အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု

wikishia မှ

        အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု ဟူသည် ၊ ရှီအာတို့၏ အေမာမ်များ အားလုံးသည် ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် နှင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်အမှား ဖြစ်စေ ၊ မရည်ရွယ်ဘဲ ကျူးလွန်သည့် အမှားဖြစ်စေ ၊ မေ့လျော့၍ဖြစ်စေ စသည်တို့မှ အလျင်းကင်းဝေးပေသည်။ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုသည် ၁၂ ပါးအေမာမ်ကို ယုံကြည်ကြသော ရှီအာများ၏ သီးခြားယုံကြည်မှု တစ်ခုဖြစ်သည်။ အေမာမီယဟ် နှင့် အီစ်မာအီလီယဟ် တို့၏ အမြင်အရ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုသည် အေမာမသ်၏ ပညတ်ချက်ဖြစ်ပြီး အေမာမ်များအားလုံး၏ ဂုဏ်အရည်အချင်း ဖြစ်ပေသည်။ ဂျဝါဒီအာမိုလီ ၏ အဆိုအရ၊ အေမာမ်(အစ) များအားလုံးသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ အပြစ်ကင်းစင်မှု ရှိသလို ၎င်းတို့၏ ဉာဏ်ရည်တော် ပညာရပ်များသည်လည်း အမှန်တရားဖြစ်ကာ မည်သည့် အပြစ်အနာအစာမျိုးမှ မရှိပေ။

        ရှီအာ အိုလမာ ပညာရှင်ကြီးများသည် ၊ များစွာသော အာယသ်တော်များ ဥပမာ အာယသ်သေ အူလုလ်အမ်ရ်အာယသ်သေ သက်သ်ွဟီးရ် နှင့် အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီးမ်အာယသ်သေ ဆွာဒီကီးန်အာယသ်သေ မိုဝဒ္ဒက်သ် နှင့် အာယသ်သေ ဆွလဝါသ် တို့ကို အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု အား သက်သေပြုရာ၌ ထောက်ထားကိုးကားကြသည်။ ရေဝါယသ် ကျမ်းကိုးများ၌ ၊ ရေဝါယသ်ကောက်နုတ် ကိုးကားသူများသည် ၊ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ဟဒီးစ်တော်များကို ဖော်ပြထားကြသည်။ ဥပမာ ဟဒီးစေ စက္ကလိုင်းန်ဟဒီးစေ အမာန်ဟဒီးစေ စဖီနဟ် စသည်တို့သည် အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုရာ၌ ထောက်ထားအသုံးပြုသော ဟဒီး‌စ်တော်များ ဖြစ်ကြသည်။ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး သက်သေအထောက်အထားများ ရှိနေသော်များလည်း ၊ ဝဟာဘီများ နှင့် စလဖီများ၏ ခေါင်းဆောင် အိဗ်နေသိမ်မီယဟ် ဟရာနီ တို့သည် ဤအကြောင်းအရာကို ငြင်းပယ်ထားကြသည့်အပြင် စောဓကများကိုလည်း ပြုလုပ်လာကြသည်။ သို့သော် ရှီအာ အိုလမာ ပညာရှင်ကြီးမျာူသည် ထိုစောဓကများကို ဖြေဆိုထား‌ေပသည်။

        အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး စာအုပ်များ ရေးသားခဲ့ကြသည်။ ၎င်းတို့အနက်မှ အချို့စာအုပ်များမှာ ၊ ဂျအ်ဖဲရ် စုဗ်ဟာနီ ရေးသားထားသည့် “ပိုင်ဂျိုဟီရှီ ဒဲရ် ရှေနာခ်သ် ဝါ အဆ်ွမသ်သေ အေမာမ်” ဟူသော စာအုပ်၊ မုဟမ္မဒ် ဟိုစိုင်န် ဖာရ်ယာဘ် ရေးသားထားသည့် “အဆ်ွမသ်သေ အေမာမ် ဒဲရ် သာရီးခ် သဖက္ကိုရ် အေမာမီယဟ် သာ ပါယောင်းနေ ကရ်နေ ပန်ဂျူမ်မေ ဟီဂျရီ” ဟူသောစာအုပ် နှင့် အိဗ်ရာဟီးမ် ဆွဖဲရ်ဇာဒေဟ် ရေးသားထားသည့် “အဆ်ွမသ်သေ အေမာမ် အဇ် ဒီးဒ်ဂါဟေ အက္က်လ် ဝါ ဝဟီ” စာအုပ် တို့ဖြစ်ကြသည်။

အရိုက်အရာ နှင့် အရေးပါမှု

အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု နှင့် ၎င်းနှင့်သက်ဆိုင်သော သက်သေအထောက်အထားများသည် ကျမ်းမြတ်ကုရ်အာန် နှင့် သီအိုလောဂျီ ပညာရပ်တို့၏ အရေးကြီးသော အကြောင်းအရာများ ဖြစ်သည်ဟူ၍ သတ်မှတ်ထားကြသည်။ (1) အေမာမ်၁၂ ပါးအား ယုံကြည်လက်ခံသော ရှီအာတို့၏ အမြင်အရ ၊ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုသည် ‌အေမာမသ်၏ ပညတ်ချက် နှင့် ၎င်းတို့၏ ဂုဏ်အရည်အချင်း များအနက်မှ ဖြစ်ပြီး ထိုအေမာမ်များကို အပြစ်ကင်းစင်သည်ဟု ယုံကြည်လက်ခံခြင်းသည် ရှီအာတို့၏ အဓိကယုံကြည်ချက် ဖြစ်သည်။ (2)အလ္လာမဟ် မဂ်ျလေစီ၏ ဖော်ပြချက်အရ၊ ရှီအာအေမာမီယဟ်များသည် အေမာမ်(အစ) များ အားလုံးကို ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် နှင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်အမှား ဖြစ်စေ ၊ မရည်ရွယ်ဘဲ ကျူးလွန်သည့် အမှားဖြစ်စေ ၊ မေ့လျော့၍ဖြစ်စေ စသည်တို့မှ အလျင်းကင်းဝေး ကြောင်းကို သဘောတူညီ လက်ခံထားကြသည်။ (3) အိစ်မာအီလီယဟ် တို့သည်လည်း အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို ‌အေမာမသ်၏ ပညတ်ချက် အဖြစ် လက်ခံထားသည်ဟု ပြောထားကြသည်။ (4) သို့သော် အဲဟ်လေစွန္နသ်တို့သည် အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို ‌အေမာမသ်၏ ပညတ်ချက် အဖြစ် လက်မခံထားကြပေ။ (5) အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အမြင်၌ ပထမ ခလီဖှာ သုံးဦးသည် အေမာမ်ဖြစ်ပြီး မအ်စူးမ် မဟုတ်ပေ ဟူ၍ အားလုံး သဘောတူညီ လက်ခံထားကြပေသည်။ (6) အဲဟ်လေစွန္နသ်တို့သည် အပြစ်ကင်းစင်မှု ဟူသော ပညတ်ချက် နေရာ၌ တရားမျှတခြင်း ကို ပညတ်ချက်အဖြစ် လက်ခံထားသည်။ (7) သို့သော်များလည်း ၊ ဟီဂျရီ ခုနှစ်ရာစု၌ အဲဟ်လေစွန္နသ်တို့၏ အိုလမာ ပညာရှင်ဖြစ်သူ စီဗ်သ်ွ ဗင်န် ဂျောင်ဇီ သည် အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို လက်ခံထားပေသည်။ (8) ထို့အပြင် ဝဟာဘီများသည်လည်း အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို လက်မခံပဲ ထိုအရာကို သီးသန့် တမန်တော်များ အတွက်သာလျှင် ဖြစ်သည်ဟူ၍ လက်ခံယုံကြည်ထားကြသည်။ (9) ဟီရျရီ ငါးရာစု၏ မိုအ်သဇိလဟ် သီအိုလောဂျီ ပညာရှင်များ ဖြစ်ကြသည့် အိဗ်နေ အဘီလ်ဟဒီးဒ် မိုအ်သဇေလီ နှင့် အဘူမုဟမ္မဒ် ဟစန် ဗင်န် မင်သဝိုင်ယဟ် တို့၏ ဖော်ပြချက်အရ ၊ ၎င်းတို့သည် အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို လက်မခံသော်လည်း အေမာမ်အလီ(အစ) ၏ အပြစ်ကင်းစင်မှုကို လက်ခံပြီး ယင်းအား မိုအ်သဇီလဟ် ဂိုဏ်း၏ အမြင်ဝါဒ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ (10)

        အာယသုလ္လာဟ် စုဗ်ဟာနီ၏ အဆိုအရ ၊ ဤသဘောထားကွဲလွဲမှုသည် တမန်တော်မြတ်(ဆွ) ၏ ခေလာဖသ် နှင့် အေမာမသ် နှင့်ပတ်သက်ပြီး ရှီအာ နှင့် အဲဟ်လေစွန္နသ် အုပ်စု နှစ်စုမှ ဖြစ်ပေါ်လာသည့် ယုံကြည်ချက်ကြောင့် ဖြစ်သည်။ ရှီအာတို့၏ အမြင်၌ ၊ အေမာမသ် သည် နဗူဝသ် ကဲ့သို့ပင် အရှင်မြတ်ဘက်မှ ခန့်အပ်တော်မူသည့် အရိုက်အရာ ဖြစ်ပြီး အရှင်မြတ်သည် ထိုအရိုက်အရာ၏ ဆက်ခံမည့်သူကို သတ်မှတ်ရမည် ဖြစ်သည်။ (11) သို့သော် အဲဟ်လေစွန္နသ် တို့၏ အမြင်၌ ၊ အေမာမသ်သည် လူထုမှ ရွေးချယ်သတ်မှတ်ရပြီး (12) လူတို့၏ ရွေးချယ်ထားသော အေမာမ်၏ ဉာဏ်ပညာ နှင့် တရားမျှတမှုသည် လူသားအဆင့်တွင်သာရှိပြီး အရှင်မြတ်ဘက်မှ မသတ်မှတ်ပေ။ (13)

        အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုသည် ရှီအာတို့၏ ဖိက္ကဟ် ဓမ္မသက်ပိုင်းဆိုင်ရာ အခြေခံမှု၏ သီအိုလောဂျီ နိယာမ တစ်ခုအဖြစ် သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုခြင်းအားဖြင့် ၊ အေမာမ်များ၏ စွန္နသ် ( အပြောအဆို ၊ လုပ်ဆောင်ချက် နှင့် နုတ်ဆိတ်မှု) သည် ဖိက္ကဟ် ဓမ္မသတ်၌ အစ္စလာမ့် ဥပဒေသ ကောက်နုတ်ထုပ်ယူရာတွင် အသုံးပြုသည့် အခြေခံ နိယာမ တစ်ခု အဖြစ် အသိအမှတ်ပြုနိုင်ပေမည်။ အကယ်၍ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုအား သက်သေမပြုနိုင်ပါက ၊ ၎င်းတို့၏ စွန္နသ်မှ ဖိက္ကဟ် ဓမ္မသတ်၌ အစ္စလာမ့် ဥပဒေသ ကောက်နုတ်ထုပ်ယူရာတွင် အခြေခံ နိယာမတစ်ခု အဖြစ် မသတ်မှတ်နိုင်တော့ပေ။ (14) ထို့အတူ ပြောထားသည်မှာ ရှီအာ အိုလမာ ပညာရှင်ကြီးများ၏ အမြင်အရ ၊ လူ့အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များ ဟွဂ္ဂျသ် မှန်ကန်ကြောင်း တိုင်းတာသည့် စံနှုန်းမှာ အေမာမ်(အစ) များ၏ အပြစ်ကင်းစင်ခြင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၊ အေမာမ်(အစ)များသည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော်များ ဖြစ်ကြပြီး တမန်တော်မြတ်(ဆွ) ကဲ့သို့ အပြစ်ကင်းစင်သော မအ်စူမ်များ ဖြစ်ကြပေသည်။ ထို့အပြင် လူ့အဖွဲ့အစည်းသည် ထိုမအ်စူမ် အပြစ်ကင်းစင်သူများ၏ ဟဒီးစ် ဩဝါဒတော်များကို ကောက်နုတ်ကိုးကားကြသည့် အတွက်၊ ထိုလူ့အဖွဲ့အစည်း သည်လည်း ဟွဂ္ဂျက်သ် သက်သေသာဓက ပင်ဖြစ်သည်။ (တစ်နည်းအားဖြင့် မအ်စူမ်များထံမှ ကောက်နုတ်ကိုးကားသည့် လူ့အဖွဲ့အစည်းသာလျှင် ဟွဂ္ဂျသ် သက်သေသာဓကပ်ု ဖြစ်ပေသည်။) သို့သော် ၊ အဲဟ်လေစွန္နသ် အူစူလ် ပညာရှင်ကြီးများသည် ၊ အွမ္မသ်၏ အပြစ်ကင်းစင်ခြင်းကို လူ့အဖွဲ့အစည်း ဟွဂ္ဂျသ် သက်သေသာဓက ဖြစ်ကြောင်း တိုင်းတာသည့် စံနှုန်းအဖြစ် သတ်မှတ်ထားကြသည်။ (15)

        အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှုသည် ကျမ်းမြတ်ကုရ်အာန်ထဲ၌ တိုက်ရိုက် မလာရှိထားပေ။ သို့သော် ရှီအာ အိုလမာ ပညာရှင်များသည် အာယသ်သေ အူလူအမ်ရ် (16) အာယသ်သေသသ်ွဟီးရ် (17) နှင့် အာယသ်သေ အိဘ်သေလာအ် အိဗ်ရာဟီးမ် (18) စသည့်အာယသ်တော်များကို အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု အဖြစ် သဖ်စီးရ် အလင်းဖွင့်ဆိုထားကြသည်။ သို့သော် ရေဝါယသ် ကျမ်းကိုးများ၌ ၊ အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး ဟဒီးစ် အမြောက်အများ လာရှိထားပေသည်။ (19)

အေမာမ်ကာဇွင်မ်(အစ) သည် မိမိ၏ ဖခင်ဖြစ်သူ အေမာမ်စဂျာဒ်(အစ) ထံမှ ကိုးကားထားသည်မှာ

ကျွန်ုပ်တို့၏ အိမ်သားများအနက်မှ မအ်စူးမ် မဟုတ်သူများသည် အေမာမ် မဖြစ်လာနိုင်ပေ။ ထို့အပြင် အပြစ်ကင်းစင်မှု ဟူသည် အပြင်ပိုင်းကြည့်၍ ဆုံးဖြတ်လို့ရသည့် အရာမဟုတ်ပေ။ ထို့အတွက်ကြောင့် ၊ မအ်စူမ် အပြစ်ကင်းစင်သူသည် အရှင်မြတ်ဘက်မှ သတ်မှတ်သူသာလျှင် ဖြသ်နိုင်ပေမည်။ ထိုအခါ : အိုတမန်တော်မြတ်၏ သားတော် ၊ မအ်စူးမ် အပြစ်ကင်းစင်မှု ၏ အနက်အဓိပ္ပါယ်မှာ အဘယ်နည်း? ဟူ၍ မေးမြန်းလာကြသည်။ အေမာမ်(အစ) ဖြေဆိုသည်မှာ “မအ်စူးမ် အပြစ်ကင်းစင်မှု ဟူသည် အရှင်မြတ်၏ ကြိုးကို မြဲစွာကိုင်တွယ်ထားကြသူများ ဖြစ်ကြသည်။ အရှင်မြတ်၏ ကြိုး ဟူသည် ကျမ်းမြတ်ကုရ်အာန် ပင်ဖြစ်သည်။ မအ်စူးမ် အပြစ်ကင်းစင်သူ နှင့် ကုရ်အာန်သည် ကေယာမသ်နေ့အထိ ကွဲကွာသွားမည် မဟုတ်ပေ။ အေမာမ်သည် ကုရ်အာန်ဘက်သို့ လမ်းညွှန်ပြီး ကုက်အာန်သည် အေမာမ်ဘက်သို့ လမ်းညွှန်လေသည်။ စူဒူက် ၊ မအ်နီယုလ်အခ်ဘာရ် ၊ ဟီဂျရီ ၁၄၀၃ ၊ စာမျက်နှာ ၁၃၂

ဝေါဟာရအနက်အဓိပ္ပါယ်

“အေမာမ်(အစ)များ၏ “အပြစ်ကင်းစင်မှု” ဆိုသည်မှာ ရှိသမျှ အပြစ်များမှ ကင်းဝေးခြင်း ၊ ကာကွယ်ပေးထားခြင်း ဟူ၍ ဖြသ်သည်။ (20) “ အပြစ်ကင်းစင်မှု” ဟူသည် မွတ်စ်လင်မ် သီအိုလောဂျီ ပညာရှင် နှင့် ဒဿနိက ပညာရှင်များ၏ အသုံးအနှုန်း၌ မှားယွင်းမှုမရှိခြင်း နှင့် ထိန်းသိမ်းခြင်း ဟူ၍ အဓိပ္ပာယ်ရှိ ပေသည်။ (21) သို့သော် ၊ ၎င်းတို့၏ အခြေခံမူများအပေါ် အခြေခံ၍ “အပြစ်ကင်းစင်မှု” နှင့်ပတ်သက်ပြီး ကွဲပြားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ လာရှိထားသည်။ အချို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ :

  • သီအိုလောဂျီ ပညာရှင်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် : အဒလ္လီယဟ် သီအိုလောဂျီ ပညာရှင်များ ( အေမာမီယဟ် (22) နှင့် မိုအ်သဇိလဟ် (23) ) သည် “အပြစ်ကင်းစင်မှု” ကို ကျေးဇူးတော် နိယာမဖြင့် အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ (24) ထို့ကြောင့် ၊ ထိုနိယာမ အရ၊ “အပြစ်ကင်းစင်မှု” ဟူသည် အရှင်မညတ်ထံမှ မိမိ၏ ဖန်ဆင်းခံအား ပေးသနားတော်မူသော ကျေးဇူးတော်ဖြစ်ပြီး၊ ဖန်ဆင်းခံသည် ထိုကျေး‌ဇူးတော်၏ အကြောင်းခံဖြင့် အကျည်းတန်သော သို့မဟုတ် အပြစ်ရှိသော လုပ်ရပ်များကို မလုပ်ဆောင်ပေ။ (25) အီရှာအေရေဟ်များသည် ၊ “အပြစ်ကင်းစင်မှု” ကို ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုကြသည်မှာ ၊ “အရှင်မြတ်သည် မအ်စူမ် အပြစ်ကင်းစင်သူတွင် အပြစ်များကို မဖန်ဆင်းပေ” ဟူ၍ ဖြစ်သည်။ (26)
  • ဒဿနိက အဓိပ္ပါယ်ဖွင့်ဆိုချက် : မွတ်စ်လင်မ် ဒဿနိက ပညာရှင်များသည် ၊“အပြစ်ကင်းစင်မှု” ကို နဖ်စ်ပိုင်းဆိုင်ရာ ခံယူချက် နှင့် နားလည်မှု အရှိန်အဟုန် ဟူ၍ သတ်မှတ်ထားပြီး ထို နဖ်စ်ပိုင်းဆိုင်ရာ ခံယူချက် ဖြင့် အပြစ်ကင်းစင်သူသည် ၊ အပြစ်များကို အကျူးလွန်ပေ။ (27) ဆိုထားကြသည်မှာ ဤအနက်အဓိပ္ပါယ် ဖွင့်ဆိုချက်သည် ၊ လူသားများ၏ လုပ်ဆောင်ချက်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိ‌ေသာ လူသားများ၏ နဖ်စ် မှ အရှင်မြတ်အား ပတ်သက်ဆက်နွယ်မှု ပေးထားသည့် စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း နှင့်ပတ်သက်ပြီး ဒဿနိက ပညာရှင်များ၏ အခြေခံမှု နိယာမ သဘောတရား အရ ဖွင့်ဆိုထားခြင်း ဖြစ်သည်။ (28)

