အေမာမ်ဟစန် မွဂ်ျသဗာ အလိုင်းဟိစ္စလာမ်

wikishia မှ

ဟစန် ဗင်န် အလီ ဗင် အဘီသွာလီဘ်(အ.စ) ၊ အေမာမ်ဟစန် မွဂ်ျသဗာ (ဟီဂျရီ၃-၅၀) ဟုကျော်ကြားပြီး ရှီအာများ၏ ဒုတိယမြောက် အေမာမ် ဖြစ်သည်။ အေမာမ် သက်တမ်း ဆယ်နှစ် (ဟီဂျရီ ၄၀-၅၀) ဖြစ်ပြီး မွတ်စ်လင်မ် များ၏ ခလီဖာ အဖြစ် ၇ လကြာ အုပ်ချုပ်ခဲ့သည်။ အဟ်လေစွန္နသ်တို့သည် ၎င်းအား ခိုလဖာယေ ရာရှေဒီးန် အနက်မှ နောက်ဆုံး ခလီဖာ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ဟစန် ဗင်န် အလီ(အ.စ) သည် အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စအ) သခင်မတို့၏ သားဖြစ်ပြီး တမန်တော်မြတ်(ဆွ) ၏ မြေးဦး ဖြစ်သည်။ သမိုင်းကြောင်း ဆိုင်ရာ ကိုးကား ဖော်ပြချက်များအရ " ဟစန်" ဟူသော အမည်ကို တမန်ေတော်မြတ်(ဆွ) သည် ၎င်းအတွက် ရွေးချယ်ခဲ့ပြီး ၎င်းအား အလွန်ချစ်မြတ်နိုးတော်မူပေသည်။ အေမာမ်ဟစန်(အ.စ) သည် တမန်တော်မြတ်(ဆွ) နှင့် (၇) နှစ်ကြာ အတူတူ နေထိုင်ခဲ့သည်။ ထို့အပြင် ဘိုင်အသ်သေ ရီဿ်ွဝါးန် နှင့် နက်ဂ်ျရားန် ခရစ်ယာန်များနှင့်အတူ မိုဘာဟေလဟ် အဖြစ်အပျက်၌ ရှိနေခဲ့သည်။ အေမာမ်ဟစန်(အ.စ) ၏ ကောင်းချီးသီလ နှင့် ပတ်သက်ပြီး ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ လာရှိထားသည်။ အေမာမ်ဟစန်(အ.စ) သည် အဆ်ွဟာဘေကိစ္စာ (ခြုံဆောင်ေအာက်ရှိ မိသားစုများ) အနက်မှ ဖြစ်ပြီး ၎င်းတို့အတွက် အာယသ်သေ သသ်ွဟီးရ် ကျရောက်ခဲ့သည်။ ထို့အပြင် ရှီအာများသည် ၎င်းကို မအ်စူးမ် အပြစ်ကင်း စင်ကြယ်သူ ဟု သတ်မှတ်ထားကြသည်။ အာယသ်သေ အီသ်ွအာမ် ၊ အာယသ်သေ မို၀က်ဒ်ဒက်(သ်) နှင့် အာယသ်သေ မိုဘာဟေလဟ် တို့သည်လည်း ၎င်း အေမာမ်ဟစန်(အ.စ) ၊ ၎င်း၏ ဖခင် အေမာမ်အလီ(အ.စ) ၊ ၎င်း၏ မိခင် ဖွာသွေမဟ်(စအ) နှင့် ၎င်း၏ အကို အေမာမ်ဟိုစိုင်း(အ.စ) တို့နှင့် ပတ်သက်ပြီး ကျရောက်ခဲ့သည်။ အေမာမ်ဟစန်(အ.စ) သည် မိမိ၏ ပစ္စည်းဥစ္စာများ အားလုံးကို အရှင်မြတ် လမ်းတော်၌ နှစ်ကြိမ် ပေးကမ်းခဲ့ပြီး မိမိ့ ပိုင်ဆိုင်သည့် အရာများ၏ ထက်၀က်ကို သုံးကြမ်တိုင်တိုင် မရှိဆင်းရဲသားများကို ပေးကမ်းခဲ့သည်။ ထိုသို့ ပေးကမ်းလှူဒါန်း စွန့်ကြဲသော ကြောင့် ၎င်းအား " ကရီးမေအဲဟ်လေဘိုင်းသ်" ဟုခေါ်ဆိုကြသည်။ အေမာမ်ဟစန်(အ.စ) အကြိမ် ၂၀ သို့မဟုတ် ၂၅ ကြိမ် ဟဂ်ျ သို့ ခြေလျင် သွားခဲ့သည်။ ပထမ ခလီဖာ နှင့် ဒုတိယ ခလီဖာ အုပ်ချုပ်သည့် ခေတ် ကာလအတွင်း အေမာမ်ဟစန်(အ.စ) ၏ ဘဝအကြောင်း အချက်အလက်များစွာ မရရှိပေ။ ဒုတိယ ခလီဖာ၏ အမိန့်အရ အေမာမ်ဟစန်(အ.စ) သည် တတိယမြောက် ခလီဖာကို ခန့်ထားရန် အဖွဲ့ဝင် ခြောက်ဦးပါရှိသည့် အဖွဲ့တွင် သက်သေအဖြစ် တက်ရောက်ခဲ့ရသည်။ တတိယ ခလီဖာ လက်ထက်တွင် စစ်ပွဲအချို့၌ အေမာမ်ဟစန်(အ.စ) ပါဝင်ပတ်သက်မှု အရှိသည့် ကောက်နုတ်ချက်များလည်း ရှိပေသည်။ အေမာမ်ဟစန်(အ.စ) သည် တတိယ ခလီဖာ အွစ်မာန်း ၏ ခေလာဖသ်ကို ပုန်ကန်မှု အတွင်း အေမာမ်အလီ (အစ.) ၏ အမိန့်အရ ခလီဖာ ၏ အိမ်ကို ကာကွယ်ခဲ့သည်။ အေမာမ်အလီ (အစ.) ၏ ခေလာဖသ် အုပ်ချုပ်သည့် ကာလအတွင်း အေမာမ်အလီ(အ.စ) နှင့်အတူ ကူဖာ သို့ သွားရောက်ခဲ့ပြီး ဂျမ္မလ် နှင့် ဆွီဖ်ဖီးန် တိုက်ပွဲများတွင် စစ်တပ်၏ တပ်မှူးခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်ခဲ့သည်။ ဟစန် ဗင်န် အလီ(အ.စ) သည် ရမ်ဇာန်လ ၂၁ ရက် ဟီဂျရီ ၄၀ ရာစု ၌ အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမသ် အရိုက်အရာသို့ ရောက်ရှိခဲ့ပြီး ထိုနေ့၌ပင် လူပေါင်း ၄၀,၀၀၀ ကျော်သည် ခေလာဖသ် အတွက် ၎င်းအား ဘိုင်အသ် သစ္စာခံကြောင်း ကတိပြုခဲ့ကြသည်။ မိုအာဝီယာ သည် အေမာမ်ဟစန်(အ.စ) ၏ ခေလာဖသ် ကို လက်မခံဘဲ ဆီးရီးယားမှ အီရတ်သို့ စစ်တပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ အေမာမ်ဟစန် (အ.စ) သည် အိုဘိုင်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် ၏ ကွပ်ကဲမှုအောက်တွင်ရှိသော စစ်တပ်ကို မိုအာဝီယာ ထံသို့ စေလွှတ်ပြီး အေမာဟစန်(အ.စ) ကိုယ်တိုင် အခြားအဖွဲ့နှင့် စဗာဟ်မြို့ သို့ သွားခဲ့သည်။ မိာါာဝီယာ သည် အေမာမ်ဟစန် (အ.စ) ၏ တပ်သားများ အကြားတွင် ကောလာဟလများကို ဖန်တီးခြင်းအားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရန် ပြင်ဆင် ကြိုးစားခဲ့သည်။ ဤအခြေအနေ၌ ၊ အေမာမ်ဟစန် (အ.စ) သည် ခဝါရီဂ်ျ အာပ်စုများ မှ တစ်ဦး၏ လုပ်ကြံမှုကို ခံခဲ့ရပြီး ဒဏ်ရာရရှိကာ မဒီနာ သို့ ဆေးကုသမှု ခံယူရန် ပြောင်းရွှေ့ခဲ့ရသည်။ ထိုတစ်ချိန်တည်းမှာပင်၊ ကူဖာ ၏ခေါင်းဆောင် အဖွဲ့များ အနက်မှ တစ်ဖွဲသည် မိုအာဝီယာ ထံ စာတစ်စောင်ရေးခဲ့ပြီး ဟစန် ဗင်န် အလီ ကိုလက်နက်ချရ အောင်ပြုလုပ်မည် သို့မဟုတ် ၎င်းအား သတ်ပစ်မည် ဟူ၍ ကတိ‌ေပးခဲ့သည်။ မိုအာဝီယာ သည်လည်း ကူဖာသားများ၏ စာကို အေမာမ်ဟစန်(အ.စ) ထံသို့ ပိုဆောင်ခဲ့ပြီး အေမာမ်အား ငြိမ်းချမ်းရေး ပြုလုပ်ဖို့ရန် အကြုံပြုလေသည်။ အေမာမ်ဟစန်(အ.စ) သည် အောက်ပါ ပညတ်ချက်များဖြင့် မိုအာဝီယာ နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုကာ ခေလာဖသ်ကို ၎င်းအား ပေးအပ်ခဲ့သည်။ ထိုပညတ်ချက်များမှာ ၊ မိုအာဝီယာသည် အရှင်မြတ် ကျမ်းမြတ် ကုရ်အာန် နှင့် တမန်တော်မြတ်(ဆွ) ၏ စွန္နသ်တော်များကို လိုက်နာကျင့်သုံးရမည်။ မိမိအတွက် ကိုယ်စားလှယ်ကို မသတ်မှတ်၊ မရွေးချယ်ရပေ။ လူသားအားလုံး အထူးသဖြင့် အေမာမ်အလီ(အ.စ) အပေါ် အချစ်ထားသော နောက်လိုက်သား ရှီအာများအားလုံး လုံခြုံခွင့် ရရမည်။ နောက်ပိုင်း၌ မိုအာဝီယာသည် ဤပညတ်ချက်များ အားလုံးကို မလိုက်ခဲ့ပေ။ မိုအာဝီယာ နှင့် ငြိမ်းချမ်းရေး ပြုလုပ်လိုက်ခြင်းသည် အေမာမ်ဟစန်(အ.စ) ၏ နောက်လိုက်သား အများအပြားကို မကျေနပ်မှု ဖြစ်စေခဲ့သည်။ အချို့နောက်လိုက်သားများသည် အေမာမ်ဟစန်(အ.စ) ကို «مُذلّ المؤمنین» (မိုအ်မင်န် သက်၀င်ယုံကြည်သူများ ကို အရှက်ခွဲသူ) ဟုခေါ်ကြသည်။ အေမာမ်ဟစန်(အ.စ) သည် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီးနောက် ဟီဂျရီ ၄၁ ခုနှစ် ၌ မဒီနာသို့ ပြန်လာခဲ့ပြီး မိမိ၏ နောက်ဆုံးအချိန်အထိ မဒီနာမြို့၌ နေထိုင်သွားခဲ့သည်။ အေမာမ်ဟစန်(အ.စ) သည် မဒီနာတွင်ဓမ္မ ပညာရပ်များဆိုင်ရာ ဖြေကြား ရှင်းလင်း သည့် တာဝန်ကို ထမ်းဆောင် ခဲ့သည်။ အချို့ အဆိုများအရ ၎င်းသည် جایگاه اجتماعی بالایی برخوردار بود. မိုအာဝီယာ သည် သားဖြစ်သူ ယဇီးဒ် ၏ အိမ်ရှေ့မင်း အရိုက်အရာ အတွက် ဘိုင်အသ်ပြု သစ္စာခံရန် ဆုံးဖြတ်လိုက်သောအခါ၊ ၎င်းသည် ဂျိုအ်ဒဟ် (အေမာမ်ဟစန် (အ.စ.) ၏ ဇနီး))ထံသို့ ဒီဟမ် တစ်သိန်း ပေးပိုခဲ့ပြီး အေမာမ်အား အဆိပ်ခတ်ရန် အမိန့်ပေးခဲ့သည်။ ကောက်နုတ်ဖော်ပြထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် အဆိပ်မိ့ပြီး ရက်ပေါင်း ၄၀ အကြာတွင် ကွယ်လွန် သွားခဲ့လေသည်။ ကောက်နုတ်ချက် တစ်ခုအရ ၊ အေမာမ်ဟစန် (အ.စ.) မိမိအား တမန်နော်မြတ်(ဆွ) ၏ ကဗရ်တော် အနား၌ မြုပ်နှံပေးရန် ၀စီယသ် မှာကြားခဲ့သည်။ သို့သော် မရ်ဝါးန် ဗင်န် ဟကမ် နှင့် ဗနီအွမ်မိုင်ယာ မှ အုပ်စုတစ်စုသည် ထိုသို့ပြုလုပ်ခြင်းမှ ပိတ်ပင် တားမြစ်ခဲ့ကြသည်။ ‌အေမာမ်ဟစန် (အ.စ.) ၏ ရုပ်ကလပ်တော်အား ဘကီးအ် သချိုင်း တော်၌ မြုပ်နှံခဲ့ကြသည်။ အေမာမ်ဟစန် (အ.စ.) ၏ မိန့်ဆိုချက်များ ၊ ရေးသားထားသည့် စာများ ပေါင်းချုပ် နှင့် ၎င်းထံမှ ကောက်နုတ်‌ရေးသားထားသော လူ ဦးရေ ၃၈ တို့၏ အမည်များကို မွစ်နက်ဒွလ် အေမာမ် မွဂ်ျသဗာ (အ.စ.) စာအုပ်တွင် စုဆောင်းထားပါသည်။

သမိုင်းအကျဉ်း အေမာမ်ဟစန် မွဂ်ျသဗာ(အ.စ) ဟစန် ဗင်န် အလီ ဗင်န် အဘီသွာလီဘ်(အ.စ) သည် အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စအ) တို့၏ သားဦးဖြစ်ပြီး တမန်တော်မြတ်(ဆွ) ၏ မြေးဦး ဖြစ်သည်။ (1) ၎င်းသည် ဗနီဟာရှင်မ် နှင့် ကိုရိုင်းရှ် မျိုးနွယ်မှ ဖြစ်သည်။ (2)

အမည် ၊ အစွဲပြု ခေါ်ဆိုသော အမည် နှင့် ဂုဏ်ပုဒ်များ "ဟစန်" ဟူသော ဝေါဟာရသည် ကောင်းမွန်ခြင်း ဟာအဓိပ္ပါယ် ရပေသည်။ ဤအမည်ကို တမန်တော်မြတ်(ဆွ) ကိုယ်တိုင် ၎င်းအတွက် ရွေးချယ်ခဲ့သည်။ (3) ရေဝါယသ် တစ်ခု၌ လာရှိထားသည်မှာ ၊ ဤသို့ အမည်မှည့်ခြင်းသည် အရှင်မြတ်၏ အမိန့်တော်ဖြင့် ပြုလုပ်ခဲ့လေသည်။ (4) ဟစန် နှင့် ဟိုစိုင်းန် ဟူသော အမည်များသည် " ရှက်ဘ္ဘဲရ်" နှင့် " ရှက်ဘ္ဘီးရ်" ဟူသော အမည်များဖြင့် တူညီမှု ရှိပေသည်။ (5) ထိုအမည်များ တမန်တော် ဟာရူးန်၏ သားများ၏ အမည်ဖြစ်သည်။ (6) သို့သော် အိစ္စလာမ် မတိုင်မီ အာရဗ်မြိုးသူ မြို့သားသည် ထိုသို့ အမည်များကို ပေးခြင်းမျိူး မရှိခဲ့ပေ။ (7) အေမာမ်ဟစန်(အ.စ) ၏ အစွဲပြုခေါ်ဆိုသော အမည်မှာ " အဘူမိုဟ္မဒ်" နှင့် " အဘွလ်ကာစင်မ်" ဟူ၍ဖြစ်သည်။ (8) ၎င်း၌ " မွဂ်ျသဗာ ၊ ရွေးချယ်ခံရသူ" ၊ " စိုင်ယိဒ် ခေါင်းဆောင်" နှင့် " ဇက္ကီး သန့်ရှင်းစင်ကြယ်သူ" ဟူသော ဂုဏ်ပုဒ်များလည်း ရှိပေသည်။ (9) အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တို့အကြား တူညီမှုရှိသော ဂုဏ်ပုဒ်များမှာ «سیّد شباب اهل الجنة» ဂျန္နသ် သုခဘုံ လုလင်ပျိုများ၏ ခေါင်းဆောင် ၊ «ریحانة نبیّ الله» တမန်တော်မြတ်၏ ပန်းလေးနှစ်ပွင့် (10) နှင့် « စီဘ်သွ် » အေမာမ် ဖြစ်သည်။ (11) တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ် တစ်ခု လာရှိထားသည်မှာ " ဟစန်သည် (စီဘ်သွ်) အေမာမ် များအနက်မှ တစ်ဦးဖြစ်သည်" (12) "(စီဘ်သွ်)" အေမာမ် ဟူသော ဝေါဟာရကို ရေဝါယသ် များနှင့် အချို့အာယသ်တော်များ၌ အရှင်မြတ်ဘက်မှ ရွေးချယ်သတ်မှတ်ထားသော အေမာမ် ဖြစ်ပြီး ယင်းသည် တမန်တော်များ၏ မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည် ဟူ၍ ဖွင့်ဆိုထားသည်။ (13)

အေမာမသ် ဟစန် ဗင်န် အလီ(အ.စ) သည် ရှီအာများ၏ ဒုတိယမြောက် အေမာမ် ဖြစ်သည်။ ၎င်းသည် ရာမ်ဇွာန်လ ၂၁ ရက်နေ့ ဟီဂျရီ ၄၀ ခုနှစ်၌ ‌ဖခင်ဖြစ်သူ အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် အေမာမသ် အရိုက်အရာသို့ ရောက်ရှိခဲ့ကာ ၁၀ နှစ်တိုင် ထိုအေမာမသ် အရိုက်အရာကို တာ၀န်ယူခဲ့သည်။ (14) ရှီးခ်ကိုလိုင်နီ( ဟီဂျရီ၃၂၉ကွယ်လွန်) သည် ကာဖီ စာအုပ်၌ ဟစန် ဗင်န် အလီ(အ.စ) ၏ အေမာမသ် အား ခန့်အပ် သတ်မှတ်ထားခြင်း နှင့် သက်ဆိုင်သော ရေဝါယသ်များကို စုစည်းထားသည်။ (15) ဤရေဝါယသ်များအနက်မှ ရေဝါယသ်တော် တစ်ခုအရ အေမာမ်အလီ(အ.စ) သည် မိမိရှဟီးဒ် မဖြစ်မီ ၊ မိမိ၏ သားသမီးများ အားလုံး နှင့် ရှီအာအကြီးအကဲ ပုဂ္ဂိုလ် များရှိနေ့သည့် အချိန် စာအုပ်များ နှင့် လက်နက်များ(ဝေဒါယေအ် အေမာမ်မသ်) ကို မိမိ၏ သားဖြစ်သူ အေမာမ်ဟစန်(အ.စ) ကို ပေးခဲ့ပြီးနောက် "တမန်တော်မြတ်သည် ဟစန်(အ.စ) အား ကျွန်ုပ်၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ထားရန် အမိန့်ပေးတော်မူထားသည် " ဟု အတိအလင်း မိန့်တော်မူခဲ့သည်။ (16) အခြားရေဝါယသ် တစ်ခုအရ အေမာမ်အလီ(အ.စ) ကူဖာသို့ ထွက်ခွာမည့်အချိန် ဝေဒါယေအ် အေမာမသ် (အေမာမသ် အဖြစ် ဆက်ခံရမည့် အမွေများ) အချို့ကို အွမ်မေစလ်မားန် ထံ ထားရှိခဲ့သည်။ ထို့နောက် အေမာမ်ဟစန်(အ.စ) သည် ကူဖာမှ ပြန်ရောက်လာပြီးနောက် ထိုပစ္စည်းများကို အွမ်မေစလ်မားန်ထံမှ ပြန်ယူခဲ့သည်။ (17) ရှီးခ်မိုဖီးဒ် (ဟီဂျရီ၄၁၃၌ကွယ်လွန်) သည်လည်း အီရ်ရှ ဒ် စာအုပ်၌ ပြောထားသည်မှာ အေမာမ် ဟစန်(အ.စ) သည် အေမာမ်အလီ(အ.စ) ၏ သားသမီးများ နှင့် အဆ်ွဟာဘ် များအကြား ၎င်းဖခင်၏ ကိုယ်စားလှယ်တော် ဖြစ်သည်။ (18) ထို့အတူ ေအမာမ်ဟစန်(အ.စ) ၏ အေမာမ်မင် နှင့် ပတ်သက်ပြီး တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ်များ လာရှိထားခဲ့သည် ။ ဥပမာ "اِبنای هذانِ امامان قاما او قَعَدا" (ဘာသာပြန် ။ ။ ကျွန်ုပ်၏ သား နှစ်ယောက် (ဟစန် နှင့် ဟိုစိုင်းန်) သည် အေမာမ်များ ဖြစ်ကြသည်။ မည်မျှပင် ကေယာမ် လုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ။ " (19) ထို့အတူ ခလီဖာ ၁၂ ဦး နှင့်သက်ဆိုင်သော ဟဒီးစ် (20) စသည်တို့ဖြင့် အေမာမ်ဟစန်(အ.စ) ၏ အေမာမသ်အား သက်သေပြုထားလေသည်။ (21) အေမာမ်ဟစန်(အ.စ) သည် ၎င်း အေမာမသ် ၏ ပထမလ အနည်းငယ်တွင် ကူဖာ ၌ နေထိုင်ပြီး ခေလာဖသ် အရိုက်အရာကို ထမ်းဆောင်ခဲ့သည်။

