာ သေချာမှု မရှိဟု ယုံကြည်ထားသည်။ သို့သော် ရှီအာအေမာမ် များသည် ဤငို တော်လှန်ပုန်ကန်မှုများကို သဘောမတူဟု ဆိုနိုင်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤကိစ္စရပ်များတွင် အလဝီ များနှင့် ပတ်သက်နေပြီး ၎င်းတို အကြား သဘောထား ကွဲလွဲမှုများ ရှိလာ‌ေသာကြောင့် ဖြစ်သည်။ (120)

အကျဉ်းထောင်

အေမာမ်မူစာကာဇွင်မ် (အစ) သည် ၎င်း၏ အေမာမသ် ကာလအတွင်း အဘ္ဘာစီခလီဖာမင်းများ ဘက်မှ အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ပြီး ထောင်ချခြင်းခံခဲ့ရသည်။ ပထမဦးဆုံးအကြိမ် မဲဟ်ဒီအဘ္ဘာစီ အုပ်ချုပ်သည့် ခေတ်ကာလ၌ အေမာမ်အား ခလီဖာ၏ အမိန့်အရ မဒီနာမှ ဘဂ္ဂဒက်သို့ လွှပြောင်းပေးခဲ့သည်။ (121) ဟာရူးန်အဘ္ဘာစီမင်း သည်လည်း အေမာမ်အား နှစ်ကြိမ် တိုင်တိုင် အကျဉ်းချခဲ့သည်။ ပထမအကြိမ် ဖမ်းချုပ်ခြင်း နှင့် အကျဉ်းချခြင်းသည် အချိန်ကို ကျမ်းကိုးများ၌ မဖော်ပြထားသော်လည်း ဒုတိယအကြိမ် ထိာသို့ပြုလုပ်ခြင်းကို ရှောင်၀လ်လ ၂၀ ရက်နေ့ ၊ ဟီဂျရီ ၁၇၉ ခုနှစ် ၌ မဒီနာတွင် ဖမ်းစီးခဲ့ပြီးနောက် (122) ဇီလ်ဟရ်ျလ ၈ရက် ၊ ဘဆွရဟ် မြို့ ၊ အီစာ ဗင်န် ဂျအ်ဖဲရ် အိမ်၌ အကျဉ်းချခဲ့သည် ဟု ဖော်ပြထားသည်။ (123) ရှီးခ်မိုဖီးဒ်၏ အဆိုအရ ဟာရူးန်အဘ္ဘာစီမင်းသည် ဟီဂျရီ ၁၈၀ ခုနှစ် ၊ အီစာ ဗင်န် ဂျအ်ဖဲရ် ထံ ရေးသားခဲ့သည့် စာ၌ အေမာမ်အား သတ်ရန် ပြောခဲ့သည်။ သို့သော် ၎င်းသည် ယင်းအား လက်မခံခဲ့ပေ။ (124) အေမာမ်မူစာကာဇွင်မ်(အသ) အား အချိန်အတန်ကြာပြီးနောက် ဘဂ္ဂဒက်ရှိ ဖက်ဒ်ွလ် ဗင်န် ရဘီးအ်၏ အကျဉ်းထောင်သို့ ပြောင်းရွှေ့‌ ပေးခဲ့သည်။ ‌အေမာမ်ကာဇွင်မ်(အစ) သည် မိမိ၏ဘဝဘနောက်ဆုံးနှစ်များကို ဖက်ဒ်ွလ် ဗင်န် ယဟ်ယာ နှင့် စနက်ဒီ ဗင်န် ရှာဟီက် တို၏ အကျဉ်းထောင်များတွင် နေထိုင်ခဲ့ရသည်။ (125) အေမာမ်ကာဇွင်မ်(အစ) ၏ ဇေယာရသ် နာမဟ်တွင် الْمُعَذَّبِ فِي قَعْرِ السُّجُون‏ ( အကျဉ်းထောင်ထဲ၌ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူ) ဟူသော