“အပြစ်ကင်းစင်မှု” သည် အာရဗီ သဒ္ဒါပိုင်းအရ နာမ်မဆ်ွဒဲရ် عصم ဟူသော ဝေါဟာရ မှ ဖြစ်ပြီး (29) အနက်အဓိပ္ပါယ်အရ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ တားစီးခြင်း ဟူ၍ ဖြစ်သည်။ (30) عصمت ဟူသော ဝေါဟာရကို ကုရ်အာန် တွင် အသုံးမပြုထား‌ေပ။ သို့သော် ၎င်းမှ ဆင်းသက်လာသော ဝေါဟာရကို ကုရ်အာန်တွင် ၁၃ ကြိမ်နှင့် အဘိဓာန် သဘောအရ အသုံးပြုခဲ့သည်။ (31)

အကျယ်တစ်ဝန့် ရှင်းလင်းခြင်း

        အေမာမီယဟ် အိုလမာ ပညာရှင်ကြီးများ ယုံကြည်ထားသည်မှာ ၊ အေမာမ်(အစ) များအားလုံးသည် တမန်တော်များ (ဆွ) ကဲ့သို့ပင် ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် ၊ ရည်ရွယ်ချက်ရှိရှိ အမှားပြုလုပ်ခြင်း ၊ မေ့လျော့၍ အမှားကျူးလွန်လွန်မိခြင်း နှင့် ရှိရှိသမျှသော အပြစ်ငရဲများ နှင့် အမှားများမှ ကင်းဝေးပြီး အပြစ်ကင်းစင်ကြသူများ ဖြစ်ကြပေသည်။ (32) ၎င်းတို့၏ အမြင်၌ ၊ အေမာမ်(အစ) များသည် ၎င်းတို့၏ ဘဝတစ်လျောက်လုံး၌ ၊ အေမာမသ် မတိုင်ခင် နှင့် အေမာမသ် ဆက်ခံပြီးနောက်လည်း အပြစ်ကင်းစင်ကြသူများ ဖြစ်ကြသည်။ (33) ဖီယာဇ် လာဟိဂျီသည်၊ အပြစ်ငရဲများ နှင့် အမှားအယွင်းများမှ ကင်းဝေးသည့် အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေး နှင့် မျိုးရိုးအရ ချို့ယွင်းချက်များမှလည်း ကင်းဝေးခြင်းကိုလည်း အေမာမ်၌ ရှိရမည့် ပညတ်ချက် ဖြစ်သည် ဟူ၍ ယုံကြည်လက်ခံထားသည်။ ထို့ကြောင့် အေမာမ် ဟူသည် နူနာရောဂါကဲ့သို့သော နာတာရှည် သို့မဟုတ် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာရောဂါများ ၊ သို့မဟုတ် ကပ်ဆေးနည်းခြင်းတွန့်တိုခြင်း ၊ အကြမ်းဖက်ခြင်း ကဲ့သို‌့သော် စိတ်ပိုင်းဆိုင်ရာ ရောဂါများ သို့မဟုတ် ရူးခြင်း၊ အသိဉာဏ် မရှိခြင်း၊ မေ့လျော့ခြင်း ကဲ့သို့သော် ဉာဏ်ရည်ဉာဏ်သွေး ဆိုင်ရာ ရောဂါများ နှင့် မျိူရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုများ မရှိရပေ။ ၎င်း၏ အကြောင်းအရင်းမှာ ဤချို့ယွင်းချက်များသည် အေမာမ်(အစ) များအား လူသားများဘက်မှ မုန်းတီးမှု နှင့် တွန့်ဆုတ်မှုတို့ကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ အမိန့်ညွှန်ကြားချက်များကို မဖြစ်မနေ နာခံရာနှင့် မကိုက်ညီသောကြောင့် ဖြစ်သည် ဟု ဖော်ပြထားသည်။ (34) ရှီးခ်မိုဖီးဒ် သည် ၊ ‌ေအမာမ်များမှ မွတ်စ်သဟဘ်အရာများကို မေ့လျော့၍ ရှောင်ကြဉ်မိခြင်းကို ယုတ္တိရှိသည်ဟူ၍ ယလက်ခံယုံကြည်ထားသည်။ သို့သော် အေမာမ်များသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် မည်သည့် မွစ်သဟဘ်ကိုမျှ မရှောင်ကြဉ်ခဲ့ပေ ဟူ၍ ယုံကြည်ထားသည်။ (35) အဗ္ဗ်ဒုလ္လာဟ် ဂျဝါဒီအာမိုလီ သည် “ အပြစ်ကင်းစင်ခြင်း” ကို လက်တွေ့ကျင့်ဆောင်မှု နှင့် ပညာ ဟူ၍ နှစ်မျိုုး ခွဲခြားထားပြီး အေမာမ်(အစ) များသည် ထိုနှစ်မျိုးစလုံး၌ ရှိသည်ဟူ၍ လက်ခံထားသည်။ ၎င်း၏ အဆိုအရ ၊ အေမာမ်များ၏ အပြုအမူသည် အမှန်တရားနှင့် ကိုက်ညီမှု ရှိသကဲ့သို့ ၎င်းတို့၏ အသိပညာသည်လည်း မှန်ကန်ပြီး မည်သည့် အမှား၊ သို့မဟုတ် မေ့လျော့မှုမှ မပါဝင်ပေ။ (36) ၎င်း၏ အဆိုအရ ၊ မည်သူမဆို အသိပညာ အပြစ်ကင်းစင်မှု အဆင့်သို့ ရောက်ရှိလာပါက ၊ ရှိုင်ဿွာန်၏ အနှောက်အယှက်ပေးခြင်းမှ ကင်းဝေးပြီး ရှိုင်ဿွန်သည် ၎င်း၏ အတွေးအခေါ် ၌ ဝင်ရောက် စွက်ဖက်နိုင်မည် မဟုတ်ပေ။ (37) အလီရဗ္ဗာနီ ဂိုလ်ပါယေဂါနီ သည်၊ လက်တွေ့ကျင့်ဆောင်နိုင်သော အပြစ်ကင်းစင်မှုကို အပြစ်ငရဲများမှ သန့်ရှင်းစင်ကြယ်မှု ဖြစ်သည်ဟု မှတ်ယူပြီး အသိပညာဆိုင်ရာ အပြစ်ကင်းစင်မှုကို အောက်ပါ အဆင့်များအောက်၌ ရှိသည်ဟု သတ်မှတ်ထားသည်။ • အရှင်မြတ်၏ အဲဟ်ကာမ် ဥပဒေသများ၌ အပြစ်ကင်းစင်၍ မှားယွင်းမှု မရှိခြင်း • အရှင်မြတ်၏ အဲဟ်ကာမ် ဥပဒေသများ၏ အကြောင်းအရာများ၌ အပြစ်ကင်းစင်၍ မှားယွင်းမှု မရှိခြင်း • လူ့အဖွဲ့အစည်းအား ဦးစီးဦးဆောင် ပြုရာနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် အကောင်း နှင့် အဆိုယကို ခွဲခြားရာ၌ အပြစ်ကင်းစင်၍ မှားယွင်းမှု မရှိခြင်း • ကိုယ်ရေးကိုယ်တာ နှင့် လူမှုရေး ကိစ္စရပ်များ အပါအဝင် သာမန်ဘဝ ကိစ္စများတွင် အပြစ်ကင်းစင်၍ မှားယွင်းမှု မရှိခြင်း (38) ၎င်း၏အဆိုအရ ၊ အေမာမ်(အစ) များသည် ထိုအဆင့်များ အားလုံး၌ ရှိပေသည်။ (39)

အပြစ်ကင်းစင်မှု၏ အသိဉာဏ်ပိုင်းဆိုင်ရာ ဆင်ခြင်သက်သေ

ရှီအာ အိုလမာ ပညာရှင်များထံမှ အေမာမ်များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုဖို့ရန် အတွက် အသိဉာဏ်ပိုင်းဆိုင်ရာ ဆင်ခြင်သက်သေ အမျိုးမျိုးကို ဖော်ပြထားသည်။ ထိုသက်သေဆင်ခြင်များမှာ :

စဉ်ဆက်ဖြစ်ပေါ်မှု နိယာမအား ငြင်းပယ်ခြင်း ဆင်ခြင် ၊ ထိန်းသိမ်းခြင်း ဆင်ခြင်၊ နှင့် အေမာမ်ဘက်မှ ရှရီအသ် တရားတော်ဆိုင်ရာ ပြဌာန်းချက်များကို သတ်မှတ်ပေးခြင်း ဆင်ခြင် ၊ အေမာမ်များ၏ အမိန့်တော်များကို မဖြစ်မနေ လိုက်နာရမည့် ဆင်ခြင် ၊ ဆိုလိုရင်း လွဲမှားမှု ဆင်ခြင် ၊ ဆုတ်ယုတ်မှု ဆင်ခြင် နှင့် အပြစ်ကျူးလွန်ရာ၌ အေမာမ်များ နှုတ်ဆိတ်နေခြင်း ဆင်ခြင် တို့ဖြစ်သည်။ (40)

အသိဉာဏ်ဆင်ခြင် သည်၊ အေမာမ်များ မည်သူမည်ဝါ ဖြစ်သည်ကို ဂရုမပြုပဲ ယေဘုယျနိယာမ တစ်ခုဖြင့်သာ အေမာမ်များ၏ အပြစ်ကင်းစင်၍ မှားယွင်းမှု မရှိခြင်းကို သက်သေပြုပေသည်။ ဂျအ်ဖဲရ်စုဗ်ဟာနီ ၏အဆိုအရ၊ တမန်တော်များ၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး လာရှိထားသည့် အသိဥာဏ်ဆင်ခြင်သက်သေများ အားလုံးသည် အေမာမ်များ၏ အပြစ်ကင်းစင်မှု အတွက်လည်း အသုံးပြုပေသည် ။ ဥပမာ ဗေအ်စသ် တမန်တော်များ ဖူးပွင့်ရသည့် ရည်ရွယ်ချက် ဖြစ်ပေါ်လာရန် ၊ လူသားများ၏ ယုံကြည်မှုကို ဆွဲဆောင်နိုင်ရန် စသည်တို့ ဖြစ်သည်။ ၎င်း၏ အဆိုအရ၊ အေမာမ်များ မအ်စူးမ် အပြစ်ကင်းစင်မှုသည် ရှီအာတို့၏ ယုံကြည်ချက် တစ်ခုဖြစ်ပြီး ၎င်းတို့သည် အေမာမသ်ကို တမန်တော်မြတ်(ဆွ)၏ ရေစာလသ် တာဝန်များအား ဆက်လက်ထမ်းဆောင်ခြင်းအဖြစ် မှတ်ယူထားကြသည်။ ထိုသို့ တာဝန် ဆက်လက်ထမ်းဆောင်ရာ၌ အေမာမ်များ မအ်စူမ် မပြစ်ကင်းစင်သူများ မဖြစ်ပါက ၊ အလျင်းဖြစ်နိုင်ခြေ မရှိပေ။ (41)