ငယ်ရွယ်စဉ် ကလေးဘ၀ နှင့် လူပျိုပေါက် အရွယ်ကာလ ကျော်ကြားသော အဆိုအရ အေမာမ်ဟစန်(အ.စ) သည် ရာမ်ဇွာန်လ ၁၅ ရက် ၊ ဟီဂျရီ သုံးရာစု ၌ မွေးဖွားလာခဲ့သည်။ (22) အချို့ ကျမ်းကိုးများ၌ ၎င်းအား ဟီဂျရီ နှစ်ရာစု ၌ မွေးဖွားလာခဲသည် ဟု ဖော်ပြထားကြသည်။ (23) အေမာမ်ဟစန်(အ.စ) သည် မဒီနာမြို့၌ ဖွားမြင်ခဲ့သည်။ (24) ထို့နောက် တမန်တော်မြတ်သည် ၎င်း၏ နားနှစ်ဖက်၌ အဇာန် နှင့် အကာမဟ် ဖတ်ရွတ်ခဲ့သည်။ (25) အေမာမ်ဟစန်(အ.စ) မွေးဖွားပြီး ခုနှစ်ရက် မြောက် နေ့၌ သိုးတစ်ကောင်ကို ၎င်းအတွက် အကီးကဟ် ပြုလုပ်ပေးခဲ့သည်။ (26) အဲဟ်‌လေ စွန္နသ်၏ အချို့ဖော်ပြချက်များအရ တမန်တော်မြတ်(ဆွ)သည် အေမာမ်အလီ(အ.စ) ၏သားအတွက် ဟစန် အမည်ကို မရွေးချယ်မီ အီမာမ်အလီ (အ.စ) သည် ၎င်းအတွက် ဟမ်ဇာ [27] သို့မဟုတ် ဟရ်ဘ် [28] ဟူသော အမည်ကို သတ်မှတ်ခဲ့သည်။ သို့ရာတွင် တမန်တော်မြတ်သည် ကလေး၏ အမည်အား မေးမြန်းသောအခါတွင်၊ မိမိ၏ သားတော်အား အမည်မှည့်ရာ၌ တမန်တော်မြ(ဆွ) ကို မကျော်လွန်ပါ ဟု ဖြေကြားခဲ့သည်။ (29) ရှီအာ သုတေသီများ အနက်မှတစ်ဦးဖြစ်သော ဘာကဲရ် ရှရီးဖ် ကိုရိုင်းရှီး သည် အဆိုပါအစ‌ ဖော်ပြချက်များကို ငြင်းပယ်ထားပြီး ထိုသို့ ငြင်းပယ်ရခြင်း၏အကြောင်းရင်းများကို ဖော်ပြထားပါသည်။ (30)

ဂဲရ်ဂီးအာန်း ဘာသာတရား ဂဲရ်ဂီးအာန်း ဘာသာတရား သည် အီရာန်တောင်ပိုင်း၏ ရိုးရာဓလေ့ထုံးတမ်းများ အနက်မှ တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အေမာမ်ဟစန် (အ.စ) မွေးဖွားသည့် ရမ်ဇာန် ၁၅ ည ကျင်းပလေ့ရှိသည်။ (31) ဤဘာသာတရားသည် တမန်တော်မြတ်(ဆွ) လက်ထက်မှ စတင်၍ အေမာမ်ဟစန်(အ.စ) မွေးဖွားလာသည့်အခါ တမန်တော်မြတ်(ဆွ)သည် မိမိ၏ ပထမမြေးတော် ဖွားမြင်ခြင်းအတွက် အလွန်ပျော်ရွှင်နေပြီး လူတို့သည် လည်း အေမာမ်အလီ (အ.စ) နှင့် ဖွာသွေမဟ်(စအ) သခင်မတို့အား ဂုဏ်ပြုရန် ၎င်းတို့၏ အိမ်သို့ သွား‌ရောက်ခဲ့ကြသည်ဟု ဆိုကြသည်။ ထို့နောက် ဤရိုးရာဓလေ့ထုံးတမ်းသည် နှစ်စဉ်နှစ်တိုင်း မွတ်စ်လင်မ်များ အကြား ကျော်ကြားလာခဲ့သည်။ (32)

ကလေးဘ၀ အေမာမ်ဟစန်(အ.စ) ကလေးဘ၀ နှင့် လူငယ်လူရွယ်ပိုင်း ဆိုင်ရာ သတင်း အချက်အလက်များ သိပ်မရှိပေ။ (33) တမန်တော်မြတ်(ဆွ) လက်ထက်တွင် အေမာမ်ဟစန်(အ.စ) ၏အသက်သည် ရှစ်နှစ်အောက်သာ ရှိသေးသည်။ ထို‌ကြောင့် အေမာမ်ဟစန်(အ.စ) ၏ အမည်ကို အဆ်ွဟာဘ် အမည်စာရင်းများဟ နောက်ဆုံး၌ ဖော်ပြထားသည်။ (34) တမန်တော်မြတ်(ဆွ)သည် အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) အား အလွန် ချစ်မြတ်နိုးတော်မူခြင်းနှင့် သက်ဆိုင်သည့် ကောက်နုတ်ချက်များသည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများ၌ လာရှိထားသည်။ (35) ဤခေတ်ကာလ၏ အရေးကြီးဆုံး ဖြစ်ရပ်များ အနက်မှ တစ်ခုမှာ နာဂျရန်ခရစ်ယာန်များနှင့် တမန်တော်မြတ် (ဆွ) ၏ မိုဘာဟေလဟ် အဖြစ်အပျက်တွင် အေမာမ်ဟစန်(အ.စ) သည် ၎င်း၏ မိဘ ၊ ညီနှင့်အတူ ထို မိုဘာဟေလဟ် အဖြစ်အပျက်၌ ရှိနေခြင်းပင်ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ အစညီ အေမာမ်ဟိုစိုင်းန်(အ.စ) တို့သည် မိုဘာဟေလဟ် အဖြစ်အပျက်တွင် «أَبْنَاءَنَا» " ကျွန်ုပ်၏ သားများ" ဟူသောစကားလုံး၏ စံဥပမာများ ဖြစ်ကြသည်။ (36) စိုင်ယိဒ် ဂျအ်ဖဲရ် မွရ်သဇွာ၏ အဆိုအရ အေမာမ်ဟစန်(အ.စ) သည် ဘိုင်အသ်ရီဿ်ွဝါန်း ၌လည်းရှိခဲ့ပြီး တမန်တော်မြတ်(ဆွ) အား ဘိုင်အသ်သစ္စာပြုခဲ့သည်။ (37) ၎င်းနှင့် အခြားသော အဆ်ွဟာဘေ ကိစ္စာ တို့အပေါ် ကျမ်းတော်မြတ် ကုရ်အာန် အာယသ် ကျရောက်ခဲ့သည်။ (38) (39)ဖော်ပြထားသည်မှာ အေမာမ်ဟစန်(အ.စ) ခုနစ်နှစ်သားအရွယ်တွင် တမန်တော်မြတ်(ဆွ) ၏ တရားဟောပြောပွဲများသို့ တက်ရောက်ခဲ့ပြီး တမန်တော်မြတ်(ဆွ) အပေါ် ကျရောက်ခဲ့သည့် ၀ဟီ ဗျာဒိတ်တော်များကို ၎င်း၏မိခင်အား ပြောပြခဲ့သည်။ (40) စလီးမ် ဗင်န် ကိတ်စ် (ပထမရာစု၏အဆုံးပိာင်း၌ ကွယ်လွန်) ထံမှ ကောက်နုတ်ထားသည်မှာ တမန်တော်မြတ်(ဆွ) ဆုံးသွားပြီး အဘူဘက်ရ် ခေလာဖသ်ကို ယူလိုက်ပြီး‌နောက် အေမာမ်ဟစန်(အ.စ) သည် ဖခင်ဖြစ်သူအေမာမ်အလီ(အ.စ) ၊ မိခင်ဖြစ်သူ ဖွာသွေမဟ်(စအ) သခင်မ နှင့် ညီဖြစ်သူ အေမာမ်ဟိုစိုင်းန်(အ.စ) တို့နှင့်အတူ နေ့စဉ်နေ့တိုင်း အန်ဆွာရ် များ၏ အိမ်သို့ သွားရောက်ကာ ၎င်းတို့အား အေမာမ်အလီ(အ.စ) ကို အကူအညီပေးရန် ဖိတ်ခေါ်တောင်းဆိုခဲ့သည်။ (41) ထို့အတူ ပြောထားကြသည်မှာ အေမာမ်ဟစန်(အ.စ) သည် အဘုဘက်ရ် အား တမန်တော်မြတ်(ဆွ) ၏ ပုလ္လင်တော်အပေါ် ထိုင်ခြင်းမှ ရှုတ်ချခဲ့သည်။ (42)

အေမာမ်ဟစန်(အ.စ)  ၏ လူငယ်ဘ၀ 
အေမာမ်ဟစန်(အ.စ)  ၏ လူငယ်ဘ၀ နှင့်ဆက်စပ်သော ကောက်နုတ်ချက်များသည် အကန့်အသတ်ရှိ ပေသည်။ ဥပမာ " အလ်အိမာမဟ် ၀လ် စီယာစဟ်" စာအုပ်၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ)  သည် ဒုတိယ ခလီဖာ၏ အမိန့်ဖြင့် ခလီဖာ ရွေးချယ်ခန့်အပ်ရန်အတွက် အဖွဲ့ဝင်ခြောက်ဦးကောင်စီတွင် သက်သေအဖြင့် ပါ၀င်ခဲ့သည်။ (43)

အဲဟ်လေစွန္နသ်၏ ကျမ်းကိုးအချို့၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) သည် ဟီဂျရီ၂၆ ရာစု ၌ ဖြစ်ပွားခဲ့သော အာဖရိက စစ်ပွဲ နှင့် ဟီဂျရီ ၂၉ သို့မဟုတ် ၃၀ ၌ ဖြစ်ပွားခဲ့သော သွီဘ်ရီစ်သားန် စစ်ပွဲ တို့တွင် ပါ၀င်ခဲ့ကြသည်။ ဤသို့သော် ရေဝါယသ်မျိုးကို လက်ခံသူများ နှင့် ဆန့်ကျင်သူများ ရှိပေသည်။ ဂျအ်ဖဲက် မွရ်သဇွာ အာမေလီ သည် ထိုရေဝါယသ်များ၏ ‌စနဒ် (ရေဝါယသ်မှတမ်း) ချိုယွင်းချက်များ ရှိနေခြင်း နှင့် အေမာမ်များသည် အောင်ပွဲခံနည်းလမ်းကို ဆန့်ကျင်မှုများအရ ထိုသို့သော ရေဝါယသ်မျိုးကို လုပ်ယူထားသည့် ရေဝါယသ် ဖြစ်သည်ဟု မှတ်ယူထားသည်။ ထို့အပြင် ဆွီဖ်ဖီးန် တိုက်ပွဲ၌ အေမာမ်အလီ(အ.စ) အေမာမ်ဟစန် (အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တို့အား စစ်ပွဲထဲသို့ ၀င်ခွင့် မပေးခဲ့သည့် ဖြစ်ရပ်ကို ဖော်ပြခဲ့ပြီးသောရေဝါယသ် မမှန်ကန်ခြင်းအား သက်သေပြုရာ၌ အထောက်အထားအဖြစ် ဖော်ပြခဲ့သည်။ (46) လီဖဲရ်ဒေ မောင်ဒ်လူးဂ် ဆိုသူ လက်ခံထားသည်မှာ အေမာမ်အလီ (အ.စ) သည် ၎င်း၏သား အေမာမ်ဟစန်(အ.စ) ကို ငယ်ရွယ်စဉ်ကတည်းက စစ်တိုက်ရန် တိုက်တွန်းခဲ့ပြီး စစ်ပွဲအတွေ့အကြုံများကို လေ့လာသိကျွမ်းစေလိုသည်ဟု ယုံကြည်ထားသည်။ (47)

အေမာမ်ဟစန်(အ.စ)  ၏ လူငယ်ဘ၀ နှင့်ဆက်စပ်သော အခြား ကောက်နုတ်ချက်များမှာ မည်သည့်အချိန်မဆို အေမာမ်အလီ(အ.စ)  ထံ အွစ်မားန်း နှင့် ပတ်သက်ပြီး လူအများက တိုင်ကြားပါလာက အေမာမ်အလီ(အ.စ)  သည် မိမိ၏ သားဖြစ်သူ အေမာမ်ဟစန်(အ.စ) ကို အွစ်မားန် ထံသို့ စေလွှတ်လေ့ရှိသည်။(48) ဘေလာဇဲရ် ၏ ဖော်ပြချက်အရ အွစ်မားန် ခေလာဖသ် အုပ်ချုပ်သည့် နောက်ဆုံးအချိန်၌ ပြည်သူများ ၎င်းအပေါ် ဆန္ဒပြကြပြီး ၎င်း၏ အိမ်ကို ဝိုင်းရံလိုက်ကာ ၎င်းအပေါ် ရေ ၀င်ရောက်ခြင်းမှ ပိတ်ဆိုလိုက်ကြသည်။ နောက်ဆုံး

အွစ်မားန်ကို သတ်ဖို့ ကြံရွယ်လိုက်ကြသည့် အချိန် အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တို့သည် အေမာမ်အလီ(အ.စ) ၏ အမိန့်တော်ဖြင့် အုပ်စုအချို့နှင့်အတူ အွစ်မားန် အိမ်ကို ကာကွယ်ခဲ့ကြသည်။ (49) ဒလာအီလွလ် အိမာမဟ် စာအုပ်ရေးသား ပြုစုသူ ကာဇီ နအ်မားန် မဂ်ရဘီ(ဟီဂျရီ၃၆၃ကွယ်လွန်) ၏ အဆိုအရ ဆန္ဒပြသူများသည် အွစ်မားန် အား ရေပိတ်ပြီးနောက်၊ အေမာမ်ဟစန် (အ.စ) သည် ဖခင်၏အမိန့်အရ အွစ်မားန် ၏အိမ်သို့ ရေများပေးပိုခဲ့သည်။ (50) ဤအဖြစ်အပျက်၌ ဟစန် ဗင်န် အလီ(အ.စ) သည် ဒဏ်ရာရခဲ့သည် ဟူသော အဆိုပြုချက်များ လာရှိထားသည်။ (51) သို့သော် ရှအာအိုလမာ အချို့ ဥပမာ အလ္လာမဟ် အမီးနီ သည် ဤသို့ ဖော်ပြချက်များကို လုပ်ကြံဖန်တီးထားသော ရေဝါယသ်များ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (52) စိုင်ယိဒ် မွရ်သဇွာသည် အေမာမ်အလီ(အ.စ) ဘက်မှ မှ အွစ်မားန် ကို ခုခံကာကွယ်ရန် အေမာမ်ဟစန်(အ.စ) နှင့် ‌ေအမာမ် ဟိုစိုင်းန်(အ.စ) တို့ကို စေလွှတ်ခဲ့ကြောင်း သံသယရှိပြီးနောက် ဤသို့ပြလုပ်ရခြင်း၏ အကြောင်းပြချက်ကို ခလီဖာ တစ်ဦးအား ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းမှ တားဆီးပြီး ၎င်း၏ မိသားစုများထံ ရေ နှင့် အစားအစာများ ပေးပိုရန်အတွက် ဖြစ်ပြီး အွစ်မားန် အနေဖြင့် ခလီဖာ ရာထူးမှ ဖယ်ရှားသည်ကို တားမြစ်ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (53) ဇနီးမိန်းမများ နှင့် သားသမီးများ ဟစန် ဗင်န် အလီ (အ.စ) ၏ ဇနီး နှင့် သားသမီး အရေအတွက်နှင့် ပတ်သက်၍ မတူညီသော အဆိုပြု ဖော်ပြချက်များ ရှိပါသည်။ သမိုင်းဆိုင်ရာ ကျမ်းကိုးများအရ အေမာမ်ဟစန် (အ.စ) အတွက် ဇနီး ၁၈ ဦးအထိ အမည်များကို ဖော်ပြခဲ့ကြသည်။ (54) ၎င်း၏ ဇနီးများ အရေအတွက်ကို ၂၅၀၊ [55] ၂၀၀၊ [56] ၉၀ [57] နှင့် ၇၀ [58] ကဲ့သို့သော ကိန်းဂဏာန်းများဖြင့် ဖော်ပြထားသည်။ အချို့ ကျမ်းကိုးများ၌ အေမာမ်ဟစန်(အ.စ) ၏ များပြားလှသော ထိန်းမြားလက်ထပ်ခြင်း နှင့် ကွာရှင်းမှုများကို ရည်ညွှန်းပြီး အား "မီသ်ွလာက္က်" (တစ်ခုလပ်) ဟုခေါ်ဆိုကြသည်။ (59) ထို့အပြင် ဟစန် ဗင်န် အလီ (အ.စ) ၌ ကျေးကျွန်မ များစွာရှိပြီး ၎င်းတို့နှင့်လည်း သားသမီးများ ထွန်းကားလာခဲ့သည် ဟု ပောထားပေသည်။ (60) အေမာမ်ဟစန်(အ.စ) ၏ "မီသ်ွလာက္က်" (တစ်ခုလပ်) ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး တင်ပြရာ၌ ယခင် နှင့် ယခု ကျမ်းကိုးအချို့တွင် သမိုင်းဝင်၊ မှတ်တမ်း နှင့် အကြောင်းအရာဝေဖန်မှုများကိုရှိခဲ့သည်။ (61) မာဒ်လူးန်ဂ် ဆိုသူ၏ ပြောကြားချက်အရ အေမာမ်ဟစန် (အ.စ) တွင် ဇနီး အယောက် ၉၀ ရှိသည်ဟူသော ကောလာဟလကို ပထမဆုံးဖြန့်ခဲ့သူမှာ "မိုဟမ္မဒ် ဗင်န် ကလ်ဘီး" ဖြစ်ပြီး ဤ အယောက် ၉၀ ဟူသော အရေအတွက် ကိုလည်း "မဒါအင်နီ" (ကွယ်လွန် ဟီဂျရီ၂၅၅) မှ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ကလ်ဘီး ဆိုသူ ကိုယ်တိုင်သည်လည်း အမျိုးသမီး ၁၁ ဦးကိုသာလျှင် ဖော်ပြခဲ့ပြီး ၎င်းတို့အနက်မှ ၅ ဦးသည် အေမာမ်ဟစန် (အ.စ) နှင့် လက်ထပ်ထားသည်ကို သံသယရှိခဲ့သည်။ (62) ကိုရ်ရှီး ဆိုသူသည် ဤသတင်းများကို စာဒါသ် ဟစန်နီ နှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် အဘာစီယားန် ဘက်မှ လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟု ယူဆထားသည်။ (63) အေမာမ်ဟစန် (အ.စ) ၏ သားသမီး အရေအတွက် နှင့် ပတ်သက်၍လည်း ကွဲပြားသော အဆိုများ ရှိ ပေသည်။ ရှီးခ် မိုဖီးဒ် သည် ၎င်း၏ သားသမီး အရေအတွက်ကို ၁၅ ယောက် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ (64) ဇနီးမိန်းမများ

သားသမီးများ

ဂျိုအ်ဒဟ် အွမ်မေဘရှီးရ် ၊ အွမ်မွလ်ဟစန် နှင့် အွမ်မွလ်ဟိုစိုင်းန် ခူလဟ် ဟစန် မိုစန်နာ အွမ်မေအိစ်ဟာက္က် ဟိုစိုင်းန် ၊ သွလ်ဟေဟ် နှင့် ဖွာသွေမဟ် နဖီလဟ် သို့မဟုတ် ရမ်လဟ် ၊ ကာစင်မ် နှင့် အဘ်ဒွလ္လာဟ် အခြား ဇနီးများမှာ အဘ်ဒွရ်ရဟ်မားန် ၊ အွမ်မေအဘ်ဒွလ္လာဟ် ၊ ဖွာသွေမဟ် ၊ အွမ်မေစလ်မားန် နှင့် ရိုကိုင်ယာတို့ ဖြစ်ကြသည်။ သွီဘ်ရေစီ သည် အေမာမ်ဟစန်(အ.စ) ၏ သားသမီးများကို ၁၆ယောက် ဟုရှိသည်ဟု ဖော်ပြထားပြီး အာရှူရာ အဖြစ်အပျက်၌ ရှဟီးဒ် ဖြစ်ခဲ့သော အဘူဘက္က်ရ် ကိုလည်း ၎င်း၏ သားဖြစ်သည်ဟု သတ်မှတ်ထားသည်။ (65)

အေမာမ်ဟစန်(အ.စ) မျိုးဆက် အေမာမ်ဟစန်(အ.စ) မျိုးဆက်သည် ဟစန်မိုစန်နာ ၊ ဇိုင်းဒ် ၊ အွမ္မရ် နှင့် ဟိုစိုင်းန် အစဲရမ် တို့မှ မျိုးဆက် ဆက်လက်ဖြစ်ပွားခဲ့သည်။ ဟိုစိုင်း အစဲရမ် နှင့် အွမ္မရ် တို့၏ မျိုးဆက်သည် ခဏကာလ တစ်ခုတွင် ပျောက်ကွယ်သွားခဲ့ပြီး ဟစန်မိုစန်နာနှင့် ဇိုင်းဒ် ဗင်န် ဟစန် တို့၏ မျိုးဆက်များသာ ကျန်ရှိခဲ့သည်။ (66) အေမာမ်ဟစန်(အ.စ) ၏ သားသမီးများကို စာဒါသေ ဟစန်နီ ဟုခေါ်ဆိုကြသည်။ (67) ၎င်း၏ သားသမီးအများစုသည် သမိုင်းတစ်လျှောက်တွင် လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများ ရှိခဲ့ကြသည်။ဘဒုတိယနှင့် တတိယရာစုနှစ်များတွင် အဘာစီယဟ် အစိုးရကို ဆန့်ကျင်သည့် အုံကြွ ဆန္ဒပြမှု များရှိခဲ့ပြီး အိစ္စလာမ့် နိုင်ငံ အနှံအပြားတွင် အုပ်ချုပ်မှုများ ထူထောင်ခဲ့ကြသည်။ ဤ စိုင်ယိဒ် မင်းဆက်ကို မော်ရိုကို ကဲ့သို့သော အချို့နေရာများတွင် ရှိရဖာအ် ဟုခေါ်ဆိုကြသည်။ (68)

