အပြစ်ကင်းစင်မှု

wikishia မှ

       

 ဤစာစောင်သည် အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး ရေးသားထားခြင်း ဖြစ်သည်။ တမန်တော်များ နှင့် အေမာမ်များ၏ အပြစ်ကင်းစင်မှု အကြောင်းကို သိလိုပါက တမန်တော်များ အပြစ်ကင်းစင်မှု နှင့် အေမာမ်(အစ)များ၏ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး ရေးသားပြုစုထားသည့် စာစောင်များကို လေ့လာဖတ်ရှု့ပါလေ။ 

အပြစ်ကင်းစင်မှု ဆိုသည်မှာ (အာရဗီ-العصمة)မအ်စူမ် အပြစ်ကင်းစင်သူသည် အပြစ်များ နှင့် အမှားများမှ ကင်းဝေးခြင်း ၊ ထိုအရာများမှ ၎င်းတို့အား ကာကွယ်စောင့်ရှောက်ထားခြင်း ဟူ၍ဖြစ်သည်။ ရှီအာနှင့် မိုအ်သဇ်လဟ် သီအိုလောဂျီ ပညာရှင်များသည်၊ အပြစ်ကင်းစင်မှုကို အရှင်မြတ်၏ ကျေးဇူးတော် ဟု သတ်မှတ်ထားပြီး ဒဿနိက ပညာရှင်များသည် ၎င်းကို နဖ်စ်ပိုင်းဆိုင်ရာ ခံယူချက် နှင့် နားလည်မှု အရှိန်အဟုန် ဟူ၍ ယူဆထားကာ ထိုအရာသည် မအ်စူမ် အပြစ်ကင်းစင်သူကို အပြစ်များ နှင့် အမှားများ ကျူးလွန်ခြင်းမှ ကာကွယ်စောင့်ရှောက်ပေးသည် ဟူ၍ ယုံကြည်ထားသည်။

        မအ်စူမ် အပြစ်ကင်းစင်သူများကို အပြစ်များ နှင့် အမှားများမှ ကာကွယ်စောင့်ရှောက်ထားခြင်း၏ အကြောင်းအရင်း နှင့်ပတ်သက်ပြီး ကွဲပြားသော ယူဆချက် အမျိုးမျိုး လာရှိထားပြီး ၎င်းတို့အနက်မှ အချို့မှာ ၊ အရှင်မြတ်၏ ကျေးဇူးတော် ဖြစ်ခြင်း၊ ထူးခြားသော အသိပညာရှိခြင်း၊ စိတ်ဆန္ဒ နှင့် ရွေးချယ်မှု ရှိခြင်း၊ အရှင်မြတ် နှင့် လူ့ သဘောသဘာဝ၏ အကြောင်တရားများ အားလုံး ပါဝင်စုစည်းနေခြင်း စသည်တို့ဖြစ်သည် ဟူ၍ ဖော်ပြထားကြသည်။ သီအိုလောဂျီ ပညာရှင်များ နှင့် ဒဿနိက ပညာရှင်များသည် အပြစ်ကင်းစင်မှုကို ရွေးချယ်မှုရှိခြင်း နှင့် ကိုက်ညီမှု ရှိသည်ဟူ၍ သတ်မှတ်ထားပြီး မအ်စူမ် အပြစ်ကင်းစင်သူများသည် အပြစ်ပြုလုပ်နိုင်စွမ်း ရှိသော်များလည်း အပြစ်ငရဲကို မပြုလုပ်ပဲ ရှောင်ကြဉ်ကြသည် ၊ ထို့အတွက်ကြောင့် ၎င်းတို့အား ဆုလဘ်ပေးရန် ထိုက်တန်ပေသည် ဟူ၍ ယုံကြည်ထားကြသည်။

        မွတ်စ်လင်မ် အိုလမာ ပညာရှင်များ အားလုံးသည် တမန်တော်များ အပြစ်ကင်းစင်‌ ‌ကြောင်းကို ယုံကြည်လက်ခံ ကြပေသည်။ သို့သော် အပြစ်ကင်းစင်မှု အတိုင်းအတာ နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိပေသည်။ တမန်‌တော်များသည် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် အရှင်မြတ်အား ငြင်းပယ်လက်မခံခြင်းမှ ကင်းစင်ခြင်း ၊ ဝဟီ ဗျာဒိတ်တော်များကို ရယူရာ နှင့် ပို့ချရာ၌ အပြစ်ကင်းစင်ခြင်း၊ နဗူဝသ် အရိုက်အရာ ဆက်ခံပြီးနောက် အပြစ်များကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းမှ ကင်းစင်ခြင်း တို့သည် မွတ်စ်လင်မ် အိုလမာ ပညာရှင်များ အားလုံး သဘောတူလက်ခံ ယုံကြည်ထားသည့် အချက်ပင် ဖြစ်သည်။

        အေမာမီယဟ် အိုလမာပညာရှင်များသည်၊ အေမာမ်(အစ) များအားလုံးကိုလည်း ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် နှင့် ၎င်းတို့၏ဘဝတစ်လျှောက်လုံး အမှားအယွင်းမရှိ အပြစ်ကင်းစင်သည် ဟူ၍ ယုံကြည်လက်ခံထားကြသည်။ အလ္လာမဟ်မဂ်ျလေစီ၏ အဆိုအရ၊ ရှီအာများသည် ကောင်းကင်တမန် မာလာအိကာ များအားလုံးကိုလည်း ကြီးမားသောအပြစ် နှင့် သေးငယ်သောအပြစ် များမှ ကင်းစင်သည်ဟူ၍ လက်ခံထားကြသည်။

        “အပြစ်ကင်းစင်မှု” နှင့်ပတ်သက်ပြီး စောဓကများ ရှိလာပေသည်။ ဥပမာ ၊ အချို့သည်“အပြစ်ကင်းစင်မှု” ကို မတူညီသော စိတ်အာရုံခံစားနိုင်သည့် ကာမဂုဏ် နှင့် စိတ်ဆန္ဒ စွမ်းအားများရှိသည့် လူ့သဘောသဘာဝနှင့် ကိုက်ညီမှု မရှိပေ ဟူ၍ ယူဆကြသည်။ ဖြေဆိုထားသည်မှာ ၊ ထိုစိတ်အာရုံခံစားနိုင်သည့် ကာမဂုဏ် နှင့် စိတ်ဆန္ဒ စွမ်းအားများ၏ တည်ရှိမှုသည် အပြစ်များကို ကျူးလွန်ဖို့ရန်အတွက် တစ်ခုတည်းသော အကြောင်းတရား ဖြစ်ပြီး ထိုအရာများနှင့် ကိုက်ညီအောင် လုပ်ဆောင်ရမည် ဟူ၍ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသိပညာ နှင့် စိတ်ဆန္ဒ ကဲ့သို့သော စွမ်းအားများသည် ထိုအရာများ၏ သက်ရောက်မှုများကို တားဆီးနိုင်သောကြောင့်ဖြစ်သည်။