အေမာမ်များ၏ အမိန့်တော်များကို မဖြစ်မနေ လိုက်နာရမည့် ဆင်ခြင်သက်သေအာယသ်သေ အူလူအမ်ရ် ၏ အထောက်အထားအရ ၊ အေမာမ်များမှ နာခံလိုက်နာရမည်မှာ ဝါဂျီဘ်ဖြစ်သည်။ (42) တစ်နည်းအားဖြင့် အချို့သည် အေမာမ်အား နာခံလိုက်နာရသည့်တာဝန်ကို မွတ်စ်လင်မ်တို့၏ သဘောတူညီမှုအဖြစ် ယူဆကြသည်။ (43)

အကယ်၍ အေမာမ်သည် မအ်စူမ် အပြစ်ကင်းစင်သူ အဟုတ်ပါက ၊ အပြစ်ကျူးလွန်သူ သို့မဟုတ် အမှားအယွင်းရှိသူ ဖြစ်ပါက ၎င်းထံမှ နာခံလိုက်နာမှုသည် ဟရာမ်ဖြစ်ပြီး၊ ကောင်းရာကိုညွှန် မကောင်းရာမှ တားမြစ်ခြင်း၏ သက်သေအရာ ၎င်းကို အပြစ်များမှ တားမြစ်ရမည်မှာ ဝါဂျီဘ် ဖြစ်ပေသည်။ ထိုသို့ပုံစံ၌ ၊ ၎င်းထံမှ အမိန့်ကိုနားခံရပြီး အခြားတစ်ဖက်၌ ၎င်း၏အမိန့်ကို ဆန့်ကျင်ရမည် ဖြစ်သည်။ ယင်းမှာ ဖြစ်နိုင်ခြေ အလားအလာမရှိပေ။ ထို့အတွက်ကြောင့် အေမာမ်သည် အပြစ်ကင်းစင်၌ အမှားမရှိသူ ဖြစ်ရပေမည်။ (44)

ကုရ်အာန်အာယသ်တော်များဖြင့် သက်သေပြုခြင်း

အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုဖို့ရန်အတွက် ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော်များ ဖြစ်ကြ‌သည့် အာယသ် သေ အိဗ်သိလာယေ အိဗ်ရာဟီအာယသ်သေ အူလုလ်အမ်ရ်အာယသ်သေ သက်သ်ွဟီးရ်အာယသ်သေ ဆွာဒိကီးန် (45) အာယသ်သေ မိုဝဒ္ဒက်သ် (46) နှင့် အာယသ်သေ ဆွလဝါသ် (47) တို့အား အထောက်အထားအဖြစ် ဖော်ပြထားကြသည်။

အာယသ်သေ အိဘ်သေလာအ် အိဗ်ရာဟီးမ်

وَ اِذِ ابۡتَلٰۤی اِبۡرٰہٖمَ رَبُّہٗ بِکَلِمٰتٍ فَاَتَمَّہُنَّ ؕ قَالَ اِنِّیۡ جَاعِلُکَ لِلنَّاسِ اِمَامًا ؕ قَالَ وَ مِنۡ ذُرِّیَّتِیۡ ؕ قَالَ لَا یَنَالُ عَہۡدِی الظّٰلِمِیۡنَ ﴿۱۲۵﴾

(အို၊ သင်တို့က တမန်တော်မြတ်ကို ယုံကြည်ပြီး ကိုယ်တော်၏ လမ်းစဉ်အတိုင်း လိုက်နာရန် ငြင်းဆန်ခြင်း သည် တမန်တော်မြတ်က သင်တို့အနက်မှ တစ်ဦးမဟုတ်သောကြောင့်ပင် ဖြစ်ပေ၏။ သင်တို့အနက်မှဖြစ်သော အီဗ်ရာဟီးမ်၏ တမန်တော်ဖြစ်ခြင်း နှင့်စပ်လျဉ်း၍ သင်တို့၏ဆန္ဒသည်ကား မည်သို့နည်း။) တမန်တော်အီဗ်ရာဟီးမ်ကို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က အမိန့်တော်များဖြင့် စမ်းသပ်တော်မူသည့်အခါ (တမန်တော်) အီဗ်ရာဟီးမ်းက ယင်းတို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ အရှင်မြတ် က “ငါအရှင်မြတ်သည် သင့်အား လူသားတို့၏အီမာမ် (ရှေ့ဆောင်ဦးစီးခေါင်းဆောင်) အဖြစ် ခန့်အပ်တော်မူ ခဲ့ပြီ။” ဟု မိန့်ဆိုသော် (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်တော်၏သားစဉ်မြေးဆက်များကိုလည်း (ရှေ့ဆောင်များ၊ ဦးစီးခေါင်းဆောင်များအဖြစ် ဖြစ်စေတော်မူပါ။)” ဟု လျှောက်တင်ခဲ့၏။ အရှင်မြတ်က “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ ကတိတော်နှင့်အလှမ်းဝေး၏။” ဟု မိန့် တော်မူ၏။ (ကတိတော်၌ သူတို့မပါဝင်သည့်အတွက် ငါအရှင်မြတ်၏ဂုဏ်ပေးမှုသည် သူတို့အထိ ရောက်မည် မဟုတ်ပေ။ (48) အာယသ် သေ အိဘ်သေလာအ် အိဗ်ရာဟီးမ် ဖြင့် သက်သေပြုရာ၌ ဖော်ပြထားသည်မှာ ၊ «لاینالُ عَهدی الظّالِمینَ» “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် လုပ်သူများသည် ငါအရှင်မြတ်၏ ကတိတော်နှင့်အလှမ်းဝေး၏။” ဟူသော မိန့်ဆိုချက်၌ ဆိုလိုရင်းမှာ ၊ မည်သူမဆို မည်သည့်အချိန်မဆို ဇွာလင်မ် ရက်စက်ယုတ်မာ ညှင်းပန်းနှိတ်ဆက်သူ ဖြစ်ပါက ၊ ထိုသို့သောလူသည် အေမာမ် အရိုက်အရာ၌ မပါဝင်ပေ။ ထို့အတွက်ကြောင့် ၊ ဤအာယင်သည် အေမာမ်၏ အေမာမသ် ဆက်ခံနေသည့် ကာလတစ်လျှောက်နှင့် အေမာမသ် မတိုင်မီကာလ၌ မအ်စူမ် အပြစ်ကင်းစင်သူ ဖြစ်ကြောင့် သက်သေပြုပေသည်။ (49) ဖွာဇွီလ် မိက္က်ဒါဒ် ဆိုသူသည် ဤအာယသ်၏ သက်သေပြုချက်ကို ဤသို့ပြောထားသည်မှာ : မအ်စူမ် အပြစ်ကင်းစင်သူ မဟုတ်သူများသည် ဇွာလင်မ်များ ဖြစ်ကြပြီး ဇွာလင်မ်သည် အေမာမ်မသ် အကိုက်အရာကို ဆက်ခံဖို့ရန် မထိုက်တန်ပေ။။ မအ်စူမ် အပြစ်ကင်းစင်သူ မဟုတ်သူများသည် အေမာမသ် အရိုက်အရာအတွက် သင့်လျော်မှု မရှိပေ။ ထို့အတွက်ကြောင့် အေမာမ်သည် မအ်စူမ် အပြစ်ကင်းစင်သူ ဖြစ်ကိုဖြစ်ရပေမည်။ (50) ရှီအာအိုလမာများသည် ၊ «عهدی» “ကတိတော်” ၏ဆိုလိုရင်းကို ၊ အေမာမ်သ် အရိုက်အရာ ဟူ၍ သတ်မှတ်ထားကြသည်။ (51)

အာယသ်သေ အူလူလ်အမ်ရ်

يَا أَيُّهَا الَّذِينَ آمَنُواْ أَطِيعُواْ اللّهَ وَأَطِيعُواْ الرَّسُولَ وَأُوْلِي الأَمْرِ مِنكُمْ ...؛ အို သက်ဝင်ယုံကြည်သူ အပေါင်းတို့ ၊ အသင်တို့သည် အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာကြလေကုန် ၊ ထို့အအပြင် ရစူလ် တမန်တော် ၏ အမိန့်တော် နှင့် အသင်တို့အနက်မှ အာဏာပိုင်များ၏ အမိန့်တော်ကို လိုက်နာကြလေကုန်။ (52) ရှီအာအိုလမာ ပညာရှင်များသည် ဤအာယသ်တော်အား သက်သေပြုရာ၌ ပြောထားကြသည်မှာ ၊ ဤအာယသ်တော်တွင် မည်သည့် ပညတ်ချက်မှ မလာရှိထားပဲ အူလူလ်အမ်ရ် များမှ နာခံရန် အမိန့်ပေးထားသည်။ ထိုသို့သောအမိန့်သည် အူလူလ်အမ်ရ် များ၏ အပြစ်ကင်းစင်၍ အမှားမရှိကြောင်းကို သက်သေပြုပေသည်။ အဘယ်ကြောင့်ဆိုသော် ၊ အူလူလ်အမ်ရ်သည် မအ်စူမ် အပြစ်ကင်းစင်သူ မဟုတ်ပါက အပြစ်ကျူးလွန်သူ အမှားပြုလုပ်သူ ဖြစ်ပါက ၊ အရှင်မြတ်၏ ဆင်ခြင်တုံတရား နှင့် တရားမျှတမှုသည် ၎င်းတို့အား လုံးဝနာခံရန် အမိန့်ပေးမည် မဟုတ်ပေ။ (53) ရှီအာများသည် ၊ ရေဝါယသ်များအရ (54) အူလူလ်အမ်ရ် ၏ ဆိုလိုရင်းကို ရှီအာတို့၏ အေမာမ်(အစ) များဖြစ်ကြသည် ဟူ၍ ယုံကြည်ထားကြသည်။ (55)

