ဆလ်ဝသ်အာယသ်တော်

wikishia မှ
ဆလ်ဝသ်အာယသ်တော်

ဆလ်ဝသ် ပို့သရန်လာရှိသည့် အာယသ်တော်(အရဘီ - آية الصلوات ) (အဲဟ်ဇါဗ် ၊ ၅၆ ) တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် အလ္လာဟ်ဟို အရှင်မြတ် နှင့် ကောင်းကင်တမန်များ မှ ဆလ်ဝသ် (ကောင်းချီး မင်္ဂလာပို့ကြောင်း) ရည်ညွှန်းထားပါသည်။ မိုအ်မင် (ခ) သက်ဝင်ယုံ ကြည် သူ များကိုလည်း တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သရန် တောင်းဆို ထားပါ သည်။ ရှီအဟ်မွတ်စလင်မ် အများအပြားသည် ဤအာယသ်တော် ကြားသည့်အခါ မိုဟမ္မဒ် (ဆွ) အာလေ့မိုဟမ္မဒ် (အ.စ) အပေါ် ဆလ်ဝသ်ပို့သကြပါသည်။ ဖော်ပြပါ ဆလ်ဝသ် အာယသ်တော် အား သအ်ကီဗါသ် သေနမာဇ်ဇေမဂ်ရိဗ် တွင် သေလာဝသ် ပြုရန် အကြုံထားပါသည်။ အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ်မီးဇန်းကျမ်းတွင်ဆလ်ဝသ် ပို့သခြင်း ကို အလ္လာဟ်ဟို အရှင်မြတ် နှင့် ကောင်းကင်တမန်များ ၏ နောက်လိုက် ခြင်း အဖြစ် သတ်မှတ်ထားပါသည်။ ထိုနည်းတူစွာ မကာရေမ်မိုရှီရာဇီး မှ မိမိ၏ ပရန်းမ်မေ ကုရ်အာန် ကျမ်း တွင် အဲဟ်လေ့စွန္နသ် ၏ ဟဒီးစ်တော်များ နှင့် သဖ်စီးရ်များ ဆိုင်ရာ ကျမ်းကိုး ကျမ်းကား များ မှတင်ပြထားသည့် ဟဒီးစ်တော်များကို ကိုးကားပြီး တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊အိမ်တော်သားများ (ခ) အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ်ဆလ်ဝသ်ပို့သခြင်းကို ဆလ်ဝသ် (စူရဟ်၃၃ ၊ အာယသ်တော် ၅၆ ) ၏ အစိတ် အပိုင်း ဖြစ် ကြောင်း ဖော်ပြထားပါသည်။

စာသား နှင့် ဘာသာပြန်

. إِنَّ اللهَ وَ مَلائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ يا أَيُّهَا الَّذينَ آمَنُوا صَلُّوا عَلَيْهِ وَ سَلِّمُوا تَسْليماً

ဘာသာပြန်အဓိပ္ပာယ်

ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် သခင် ပြီးနောက် ထိုအရှင်မြတ်၏ ကောင်းကင် တမန်များ တမန်တော်မြတ်အပေါ် ဆလ်ဝသ် (ကောင်းချီးမင်္ဂလာ ) ပို့သကြပါသည်။ အို - အီမာန် သက်ဝင် ယုံကြည်သူအပေါင်းတို့ ၎င်းတမန်တော်မြတ် အပေါ် ဆလ်ဝသ် နှင့် စလာမ် ပို့သ ထိုက်တန်သည့် အတိုင်း ပို့သ ကြပါလေ။ ရှိက္ခ်သူစီ‌ရေးသားထားသည့် မစ်ဗါဟိုလ်မိုသဟဂျစ်ဒ် စာအုပ် တွင် သအ်ကီဗါသ် သေနမာဇ် ဇေမဂ်ရိဗ် တွင် သက်စ်ဗီဟာသေ ဟဇရသ် ဇဲဟ်ရာ (စ.အ) အပြီး ဤ အာယသ်တော် အား သေလာဝသ်ပြုရန် တိုက်တွန်းထားပါသည်။[၁] ရှိက္ခ် အဘာစ် ကွမ်းမီ အနေဖြင့် လည်း မဖာသီဟိုလ်ဂျေနန် စာအုပ် တွင် ဤအတိုင်း မစ်ဗါ ဟိုလ်မိုသဟဂျစ်ဒ် စာအုပ် ကိုးကားဆင့်ပြန်ထားပါသည်။[၂] ဤအတွက်ကြောင့် အီရန် နိုင်ငံတွင် ဂျမာအသ်နမာဇ် ဝတ်ပြုပြီးတိုင်း တစ်ဦးတစ်ယောက်မှ ဤအာယသ်တော်အား အသံကျယ်ကျယ်ဖြင့် သေလာဝသ်ပြုပါသည်။ နမာဇ်ဖတ် ဝတ်ပြုသူများ မှလည်း ၃ကိမ် ဆလ်ဝသ် ပို့သကြပါသည်။

