အဘ်ဒွလ္လာ ဂျဝါဒီ အာမိုလီ

wikishia မှ

အဘ်ဒွလ္လာ ဂျဝါဒီ အာမိုလီ (အီရန် သက္ကရဇ် ၁၃၁၂ခုနှစ် ) သည် ဒဿနပညာရှင်၊ ဥပဒေပညာရှင်၊ ကုရ်အာန်အနက်ပြန်ဆိုသူ နှင့် ကွမ်းမြို့မှ သာသနာ့ပညာရပ်သင်ကြားသော ဆရာတစ်ဦးဖြစ်သည်။ သူသည် ဟစ်ဂျရီ ၁၅ ရာစု တွင် ထင်ရှားသော ရှီအာဘာသာရေးပညာရှင်များ (မရာဂျေအ် သက္ကလီးဒ်)များထဲမှ တစ်ဦးဖြစ်သည်။ သူသည် အာယသွလ္လာ ဘရူဂျရ်ဒီ၊ အေမာမ်ခိုမေနီ နှင့် အလ္လာမာ တပါတပါအီ တို့ ၏ တပည့်ဖြစ်သည်။ ဒဿနိကဗေဒ၊ ဝိဇ္ဇာပညာ၊ တရားဥပဒေပိုင်းဆိုင်ရာပညာရပ်နှင့် ကုရ်အာန်၏ အနက်ပြန်ဆိုခြင်းစသည့် ဘာသာရပ်များကို အနှစ်ခြောက်ဆယ်နီးပါး ကွမ်းမြို့နှင့် သဟ်ရာန်မြို့များ ရှိ သာသနာပညာသင်ကြားရေး ကျောင်းများတွင်သင်ကြားပို့ချပေးခဲ့သူဖြစ်သည်။ "သဖ်စီးရ်ရေ သန်စီးမ်" နှင့် "ရဟီးက်ကေမခ်တူးမ်" (အဆ်ဖားရေ အရ်ဘအာ၏ အနက်ပြန်ဆိုရှင်းလင်းမှု(ရှရ်ဟ်) တို့သည် ၎င်းရေးခဲ့သောစာအုပ်များထဲမှ ဖြစ်သည်။

အီရန်၏အစ္စလာမ္မစ်တော်လှန်ရေးအပြီးတွင် ဂျဝါဒီ အာမိုလီ သည် တရားရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ကျွမ်းကျင်သူများစည်းဝေးပွဲ၊ ကွမ်းမြို့ ၏ ဘာသာရေးသင်ကြားပြသပေးသည် ဆရာများအသင်းဝင် နှင့် ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများ၏ စည်းဝေးပွဲတာဝန် အပါအဝင် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သည်။ သူသည် အီရန်သက္ကရဇ် ဆယ်စုနှစ် ၇၀ နှင့် ၈၀ ခုနှစ်များအတွင်း ကွမ်းမြို့ ၌ အေမာမ်မေဂျွမ်အာအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သည်။ အီရန်သက္ကရဇ် ၁၃၆၇ ခုနှစ်တွင်သူသည်ယခင်ဆိုဗီယက်ယူနီယံသို့သွားရောက်ခဲ့ပြီးထိုအချိန်ကတိုင်းပြည်၏ခေါင်းဆောင် ဂူလ်ဘော်ကျဖ် အား အေမာမ်ခိုမေနီ ၏သဝဏ်လွှာပေးပို့ခဲ့သည်။