စာသားဖြင့် ၎င်းအား စလာမ် ပိုသထားသည်။ (126) အေမာမ်ကာဇွင်မ်(အစ) ၏ ဇေယာရသ် နာမဟ်၌ ၎င်း၏အကျဉ်းထောင်ကို ဇွလမွလ်မသွာမီးရ် ဟုလည်းရည်ညွှန်းထားသည်။ ဆိုလိုသည်မှာ ထိုအကျဉ်း‌ထောင်သည် ရေတွင်းနှင့် အလားတူပြီး ဆန့်တန်းအိပ်စက်ရန် မဖြစ်နိုင်ပေ ဟု ဆိုလိုထားသည်။ ထို့အပြင် ဘဂ္ဂဒက်မြို့သည် တီဂရစ်မြစ်နှင့် ကပ်လျက်ရှိသောကြောင့် မြေအောက်အကျဉ်းထောင်များသည် သဘာဝအတိုင်း စိုစွတ်ပြီး ဆန့်တန်းအိပ်စက်ရန် ဖြစ်နိုင်ခြေမရှိသော အကျဉ်းထောင် ဟုလည်း ဆိုထားသည်။ (127) အဘ္ဘာစီ ခလီဖာမငများ ဘက်မှ ရှီအာတို့၏ သတ္တမမြောက် အေမာမ်ကို ဖမ်းဆီးရခြင်း အကြောင်းနှင့် ၎င်းအား အကျဉ်း ထောင်သို့ လွှပြောင်း ပေးရခြင်းအကြောင်း ကို ကျမ်းကိုးများတွင် အမျိုးမျိုးသော ဖော်ပြချက်များ လာရှိထားသည်။ အချို့ ဖော်ပြချက်များအရ ဟာရူးန်၏ အမိန့်ဖြင့် အေမာမ်မူစာကာဇွင်မ်(အစ) ကို ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ မိမိ နှင့် အတူရှိသော မိမိ၏တူအပေါ် ယဟ်ယာ ဗင်န် ဘရ်မကီ၏ မနာလိုမှု နှင့် အလီ ဗင်န် အိစ်မာအီလ် ဗင် ဂျအ်ဖဲရ်၏ မကောင်းပြောဆိုမှုများကြောင့် ဖြစ်သည်ဟု လာရှိထားသည်။ (128) ပြောထားသည်မှာ ဟာရူးန် အဘ္ဘာစီမင်းသည် အေမာမ် တှင့် ရှီအာများ အဆက်အသွယ် ရှိသည်ကို မကြိုက်ပေ ၊အဘယ်ကြောင့်ဆိုသော် အေမာမ်ကာဇွင်မ် (အစ) ၏ အေမာမသ် အပေါ် ရှီအာများ၏ ယုံကြည်ချက် ထားရှိခြင်ူအားဖြင့် မိမိ၏ အုပ်ချုပ်မှု အားနည်းသွားစေမည်ကို ကြောက်ရွံခဲ့‌ သောကြောင့် ဖြစ်သည်။ (129) ထို့အတူ အချို့ဖော်ပြချက်များအရ အေမာမ်ကာဇွင်မ်(အစ) အကျဉ်းထောင်် ကျခံရသည့် အကြောင်းအရင်းမှာ အချို့ရှီအာများ ဥပမာ ဟရှာမ် ဗင်န် ဟကမ်သည် အေမာမ် မိန့်ဆိုထားသည့်အတိုင်း သကီယဟ် ဖြင့် မနေထိုင်သောကြောင့် ဖြစ်သည်။ (130) ဤဖော်ပြချက်များသည် ဟရှာမ် ဗင်န် ဟကမ် ၏ မိုနာဇေရဟ် အချေအတင်ဆွေးနွေးမှုများကို အေမာမ် အကျဉ်းထောက် ကျရခြင်း၏ အကြောင်းအရင်း ဖြစ်သည်ဟု လက်ခံထားသည်။ (131)