သဖ်စီးရ်

၁၅ရာစုနှစ်၏ ရှီအဟ်သဖ်စီးရ်ပညာရှင် အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ်မီးဇန်း ကျမ်းတွင် ရှီအဟ် ၊ ဆွန်နီ ကျမ်းရင်းမြစ်များကို ကိုးကား ပြီး ဆလ်ဝသ် ပို့သနည်းမှာ မိုအ်မင်များမှ အလ္လာဟ်ဟိုအရှင်မြတ်ထံ တမန်တော်မြတ်(ဆွ)နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အ‌ပေါ်ဆလ်ဝသ် ပို့သပေးရန် တောင်းဆို ခြင်း ဖြစ်ကြောင်း ရေးသားထားပါသည်။[၃]ထိုနည်းတူစွာ ၎င်းမှာ မိုအ်မင်များ အနေဖြင့် တမန်တော်မြတ်(ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ)အ‌ ပေါ် ဆလ်ဝသ်ပို့သခြင်းသည် အမှန်တကယ် အလ္လာဟ်ဟို အရှင် မြတ် နှင့် ကောင်းကင် တမန်များ နောက်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ပြီးနောက် အာယသ် တော် တွင် တားမြစ်ထားချက်များကို အလေးပေးထားပါသည်။[၄] ထိုအာယသ် တော်တွင် အလ္လာဟ်ဟိုအရှင်မြတ် နှင့် အရှင့်၏ တမန်တော်မြတ်ကို ညှဥ်းဆဲ ၊ဒုက္ခပေး ‌သူများအပေါ် လောကီ၊လောကုတ္တရာ တွင်လာအ်နသ် ပို့ထားပါ သည်။[၅] ရီဝါယသ် တော်တစ်ခုတွင် အေမာမ်ကာစင်မ် (အ.စ) ထံ အလ္လာဟ် ၊ ကောင်းကင်တမန်များ နှင့် မိုအ်မင်များသည် တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သကြရာ ဆလ်ဝသ် ဆိုသည်မှာ အဘယ်နည်း? ဆိုသည့်မေးခွန်း တစ်ခု ၏အဖြေ တွင် အလ္လာဟ်၏ ဆလ်ဝသ် သည် အရှင့် ၏ရဲဟ်မသ်တော်ဖြစ်ပြီး ကောင်းကင်တမန်များ ၏ ဆလ်ဝသ် သည် ၎င်းတို့၏ ချီမွမ်းထောပန ခြင်း ဖြစ်ကြောင်း တမန်တော်မြတ် (ဆွ) အပေါ် မိုအ်မင်များ ပို့သ သည့် ဆလ်ဝသ် သည် ကိုယ်တော်မြတ် (ဆွ) အတွက် ဒိုအာ ဖြစ်ကြောင်းမိန့်တော် မူခဲ့ပါသည်။[၆]ရှီအဟ် မရ်ဂျအ်အေသက္က်လီးဒ် အာယာသွလ္လာဟ် မကာရေမ်မိုရှီရာဇီး မှ မိမိ၏ ပရန်းမ်မေ ကုရ်အာန် ကျမ်း တွင် အဲဟ်လေ့ ဆွန်နသ် ၏ ဟဒီးစ်တော်များ နှင့် သဖ်စီးရ်များ ဆိုင်ရာ ကျမ်းကိုး ကျမ်းကား များ မှတင်ပြထားသည့် ဟဒီးစ်တော်များကို ကိုးကားပြီး တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊အိမ်တော်သားများ (ခ) အဲဟ်လေ့ ဘိုက်(သ) (အ.စ) အပေါ်ဆလ်ဝသ်ပို့သခြင်းကို ဆလ်ဝသ် (အဲဟ်ဇါဗ် ၊ အာယသ်တော် ၅၆ ) ၏ အစိတ် အပိုင်း ဖြစ် ကြောင်း ဖော်ပြထားပါသည်။[၇] ဤကိစ္စ နှင့် ပတ်သက်ပြီး အာယာသွလ္လာဟ် မှ အဲဟ်လေ့စွန္နသ် ၏ကျမ်းများ ပမာအားဖြင့် ဆဟီးဟ် ဘုခါရီကျမ်း[၈] ဆဟီးဟ် မွတ်စလင်မ်ကျမ်း [၉] သဖ်စီးရ်ဒွဒ်ရေလ်မန်စူရ် ကျမ်းစူယူသီ ၊ ဒွဒ်ရေလ်မန်စူရ် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၀ ၊ အတွဲ ၆ ၊ စာမျက်နှာ ၆၄၆- ၆၄၇။ နှင့် သဖ်စီးရ်သဗ်ရီ[၁၀]တို့မှ အချို့ ဟဒီးစ်တော်များကို ကိုးကား တင်ပြထားပါသည်။

သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်းတွင် ဖွဆ်လ်ဗင်ဟစန် သွဗ်ရစီ မှ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံမှ ဟဒီးစ်တော် တစ်ပါးကို ဆင့်ပြန်ထားပါသည်။ ၎င်း ဟဒီးစ်တော် အရ အကယ်၍ အကြင်မည်သူမဆို တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် ပို့သမည် ဆိုလျင် ကောင်းကင်တမန်များသည် ၎င်းအပေါ် ၁၀ကြိမ် ဆလ်ဝသ် ပို့သ မည်ဖြစ်ပါသည်။ ပြီးနောက် ၎င်း၏ ဂိုနဟ်အပြစ် ၁၀ခု အား အလ္လာဟ်ဟိုအရှင် မြတ်မှ ခွင့်လွတ် ပလပ်တော် မူမည်ဖြစ်ပါသည်။ပြီးနောက် ၎င်း၏ လုပ်ရပ်များတွင် ကောင်းမှု ၁၀ ခုကို ရေးမှတ်စေတော်မူပေမည်။[၁၁]

ဆလ်ဝသ်ပို့သရန် ဝါဂျစ်ဗ်မပြုမနေရ ဖြစ်ခြင်း ၏ အထောက်အထား

ရှီအဟ် သဖ်စီးရ်ပညာရှင်များ နှင့် မရ်ဂျအ်အေသက္က်လီးဒ် အာယာသွလ္လာဟ် မကာ ရေမ်မိုရှီရာဇီး တို့၏ အဆိုအရ စူရဟ် အဲဟ်ဇါဗ် ၏ အာယသ်တော် ၅၆ အရ အနည်းဆုံး တစ်သာ တာ တွင် တစ်ကြိမ် တမန်တော်ြမတ်(ဆွ) အပေါ် ဆလ်ဝသ် ပို့သရန် မပြု မနေဖြစ်ကြောင်း သက်သေပြနေပါသည်။[၁၂] ထိုနည်းတူစွာ အဲဟ်လေ့ ဆွန်နသ် ၏ အာလင်မ် မေ ဒီးန် နှင့် စာရေးဆရာ ရှိက္ခ် မန်ဆူရ်အလီ နာဆေဖ် မှ မိမိ ရေးသားထားသည့် စာအုပ် ၊ အသ်သာဂျိုလ်ဂျာမေအ်‌လစ်လ်အူစူလ် တွင် ဖော်ပြပါ အာယသ်တော် မှ တမန်တော်မြတ် (ဆွ) အပေါ် ဆလ်ဝသ် နှင့် စလာမ် ပို့သရန် ဝါဂျစ်ဗ် မပြုမနေရ ဖြစ်ကြောင်း ထင်ရှားနေပြီး အိုလမာအားလုံး မှ တညီ တညွတ် တည်း လက်ခံ ထားကြောင်း ကိုရေးသားသီးကုံးထားပါသည်။[၁၃]