ကူဖာမြို့တွင် နေထိုင်ခြင်း ၊ အေမာမ်အလီ(အ.စ) ၏ ခေလာဖသ် အေမာမ်ဟစန်(အ.စ) သည် အေမာမ်အလီ (အ.စ) ခေလာဖသ် အုပ်ချုပ်သည့် ငါးနှစ်တာ ကာလအတွင်း အခြေအနေအားလုံး ဖခင်နှင့်အတူ ရှိနေခဲ့သည်။ (69) အလ်အိခ်သေဆွာဆ်ွ စာအုပ်မှ ကိုးကားဖော်ပြချက်အရ ဟစန် ဗင်န် အလီ(အ.စ) သည် ပြည်သူလူထု အေမာမ်အလီ(အ.စ) ကို ဘိုင်အသ်သစ္စာပြုပြီးနောက် ဖခင်၏ အမိန့်တော်အရ ပုလ္လင်တော် ပေါ်သို့ တက်သွားပြီး ထိုပြည်သူလူထု အတွက် မိန့်ခွန်းစကား ပြောလေသည်။ (70) ကူဖာသို့ ရောက်ရှိသည့် ပထမဆုံးရက်များ နှင့် ပတ်သက်ပြီး ဆွီဖ်ဖီးန် တိုက်ပွဲ အဖြစ်အပျက် ဆိုင်ရာ ဖော်ပြချက်များ အရ ဟစန် ဗင်န် အလီ (အ.စ) သည်လည်း ဖခင်နှင့်အတူ ကူဖာတွင် နားခိုခဲ့သည်။ (71)

ဂျမ္မလ် စစ်ပွဲ အချို့သော ဖော်ပြချက်များ၌ လာရှိထားသည်မှာ နာကီစီးန် အုပ်စု ပုန်ကန်မှု ပြုလုပ်ပြီးနောက် အေမာမ်အလီ(အ.စ) နှင့် ၎င်း၏ နောက်သားများသည် ထိုနာကီစီးန် ပုန်ကန်သူများကို တိုက်ခိုက်ရန် သွားမည့်အချိန် အေမာမ်ဟစန်(အ.စ) သည် လမ်းခုလတ် တစ်နေရာ၌ ဤစစ်ပွဲကို ရှောင်ရှားရန် တောင်းဆိုခဲ့သည်။ (72) ရှီးခ်မိုဖီးဒ် (ကွယ်လွန် ဟီဂျရီ ၄၁၃) အေမာမ်ဟစန်(အ.စ) သည် အမာရ် ဗင်န် ယာစီရ် နှင့် ကိန်းစ် ဗင်န် စက်အ်ဒ် တို့နှင့်အတူ ကူဖာ မှ ပြည်သူများကို အေမာမ်အလီ (အ.စ) ၏ စစ်တပ်တွင် ပါဝင်ပူးေပါင်းရန် မိမိ၏ ဖခင်မှဘတာဝန်ပေးအပ်ခဲ့သည်။ (73) အေမာမ်ဟစန်(အ.စ) သည် ကူဖာ၌ ပြည်သူလူထုအတွက် မိန့်ခွန်းပြောခဲ့သည်။ အေမာမ်အလီ(အ.စ) ၏ ကောင်းချီးများကို မိန့်ဆိုပြီး ၊ သွလ်ဟေဟ် နှင့် ဇိုဘိုင်းရ် တို့၏ သစ္စာဖောက်ခြင်းကို နောက် ပြောပြပြီးနောက် လူထုအား အေမာမ်အလီ(အ.စ) ကို ကူညီကြရန် တိုက်တွန်းမိန့်ဆို ခဲဘသည်။ (74) ဂျမ္မလ် စစ်ပွဲ၌ အဘ်ဒွလ္လာဟ် ဗင်န် ဇိုဘိုင်းရ် သည် အေမာမ်အလီ(အ.စ) အား အွစ်မားန်ကို သတ်သည်ဟု မတရား စွတ်စွဲပြောဆိုသောအခါ ဟစန် ဗင်န် အလီ(အ.စ) သည် မိန့်ခွန်းပြောခဲ့ပြီး သွလ်ဟေဟ် နှင်း ဇိုဘ်ုးရ် တို့သည် အွစ်မားန်အား သတ်ရန် ရည်ရွယ်ခဲ့ကြောင်းကို ဖော်ညွှန်းခဲ့သည်။ (75) အေမာမ်ဟစန်(အ.စ) သည် ဤစစ်ပွဲ၌ ညာတပ်သား၏ စစ်တပ်မှုး အဖြစ် တာ၀န်ယူ ဆောင်ရွက်ခဲ့သည်။ (76) အိဘ်နေ ရှဟ်ရ် အာရှုးဘ် ရေဝါယသ် ကောက်နုတ်ထားသည်မှာ ဤစစ်ပွဲ၌ အေမာမ်အလီ(အ.စ) သည် မိမိ၏ လှံကို မိုဟမ္မဒ် ဟနဖီယဟ် သို့ ပေးခဲ့ပြီး အာအီရှာ ၏ ကုလားအုတ်၏ ခြေထောက်ကို ဖြတ်ရန် မိန့်ဆိုခဲ့သည် သို့သော် မအောင်မြင်ခဲ့ပေ။ ထို့နောက် အေမာမ်ဟစန်(အစ ) သည် လှံကို ကိုင်ကာ ကုလားအုတ်ကို ဒဏ်ရာရစေခဲ့သည်။ (77) ကောက်နုတ်ဖော်ပြထားသည်မှာ ဂျမ္မလ် စစ်ပွဲပြီးနောက် အေမာမ်အလီ(အ.စ) နေမကောင်းဖြစ်ပြီး ဘဆွရာမှ ပြည်သူလုထု နှင့် ဂျွမ်အဟ် နမာဇ် ဖတ်ရွတ်ခြင်းကို သားဖြစ်သု အေမာမ်ဟစန်(အ.စ) အား တာ၀န်ပေးခဲ့သည်။ ၎င်းသည် နမာဇ်၏ ခွဒ်ဘာ၌ အဲဟ်လေဘိုင်းသ်(အ.စ) ၏ အရိုက်အရာ နှင့် အဲဟ်လေဘိုင်းသ်(အ.စ) ၏ ဟက္က်ကို အလွဲသုံးစား ပြုလုပ်ခြင်းသည် နောင်ရေး၌ မကောင်းသည့် အကျိုးဆက်များ ဖြစ်လာမည်ကို အလေးပေးဖော်ပြခဲ့သည်။ (78)

ဆွီဖ်ဖီန်း စစ်ပွဲ ဆွီဖ်ဖီန်း စစ်ပွဲ၌ အေမာမ်အလီ(အ.စ) သည် အေမာမ်ဟစန်(အ.စ) စစ်မြေပြင်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသောအခါ မိန့်တော်မူသည်မှာ - ထိုလူငယ်ကို (စစ်တိုက်မထွက်ရန်) တားထားပါလေ။ ကျွန်ုပ်၏ မှီခိုအားကိုးရာကို မသတ်မိကြစေရန် ဖြစ်သည်။ ဤနှစ်ဦး (အေမာမ်ဟစန် နှင့် အေမာမ်ဟိုစိုင်းန်) အသတ်ခံရပါက ရစူလ်တမန်တော် (ဆွ) ၏ အမျိုးအနွယ်သည် အဆုံးသက်သွားမည် ဖြစ်သည်။ နဟ်ဂျွလ်ဘလာဂဟ် ၊ ရှဟီးဒီ ဘာသာပြန်၊ စာမျက်နှာ ၂၄၀

နက်ဆွ်ရ် ဗင်န် မဇာဟင်မ် (ဟီဂျရီ၂၁၂ကွယ်လွန်) ၏ အဆိုအရ အေမာမ်ဟစန်(အ.စ)  သည် အေမာမ်အလီ (အ.စ)  ၏ စစ်တပ် ဆွီဖ်ဖီန်း သို့ မထွက်ခွာမီတွင် ခွဒ်ဘာ တရားဒေသနာများ ဖတ်ရွတ်ေပြာဆိုကာ လူများကို ဂျီဟတ် ပြုလုပ်ရန် အားပေးတိုက်တွန်းခဲ့သည်။ (79) အချို့ဖော်ပြချက်များအရ အေမာမ်ဟစန်(အ.စ)  သည် အေမာမ်ဟိုစိုင်းန်(အ.စ)  နှင့်အတူ ညာဘက်တပ်သားများ၏ တပ်မှူးခေါင်းဆောင် တာ၀န်ကို ထန်းဆောင်ခဲ့သည်။ (80) အိစ်ကာဖီ (ဟီဂျရီ၂၄၀ ကွယ်လွန်) ဆိုသူ၏ အဆိုအရ လာရှိထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ)  သည် စစ်ပွဲအလယ်တွင် ရှာမ် စစ်တပ် ၏ အကြီးအကဲ တစ်ဦးနှင့် ရင်ဆိုင်တွေ့ဆုံသောအခါ ထိုအကြီးအကဲသည် အေမာမ်ဟစန် (အ.စ)  ကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့ပြီးနောက် ပြောသည်မှာ အသင်ကုလားအုတ် စီးပြီး လာမနသည့်အချိန် ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) ကို တွေ့ခဲ့သည်။ ကျွန်ုပ်သည် အသင့်၏ သွေး ကျွန်ုပ် ခန္ဓာကိုယ်၌ ပေးလျက် တမန်တော်မြတ်(ဆွ) ကို မတွေ့ဆုံလိုပါလေ။ (81)

ဆွီဖ်ဖီန်း အဖြစ်အပျက် ကိုရေးသားထားသည့် စာအုပ်၌ လာရှိထားသည်မှာ အိုဘိုင်ဒွလ္လာဟ် ဗင်န် အွမ္မရ် ( ဒုတိယခလီဖာ၏ သား) သည် စစ်ပွဲအတွင်း အေမာမ်ဟစန် (အ.စ) နှင့် တွေ့ဆုံခဲ့ပြီး ဖလင်ဖြစ်သူအေမာမ်အလီ(အ.စ) ကိုယ်စား ခေလာဖသ်ကို တာ၀န်ယူရန် အကြံပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုရိုင်းရှ် မျိုးနွယ်သည် အလီ(အ.စ) ကို ရန်သူအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ အေမာမ်ဟစန်(အ.စ) ဖြေဆိုသည်မှာ အရှင်မြတ်အား ကျိန်ဆိုတိုင်တည်ပါ၏ ၊ ဘယ်သောအခါမှ ဤသို့ ဖြစ်လာမည် မဟုတ်ပေ။ ထို့နောက် ၎င်းအား မိန့်ဆိုသည်မှာ သတိရှိပါလေ ယနေ့ နှင့် မနက်ဖြန် အသင် အသတ်ခံရမည်ဟု ကျွန်ုပ် မြင်ေနရပ်သည် ၊ ရှိင်သွာန်သည် အသင့်အား လှည့်စားနေပါသည်။ ဆွီဖ်ဖီန်း အဖြစ်အပျက် ၏ ဖော်ပြချက်အရ အိုဘိုင်ဒွလ္လာဟ် ဗင်န် အွမ္မရ် သည် ဤစစ်ပွဲ၌ အသက်ခံရလေသည်။ (82) စစ်ပွဲပြီးဆုံးပြီးနောက် ဟစန် ဗင်န် အလီ(အ.စ) သည် ၎င်းဖခင်၏ တောင်းဆိုချက်အရ လူထုကို မိန့်ခွန်းစကားပြောဆိုခဲ့သည်။ (83) ဆွီဖ်ဖီန်း စစ်ပွဲ မှပြန်လာသောလမ်းတွင် အေမာမ်အလီ(အ.စ) သည် ၎င်း၏သား အေမာမ်ဟစန် (အ.စ) ထံသို့ စာရိတ္တ-ပညာပေးအကြောင်းအရာဖြင့် စာတစ်စောင်ရေးခဲ့ပြီး [84] နဂ်ဂျွလ်ဘလာဂဟ် တွင် စာစောင် အမှတ် ၃၁ အဖြစ် လာရှိထားသည်။ (85) "အလ်အီစ်သီအားဘ်"စာအုပ်၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် နဟ်ရဝါးန် စစ်ပွဲတွင်လည်း ရှိခဲ့သည်။ ( 86) ထို့အတူ ဖော်ပြချက်၌ လာရှိထားသည်မှာ အေမာမ်အလီ (အ.စ) သည် ၎င်းအသက်တာ၏ နောက်ဆုံးသော နေ့ရက်များတွင် မိုအာဝီယာ ကို ထပ်မံရင်ဆိုင် တိုက်ခိုက်ရန် တပ်သားများကို စီစဉ်‌ေနရာချ‌ေပးနေချိန်တွင် ၎င်း၏သား ဖြစ်သူ အေမာမ်ဟစန်(အ.စ) အား လူတစ်သောင်း၏ စစ်တပ်ကို ကွပ်ကဲသည့် စစ်တပ်မှုးခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့သည်။ (87) တိုတောင်းလှသော ခေလာဖသ် ကာလ အေမာမ်ဟစန်(အ.စ) သည် ရာမ်ဇာန်လ ၂၁ ရက် ဟီဂျရီ၄၀ ခုနှစ် (88) ခြောက်လ သို့မဟုတ် ရှစ်လ နီးပါး မွတ်စ်လင်မ်များ၏ ခလီဖာ ဖြစ်ခဲ့သည်။ (89) အဲဟ်လေစွန္နသ်တို့သည် တမန်တော်မြတ်(ဆွ) မှ လာရှိထားသည့် ဟဒီးစ် ဩဝါဒတော်တစ်ခု အရ အေမာမ်ဟစန်(အ.စ) အား ခိုလဖာ ယေ ရာရှေဒီးန် များအနက်မှ နောက်ဆုံးခလီဖာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (90) ၎င်း၏ ခေလာဖသ် သည် အီရတ်ပြည်သူများ နှင့် အခြားနယ်မြေများ၌ ရှိသော လူထုတို့၏ ဘိုင်အသ် သစ္စာခံမှု ဖြင့် အစပြုခဲ့သည်။ (91) မိုအာဝီယာ ဦးဆောင်သော ရှာမ်(ဆီးရီးယား) မှ ပြည်သူလူထုသည် အေမာမ်ဟစန်(အ.စ) ၏ ခေလာဖသ် ကို ဆန့်ကျင်ခဲ့ကြသည်။ (92) မိုအာဝီယာသည် ဆီးရီးယားမှ တပ်သားများနှင့်အတူ အီရတ် ပြည်သူများကို တိုက်ခိုက်ရန် ရောက်ရှိလာခဲ့သည်။ (93) ဤစစ်ပွဲသည် နောက်ဆုံးတွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရန် ၊ ခေလာဖသ် ကို မိုအာဝီယာ အား လွှပြောင်းရန် သို့ ဦးတည် နေပေသည်။ ထိုကြောင့် မိုအာဝီယာသည် အမဝီမင်းများ၏ ပထမဦးဆုံး အာပ်ချုပ်သည့်မင်း ဖြစ်လာခဲ့သည်။ (94) မွတ်စ်လင်မ် များ၏ ဘိုင်အသ် သစ္စာခံယူမှု နှင့် ရှာမ်ပြည်သူလူထု၏ ဆန့်ကျင်မှု ရှီအာ နှင့် အဲဟ်လေစွန္နသ် ကျမ်းကိုးများ၏ ကောက်နုတ် ဖော်ပြချက်အရ ဟီဂျရီ ၄၀ ခုနှစ်၌ အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်သွားပြီးနောက် ပြည်သူလူထုသည် အေမာမ်ဟစန်(အ.စ) အား ဘိာင်အသ် သစ္စာခံယူ ခဲဘကြသည်။ (95) ဘေလာဇဲရီ (ဟီဂျရီ၂၇၉ကွယ်လွန်) ဆိုသူ၏ အဆိုအရ အိုဘိုင်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် သည် အေမာမ်အလီ(အ.စ) ၏ ရုပ်ကလပ်တော်အား မြုပ်နှံ ပေးပြီးနောက် လူထုအကြား ရောက်လာ ပြီး အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်သွားသည့် သတင်းကို ၎င်းတို့အား ပြောခဲ့သည်။ ထို့နောက် "အေမာမ်သည် သင့်လျော်ေကာင်းမွန် ၍ စိတ်ဓာတ်ခိုင်မာသော ကိုယ်စားလှယ်တော် ကို ထားခဲ့သည်။ အကယ်၍ အသင်တို့ နှစ်သက်လိုလားပါက ၎င်းအား ဘိုင်အသ် သစ္စာခံယူပါလေ။ (96) အီရ်ရှာဒ် စာအုပ်၌ လာရှိထားသည်မှာ ရာမ်ဇာန်လ ၂၁ ရက် နေ့ ၊ ဂျွမ်အဟ် မနက်ပိုင်း အချိန်၌ ဟစန် ဗင်န် အလီ(အ.စ) သည် ဗလီ၀တ်ပြုကျောင်းတွင် မိန့်ခွန်းပြောကာ ဖခင်ဖြစ်သူ၏ ကောင်းချီးသတင်းများကို မိန့်ဆိုပြီး မိမိသည် တမန်တော်မြတ်(ဆွ စပ်လျဉ်းမှုရှိကြောင်းကို ထောက်ခံပြောဆိုခဲ့သည်။ ထို့နောက် မိမိ၏ သာလွန်မြင့်မြတ်မှုများကို ပြောဆိုခြင်းနှင့်အတူ အဲဟ်လေဘိုင်းသ်(အ.စ) ၏ ထူးခြားသော အရိုက်ါရာနှင့် ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန်မှ အာယသ်တော်များကို ကိုးကားထောက်ပြခဲ့သည်။ (97) အေမာမ်ဟစန်(အ.စ) မိန့်ခွန်းပြောဆိုပြီးနောက် အဘ်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် သည် မတ်တပ်ရပ်ကာ လူထုအား " ကျွန်ုပ်တို့ တမန်တော်မြတ်၏ သားတော်၊ ကျွန်ုပ်တို့ အေမာမ်၏ ကိုယ်စားလှယ်တော်ကို ဘိုင်အသ် သစ္စာခံယူကြလေကုန် " ဟုပြောလေသည်။ ထို့နောက် လူထုသည်လည်း အေမာမ်ဟစန်(အ.စ) အား ဘိုင်အသ် သစ္စာခံယူကြလေသည်။ (98) ကျမ်းကိုး၌ ဘိုင်အသ် သစ္စာခံယူသူများကို အယောက်လေးထောင်ကျော် ရှိသည်ဟု ဖော်ပြထားသည်။ (99) သွီဘ်ရီး ဆိုသူ၏ ဖော်ပြချက်အရ ကိန်းစ် ဗင်န် စအ်ဒ် ဗင်န် အေဘာဒဟ် သည် အေမာမ်အလီ(အ.စ) ၏ တပ်မှုးဖြစ်ပြီး အေမာမ်ဟစန်(အ.စ) အား ပထမဦးဆုံး ဘိုင်အသ် သစ္စာခံယူခဲ့သူ ဖြစ်သည်။ (100)

သရှက်ရိုအ် ဒဲရ် မစီးရေ သာရီးခ် စာအုပ်၌ ဟိုစိုင်းန် မိုဟမ္မဒ် ဂျအ်ဖဲရီ ၏ ပြောကြားချက်အရ ကူဖာဆောက်လုပ်ပြီးနောက် ဤမြို့၌ အခြေချနေထိုင်ခဲ့သော တမန်တော်မြတ်(ဆွ)၏ အပေါင်းအဖော် အများအပြား သို့မဟုတ် အေမာမ်အလီ(အ.စ)  အုပ်ချုပ်သည့် ခေတ်ကာလ၌ ၎င်းနှင့်အတူ ကူဖာသို့ ရောက်လာခဲ့ ကြသော တမန်တော်မြတ်၏ နောက်လိုက်သားများသည် အေမာမ်ဟစန်(အ.စ)  အား ဘိုင်အသ် သစ္စာခံယူခဲ့ကြသည် သို့မဟုတ် ၎င်း၏ ခေလာဖသ်ကို လက်ခံခဲကြသည်။ (101) ဂျအ်ဖဲရီသည် သမိုင်း သက်သေအထောက်အထားများကို ကိုးကာ ၍ ယုံကြည်ထားသည်မှာ မက္ကာ နှင့် မဒီနာ မြို့သူမြို့သားများသည်လည်း အေမာမ်ဟစန်(အ.စ)  ၏ ခေလာဖသ် အရိုက်အရာကို လက်ခံခဲ့ကြသည်။ အီရတ်လူမျိုးများသည် အေမာမ်ဟစန်(အ.စ)  အား  ဤရာထူးနှင့် ထိုက်တန်သော တစ်ဦးတည်းသောသူ ဖြစ်သည်ဟု ယူဆထားကြသည်။ (102) ဂျအ်ဖဲရီ၏ အဆိုအရ ယမန် နှင့် ဖွာရ်စ် ပြည်သူလူထုသည်လည်း ဤဘိုင်အသ် သစ္စာခံယူမှုကို ထောက်ခံခဲ့ကြသည်  သို့မဟုတ် အနည်းဆုံး ဤဘိုင်အသ် သစ္စာခံယူမှု အပေါ်  ဆန့်ကျင်ခြင်း ၊ စောဓက တက်ခြင်းမျိုးမပြုလုပ်ခဲ့ကြပေ။ (103) 