အရိုက်အရာ နှင့် အရေးပါမှု

ရှီအာတို့၏ သီအိုလောဂျီ သုတေသီ နှင့် သီအိုလောဂျီ စာရေးဆရာများ အနက်မှ တစ်ဦးဖြစ်သူ စိုင်ယိဒ် အလီ ဟိုစိုင်နီ မီလာနီ ၏ အဆိုအရ ၊ “အပြစ်ကင်းစင်မှု” အကြောင်းအရာသည် သီအိုလောဂျီ နှင့် ယုံကြည်ချက် ပိုင်းဆိုင်ရာ အရေးကြီးသည့် အကြောင်းအရာများ အနက်မှ တစ်ခုဖြစ်ပြီး အစ္စလာမ်ဂိုဏ်းများသည် ၎င်းနှင့်ပတ်သက်ပြီး အမြင်ဝါဒ အမျိုးမျိုးကို ဖော်ပြထားကြသည်။ “အပြစ်ကင်းစင်မှု” နှင့် မအ်စူမ်များ၏ နုတ်ကပတ်တော် နှင့် လုပ်ဆောင်ချက်များသည် ဟွဂ္ဂျသ် သက်သေသာဓက ဖြစ်ခြင်းတို့၏ ဆက်နွယ်ပတ်သက်မှုသည် ထိုအကြောင်းအရာ၏ လေးနက်မှုကို ပိုမိုစေသည်။ ၎င်း၏အမြင်အရ၊ အဲဟ်လေစွန္နသ် တို့သည် မွတ်စ်လင်မ် အုပ်စိုးရှင်များ နှင့် ခေတ်ကာလ အလိုက် အုပ်ချုပ်သူများကို အပြစ်ကင်းစင်သူများ ဟူ၍ မယုံကြည်ကြသောကြောင့် “အပြစ်ကင်းစင်မှု” ဟူသော အကြောင်းအရာကို နဗူဝသ် တမန်တော်များ ၌သာလျှင် သုံးနှုန်း ဖော်ပြကြပေသည်။ သို့သော် ရှီအာများသည် ၊ အားလုံးသော တမန်တော်များ နှင့် အေမာမ်များကို အမ်စူမ် အပြစ်ကင်းစင်ကြသူများ ဖြစ်သည်ဟူ၍ ယုံကြည်လက်ခံထားသောကြောင့် နဗူဝသ် နှင့် အေမာမသ် အကြောင်းအရာအောက်၌ ထည့်သွင်း ဖော်ပြထားကြသည်။ စိုင်ယိဒ် အလီ ဟိုစိုင်နီ မီလာနီ ဆိုထားသည်မှာ ၊ “အပြစ်ကင်းစင်မှု” အကြောင်းအရာသည် မွတ်စ်လင်မ် များအားလုံး သဘောတူညီ လက်ခံထားသည့် အကြောင်းအရာ ဖြစ်သည်။ မည်မျှပင် ၎င်းတို့အကြား “အပြစ်ကင်းစင်မှု” အကြောင်းအရာ၏ ဆိုလိုရင်း နှင့် အသေးစိတ် အချက်အလက်များသည် ကွဲပြားခြားနား နေပါစေ။ (1)

        အပြစ်ကင်းစင်မှု” ဟူသော အကြောင်းအရာသည် သီအိုလောဂျီ ၏ အခြေခံမှု အကြောင်းအရာများ ဖြစ်ကြသည့် တမန်တော်များအေမာမ်များ နှင့် မာလာအိကာ ကောင်းကင်တမန်‌များ၏ အပြစ်ကင်းစင်မှု ဟူသော ခေါင်းစဉ်အောက်တွင် လာရှိထားသည်။ (2) အချို့သော် ကုရ်အာန် သဖ်စီးရ်များသည်လည်း အာယသ်သေ သသ်ွဟီးရ် ခေါင်းစဉ်အောက်၌ ၊ “အပြစ်ကင်းစင်မှု” နှင့် ၎င်းနှင့်သက်ဆိုင်သော အကြောင်းအရာများကို အကျယ်တစ်ဝန့် ရှင်းလင်းဖွင့်ဆို ထားကြသည်။ (3) အူစူလေ ဖိက္က်ဟ် ပညာရပ်တွင် ၊ အဲဟ်လေစွန္နသ် အူစူလ် ပညာရှင်ကြီးများသည် ၊ အွမ္မသ်၏ အပြစ်ကင်းစင်ခြင်းကို လူ့အဖွဲ့အစည်း၏ ဟွဂ္ဂျသ် သက်သေသာဓက ဖြစ်ကြောင်း တိုင်းတာသည့် စံနှုန်းအဖြစ် သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ၊ အဲဟ်လေစွန္နသ်တို့၏ အမြင်၌၊ အစ္စလာမ့်အွမ္မသ် သည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော် ဖြစ်ကြကာ ဘာသာတရား နှင့်ပတ်သက်ပြီး မေ့လျော့ခြင်း ၊ အမှားပြုခြင်း ၊ နှင့် လိမ်ညာခြင်းများမှ ကင်းဝေးပေသည်။ သို့သော် ၊ ရှီအာ အိုလမာ ပညာရှင်များသည်၊ အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို လူ့အဖွဲ့အစည်း၏ ဟွဂ္ဂျသ် အဖြစ် သတ်မှတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ၊ ရှီအာတို့၏ အမြင်၌၊ အေမာမ်များသည် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော်များ ဖြသ်ကြပြီး တမန်‌ေတာ်မြတ်(ဆွ) ကဲ့သို့ အပြစ်ကင်းစင်သူများ ဖြစ်ကြပေသည်။ ထို့နောက် ၊ လူ့အဖွဲ့အစည်းသည် ထိုမအ်စူမ် အပြစ်ကင်းစင်သူများထံမှ ရေဝါယသ် ကောက်နုတ်ကိုးကား ဖော်ပြကြသည့် အတွက်ကြောင့် ၎င်းတို့သည်လည်း ဟွဂ္ဂျသ် သက်သေသာဓကပင် ဖြသ်ပေသည်။ (4)

        ခရစ်ယာန်ဘာသာ နှင့် ဂျူးဘာသာ ကဲ့သို့သော ဘာသာတရားများတွင်လည်း “အပြစ်ကင်းစင်မှု” နှင့်ပတ်သက်ပြီး ဆွေးနွေးထားပေသည်။ ခရစ်ယာန်များသည် တမန်တော်အီစာ(အစ) အပြင် သမ္မာကျမ်းစာကို ရေးသားသူများ နှင့် ပုပ်ရဟန်းမင်းများ (ကက်သလစ်ချာ့ခ်ျ၏ခေါင်းဆောင်) များကိုလည်း အပြစ်ကင်းစင်သူများ ဖြစ်သည် ဟူ၍ ယူဆထားကြသည်။ သို့သော်၊ ပုပ်ရဟန်းမင်းများ၏ အပြစ်ကင်းစင်မှုအပေါ် ယုံကြည်ချက်သည် ကက်သလစ်ဘာသာ နှင့်သာ သက်ဆိုင်ပေသည်။ (5)

ဝေါဟာရ အနက်အဓိပ္ပါယ်

မွတ်စ်လင်မ် သီအိုလောဂျီ နှင့် ဒဿနိက ပညာရှင်များသည် ၎င်းတို့၏ နိယာမ သဘောတရားအရ ၊ အပြစ်ကင်းစင်မှုကို အနက်အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြသည်။ ထိုအနက်အဓိပ္ပါယ်များမှ အချို့မှာ :

  • သီအိုလောဂျီ ပညာရှင်များ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် : အဒလ္လီယဟ် သီအိုလောဂျီ ပညာရှင်များ ( အေမာမီယဟ် (6) နှင့် မိုအ်သဇီလဟ် (7) ) တို့သည် “အပြစ်ကင်းစင်မှု” ကို အရှင်မြတ်၏ ကျေးဇူးတော် နိယာမအရ ဖွင့်ဆိုကြသည်။ (8) ထိုနိယာမ သဘောတရားအရ ၊ “အပြစ်ကင်းစင်မှု” ဆိုသည်မှာ အရှင်မြတ်ထံမှ မိမိ၏ ဖန်ဆင်းခံအား ပေးသနားတော်မူသော ကျေးဇူးတော်ဖြစ်ပြီး၊ ဖန်ဆင်းခံသည် ထိုကျေး‌ဇူးတော်၏ အကြောင်းခံဖြင့် အကျည်းတန်သော သို့မဟုတ် အပြစ်ရှိသော လုပ်ရပ်များကို မလုပ်ဆောင်ပေ။ (9) အလ္လာမဟ်ဟီလ္လီ သည် ၊ “အပြစ်ကင်းစင်မှု” အား အနက်အဓိပ္ပါယ် ဖွင့်ဆိုရာ၌ ဆိုထားသည်မှာ ၊ “အပြစ်ကင်းစင်မှု” ဟူသည် အရှင်မြတ်ထံမှ ၎င်း၏ ဖန်းဆင်းခံများကို ပေးသနားထား‌သည့် လျှို့ဝှက်သိပ်သည်း‌သော ကျေးဇူးတော်ဖြစ်ပြီး ၊ ဖန်ဆင်းခံများသည် ထိုကျဇူးတော်၏ အကြောင်းခံဖြင့် အရှင်မြတ် ချမှတ်ထားသည့် တာဝန်များကို ရှောင်ကြဉ်ကာ အပြစ်များကို ကျူးလွန်မည် မဟုတ်ပေ။ မည်မျှပင် ထိုအရာများကို လုပ်ဆောင်နိုင်သည့် စွမ်းအားရှိနေပါစေ ။” (10)