အာယသ်သေ သသ်ွဟီးရ်

إِنَّمَا یُرِیدُ اللهُ لِیُذْهِبَ عَنْکُمُ الرِّجْسَ أَهْلَ الْبَیتِ وَ یُطَهِّرَکُمْ تَطْهِیراً ဧကန်စင်စစ် ၊ (ရစူလ်တမန်တော်၏) အိမ်တော်သူအိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးတော်မူရန်နှင့်သင်တို့အား ဖြူစင်သန့်ရှင်းမှုစစ်စစ်ဖြင့် ဖြူစင်သန့်ရှင်းစေတော်မူရန်သာ ဆန္ဒပြုတော်မူ၏။ (56) ဤအာယသ်တော်မှလည်း အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို ထောက်ထားသက်သေပြုကြသည်။ (57) ဤအာယသ်တော်၏ အချို့သော သက်သေအထောက်အထားများကို ဤသို့ ဖော်ပြထားကြသည်မှာ : (က) အာယသ်တော်၌ လာရှိထားသည့် အဲဟ်လေဘိုင်သ် ၏ဆိုလိုရင်းမှာ “အာလေအဘာ” ငါးပါးဖြစ်သည်။ (ခ) ဤအာယသ်၌ အရှင်မြတ်သည် အဲဟ်လေဘိုင်သ်(အစ) မှ မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးတော်မူရန် ဆန္ဒပြုတော်မှု‌ကြောင်းကို သတင်းပါးခဲ့လေသည်။ (ဂ) အရှင်မြတ်သည် မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးတော်မူရန် ဆန္ဒပြုတော်မှု‌သည့်အပြင် ၊လက်တွေ့ဘဝ၌ ထိုသို့ဖြစ်လာဖို့ရန်လည်း ဆန္ဒရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ၊ အာယသ်တော်၏ အဲဟ်လေဘိုင်သ်(အစ) အား ချီးမွမ်းထားသည့် အနေအထားတွင် ရှိနေသောကြောင့် ဖြစ်သည်။ (အရှင်မြတ်၏ ဖြစ်တည်မှုဆိုင်ရာ ဆန္ဒ (အလိုတော်) ဖြစ်သည်။) (ဃ) အဲဟ်လေဘိုင်သ်(အစ) မှ မနှစ်မြို့ရွံရှာဖွယ်ရာ မစင်ကြယ်မှုကို ဖယ်ရှားပေးခြင်းသည် ၊ ၎င်းတို့သည် အပြစ်ကင်းစင်သူများ ဖြစ်ကြောင်းကို သက်သေပြုပေသည်။ (58) ရှီအာ (59) နှင့် အဲဟ်လေစွန္နသ် (60) တို့ထံမှ ကောက်နုတ်ဖော်ပြထားသည့် များစွာသော ရေဝါယသ်များအရ ၊ အာယသ်သေ သသ်ွဟီးရ်သည် ၊ အဆ်ွဟာဘေကိစ္စာ နှင့်ပတ်သက်ပြီး ကြရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၊ အာယသ်တော်၌ လာရှိထားသည့် အဲဟ်လေဘိုင်သ် ၏ ဆိုလိုရင်းမှာ အဲဟ်လေဘိုင်သ် ငါးပါးသာလျှင် ဖြစ်သည်။ (61)

ရေဝါယသ်များကို ထောက်ထားသက်သေပြခြင်း

များစွာသော ဟဒီးစ်တော်များ ဥပမာ ဟဒီးစေ စက္ကလိုင်းန်ဟဒီးစေ စဖီနေဟ် စသည်တို့သည် အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုရာ၌ ဆွဟာဘဟ် များ နှင့် အအင်မ်မဟ်(အစ) များထံမှ ကောက်နုတ်ဖော်ပြခဲ့ကြသည့် ဟဒီးစ်များ ဖြစ်ကြသည်။ (62) ရှီအာများ ထောက်ထားသက်သေပြုသည့် အချို့သော ဟဒီးစေနဗဝီ (တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ဟဒီး‌စ်‌ေတာ်များ) မှာ အောက်ပါတို့ဖြစ်ကြသည်။

ဟဒီးစေစက္ကလိုင်းန်

ဤဟဒီးစ်၌ «لَنْ يَفْتَرِقَا حَتَّي يَرِدَا عَلَيَّ الْحَوْض»،ကျမ်းမြတ် ကုရ်အာန် နှင့် အဲဟ်လေဘိုင်သ်(အစ) တို့သည် မည့်အခါမှ ကွဲကွားသွားမည် မဟုတ်ကြောင်းကို တိုက်ရိုက်မိန့်ဆိုထားပြီး အဲဟ်လေဘိုင်သ်(အစ) ၏ အပြစ်ကင်းစင်မှုကို သက်သေပြုထားပေသည်။ အဘယ်ကြောင့်ဆိုသော် ၊ ၎င်းတို့ထံမှ အပြစ်တစ်ခုခုကို ကျူးလွန်ခြင်း သို့မဟုတ် အမှားလုပ်မိပါက ယင်းသည် ကုရ်အာန်နှင့် ကင်းကွာစေသောကြောင့် ဖြစ်သည်။ (63) ၊ ထို့အပြင်၊ တမန်တော်မြတ်(ဆွ) သည် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အဲဟ်လေဘိုင်သ်(အစ) ကို စွဲမြဲစွာ လက်ကိုင်ထားသည့် မည်သူမဆို လမ်းလွဲမည်မဟုတ်ကြောင်း ဤဟဒီးစ်တော်တွင် ဖော်ပြထားသည်။ ထိုအရာသည်လည်း အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မအ်စူမ် အပြစ်ကင်းစင်သူများ မဟုတ်ပါက ၎င်းတို့ထံမှ အကြွင်းမဲ့ လိုက်နာမှုသည် လွဲမှားမှုဆီသို့ ဦးတည်သွားသောကြောင့် ဖြစ်သည်။ (64) အခြားတစ်နည်းဖြင့် ဆိုရသော် ၊ ဤဟဒီးစ်တော်သည် အဲဟ်လေဘိုင်သ်(အစ) ထံမှ မဖြစ်မနေ လိုက်နာရမည် ဖြစ်ကြောင်းကို သက်သေပြုပြီး ၎င်းတို့ထံမှ မဖြစ်မနေ လိုက်နာခြင်းသည် ၎င်းတို့၏ အပြစ်ကင်းစင်မှုကို သက်သေပြုပေသည်။ (65) ရှီအာတို့၏ ရေဝါယသ်များ၌ ၊ ဟဒီးစေစက္ကလိုင်းန် ၌ လာရှိထားသည့် အဲသ်လေဘိုင်းသ်(အစ) ၏ ဆိုလိုရင်းမှာ ရှီအာအေမာမ်များ(အစ) ဖြစ်ကြသည် ဟူ၍ ဖွင့်ဆိုထားသည်။ (66) အချို့သော် အဲဟ်လေစွန္နသ်များသည် (67) အဲသ်လေဘိုင်းသ်(အစ) ၏ ဆိုလိုရင်းကို အဆ်ွဟာဘေကိစ္စာ ဟူ၍ လည်းကောင်း ၊ အချို့များသည် (68) အဲသ်လေဘိုင်းသ်(အစ) ၏ ဆိုလိုရင်းကို အေမာမ်အလီ(အစ) ဖြစ်သည်ဟူ၍ ယုံကြည်လက်ခံထားကြသည်။ အချို့သော် ရှီအာသီအိုလောဂျီ ပညာရှင်များသည်၊ ဟဒီးစေ စက္ကလိုင်းန် ကို ထင်ပေါ်ကျော်ကြားသော် ဟဒီးစ် ဟူ၍ သတ်မှတ်ထားပြီး ထိုဟဒီးစ်၏ မှန်ကန်မှု နှင့်ပတ်သက်၍လည်း မည်သည့် ဒွိဟသံသယမှ မရှိပေ ဟူ၍ ယုံကြည်ထားကြသည်။ (69) အချို့သည် ဤဟဒီးစ်တော်ကို မအ်နဝီပိုင်းဆိုင်ရာ ထင်ပေါ်ကျော်ကြားသော် ဟဒီးစ် ဟူ၍ သတ်မှတ်ထားသည်။ (70)