ရှဟာဒသ် ဖြစ်ခြင်း

အေမာမ်ကာဇွင်မ်(အစ) ၏နောက်ဆုံးနေ့ရက်များသည် စင်န်ဒီ ဗင်န် ရှာဟီက် ၏ အကျဉ်းထောင်တွင်ကုန်ဆုံးခဲ့သည်။။ ရှီးခ်မိုဖီး ပြောထားသည်မှာ စင်န်ဒီ ဗင်န် ရှာဟီက်သည် ဟာရူးနွရ်ရရှီးဒ် ၏ အမိန့်ဖြင့် အေမာမ်အား အဆိပ်ခတ်ခဲ့သည်။ ထိုနောက်၊ အေမာမ်သည် အဆိပ်မိပြီး သုံးရက်နေပြီးနောက် ရှဟီးဒ် ဖြစ်ခဲ့သည်။ (132) ကျော်ကြားသော ဖော်ပြချက်အဆို အရ (133) အေမာမ်သည် သောကြာနေ့ ၊ ရဂျက်ဘ်လ ၂၅ ရက် ၊ ဟီဂျရီ ၁၈၃ ထုနှစ် ၊ ဘက်ဂ်ဒါဒ်မြို့တွင် ရှဟီးဒ် ဖြစ်ခဲ့သည်။ (134) ရှီးခ်မိုဖီးဒ် ပြောဆိုချက်အရ အေမာမ်၏ ရှဟာဒသ်သည် ရဂျက်လ်လ ၂၄ ရက်နေ့ ဖြစ်သည်။ (135) အေမာမ်ကာဇွင်မ်(အစ) ရှဟီးဒ် ဖြစ်သည့် အချိန်နှင့် နေရာနှင့် ပတ်သက်၍ အခြားအမြင်များလည်း ရှိပေသည်။ ဥပမာ ဟီဂျရီ ၁၈၁ နှင့် ၁၈၆ ခုနှစ် (136) (137) မနာကီဘ်စာအုပ်၌ အခ်ဘာရွလ်ခိုလဖာ စီယူသွီး၏ ကောက်နုတ်ချက်အရ အေမာမ်ကာဇွင်မ်(အစ) သည် ဟာရူးန်အဘ္ဘာစီမင်း၏ အလိုအတိုင်း ဖဒက္က် ၏ အတိုင်းအတာကို သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့သတ်မှတ်ရာတွင် ထိုအချိန်က အစ္စလာမ့် နယ်နိမိတ်အားလုံးပါ၀င်သည့် အတိုင်းအတာမျိုဖြင့် ဖဒက္က်၏ ကန့်သတ်ချက်ကို ချမှတ်ခဲ့သည်။ ထို့အခါ ဟာရူးန်သည် အမြတ်ဒေါသထွက်ပြီး အေမာမ်အား ‌ပြောသည်မှာ " အသင့်၏ သတ်မှတ်ချက်သည် ကျွန်ုပ်တိုအတွက် ဘာမှမကျန်တော့ပေ။" ထိုအချိန်မှစပြီး အေမာမ်ကို သတ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ (138) အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် စင်န်ဒီ ဗင်န် ရှာဟက္က် သည် အေမာမ်ကာဇွင်မ်(အစ) သဘာဝအတိုင်း သေဆုံးသွားသည် ဟူ၍ ပြသဖို့ရန်အတွက် ဘဂ္ဂဒက်ရှိသော ဥပဒေပညာရှင်များ နှင့် ထင်ရှားကျော်ကြားသူ အများအပြားကို ခေါ်ဆောင်ခဲ့ပြီး အေမာမ်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် မရှိကြောင်း သိရှိနိုင်ရန် အေမာမ်၏ ရုပ်အလောင်းကို ၎င်းတိုအား ပြသခဲ့သည်။ ထိုနောက် ၎င်းတို့သည် မူစာ ဗင်န် ဂျအ်ဖဲရ် သည် သဘာ၀အတိုင်း သေဆုံးသွားသည် ဟူ၍ ကြေငြာခဲ့သည်။ (139) အေမာမ်မူစ။ကာဇွင်မ်(အစ) မည်သို့မည်ပုံ ရှဟီးဒ် ဖြစ်ခဲ့သည် နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အဆိုများ လာရှိထားသည်။ သို့သော် ယဟ်ယာ ဗင်န် ခါလီဒ် နှင့် စင်န်ဒီ ဗင်န် ရှာဟက္က် တို့သည် အေမာမ်အား အဆိပ်ခတ်ခဲ့သည်ဟု သမိုင်းပညာရှင် အများစုက ယုံကြည်ထားကြသည်။ (140) (141) အချို့ဖော်ပြချက်များ၌ အေမာမ်အား ကော်ဇောဖြင့် ပတ်ပြီး ရှဟီးဒ် လုပ်ခဲ့ကြသည်ဟု လာရှိထားသည်။ (142) အေမာန်ကာဇွင်မ် (အစ) ၏ ရုပ်အလောင်းကို အများပြည်သူများ မြင်နိုင်သည့် နေရာ၌ ထုတ်ပြရခြင်း၏ အကြောင်းပြချက် နှစ်ခုရှိသည်။ မထမ အကြောင်းပြချက်မှာ အေမာမ်သည် သဘာ၀အတိုင်း‌ ဆုံးပါးသွား‌သည်ဟု ယုံကြည်နိုင်စေရန် နှင့် ဒုတိယအကြောင်းပြချက်မှာ ၎င်း၏ မဲဟ်ဒဝီယသ် ကို ယုံကြည်သူများ၏ ယုံကြည်ချက်များကို ဖယ်ရှားပစ်ရန် တို ဖြစ်သည်။ (143) အေမာမ်မူစာ ဗင်န် ဂျအ်ဖဲရ် (အစ) ၏ ရုပ်အလောင်းကို ကိုရိုင်းရှ် ၏ သုသာန်များဟု လူသိများသော မန်ဆူးရ် ဒဝါနီကီး ၏ မိသားစု သုသာန်တွင် မြှုပ်နှံခဲ့ကြသည်။ (144) အေမာမ်အား မြုပ်နှံခဲ့သည့် နေရာကို ကာဇွင်မိုင်းန် ဗိမာန်တော် (ဟရမ်မေကာဇွင်မိုင်းန်) ဟု ခေါ်ဆိုကြသည်။ ပြောထားသည်မှာ အဘ္ဘာစီမင်းများသည် မန်ဆူးရ် ဒဝါနီကီး ၏ မိသားစု သုသာန်တွင် အေမာမ်၏ ရုပ်အလောင်းကို မြှုပ်နှံရခြင်း၏ အကြောင်းရင်းမှာ ၎င်း မြုပ်နှံခဲ့သည့် နေရာသည် ရှီအာ များ စုဝေးသည့်နေရာ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ (145)