ဂျဝါဒီအာမိုလီ သည် ဒဿနိကဗေဒဆိုင်ရာ အတွေးအခေါ်တွင် (ဟက်မသ်သေ မိုသအာလီယဟ်) ၏ ဒဿနကို လိုက်နာကျင့်သုံးသည်။ လူသားတို့၏ပညာရပ်နှင့် လက်တွေ့ကျသောသိပ္ပံပညာရပ်နယ်ပယ်တို့တွင် ဘာသာရေးဆိုင်ရာ အသိပညာရှိကြောင်းကို သူလက်ခံသည်။ သူ၏ မတူညီသော ဖသ်ဝါများ (ဘာသာရေး စီရင်ထုံးများ) မှာအမျိုးသမီး ဘာသာရေးပညာရှင် (မရ်ဂျအ်သက္ကလီးဒ်) မှ အမျိုးသမီး နောက်လိုက်မှု(သက္ကလီးဒ်လုပ်ခြင်း)ကို ခွင့်ပြုထားခြင်း၊ကျား၊မ ပြုပြင်ပြောင်းလဲမှုကိုခွင့်ပြုထားခြင်းနှင့် ကျမ်းပိုင်ဆိုင်ထားသော ဘာသာဝင်များ၏ သန့်စင်မှု (သဟာရသ်) ရှိခြင်း အဖြစ်သတ်မှတ်ထားခြင်း တို့ဖြစ်သည်။

အတ္ထုပတ္တိ

အဘ်ဒွလ်လာဂျဝါဒ်ိိိီအာမိုလိိီကို အီရန်သက္ကရဇ် ၁၃၁၂ ခုနှစ် အီရန်နိုင်ငံ၊ အာမိုးလ်မြို့ တွင် မွေးဖွားခဲ့သည်။ (1) သူ့အဖေသည် ထို မြို့၏ အာလမ်ပညာရှင်များထဲမှတစ်ဥိီးဖြစ်သည်။ (2) အီရန်သက္ကရဇ် ၁၃၂၅ခုနှစ် တွင် သူသည် အာမိုလ် မြို့ရှိ ဘာသာရေးပညာသင်ကြားသောကျောင်း တွင် သူ၏ ဘာသာရေး သင်ကြားမှုကို စတင်ခဲ့ပြီး အာရဗီစာပေ၊ ယုတ္တိဗေဒ၊ အူစူလေ ဖေက်ဟ်၊ ဥပဒေပညာများ၊ ကုရ်အာန်နှင့်ဟဒီးစ်အနက်ပြန်ဆိုမှု တို့ကို အလယ်အလတ်အဆင့်တွင် ငါးနှစ်ကြာ လေ့လာခဲ့သည်။ (3)

အီရန်သက္ကရဇ် ၁၃၂၉ ခုနှစ် တွင်သူသည် သဟ်ရာန်မြို့ သို့ပြောင်းရွှေ့ခဲ့ပြီး မရ်ဝီကျောင်း တွင်ငါးနှစ်ကြာဘာသာရေးပညာကိုဆက်လက်သင်ယူခဲ့သည်။ ထိုအချိန်တွင် သူသည် မိုဟမ္မဒ် တကီ အာမိုလီ, အဘွဘ်ဟာစန် ရှေအ်ရာနီး, မဟ်ဒီ အေလာဟီ ကမ်ရှေအီနှင့် မိုဟမ္မဒ် ဟူစိန်းတူနီး ကဲ့သို့သော ပညာရှင်တို့၏အတူ အတန်းများကို တက်ရောက်ခဲ့သည်။ ဥပဒေပညာ (ဖေက်ဟ်) နှင့် တရားဥပဒေ၏ အခြေခံသဘောတရားများ (အူစူလေဖေက်ဟ်)နှင့်အတူဒဿနိကဗေဒနှင့် ဝိဇ္ဇာအတတ်ပညာတို့ကိုလည်း လေ့လာခဲ့ပြီး ဘာသာရေးပညာသင်ကြားမှုများလည်း လုပ်ဆောင်ခဲ့သည်။ (4)အီရန်သက္ကရဇ် ၁၃၃၄ တွင် သူသည် ကွမ်းမြို့ရှိ ဘာသာရေးပညာသင်ကြားမှုကျောင်းသို့ သွားရောက်ခဲ့ပြီး အာယသွလ်လာဘရိုဂျရ်ဒီ, အာယသွလ္လာ ဆယဒ် မိုဟမ္မဒ်မိုဟကေက် ဒါမားဒ်၊ မီးရ်ဇာ ဟာရှမ် အာမိုလီ, အေမာမ်ခိုမေနီ, နှင့်အလ္လာမဟ်တပါတပါအီး ကဲ့သို့သောပညာရှင်များထံမှ အထူးပြုဘာသာရေးပညာရပ်ကို သင်ယူခဲ့သည်။(5)