ဟဒီးစေ အမားန်

ဟဒီးစေ အမားန် ဆိုသည်မှာ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ထင်ပေါ်ကျော်ကြားသော ဟဒီးစ်တစ်ခု ဖြစ်ပြီး ရှီအာ (71) နှင့် စွန္နီ (72) တို့မှ ကောက်နုတ်ဖော်ပြထားသည်။ သို့သော် ဤဟဒီးစ်၌ ဤသို့ အနည်းငယ် ကွဲပြားမှုရှိသည်မှာ : النُّجُومُ أَمَانٌ لِأَهْلِ السَّمَاءِ وَ أَهْلُ بَيْتِی أَمَانٌ لِأُمَّتِی؛ ကြယ်တာရာများသည် ကောင်းကင်ဘုံ၏ လုံခြုံရေး ဖြစ်ပြီး ကျွန်ုပ်၏ အဲဟ်လေဘိုင်သ်(အစ) အွမ္မသ် ၏ လုံခြုံရေး ဖြစ်သည်။ ဤဟဒီးစ်အား သက်သေအဖြစ် အသုံးပြုရာ၌ ဆိုထားကြသည်မှာ ၊ တမန်တော်မြတ်(ဆွ) သည် မိမိ၏ အဲဟ်လေဘိုင်သ်(အစ) ကို ကြယ်တာရာများနှင့် ခိုင်းနှိုင်းထားပြီး ၎င်းတို့အား အွမ္မသ် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်ရှိ လူသားများ၏ လုံခြုံရေးအတွက် အကြောင်းအရင်း အဖြစ် မိတ်ဆက်ပေးခဲ့သည်။ အဲဟ်လေဘိုင်သ်(အစ)ကို မည်သည့် ပညတ်ချက်မှ မရှိဘဲ၊ လမ်းညွှန်မှု ကြယ်တာရာများ ၊ အွမ္မသ် ၏လုံခြုံရေး ၊ ကွဲပြားမှုများ နှင့် လမ်းလွဲလမ်းမှားများမှ ကင်းစင်‌ စေသည်ဟု မိန့်ဆိုထားသော တမန်တော်မြတ် (ဆွ) ၏ ဤဖော်ပြချက်သည် ၊ အဲဟ်လေဘိုင်သ်(အစ) ၏ အပြစ်ကင်းစင်မှုကို သက်သေပြုပေသည်။ အဘယ်ကြောင့်ဆိုသော် ၊ အပြစ်မကင်းစင်ပါက ဤသို့ကိစ္စရပ်များ ဖြစ်လာနိုင်ခြေ အလျင်းမရှိသောကြောင့် ဖြစ်သည်။ (73) ဤဟဒီးစ်တော်သည် “ကိဖာယသုလ်အစဲရ်” စာအုပ်၌ ၊ အဲဟ်လေဘိုင်သ်(အစ) ကို အေမာမ်(အစ) များဖညစ်သည်ဟူ၍ ဖွင့်ဆိုထားပြီး ၎င်းတို့သည် မအ်စူမ် အပြစ်ကင်းစင်သူများ ဖြစ်ကြကြောင်းကိုလည်း တိုက်ရိုက်ဖော်ပြထားသည်။ (74) ဟီဂျရီ လေးရာစု၊ အဲဟ်‌ေလစွန္နသ် တို့၏ ဟဒီးစ် ကိူကားကောက်နုတ်သူ ဟာကက်မေနီရှာဘူရီး သည် ၊ ဟဒီးစေ အမားန်ကို စစ်မှန်သော အထောက်အထားရှိသည့် ဟဒီးစ် ဟူ၍ သတ်မှတ်ထားသည်။ (75)

ဟဒီးစေ စဖီနေဟ်

ဟဒီးစေ စဖီနေဟ် သည် ရှီအာ (76) နှင့် စွန္နီ (77) ကျမ်းကိုးများ၌ အနည်းငယ် ကွာခြားသော ပုံစံဖြင့် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ဖော်ပြထားကြသည်မှာ : «إِنَّمَا مَثَلُ أَهْلِ بَیتِی فِیکُمْ کَمَثَلِ سَفِینَةِ نُوحٍ مَنْ رَکِبَهَا نَجَی وَ مَنْ تَخَلَّفَ عَنْهَا غَرِقَ

ဧကန်စင်စစ် ၊ ကျွန်ုပ်၏ အဲဟ်လေဘိုင်သ်(အစ) သည် အသင်တို့အကြားတွင် တမန်တော်နူဟ်၏ သဘော် နှင့် အလားတူပေသည်။ မည်သူမဆို ထိုသဘော် အပေါ် လိုက်ပါစီးနှင်းပါက ကယ်တင်ခြင်းသို့ရောက်ပြီး မလိုက်ပါကြသူများသည် နှစ်မြုပ်ကြ‌ပေမည်။ အချို့များသည် ဤဟဒီးစ်တော်ကို ထင်ပေါ်ကျော်ကြားသော ဟဒီးစ်ဟူ၍ ယူဆထားကြသည်။ (78) ဟာကင်မေနီရှာဘူရီး သည်လည်း ဤဟဒီးစ်ကို မှန်ကန်သော ဟဒီးစ် ဟူ၍ လက်ခံထားသည်။ (79) မီးရ်ဟာမိဒ် ဟိုစိုင်နီ ဆိုသူသည် ၊ ဤဟဒီးစ်အား သက်သေပြုရာ၌ ဆိုထားသည်မှာ ၊ အကယ်၍ အဲဟ်လေဘိုင်သ်(အစ) ၏ သဘော်သည် ၊ လူသားများအား ‌ကယ်တင်မှု ပေးပြီး ထိုအရာကို ငြင်းပယ်ပါက နှစ်မြုပ်စေပြီး လမ်းမှားရောက်ရှိစေမည် ဟု ဆိုပါက ၊ ပထမဦးစားပေးအနေဖြင့် ထိာအဲဟ်လေဘိုင်သ်(အစ) ကိုယ်တိုင် လမ်းလွဲလမ်းမှား ရောက်ခြင်းမှ ကင်းဝေးရပေမည်။ ဤသို့မဟုတ်ပါက ၊ ၎င်းတို့ထံမှ အကြွငမဲ့ လိုက်နာခြင်း နှင့် ၊ ၎င်းတို့သဘော် အပေါ်၌ လိုက်ပါစီးနှင်း တို့သည် လူသားများကို လမ်းလွဲလမ်းမှားသို့ ကျရောက်‌စေသည်။ အရှင်မြတ် နှင့် တမန်တော်မြတ်(ဆွ) သည်လည်း လူသားများ လမ်းလွဲလမ်းမှား ဖြစ်အောင် အမိန့်နာခံခိုင်းသည်မှာ ဖြစ်နိုင်ခြေ အလားအလာ အလျင်း မရှိပေ။ (80) ဟဒီးစ်စေ စဖီနေဟ် ၌ အဲဟ်လေဘိုင်သ်(အစ) ၏ ဆိုလိုရင်းမှာ ၊ ၁၂ ပါးအေမာမ်(အစ) များသာဖြစ်ပေသည်။ (81) ဟီဂျရီ ၁၀ ရာစု နှင် ၁၁ ရာစု ၊ အဲဟ်လေစွန္နသ်တို့၏ အိုလမာ ပညာရှင် ဖြစ်သူ အဗ္ဗ်ဒုက်ရအူးဖ် မိုနာဝီ သည် ၊ အဲဟ်လေဘိုင်သ်(အစ) ၏ ဆိုလိုရင်းကို အေမာမ်(အစ) များ နှင့် ဟဇရသ်သေ ဖွာသွေမဟ်(စအ)သခင်မ တို့ဖြစ်သည် ဟူ၍ ယုံကြည်လက်ခံ ထားသည်။ (82)

အပြစ်ကင်းစင်မှု ဟု ယုံကြည်ရသည့် အကြောင်းအရင်း

အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို လက်မခံကြသော အချို့သူများသည် ၊ အစ္စလာမ် သာသနာ အစပိုင်း၌ ထိုသို့သော် ယုံကြည်ချက် မရှိခဲ့‌ပဲ နောက်ပိုင်း၌ ပေါ်ထွက်လာခဲ့သည် ဟူ၍ ယုံကြည်ထားကြသည်။ ဥပမာပေးရသော် ၊ အိဗ်နေ သိမ်မီယဟ် သည် အေမာမ်(အစ) များ၏ အပြစ်ကင်းစင်၍ မှားယွင်းမှုမရှိသော ယုံကြည်ချက်သည် အဗ္ဗ်ဒုလ္လာဟ် အိဗ်နေ စ‌ဗ္ဗာအ် မှ ဆင်းသက်လာပြီး ၎င်း၏ ဘိဒ်အသ် အယူမှားမှု ဖြစ်သည်ဟု ယုံကြည်ထားသည်။ (83) နာဆွီရ်ကဖ္ဖာရီ ၏ အမြင်၌လည်း ၊ ပထမဆုံးအကြိမ်အဖြစ် ဟရှ်ရှာမ် ဗင်န် ဟကမ် သည် ထိုသို့သော ထင်မြင်ချက်ကို ဖန်တီးခဲ့သည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (84) ရှီအာ နှင့် အီရာန်အစ္စလာမ့်ပညာ‌ရေး ဆိုင်ရာ သုတေသီ တစ်ဦးဖြစ်သည့် စိုင်ယိဒ် ဟိုစိုင်န် မိုဒရ်ရေစီ သွဗာသွဗာယီး သည် “မက္က်သဘ် ဒဲရ် ဖရာယန်ဒေ သကာမိုလ်” ဟူသော စာအုပ်၌လည်း အေမာမ်များ အပြစ်ကင်းစင်သည် ဟူသော ယုံကြည်ချက်သည် ဟရှာမ် ဗင်န် ဟကမ် မှအစပြုခဲ့သည်ဟု ယူဆထားသည်။ (85) ဝဟာဘီများ အနက်မှ ဖြစ်သည့် နာဆွီရ် ကဖ္ဖာရီသည် ၊ ရှီအာများနှင့် ဆန့်ကျင်ဘက်ပြုပြီး ၊ အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှု ယုံကြည်ချက်သည် အဗ္ဗ်ဒုလ္လာဟ် ဗင်န် စဗ္ဗာအ် မှ အစပျိုးခဲ့သည် ဟူသော ယူဆချက်ကို သမိုင်းအကြောင်းအရ မမှန်ကန်ပေ ဟူ၍ သတ်မှတ်ထားပြီး “ကျွန်ုပ်သည် ၎င်းထံမှ ဒီလိုစကားမျိုး မတွေ့မိဘူး” ဟူ၍ ပြောထားလေသည်။ (86) အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှု နှင့် “အပြစ်ကင်းစင်မှု” ဟူသော ဝေါဟာရ အရင်းအမြစ်သည် ဟရှာမ် ဗင်န် ဟကမ်မှ စတင်၍ ဖော်ပြခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၊ တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) များထံ မြောက်များစွာသော ရေဝါယသ်များသည် အေမာမ်(အစ) တို့၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး အတိအလင်း လာရှိထားခဲ့သော်ကြောင့် ဖြစ်သည်။ (87) ဥပမာပေးရသော် ၊ အေမာမ်အလီ(အစ) သည် ရေဝါယသ် တစ်ခု၌ ၊ “အပြစ်ကင်းစင်မှု” ကို အေမာမ်များ၏ အချင်းလက္ခဏာ များအနက်မှ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ (88) အေမာမ်စဂျာဒ်(အစ) သည် မိမိ၏ ဖခင်ဖြစ်သူ အေမာမ်ဟိုစိုင်းန်(အစ) ထံမှ ရေဝါယသ် တစ်ခု ကောက်နုတ်ဖော်ပြထားသည်မှာ ၊ တမန်တော်မြတ်(ဆွ) သည် ၊ အေမာမ်(အစ) များကို မအ်စူမ် အပြစ်ကင်းစင်သူများ ဟူ၍ မိတ်ဆက်‌ပေးခဲ့သည်။ (89) အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုး၌လည်း အဗ္ဗ်ဒုလ္လာဟ် ဗင်န် အဗ္ဗာစ်သည် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ် ဖော်ပြထားသည်မှာ ၊ ကျွန်ုပ်( တမန်တော်မြတ်) ၊ အလီ ၊ ဟစန် ၊ ဟိုစိုင်န် နှင့် ဟိုစိုင်းန်၏ မျိုးဆက်မှ သားကိုးယောက် တို့သည် မအ်စူမ် အပြစ်ကင်းစင်သူများ ဖြစ်ကြသည်။ (90)