အချို့ ကျမ်းကိုးများ၌ လာရှိထားသည်မှာ ဘိုင်အသ် သစ္စာခံယူနေစဉ်အတွင်း ပညတ်ချက်အချို့ ထားရှိ‌ထားသည် ဥပမာ " အလ်အိမာမဟ် ၀လ် စီယာစဟ်" စာအုပ်၌ လာရှိထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် လူထာအား မိန့်ဆိုသည်မှာ ကျွန်ုပ်အား ဘိုင်အသ် သစ္စာခံယူပြီး ကျွန်ုပ်၏ အမိန့်များမှ နာခံကြပြီး ကျွန်ုပ် တိုက်ခိုက်ခဲ့သောလူတိုင်းနှင့် တိုက်ပွဲဝင်ရန် ၊ ကျွန်ုပ် ငြိမ်းချမ်းရေး ယူသူတိုင်း နှင့် ငြိမ်းချမ်းရေး ရယူရန် သစ္စာခံကြောင်း ကတိပြုပါသလား ? ။ လူထုသည် ထိုစကားကို ကြားသောအခါ အေမာမ်ဟစန်ကို ဘိုင်အသ် သစ္စာခံယူ ဖို့ရန် တုံဆိုင်းသွားခဲ့ကြသည် ။ ထိုနာက် အေမာမ်ဟိုစိုင်းန်(အ.စ) အား ဘိုင်အသ် သစ္စာခံယူရန် ၎င်းထံသို့ သွား‌ ရောက်ခဲ့‌ ကြသည်။ သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ) ၎င်းတို့အား မိန့်ဆိုသည်မှာ အရှင်မြတ်ထံ၌ ခိုလှုပါ၏ ကျွန်ုပ်သည်ဟစန်(အ.စ) အသက်ရှင်နေပါလျက် အသင်တို့နှင့် ဘိုင်အသ် သစ္စာခံယူရမည်လော? ။ ထိုအခါ လူထုသည် ပြန့်လည့်သွားပြီး အေမာမ်ဟစန်(အ.စ) နှင့် ဘိုင်အသ် သစ္စာခံယူခဲ့ကြသည်။ (104) သွီဘ်ရေစီ(ဟီဂျရီ၃၁၀ကွယ်လွန်) ပြောထားသည် မှာ ကိန်းစ် ဗင်န် စအ်ဒ် သည် အေမာမ်ဟစန်(အ.စ) နှင့် ဘိုင်အသ် သစ္စာခံယူနေစဉ်အတွင်း အရှင်မြတ်၏ ကျမ်းစာအုပ် နှင့် တမန်တော်မြတ်၏ စန္နသ်တော် လမ်းစဉ်အတိုင်း လိုက်နာ ကျင့်သုံးရမည် ထို့နောက် မွတ်စ်လင်မ်တို့အား တရားဝင်သတ်ပိုင်ခွင့် ရှိသည်ဟု ယူဆသူများကို တိုက်ခိုက်ရမည် ဟူသော ပညတ်များကို ထားရှိခဲ့သည်။ သို့သော် အေမာမ်ဟစန်(အ.စ) သည် အရှင်မြတ်၏ ကျမ်းစာအုပ် နှင့် တမန်တော်မြတ်၏ စန္နသ်တော် လမ်းစဉ်အတိုင်း လိုက်နာ ကျင့်သုံးရမည် ဟူသော ပညတ်ချက်ကိုသာ လက်ခံပြီး အခြား ကျန်ရှိသော ပညတ်များကို ထိုလက်ခံထားသော ပညတ်ချက် အနက်မှ ရယူထားခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (105) အုပ်စုတစ်စု သည် ဤဖော်ပြချက်ကို ကိုးကားပြီး နိဂုံးထုတ်နုတ်ကြသည်မှာ အေမာမ်ဟစန်(အ.စ) သည် ငြိမ်းချမ်းရေးလိုလားသူ ၊ စစ်ပွဲများကို မလိုလားသူ ဖြစ်ပြီး ၎င်း၏ လမ်းစဉ်သည် ၎င်း၏ ဖခင် နှင့် ညီဖြစ်သူ တို့၏ လမ်းစဉ်နှင့် မတူဘဲ ကွဲပြားပေသည် ဟု ကောက်နုတ်ချက် ချထားသည်။ (107) ရစူလေဂျအ်ဖဲရီယားန် ဆိုသူ ယုံကြည်ထားသည်မှာ ဤဖော်ပြခဲ့သော ပညတ်ချက်များသည် အေမာမ်ဟစန်(အ.စ) အနေဖြင့် အစကနဦး တည်းက စစ်တိုက်ရန် မလိုလားခြင်း ဟူသော အဓိပ္ပါယ်ကို မဖော်ဆောင်ပေ သို့သော် ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ လွတ်လပ်စွာ ဆုံးဖြတ်ချက်များ ချနိုင်ဖို့ရန်အတွက် မိမိသည် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် မိမိ၏ အခွင့်အာဏာကို တစ်နည်းတစ်ဖုံ ထိန်းသိမ်းခြင်း ပင်ဖြစ်သည်။ ထို့နောက် ၎င်း၏ နောက်ပိုင်း လုပ်ဆောင်သည့် လုပ်ရပ်များသည် စစ်တိုက်ရန် တွန်းအားပေးကြောင်း ပြသနေသည်။ (108) အဘွလ်ဖရက်ဂ်ျ အိဆ်ွဖာဟာနီ ၏ အဆိုအရ ခေလာဖသ် အရိာက်အရာ ရယူပြီးနောက် ဟစန် ဗင်န် အလီ (အ.စ) ၏ ပထမဦးဆုံး လုပ်ဆောင်ချက်တစ်ခုမှာ စစ်သားများ၏ လစာများကို ရာနှုန်းပြည့် တိုးမြှင့်‌ပေးခြင်းပင် ဖြစ်သည်။ (109) Nwe, [23.05.23 17:30] မိုအာဝီယာ ထံသို့ အေမာမ်ဟစန် (အ.စ) ပေးပိုသည့် စာ၏ တစ်စိတ်တစ်ပိုင်း တမန်တော်မြတ်(ဆွ) ဆုံးပါးသွားပြီးနောက် အာရဗ်သားများသည် ၎င်း၏ ကိုယ်စားလှယ် နှင့်ပတ်သက်ပြီး ငြင်းခုန်နေကြသည်။ ကိုရိုင်းရှ် မျိုးနွယ်များ ပြောသည်မှာ " ကျွန်ုပ်တို့သည် တမန်တော်မြတ်၏ အမျိုးအနွယ် မှ ဖြစ်သောကြောင့် အသင့်တို့သည် အုပ်ချုပ်မှု နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့နှင့် အငြင်းပွား ပိုင်ခွင့်မရှိပေ။ အာရဗ်များသည်လည်း ကိုရိုင်းရှ် မျိုးနွယ်များ ပြောသည့် ထိုအထောက်အထားကို လက်ခံခဲ့ကြသည်။ ထိုအခါ ကျွန်ုပ်တို့သည် ကိုရိုင်းရှ် မျိုးနွယ်များ အာရဗ်များကို ပြောခဲ့သည့်အတိုင်း ကိုရိုင်းရှ် များကို ပြန်ကြောခဲ့သော်လည်း ၎င်းတို့သည် အာရဗ်များနှင့် မတူပဲ ကျွန်ုပ်တို့ကို မျှမျှတတ မဆက်ဆံခဲ့ကြပေ။ သို့သော် ယနေ့တွင် အသင် (မိုအာဝီယာ) သည် ဤရာထူးကို ရယူခြင်းကြောင့် လူတိုင်း အံ့အားသင့်စေမည့် နေရာရှိ ပေသည်။ အဘယ်ကြောင့်ဆိုသော် အသင်သည် ထိုရာထူးနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။ အသင်သည် အိစ်လာမ့်ရန်သူ၏ သား ၊ အရှင်မြတ်၏ ရစလ် တမန်တော် အား အလွန်မုန်းတီးပြီး ရန်သူအဖြစ်သတ်မှတ်ထားသော ကိုရိုင်းရှ် အမျိုးသား တစ်ဦး၏ သား ဖြစ်သည်။ ကျွန်ုပ်၏ ဖခင် အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် အိစ္စ်လာမ့်လူထုသည် ခေလာဖသ် ရာထူးကို ကျွန်ုပ်အား ပေးအပ်ခဲ့ကြသည်။ ထိုကြောင့် လိမ်ညာပြောဆိုခြင်းကို ရပ်လိုက်ပါ။ ကျွန်ုပ်အား ဘိုင်အသ် ပြုလုပ်ပါ။ အရှင်မြတ် ထံတော်ပါး၌ ကျွန်ုပ်သည် ဤအရာအတွက် ပို၍ထိုက်တန်ကြောင်း သင်သိပါ၏။

အဘွလ်ဖရက်ဂ်ျ အိဆွဇ်ဖာဟာနီး ၊ မကာသီလွလ်သွာလေဘီးန် ၊ ဒါရွလ်မအာရီဖ် ၊ စာမျက်နှာ ၆၄

အေမာမ်ဟစန် (အ.စ) သို့ မိုအာဝီယာ ပေးပိုသည့် စာ၏ တစ်စိတ်တစ်ပိုင်း အကယ်၍ အသင်သည် ဒီမိုကရေစီ ပိုင်းဆိုင်ရာ၌ ၊ အွမ္မသ် အတွက် အထောက်အပံ့ ပေးရာ၌ ၊ နိုင်ငံရေး ဗျူဟာ ပြုလုပ်ရာ၌ ၊ စည်းစိမ်ဥစ္စာ နဲ့ ရန်သူကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း တို့၌ ကျွန်ုပ်ထက် ပိုမိုသန်မာပြီး လုပ်နိုင်စွမ်း ရှိသည်ကို ကျွန်ုပ် သိခဲ့ပါက အသင့်အား ဘိုင်အသ် သစ္စာခံမည် ဖြစ်သည်။ သို့သော် ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ဖူးသောကြောင့် အ‌ေတွ့အကြုံ များစွာ ရှိပေသည် အသင့်ထက်ပိာ၍ နိုင်ငံရေး ဗျူဟာများကို ပြုလုပ်နိုင်ပြီး အသက်ရွယ်ပိုင်း ၌လည်း အသင့်ထက် ပိုကြီးပေသည်။ ထိုကြောင့် အသင်သည် ကျွန်ုပ်၏ စည်း မျဥ်း ကို လလက်ခံသည်မှာ ပိုမိုသင့်လျော် မှု ရှိပေသည်။ အဘွလ်ဖရက်ဂ်ျ အိဆွဇ်ဖာဟာနီး ၊ မကာသီလွလ်သွာလေဘီးန် ၊ ဒါရွလ်မအာရီဖ် ၊ စာမျက်နှာ ၆၇

မိုအာဝီယာ နှင့် စစ်တိုက်ခြင်း ၊ ငြိမ်းချမ်းရေး ရယူခြင်း ဟစန် ဗင်န် အလီ (အ.စ) ၏ ဘဝတွင် အရေးအကြီးဆုံး နိုင်ငံရေး ဗျူဟာ ဖြစ်ရပ် တစ်ခုမှာ မိုအာဝီယာ နှင့် စစ်တိုက်နေစဉ် ငြိမ်းချမ်းေရး စာချုပ် ချုပ်ဆိုသည့် ဘက်သို့ ကူးပြောင်းသွားသည့် ဖြစ်ရပ်ပင် ဖြစ်သည်။ (110) အီရတ်ပြည်သူများသည် ဟစန် ဗင်န် အလီ (အ.စ) အား ဘိုင်အသ် သစ္စာခံယူမှု နှင့်အတူ ဟေဇက်ဇ်၊ ယီမင်နှင့် ဖာရ်စ်လူမျိုးများသည်လည်း ထိုဘိုင်အသ် သစ္စာ ခံယူမှု အပေါ် သဘောတူညီမှု ရှိနေသည့် တစ်ချိန်တည်းတွင်၊ [111] ဆီးရီးယား (ရှာမ်) ပြည်သူ လူထုတို့သည် မိုအာဝီယာကို ဘိုင်အသ် သစ္စာခံကြောင်း ကတိပြုခဲ့ကြသည်။ (112) မိုအာဝီယာသည် ၎င်း၏မိန့်ခွန်းများ၌ အေမာမ်ဟစန် (အစ.) နှင့် စာပေးစာယူပြုလုပ်ရာတွင် ဤ ဘိုင်အသ် သစ္စာခံကတိကို အသိအမှတ် မပြု‌ေကြာင်း မိမိ၏လေးနက်သောဆုံးဖြတ်ချက်ကို အလေးပေးပြောကြားခဲ့သည်။ (113) မိုအာဝီယာသည် အွစ်မားန် ဆုံးပါးသွားသည့် အချိန်မှစတင်ပြီး မိမိကိုယ်ကို ခေလာဖသ် အရိုက်အရာအတွက် ပြင်ဆင်ထားခဲ့သူ ဖြစ်သည်။ (114) တပ်သား တစ်စုနှင့်အတူ အီရတ်ဘက်သို့ ထွက်လာခဲ့သည်။ (115) အချို့ကျမ်းကိုးများအရ အေမာမ်ဟစန်(အ.စ) သည် ဖခင် ဖြစ်သူ အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်ပြ္းနောက် နှင့် လူထုများ ဘိုင်အသ် သစ္စာခံယူပြီး ရက်ပေါင်း ငါးဆယ်ခန့်အထိ စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေး နယ်ပယ်တွင် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မျိုး မပြုလုပ်ခဲ့ပေ။ (116) အေမာမါဟစန်(အ.စ) သည် ဆီးရီးယားစစ်တပ်၏ လှုပ်ရှားမှု အကြောင်းကို သိသွားသောအခါ ၎င်း၏စစ်တပ်နှင့်အတူ ကုဖာသို့ ထွက်ခွာသွားပြီး အိုဘိုင်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် ဦးဆောင်သော စစ်တပ်အား မိုအာဝီယာ ဘက်သို့ စေလွှတ်ခဲ့သည်။ (117)

စစ်တပ် နှစ်တပ်အကြား စစ်ဖြစ်ခြင်း စစ်တပ်နှစ်တပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ဆီးရီးယား တပ်သား များ ရှုးနိမ့်သွားပြီးနောက် ညအချိန်တွင် မိုအာဝီယာ သည် အိာဘိုင်ဒွလ္လာဟ် ထံ ဟစန် ဗင်န် အလီ ဘက်မှ ကျွန်ုပ်အား ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး ခေလာဖသ် အရိုက်အရာအား ကျွန်ုပ်ထံ ပေးအပ်မည် ဟူသော သတင်းစကားကို ပေးပိုခဲ့သည်။ မိာအာဝီယာသည် အိုဘိုင်ဒွလ္လာဟ် အား ဒီရ်ဟမ် တစ်သန်းပေးမည်ဟု ကတိပေးခဲ့ပြီး အိုဘိုင်ဒွလ္လာဟ် သည်လည်း မိုအာဝီယာ နှင့်ပူးပေါင်းခဲ့သည်။ ထိုအဖြစ်အပျက် ပြီးသည့်နောက်ပိုင်း ကိန်းစ် ဗင်န် စအဒ်သည် အေမာမ်ဟစန်(အ.စ) စစ်တပ်၏ တပ်မှုးခေါင်းဆောင် တာ၀န်ကို ထန်းဆောင်ခဲ့သည်။ (118) ဘေလာဇဲရီး (ဟှဂိရီ ၂၇၈ကွယ်လွန်) ၏ ကောက်နုတ် ဖော်ပြချက် အရ အိုဘိုင်ဒွလ္လာဟ် သည် ဆီးရီးယားတပ်နှင့်

ပူးပေါင်းပြီးနောက် မိုအာဝီယာသည် အေမာမ်ဟစန်(အ.စ) ၏ တပ်သားများ ခွန်အားနည်းသွားသည်ဟု ထင်မြင်ခဲ့သည်။ ထိုကြောင့် ၎င်းတို့အား တိုက်နိုက်သလောက် အားကြိုးမာန်တက် တိုက်ခိုက်ရန် အမိနိ့ပေးခဲ့သည်။ သို့သော် အေမာမ်ဟစန်(အ.စ) ၏ တပ်သားများသည် ကိန်းစ်၏ ဦးဆောင်မှုဖြင့် ဆီးရီးယား တပ်သားများကို အနိုင်တိုက်ခိုက် နိုင်ခဲ့ကြသည်။ မိာအာဝီယာ သည် အိုဘိုင်ဒွလ္လာဟ် အား ကတိပေးထားသည့်အတိုင်း ကိန်းစ် ကိုလည်း ထိာသို့ဘကတိပေးပြီး ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ (119)

စဘားသ်ွ မြို့၌ အေမာမ်ဟစန်(အ.စ) ၏ အခြေအနေ အခြားတစ်ဖက်၌ အေမာမ်ဟစန်(အ.စ) သည် မိနိ၏ တပ်သားများနှင့် အတူ စဘားသ်ွ မြို့သို့ ထွက်ခွာလာခဲ့သည်။ ရှီးခ်မိုဖီးဒ် ၏ ပြောကြားချက်အရ အေမာမ်ဟစန်(အ.စ) သည် မိမိ၏ နောက်လိုက်သားများကို စမ်းသပ်ရန် ၊ ၎င်းတို့၏ နာခံမှုကို တိုင်းတာရန်အတွက် မိန့်ခွန်းပြောသည်မှာ " စည်းလုံးညီညွတ်မှု နှင့် စာနာမှု တို့သည် ကွဲပြားခြားနားခြင်း နှင့် ခွဲခွာခြင်းတိုထက် သင့်အတွက် သာလွန်‌ ပေသည်။ ထို့အတူ အသင်တို့အတွက် ကျွန်ုပ် စီမန်ခန့်ခွဲထားသော အစီအစဉ်သည် အသင့တို့ကိုယ်တိုင် စီစဉ်ထားသော စီမန်ခန့်ခွဲမှုထက် ပိုမိုကောင်းမွန်ပေသည်။ " အေမာမ်ဟစန်(အ.စ) မိန့်ခွန်းပြောပြီးနောက် လူထုသည် မိုအာဝီယာ နှင့် ငြိမ်းချမ်းရေးလုပ်ရန် ရည်ရွယ်ပြီး ခေလာဖသ် ရာထူးကို ၎င်းထံ လွှပေးခဲ့ရန် ကြံရွယ် နေသည်ဟု အချင်းချင်း ပြောဆိုကြသည်။ လူတစ်ချိုက အေမာမ်ဟစန်(အ.စ) ၏ တဲနန်းထဲသို့ ဝင်‌ေရာက်ကြကာ ၎င်း၏ ပစ္စည်းဥစ္စာများကို လုယက်ပြီး ၎င်းနမာဇ်ဖတ်သ ည့် အခင်းကိုပင် ၎င်း၏ ခြေဖဝါးအောက်မှ ဆွဲထုတ်ခဲ့ကြသည်။ (120) သို့သော် ယအ်ကူဘီး(ဟီဂျရီ၂၉၂ကွယ်လွန်) ၏ ကောက်နုတ် ဖော်ပြချက် အရ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ မိုအာဝီယာသည် လူအချို့ကို အေမာမ်ဟစန်(အ.စ) နှင့် စကား‌ေပြာဆိုရန် စေလွှတ်ခဲ့သည်။ ထိုသူတို့သည် အေမာမ်ထံမှ ပြန်လာကြသည့်အခါ လူများကြားနိုင်စေရန် ကျယ်လောင်သော အသံဖြင့် " အရှင်မြတ်သည် ၎င်းရစူလ်၏ သားတော်ကို အကြောင်းခံပြီး မွတ်စ်လင်မ် များ၏ သွေး မြေအကျအောင် ကာကွယ်ခဲ့ပြီး ပြဿနာ မတက်အောင် ထိန်းသိမ်းခဲ့သည် ထို့နောက် ၎င်းသည် ငြိမ်းချမ်းရေး ပြုလုပ်ရန် လက်ခံလိုက်သည်" ဟု ပြောဆိုကြသည်။ အေမာမ်ဟစန်(အ.စ) ၏ စစ်သည်တော်များသည် ထိုစကားကို ကြား‌ေသာအခါ ဒေါသတကြီးဖြင့် အေမာမ်၏ တဲနန်းကို တိုက်ခိုက်ခဲ့ကြသည်။ (121) ဤအဖြစ်အပျက်ပြီးနောက်၊ အေမာမ်ဟစန်(အ.စ.) ၏ အနီးကပ်ရှိသော နောက်လိုက်သားများသည် အေမာမ့်အား ကာကွယ်ပေးခဲ့သော်လည်း ညအမှောင်တွင် ခါဝါရီဂျ် (122) တစ်ယောက်သည် အေမာမ်ဟစန်(အ.စ) ထံသို့ ချဉ်းကပ်လာပြီး ပြောခဲ့သည်မှာ " အို ဟစန် ၊ အသင်၏ အဖေ မွက်ရှိက္က် (ယှဉ်တွဲကိုးကွယ်သူ) ဖြစ်သကဲ့သို့ အသင်သည်လည်း မွက်ရှိက္က် (ယှဉ်တွဲကိုးကွယ်သူ) ဖြစ်သွားခဲ့ပြီ ဟုပြောကာ အေမာမ်ဟစန်(အ.စ) ၏ ပေါ်ကို ဓားမြှောင်ဖြင့် ထိုးလိုက်ရာ အေမာမ်သည် မြင်းအပေါ် မှ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ (123) နောက်လိုက်သားတို့သည် အေမာမ်ဟစန်(အ.စ) ကို ထန်းစဥ် ပေါ်တင်ကာ မဒါအင်န် မြို့သို့ ခေါ်ဆောင်သွားကြပြီး စအ်ဒ် ဗင်န် မက်စ်အူးဒ် စကဖီး ၏အိမ်တွင် နေထိုင်ကာ ဆေးကုသမှု ခံယူစေခဲ့သည်။ (124) မိုအာဝီယာ နှင့် အေမာမ်ဟစန် (အစ.) တို့ကြား စစ်ပွဲသည် နောက်ဆုံးတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဦးတည်ခဲ့သည်။ ရစူလေဂျအ်ဖဲရီ ဆိုသူ၏ ပြောကြားချက်အရ ထိုသို့ပြုလုပ်လိုက်ရသည့် အကြောင်းအရင်းမှာ လူထုများ ပျင်းရိလာခြင်း ၊ အချိန်ကာလ အလိုက် ရှိနေသော ပညတ်ချက်များ ၊ နောက်လိုက်သား ရှီအာများကို ကာကွယ်ခြင်း စသည်တို့ကြောင့် အေမာမ်ဟစန်(အ.စ) သည် ငြိမ်း‌ချမ်းရေး ပြုလုပ်ရန် လက်ခံလိုက်ရခြင်း ဖြစ်သည်။ (125) ဤ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ခေလာဖသ်အား မိုအာဝီယာသို့ လွှပြောင်းပေးလိုက်ရသည်။ (126) မိုအာဝီယာနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်း အေမာမ်ဟစန်(အ.စ) သည် မိုအာဝီယာ ရှိနေသည့်အချိန် မိန့်ခွန်းတစ်ခု ပြောသည်မှာ မိုအာဝီယာ ဗင်န် ဆွက်ခ်(ရ်) ထင်နေသည်မှာ ၎င်းသည် ခေလာဖသ် ရာထူးဖြင့် ထိုက်တန်ပြီး ကျွန်ုပ်သည် မိမိကိုယ်ကို ထိုအရိုက်အရာ နှင့် မထိုက်တန်ပေဟု သတ်မှတ်ထားသည်။ မိုအာဝီယာ လိမ်ညာပြောဆိုခြင်း ဖြစ်သည်။ အရှင်မြတ်အား ကျိန်ဆိုတိုင်တည် ပါ၏ ၊ ကျွန်ုပ်တို့သည် အရှင်မြတ်၏ ကျမ်းနှင့် ရစူလ်တမန်တော်၏ နှုတ်ကပတ်တော်များတွင် အထိုက်တန်ဆုံး လူသားများ ဖြစ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကွယ်လွန်ချိန်မှစ၍ ဖိနှိပ်မှုများကို ခံစားနေကြရပါသည်။ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အညး ညှဉ်းဆဲသောသူတို့၏ စပ်ကြား၌ တရားစီရင်ပါစေ။ သွီဘ်ရေစီး ၊ အလ်အိဟ်သေဂျာဂ်ျ ၊ ဟီဂျရီ ၁၄၀၃ ၊ အတွဲ၂ ၊ စာမျက်နှာ ၂၂၈ အီရတ် နှင့် ဆီးရီးယား တပ်နှစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ကြုံတွေ့နေရသည့် တစ်ချိန်တည်းမှာပင် အေမာမ်ဟစန် (အ.စ.) သည် လုပ်ကြံခံရကာ ဒဏ်ရာရရှိပြီး မဒါအင်န်မြို့သို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ရသည်။ (127) အေမာမ်ဟစန် (အစ.) သည် မဒါအင်န် တွင် ဆေးကုသမှုခံယူနေစဉ် ကူဖာ မျိုးနွယ်စု ခေါင်းဆောင်များအဖွဲ့မှ အုပ်စာတစ်စုသည် မိုအာဝီယာ ထံသို့ လျှိဝှက်စာတစ်စောင်ရေးပြီး ၎င်း(မိုအာဝီယာ)၏ အမိန့်ကို နာခံမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ထိုအုပ်စုသည် မိုအာဝီယာ ကို မိမိတို့ထံသို့ လာဖို့ ရန် အားပေးခဲ့ကြပြီး အေမာမ်ဟစန်(အ.စ) အား ၎င်း(မိုအာဝီယာ)၏ အမိန့်ကို နာခံခိုင်းမည် သို့မဟုတ် သတ်ပစ်ကြမည် ဟူ၍ ကတိပေးခဲဘကြသည်။ (128) ရှီးခ်မိုဖီးဒ် (ဟီဂျရီ၃၁၃ကွယ်လွန်) ၏ အဆိုအရ အေမာမ်ဟစန်(အ.စ) ထိုသတင်း နှင့် အိုင်ဘိုင်ဒွလ္လာဟ် ဗင်န် အဘ္ဘာစ် သည် မိုအာဝီယာ နှင့် ပူးပေါင်းလိုက်ကြောင်းကို ကြားသိရသည့်အခါ နှင့် အခြားတစ်ဖက်၌ နောက်လိုက်သားများ၏ ပျင်းရိမှု နှင့် တွန့်ဆုတ်မှုများကို မြင်တွေ့ရသည့်အခါ အေမာမ်ဟစန်(အ.စ) သည် မိမိ၏ ရှီအာ နောက်လိုက်သား အနည်းစုဖြင့် ဆီးရီးယား၏ များပြားလှသော စစ်တပ်ကို မခုခံနိုင်ကြောင်း သဘောပေါက်ခဲ့သည်။(129) ဇိာင်းဒ် ဗင်န် ၀ဟက်ဘ် ဂျဟန္နီး ဆိုသူ၏ ကောက်နုတ်ဖော်ပြချက်အရ အေမာမ်ဟစန်(အ.စ) သည် မဒါအင်န်မြို့၌ ဆေးကုသမှု ခံယူနေစဉ်အတွင်း ၎င်းအား မိန့်‌ တော်မူသည်မှာ " အရှင်မြတ်အား ကျန်ဆိုတိုင်တည်ပါ၏ ၊ အကယ်၍ မိုအာဝီယာနှင့် တိုက်ခိုက်မည် ဆိုပါက အီရတ်ပြည်သူများသည် ကျွန်ုပ်၏ လည်ပင်းကို ကိုင်ပြီး မိုအာဝီယာ၏ အမိန့်ကို နာခံအောင် ပြုလုပ်ကြပေမည်။ အရှင်မြတ်အား ကျန်ဆိုတိုင်တည်ပါ၏ ၊ ကျွန်ုပ်သည် မိုအာဝီယာနှင့် သိက္ခာရှိစွာ ငြိမ်းချမ်းရေး ပြုလုပ်ခြင်းသည် အဖမ်းခံရပြီး ၎င်းလက်ထဲ၌ အသက်ခံရခြင်းထက် ပိုမိုကောင်းမွန်ပေသည်။ သို့မဟုတ် ကျွန်ုပ်အား မသတ်ရအောင် ကြိုးပမ်းရခြင်းထက်စာလျင် ပိုကောင်းပေသည်။ ထိုအရာများသည် ဗနီဟာရှင်မ် မျိုးနွယ် အပေါ် အမြဲတမ်း သိမ်ငယ်စေရမည့် အရာများဖြစ်သည်။ (130)