သင်ကြားပို့ချခြင်း

ဂျဝါဒီ အာမိုလီ သည် ငယ်စဉ်ကတည်းက သဟ်ရာန်ရှိဘာသာရေးပညာသင်ကြားသည့်ကြောင်း တွင် ပညာသင်ကြားနေချိန်အတွင်း ဘာသာရေးပညာရပ်များကို စတင်သင်ကြားခဲ့သည်။ (6) သဟ်ရာန်တွင် နေထိုင်စဉ် ဆယ်စုနှစ် ၃၀ အစောပိုင်းတွင် သူ၏ သင်ကြားရေးအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပြီး ဥပဒေပညာ၊ ဒဿနိကဗေဒ၊ ဝိဇ္ဇာပညာနှင့် ကျမ်းတော်မြတ်ကုရ်အာန်များအပါအဝင် ဘာသာရေးဆိုင်ရာ သင်ကြားရေးဆိုင်ရာ ဘာသာရပ်အသီးသီးတွင် နှစ်ပေါင်းခြောက်ဆယ်နီးပါး သင်ကြားမှုပြုခဲ့သူသည်။ ဤကာလအတွင်း သူသည် ကွမ်းမြို့ရှိသာဘာရေးပညာသင်ကြားကျောင်း တွင် မွလ္လာဆဒ်ရား မှ အဆ်ဖားရေအရ်ဘအာ စာအုပ် ကို သုံးကြိမ်တိုင်တိုင်သင်ကြားပေးခဲ့သည်။ (7) ကုရ်အာန်ကျမ်းတော်မြတ်၏ အနက်အဓိပ္ပါယ်ပြန်မှု သင်ခန်းစာကိုကို အီရန်သက္ကရဇ် ၁၃၅၅ တွင် စတင်ခဲ့သည်။ (8) ဂျဝါဒီအာမိုလီသည်ကုရ်အာန်အနက်အဓိပ္ပါယ်ပြန်ပညာရပ်နှင့် အထူးပြုသာသနာ့ဥပဒေ ပညာရပ်ကိုကို ကွမ်းမြို့ရှိ ၏ မစ်ဂျဒ်ဒေ အအ်ဇွမ်တွင် တွင် သင်ကြားပို့သခဲ့သည်။ (9)

တပည့်များ

အာယသွလ္လာဂျဝါဒီအာမိုလီ သည် သူ၏ ၅၅ နှစ်ကျော်ကာလ သင်ကြားမှုအတွင်း ဂျဝါဒီအာမိုလီသည်သည် သူ၏ အတန်းများမှ ကျောင်းသား ထောင်ပေါင်းများစွာကို အကျိုးသက်ရောက်မှု ရရှိစေခဲ့သည်။ သူ၏ ထင်ရှားသော ကျောင်းသားအချို့မှာ

မဟ်ဒိရှဘ်ဇင်ဒဲဒါးရ်[10] ဆယဒ် မိုဟမ္မဒ် ရဇာ မိုဒရစီ ရဇ်ဒီ[11) ဂိုလာမ်ရဇာ ဖရားဇီ အဘ်ဒွလ်ဟိုစိန်း ခွစ်ရိုပနားဟ် ဟမီးဒ်ပါရ်ဆာနီယား နှင့် မဟ်ဒဝီးဟာဒဝီသဟ်ရာန်နီ [ရင်းမြစ် လိုအပ်သည်] တို့ဖြစ်သည်။