အောက်ခြေ မှတ်စုများ

  1. ရှိက်ခ် သူစီ၊မစ်ဗါဟိုလ်မိုသဟဂျစ်ဒ် ၊ ဟီဂျရီ ၁၄၁၈ ၊ စာမျက်နှာ ၈၅ ။
  2. ရှိက်ခ် အဘာစ် ကွမ်းမီ ၊ ကွတ်လ်လီယာသ် မဖာသီဟိုလ်ဂျေနန် ၊ အွစ်ဝဟ် ပုံနှိပ်တိုက်၊စာမျက်နှာ ၁၇။
  3. (အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ၊ အီရန်သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၃၃၈။
  4. စူရဟ် အဲဟ်ဇာဗ် ၊ အာယသ်တော် ၅၇။
  5. အလာမဟ်သွဗာသွဗါရီ ၊ အလ်မီးဇန်းကျမ်း ၊ အီရန်သက္ကရာဇ် ၁၃၉၃ ခုနှစ် ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၃၃၈။
  6. ရှိက်ခ် ဆူဒူက် ၊ ဆဝါဗ် ဗိုလ်အအ်မာလ် ဝ အေကာဗိုလ်အအ်မာလ် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၅၆ ။
  7. မကာရေမ်မိုရှီရာဇီး ၊ ပရန်းမ်မေ ကုရ်အာန် ကျမ်း ၊ အီရန်သက္ကရာဇ် ၁၃၈၁ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ၃၉၉- ၄၀၃။
  8. ဘုခါရီ ၊ ဆဟီးဟ် ဘုခါရီကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၉ ၊ စာမျက်နှာ ၉၃၇ ၊ ဟဒီးစ်တော် အမှတ် ၄၇၉၇။
  9. မွတ်စလင်မ် နီးရှားပူရီ ၊ ဆဟီးဟ် မွတ်စလင်မ်ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂၊ အတွဲ ၁ ၊ စာမျက်နှာ ၃၀၅ ၊အခန်းအမှတ် ၁၇ ၊ ဟီဒီးစ်တော် ၆၅။
  10. သွဗ်ရီ ၊ သဖ်စီးရ် ဂျအ်မေအိုလ်ဗရန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ၊ အတွဲ ၁၉၊ စာမျက်နှာ ၁၇၆။
  11. သွဗ်ရေစီ ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် ကျမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ၊ အတွဲ ၈၊ စာမျက်နှာ ၅၇၉။
  12. မကာရေမ်မိုရှီရာဇီး ၊ ပရန်းမ်မေ အေမာမ် အမီးရိုလ်မိုအ်မေနီ ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၀၀။
  13. မကာရေမ်မိုရှီရာဇီး ၊ ပရန်းမ်မေ အေမာမ် အမီးရိုလ်မိုအ်မေနီ ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၀၀ - ၂၀၁။