        အီရှာအေရေဟ် တို့၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် : ၎င်းတို့သည် အပြသ်ကင်းစင်မှုကို “အရှင်မြတ်သည် မအ်စူမ် အပြစ်ကင်းစင်သူတွင် အပြစ်များကို မဖန်ဆင်းပေ” ဟူ၍ အနက်အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ (11) ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် အီရှာအေရေဟ် တို့၏ အခြေခံမူမှာ၊ အရာခပ်သိမ်းကို အရှင်မြတ် တိုက်ရိုက်ရည်ညွှန်းကာ ပတ်သက်မှု ပေးထားပေသည်။ (12)

  • ဒဿနိက အဓိပ္ပါယ်ဖွင့်ဆိုချက် : မွတ်စ်လင်မ် ဒဿနိက ပညာရှင်များသည် ၊“အပြစ်ကင်းစင်မှု” ကို နဖ်စ်ပိုင်းဆိုင်ရာ ခံယူချက် နှင့် နားလည်မှု အရှိန်အဟုန် ဟူ၍ သတ်မှတ်ထားပြီး ထို နဖ်စ်ပိုင်းဆိုင်ရာ ခံယူချက် ဖြင့် အပြစ်ကင်းစင်သူသည် ၊ အပြစ်များကို မကျူးလွန်ပေ။ (13)

        ယခုခေတ် သဖ်စီးရ် နှင့် သီအိုလောဂျီ ပညာရှင် ဖြစ်သူ အာယသုလ္လာဟ် စုဗ်ဟာနီသည်၊ အပြစ်များမှကင်းစင်ခြင်း နှင့် အမှားများမှကင်းစင်ခြင်း ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာ၌ ကွဲပြားမှုရှိသည်ဟူ၍ လက်ခံထားသည်။ ၎င်းသည် အဒလ္လီယဟ် နှင့် ဒဿနိက ပညာရှင်များ၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် နှစ်ခုစလုံးကို တစ်နေရာတည်း၌ ပေါင်းစပ်ထားပေသည်။ အာယသုလ္လာဟ် စုဗ်ဟာနီသည်၊ အပြစ်များမှကင်းစင်ခြင်းကို သက္ကဝါတရား၏ အမြင့်မြတ်ဆုံးသော အဆင့်၌ ရှိပြီး ၎င်းသည် အတွင်းစိတ်၏ ခွန်အား သို့မဟုတ် နဖ်စ် ပိုင်းဆိုင်ရာ ခံယူချက် နှင့် နားလည်မှု အရှိန်အဟုန် ဖြစ်သည်ဟု လက်ခံထားကာ မအ်စူမ် အပြစ်ကင်းစင်သူကို အပြစ်များ ကျူးလွန်ခြင်း သာမက ထိုသို့ ပြုလုပ်ဖို့ရန် တွေးတောခြင်းမှလည်း အကြွင်းမဲ့ တားစီးထားသည် ဟူ၍ သတ်မှတ်ထားလေသည်။ (14) အာယသုလ္လာဟ် စုဗ်ဟာနီသည်၊ အမှားများ နှင့် မေ့လျော့ခြင်းမှ ကင်းစင်ခြင်းကို “အရှင်မြတ်၏ ကျေးဇူးတော်တရား အောက်၌ရှိသည့် မေ့လျော့မှု မရှိသည့် ဆင်ခြင်တုံတရား” ဖြစ်ပြီး၊ ထိုဆင်ခြင်တုံတရား၏ အကျိုးအာနိသင်‌ဖြင့် အရာဝတ္ထုအားလုံး၏ စစ်မှန်သော အသွင်သဏ္ဍာန်များသည် မအ်စူမ် အပြစ်ကင်းစင်သူ၏ အတွေးအာရုံထဲ၌ ထင်ရှားပျက်သားစွာ ပေါ်လွင်လာပြီး ၎င်းတို့အား အမှားများ နှင့် မေ့လျော့မှုများမှ ကင်းဝေး‌ေအာင် ကာကွယ်စောင့်‌ရှောက်ပေး ပေသည်။ (15) “အပြစ်ကင်းစင်မှု” သည် အဘိဓာန်၌ ၊ «عصم» ဟူသော အရင်းအမြစ်မှ ဖြစ်ပြီး “ထိန်းသိမ်းစောင်းရှောက်ခြင်း နှင့် တားမြစ်ခြင်း” ဟူ၍ အနက်အဓိပ္ပါယ် ရှိပေသည်။ (16)

“အပြစ်ကင်းစင်မှု” ၏ အခြေခံ အကြောင်းတရားများ

        “အပြစ်ကင်းစင်မှု” ၏ အခြေခံ အကြောင်းတရားများ နှင့် မအ်စူမ် အပြစ်ကင်းစင်သူများသည် အပြစ်များ နှင့် အမှားများမှ ကင်းဝေးရခြင်း၏ အကြောင်းတရား နှင့်ပတ်သက်ပြီး အမြင်ဝါဒ အမျိုးမျိုး ရှိပေသည်။ ဥပမာ “အပြစ်ကင်းစင်မှု” သည် အရှင်မြတ်ဘက်မှ မအ်စူမ် များအား ပေးသနားထားသည့် ကျေးဇူးတော် ဖြစ်ခြင်း ၊ အပြစ်များ ၏အကျိုးဆက်များ အကြောင်းနှင့် ပတ်သက်ပြီး မအ်စူမ်များ၏ အထူးအသိ(ဆင်ခြင်တုံ)တရား ရှိခြင်း ၊ မအ်စူမ်၏ စိတ်ဆန္ဒ နှင့် ရွေးချယ်မှုရှိခြင်း တို့ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ သို့သော် ယခုခေတ် သုတေသီ ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ “အပြစ်ကင်းစင်မှု” ၏ အကြောင်းတရားများသည် တစ်ခုတည်းသာ မဟုတ်ပေ။ ယင်း၌ သဘာဝတရားဆိုင်ရာ အကြောင်းတရားများ (အမွေအနှစ်၊ ပတ်ဝန်းကျင် နှင့် မိသားစု)၊ လူသားဆိုင်ရာ အကြောင်းတရားများ (အသိပညာ၊ စိတ်ဆန္ဒ ၊ ရွေးချယ်မှု၊ အသိဉာဏ် ၊ နဖ်စ် ပိုင်းဆိုင်ရာ ခံယူချက် နှင့် နားလည်မှု အရှိန်အဟုန်) နှင့် အရှင်မြတ်နှင့်သက်ဆိုင်သည့် အကြောင်းတရားများ (‌အရှင်မြတ်၏ သီးခြား ကျေးဇူးတော် နှင့် ပေးသနားထားသည့်အရာ) စသည်တို့သည် “အပြစ်ကင်းစင်မှု” ၏ အခြေခံ အကြောင်းတရားများ ဖြစ်ပေသည်။ (17)