မြာပ်နှံထားသည့်နေရာ

အေမာမ်ကာဇွင်မ် (အစ) နှင့် အေမာမ်ဂျဝါဒ်(အစ) တို၏ မြုပ်နှံထားသည့်နေရာသည် ဘဂ္ဂဒက်မြို့ ရှိ ကာဇွင်မိုင်းန် ဟုခေါ်သော နေရာ၌ဖြစ်ပြီး ဟရမ်မေကာဇွင်မိုင်းန် (ကာဇွင်မိုင်းန် ဗိမာန်တော်များ) ဟု ကျော်ကြားကာ မွတ်စ်လင်မ်များ အထူးသဖြင့် ရှီအာများ၏ ဇာရသ် ပြုလုပ်ရာ ဌာနတစ်ခု ဖြစ်သည်။ အေမာမ်ရေဿွာ(အစ) ၏ ရေဝါယသ်တော်များအရ အေမာမ်မူစာကာဇွင်မ်(အစ) ၏ ကဗဲရ်တော်သို့ သွားရောက် လုပ်ခြင်း၏ အကျိုးစဝါးဘ်သည် တမန်တော်မြတ်(ဆွ) ၊ အေမာမ်အလီ(အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို ကဗဲရ်တော်များကို ‌ေဇယာရသ် ပြုလုပ်သည့် အကျိုးစဝါးဘ် နှင့် တန်းတူညီမျှမှု ရှိသည်ဟု လာရှိထားသည်။(146)