မိုအာဝီယာ ဘက်မှ ငြိမ်းချမ်းရေး ပြုလုပ်ရန် အကြံပြု‌ခြင်း ယအ်ကူဘီး ၏ ကောက်နုတ် ဖော်ပြချက်အရ စစ်ပွဲကို ငြိမ်းချမ်းရေး အဖြစ်ယူဆောင်လာရန် မိုအာဝီယာ ၏ လှည့်ကွက်များ အနက်မှ တစ်ခုမှာ ကိန်းစ် ဗင်န် စအ်ဒ် သည်လည်း မိုအာ၀ီယာ နှင့် ပူးပေါင်းလိုက်ပြီး ဟူသော သွားပုတ်လေလွင့်အား ပြောရန် လူတစ်ယောက်အား အေမာမ်ဂစန်(အ.စ) ၏ စစ်တပ်ါတွင်းသို့ စေလွှတ်ခဲ့သည်။ အခြားတစ်ဖက်၌ အေမာန်ဟစန်(အ.စ) သည် ငြိမ်းချမ်းရေး ပြုလုပ်ကန် လက်ခံလိုက်သည် ဟူသော သွားပုတ်လေလွင့်ကို ဖြန့်ရန် လူတစ်ယောက်အား ကိန်းစ် ဗင်န် စအ်ဒ် ၏ စစ်တပ်အတွင်းသို့ စေလွှတ်ခဲ့သည်။ (131) ထို့အတူ မိုအာဝီယာသည် ကူဖာမြို့သားများသည် မိမိကို နာခံမည်ဖြစ်ကြောင်း ကြေငြာထားစာ် စာများကို အေမာန်ဟစန်(အ.စ) ထံသို့ ပိုခဲ့ပြီး မိနိ့နှင့် ငြိမ်းချမ်းရေး ပြုလုပ်ရန် အကြံပေးကာ ငြိမ်းချမ်းရေး၏ ပညတ်ချက်များကိုလည်း အေမာမ်ဟစန်(အ.စ) ကိုယ်တိုင်ရွေးချယ်သတ်မှတ်ရန် ပြောခဲ့သည်။ ရှဖိးခ်မိုဖီးဒ် ၏ အဆိုအရ အေမာန်ဟစန် (အ.စ) သည် မိုအာဝီယာ ကို မယုံကြည်‌ သော်လည်း ၎င်း၏ လှည့်ကွက်များကို သိနေသောကြောင့် ငြိမ်းချမ်းရေးကို လက်ခံရန်မှတပါး အခြား ရွေးချယ်စရာမရှိခဲ့ပေ။ (132) ဘေလာဇဲရီး ဆိုသူ၏ ဖော်ပြချက်၌ လာရှိထား သည်မှာ မိုအာဝီယာ သည် အေမာမ်ဟစန်(အ.စ) လိုချင်သည့် ပညတ်ချက် မှန်သမျှကို ရေးသားဖို့ရန် အေမာမ်ဟစန်(အ.စ) သို့ တံဆိပ်တုံး ထုထားသော အဖြူရောင် စာရွတ်ကို ပေးပိုခဲ့သည်။ (133) အေမာမ်ဟစန် (အ.စ) သည် ဤသို့သော အခြေအနေမျိုးကို မြင်‌ တွေ့ရသောအခါ ပြည်သူလူထုနှင့် စကားပြောဆို၍ စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ ထင်မြင်ချက်ကို ထုတ်ဖော်ရန် တောင်းဆိုခဲ့သည်။ လူထုသည် «البقیة البقیة» (ဘာသာာပြန် ။ ။ ကျွန်ုပ်တို့သည် အသက်ရှင်နေထိုင်ရသည်ကို လိုလားကြသည်) ဟူသော ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ကြသည်။ (134) ထိုကြောင့် အေမာမ်ဟစန် (အ.စ) သည် ငြိမ်းချမ်းရေးပြုလုပ်ရန် လက်ခံလိုက်ရ‌သည်။ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုသည့် ခုနှစ်မှာ ရဗီးအွလ်အောင်၀လ် လ ၂၅ ရက် ဖြစ်ပြီး(135) အချို့ကျမ်းကိုးများ၌ ရဗီအွလ်အာခဲရ် သို့မဟုတ် ဂျမာဒီအွလ်အူလာ (136) ဟီဂျရီ ၄၁ ခုနှစ် ဟူ၍ ဖော်ပြထားသည်။

ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုမှုဆိုင်ရာ ပညတ်ချက်များ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုမှုဆိုင်ရာ ပညတ်ချက်များနှင့်ပတ်သက်၍ အမျိုးမျိုးသော အဆိုများ လာရှိထားသည်။ (137) ဥပမာ ကျမ်းကိုးများ၌ လာရှိထားသည့် ပညတ်ချက် မှာ ခေလာဖသ် အရိုက်အရာကို မိုအာဝီယာအား လွှပြောင်းပေးမည် သို့ပါ၍ မိုအာဝီယာသည် ကျမ်းမြတ်ကုရ်အာန် ၊ တမန်တော်မြတ်(ဆွ)၏ စွန္နသ် နှင့် ခိုလဖာယေ ရာရှေဒီးန် တို့၏ အမူအကျင့်များနှင့်အညီ ကျင့်ဆောင် နေထိုင်ရမည် ဖြစ်သည်။ ထို့နောက် မိမိအတွက် ကိုးစားလှယ်တော်အား မရွေးချယ်ရပေ။ လူသားအားလုံး အထူးသဖြင့် အေမာမ်အလီ(အ.စ) ၏ ရှီအာ နောက်လိုက်သားများ အသက်အိုးအိမ် လုံခြုံမှု ရှိရမည်။ (138) ရှီးခ်ဆူဒူက် ပြောထားသည်မှာ အေမာမ်ဟစန် (အ.စ) သည် ခေလာဖသ် ကို မိုအာဝီယာ အား လွှပြောင်းပေးသောအခါတွင် ‌မိုအာဝီယာသည် မိမိကိုယ်ကို အမီးရွလ်မိုအ်မေနီးန် ဟု မခေါ်ရပေ ဟူသော ပညတ်ချက်ဖြင့် ဘိုင်အသ် သစ္စာခံယူခဲ့သည်။ (139) အခြားသော ကျမ်းကိုးများ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အသ) သည် ခေလာဖသ် ကို မိုအာဝီယာ အုပ်ချုပ် ပြီးနောက် မိမိထံ လွှပြောင်းပေးအပ်ရန် ထို့အပြင် မိုအာဝီယာသည် မိမိ့အား ဒီရ်ဟမ် ငါးသန်း ပေးဆောင်ရမည် ဟူသော ပညတ်ချက် ချမှတ်ထားခဲ့သည်။ (140) ဂျအ်ဖရီး ၏ ပြောကြားချက်အရ ထိုပညတ်ချက် နှစ်ခုကို ငြိမ်းချမ်းရေး ချုပ်ဆိုရာတွင် အေမာမါဟစန် (အ.စ) ၏ ကိုယ်စားလှယ်မှ ထားရှိခဲ့သော်လည်း အေမာမ်သည် ထိုပညတ်ချက်ကို လက်မခံခဲ့ပေ။ထို့အပြင် မိုအာဝီယာ ပြီးနောက် ခလီဖာ ကိုယ်စားလှယ် အား ခန့်အပ်ရာ၌လည်း မွတ်စလင်ကောင်စီဖြင့် ရွေးချယ်သတ်မှတ် သင့်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ဘဏ္ဍာရေးအခြေအနေနှင့် ပတ်သက်၍ မိုအာဝီယာ သည် မွတ်ဆလင်ဘဏ္ဍာတိုက်ကို သိမ်းယူပိုင်ခွင့်မရှိဟု ဆိုခဲ့သည်။ (141) အချို့များသည် ဘဏ္ဍာရေးအခြေအနေအား မိုအာဝီယာ ကိုယ်တိုင် သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များက သတ်မှတ်ကြသည်ဟု ဆိုကြသည်။ (142) အေမာမ်ဟစန် (အ.စ) သည် ခေလာဖသ် မှ နှုတ်ထွက်ခဲ့သော်လည်း၊ ရှီအာများ၏ အေမာမ်အဖြစ် သတ်မှတ်ခံရဆဲဖြစ်ပြီး အေမာမ်၏ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခြင်းကို ကန့်ကွက်သည့် ရှီအာများပင်လျှင် ၎င်း၏ အေမာမသ် ကို ဘယ်သောအခါမှ မငြင်းဆိုခဲ့ကြ‌ေပ။ ထို့အပြင် အေမာမါဟစန်(အ.စ) အား အဆုံးထိတိုင် တမန်တော်မြတ်(ဆွ) မိသားစု၏ အကြီးအကဲ ၊ ထူးမြတ်သော ပုဂ္ဂိုလ် ဖြစ်သည်ဟု လက်ခံထားကြသည်။ (143) တုံပြန်မှုများ နှင့် သတင်းစကားများ အေမာမ်ဟစန်(အ.စ) မိန့်တော်မူသည်မှာ အိုလူသားအပေါင်းတို့ ၊ အကယ်၍ အရှေ့အရပ်မှ အနောက်အရပ်သို့ လိုက်လံရှာဖွေကြည့်ပါက တမန်တော်မြတ်(ဆွ) ၏ မြေးဖြစ်ကြသော် ကျွန်ုပ် နှင့် ကျွန်ုပ် ၏ ညီ ကဲ့သို့သော် သူမျိုးကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။ မိုအာဝီယာသည် ကျွန်ုပ်၏ အခွင့်အရ ဟက္က် ဖြစ်သည့် ခေလာဖသ်ကို ရာထူးကို လုယူရန် ကျွန်ုပ်နှင့် အငြင်းပွားခဲ့သည်။ ကျွန်ုပ်သည် အွမ္မသ် ၏အကျိုးအတွက်နှင့် လူတို့၏ သွေး မြေမကျစေရန် အလိုငှာ ထိုအငြင်းပွားမှုကို ခွင့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အိဗ်နေ ရှဂ်ရ် အာရှုဘ် ၊ အလ်မနာကီဘ် ၊ ဟီဂျရီ၁၃၇၉ ၊ အတွဲ၄ ၊ စာမျက်နှာ ၃၄

ကောက်နုတ်ဖော်ပြချက်များ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) ငြိမ်းချမ်းရေး ပြုလုပ်ပြီးနောက် ရှီအာနောက်လိုက်သားများ အနက်မှ အုပ်စုအချို့သည် နောင်တရမှု နှင့် စိတ်မ ကောင်းမှုများကို ဖော်ပြခဲ့ကြသည်။(144) အုပ်စုအချို့သည်လည်း အေမာမ်ဟစန်(အ.စ) အား ရှုတ်ချကြပြီး ၎င်းအား «مذلّ المؤمنین» "မိုအ်မင်န် သက်၀င်ယုံကြည်သူများကို အရှက်ရစေသူ" ဟူ၍ ခေါ်ဆိုကြသည်။ (145) အေမာမ်ဟစန်(အ.စ) သည် မေးခွန်းများ နှင့် စောဓကများကို ဖြေဆိုရာတွင် "ခေါင်းဆောင် (အေမာမ်)" တစ်ယောက်အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်းကို ထောက်ပြပြောဆိုခဲ့ပြီး မိမိ ငြိမ်းချမ်းရေး စာချာပ် ချုပ်ဆိုလိုက်ရသည့် အကြောင်းတရားကို တမန်တော်မြတ်(ဆွ) ၏ ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုလိုက်ရသည့် အကြောင်းတရား ကဲ့သို့ပင် ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။ ဤလုပ်ဆောင်ချက်၏ အကျိုးအာနိသင်ကို တမန်တော်မူစာ(အ.စ) ခရီးသွားနေစဉ် တမန်တော်ခီဒ်ွရ်(အ.စ) ၏ လုပ်ဆောင်ခဲဘသည့် အကျိုးအာနိသင် ကဲ့သို့ ဖြသ်သည်ဟု သတ်မှတ်ဖော်ပြခဲ့သည်။ (146) သမိုင်းကြောင်းအမျိုးမျိုး၏ ကိုးကားချက်များ၌ လာရှိထားသည်မှာ မိုအာဝီယာသည် ငြိမ်းချမ်းရေး ပညတ်ချက်များကို မလိုက်နာခဲ့ပေ။ (147) ထို့အပြင် အေမာမ်အလီ(အ.စ) ၏ ရှီအာ နောက်လိုက်သားများ အများအပြား ဥပမာ ဟဂျဲရ် ဗင်န် အဒီး ကို သတ်ဖြတ်ခဲ့သည်။ ဖော်ပြထားသည်မှာ မိုအာဝီယာသည် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီးနောက် ကူဖာသို့ ရောက်လာကာ လူထုအတွက် မိန့်ခွန်းပြောပြီး " ကျွန်ုပ် လုပ်ထားသည့် ပညတ်ချက်တိုင်းကို ပြန်ယုတ်သိမ်းပြီး ကျွန်ုပ် ပေးခဲဘသည့် ကတိများကိုလည်း ပယ်ဖျက်ပေမည်" ဟူ၍ ပြောခဲ့သည်။ (149) ထို့အတူ "ကျွန်ုပ်သည် အသင်တို့ နမာဇ် ဖတ်ရန် ၊ ရိုဇာဥပုဒ် ေဆာက်တည်ရန် ၊ ဟဂ်ျ ပြုလုပ်နိုင်ရန် အတွက် အသင့်တို့နှင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် အသင့်တို့ကို အုပ်စိုးတိုင်ရန်အတွက် ကျွန်ုပ်တို့က်ခိုက်ခဲ့ခြင်း ဖြစ်သည်။ " ဟု ပြောခဲ့သည်။ (150)

မဒီနာမြို့တွင် နေထိုင်သည့်ကာလ နှင့် သာသနာ ပိာင်းဆိုင်ရာ အုပ်စိုးမှုများ ဟစန် ဗင်န် အလီ (အ.စ) သည် မိုအာဝီယာ နှင့် ငြိမ်းချမ်းရေး စာချာပ် ချုပ်ဆိုပြီးနောက် ကူဖာ တွင် ဆက်နေရန် နောက်လိုက်သား ရှီအာအချို့က တောင်းဆိုခဲ့သော်လည်း မဒီနာမြို့ သို့ ပြန်လာခဲ့ပြီး (151) နောက်ဆုံးအချိန်ထိ့ ထိုနေရာတွင် နေထိုင်ခဲ့သည်။ သို့သော် မက္ကာ (152) နှင့်ရှာမ် ဆီးရီးယား (153) သို့ ခရီးထွက်မှုများ ရှိခဲ့သည်။ အေမာမ်ဟစန်(အ.စ) သည် အေမာမ်အလီ(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် ၎င်း မှာကြားခဲ့သည့် ၀စီယသ် သေတမ်းစာ အတိုင်း ၎င်းအတွက် ဆွဒ်ကာ များထုပ်ပေးကာ ၊ ပစ္စည်းဥစ္စာများကိုလည်း ကောင်းမှုကုသို့လ် ပြုလုပ်ရန် လှူဒါန်းခဲ့သည်။ အလ်ကာဖီ၌ လာရှိထားသည့် ကောက်နုတ်ချက်အရ ဤ၀စီယသ် သေတမ်းစာသည် ဂျမာဒီယွလ်အူလာ ၁၀ရက်နေ့ ဟီဂျရီ ၃၇ ခုနှစ်၌ ရေးသားခဲ့သည်။ (154)

ဓမ္မပညာ အေမာမ်ဟစန်(အ.စ) သည် မဒီနာမြို့တွင် လူသားများအား သင်ကြားပေးရန် နှင့် လမ်းမှန်ညွှန်ပြဖို့ရန် အတွက် ဓမ္မပညာ အစည်းအဝေးပွဲများ ပြုလုပ်ခြင်းဆိုင်ရာ ဖော်ပြချက်များ လာရှိထားသည်။ ဥပမာ အိဗ်နေစအ်ဒ်(ဟီဂျရီ၂၃၀ ကွယ်လွန်) ၊ ဘေလာဇဲရီ( ဟီဂျရီ၂၇၉ ကွယ်လွန်) နှင့် အိဗ်နေအစာကီရ် ( ဟီဂျရီ၅၇၁ ကွယ်လွန်) တို့ ကောက်နုတ် ဖော်ပြထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် ဖဂျဲရ် နမာဇ်ကြိ တမန်တော်မြတ်၏ ဗလီတွင် ဖတ်ရွတ်ပြီး နေထွက်လာသည့် အချိန်အထိ့ အေဘာဒသ် ပြုလုပ်ပေသည်။ ထို့နောက် အကြီးအကဲ ပုဂ္ဂိုလ် များနှင့် ထိုဗလီ၌ ရှိနေသော သူများသည် အေမာမ်ဟစန်(အ.စ) အနားသို့ ဝိုင်းထိုင်လိုက်ကြပြီး ဓမ္မပညာဆိုင်ရာ အမေး အဖြေ များကို ပြုလုပ်ကြသည်။ မအမာမ်ဟစန်(အ.စ) သာ် နေ့ခင်းဘက်၌လည်း အလားတူ အစီအစဉ်ရှိပေသည်။ (155) ဖို့ဆူလွလ်မိုဟမ်မဟ် စ အုပ်၌ လာရှိထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် တမန်တော်မြတ်(ဆွ) ၏ ဗလီ၌ ထိုင်နေပြီး လူအများသည် ၎င်း၏အနား စုဝေးထိုင်ကြကာ အေမာမ်သည် ၎င်းတို့၏ မေးခွန်းများကို ဖြေဆိုပေးလေသည်။ (156) ထို့အတူ မဲဟ်ဒီပီးရှ်ဝါယီး၏ အဆိုအရ ဤခေတ်ကာလ၌ ဟစန် ဗင်န် အလီ(အ.စ) သည် ကိုယ်ကျင့်တရား ပျက်ပြားနေသည့် လူ့အဖွဲ့အစည်း၏ မလိုလားအပ်သည့် ပြဿနာများ နှင့် လူထု၏ ရန်လိုမှုတွေကိုလည်း ကြုံတွေ့နေရသည်။ (157) အလ္လာမဟ်သီဟီရာနီ ယုံကြည် လက်ခံ ထားသည်မှာ အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တို့၏ အေမာမသ် ခေတ်ကာလသည် ဆိုးသွမ်း ညှင်းပန်း နှိပ်ဆက်သော ဗနီ အိုမိုင်ယာ မင်းများ၏ အုပ်စိုးမှုကြောင့် အခက်ခဲဆုံး နှင့်အမှေးမှိန်ဆုံး ခေတ်ကာလများ အနက်မှ တစ်ခုဖြစ်သည်။ ၎င်းတို့အေမာမ် နှစ်ဦး၏ အသက်ရှင် နေထိုင်သည့် ကာလတစ်လျောက်လုံးတွင် ၎င်းထယတို့ထံမှ ရေဝါယသ်များ ၊ ဟဒီးစ်တော်များ ၊ မိန့်ခွန်းများ၊ တရားဒေသနာများ နှင့် ကုရ်အာန် သက်ဖ်စီးရ် စသည်တို့သည် မြောက်များစွာ လာရှိထားသင့်ပေသည်။ သို့သော် ၎င်းတို့၏ တရားဒေသနာများ နှင့် မိန့်ခွန်းများသည် အလွန်နည်းပါးပေသည်။ (158)