အရှင်မြတ်၏ ကျေးဇူးတော်

        ရှီးခ်မိုဖီးဒ် နှင့် စိုင်ယိဒ် မုရ်သဇွာ တို့သည် “အပြစ်ကင်းစင်မှု” ကို အရှင်မြတ်ဘက်မှ မအ်စူမ်များအား ပေးသနားတော်မူထားသည့် ကျေးဇူးတော် ဖြစ်သည်ဟူ၍ ယူဆထားကြသည်။ (18) အလ္လာမဟ်ဟီလ္လီ သည် ထိုအရှင်မြတ့်ကျေးဇူးတော်၏ အကြောင်းတရား လေးခုရှိသည်ဟု သတ်မှတ်ထားကာ ၊ ထိုအကြောင်းတရား လေးခုမှာ : • ၁ ။ အပြစ်ကို ရှောင်ကြဉ်နိုင်စွမ်းရှိသည့် နဖ်စ် သို့မဟုတ် ရုပ် ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှု အရှိန်အဟုန်၊ • ၂ ။ အပြစ်များကို သိခြင်း နှင့် နာခံခြင်း၏ အကျိုးဆုလဒ်။ • ၃ ။ မအ်စူမ် များ၏ အမြင်အာရုံ၌ အပြစ်များ နှင့် နာခံမှု၏ အမှန်တရား နှင့်ပတ်သက်ပြီး နက်နက်နဲနဲ မြင်သာစေရန် ပို့ချသည့် ဝဟီ ဗျာဒိတ်တော် သို့မဟုတ် လှုံ့ဆော်မှု၊ (ဝဟီ ဗျာဒိတ်တော် သို့မဟုတ် လှုံ့ဆော်မှု ၏အကြောင်းခံဖြင့် တိကျသေချာ ရှင်းလင်းသွားသော အသိအညာ) • ၄ ။ သဲရ်ကေအူလာ ကိုကျူးလွန်မိပါက အရှင်မြတ်ဘက်မှ ပေးလာမည့် အပြစ်ဒဏ်အား ဂရုပြုခြင်း တို့ဖြစ်သည်။ (19)

အထူးအသိပညာ

        အချို့သော ပညာရှင်တို့သည် အပြစ်များ၏ အကျိုးဆက် နှင့် နာခံမှု၏ဆုလာဘ် တို့နှင့်ပတ်သက်သည့် သီတင်းအချက်အလက်များကို သိကျွမ်းသော အထူးအသိပညာ ကို အပြစ်ကင်းစင်မှု၏ အခြေခံမှု ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ (20) အလ္လာမဟ်သွဗာသွဗာယီး ၏ယုံကြည်ချက်အရ ၊ မအ်စူမ် အပြစ်ကင်းစင်သူများ၌ အရှင်မြတ် ပေးသနားထားသော အသိပညာ ရှိသောကြောင့် ၎င်းတို့သည် ခိုင်မာသောစိတ်ဆန္ဒ ရှိပြီး ၊ ထိုခိုင်မာသောစိတ်ဆန္ဒ ကြောင့်ပင် မည်သည့်အခါမှ အပြစ်မကျူးလွန်ကြပေ။ (21) ထိုအသိပညာသည် ၊ အီလ်မေ မိုသအာရိဖ် ကဲ့သို့ပင် ဖြစ်ပြီး ပြန်လည်သင်ကြား၍ မရသည့်အပြင် အခြားသော အလိုဆန္ဒများ နှင့် စွမ်းအားများဖြင့်လည်း ပျက်စီ ရှုံးနိမ့်ခြင်းမရှိပေ။ (22)

အသိပညာ နှင့် စိတ်ဆန္ဒ

        မုဟမ္မဒ် သကီ မိဆ်ွဗာဟ် ယဇ်ဒီ သည် ၊ မအ်စူမီးန်(အစ) များ အပြစ်ကင်းစင်ရခြင်း၏ လျှို့ဝှက်ချက်ကို အခြေခံမူ အချက်နှစ်ချက် ဖြစ်သည့် ၊ အမှန်တရား နှင့် သာလွန်ပြီးပြည့်စုံမှုအား သိရှိခြင်း နှင့် ထိုအရာများသို့ ရောက်ရှိလို့သည့် စိတ်စွမ်းအားများ ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ လူသားများသည် အသိဉာဏ် ကင်းမဲ့နေသည့်အချိန် ၊ စစ်မှန်သောသာလွန်ပြီးပြည့်စုံမှု ကို မသိလိုကြပေ ၊ ထို့အပြင် စိတ်ကူးယဉ်ဆန်သော သာလွန်ပြီးပြည့်စုံမှု ကို စစ်မှန်သောသာလွန်ပြီးပြည့်စုံမှု နေရာ၌ အစားထိုးကြသည်။ ထို့နောက် စစ်မှန်သောသာလွန်ပြီးပြည့်စုံမှု သို့ ရောက်ရှိဖို့ရန် စိတ်အားထက်သန်မှုလည်း မရှိသည့်အတွက် ၊ ၎င်းတို့လိုချင်သည့် ပန်းတိုင်သို့ ရောက်ရှိမည် မဟုတ်ပေ။ (23) မုဟမ္မဒ် သကီ မိဆ်ွဗာဟ် ယဇ်ဒီ၏ အမြင်အရ ၊ မအ်စူမီးန်(အစ) မျသည် ထူးခြားသောအသိပညာ နှင့် ခိုင်မာသောစိတ်ဆန္ဒ များရှိသည့်အတွက် ၊ မည်သည့်အခါမှ မိမိ၏ လုပ်ပိုင်ခွင့်ဖြင့် အပြစ်များကို မကျူးလွန်ကြပေ။ အချိန်တိုင်း အရှင်မြတ်၏ အမိန့်တော်ကိုသာ နာခံလျက်ရှိကြပေသည်။ (24)

အပြစ်ကင်းစင်မှု နှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိခြင်း

        လွဘ်နာန် နိုင်ငံရှိ ရှီအာများ၏ သက္က်လီးပညာရှင်ဖြစ်သူ စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် ဖဇ်ွလုလ္လာဟ် ယုံကြည်ထားသည်မှာ ၊ အပြစ်ကင်းစင်မှု ဟူသည် ၊ စစ်မှန်သောအကျပ်ကိုင်မှုတစ်ခု ပင်ဖြစ်သည်။ (25) သို့သော် ယခုခေတ် သီအိုလောဂျီ သုတေသီ ဖြစ်သူ အလီ ရဗ္ဗာနီ ဂိုလ်ပိုင်ဂါနီ ၏အဆိုအရ၊ သီအိုလောဂျီ ပညာရှင်များ နှင့် ဒဿနိကပညာရှင်များ အားလုံး သဘောတူညီ လက်ခံထားကြသည်မှာ ၊ အပြစ်ကင်းစင်မှု ဟူသည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိခြင်း နှင့် ကိုက်ညီမှု ရှိပြီး မအ်စူမီးန်(အစ) များသည်လည်း အပြစ် ကျူးလွန်နိုင်သော်လည်း မကျူးလွန်ကြပေ ဟူ၍ဖြစ်သည်။ (26) အသိဉာဏ်၏ ဆင်ခြင်အရ ၊ အကယ်၍ မအ်စူမ်တစ်ဦးအား အမိန့်များကို နာခံခြင်း နှင့် အပြစ်များကို ရှောင်ကြဉ်ရာ၌ သို့မဟုတ် အပြစ်ကင်းစင်ရာ၌ အကျပ်ကိုင်ထားသည်ဆိုပါက ၎င်းတို့အား ချီးမွန်းထောပနာ ပြုခြင်းနှင့် မထိုက်တန်တော့ပေ။ ထို့အပြင် အမိန့်ပေးခြင်း ၊ တားမြစ်ခြင်း ၊ ဆုလာဘ်ပေးခြင်း နှင့် အပြစ်ပေးခြင်း တို့သည်လည်း ဦးနှောက်၏ ဆင်ခညင်သူံသပ်မှုအရ လက်ခံလို့မရတော့ပေ။ (27)