အေမာမ်များ၏ အပြစ်ကင်းစင်မှု နှင့် ဂိုလိုဝ် (ချဲ့ကားခြင်း)

ဆော်ဒီအာရေဗျနိုင်ငံမှ ဝဟာဘီ ပညာရှင် နာဆွီရ်ကဖ္ဖာရီ နှင့် အခြားသူများသည် (91) အဲဟ်လေဘိုင်သ်(အစ) ၏ အပြစ်ကင်းစင်မှုကို ဂိုလိုဝ် ချဲ့ကားမှုအဖြစ် သတ်မှတ်ခဲ့သည်။ (92) ရှီအာများသည် ၊ ဂိုလိုဝ် ချဲ့ကားသူ ဟူသည် အဲဟ်လေဘိုင်သ်(အစ) ၏ သာလွန်မြင့်မြတ်မှုကို ချီးမွန်းခန်းဖွင့်ရာ၌ အတိာငအတာ အထပ် ကျော်လွန်သွားသူဖြစ်ပြီး ၎င်းတို့အား ဗန်ဒါ ကျေးကျွန် နှင့် ဖန်ဆင်းခံ အရိုက်အရာမှာ ကျော်လွန်သွားကာ အရှင်မြတ်၏ အထူး(သီးခြား) ဂုဏ်တော်များကို ၎င်းတို့အား ပတ်သက်မှုပေးသည့် သူများ ဖြစ်ကြသည်ဟူ၍ ယုံကြည်ထားကြသည်။ သို့သော် ရှီအာများသည် အဲဟ်လေဘိုင်သ်(အစ) နှင့်ပတ်သက်ပြီး ထိုသို့ ယုံကြည်ချက်မျိုး မရှိပေ။ (93) ရှီအာများ ယုံကြည်ထားသာ်မှာ ၊ အပြစ်ကင်းစင်မှု ဟူသည် အခြားသော ပြီးပြည့်စုံသည့် ဂုဏ်အရည်အချင်း ကဲ့သို့ ဖြစ်ပြီး အရှင်မြတ်၏ ပင်ကိုယ်ဗီဇ သဘောတရားမှ ဖြစ်သည်။ သို့သော် အရှင်မြတ်သည် မိမိ၏ ဖန်ဆင်းခံများ အနက်မှ လမ်းမှန်တရားသို့ ညွှန်ကြပြသပေးသည့် အုပ်စုတစ်စုကို ထို အပြသ်ကင်းစင်ခြင်း ဟူသော ဂုဏ်အရည်အချင်းကို ၎င်းတို့အတွက် ချီးမြင့်တော်မူခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ၊ အပြစ်ကင်းစင်ခြင်း ဟူသော ဂုဏ်အရည်အချင်းသည် အရှင်မြတ်၏ သီးသန့် ဂုဏ်အရည်အချင်းဖြစ်ပြီး ၎င်း၏ ဖန်ဆင်းခံများ အနက်မှ အုပ်စုအား ထိုဂုဏ်အရည်အချင်းကို ပတ်သက်ဆက်နွယ်မှု ပေးခြင်းသည် မည့်သည့် ပြဿနာမှ မရှိပေ။ အားလုံးသော မွတ်စ်လင်မ် လူထုသည် တမန်တော်မြတ်(ဆွ) အား မအ်စူမ် အပြစ်ကင်းစင်သူ ဟူ၍ ယုံကြည်လက်ခံ သကဲ့သို့ပင် ဖြစ်သည်။ (94)

အေမာမ်များ၏ အပြစ်ကင်းစင်မှု ၊ အပြောအဆို နှင့် လုပ်ဆောင်ချက်များ

အချို့သူများသည် အေမာမ်(အစ) များ၏ ဆိုစကားများကို ၎င်းတို့၏ အပြစ်ကင်းစင်မှု နှင့် ကိုက်ညီမှု မရှိပေ ဟူ၍ လက်ခံထားကြသည်။ ဥပမာ ၊ အေမာမ်အလီ(အစ) သည် မိမိ၏ နောက်လိုက်သားများကို မိန့်ဆိုသည့်စကား

“...فَلَا تَکُفُّوا عَنِّی مَقَالَةً بِحَقٍّ أَوْ مَشُورَةً بِعَدْلٍ فَإِنِّی لَسْتُ فِی نَفْسِـی بِفَوْقِ مَا أَنْ أُخْطِئَ وَ لَا آمَنُ ذَلِکَ مِنْ فِعْلِی إِلَّا أَنْ یَکْفِیَ اللهُ مِنْ نَفْسِی

အမှန်တရားကို ပြောဆိုခြင်း နှင့် တရားမျှတစွာ ပြောဆိုခြင်းမှ ‌မ‌ေရှာင်ကြဉ်ပါနှင့် ၊ အမှန်မှာ၊ ကျွန်ုပ်သည် အမှားလုပ်မိခြင်းထက် သာလွန်သည်မဟုတ်ပါ၊ အရှင်မြတ်သည် ကျွန်ုပ်ကို မကာကွယ်ပါက ကျွန်ုပ်၏ လုပ် ဆောင်ချက်တွင် အမှားအယွင်းမှ လုံခြုံကင်း ဝေးမည်မဟုတ်ပေ။ (95) အုပ်စုတစ်စု ဥပမာ ရှာဟာဘုလ်ဒီးနေ အာလူစီဖကီးယဟ် နှင့် ရှာဖေအီ ဂိုဏ်း၏ သဖ်စီးရ် ပညာရှင်အဟ်မဒ် အမီးန် မိဆ်ွရီအိန္ဒိယ စလဖီ ပညာရှင် အဗ္ဗ်ဒုလ် အဇီးဇ် ဒဲဟ်လဝီ ၊ နှင့် နာဆွီရုလ်ကဖ္ဖာရီ တို့သည် ဤရေဝါယသ်ကို အေမာမ်အလီ(အစ)နှင့် အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှု အရိုက်အရာ နှင့် ကိုက်ညီမှု မရှိဘဲ အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှု သက်သေကို ငြင်းပယ်သည့် ‌အထောက်အထားတစ်ခု အဖြသ် သတ်မှတ်ထားကြသည်။ (96) အလ္လာမဟ် မဂ်ျလေစီ (97) နှင့် မွလ္လာဟ် ဆွာလေဟ် မာဇင်န်ဒရာနီ (98) တို့သည် အေမာမ်အလီ(အစ) မိန့်ဆိုခဲ့သည့် ဆိုစကားကို ၎င်း၏ အပေါင်းအဖော်များအား အမှန်တရားကိုလက်ခံရာတွင် လိုက်လျောညီထွေမှု ရှိစေရန် နှင့် အပြစ်ကင်းစင်ခြင်းသည် အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် မိမိကိုယ်ကို နှိမ့်ချမှုအဖြစ် မိန့်ဆိုခဲ့သည် ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၎င်းတို့သာ် အေမာမ်၏ မိန့်ဆိုချက်များကို တမန်တော်ယူစွတ် (အစ) ၏ စကားများနှင့် ဆင်တူသည်ဟု ယူဆကြသည်။ ယင်းမှာ

وَ ما أُبَرِّئُ نَفْسی إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلاَّ ما رَحِمَ رَبِّی

ကျွန်ုပ်သည် ကျွန်ုပ်၏ နဖ်စ်ကို မကျော်လွှားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် နဖ်စ် ဟူသည် မကောင်းသည့်ဘက်သို့ အမိန့်ပေး ပို့ဆောင်ပေသည်။ အရှင်မြတ် သနားကရုဏာ ထားရှိသည့်သူသာလျင် ထိုအဆင့်သို့ ရောက်ရှိပေမည်။ (99) နာဆွီရ် မကာကင်မေ ရှီရာဇီ ၏ အဆိုအရ ၊ فَإِنِّی لَسْتُ فِی نَفْسِـی بِفَوْقِ مَا أَنْ أُخْطِئَ။ ဟူသော အပညစ်ကင်းစင်မှုကို ငြင်းပယ်ကြသူများ၏ အကြောင်းပြချက်တစ်ခုဖြစ်သည့် ဤစာကြောင်းသည် إِلَّا أَنْ یَکْفِیَ اللهُ مِنْ نَفْسِی စာကြောင်းဖ်ြု့ ဖွင့်ဆိုရှင်းလင်းရပေမည်။ အေမာမ်အလီ(အစ) ပထမ စာကြောင်း၌ မိန့်ဆိုသည်မှာ “ ကျွန်ုပ်သည် မနုဿ လူသားဖြစ်သည့်အတွက် အပြစ်မှ မကင်းလွတ်နိုင်ပေ။” သို့သော် ဒုတိယစာကြောင်း ၌ နားလည်စေသည်မှာ “ကျွန်ုပ်အား အရှင်မြတ်သည် ကာကွယ်စောင့်ရှောက်ပြီး ၊ သာမာန်လူသား မဟုတ်ပေ” ထို့အပြင် အေမာမ်သည် အဆ်ွဟာဘ် များကို ပညာ‌ေပး သွန်သင်ရသည့် အရိုက်အရာ၌ ရှိသည့်အတွက်ကြောင့် ၎င်းတို့အား လူသားများသည် မည်သည့်အချိန်မဆို အမှားအယွင်း ပြုလုပ်နိုင်ကြောင်း သင်ကြားပေးကာ မိမိကိုယ်ကို နှိမ့်ချပြီး ၎င်းတို့အကြား နေထိုင်ခြင်းပင် ဖြစ်သည်။ (100)