ကျမ်းကိုးမျာ

  • ကျမ်းတော်မြတ်ကုရ်အာန်
  • စူယူသီ ၊ အဗ် ဒိုရ်ရဲဟ်မန် ဗင် အဘီ ဘကဲရ် ၊ သဖ်စီးရ် ဒွဒ်ရေလ်မန်စူရ်ဖီးလ်သဖ်စီးရ်ရေလ်မာစူရ် ၊ အတွဲ ၆ ၊ ဘေရွတ် ၊ ဒါရိုလ်ဖေက်ရ် ၊ ၁၄၂၀ ဟီဂျရီ ၊ ၂၀၀၀ ခရစ်နှစ်
  • ဘုခါရီ ၊မိုဟမ္မဒ် ဗင် အီစ္စမာအီးလ် ၊ ဆဟီးဟိုလ်ဘုခါရီ ၊ အာရပ်ဗစ်စတန် (ဆော်ဒီ ) ၊ ဘိုက်သိုလ်အဖ်ကာရ် ၊ အလ်ဒဝလီယဟ် လစ်လ် နရှ်ရေ ဝလ်သောင်ဇီးအ် ၊ ၁၄၁၉ ဟီဂျရီနှစ် ၊ ၁၉၉၇ ခရစ်နှစ်
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ၊ ပရန်းမ်မေ အေမာမ် အမီးရိုလ်မိုအ်မေနီ အလိုင်းဟစ်စလာမ် ၊ တီဟီရန် ၊ ဒါရို ကိုသွတ်ဗ် အလ်အေလ် မီယေဟ် ၊ ၁၃၈၆ အီရန်သက္ကရာဇ်
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ဝ ဟမ်ကာရာန် ၊ ပရန်းမ်မေ ကုရ်အာန် ၊ ရဝတ်ရှ် သာဇေအီ ဒဲရ် သဖ်စီးရ် မောင်ဇူအီ ကုရ်အာန် ၊ တီဟီရန် ၊ ဒါရို ကိုသွတ်ဗ်အစ္စလာမ်မီယေဟ် ၊ ၁၃၈၁အီရန်သက္ကရာဇ်
  • မွတ်စလင်မ် နီးရှားပူရီ ၊ ဆဟီးဟ် မွတ်စလင်မ် ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဖိုအာဒ် အဗ်ဒိုလ်ဗာကီ ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာအ် အလ်ကိုသွတ်ဗ်ဗိုလ်အရဘီယဟ် ၊ ၁၄၁၂ ဟီဂျရီ ၊ ၁၉၉၁ ခရစ်နှစ်
  • ရှိက္ခ် သူစီ ၊ မိုဟမ္မဒ် ဗင် ဟစန် ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ၊ ဘေရွတ် ၊ မိုအ်စေစေဟ် အလ်အေလ်မီ လစ်လ်မတ်သွဘူအာသ် ၊ ၁၄၁၈ ဟီဂျရီ ၊ ၁၉၉၈ ခရစ်နှစ်
  • ရှိက္ခ် သူစီ ၊ မိုဟမ္မဒ် ဗင် ဟစန် ၊ မစ်ဘာဟိုလ်မသဟဂျစ်ဒ် ၊ ဘေရွတ် ၊ မိုအ်စေစေဟ် အလ်အေလ်မီ လစ်လ်မတ်သွဘူအာသ် ၊ ၁၄၁၈ ဟီဂျရီ ၊ ၁၉၉၈ ခရစ်နှစ်
  • ရှိက္ခ် အဘာစ်ကွမ်းမီ ၊ ကိုလ်လီယာသ် မဖာသီဟိုလ်ဂျေနန် ၊ အန်သေရှာရာသ် အွန်စ်ဝဟ် ၊ ဝါဗစသေဟ် ဗေ စါစမန် ဟဂျ် ဝ အောက်ကာဖ် ဝ အူမူရေခိုင် ရီ ယေဟ်
  • သွဗ်ရီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ သဖ်စီးရ် မဂျ်မအိုလ်ဗရန်းန် အန် သာအ်ဝီးလ် အာယေလ်ကုရ်အာန် ၊ သဲဟ်ကီးက် အဗ်ဒိုလ်လ္လာဟ် ဗင် အဗ်ဒိုလ်မိုဟ်စင် အလ်သူရ်ကီ ၊ ဒါရိုဟစ်ဂျ်ရ် ၊ ၁၄၂၂ ဟီဂျရီ ၊ ၂၀၀၁ ခရစ်နှစ်
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗရန်းန် ဖီး သဖ်စီးရ်ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ ဒါရိုလ်မအ်ရေဖဟ် ၊ ၁၄၀၆ ဟီဂျရီ ၊ ၁၉၈၆ ခရစ်နှစ်
  • အလာမာ သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ မိုအ်စေစေဟ် အလ်အေလ်မီ လစ်လ်မတ် သွဘူ အာသ် ၊ ၁၃၉၃ ဟီဂျရီ ၊ ၁၉၇၃ ခရစ်နှစ်