မရ်ဂျာအီယသ် (ဘာသာရေးပိုင်းဆိုင်ရာအမိန့်ပေးနိုင်သူ)

ဂျဝါဒီအာမိုလီ၏ ၏ မရ်ဂျာအီယသ်ဆိုင်ရာ ရုံးများကို ကွမ်း၊ သဟ်ရာန်၊ ရှဟ်ရေ ရိုင်း၊ သဗ်ရီးဇ်၊ အူရူမီယဲဟ်၊ ဇင်ဂျားန်၊ အာမွလ် နှင့် ရှီရားဇ် ကဲ့သို့သော မြို့များတွင် တည်ထောင်ထားသည်။ (12) သူ၏ ဖသ်ဝါစာအုပ်နှင့် ဘာသာရေးဆိုင်ရာအမေးအဖြေ ကျမ်းကျမ်းများကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။

အတွေးအခေါ်များ

ဂျဝါဒီအာမိုလီ ၏ကျောင်းသားအချို့၏အဆိုအရ၊ သူ၏အတွေးအမြင်များ၏ဗဟိုချက်မှာ "ဟေက်မသ်သေ မိုသအာလီယဲဟ်" ဖြစ်သည်။ ထို့ကြောင့် သူသည် ဆင်ခြင်တုံတရား၊ ဝိဇ္ဇာနှင့် ကုရ်အာန်ကျမ်းတို့သည် တထပ်တည်းဖြစ်ကြောင်း ယုံကြည်ပြီး ၎င်းတို့၏ သွန်သင်ချက်များသည် တစ်ခုနှင့်တစ်ခု မကိုက်ညီဟု မမြင်ပေ။ (13) သူ၏အမြင်အရ ဆင်ခြင်တုံတရားသည် ဘာသာတရားကို ဆန့်ကျင်ခြင်းမရှိပေ။ ၎င်းသည် ဘာသာတရား၏အလင်းရောင်ဖြစ်ပြီး၎င်းမှ ဘာသာရေးယုံကြည်ချက်၊ ကျင့်ဝတ်ဆိုင်ရာသွန်သင်ချက်များနှင့် တရားစီရင်ရေးဆိုင်ရာနှင့် တရားဥပဒေဆိုင်ရာ စည်းမျဉ်းများကို နားလည်ရန် အသုံးချနိုင်သည်ဟု ပြောကြားထားသည်။ (14) (ဤနေရာတွင်အေလ်မေဒီးနီးကျန် ဖြည့်စွပ်ရေးရန်)