အေမာမ်(အစ) များ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု

ရှီအဟ်အေမာမ်များ (အ.စ) ၏ အပြစ်ကင်းစင်မှုကို ငြင်းပယ်ကြသူများသည် ၊ အေမာမ်များ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှုကို ၎င်းတို့၏ အပြစ်ကင်းစင်မှုနှင့် ကိုက်ညီမှု မရှိပေဟူ၍ ယုံကြည်လက်ခံထားကြသည်။ (101) တမန်တော်မြတ်(ဆွ) သည်လည်း အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုခဲ့သည်ဟု ဖော်ပြထားသည်။ ဥပမာ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ ၊ ၎င်းသည် နေ့စဉ် အကြိမ်(၇၀) အိစ်သိဂ်ဖှာရ် ဝန်ချတောင်းပန်မှု ပြုလုပ်လေသည်။ (102) မုဟမ္မဒ် သကီ မဂ်ျလေစီ၏ အဆိုအရ (103) အေမာမ်(အစ) ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု သည် မိမိ့ပြုခဲ့သည့် အပြစ်များကို ခွင့်လွှတ်ပေးရန် တောင်းပန်မှုမျိုး မဟုတ်ပဲ လူသားများ၏ အပြစ်များကို ခွင့်လွှတ်ပေးရန်အတွက် ဖြစ်သည်။ ထို့အတူ အဲဟ်လေစွန္နသ် တို့မှ အချို့သူများသည် (104) တမန်တော်မြတ်(ဆွ) ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု သည် ထိုသို့ပင်ဖြစ်သည်ဟူ၍ ပြောထားကြသည်။ အချို့အုပ်စု တစ်စုသည် အေမာမ်(အစ) များ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှုကို «حَسَنَاتُ الْأَبْرَارِ سَيِّئَاتُ الْمُقَرَّبِينَ ကောင်းမှုပြုသူများ၏ လုပ်ဆောင်ချက်များသည် အရှင်မြတ်၏ ရှေ့တော်မှောက်၌ ၎င်းနှင့် နီးစပ်ဖို့ရန် အတွက် ၊ ၎င်းတို့၏ ကောင်းမွန်သော အလုပ်များကို မကောင်းးသည့်အလုပ်ဟူ၍ သတ်မှတ်ထားကြသည်။” ဟူ၍ လက်ခံထားကြပြီး ဆိုထားသည်မှာ အေမာမ်များသည် ၎င်းတို့၌ ကြီးမြတ်‌ေသာ ရာထူး ရှိသည့်အတွက်ကြောင့် လူသားများ၏ ‌ေကာင်းကျိုးအတွက် မည်သည့်အချိန်မဆို ၎င်းတို့သည် ထိုရာထူးများမှ လွဲရှောင်ကာ လောကီရေးရာများတွင် ပါဝင်ဆောင်ရွက်ကြပြီး မိမိကိုယ် အပြစ်ရှိသူ ဟုသတ်မှတ်ကာ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုကြလေသည်။ (105) တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် إِنَّهُ لَيُغَانُ‏ عَلَى قَلْبِی وَ إِنِّی لَأَسْتَغْفِرُ الله کُلَّ یَومٍ سَبْعِينَ مَرَّةً؛ တစ်ခါတရံမှာ နှလုံးသားတွေ သံချေးတက်ပြီး တစ်နေ့ကို အကြိမ် ခုနစ်ဆယ် ခွင့်လွှတ်ဖို့ တောင်းပါ၏” ဟူသော မိန့်ဆိုချက်ကိုလည်း အထက်ပါဖော်ပြခဲ့သည့် အကြောင်းအရာကဲ့သို့ပင် ဖြစ်သည် ဟူ၍ ယူဆထားသည်။ (106) အချို့ သုသေတီများသည် ၊ တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) များ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုရသည့် အဓိက အကြောင်းအရင်း ကို ဤလောက၌ ဘဝနေထိုင်မှုတွင် အရှင်မြတ် မဟုတ်သည့် အခြားသူများကို ဂရုပြု အလေးထားခြင်းပင် ဖြစ်သည် ဟူ၍ ယူဆထားသည်။ (107) အလ္လာမဟ် မဂ်ျလေစီ ၏ အမြင်အရ ၊ မအ်စူမ်များသည် အကှင်မြတ်အား သိကျွမ်းရာ၌ အမြင့်မားဆုံးသော အဆင့်၌ ရှိသည့်အတွက် ၎င်းတို့သည် အကှင်မြတ်၏ ပင်ကိုယ်ဗီဇ ၌ နှစ်မြောသွားလေသည်။ ထို့နောက် မိမိ၏ လုပ်ဆောင်ချက်များကို ပြန်လည် ဂရုပြုမိသည့်အခါ ထိုလုပ်ဆောက်ချက်များကို အရှင်မြတ်၏ ကြီးမြတ်မှု အရှေ့၌ အလွန်သေးငယ်သော အရာ ၊ အပြစ်ရှိသောအရာ ဖြစ်သည် ဟူ၍ ယူဆကြပြီး အရှင်မြတ် ထံတော်၍ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုကြလေသည်။ (108) ထို့အတူ ၊ အေမာမ်(အစ) များ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုလုပ်ခြင်း နှင့်ပတ်သက်ပြီး ပြောထားသည်မှာ ယင်းသည် အပြစ် မကျုးလွန်မစေရန် နှင့် အပြစ်ကျူးလွန်ခြင်းမှ တားစီးသည့် အနေဖြင့် အိစ်သိဂ်ဖှာရ် ပြုလုပ်ပေသည်။ သာမန်လူသားများ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုလုပ်ခြင်းသည် အပြစ်များကို ခွင့်လွှတ်ရန် နှင့် ကျူးလွန်မိခဲ့သည့် အမှားများကို ခွင့်လွှတ်ပေးရန် ဖြစ်သည်။ သို့သော် အေမာမ်(အစ) များ၏ အိစ်သိဂ်ဖှာရ် နှင့် ဝန်ချတောင်းပန်မှု ပြုလုပ်ခြင်းသည် အပြစ်များကျူးလွန်မိခြင်းမှ ကြောက်ရွံခြင်း နှင့် ထိုအပြစ်များကို မကျူးလွန်မိစေရန် တားစီးသည့် အနေဖြင့် ဖြစ်ပေသည်။ (109)

ရေးသားထားသည့် စာအုပ်များ

အေမာမ်(အစ)များ၏ သန့်ရှင်းစင်ကြယ် အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး စာအုပ်များ နှင့် ဆောင်းပါးများစွာ ရေးသားပြုစုခဲ့ကြသည်။ ၎င်းတို့အနက်မှ အချို့စာအုပ်များမှာ  ဂျအ်ဖဲရ် စုဗ်ဟာနီ ရေးသားထားသည့် “ပိုင်ဂျိုဟီရှီ ဒဲရ် ရှေနာခ်‌သ် ဝါ အဆ်ွမသ်သေ အေမာမားန် “ စာအုပ်၊ အာစ်သာနေ မိုကဒ္ဒက်စေ ရဇဝီ အစ္စလာမ့်သုတေသနဖောင်ဒေးရှင်း၊ ပထမအကြိမ် ထုတ်ဝေမှု၊ အီရာန်နှစ် ၁၃၈၉။  အဆ်ွမသ်သေအေမာမ် ဒဲရ် သာရီးခေ သဖက္ကုရ် အေမာမီယဟ် သာပါယားနေ ကရ်နေ ပန်ဂျွမ်မေ ဟီဂျရီ စာအုပ်၊ မုဟမ္မဒ် ဟုစိုင်န် ဖာရ်ယားဘ် ရေးသားထားသည်။ ကွမ်း ၊ အေမာမ်ခိုမေနီ ပညာရေးနှင့် သုတေသနဌာန၊ ပထမအကြိမ် ထုတ်ဝေမှု၊အီရာန်နှစ် ၁၃၉၀။  အဆ်ွမသ်သေ အေမာမ် အဇ် ဒီးဒ်ဂါးဟေ အက္က်လ် ဝါ ဝဟီ ၊ အိဗ်ရာဟီးမ် ဆွဖဲရ်ဇာဒေဟ် ၊ ကွမ်း၊ ဇာအီရေ အား်သာနေ မိုကဒ္ဒက်စ် ၊ ပထမအကြိမ် ထုတ်ဝေမှု၊ အီရာန်နှစ် ၁၃၉၂။  ဒလာယိလေ အဆ်ွမသ်သေ အေမာမ် အဇ် ဒီဒ်ဂါးဟေ အက္ကလ် ဝါ နက်လ် ၊ ဟွဂ္ဂ်ျသ် မန်ဂန်နေချီ ရေးသားထားသည် ၊ သီဟီရာန် ၊ မအ်ရှဲရ် ပုံနှိပ်တိုက် ၊ ပထမအကြိမ် ထုတ်ဝေမှု၊ အီရာန်နှစ် ၁၃၉၁။  အေမာမသ် ဝါ အဆ်ွမသ် ဒဲရ် ကုရ်အာန် ၊ ရေဇွာ ကာရ်ဒါးန် ၊ မဂ်ျမအေ ဂျဟာနီယေ အဲဟ်လေဘိုင်သ် ၊ ပထမအကြိမ် ထုတ်ဝေမှု၊ အီရာန်နှစ် ၁၃၈၅။  ကုရ်အာန် ဝါ အဆ်ွမသ် အဲဟ်လေဘိုင်သ်(အစ) ၊ အလီ ရဇွာ အဇွီမီဖဲရ် ၊ ကွမ်း ၊ မိုဟိုရ် အမီးရုလ်မိုအ်မေနီးန်(အစ) ၊ ပထမအကြိမ် ထုတ်ဝေမှု၊ အီရာန်နှစ် ၁၃၈၉။