        ယခုခေတ် ဒဿနိကပညာရှင် နှင့် သဖ်စီရ်ပည ရှင် ဖြစ်သူ အ‌ဗ္ဗ်ဒုလ္လာဟ် ဂျဝါဒ် အာမိုလီ သည်လည်း ထိုသို့ယုံကြည်ထားသည်မှာ ၊ အကျပ်ကိုင်ထားသော အပြစ်ကင်းစင်မှု သည် မအ်စူမ်(အစ) သည် လူသားများအပေါ် ဟွဂ္ဂျသ် သက်သေသာဓက ဖြစ်ပြီး ရှင်မြတ်ဘက်မှ သာသနာကို တည်ထောင်ရန် အမိန့်ပေးခြင်း တို့နှင့် ကိုက်ညီမှု မရှိဘဲ သဟဇာတ ဖြစ်နေပေသည်။ အကယ်၍ အပြစ်များ ကျူးလွန်ခြင်းသည် ပင်ကိုယ်ဗီဇ၌ပင် အလျင်း မဖြစ်နိုင်သည့်အရာ ဖြစ်ပါက ၊ အမိန့်နာခံခြင်းသည်လည်း ပင်ကိုယ်ဗီဇအရ မဖြစ်မနေ လိုအပ်ပေသည်။ ထိုသို့ပုံစံ၌ အမိန့်နာခံခြင်းသည်လည်း သက္က်လီးဖ် တာဝန်ရပ်အဖြစ် မတည်ရှိတော့ပေ။ ထို့အပြင် ဂျဟန္နမ် နှင့်ပတ်သက်ပြီး သတိပေးခြင်း ၊ ဂျန္နသ် နှင့်ပတ်သက်ပြီး သတိပေးခြင်း ၊ ကတိပေးခြင်း စသည် တို့သည် မည်သည့်အဓိပ္ပါယ်မှ မရှိတော့ပေ။ (28)

        အလ္လာမဟ် သွဗာသွဗာယီးသည် အပြစ်ကင်းစင်မှု နှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိခြင်း တို့အကြား ကိုက်ညီမှုရှိခြင်းကို ဖွင့်ဆိုရှင်းလင်းရာ၌ ရေးသားထားသည်မှာ “အပြစ်ကင်းစင်မှု၏ အ‌ေခြခံ အကြောင်းတရား ဟူသည် အရှင်မြတ်မှ မအ်စူမ်(အစ) များကို ပေးသနားထားသည့် ထူးခြားသော အသိပညာတစ်ခု ဖြစ်သည်။ အသိပညာ ကိုယ်တိုင်သည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိခြင်၏ မူလအခြေခံပင် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ မအ်စူမ်(အစ) များသည် အမလ် ကျင့်ဆောင်ချက်များ၏ ကောင်းကျိုး နှင့် ဆိုးကျိုးကို ကောင်းစွာသိရှိသောကြောင့် အပြစ်များကို မကျူးလွန်ကြပေ။ ဥပမာ ၊ အဆိပ်သည် သေစေနိုင်ကြောင်းကို သိသောသူတစ်ဦးသည် မည်သည့်အခါမှ အဆိပ်ကို သောက်သုံးမည် မဟုတ်သကဲ့သို့ ဖြစ်သည်။ (29)

        ရှီအာ ဒဿနိကပညာရှင် နှင့် သဖ်စီးရ်ပညာရှင်ဖြစ်သူ မုဟမ္မဒ် သကီ မိဆ်ွဗာဟ်ယဇ်ဒီ သည် “အပြစ်ကင်းစင်မှု” ကို အဆိုးအကောင်းများအား အရှိအဟုန်ပြင်းစွာ နက်နက်နဲနဲ နားလည်သော အသိပညာ တစ်ခုတည်းသာလျှင် မသတ်မှတ်ထားပေး သို့သော် ထိုသို့အသိပညာကို လက်တွေ့ကျသော အသိပညာ အဖြစ် မှတ်ထားယုံသာမက မအ်စူမမ(အစ) များ၏ လွတ်လပ်စွာ‌လုပ်ပိုင်ခွင့်ရှိ‌ေသာ လုပ်ဆောင်ချက်များ သည် အရှင်မြတ်ဘက်မှ ချီးမြင့်တော်မူသော အသိပညာ နှင့်အတူ ကိုက်ညီမှုရှိသည် ဟူ၍လည်း ယူဆထားပေသည်။ (30) ၎င်း၏ ထင်မြင်ချက်ကို ရှင်းပြရာတွင်၊ လူသားတိုင်းသည် မြင့်မြတ်သောစွမ်းရည် နှင့် အရှင်မြတ်၏ ချီးမြင့်မှုဖြင့် ဤလောကသို့ ရောက်ရှိလာကြပြီး ၎င်းတို့၏ လက်ရှိဘဝဖြစ်ရပ် အခြေအနေများသည် ၎င်းတို့၏ လက်ထဲတွင် ရှိနေပေသည်။ မအ်စူမ်(အစ) များ၏ အပြစ်ကင်းစင်မှု ဖြစ်ပေါ်စေသည့် အသိပညာ သည်လည်း အရှင်မြတ်ဘက်မှ ချီးမြင့်ပေးထားသော လက်ဆောင်တစ်ခု ဖြစ်သော်လည်း ထိုလက်ဆောင်ဖြင့် လူတစ်ဦးတစ်ယောက် အပေါ် မည်သည့်အရာကိုမျှ မသတ်မှတ်ထားပေ။ နောက်ဆုံး၌ ထိုချီးမြင့်ပေးထားသော လက်ဆောင်ကို အသုံးပြုပြီး ထိုအရာနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းသည် မအ်စူမ် အပြစ်ကင်းစင်သူ ဖြစ်ရသည့် အကြောင်းတရား စံနှုန်းပင် ဖြစ်သည်။ (31)

တမန်တော်များ၏ အပြစ်ကင်းစင်မှု

        ဝဟီဗျာဒိတ်‌တော်နယ်ပယ်တွင် တမန်တော်များ၏ အပြစ်ကင်းစင်ခြင်းသည် ကောင်းကင်ကျ ကျမ်းပိုင်ဆိုင်ထားသော ဘာသာတရားအားလုံး ယုံကြည်လက်ခံရာ အခြေခံသဘောတရားများထဲမှ တစ်ခုဖြစ်ပေသည်။ (32) သို့သော် ဘာသာတရားများ၏ တမန်တော်များ နှင့် အစ္စလာမ့် တွေးခေါ်သူများ အကြားတွင် အပြစ်ကင်းစင်မှုသည် အဘယ်အရာဖြစ်သည် နှင့် ၎င်း၏ အဆင့်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်။ (33) မွတ်စ်လင်မ် သီအိုလောဂျီ ပညာရှင်များသည် ၊ အချက်သုံးချက်ကို အပြစ်ကင်းစင်မှု၏ ‌အခြေခံမှုများ ဖြစ်သည်ဟူ၍ သဘောတူညီ လက်ခံထားကြသည်။ ၎င်းတို့မှာ • (၁) တမန်တော်များသည် နဗူဝသ် မတိုင်မီ နှင့် နဗူဝသ် ရရှိပြီးနောက် တုဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း နှင့် အရှင်မြတ်အား ငြင်းပယ်ခြင်းမှ အပြစ်ကင်းစင်ပေသည်။ • (၂) တမန်တော်များသည် ဝဟီ ဗျာဒိတ်တော်များကို ရယူခြင်း ၊ ထိန်းသိမ်းခြင်း နှင့် ပြန်လည်ပို့ချရာ၌ အပြစ်ကင်းစင်ပေသည်။ • (၃) တမန်တော်များသည် နဗူဝသ် အရိုက်အရာ ရရှိပြီးနောက် အမှားများ နှင့် အပြစ်များကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းမှ ကင်းစင်ပေသည်။ သို့သော် ၊ အချက်သုံးချက် နှင့်ပတ်သက်ပြီး ကွဲပြားမှုလည်း ရှိပေသည်။ ၎င်းတို့မှာ • (၁) တမန်တော်များသည် နဗူဝသ် အရိုက်အရာ ရရှိပြီးနောက် မေ့လျော့စွာ အမှားများ နှင့် အပြစ်များကို ကျူးလွန်မိခြင်း၊ • (၂) တမန်တော်များသည် နဗူဝသ် အကိုက်အရာ မရှရှိမီ အမှားများ နှင့် အပြစ်များကို ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ၊ မေ့လျော့၍ေသာ်လည်းကောင်း ကျူးလွန်ခြင်း၊ • (၃) တမန်တော်များသည် ၎င်းတို့၏ လူမှုရေး နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင် အပြစ်ကင်းစင်ခြင်း တို့ဖြစ်သည်။ ရှီအာအေမာမီယဟ်များ ယုံကြည်ထားသည်မှာ ၊ တမန်တော်များသည် အထပ်ပါဖော်ပြခဲ့သည့် အကြောင်းအရာများ အားလုံး၌ အပြစ်ကင်းစင်မှု ရှိသည့်အပြင် ၊ တမန်တော်များသည် လူတို့မုန်းတီးပြီး ၎င်းတို့နှင့် ဝေးကွာစေသည့် အရာများမှလည်း လုံခြုံက်ဝေးပေသည်။ (34) တမန်တော်များ၏ နဗူဝသ် အရိုက်အရာ ရရှိခြင်းအပေါ် လူသားတို့၏ ယုံကြည်မှုကို ရရှိခြင်းသည် “တမန်တော်များ မဖြစ်မနေ အပြစ်ကင်းစင်ရမည် ဖြစ်ကြောင်း ဆင်ခြင်သုံးသပ်နိုင်သော ဦးနှောက်ဆင်ခြင်များ အနက်မှ တစ်ခု ဖြစ်သည်။ (35)ထို့အတူ ၊ ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော်များ (36) နှင့် အချို့ ရေဝါယသ်များ (37) ကို ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး သက်သေထောက်ထား အဖြစ် ဖော်ပြထားသည်။ (38)