နိုင်ငံရေးအတွေးအခေါ်များ

ဂျဝါဒီအာမိုလီ သည် ဝေလာယသ်ဖကီးဟ် ဥပဒေကိုထောက်ခံသူဖြစ်သည်။ ဝေလာယသ်သေဖကီးဟ် ဝေလာယသ် ဖိုကဟားသ်ဝေါ် အဒါလသ်" ဟူသော ခေါင်းစဉ်ဖြင့် သူ၏ စာအုပ်တွင်"ဆင်ခြင်တုံတရားသီးသန့်ဖြင့်သော်လည်းကောင်း" "ဆင်ခြင်တုံတရားနှင့် ဗျာဒိတ်တော် နှင့်(ရေဝါယသ်) ပေါင်းစပ်၍သော်လည်းကောင်း" နှင့် "ဗျာဒိတ်တော်နှင့်(ရေဝါယသ်)သီးသန့်ဖြင့်သော်လည်ကောင်းအခြေခံ၍ ရှင်းရှင်းလင်းလင်း ကိုးကားချက်သုံးမျိုးဖြင့် တင်ပြထားသည်။ (19) ဝေလာယသ် ၏ သဘောတရား ကို သက်သေပြရန်။ဆင်ခြင်တုံတရားနှင့် ဗျာဒိတ်တော် နှင့်(ရေဝါယသ်)တို့ကိုပေါင်းစပ်၍ သက်သေပြထားမှုမှာ... အစ္စလမ်ဘာသာသည် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကဲ့သို့သော ဟဂ်ျ (20) ၊ဂျီဟားဒ်၊ (21)တရားဥပဒေ ပြစ်ဒဏ်များ (ဟူဒူးဒ်) နှင့် စည်းကမ်းပိုင်းဆိုင်ရာ ဆောင်ရွက်မှု (သအ်ဇီရားသ်)(22) နှင့် ဥစ္စာပစ္စည်းပိုင်းဆိုင်ရာ ကဲ့သို့သော အင်ဖားလ် ၊ခွမ့်စ် (23) ကဲ့သို့သော အကြောင်းအရာများအား အခြေခံထားတာဖြစ်သည့်အတွက်အေမာမ်၏ ဂိုင်ဘက် (အကွယ်၌တည်ရှိနေစဥ်) ကာလအတွင်း၊ အဆိုပါ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် ပြည့်စုံပြီး အရည်အချင်းပြည့်မီသော ဥပဒေပညာရှင် (ဖကီးဟ်) ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ဖြစ်နိုင်သည်။ (24)

တစ်ဖက်တွင်မူ အေမာမ်ဂိုင်ဘက် (အကွယ်၌တည်ရှိနေစဥ်) ကာလအတွင်း ဘုရားသခင်သည် မွတ်ဆလင်အသိုင်းအဝိုင်းကို စွန့်လွှတ်မည်မဟုတ်ကြောင်း ဆင်ခြေတံတရား(ဦးနှောက်)မှညွှန်ပြနေသည်ကိုတွေ့မြင်ရသသည်။ ထို့ကြောင့် ဤကာလအတွင်း၌ ပြည့်စုံသော အသိပညာများ ပိုင်ဆိုင်ထားသည့် အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်များ (ဂျာမေအွလ်ရှရာယေသ်) သည် လူ့အဖွဲ့အစည်းအား ဦးဆောင်မှုကို အေမာမ့်၏ ကိုယ်စားလှယ်များအဖြစ် တာဝန်ယူရမည်ဟာဆိုထားသည်။ (25)

ဖသ်ဝါဟားရေ ခါးဆ် (သီးသန့်ဥပဒေများ)

ဂျဝါဒီအာမိုလီ ၏စာအုပ် "သောင်ဒွီးရ်ဟွလ် မဆာအေလ်" (ဥပဒေရေးရာပြဿနာများ၏ရှင်းလင်းချက်) တွင် အခြားစာအုပ်များနှင့်မတူဘဲ အချို့သော အကြောင်းအရာများ၏ဥပဒေများ... ဥပမာအားဖြင့် ဂိုဏ်းခွဲ(ဖေရ်ကာ)များ ၊ ရွေးကောက်ပွဲများ၊ ကျမ်းတော်မြတ်ကုရ်အာန်ကို တည်းဖြတ်ခြင်း၊ မူပိုင်ခွင့်နှင့် ထုတ်ဝေခွင့်၊ ချေးယူပိုင်ခွင့်ကို လွှဲပြောင်းခြင်း၊ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားခြင်း၊ ဝမ်းနည်းခြင်း ထုံးတမ်းဓလေ့များ၊ အရေးပေါ်အခြေအနေများတွင် အကူအညီပေးခြင်းနှင့် ကျမ်းဂန် (မွတ်စလင်မဟုတ်သူများ) နှင့်ပတ်သက်သော ဥပဒေ စီရင်ထုံးများ ပါဝင်သည်။ (26)