အဆ်ွဟာဘ် နှင့် ကိုယ်စားလှယ်တော်များ

အေမာမ်မူစာကာဇွင်မ်(အစ) ၏ အဆ်ွဟာဘ် နောက်လိုက်သားများ နှင့်ပတ်သက်ပြီး တိကျခိုင်မာသော သတင်းအချက်အလက်များ မရှိပေ။ ၎င်းတို၏ အရေအတွက်နှင့် ပတ်သက်ပြီးလည်း ကွဲပြားသော အဆိုများ ရှိပေသည်။ ရှီးခ်သူစီးသည် ၎င်းတို၏ ဦးရေကို ၂၇၂ ယောက် (147) ဘရ်ကီး ဆိုသူသည် အယောက် ၁၆၀ ဟု ဖော်ပြထားသည်။ (148) ဟယာသွလ် အိမာမ် မူစာ ဗင်န် ဂျအ်ဖဲက် စာအုပ် ပြုစုသူ ဘာကဲရ် ရှရီးဖ် ကိုရိုင်းရှီးသည် ဘဲရ်ကီး ဆိုသူပြောသည့် အယောက် ၁၆၀ ကို သံသယ ရှိစရာဟု သတ်မှတ်ထားပြီး ၎င်းကိုတိုင် အေမာန်၏ အဆ်ွဟာဘ် နောက်လိုက်သား ဦးရေကို ၃၂၁ ယောက်ဟု ဖော်ပြထားသည်။ (149) အလီ ‌ဗင်န် ယက္က်သွီးန် ၊ ဟရှာမ် ဗင်န် ဟက္ကမ် ၊ ဟရှာမ်း ဗင်န် စာလင်မ် ၊ မိုဟမ္မဒ် ဗင်န် အဘီအမီးရ် ၊ ဟမာဒ် ဗင်န် အီစာ ၊ ယူနွတ်စ် ဗင်န် အဘ်ဒွရ်ရဟ်မားန် ၊ ဆွဖဝါးန် ဗင်န် ယဟ်ယာ နှင့် ဆွဖဝါးန် ဂျမားလ် တို့သည် အေမာမ်ကာဇွင်မ်(အစ) ၏ အဆ်ွဟာဘ် နောက်လိုက်သားများ အနက်မှ


ဖြစ်ကြသည်။ ၎င်းတိုထဲမှ အချို့ကို အများသဘောတူ အဆ်ွဟာဘ် အဖွဲဝင်များအဖြစ် စာရင်းသွင်းထားသည်။ (150) အေမာမ်ကာဇွင်မ်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ၎င်း၏ အဆ်ွဟာဘ် နောက်လိုက်သားများ အနက်မှ အချို့ ဥပမာ အလီ ဗင်န် အဘီ ဟမ်ဇဟ် ဘသွာအိနီး ၊ ဇေယားဒ် ဗင်န် မရ်ဝါးန် နှင့် အွစ်မားန် ဗင်န် အီစာ တို့သည် အေမာမ်ရေဿွာ(အစ) ၏ အေမာမ်မသ် ကို လက်မခံခဲကြပဲ အေမာမ်ကာဇွင်မ်(အသ) ၏ အေမာမသ် ၌ပင် ရပ်တန့်ခဲ့ကြသည်။ (151) ဤအုပ်စုသည် ဝါကီဖီယဟ် ဟူ၍ ကျော်ကြားပေသည်။ သို့သော် နောက်ပိုင်း၌ ၎င်းတိုအနက်မှ အချို့သည် အေမာမ်ရေဿွာ(အစ) ၏ အေမာမသ်ကို လက်ခံလာကြသည်။ (152)