လူ့အဖွဲ့အစည်း၏ ထူးမြတ်သော ပုဂ္ဂိုလ် သမိုင်းဆိုင်ရာ ဖော်ပြချက်များ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် လူ့အဖွဲ့အစည်းမှ အလေးထားရေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အိဗိနေစအက်ဒ်( ဂီဂျရီ၂၃၀ကွယ်လွန်) ၏ ဖော်ပြချက်အရ လုသားများသည် ဟဂ်ျပြုလုပ်နေစဉ်အတွင်း အေမာမ်ဂစန်(အ.စ) ကို တွေ့ကြေသာအခါ သဘ္ဘရွက္က် ယူဖို့ရန် ၎င်းထံ အပြေးအလွှားသွားကြကာ အေမာမ်ဟစန်(အ.စ) သည် အခြားလူအနည်းငယ်၏ အကူအညီဖြင့် လူအုပ်မှ အဝေးသို့ ထွက်လာခဲ့ရသည်။ (159) ထို့အတူ ဖော်ပြထားသည်မှာ အိဗ်နေါဘ္ဘာစ်သည် အဆ်ွဟာဘ် နောက်လိုက်သားများအနက် မှ ဖြစ်သည့်အပြင် (160) အေမာမ်ဟစန်(အ.စ) ထက်လည်း အသက်ပိုကြီး ပေသည်။ ၎င်းသည် အေမာမ်ဟစန်(အ.စ) မြင်း အပေါ်တက်သည့်အခါ မြင်းဇာတ်ကြိုးကို ကိုင်ပေးလေ့ရှိသည်။ (161)

နိုင်ငံရေးဗျူဟာ၌ ပါ၀င်ပတ်သက်မှု မရှိခြင်း ၊ မိုအာဝီယာ နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း ဖော်ပြထားသည်မှာ အေမာမ်ဟစန် (အ.စ) ကူဖာ မှ ထွက်ခွာပြီးနောက်၊ ခဝါရီဂ်ျ မှ အုပ်စုတစ်စု သည် မိုအာဝီယာနှင့်စစ်ဖြစ်ရန် နက်ခ်လီယဟ် နေရာ တွင် စုဝေးခဲ့ကြသည်။ မိာအာဝီယာသည် သည် အေမာမ်ဟစန်(အ.စ) အား ပြန်လှည့်လာပြီး ထို ခဝါရီဂ်ျ များနှင့် တိုက်ခိုက်ရန် အေမာမ်ထံ စာတစ်စောင် ရေးခဲ့သည်။ သို့သော် အေမာမ်ဟစန်(အ.စ) သည် လက်မခံခဲ့ပေ။ ထို့နောက် မိုအာဝီယာအား ဖြေဆိုရာ၌ " အကယ်၌ အဲဟ်လေကိဗ်လဟ်များနှင့် တိုက်ခိုက်ရမည် ဆိုပါက အသင်နှင့် တိုက်ခိုက်မည် ဖြစ်သည်" ဟု ရေးသားခဲ့သည်။ (162) ထို့အတူ ခဝါရီဂ်ျ အုပ်စာများ အနက်မှ ဟူစရဟ် အစက်ဒီ ဆိာသူ ဦးဆောင်သော အုပ်စုသည် မိုအာဝီယ အပေါ် ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ ထိုအခါ မိုအာဝီယာသည် အေမာမ်ဟစန်(အ.စ) အား ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက် စေလိုသည် သို့သော် အေမာမ်ဟစန်(အ.စ) သည် လက်မခံခဲ့ပဲ ပထမရေးခဲ့သည့် စာ အတိုင်း ပြန်လည်ဖြေဆိုခဲ့ပြီး မိုအာဝီယာနှင့် တိုက်ခိုက်ခြင်းကို ပိုမိုသင့်လျော်မှုရှိကြောင်း ဖော်ပြဖထာက်ခံခဲ့သည်။ (163) အချို့ ရေဝါယသ်များ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် မိုအာဝီယာ နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း မရှိသည့် အပြင် ၎င်း၏ လာပ်ဆောင်ချက်များအပေါ် ရှုတ်ချမှုများ ရှိနေသော်လည်း ၎င်းဘက်မှ ပေူပိုသည့် လက်ဆောင်များကို လက်ခံခဲ့သည်။ (164) နှစ်စဉ်နှစ်တိုင်း မိုအာဝီယာ ပေးပိုသော ပမာဏသည် လက်ဆောင်များအပြင် ဒီဟမ် တစ်သန်း [165] သို့မဟုတ် တစ်သိန်း [166] ဟု ဆိုကြသည်။ အချို့ကောက်နုတ်ချက်များ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် ထိုလက်ဆောင် ငွေကြေးများဖြင့် တစ်ခါတစ်ရံ၌ မိမိ၏ အကြွေးများကို ဆပ်ပြီး ကျန်ရှိသော ငွေကြေးများကို မိမိ၏ မိသားစုများ နှင့် လက်အောက်ငယ်သားများ အကြား မျှဝေပေးခဲ့သည်။ (167) တစ်ခါတစ်ရံ၌ ထိုလက်ဆောင် ငွေကြေးများကို အခြားသူများအား ပေးကမ်းခဲ့သည်။ (168) ဖော်ပြထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် တစ်ခါတစ်ရံ၌ ထိုလက်ဆောင် ငွေကြေးများကို လက်မခံခဲ့ပေ။ (169) ထိုသို့သော် သတင်းအချက်အလက်များသည် တုံပြန်မှုများ နှင့် သံသယများကို ဖြစ်ပေါ်စေပြီး (170) ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြောဆိုမှုများ ရှိလာပေသည်။ ဥပမာ စိုင်ယိဒ် မွရ်သဇွာ လက်ခံထားသည်မှာ မိုအာဝီယာထံမှ လက်ဆောင်များ နှင့် လက်နက်များကို လက်ခံရယူခြင်းသည် အေမာမ်ဟစန်(အ.စ) အတွက် လုပ်ပိုင်ခွင့် ရှိသလို မဖြစ်မနေ ပြုလုပ်ရမည့် အရာလည်း ဖြစ်သည်။ ထိုနာက် ဤသြိ့ ပြုလုပ်ရခြင်းကိုလည်း ပြည်သူလူထု ထံမှ မတရား သမ်းပိုက် ရယူထားသော ပစ္စည်းများကို ဤနည်းလမ်းဖြင်း ပြန်လည် ယူပိုင်ခွင့် ရှိသည်ဟု သတ်မှတ်ထားသည်။ (171) အမဝီမင်းများ၏ ဆက်ဆံရေး ကောက်နုတ်ချက်များ၌ အမဝီမင်းများသည် အေမာမ်ဟစန်(အ.စ) နှင့် မသင့်လျော်သော ဆက်ဆံမှုများ ရှိသည်ကို ဖော်ပြထားသည်။ (172) ထို့အတူ အိဟ်‌သေဂျာဂ်ျ စာအုပ်၌ အေမာမ်ဟစန်(အ.စ) ၊ မိုအာဝီယာ နှင့် ၎င်း၏ အပေါင်းအဖော်များ အကြား မိုနာဇေရဟ် (အခြေအတင် ဆွေးနွေးမှုများ) ရှိခဲ့သည်ကို ကောက်နုတ်ဖော်ပြထားသည်။ အေမာမ်ဟစန်(အ.စ) သည် ဤ မိုနာဇေရဟ် (အခြေအတင် ဆွေးနွေးမှုများ)၌ အဲဟ်လေဘိုင်းသ်(အ.စ) ၏ အရိုက်အရာ ၊ ရာထူးဘက်မှ ခုခံပြောဆိုခဲ့ပြီး မိမိ၏ ရန်သူများ၏ သဘောသဘာ၀ နှင့် အခြေအနေကို ထုတ်ဖော်ပြသခဲ့သည်။ (173) အမဝီမင်းများ ၏ ဝါဒဖြန့် ဖိအားပေးမှုများသည် အဲဟ်လေဘိုင်းသ် (အလိုင်းဟိစ္စလာမ်) နှင့် အေမာမ်ဟစန် (အ.စ) တို့အပေါ် အမြဲဆန့်ကျင် နေသည့် အခြေအနေရှိပြီး အေမာမ်ဟစန်(ဟစန်)၏ ပါးနပ်မှု နှင့် ဉာဏ်အမြော်အမြင်ကြောင့် ၎င်းတို့၏ အကြံအစည်များသည် အမြဲပျက်ပြားစေခဲ့သည်။ သမိုင်းဝင် ဖော်ပြချက်များအရ အေမာမ်ဟစန်(အ.စ) နှင့် ၎င်းအား ဆန့်ကျင်သူများ ၊ ၎င်း၏ ရန်သူများ အကြား မိုနာဇေရဟ်(အခြေအတင် ဆွေးနွေးမှုများ) ရှိခြင်းကို ကြည့်ခြင်းအားဖြင့် အေမာမ်ဟစန်(အ.စ) သည် ပညာရှိလုပ်ရပ် ၊ ဉာဏ်အမြှော်အမြက်ရှိသော လုပ်ဆောင်ချက်ကို ပြုလုပ်ခဲ့ကြောင်း သိရပေသည်။ အစည်းအဝေး တစ်ခု၌ မိုအာဝီယာ၏ အုပ်ချုပ်မှုကို လက်ခံအားပေးကြသော သူများ ဥပမာ အွမ်ရို ဗင်န် အွစ်မားန် ၊ အွမ်ရို ဗင်န် အာစ် ၊ အွသ်ဘဟ် ဗင်န် အဘီ စိုဖီယားန် ၊ ၀လီးဒ် ဗင်န် အွက္က်ဘဟ် နှင့် မိုဂိုင်းရဟ် ဗင် ရှိအ်ဘဟ် တို့သည် မိုအာဝီယာ ၏အထံတော်တွင်ရှိခဲ့ပြီး အေမာမ်ဟစန်(အ.စ) တစ်ဦးတည်းသည် ကုရ်အာန်၏ အာယသ်တော်များ၊ စစ်မှန်သောသမိုင်းကြောင်း နှင့် တိကျခိုင်မာသော ကောက်နာတ်ချက်များကို အခြေခံ၍ ၎င်းတို့အားလုံးကို ရှုနှိပ်အောင် ပြုလုပ်ခဲ့သည်။ ထို့အပြင် အိစ္စလာမ် သာသနာ၌ အမီးရွလ်မိုအ်မေနီးန် အလီ(အ.စ) ၏ ဟက္က် ရပိုင်ခွင့် နှင့် အဲဟ်လေဘိုင်းသ်(အ.စ) ၏ မြင့်မြတ်သော အရိုက်အရာကို ရှင်းပြခဲ့သည်။ ထိုအရာများသည် မိုအာဝီယာ၏ ကြိုတင်ပြောဆိုချက်အရ မိုနာဇေရဟ်(အခြေအတင် ဆွေးနွေးမှုများ) ပွဲ မတိုင်မီ ပေါ်ပေါက်လာခဲ့သည်။ (174)

ရှဟာဒသ် နှင့် ရှီအာ များ၏ အခြေအမန ရှီအာ နှင့် စွန္နီ ကျမ်းကိုးများစွာ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် အဆပ်သင့်ပြီး ဆုံးပါးသွားခဲ့သည်။ (175) အချို့ အဆိုများအရ အေမာမ်ဟစန်(အ.စ) အား အကြိမ်ပေါင်း များစွာ အဆပ်ခတ်ခဲ့ကြပြီး သေခြင်းတရားမှ လွတ်မြောက်ခဲ့သည်။ (176) ၎င်း နောက်ဆုံး အဆပ်မိပြီး ဆုံးပါးခြင်းနှင့် ပတ်သက်ပြီး ရှီးခ်မိုဖီးဒ် ပြောထားသည်မှာ မိုအာဝီယာသည် မိမိ သား၏ အိမ်ရှေ့မင်း အရိုက်အရာအတွက် ဘိုင်အသ် သစ္စာခံယူစေရန် ဆုံးဖြတ်ချက် ချလိုက်သည့်အခါ အက်ရှ် အက်စ် ဗင်န် ကိန်းစ် ၏ သမီး(အေမာမ်ဟစန်(အ.စ) ၏ ဇနီး) ဖြစ်သူ ဂျိုအ်ဒဟ် ထံ ဒီရ်ဟမ် တစ်သိန်း ပေးပိုခဲ့ပြီး ခင်ပွန်းဖြစ်သူ ‌‌ေအမာမ်ဟစန်(အ.စ) ကို အဆိပ်ခတ်ပါက ယဇီးဒ် နှင့် လက်ထပ်စေမည်ဟု ကတိပေးခဲ့သည်။ (177) ဂျိုအ်ဒဂ် ဟူသော အမည်သည် အေမညမ်ဟစန်(အ.စ) သတ်သူ အဖြစ် အဲဟ်လေစွန္နသ် ကျမ်းပိုးများ၌လည်း လာရှိထားသည်။ (178) မာဒ်လူးန်ဂ် ဆိုသူ ယုံကြည်လက်ခံ ထားသည်မှာ မိုအာဝီယာ၏ ကိုယ်စားလှယ် ကိစ္စ ၊ ဇယီးဒ် ၏ အိမ်ရှေ့မင်း အရိုက်အရာအတွက် ကြိုးပမ်းမှု ၊ မိုအာဝီယာ နှသည် ဂျိုအ်ဒဟ် အား သွေးထိုးလှုဆော်မှု တို့တွင် အေမာမ်ဟစန်(အ.စ) အဆိပ်မိ့ခြင်းဆိုင်ရာ ရေဝါယသ်ကို အတည်ကြုကြောင်း ဖော်ပြထားသည်။ (179) အခြားကောက်နုတ် ဖော်ပြချက်များ၌ ဟင်န်ဒ် (အေမာမ်ဟစန်၏ ဇနီးများ အနက်မှ တစ်ဦး) (180) သို့မဟုတ် ကျွေး‌ကျွန်များ အနက်မှ တစ်ဦး (181) အား အေမာမ်ဟစန်(အ.စ) ကို အဆိပ်ခတ်သူ ဟူ၍ သတ်မှတ်ထားသည်။ ပြောထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် အဆိပ်မိ့ပြီး သုံးရက် (182) သို့မဟုတ် လေးရက် (183) သို့မဟုတ် ဆယ်လ (184) နေပြီးနောက် ဆုံးပါးသွားခဲ့သည်။ ဖော်ပြထားသည်မှာ အေမာမ်ဟစန်(အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် မဒီနဟ်မြို့သည် စည်းလုံးညီညွတ်စွာ ငိုကြွေးခဲ့ကြသည်။ (185) ထိုဘအပြင် မြေမြာပ်နှံသည့် အခါ၌လည်း ဘကီးအ် သချိုင်းသည် လူများဖြင့် ပြည့်သွားခဲ့ပြီး ခုနှစ်ရက် တိုင်တိုင် ဈေးများကို ပိတ်ခဲ့ကြသည်။ (186) အဲဟ်‌‌ေစွန္နသ်၏ အချို့ ကျမ်းကိုးများ၌ ဖော်ပြထားသည်မှာ အာရဗ် လူမျိုးများ၏ ပထမဦးဆုံး အရှက်ရမှုမှာ ဟစန် ဗင်န် အလီ(အ.စ) ၏ ဆုံးပါးမှုပင် ဖြစ်သည်။ (187)

တမန်တော်မြတ်(ဆွ)၏အနား မြုပ်နှံခြင်းမှ တားမြစ်ကြခြင်း

အချို့ ကျမ်းကိုးများ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် မိမိဆုံးသွားပြီးနောက် မိမိ့အား တမန်တော်မြတ်၏ ကဗဲရ်တော် အနားတွင် မြုပ်နှံ‌ ပေးဖို့ရန် မိမိ၏ ညီတော် အေမာမ်ဟိုစိုင်းန်(အ.စ) အား ၀စီယသ် သေတမ်းစာ မှာကြားသွားခဲ့သည်။ (188) ကောက်နုတ်ချက် တစ်ခုအရ ဟစန် ဗင်န် အလီ(အ.စ) သည် အာယေရှာ နှင့် ဆွေး‌နွေးခဲ့ပြီး သူမသည်လည်း သဘောတူညီခဲ့သည်။ (189) " အင်န်စာဖွလ်အက်ကှိရာဖ်" စာအုပ်၌ လာရှိထားသည့် ရေဝါယသ် အရ မရ်ဝါးန် ဗင်န် ဟကမ်သည် ဤသို့ ၀စီယသ် ပြုလုပ်ခြင်းမှ သတင်းရှိသွားသော အခါ မိုအာဝီယာ ထံ သတင်းပိုခဲ့သည်။ ထိုအခါ မိုအာဝီယာသည် ထိုသို့လုပ်ဆောင်ခြင်းမှ အပြင်းအထန် တားမြစ်ရန် ၎င်းအား အမိန့်ပေးခဲ့သည်။ (190) ရှီးခ်မိုဖီးဒ် (ဟီဂျရီ၄၁၃ ကွယ်လွန်) နှင့် သွီဘ်ရေစီ( ဟီဂျရီ၅၄၈ကွယ်လွန်) နှင့် အိဗ်နေ ရှဟ်ရ် အာရှူဘ် ( ဟှဂျရီ၅၈၈ ကွယ်လွန်) တို့၏ အဆိုများ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အ.စ) သည် မိမိ၏ ရုပ်ကလပ်တော်ကို တစ်ဖန် ကတိသစ္စာ ပြုဖို့ရန် တမန်တော်မြတ်၏ ကဗဲရ်တော် ရှိရာသို့ ခေါ်ဆောင်သွားပြီးနောက် မိမိ၏ အဖွား ဖြစ်သူ ဖွာသွေမဟ် ဗင်‌န်သေ အစက်ဒ် ၏ ကဗဲရ်တော် ရှိရာသို့ ခေါ်ဆောင်သွားရန် ၀စီယသ် သေတမ်းစာ မှာကြားခဲ့သည်။ (191) ဤသို့ ကောက်နုတ်ချက်များ၌ လာရှိထားသည်မှာ ဟစန် ဗင်န် အလီ(အ.စ) သည် မိမိအား မြုပ်နှံစဥ်အတွင်း ပဋိပက္ခမှန်သမျှကို ရှောင်ရှားဖို့ရန် မိန့်ဆိုခဲ့သည်။ (192) ထိုသို့ မှာကြားရခြင်းမှာလည်း သွေးမြကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ (193) ဗနီဟာရှင်မ် မျိုးနွယ်များသည် အေမာမ်ဟစန်(အ.စ) ၏ ရုပ်ကလပ်တော်ကို တမန်တော်မြတ်(ဆွ) ၏ ကဗဲရ် ရှိရာသို့ ‌သယ်ဆောင်သွားကြသော အခါ မရ်ဝါးန် သည် ဗနီအိုမိုင်ယာ မှ အုပ်စုအချို့နှင့်အတူ လက်နက်ကိုင်ဆောင်ကာ ဂျနာဇာ လာနေသည့် လမ်းကို ပိတ်လိုက်ကြပြီး အေမာမ်ဟစန်(အ.စ) အား တမန်တော်မြတ်(ဆွ) ၏ ကဗဲရ်တော် အနားတွင် မြုပ်နှံခြင်း မှတားမြစ်ခဲ့သည်။ (193) အဘွလ်ဖရက်ဂ်ျ အိဆ်ွဖွာဟာနီ (ဟီဂျကီ၃၅၆ ကွယ်လွန်) ဖော်ပြထားသည်မှာ အာယေရှာ သည် استری ကိုစီးပြီး မက်ဝါးန် နှင့် ဗနီအိုမိုင်ယာ တို့အား ကူညီရန် တောင်းဆိုခဲ့သည်။ ဘေလာဇဲရီ ဆိုသူ၏ ဖော်ပြချက်၌ လာရှိထားသည်မှာ အာယေရှာ သည် ရန်ပွဲဖြစ်ပွားပြီး သွေးထွက်သံယို ဖြစ်ပေါ်လာတော့မည်ကို သိမြင်သောအခါ၊ " ဒီအိမ်သည် ကျွန်မ၏ အိမ် ဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ မြုပ်နှံခွင့် မပြုပေ" ဟု ပြောခဲ့သည်။ (196) အိဗ်နေအဘ္ဘာစ် သည် လက်နက်ကိုင်ကာ ပြဿနာရှာရန် ရည်ရွယ်ချက်ရှိနေသော မရ်ဝါးန်ကို ပြောသည်မှာ " ကျွန်ုပ်တို့သည် ပေမာမ်ဟစန်(အ.စ) အား တမန်တော်မြတ်(ဆွ) ၏ အနား မြုပ်နှံဖို့ရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် တစ်ပြန် ကတိသစ္စာ ပြုဖို့ရန် နှင့် နုတ်ဆက်ဖို့ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အကယ်၍ အေမာမ်ဟစန်(အ.စ) သည် တမန်တော်မြတ်၏ အနား မြုပ်နှံပေးပါဟု ၀စီယသ် လုပ်ခဲ့ပါက ကျွန်ုပ်တို့သည် ထိုအလုပ်ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မည်သူမှ ကျွန်ုပ်တို့အား တားမြစ်လို ရမည် မဟုတ်ပေ။ " ထို့နောက်တွင်၊ အိဗ်နေအဘ္ဘာစ် သည် ဂျမလ် စစ်ပွဲတွင် အာယေရှာ ၏ ပါ၀င်မှုကို ထေ့ငေါ့ပြောဆိုခဲ့ပြီး သူမအား ရှုတ်ချခဲ့သည်။ (197) ဘကီးအ် သင်္ချိုင်းတော်၏ မြင်ကွင်း ထို့အတူ ဖော်ပြထားသည်မှာ မရ်ဝါးန် သည် " အွစ်မားန်ကို မြို့အပြင်၌ မြုပ်နှံခြင်းကို လက်မခံသော်လည်း ဟစန် ဗင်န် အလီ ကို တမန်တော်မြတ်၏ အနားတွင် မြုပ်နှံကြပါလေ" ဟုပြောခဲ့သည်။ (198) ဗနီဟာရှင်မ် မျိုးနွယ် နှင့် ဗနီအိုမိုင်ယာ မျိုးနွယ်တို့ အကြား ပဋိပက္ခ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ (199) သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ) မိမိ၏ အကိုတော်၏ ၀စီယသ် အရ ပဋိပက္ခကို တားဆီးခဲ့သည်။ အေမာမ်ဟစန်(အ.စ) ၏ ရုပ်ကလပ်တော်ကို ဘကီးအ် သင်္ချိုင်းတော်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဖွာသွေမဟ် ဗင်န်သေ အစက်ဒ်၏ အနား၌ မြုပ်နှံပေးခဲ့သည်။ (200) (201) အိဗ်နေအာရှုဘ် ဆိုသူ၏ အဆို၌ လာရှိထားသည်မှာ ဗနီအိုမိုင်ယာ တို့သည် အေမာမ်ဟစန်(အ.စ) ၏ ဂျနာဇာရှိရာဘက်သို့ မြှားများ ပစ်ခတ်ခဲ့သည်။ ဤဖော်ပြချက်အရ မြှားပေါင်း ၇၀ သည် အေမာမ်ဟစန်(အ.စ) ၏ ဂျနာဇာကို ထိုးဖောက်ခဲ့သည်။ (202)