၎င်း၏ သီးခြားဥပဒေစီရင်ချက်အချို့မှာ ဘာသာရေးအသိပညာအတတ်ပညာအရှိဆုံး အမျိုးသမီးဘာသာရေး ဥပဒေပညာရှင်ထံ (မိုသဟေဒါဟ်)မှနောက်လိုက်(သက္ကလီးဒ်ယူ)ပိုင်ခွင့်၊ (27) ကျားမ သဏ္ဍန်ပြောင်းပိုင်ခွင့် (28) နှင့် ပုံနှိပ်ခြင်း၊ ဘာသာပြန်ခြင်း၊ ထုတ်ဝေခြင်းနှင့် ဆော့ဖ်ဝဲထုတ်လုပ်ပိုင်ခွင့်(29)တို့ကို ပြောကြားထားသည်။


လူမှုရေးလှုပ်ရှားမှုများနှင့်နိုင်ငံရေးလှုပ်ရှားမှုများ

ဂျဝါဒီအာမိုလီ သည် ပညာရေးဆိုင်ရာ၌ အဓိကပါဝင်လုပ်ဆောင်မှုရှိ နေသော်လည်း အီရန်တွင် အစ္စလာမ့်တော်လှန်ရေးမတိုင်မီနှင့်ပြီးနောက်ကာလများတွင် လူမှုရေးလှုပ်ရှားမှုနှင့်နှိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။ တော်လှန်ရေးမစမီက အီမာမ်ခိုမေနီ၏ အယူဝါဒကို မြှင့်တင်သူတစ်ဦးဖြစ်ခဲ့တာကြောင့် ဟောပြောခြင်းနှင့် မိန့်ခွန်းပြောခြင်းတို့ကို အကြိမ်ပေါင်းများစွာ တားမြစ်ခံခဲ့ရပြီးဖမ်းဆီးခြင်းခံခဲ့ရသည်။ (30) သူ၏ တော်လှန်ရေး ပြီးနောက် လှုပ်ရှားမှုများမှာ တရားရေးရာဆိုင်ရာ ကောင်စီတွင် အဖွဲ့ဝင်ဖြစ်ခြင်း၊ (31) တရားရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ (32) ကျွမ်းကျင်သူများ စည်းဝေးပွဲမဂျ်လေစ်စေ ခဘရ်ဂါးန်)၏ အဖွဲ့ဝင်အဖြစ် နှစ်ကြိမ် ထမ်းဆောင်ခြင်းနှင့် ကွမ်းမြို့ ၏ ဘာသာရေးသင်ကြားပြသပေးသည် ဆရာများအသင်း အဖွဲ့ဝင်ခြင်းတို့ ပါဝင်သည်။ (33)

အီရန်သက္ကရဇ် ၁၃၇၆ ခုနှစ်တွင် အာယသွလ္လာ မွန်သဇွေရီ၏မိန့်ခွန်းအပြီးတွင်၊ ဂျဝာဒီအာမိုလီသည် သည်ကွမ်း၏မစ်ဂျဒ်ဒေအအ်ဇွမ်းတွင်ဆန္ဒပြသောကျောင်းသူကျောင်းသားများ၏စုဝေးပွဲကိုတက်ရောက်ခဲ့သည်။ (34) ထို့အပြင်၊ အီရန်သက္ကရဇ် ၁၃၇၈ ခုနှစ်တွင်သူသည် မေဆ်ဘာဟ် ယဇ်ဒီ နှင့်ပတ်သက်သောရုပ်ပြောင်ထုတ်ဝေမှုကိုတုံ့ပြန်သည့်အနေဖြင့်ဆန္ဒပြသူများအကြားမိန့်ခွန်းတွင်၎င်းခေတ်အစိုးရ၏ယဉ်ကျေးမှုမူဝါဒများကိုဝေဖန်ခဲ့သည်။ (35) အီရန်သက္ကရဇ် ဆယ်စုနှစ်၏ ၇၀ နှင့် ၈၀ နှစ်များအတွင်း၊ ဂျဝါဒီအာမိုလီ သည် ကွမ်း မြို့တွင် အေမာမ်မေဂျွမ်အာဟ် အဖြစ် ဆောင်ရွက်ခဲ့သည်။ (36) သို့သော် ၁၃၈၈ ခုနှစ်တွင်သူသည် အေမာမ်မေဂျွမ်အာဟ် အဖြစ်မှနှုတ်ထွက်ခဲ့သည်။ (37)