        တမန်တော်များ၏ အပြစ်ကင်းစင်မှုကို ဆန့်ကျင်သူများသည် ၊ ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော်များသည် အားလုံးသော် တမန်တော်များနှင့် ကိုက်ညီမှုမရှိခြင်း သို့မဟုတ် ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော်များသည် အချို့သော် တမန်တော်များနှင့် ကိုက်ညီမှုမရှိခြင်း ကို သက်သေအထောက်အထား အဖြစ် ယူဆောင်လာကြသည်။ (39) ၎င်းတို့အား ဖြေဆိုထားသည်မှာ ၊ ထိုအာယသ်တော်များသည် အာယသ်သေ မိုရှာဘေဟ် (ဆင်တူယိုးမှားရှိသော ‌အာယသ်‌ေတာ်) များ ဖြစ်ကြပြီး ထိုသို့အာယသ်များကို အာယသ်သေ မိုဟ်ကမ် (တိကျပြတ်သားမှုရှိသော အာယသ်တော်) များဖြင့် အခြားအနက်အဓိပ္ပါယ်သို့ ပြန်လည်ရည်ညွှန်းကာ ဖွင့်ဆိုရှင်းလင်း ရပေသည်။ (40) ထို့အပြင် တမန်တော်များ၏ အပြစ်ကင်းစင်မှု နှင့် ကိုက်ညီမရှိသော အာယသ်တော်များ အားလုံးသည် သဲရ်ကေအူလာ ဖြင့် ဖော်ဆောင်ရပေမည်။ (41)

အေမာမ်(အစ) များအားလုံး၏ အပြစ်ကင်းစင်မှု

        အေမာမ်(အစ)များ အားလုံး၏ အပြစ်ကင်းစင် ခြင်းဟူသော အချက်သည် အေမာမီယဟ်တို့၏ အမြင်ဝါဒ၌ အေမာမသ်အရိုက်အရာ၏ ပညတ်ချက်များ အနက်မှ ဖြစ်ပြီး ၎င်းတို့၏ အခြေခံ ယုံကြည်ချက်များမှ ဖြစ်ပေသည်။ (42) အလ္လာမဟ် မဂ်ျလေစီ၏ ဖော်ပြချက်အရ၊ အေမာမီယဟ် အားလုံး သဘောတူညီမှု ရှိ‌သည်မှာ ၊ အေမာမ်(အစ) များ အားလုံးသည် ကြီးမားသောအပြစ်များ ၊ သေးငယ်သောအပြစ်များ ကို မေ့လျော့၍ဖြစ်စေ ၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ ၊ ရှိရှိသမျှသော အမှားများ နှင့် အပြစ်များမှ ကင်းဝေးပေသည်။ (43) ထို့နောက် ဆိုထားသည်မှာ ၊ အိစ်မာအီလီယဟ် တို့သည်လည်း အပြစ်ကင်းစင်မှု ကို အေမာမသ်၏ ပညတ်ချက်အဖြစ် လက်ခံထားကြသည်။ (44) သို့သော် အဲဟ်လေစွန္နသ် တို့သည် ၊ အပြစ်ကင်းစင်မှု ကို အေမာမသ်၏ ပညတ်ချက်အဖြစ် လက်မခံထားကြပေ။ (45) အဘယ်ကြောင့်ဆိုသော် ၊ ၎င်းတို့သည် ပထမ ခလီဖှာ သုံးဦးသည် အေမာမ်ဖြစ်ပြီး မအ်စူမ် မဟုတ်ပေ ဟူ၍ အားလုံးသဘောတူညီ လက်ခံထားကြသော်ကြောင့် ဖြစ်သည်။ (46) ဝဟာဘီများသည်လည်း အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို လက်မခံဘဲ ၎င်းကို သီးသန့် တမန်တော်များ အတွက်သာလျှင် ဖြစ်သည် ဟူ၍ လက်ခံထားကြသည်။ (47)         ဂျအ်ဖဲရ် စုဗ်ဟာနီ၏ အဆိုအရ၊ တမန်တော်များ အားလုံး၏ အပြစ်ကင်းစင်မှု အတွက် လာရှိထားသော အသိဉာဏ်၏ဆင်ခြင်များသည် အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှု အတွက်လည်း အသုံးဝင်ပေသည်။ ဥပမာ တမန်တော်များ ဖူးပွင့်ရခြင်း နှင့် လူသားများ၏ ယုံကြည်မှုအား ရရှိခြင်း၏ ရည်ရွယ်ချက် ဆိုင်ရာ အသိဉာဏ်၏ဆင်ခြင် တို့ဖြစ်သည်။ (48) ရှီအာသီအိုလောဂျီ ပညာရှင်များသည် ၊ အေမာမ်(အစ) များ၏ အပြစ်ကင်းစင်မှုကို သက်သေပြုဖို့ရန်အတွက် ၊ များစွာသော အာယသ်တော်များ နှင့် ရေဝါယသ်များကို ထောက်ထားကိုးကားကြသည်။ ဥပမာပေးရသော် ၊ အာယသ်သေ အိဗ်သေလာအ် အိဗ်ရာဟီးမ် (49) ၊ အာယသ်သေ အူလူလ်အမ်ရ် (50) အာယသ်သေ သသ်ွဟီးရ် (51) နှင့် အာယသ်သေ ဆွာဒိကီးန် (52) ဟဒီးစေ စက္က်လိုင်းန် (53) နှင့် ဟဒီးစေ စဖီနေဟ် (54) တို့ဖြစ်သည်။ ရှီအာတို့၏ အမြင်၌၊ ဟဇရသ်သေ ဖွာသွေမဟ်(စအ) သခင်မသည် အပြစ်ကင်း‌စင်မှု အရိုက်အရာ၌ ရှိပေသည် (55) သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြုဖို့ရန်အတွက် ၊ အာယသ်သေ သသ်ွဟီးရ် နှင့် ဟဒီးစေ ဘဇ်ွအဟ် တို့ကို အထောက်အထားအဖြစ် ယူဆောင်လာကြသည်။ (56)

မာလာအိကာ ‌ကောင်းကင်တမန်များ၏ အပြစ်ကင်းစင်မှု

ကျမ်းတော်မြတ်ကုရ်အာန် : عَلَیها مَلائِکةٌ غِلاظٌ شِدادٌ لا یعْصُونَ اللَّهَ ما أَمَرَهُمْ وَ یفْعَلُونَ ما یؤْمَرُونَ