ရှဟာဒသ် ဖြစ်သည့် ခုနှစ် သမိုင်းဆိုင်ရာ ကျမ်းကိုးများ၌ အေမာမ်ဟစန်(အ.စ) ၏ ရှဟာဒသ် ဖြစ်သည့် နှစ်ကို ဟီဂျရီ ၄၉ သို့မဟုတ် ဟီဂျရီ ၅၀ သို့မဟုတ် ဟီဂျရီ ၅၁ ခုနှစ် ဟူ၍ ကွဲပြားစွာ ဖော်ပြထားသည်။ (203) အခြားဖော်ပြချက်များလည်း ရှိပေသည်။ (204) အချို့သမိုင်း သုတေသီများသည် အနေအထား တစ်ခုအရ ဟီဂျကီ ၅၀ ခုနှစ်ကို မှတ်ကန်သည်ဟု သတ်မှတ်ထားကြသည်။ (205)


ဝေဆွာဘလရှီးရာဇီး ၏ ဆောင်းပါး : ၎င်း၏ အသည်းသွေး များသည် ပန်းကန်လုံးထဲ၌ ပြည့်သွားသည်။ နှစ်ပေါင်းများစွာ စီးဆင်းနေသော ထိုသွေးများသည် လည်ချောင်းထဲမှ သွန်ချပြီး ၎င်း၏ နှလုံးသားကို သုတ်သင်ပစ်လိုက်သည်။ (206)

၎င်းရှဟီးဒ် ဖြစ်သည့် လ နှင့်ပတ်သက်ပြီး ရှီအာ ကျမ်းကိုးများ၌ ဆွဖဲရ်လ (207) ဟာဖော်ပြထားပြီး အဲဟ်လေစွန္နသ်၏ ကျမ်းကိုးအများစု၌ ရဗီးအွလ်အောင်၀လ် လ (208) ဟု ဖော်ပြထားသည်။ ၎င်းရှဟာဒသ် ဖြစ်သည့်နေ့ သည်လည်း ရှီအာ ကျမ်းကိုးများ၌ ကွဲပြမှုများ ရှိပေသည်။ များစွာသော ပုဂ္ဂိုလ်များ ဥပမာ ရှီးခ်မိုဖီးဒ် (210) ၊ ရှီးခ်သူစီ(ဟီဂျရီ၄၆၀ ကွယ်လွန်) (211) ၊ သွီဘ်ရေစီး (ဟီဂျရီ၅၄၈ ကွယ်လွန်) (212) နှင့် အိဗ်နေရှဟ်ရ်အာရှုဘ် ( ဟီဂျရီ၅၈၈ကွယ်လွန်)(213) တို့သည် ဆွဖဲရ်လ ၂၈ ရက်နေ့ ဟုဖော်ပြထားသည်။ သို့သော် ရှဟီးဒ်အောင်၀လ် (ဟီဂျရီ၇၈၆ကွယ်လွန်) သည် ဆွဖဲရ်လ ၇ ရက်နေ့ (214) ၊ ကိုလိာင်နီ (215) သည် ဆွဖဲရ်လ နောက်ဆုံးနေ့ ဟု ဖော်ပြထားသည်။ ယဒ်ဒွလ္လာဟ် မိုကဒ္ဒက်စီး ဆိုသူသည် ထို ကွဲပြားသော အဆိုမျကို လေ့လာကိူကားခြင်းအားဖြင့် ဆွဖဲရ်လ ၂၈ ရက်နေ့ကို ထက်ပေါ် ကျော်ကြားသော နေ့အဖြစ် သတ်မှတ်ခဲ့သည်။ (216) အီရာန်နိုင်ငံတွင် ဆွဖဲရ်လ ၂၈ ရက်နေ့သည် တမန်တော်မြတ်(ဆွ) ကွယ်လွန်ခြင်း နှင့် အေမာမ်ဟစန် (အ.စ) ၏ ရှဟီးဒ် ဖြစ်သည့် နေ့အဖြစ် တရားဝင်ရုံးပိတ်ရက်ဖြစ်သည်။ လူထုသည် ထိုနေ့၌ အဇာဒါရီ ပြုလုပ်ကြသည်။ သို့သော် အချို့နိုင်ငံများ၌ ဥပမာ အီရတ် သည် ဆွဖဉရ်လ ၇ ရက်နေ့ကို အေမာမ်ဟစန်(အ.စ) အတွက် အဇာဒါရီ ပြုလုပ်ကြသည်။ (217) ရှေးခေတ်ကတည်းက နာဂျဖ်၏ စာသင်ကျောင်းများတွင် ဆွဖဲရ်လ ၇ ရက်နေ့ ကို ရှဟီးဒ် ဖြစ်သည့်နေ့ဟု သတ်မှတ်ခဲ့သည်။ ကွမ်း စာသင်ကျောင်းများ၌ ရှီးခ်အဘ်ဒွလ်ကရီးမ် ဟ။အီရီး ခေတ်ကတည်းက ထိုနေ့ကို အဇာဒါရီ ပြုလုပ်ဖို့ရန် ပိတ်ရက်အဖြစ် သတ်မှတ်ထားခဲ့သည်။ (218) (219) အေမာမ်ဟစန်(အ.စ) ၏ ရှဟာဒသ် ဖြစ်သည့်နေ့နှင့် ပတ်သက်ပြီး သမိုင်းကြောင်း၌ ကွဲပြားမှုများ ရှိနေသည်ကို ဂရုပြုခြင်းအားဖြင့် ရှဟာဒသ် ဖြစ်သည့်အချိန် အေမာမ်ဟစန်(အ.စ) ၏ သက်တော်မှာ ၄၆ နှစ် (22၀) သို့မဟုတ် ၄၇ နှစ် (221) သို့မဟုတ် ၄၈ နှစ် (222) ဟု သတ်မှတ်ထားသည်။

ဂုဏ်ပုဒ်များ နှင့် ထူးခြားမှုများ ယအ်ကူဘီ(ဂီဂျရီ၂၈၂ ကွယ်လွန်) ၏ အဆိုအရ ဟစန် ဗင်န် အလီ (အ.စ) သည် အပြင်ပိုင်း နှင့် လုပ်ဆောင်မှု အရ တမန်တော်မြတ်(ဆွ) နှင့် အလွန်တူညီသူ ဖြစ်သည်။ (223) ၎င်းသည် သင့်လျော်သော အရပ်အမောင်း ရှိပြီး ထူထပ်သော မုတ်ဆိတ်မွှေး ရှိပြီး (224) အနက်ရောင် ဒါန်း ဆိုးထားသည်။ (225) ၎င်း၏ တစ်ကိုယ်တည်း ဆိုင်ရာ ဂုဏ်ပုဒ် နှင့် လူမှုရေးဆိုင်ရာ ဂုဏ်ပုဒ်များ များ သည် အိစ္စလာမ့် ကျမ်းကိုးများ၌ ဤသို့ လာရှိထားသည်။

တစ်ကိုယ်တည်း ဆိုင်ရာ ဂုဏ်ပုဒ်များ ဟစန် ဗင်န် အလီ (အ.စ) ၏ တစ်ကိုယ်တည်း ဆိုင်ရာ ဂုဏ်ပုဒ်များ အကြောင်း ကျမ်းကိုးများ၌ လာရှိထားသည်မှာ တမန်တော်မြတ်(ဆွ) သည် အေမာမ်ဟစန်(အ.စ) အား အလွန် ချစ်တော်မူ၏။ မြောက်များစွာသော ရေဝါယသ်များ၌ တမန်တော်မြတ်(ဆွ) သည် မိမိ၏ မြေးတော် အေမာမ်ဟစန်(အ.စ) အား အလွန် ချစ်တော်မူကြောင်းနှင့် ပတ်သက်ပြီး လာရှိထားသည်။ ကောက်နုတ်ထားသည်မှာ တမန်တော်မြတ်(ဆွ) သည် အေမာမ်ဟစန်(အ.စ) အား ချီထားလျက် မိန့်တော်မူသည်မှာ အို အရှင်မြတ် ကျွန်ုပ်သည် ၎င်းအား အလွန် ချစ်တော်မူသည်။ ထိုကြောင့် အသင်လည်း ၎င်းအား ချစ်တော်မူပါ။ (226) တစ်ခါတစ်ရံ၌ တမန်တော်မြတ်(ဆွ) သည် ဂျမာအသ် နမာဇ်၌ စဂ်ျဒါ ပြုလုပ်နေစဉ် အေမာမ်ဟစန် (အ.စ) သည် ၎င်း၏ ကျောအပေါ်သို့ ခွထိုင်လိုက်သည့်အခါ တမန်တော်မြတ်(ဆွ) သည် စဂ်ျဒါ အနေအထားမှ ပြန်မထပဲ အေမာမ်ဟစန်(အ.စ) မိမိကျောပေါ်မှ ဆင်းသွားသည့် အချိန်ထိ စောင့်နေခဲ့သည်။ ထိုသို့ပြုလုပ်ရသည့် အကြောင်းအရင်းကို အဆ်ွဟာဘ် များက မေးမြန်းလာသည့်အခါ တမန်တော်မြတ်(ဆွ) သည် ကျွန်ုပ်၏ မြေးတော်သူ့စိတ်နှင့်သူ အောက်သို့ ဆင်းသွားစေလိုသောကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ (227) ဖရာအီဒွလ်စမ်သွီးန် စာအုပ်၌ လာရှိထားသည်မှာ တမန်တော်မြတ်(ဆွ) သည် အေမာမ်ဟစန်(အ.စ) နှင့်ပတ်သက်ပြီး မိန့်ဆိုထားသည်မှာ ၎င်းသည် ဂျန္နသ် သုခဘုံရှိ လုလင်ပျိုးများ၏ ခေါင်းဆောင် ဖြစ်ပြီး အွမ္မသ်လူထုအတွက် အရှင်မြတ်၏ သက်သေလက္ခဏာတော် ဖြစ်သည်။ မည်သူမဆို ၎င်းထံမှ နာခံလိုက်နာပါက ကျွန်ုပ်ထံမှ နာခံလိုက်နာခြင်းဖြစ်ပြီး မည်သူမဆို ၎င်းအား သွေဖီငြင်းဆန်ပါက ကျွန်ုပ်အား သွေဖီငြင်းဆန်ခြင်းပင် ဖြစ်သည်။ (228)

အေမာမ်ဟစန်(အ.စ) နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည့် ကျမ်းမြတ်ကုရ်အာန်မှ အာယသ်‌ေတာ်အချို့ ဟစန် ဗင်န် အလီ(အ.စ) သည် တမန်တော်မြတ်(ဆွ) ၏ အိမ်သူအိမ်သားများ အနက်မှ ဖြစ်သည်။ သက်ဖ်စီးရ် ပညာရှင်များ၏ အဆိုအရ ကျမ်းမြတ်ကုရ်အာန်မှ အာယသ်‌ေတာ်အချို့သည် ၎င်းနှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည်။ ဥပမာ အာယသ်သေ အိသ်ွအာမ် ၊ ရှီအာ နှင့် စွန္နီ တို့၏ ရေဝါယသ်များအရ ဤအာယသ်တော်သည် အဲဟ်လေဘိုင်းသ်(အ.စ) နှင့် ပတ်သက်ပြီး ကျရောက်ခဲ့ပြီး ၎င်းတို့၏ ထူးမြတ်သော ဂုဏ်ပုဒ် များအနက်မှ တစ်ခုဖြစ်သည်ဟု သတ်မှတ်ထားသည်။ (229) ထို့အတူ များစွာသော သက်ဖ်စီးရ် ပညာရှင်များသည် ရေဝါယသ်များကို ထောက်ထားခြင်းအားဖြင့် အာယသ်သေ မို၀က်ဒ်ဒက်သ် သည် တမန်တော်မြတ်(ဆွ) ၏ အဲဟ်လေဘိုင်းသ်(အ.စ) အတွက် ကျရောက်ခဲ့သည် ဟုပြောထားလေသည်။ (230) ဤအာယသ်သည် တမန်တော်မြတ်(ဆွ) ရေစာရသ် ၏ ဆုလာဘ်သည် အဲဟ်လေဘိုင်းသ်(အ.စ) အပေါ် အချစ်ထားခြင်းပင် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ အာယသ်သေ မိုဘာဟေလဟ် ၌လည်း နဂျရမ်၏ခရစ်ယာန်များနှင့်အတူ တမန်တော်မြတ်၏ မိုဘာဟေလဟ် အဖြစ်အပျက်တွင် အေမာမ်ဟစန်(အ.စ) နှင့် အေမာမ်ဟိုစိုင်းန်(အ.စ) တို့သည် «اَبناءنا» " ကျွန်ုပ်၏ သားများ"ဟူသော ဝေါဟာရ၏ စံနမူနာအဖြစ် ဖော်ပြပေးထားသည်။ (231) ထို့အတူ အာယသ်သေ သက်သ်ွဟီးရ် သည် အဲဟ်လေကိစ္စာ အတွက် ကျရောက်ခဲ့ပြီး အေမာမ်ဟစန်(အ.စ) သည် ထို အဲဟ်လေကိစ္စာ အနက်မှ တစ်ဦးဖြစ်သည်။ ဤအာယသ်ကို အဲဟ်လေဘိုင်းသ်(အ.စ) တို့သည် အပြစ်ကင်းစင်ကြယ်တော်မူကြောင်း သက်သေပြုပေသည်။ (232) အေဘာဒသ် ၊ အရှင်မြတ် နှင့် ဆက်နွယ်မှု အေမာမ်သည် ဝူဇူပြုပြီး နမာဇ်ဖတ်ရွတ်ရန် ပြင်ဆင်နေချိန်တွင် ခြေသလုံးများ တုန်ခါကာ အဝါရောင်ပြောင်းသွားလေသည်။ ထိုအကြောင်းကို အေမာမ်အား မေးမြန်းကြည့်ရာ “မိမိအရှင်မြတ်၏ ရှေ့တော်၌ ရပ်နေသူသည် ဖြူဖပ်ဖြူရော်ဖြစ်၍ ခြေသလုံးများ တုန်တုန်ယင်ယင်ဖြစ်ထိုက်သည်” ဟု မိန့်တော်မူ၏။ (233) အဘူခမီစဟ် ပြောသည်မှာ အေမာမ်ဟစန်(အစ) သည် နမာဇ် ဖတ်ကွတ်ရန်အတွက် မတ်တပ်ရပ်နေချိန်တွင် ၎င်း၏ အကောင်းဆုံးအဝတ်အစားများကို ၀တ်ဆင်ထားခဲ့သည်။ ထိုအခါ အဘယ်ကြောင့် သင်၏အကောင်းဆုံးအဝတ်ကို ဝတ်ဆင်သနည်းဟု မေးမြန်းကြရာ အေမာမ်ဖြေဆိုသည်မှာ – အရှင်မြတ်သည် ၎င်းကိုယ်တိုင် လှပပြီး အလှတရားကို နှစ်သက်သည်၊ ကျွန်ုပ်သည် အကောင်းဆုံးသောအဝတ်အစားများကို ၀တ်ဆင်ကာ ကျွန်ုပ်၏ အရှင်မြတ်ထံ မိမိကိုယ်ကို တင်ပြလိုပါသည်။ "(234) အေမာမ်စဂျာဒ် (အစ.) က အေမာမ်ဟစန် (အစ.) သည် အနန္တတန်ခိုးရှင် အရှင်မြတ်အား သတိရနေချိန်မှ လွဲ၍ မည်သည့်အခြေအနေမှာမှ မတွေ့ခဲ့ရဘူး ပေ ဟု မိန့်ဆိုထားသည်။ (235)

ဟဂျ် ခရီးစဉ်အား ခြေလျင်သွားခြင်း အေမာမ်ဟစန် (အစ.) သည် ဟဂ်ျသို့ အကြိမ်များစွာ ခြေလျင်သွားခဲ့ပြီး ၎င်းထံမှ ကောက်နုတ်ထားသည်မှာ အရှင်မြတ်၏ အိမ်သို့ လမ်းလျှောက်မသွားပဲ ၎င်းအား တွေ့ဆုံရခြင်းမှာ ရှက်ရွံသည်ဟု ဖော်ပြထားသည်။ (236) ဖော်ပြထာူသည်မှာ ၎င်းသည် ၁၅ ကြိမ် (237) သို့မဟုတ် အကြိမ် ၂၀ (238) သို့မဟုတ် ၂၅ ကြိမ် (239) ဟဂ်ျသို့ ခြေလျင်သွားခဲ့ပြီး အကောင်းဆုံးကုလားအုတ်များသည် ၎င်းအနောက်မှ လိုက်လာခဲ့သည်။ (240)

လူမှုရေးဆိုင်ရာ ဂုဏ်ပုဒ်များ အေမာမ်ဟစန်(အစ) ၏ လူမှုရေးလက္ခဏာများကို ကျမ်းကိုးများ၌ ဤသို့ ဖော်ပြထားသည်။ ၎င်း၏ ခန္နီသည်းခံခြင်းတရား ကို ချီးမွမ်းကြသည်။ အိစ္စလာမ့် ကျမ်းကိုးများ၌ ၎င်း၏ ခန္နီသည်းခံခြင်းတရား နှင့်ပတ်သက်ပြီး လာရှိထားပြီး ၎င်းအား «حَلیم» ခန္နီသည်းခံမှုရှသူ ဟု ခေါ်ဆိုကြသည်။ (241) အဲဟ်လေစွန္နသ် တို၏ အချို့ဘကျမ်းကိုးများ၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အစ)အား ရန်ငြိုးထားပြီး တမန်တော်မြတ်၏ဘေးတွင် မြာပ်နှံခြင်းမှ တားဆီးခဲ့သော မရ်ဝါးန် ဗင်န် ဟကမ် သည် ၎င်း၏ ဂျနာဇာတွင် ပါဝင်ခဲ့ပြီး ဂျနာဇာကို ထန်းခဲ့သည်။ ထိုအခါ ၎င်းအား အသင်သည် ဟစန် ဗင်န် အလီ အား ဘဝတစ်လျှောက်လုံး နာကျင်အောင် ပြုလုပ်ခဲ့သည် ဟု ကန့်ကွက်ကြသည့်အခါ မရ်ဝါးန် သည် "တောင်တန်းတွေလို သည်းခံတတ်တဲ့သူတစ်ယောက်ကို ကျွန်ုပ် နာကျင်အောင် ပြုလုပ်ခဲ့သည်" ဟု ဖြေဆိုခဲ့သည်။(242) ကောက်နုတ်ထားသည်မှာ ရှာမ် (ဆီးရီးယား) မှ အမျိုးသား တစ်ဦးသည် အေမာမ်ဟစန်(အစ) တွေ့သောအခါ ၎င်းအား ရှုတ်ချသော စကားများကို စတင်ပြောဆိုခဲ့သည်။ အေမာမ်ဟစန်(အစ) သည် ထို အမျိုးသား ပြောပြီးသွားသောအခါ ၎င်းအား စလာမ် ပိုသပြီး ပြုံးရွှင်သော မျက်နာဖြင့် " အသင်သည် ဤမြို၌ သူစိမ်းတစ်ယောက်ဖြစ်ပုံရသည်၊ အသင် လိုအပ်သမျှကို ကျွန်ုပ်အား ပြောခဲ့လို ရပါသည်" မိန့်ဆိုခဲ့သည်။ ထိုအခါ ထိုအမျိုးသားသည် ငိုကြွေးကာ အရှင်မြတ်သည် မိမိ၏ ရေစာလသ်ကို မည်သူထံ ပေးအပ်ရမည်ကို ကောင်းစွာ သိတော်မူသော အရှင် ဖြစ်၏" ဟူ၍ ပြောခဲ့လေသည်။ (243) ဆွလဝါးသ် တွင် အေမာမ်ဇမားန် (အဂျ) ၏ ဝိသေသ လက္ခဏာများကို ရေတွက်သူ ခဝါဂျေဟ် နဆွီရွလ်ဒီးနေသူစီး သည်လည်း အေမာမ်ဟစန်(အစ) ကို ခန္နီသည်းခံခြင်းတရား နှင့် ပြည့်စုံသူ ဟူ၍ ဖော်ပြထားသည်။