အီရန်သက္ကရဇ် ၁၃၆၇ ခုနှစ်တွင် ဂျဝါဒိအာမိုလီ နှင့်အတူ မိုဟမ္မဒ် ဂျဝါးဒ် လာရီဂျာနီ နှင့် မရ်ဖီယဟ်ဟဒီးဒဲဟ်ကျီးရ် (ဒဘားဂ်) (38) တို့နှင့်အတူ ဆိုဗီယက်ယူနီယံ၏နောက်ဆုံးခေါင်းဆောင် မီကာအီလ် ဂူဘာကျဖ် အား အေမာမ်ခိုမေနီ ၏သဝဏ်လွှာပေးပို့ရန် တာဝန်ပေးအပ်ခံခဲ့ရပြီး ထိုသဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။ (39) ဤတွေ့ဆုံမှုအပြီးတွင် သူသည် အီမာမ်ခိုမေနီ၏ သဝဏ်လွှာအပေါ် “အာဝါးရေ သောင်ဟီးဒ်” ဟူသောအမည်ဖြင့် အနက်ပြန်ဆိုချက်(ရှရ်ဟ်)ရေး၍ ဥရောပနိုင်ငံအချို့ရှိ ဘာသာရေးအာဏာပိုင်များအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ (40) အေဒီ ၂၀၀၀ ခုနှစ်နှင့်ညီမျှသော ၁၃၇၉ ခုနှစ်တွင် သူသည် ထောင်စုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတွင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံခေါင်းဆောင် အာယသွလ္လာခါမေနီ၏သဝဏ်လွှာကိုရွတ်ဆိုရန် နယူးယောက်သို့သွားရောက်ခဲ့သည်။ (41)

အေစ်ရာအ့်ဖောင်ဒေးရှင်းနှင့် အေမာမ်ဟာစန်အက်စ်ကရီ(အ.စ)ကျောင်း

"ဘွန်ယားဒ် ဘိုင်းနွလ်မေလလ် အူလူးမ်မေဝဟ်ရာနီးရေ အေစ်ရာအ့်" သည် ဂျဝါဒီအာမိုလီ ၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် ကွမ်း မြို့ရှိ ပညာရေးစင်တာတစ်ခုဖြစ်သည်။ ဤစင်တာ၏ ရည်ရွယ်ချက်မှာ အစ္စလာမ့်သာသနာ့ပညာကို သူ၏ရှုထောင့်မှ ရှင်းပြရန်နှင့် အစ္စလာမ့်သာသနာ့ပညာမှ လေ့လာသူများအား ပညာပေးနိုင်ရန်ဖြစ်သည်။ (42) ဂျဝါဒီအာမိုလီ သည် အီရန်သက္ကရဇ် ၁၃၈၇ ခုနှစ် အာမွလ် မြို့ တွင်တည်ထောင်ခဲ့သော အေမာမ်ဟာစန်အက်စ်ကရီ(အ.စ) အဆင့်မြင့်သာသနာ့ပညာရေးတက္ကသိုလ် ကိုကြီးကြပ်သည်။ (43)