        ယင်းအပေါ်၌ သူတို့အား တာဝန်ပေးထားသော အလ္လာဟ်အရှင်မြတ်၏ စီမံချက်အမိန့်တော်များကို အမိန့်တော်ပေးတော်မူသည့်အတိုင်း တသွေမတိမ်း နာခံပြုလုပ်ကြရုံ သာမက မည်သည့်အခါမျှ အာခံဖီဆန်မည် မဟုတ်သော ညှာတာမှုကင်းမဲ့ကာ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသည့် မလာအီကာ ကောင်းကင်စေတမန်များလည်း စောင့်ကြပ်နေမည့်ငရဲမီးမှ သင်တို့၏နဖ်စ် များကိုလည်းကောင်း၊ သင်တို့၏ မိသားစုအသိုင်းအဝိုင်းများကိုလည်းကောင်း၊ သတိလက်လွတ်မဖြစ်စေဘဲ ကာကွယ်၊ ကယ်ဆယ်ကြလော့။ စူရဟ် သဟ်ရီးမ် အာယသ်အမှတ် ၆

        အလ္လာမဟ် မဂ်ျလေစီ ဆိုထားသည်မှာ ၊ ရှီအာများသည် မာလာအိကာ ကောင်းကင်တမန်များ အားလုံးအား ကြီးမားသောအပြစ် ၊ သေးငယ်သောအပြစ် များမှ ကင်းစင်သည်ဟူ၍ သဘောတူညီ ယုံကြည်လက်ခံထားကြသည်။ များစွာသော အဲဟ်လေစွန္နသ် တို့သည်လည်း ထိုသို့ယုံကြည်ကြသည်။ (57) ကောင်းကင်တမန်များ အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး အခြားသော အမြင်ဝါဒများလည်း လာရှိထားသည်မှာ ၊ အချို့သည် မာလာအိကာ ကောင်းကင်တမန်များကို အပြစ်ကင်းစင်မှု မရှိပေ ဟူ၍ ယုံကြည်ထားကြသည်။ အပြစ်ကင်းစင်မှုအား လက်ခံသူ နှင့် လက်မခံသူများ၏ သက်သေများကို ကိုက်ညီမှုမရှိဘူးဟု ဆိုထားကြသူများလည်း မာလာအိကာ ကောင်းကင်တမန်များကို အပြစ်ကင်းစင်မှု မရှိပေ ဟူ၍ ယုံကြည်ထားကြသည်။ ‌အုပ်စုတစ်စုသည်လည်း ဝဟီ သယ်ဆောင်လာသော မာလာအိကာ ကောင်းကင်တမန် နှင့် အချို့သော မာလာအိကာ ကောင်းကင်တမန်များကိုသာ အပြစ်ကင်းစင်သည် ဟူ၍ လက်ခံထားသည်။ (‌ကမ္ဘာမြေကြီး၌ ရှိသော မာအိကာများကို အပြစ်ကင်းစင်သည် ဟူ၍ လက်မခံကြ‌ဘဲ ကောင်းကင်၌ရှိသော မာလာအိကာများကိုသာ အပြစ်ကင်းစင်သည် ဟူ၍ လက်ခံထားကြသည်။) (58)

        အပြစ်ကင်းစင်မှုအား လက်ခံကြသူများ ဆိုထားကြသည်မှာ ၊ စူရဟ် အန်ဘီယာ အာယသ် ၂၇ (59) ၊ စူရဟ် သဟ်ရီးမ် အာယသ် ၆ (60) နှင့် များစွာသော ဟဒီးစ်‌တော်များသည် (61) မာလာအိကာ ကောင်းကင်တမန်များအား အပြစ်ကင်းစင်သည် ဟူ၍ လက်ခံထားကြသည်။ (62) ပြောထားသည်မှာ ၊ မွတ်စ်လင်မ်များ အကြား၊ မာလာအိကာ ကောင်းကင်တမန်များအား အပြစ်ကင်းစင်ကြောင်းကို လက်မခံသူများ ကိုသာလျင် ၊ ဟရှ်ဝီယဟ် ဂိုဏ်းဟု ခေါ်တွင်သည်။ (63)

        အာယသုလ္လာဟ် မကာရင်မေ ရှီရာဇီ သည် မာလာအိကာ ကောင်းကင်တမန်များ အပြစ်ကင်းစင်ခြင်းသည် အဓိပ္ပါယ် မရှိပေ ဟုစောဓကအား ဖြေဆိုရာ၌ ဆိုထားသည်မှာ ၊ တတ်မက်ခြင်း ဒေါသ ကဲ့သို့သော ဒုစရိုက်၏ စေ့ဆော်မှုသည် ကောင်းကင်တမန်များ၌ မရှိခြင်း သို့မဟုတ် အနည်းငယ်သာ ရှိနေပါစေ ၎င်းတို့သည် လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိသူများ ဖြစ်ကြပြီး ဆန့်ကျင်နိုင်စွမ်း ရှိပေသည်။ ထို့အတွက်ကြောင့် ၊ အပြစ်များကို ကျူးလွန်နိုင်သော်လည်း မကျူးလွန်ကြပဲ အပြစ်ကင်းစင်သူ ၊ သန့်ရှင်းသူများ ဖြစ်ကြသည်။ ကောင်းကင်တမန် အချို့သည် အရှင်မြတ်၏ အမိန့်ကို နာမခံခြင်း နှင့် ၎င်းတို့အား အပြစ်ပေးခြင်း ကို ညွှန်ပြသည့် ရေဝါယသ်များကို သဲရ်‌‌ကေအူလာဖြင့် အနက်အဓိပ္ပါယ် ဖော်ဆောင်ရပေမည်။ (64)

စောဓကများ နှင့် အဖြေများ

အပြစ်ကင်းစင်မှုကို ငြင်းပယ်သူများမှ စောဓကများ ပြုလုပ်လာပြီး ထိုစောဓကများ အနက်မှ အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အပြစ်ကင်းစင်မှုသည် လူ့သဘောသဘာဝ နှင့်ကိုက်ညီမှု မရှိခြင်း

မိုအာဆွီရ် မိဆ်ွရီ စာအုပ်အား ရေးသားသူ အဟ်မဒ်အမီးန် ပြောထားသည်မှာ ၊ အပြစ်ကင်းစင်မှုသည် လူ့သဘောသဘာဝ နှင့် ကိုက်ညီမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၊ လူသားတွင် မတူညီသော စိတ်အာရုံခံစားနိုင်သည့် ကာမဂုဏ် နှင့် စိတ်ဆန္ဒ စွမ်းအားများရှိပေသည်။ လူသား၌ အကောင်းကို လိုလားသည့် ဆန္ဒ နှင့် အဆိုးကို လိုလားသည့် ဆန္ဒ နှစ်မျိုးစလုံး ရှိပေသည်။ အကယ်၍ ဤဆန္ဒများကို လူသားများ ထံမှ ဖယ်ထုတ်လိုက်မည် ဆိုပါက လူသားဆန်မှုကို ၎င်းထံမှ ဖယ်ထုတ်လိုက်ခြင်း ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ၊ တမန်တော်များသာမက မည်သည့်လူသားမှ အပြစ်များမှ မကင်းစင်နိုင်ပေ ။ (65)