အရှင်မြတ် လမ်း၌ ပေးကမစွန့်ကြဲခြင်း နှင့် လုထုအား ကူညီရာ၌ ကျော်ကြားခြင်း အိစ္စလာမ့် ကျမ်းကိုးများတွင် ရှီအာများ၏ ဒုတိယောက်မြောက် အေမာမ်ကို ပေးကမ်းစွန့်ကြဲသူ ၊ ရက်လျောမှုရှိသူ ဟူ၍ မိတ်ဆက်ထားသည်။ ထိုနောက် ၎င်းအား " ကရီးမ်" နှင့် "ဂျဝါးဒ်" ဟူ၍ ခေါ်ဆိုကြသည်။ (244) ကောက်နုတ်ထားသည်မှာ ၎င်းသည် နှစ်ကြိမ်တိုင်တိုင် မိမိ၌ ရှိသမျှ ပစ္စည်းဥစ္စာများကို အရှင်မြတ်လမ်း၌ ပေးကမ်းစွန့်ကြဲခဲ့ပြီး သုံးကြိမ်တိုင် မိမိ၏ ပစ္စည်းဥစ္စာများကို နှစ်ပုံခွဲကာ ထိာမှ တစ်၀က်ကို မိမိအတွက် ချန်ထားပြီး ကျန် တစ်၀က်ကို လိာအပ်သူများအား ပေးကမ်းခဲ့သည်။ (245) အိဗ်နေရှဟ်ရ် အာရှူဘ် ၏ မနာကီဘ် စာအုပ်၌ လာရှိထားသည်မှာ အေမာမ်ဟစန်(အစ) ၏ ဆီးရီးယား ခရီးစဉ်အတွင်း၊ မိုအာဝီယာ သည် ပိုင်ဆိုင်မှုများစွာပါရှိသော လက်ဆောင်ကို ၎င်းအား ပေးခဲ့သည်။ အေမာမ်သည် မျုအာဝီယာ ထံမှ ထွက်လာသောအခါ၊ အစေခံတစ်ဦးသည် မိမိ၏ ဖိနပ်ကို ပြုပြင် ပေးနေသည်။ ထိုအခါ အေမာမ်သည်၎င်းအား ထို လက်ဆောင်များကို ပေးခဲ့သည်။ (246) ထို့အတူ ကျွန်အမျိုးသမီးသည် အေမာမ်အား ပန်းအကိုင်းအခက်ကို ပေးခဲ့ရာ အေမာမ်သည် ထိုကျွန်မကို လွှတ်ပေးလိုက်သည်။ ထိုနောက် " အရှင်မညတ်သည် ကျွန်ုပ်တိုအား ကောင်းမြတ်မှုရှိသည့်အခါတိုင်း ကျွန်ုပ်တို သည် ၎င်းထက် ပိုမိုကောင်းမွန်သော အရာကို လုပ်ဆောင်ရန် ဆုံးမသွန်သင်ပေးခဲ့သည်။ ဤပန်းအကိုင်းအခက် ထက် ပိုမိုကောင်းမွန်သည့်အရာမှာ ၎င်းအား လွှတ်ပေးလိုက်ခြင်း ပင် ဖြစ်သည်။ ဟု မိန့်ကြားခဲ့သည်။ (247) ထို့အတူ ပြောထားသည်မှာ တစ်နေ့တွင်၊ အေမာမ်ဟစန် (အစ) သည် အရှင်မြတ်က တစ်သောင်းပေးမည်ဟု ဆုတောင်းနေ သော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည့်အခါ မိမိ၏ အိမ်သို့ ပြန်လာပြီး ထိုငွေပမာဏကို ထိုအမျိုးသားထံပိုေဆာင်လိုက်သည် ။ (248) ဤသို့ ကြီးမားသော ရက်ရောမှုကြောင့် ၎င်းအား "ကီးမေယေ အဲဟ်လေဘိုင်းသ်" ဟုခေါ်ဝေါ်ခြင်းခံရသည်ဟု ဆိုကြသည်။ (249) သို့သော် ထိုသို့ အသုံးအနှုန်းသည် ရေဝါယသ်၌ မလာရှိထားပေ။ ထို့အတူ အေမာမ်ဟစန်(အစ) သည် လူအများကို ကူညီခြင်း ဆိုင်ရာနှင့် ပတ်သက်ပြီး ဖော်ပြချက်များ ရှိပေသည်။ ကောက်နုတ်ဖော်ပြထားသည်မှာ အေအ်သေကာဖ် နှင့် သွဝါဖ် ကို လုပ်လက်စအတိုင်း ထားခဲ့ပြီး အခြားသူများ၏ လိုအပ်မှုများကို ဖြည့်ဆည်းပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်ရခြင်း၏ အကြောင်းတရားကို တမန်တော်မြတ်(ဆွ) မှ လာရှိထားသ ့် ဟဒီးစ်တော် တစ်ခုအရ ဟု ဖော်ပြထားသည်။ ထိုဟဒီးစ်မှာ မည်သူမဆို မိမိတြိ့၏ မိုအ်မင်န် သာသနာ့ ညီအကို မောင်နှမများ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးပါက ထိုသူသည် နှစ်ပေါင်းများစွာ အေဘာဒသါ ပြုလုပ်သူ ကဲ့သို့ ဖြစ်ပေသည်။ (250)

အေမာမ်ဟစန်(အစ) ၏ အေဘာဒသ် ပြုလုပ်မှု နှင့် ပတ်သက်ပြီး ပြောထားသည်မှာ ဝူဇူ ပြုလုပ်သည့်အခါတွင် ၎င်း၏ အဆစ်များသည် တုန်နေပြီး မျက်နှာမှာ အဝါရောင်ပြောင်းသွားသည်... ဗလီအဝင်ဝသို့ ရောက်သောအခါ အို ကျေးဇူးရှင်။ ဒုစရိုက်သူသည် သင့်ထံသို့လာရောက်ပြီဖြစ်၍ အသင်၏ ကောင်းမှုဖြင့် ကျွန်ုပ်၏ မကောင်းမှုများကို လျစ်လျူရှု တော်မူပါ။ ဟယ၍ မိန့်ဆိုလေသည်။ အိဗ်နေရှဟ်ရ် အာရှုယဘ် ၊ မနာကီဘ် ၊ ဟီဂျရီ၁၃၇၉ ၊ အတွဲ၄ ၊ စာမျက်နှာ ၁၄

လက်အောက်ငယ်သားများဖြင့် ရိုသေနှိမ့်ချစွာ ပြုမူ ဆက်ဆံ လေ့ရှိသည်။ တစ်နေ့တွင် နံပြားအပိုင်းအစများ စားသော ဆင်းရဲသားတိုသည် အေမာမ်ဟစန်(အစ) တွေ့သောအခါ ၎င်းတို့ဘနှင့် အတူတူစားရန် ဖိတ်ခေါ်လေသည်။ ထိုအခါ အေမာမ်ဟစန်(အစ) သည် မြင်းအပေါ်မှ ဆင်းကာ ထိုဆင်းရဲသားများနှင့် အတူတူစားသောက်ခဲ့သည်။ ထိုနောက် အေမာမ်သည် ၎င်းတို့အား မိမိ့အိမ်သို့ လာကညကန် ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့အား အ၀တ်အစားများ နှင့် အစားအသေ က်များကို ပေးကမ်းခဲဘသည်။ (251) ထို့အတူ ရေဝါယသ် လာရှိထားသည်မှာ အေမာမ်၏ ေကျးကျွန်သည် ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့ အမှားကို ပြုလုပ်ခဲ့သည်။ ထို ကျေးကျွန်သည် အေမာမ်ဟစန်(အစ) အား «و العافین عن الناس» " လောကီသားတိုအား ခွင့်လွှတ်တော်မူပါ "ဟုပြောရာ အေမာမ်ဟစန်(အစ) သည် အသင့်အား ခွင့်လွှတ်ပါ၏ ဟူ၍ မိန့်ဆိုခဲ့သည်။ ထိုအခါ ကျေးကျွန်သည် ဆက်လက်ပြီး «و الله یحب المحسنین» " အရှင်မြတ်အား ကျိန်ဆိုပါ၏ ၊ ထိုအရှင်သည် ကောင်းမွန်သူများကို နှစ်သက်တော်မူ၏ " ဟုပြောရာ အေမာမ်ဟစန်(အစ) မိန့်တော်မူသည်မှာ အသင်သည် အရှင်မြတ် လမ်းတော်၌ လွတ်လပ်သောသူ ဖြစ်သည်။ အသင့်အား ခွင့်လွှတ်လိုက်ပြီ ဖြစ်သည်။ (252) လောကုတ္တရာ(နာမ်) ပိုင်းဆိုင်ရာ အမွေအနှစ် အေမာမ်ဟစန်(အစ) ထံမှ အကြောင်းအရာ အမျိူးမျိူး နှင့် ပတ်သက်ပြီး ရေဝါယသ်ပေါင်း ၂၅၀ ခန့်ကို ဖော်ပြထားသည်။ (253) ၎င်းတို့အနက်မှ အချို့ရေဝါယသ် များသည် အေမာမ်ဟစန်(အစ) ကိုယ်တိုင် မိန့်ဆိုထားပြီး အချို့ ရေဝါယသ်များသည် တမန်တော်မြတ်(ဆွ) ၊ အေမာမ်အလီ(အစ) နှင့် ဖွာသွေမဟ်(စအ) သခင်မတို၏ ဟဒီးစ်တော်များကို တစ်ဖြန် ကောက်နုတ်ထားခြင်း ဖြစ်သည်။ (254) မွစ်နက်ဒွလ် အိမာမွလ် မွဂ်ျသဗာ စာအုပ်၌ အေမာမ်ဟစန်(အစ) ၏ မိန့်ဆိုချက်များ ၊ စာများကို စုစည်း တင်ပြထားသည်။ ဤမိန့်ဆိုချက်များသည် များသောအားဖြင့် မိန့်ခွန်းများ ၊ တရားဒေသနာများ ၊ အမေးအဖြေများ ၊ ဒိုအာများ ၊ မိုနာဇေရဟ် (အခြေတင်ပြောဆိုမှုများ) နှင့် ယုံကြည်မှုပိုင်းဆိုင်ရာ နှင့် ဖီကဟ် ဓမ္မသက် ပိုင်းဆိုင်ရာ မေးခွန်းများကို အထောက်အထား နှင့်တစ်ကွ ဖော်ပြထားခြင်း ဖြစ်သည်။ (255) ဘလာဂသွလ် အိမာမွလ် ဟစန် စာအုပ်၌လည်း အေမာမ်ဟစန်(အစ) နှင့်ပတ်သက်ပြီး ထိုရေဝါယသ်များကို ဆောင်းပါးများနှင့် တစ်ကွ စုစည်းဖော်ပြထားသည်။ အဟ်မဒီ မီယားန်ဂျီးသည် မကာသီးဘွလ်အအင်မ်မဟ် စာအုပ်၌ အေမာမ်ဟစန်(အစ) ထံမှ စာ ၁၅ စောင်ကို ရေတွက်ထားပြီး ၎င်းတို့အနက်မှ စာ ၆ စောင်သည် မိုအာဝီယာထံ ပေးသည့် စာ ၊ စာ ၃စောင်သည် ဇေယာဒ် ဗင်န် အဘီယဟ် ကိုပေးသည့် စာ၊ စာ တစ်စောင်သည် ကူဖာမြိုသားများကို ပေးသည့်စာ ၊ စာတစ်စောင်သည် ဟစန် ဘဆွရီး သို့ ပေးသည့်စာ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ (256) ထို့အတူ အဟ်မဒီ မီယားန်ဂျီးသည် အေမာမ်ဟစန်(အစ) ထံမှ ၀စီယသ် သေတမ်းစာ ၇စောင်ကို စာစည်း ဖော်ပြထားပြီး ထို ၀စီယသ် စ။များသည် အေမာမ်ဟိုစိုင်းန်(အစ) သို့ ၊ မိုဟမ္မဒ် ဟနဖီယဟ် သို့ ၊ ကာစင်မ် ဗင်န် ဟစန် နှင့် ဂျနာဒဟ် ဗင်န် အဘီ အိုမိုင်ယဟ် သို့ မှာကြားခဲ့သည့် ၀စီယသ်စာများဖြစ်သည်။ (257) အဇီးဇွလ္လာဟ် အသွာရီး သည် အေမာမ်ဟစန်(အသ) ထံမှ ရေဝါယသ် ကောက်နုတ်ထားကြသည် ၁၃၈ ယောက်၏ အမည်များကို စာစည်းဖော်ပြထားသည်။ (258) ရှီးခ်သူစီး သည်လည်း လူဦးရေ ၄၁ ယောက်ကို အေမာမ်ဟစန်(အစ) ၏ အဆွ်ဟာဘ် အဖြစ် အမည်များ ဖော်ပြပေးထားသည်။ (259)

အေမာမ်ဟစန်(အစ) ၏ မိန့်ဆိုချက်များ အသိဉာဏ် မရှိသူသည် ယဉ်ကျေးသိမ်မွေ့မှု မရှိပေ ။ ကြိုးစား အားထုတ်မှု မရှိသူသည် သတ္တိမရှိပေ။ သာသနာမရှိသူသည် အရှက်တရား မရှိပေ။ ဆင်ခြင်တုံတရား ရှိခြင်းသည် လူတိုနှင့် ကောင်းမွန်စွာ ပေါင်းသင်း နေထိုင်နိုင်မည် ဖြစ်သည်။ လူသား၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် လောကီ နှင့် လောကုတ္တရာ နှစ်ဌာန စလုံးကို လက်၀ယ်ရရှိနိုင်ပြီး အသိ့ဉာဏ်မရှိသူသည် လောကီ နှင့် လောကုတ္တရာ နှစ်ဌာန စလုံးကို ဆုံးရှုးရ စေသည်။ (260) လူသားများကို အသင် ကြိုက်နှစ်သက်သည့် ပုံစံအတိုင်း ၎င်းတို့နှင့် ပြောဆိုဆက်ဆံပါလေ။ (261) ဘယ်ကလာသည် ၊ ဘယ်ကိုသွားနေမှန်း မသိသူနှင့် ညီအကို မဖွဲမိပါစေနှင့်။ (262) စလာမ် ပိုသခြင်းမရှိပဲ စကား ပြောသူကို ပြန်လည် မတုံပြန်ပါနှင့်။ (263) အမှား နှင့် အမှန် အကြား အကွာအဝေးကို မေးမြန်းသူအား ဖြေဆိုရာ၌ မိန့်တော်မူသည်မှာ အမှန် နှင့် အမှား အကြား လက်လေးချောင်းသာ ကွာခြားမှုရှိသည်။ အသင် မြင် တွေ့နေရသောအရာသည် အမှန်တရား သာလျှင်ဖြစ်၍ မည်မျှပင် နားဖြင့် မုသာစကားများစွာကို ကြားနိုင်ပါစေ။ (264)


ယဉ်ကျေးမှု နှင့် အနုပညာ ထုံးတမ်းဓလေ့များ နှင့် အနုပညာလက်ရာများအပါအဝင် ယဉ်ကျေးမှု နယ်ပယ်များတွင် ရှီအာများ၏ ဒုတိယ အေမာမ်၏ ရပ်တည်ချက်သည် ဂုဏ်ယူစရာပင် ဖြစ်သည်။ ဥပမာ

အေမာမ်ဟစန်(အစ) ၏ နဇဲရ် စားပွဲခင်း အီရာန်နိုင်ငံရှိ ဘာသာရေးထုံးတမ်းဓလေ့များ အနက်မှ တစ်ခုမှာ လိုအပ်ချက်များ ပြည့်၀စေရန် နဇဲရ် လုပ်ထားသည့် အေမာမ်ဟစန် (အစ) ၏ စားပွဲခင်းပင် ဖြစ်သည်။ ဤ စားပွဲခင်း၏ သမိုင်းကြောင်းကို ဆွဖဝီယာ ခေတ်မတိုင်မီကတည်းကဟု လူသိများကြသည်။ ဤစားပွဲပေါ်ရှိ အရာဝတ္ထုများ၏ အရောင်သည် အစိမ်းရောင်ဖြစ်ရပြီး အေမာမ်ဟစန်(အစ) ၏ အဇာဒါရီကို ပြုလုပ်ရမည် ဖြစ်သည်။ ဤနဇဲရ် စားပွဲခင်းသည် အမျိုးသမီးများ အကြားတွင် ပိုမိုရေပန်းစားပြီး ရိုးရှင်းပြီး အမျိုးမျိုးသော အစားအစာများအပြင် များသောအားဖြင့် ကုရ်အာန်၊ ဖယောင်းတိုင်များ၊ ပုခက်များနှင့် သက်သက်စ်ဘီးဟ်များကိုလည်း ထားရှိထားကြသည်။ (265)

ကွန်ဂရက် စီဘ်သွလ် နဗီ နိာင်ငံတကာ ကွန်ဂရက် စီဘ်သွလ် နဗီ အား သီးရ် လ အီရာန်နှစ် ၁၃၉၃ ခုနှစ်၌ မဂ်ျမအေ ဂျဟာနီယေ အဲဟ်‌လေဘိုင်းသ် နှင့် အခြားအဖွဲအစည်း အများအပြားသည် သီဟီရာန်တွင် ကျင်းပခဲ့သည်။ ဤကွန်ဂရက်တွင် လက်ခံရရှိသည့် ဆောင်းပါးပေါင်း ၁၃၀ ခန့်တွင် ဆောင်းပါး ၇၀ ကို ထုတ်ဝေရန် ရွေးချယ်ခဲ့သည်။ (266) နိုင်ငံတော်သမ္မတသည် ဤကွန်ဂရက်ဖွင့်ပွဲတွင် အဟ်လေဘိုင်းသ် (အစ) ဝီကီရှီအဟ်၏ စွယ်စုံကျမ်းကို ထုတ်ဖော်ပြသခဲ့သည်။ (267)

အထီးကျန်ဆုံး တပ်မှူး ရုပ်ရှင် အထီးကျန်ဆုံးတပ်မှူး ဟူသော ရုပ်ရှင်စီးရီးကို 1375 ခုနှစ်တွင် တွင်ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ အဆိုပါစီးရီးသည် အေအမ်ဟစန်(အစ) ၏ အတ္ထုပတ္တိ ၊ မိုအာဝီယာနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုသည့် အဖြစ်အပျက် ၊ အေမာမ်ဟစန်(အစ,) အသက်ရှင်နေထိုင်စဉ် ကာလ၌ အိစ္စလာမ့် လူထု နှင့် ရှီအာများ၏ အခြေအနေ နှင့် ၎င်း ရီဟာဇဒသ်ဖြစ်ပြီးနောက်ပိုင်း အခြေအနေများကို ဖော်ကြူးရိုက်ကူးထားခြင်း ဖြစ်သည်။ (268) အေမာမ်ဟစန်(အစ) အကြောင်း စာအုပ်များနှင့် ဆောင်းပါးများစွာ ရှိပါသည်။ "အေမာမ်မွဂျ်သဗာ(အစ)" ဟူသော ဘာသာရပ်ဆိုင်ရာ ဆောင်းပါးများတွင် ပါရှန်၊ အာရဗီ၊ တူရကီနှင့် အူရ်ဒူဘာသာဖြင့် ပုံနှိပ်ပြီး စာအုပ် ၁၃၀ ခန့်ကို ဖော်ပြထားပါသည်။ (269)

၎င်းတို့အနင်မှ အရေးကြီးဆုံးသော စာအုပ်များမှာ -

အခ်ဘာရွလ်ဟစန် ဗင်န် အလီ ၊ စိုခိုက်မားန် ဗင်န် အဟ်မဒ် သွီဘ်ရာနီး (ဟီဂျရီ ၃၆၀ ကွယ်လွန်) ရေးသားထားသည်။

အလ်ဟယားသွလ် ‌စီယာစီးယဟ် လိလ်‌အေမာမွလ် ဟစန် ၊ ဂျအ်ဖဲရ် မွရ်သဇွာ အာမိုလီ ရေးသားထားသည်။

ဟယားသွလ် အေမာမွလ်ဟစန် ဗင်န် အလီ ၊ ဘာကဲရ် ရှရီးဖ် ကိုရ်ရှီး ရေးသားထားသည်။

ဆိုလ်ဟွလ်ဟစန် ၊ ရာဇီ အာလေ ယာစီးန် ရေးသားထားပြီး အာယသွလ္လာဂ် စိာင်ယိဒ် အလီခာမေနအီးသည် ထိုစာအုပ်ကို အီရာန်နှစ် ၁၃၄၈ ခုနှစ်၌ ( ဆိုလ်ဟေ အေမာမ်ဟစန် သမိုင်းတွင် အမွန်မြတ်ဆုံး သူရဲကောင်းဆန်သူ ) ဟူသော အမည်ဖြင့် ၊ ပါရှန်းဘာသာစကားဖြင့် ထုပ်ဝေခဲ့သည်။ (270)

ဟာရှင်မ် ရစူလီ မဟ်လာသီ ရေးသားထားသည့် အေမာမ်ဟစန်၏ အတ္ထုပတ္တိ ။ ကာမီလေစိုလိုင်မားန် ရေးသားထားသည့် အလ်ဟစန် ဗင်န် အလီ ဒရာစဟ် ဝါ သဟ်လီးလ်။ ဟစန် မယစာ အလ်ဆွဖာရ် ရေးသားထားသည့် အလ်အေမာမွလ် ဟစန် ဝါ နက်ဟ်ဂျွလ်ဗနာအွလ် အိဂ်ျသေမာအီ။ မူစာ မိုဟမ္မဒ် အလီ ရေးသားထားသည့် ဟလီးမေအဲဟ်လေဘိုင်းသ်။ အဟ်မဒ် ရဟ်မာနီ ဟမေဒါနီ ရေးသားထားသည့် အလ်အေမာမွလ် မွဂ်ျသဗာ မဂ်ဂျသွလ် ကလ်ဘွလ် မွဆ်ွသွဖာ ။ ယင်းအား ဟိုစိုင်းန် အူစ်သာဒ် ၀လီ ဘာသာပြန်ထားပြီး ၊ အီရာန်နှစ် ၁၃၉၂ ၌ မနီးရ် ပုံနှိပ်တိုပ်မှ ထုပ်ဝေခဲ့သည်။

ဖက်ဟန့်ဂ် ဂျာမေအေ စိုခန်နားနေ အေမာမ်ဟစန် မွဂ်ျသဗာ (အစ) ၊ ဘာကဲရွလ်အိုလူးမ် သုတေသန၏ ဟဒီးစ်တော်စုစည်းမှု ၊ အလီ မိုဝိုင်ယဒီး ဘာသာပြန်ထားသည်။ ထို့အတူ ထို့အပြင် "ကန်ဂရေယေ စီဘ်သွလ်နဗီ" တွင်ရွေးချယ်ထားသော ဆောင်းပါးများ စုစည်းမှုကို အတွဲသုံးတွဲ ဖြင့်ထုတ်ဝေခဲ့သည်။ ဟက္ကာယီက္ကေ ပင်န်ဟားန်( ဖုံးလျှိနေသော အမှန်တရား) ၊ အေမာမ်ဟစန် မွဂ်ျသဗာ (အစ) ၏ နိုင်ငံရေးဗျူဟာ ဆိုင်ရာ ဘဝအကြောင်းကို လေ့လာသုံးသပ်ထားသည်။ ယင်းအား အဟ်မဒ် ဇမာနီ ရေးသားထားသည်။ ဘူစ်သာနေကေသာဘ် ကွမ်း ပုံနှိပ်တိုက်၊ ရှစ်ကြိမ်မြောက် ထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၉၄ ။