လုပ်ဆောင်ချက်များ

ဂျဝါဒီအာမိုလီ သည် ဥပဒေပညာ၊ ကုရ်အာန်၏ အနက်ဖွင့်ဆိုချက်၊ ဒဿနိကဗေဒနှင့် ဟဒီးစ်စသည့် နယ်ပယ်အသီးသီးတွင် စာအုပ်များစွာကို ရေးသားခဲ့သည်။ ဂျော်ဒန်ရှိ မရ်ကဇ်ဇေ မိုသွာလေအားသ် အေစ်သေရာဂျေက် တွင် ဂျဝါဒီအာမိုလီရေးသားထားခဲ့သော ဆောင်းပါးများနှင့် စာအုပ်များ ၃၀၀ ကျော်ကို စာရင်းပြုစုထားသည်။ (44) သူ၏ထင်ရှားသောစာအုပ်မှာ သူ၏ကုရ်န်အာန်အနက်ပြန်ဆိုခြင်းသင်ခန်းစာများမှ ရလဒ်ဖြစ်သည့်"သစ်နီးမ်" ဟုအမည်ပေးထားသော ကုရ်အာန်ကျမ်းတော်မြတ်ကိုအနက်ပြန်ဆိုထားသည်စာအုပ်ဖြစ်သည်။ (45) ဤစာအုပ်၏ 62 တွဲမြောက်ကိုအီရန်သက္ကရဇ် ၁၄၀၁ ခုနှစ် သီးရ် လထိ ထုပ်ဝေခဲ့သည်။ (46) ဂျဝါဒီအာမိုလီ ၏နောက်ထပ်ထင်ရှားသောစာအုပ်မှာ မွလ္လာဆဒ်ရား၏စာအုပ်ဖြစ်သည့် အစ်ဖားရ်ရေးအရ်ဘအဟ် အား သုံးကြိမ်မြောက်သင်ကြားခြင်း၏ရလဒ်ဖြစ်သည့် "ရဟီးက်ကေ မခ်တူးမ် " ဖြစ်သည်။ (47) ဤစာအုပ်၏ ၃၅တွဲမြောက်ကို အီရန်သက္ကရဇ် ၁၄၀၀ခုနှစ် ထိ ထုတ်ဝေခဲ့သည်။ (48)

"မဖားသီဟွလ်ဟယားသ်၊" "ဇန်ဒရ်အော်ရေနဲဟ်ဂျမားလ် ဝေါ် ဂျလား" "ရှရီအသ်ဒရ်အော်ရေနဲဟ်မအ်ရေဖသ်" "အဒဘ် ဖနာရေ မိုကရ်ရဘားန်" (ဂျာမေအသွလ် ကဘီရာ၏ အနက်ဖွင်ဆိုရှင်းလင်းချက်) နှင့် "သောင်ဇီအွလ်မဆာအေလ်" သည် သူ၏စာအုပ်များထဲမှဖြစ်သည်။

ဂုဏ်ပြုခြင်း

အီရန်သက္ကရဇ် ၁၃၉၄ ခုနှစ်တွင် အာယသွလ္လာဂျဝါဒီအာမိုလီ ကိုဂုဏ်ပြုရန် သဟ်ရာန်မြိုရှိ ဆရာဝန်မျာတက္ကသိုလ် တွင် "သွဘီးဘ်ဘေ ရူဟာနီ" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ စာတမ်းဖတ်ပွဲသို့ ကျောင်းသားကျောင်းသူများ၊ဘာသားရေးဆိုင်ရာပညာရှင်နှင့်ကျောင်းသားများနှင့် အီရန်နိုင်ငံမှ နိုင်ငံရေးအရာရှိအများအပြား တက်ရောက်ခဲ့ကြသည်။ (49)

၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဂျဝါဒီအာမိုလီ အား ဂျော်ဒန်နိုင်ငံ တော်ဝင်မဟာဗျူဟာလေ့လာရေးစင်တာမှ အစ္စလာမ့်ကမ္ဘာတွင် ထိပ်တန်း သြဇာရှိသူ 500 ထဲမှ တစ်ဦးအဖြစ် နှစ်စဉ် အသိအမှတ်ပြုခံခဲ့ရပါသည်။ (50)