        အာယသုလ္လာဟ် ဂျဝါဒ် အာမိုလီသည် ဤစောဒကကို “လူသား၏ အဖိုးတန်ဆုံးသောအရာမှာ နဖ်စ် ပင်ဖြစ်ကြောင်း” ကို ဖော်ညွှန်းခြင်းဖြင့် ဖြေဆိုထားသည်မှာ ၊ လူသား၏ အဖိုးတန်ဆုံးသောအရာမှာ နဖ်စ် ကို အရှင်မြတ်သည် အဆ်ွမသ် အပြစ်ကင်းစင်မှု အဆင့်၏ အထွတ်အထိပ်သို့ လျှောက်လှမ်းနိုင်သည့် နည်းလမ်းဖြင့် ဖန်ဆင်းထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ လူသား၏ နဖ်စ်သည် ထိုသို့ လျောက်လှမ်း ကျင့်ဆောင်သည့် လမ်းစဉ်တွင် မရည်ရွယ်ဘဲ အပြစ်လုပ်မိခြင်း၊ မေ့လျော့ခြင်း၊ လျစ်လျူရှုခြင်း နှင့် အသိဉာဏ် ကင်းမဲ့ခြင်း တို့မှ ကင်းဝေးစေနိုင်သည့် စွမ်းရည်များကို ရရှိနိုင်ပေသည်။ ၎င်း၏ အမြင်၌၊ အကယ်၌ လူတစ်ဦး၏ နဖ်စ်သည် ဖြူစင်သော အသိတရား (ပင်ကိုယ်ဥာဏ်ရည်) လက်ဝယ်ရရှိပြီး ပြီးပြည့်စုံ၍ မှန်ကန်သော ပရမတ်တရားသို့ ‌ရောက်ရှိပါက ၊ ထိုသူသည် အမှန်တရားကိုသာလျှင် နားလည်သိရှိ‌ပြီး ဒွိဟသံသယ ၊ မေ့လျော့ခြင်း၊ လျစ်လျူရှုခြင်းတို့မှ ကင်းဝေးမည် ဖြစ်သည်။ ထို့အတွက်ကြောင့် ၊ လောကီရုပ်ဝတ္ထု နှင့် ထင်ယောင်ထင်မှားဖြစ်စေသော ကမ္ဘာမှ ဖြတ်ကျော်ပြီး အမှန်တရားများ၏ အရင်းအမြစ်သို့ ရောက်ရှိသွားသော ထိုပုဂ္ဂိုလ်သည် အပြစ်ကင်းစင်မှု အဆင့်သို့ ရောက်ရှိနိုင်ပေသည်။ (66)

  • အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်း၏ မူလအစ

အုပ်စုတစ်စု ၏ရှုထောင့်မှကြည့်လျှင် ၊ အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်းသည် အစ္စလာမ်သာသနာ၏ အစပိုင်း၌ မရှိခဲ့ဘဲ အဟ်လေကိသာဘ် ၊ ရှေးခေတ်အီရာန်လူမျိုးများ ၊ ဆူဖီများ သို့မဟုတ် မီးကိုးကွယ်သူများ၏ သွန်သက်ချက်များမှ အစ္စလာမ် သွန်သင်ချက်များသို့ ဝင်ရောက်ခဲ့သော ‌ဗိဒ်အသ် (အယူမှား၊ တရားတော်၌ မရှိခဲ့သည့်အရာ) တစ်ခု ပင်ဖြစ်သည်။ (67)

        အဖြေမှာ ၊ တမန်တော်များ၏ အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်းသည် အစ္စလာမ်သာသနာ၏ အစောပိုင်းကာလ၌ မွတ်စ်လင်မ်များအကြား ရှိခဲ့ပြီး ယင်းသည် ကျမ်းမြတ်ကုရ်အာန် နှင့် တမန်တော်မြတ်(ဆွ)၏ သွန်သင်ချက်များတွင် ပါရှိပေသည်။ (68) အဟ်လေ‌ကိသာဘ် များသည် အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်းကို ဖန်တီးသူများ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၊ သောင်ရသ်ကျမ်းတွင် အဆိုးဆုံးသော အပြစ်များ နှင့် အယုတ်ဆွဆုံးသော အရာများကို တမန်တော်များအား ပတ်သက်မှု ပေးထားသောကြောင့် ဖြစ်သည်။ (69) ဆူဖီဝါဒ မပေါ်ပေါက်သေးသော အချိန်၌ပင် အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်းသည် ရှီအာများ အကြား ကျယ်ပြန့်စွာ ရှိခဲ့သည်။ ထို့ကြောင့် ဆူဖီဝါဒသည် အပြစ်ကင်းစင်မှုအား ယုံကြည်ခြင်း၏ အရင်းအမြစ် မဖြစ်နိုင်ပေ။ (70) အစ္စလာမ် သာသနာ နှင့် မီးကိုးကွယ်သည့် သာသနာ တို့အကြား အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး တူညီ‌ေသာ သွန်သင်ချက်များ ရှိနေသည်ဟု ယူဆပါက ၊ ထိုယူဆချက်သည် တစ်ဦးအပေါ်သို့ အခြားတစ်ဦးမှ လွှမ်းမိုးကာ အကျိုးသက်ရောက်စေ‌ေကြာင်း ‌ေဖာ်ပြသည့် အထောက်အထား မဟုတ်ပေ။ သို့သော် ၊ ကောင်းကင်ကျ ပိုင်ဆိုင်ထားသော ဘာသာတရား အားလုံး၏ အရင်းအမြစ်များသည် တူညီနေသည့်အတွက်ကြောင့် ၎င်းတို့၏ အခြေခံမူများသည်လည်း တစ်ခုနှင့်တစ်ခု ကိုက်ညီမှု ရှိနေပေသည်။ (71)

ရေးသားထားသည့် စာအုပ်များ

အဆ်ွမသ် အဇ် မန်ဇဲရိ ဖရီကိုင်းန် (ရှီအဟ် ဝါ အဲဟ်လေစွန္နသ်) ၊ စိုင်ယိဒ် အလီ ဟိုစိုင်နီ မီလာနီး ရေးသားထားသည်စာအုပ်

အပြစ်ကင်းစင်မှု နှင့်ပတ်သက်ပြီး စာအုပ်များစွာကို ရေးသားထုပ်ဝေခဲ့ကြသည်။ ဥပမာ:

  • အသ်သန်ဘီးယသုလ် မအ်လူးမ်၊ အလ်ဘုရ်ဟာနု အလာ သန်ဇီဟိလ် မအ်စူမ် အနိစ် စဟ်ဝ် ဝန် နစီယဟ် ၊ ရှီးခ် ဟိုရ်အာမိလီ ရေးသားထားသည်
  • အဆ်ွမသ် အဇ် မန်ဇဲရိ ဖရီကိုင်းန် (ရှီအဟ် ဝါ အဲဟ်လေစွန္နသ်) ၊ စိုင်ယိဒ် အလီ ဟိုစိုင်နီ မီလာနီး ရေးသားထားသည်။
  • ပိုင်ဂျိုဟိရှီ ဒဲရ် အဆ်ွမသ် အမ်စူမားန် (အစ) ၊ အဟ်မဒ် ဟိုစိုင်းန် ရှရီဖီ နှင့် ဟစန် ယူစွဖ်ဖီယားန် ရေးသားထားသည်။
  • အဆ်ွမသ် အဇ် ဒီဒ်ဂါဟေ ရှီအေဟ် ဝါ အဟ်လေစွန္နသ် ၊ ဖွာသွေမဟ် မိုဟက်ကီက် ရေးသားထားသည်။
  • အဆ်ွမသ် ၊ ဇွရူရသ် ဝါ အာစားရ် ၊ စိုင်ယိဒ် မူစာ ဟာရှင်မီ သန်ဂါဘနီ ရေးသားထားသည်။
  • အန်ဒီရှေယေ ကလာမီယေ အဆ်ွမသ် ၊ ပိုင်ယာမသ်ဟာယေ ဖိက္က်ဟီ ဝါ အူစူလေ ဖီက္က်ဟီ ၊ ဘဟ်ရူးဇ် မီနာယီ ရေးသားထားသည်။ ဤစာအုပ်၌ ဖိက္ကဟ် နှင့် အူစူလေ ဖိက္ကဟ် တို့၌ အဆ်ွမသ် ကို ယုံကြည်ခြင်း၏ အကျိူးအာနိသင်များ အကြောင်းကို ဖော်ပြရေးသားထားသည်။ (72)
  • မန်ရှအေ အဆ်ွမသ် အဇ် ဂိုနာဟ် ဝါ ခသ်သွာ ၊ နဇဲရီယေဟာ ဝါ ဒီဒ်ဂါဟာ၊ အဗ္ဗ်ဒုလ်ဟိုစိုင်းန် ကာဖီ ရေးသားထားသည်။