ကိုယ်စားလှယ် စည်းရုံးရေးအဖွဲအစည်း

အေမာမ်ကာဇွင်မ် (အစ) သည် ရှီအာများနှင့် ဆက်သွယ်ရန်နှင့် ၎င်းတို၏ စီးပွားရေး စွမ်းအားကို မြင့်တင်စေရန်အတွက် အေမာမ်ဆွာဒီက် (အစ) လက်ထက်တွင် တည်ထောင်ခဲ့သည့် ကိုယ်စားလှယ် စည်းရုံးရေးအဖွဲအစည်းကို တိုးချဲ့ခဲ့သည်။ ၎င်းသည် မိမိ၏ နောက်လိုက်သား အချို့ကို မတူညီသောနယ်ပယ်များသို့ ကိုယ်စားလှယ်များအဖြစ် စေလွှတ်ခဲ့သည်။ ကျမ်းကိုး၌ ၎င်း၏ ကိုယ်စားလှယ်တော် ၁၃ ယောက်၏ အမည်များကို ဖော်ပြထားသည်။ (153) အချို့ကျမ်းကိုးများအရ အလီ ဗင်န် ယက္က်သွီးန် နှင့် မိုဖက်ဇွဲလ် ဗင်န် အွမ္မရ် တို့သည် ကူဖာ၌ ၊ အဘွဲရ်ရဟ်မားန် ဗင်န် ဟဂျာဂ်ျ သည် ဘဂ္ဂဒက် ၌ ၊ ဇေယားဒ် ဗင်န် မရ်ဝါးန် သည် ကန်ဒဟဲရ် မြို့၌ ၊ အွစ်မားန် ဗင်န် အီစာ သည် မိဆ်ွရ် ၌ ၊ အီဗ်ရာဟီးမ် ဗင်န် စလာမ် သည် နီရှာဘူးရ် ၌ ၊ အဘ်ဒွလ္လာဟ် ဗင်န် ဂျွန်ဒက်ဘ် သည် အဟ်ဝါဇ် မြို့၌ အေမာမ်၏ ကိုစားလှယ်တာ၀န်ကို ထမ်းဆောင်ခဲ့ကြသည်။ (154) ကျမကိုးများ၌ မတူညီသော ဖော်ပြချက်များ လာရှိထားသည်မှာ ရှီအာများသည် မိမိတို၏ ခွမ်စ်များကို အေမာမ်ထံ သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များထံသို့ ပေးပိုကြသည်။ ရှီးခ်သူစီး သည်လည်း အေမာမ်ကာဇွင်မ်(အစ) ကိုယ်စားလှယ်တော်အချို့ဘသာ် ဝါကီဖီယဟ် အဖွဲနှင့် ပူးပေါင်းလိုက်ရသည့် အကြောင်းအရင်းကို ၎င်းတိုနှင့်အတူ စုစည်းထားသော ငွေသားပစ္စည့် ဥစ္စာများ လှည်းစားခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်ဟု ပြောထားသည်။ (155) အလီ ဗင်န် အီစ်မာအီးလ် ဗင်န် ဂျအ်ဖဲရ် သည် ဟာရူးန် ထံပေးပိုသည့် အေမာမ်ကာဇွင်မ်(အစ) အား ထောင်သွင်းအကျဉ်းချခံရ‌စေသည့် အစီရင်ခံစာ၌ လာကှိထားသည်မှာ " “စည်းစိမ်ဥစ္စာများစွာကို အရှေ့အရပ် နှင့် အနောက်အရပ်မှ ၎င်းထံသိိ ပေးပိုထားပြီး၊ ၎င်းတွင် ထုထည်ကြီးမားသော ဒင်္ဂါးပြားများကို ရှာတွေ့နိုင်သည့် ဘဏ္ဍာတိုက်တစ်ခုနှင့် ရှိပေသည်။" (156) စာပေးစာယူသည် ဥပဒေပညာရှင်များ ယုံကြည်ချက်အရ ဖီကဟ် ပညာရပ်များ ၊ ယုံကြည်ချက် ဆိုင်ရာ အကြောင်းအရာများ ၊ တရားဒေသနာ နှင့် ဒိုအာ များတွင် အေမာမ်ကိုယ်စားလှယ်တော်များဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အေမာမ် နှင့် ရှီအာများ ဆသ်သွယ်သည့် နညလမ်းများ အနက်မှ တစ်ခု ဖြစ်ပေသည်။ ဖော်ပြထားသည်မှာ အေမာမ်သည် အကျဉ်းထောင်အတွင်းမှ မိမိ၏ နောက်လိုက်သားများအတွက် စာများ ရေးသားပိုဆောင်ခဲ့ပြီး (157) ၎င်းတို၏ မေးခွန်းများကို ဖြေဆိုခဲ့သည်။ (159)

အဲဟ်လေစွန္နသ် တို ယုံကြည်လက်ခံထားသည့် အေမာမ်မူစာကာဇွင်မ်(အစ) ၏ အရိုက်အရာ

အဲဟ်လေစွန္နသ် များသည် ရှီအာတို့၏ သတ္တမမြောက် ‌ အေမာမ်ကို ဘာသာရေးပညာရှင်တစ်ဦးအဖြစ် လေးစားကြသည်။ ၎င်းတိုအနက်မှ အသက်ကြီးသူအချို့သည် အေမာမ်ကာဇွင်မ်(အစ) ၏ ပညာ နှင့် ကိုယ်ကျင့်တရားများကို ချီးကျူးကြသည်။ (160) အေမာမ်၏ စိတ်ရှည်မှု၊ ရက်ရောမှု၊ များစွာ အေဘာဒသ် ၀တ်ပြုမှု နှင့် အခြားကိုယ်ကျင့်တရားဆိုင်ရာ ထူးခြများအကြောင်း ပြောခဲ့ကြသည်။ (161) အဲဟ်လေစွန္နသ်၏ ကျမ်းကိုယများတွင် အေမာမ်ကာဇွင်မ် (အစ ၏ စိတ်ရှည်သည်းခံမှု နှင့် ခ၀တ်ကိုးကွယ်မှု အကြောင်းအရာများကို ဖော်ပြပေးထားသည်။ (162) အဲဟ်လေစွန္နသ်မှ အချို့ အိုလမာ ပညာရှင်များ ဥပမာ စမ်အာနီး ၊ သမိုင်းသုတေသီ ၊ ဟဒီးစ်ပြာစု ရေးသားသူ ၊ ဖကီးဟ် ပညာရှင် ၊ ရှာဖေအီ ဟီဂျရီ ခြောက်ရာစုနှစ် ၊ အေမာမ်ကာဇွင်မ်(အစ) ၏ ကဗဲရ်တော်သို့ ဇေယာရသ် သွားရောက်ပြုလုပ်ခဲ့ကြပြီး (163) ၎င်းအား သ၀စ္စလ် ယုံကြည်အပ်နှံခဲ့ကြသည်။ အဘူအလီ ခလ္လာလီ သည် ဟီဂျရီ သုံးရာစု ၏ အဲဟ်လေစွန္နသ် ပညာရှင်များမှ ဖြစ်ပြီး ၎င်းပြောထားသည်မှာ မည်သည့်အချိန်မဆို ကျွန်ုပ်အတွက် အခက်အခဲ တစ်စုံတစ်ရာနှင့် ရင်ဆိုင်ကြုံတွေ့လာရပါက မူစာ ဗင်န် ဂျအ်ဖဲရ် ၏ ကဗဲရ်တော် သို့ သွားရောက် ဇေယာရသ် ပြုလုပ်ပြီး ၎င်းအား သ၀စ္စလ် လုပ်ခဲ့သည် ထိုနောက် ကျွန်ုပ်၏ အခက်ခဲများသည် ပြေလည်သွားခဲ့သည်။ (164) အဲဟ်လေစွန္နသ်၏ ဖကီးဟ် ပညာရှင် လေးဦး အနက်မှ တစ်ဦးဖြစ်သည့် အေမာမ်ရှာဖေအီ မှ ကောက်နုတ်ထားသည်မှာ အေမာမ်မူစာကာဇွင်မ်(အစ)၏ ကဗဲရ်တော်အား " ရှဖာပေးစွမ်းသည့်ဆေးဝါး" ဟု၍ ချီးမွမ်းထားသည်။ (165)

အေမာမ်ကာဇွင်မ်(အစ) အကြောင်းရေးသားခဲ့သည့် စာအုပ် စာအုပ်များစာရင်းမျာ

အေမာမ်ကာဇွင်မ်(အစ) နှင့်ပတ်သက်ပြီး စာအုပ်များ၊ စာတမ်းများ၊ နှင့် ဆောင်းပါးများစွာကို ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားထားခဲ့ကြသည်။ ၎င်းတို၏ အရေအတွက်ကို ၇၇၀ ဟူ၍ ဖော်ပြထားသည်။ (166) အေမာမ်ကာဇွင်မ် အလိုင်းဟိစ္စလာမ်၏ ကေသာဘ်နာမဟ် စာအုပ်များ (167) ကာဇွင်မိုင်းန် စာအာပ်အကြောင်း သိကောင်းစရာ (168) အေမာမ်ကာဇွင်မ် အလိုင်းဟိစ္စလာမ်၏ ဆောင်းပါး အကြောင်း သိကောင်းစရာ (169) စသည်တိုအား ဖော်ပြပေးထားသည်။ အရာအများစုသည် ရှီအာတို့၏ သတ္တမမြောက် အေမာမ်၏ အတ္ထုပတ္တိ နှင့် ထူးခြားမှုများ အကြောင်း ရေးသားထားခြင်း ဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အီရန်နိုင်ငံ၌ "အေမာမ်ကာဇွင်မ် (အစ)၏ လမ်းစဉ် နှင့် အချိန်ကာလများ" ဟူသော ခေါင်းစဉ်ဖြင့် ကွန်ဖရင့်ကို ကျင်းပခဲ့ပြီး ဆောင်းပါးများကို အေမာမ်ကာဇွင်မ် (အစ) ၏ အတ္ထုပတ္တိဆိုင်ရာ ဆောင်းပါးများ စုစည်းမှုအဖြစ် ထုတ်ဝေခဲ့သည်။ (170) အဇီးဇွလ္လာဟ် အသွာရီး ရေးသားထားသည့် မွစ်နဒွလ် အိမာမွလ် ကာဇွင်မ် စာအုပ်၊ ဟိုစိုင်းန် ဟာဂ်ျ ဟစန် ရေးသားထားသည့် ဘာဘွလ်ဟဝါအီဂျွလ် အိမာမ် မူစလ်ကာဇွင်မ် စာအုပ်၊ မိုဟမ္မဒ် ဘာကရ် ရှရီးဖ် ရေးသားထားသည့် ဟယားသွလ် အိမာမ် မူစာ ဗင်န် ဂျအ်ဖဲရ် စာအုပ်၊ ဖွာရ်စ် ဟစူးန် ရေးသားထားသည့် အိမာမွလ်ကာဇွင်မ် အင်န်ဒက် အဲဟ်လွလ်စွန္နဟ် စာအုပ်၊ အဘ်ဒွလ္လာဟ် အဟ်မဒ် ယူစွဖ် ရေးသားထားသည့် စီးရသွလ် အိမာမ် မူစာကာဇွင်မ်(အစ) စာအုပ်၊ စသည်တို့သည် အေမာမ်မူစာကာဇွင်မ်(အစ) နှင့်ပတ်သက်ပြီး ရေးသားပြုစုခဲ့ကြသည့် စာအုပ်များ ဖြစ်ပေသည်။