ဟိုင်ယ အလာ ခိုင်းရိလ်အမလ်

wikishia မှ

ဟိုင်ယ အလာ ခိုင်းရိလ်အမလ်(အာရဗီး-حَیَّ عَلیٰ خَیرِ العَمل) သည် အဇာန် နှင့် အေကာမဟ်၏ စကားစုများအနက်မှ ဖြစ်ပြီး အကောင်းဆုံးသောလုပ်ဆောင်မှုဆီသို လျှင်မြန်စွာ လာကြလေကုန် ဟု အဓိပ္ပါယ်ရပေသည်။ ရေဝါယသ်များအရ ထိုစာပိုဒ်သည် တမန်တော်မြတ်ကြီး(ဆွ) ခေတ်ကာလ၌ အဇာန် နှင့်အေကာမဟ်၏ စကားစုအနက်မှ ဖြစ်သည်။ သိုသော် ဒုတိယမြောက် လီဖွာသည် လူသားများကို ဂျေဟာဒ်သို ဖိတ်ခေါ်ဖိုရန် ယင်းစာပိုဒ်အား ဖြတ်တောက်ခဲ့သည်။

ရှီအာများသည် حَیَّ عَلیٰ خَیرِ العَمل ကို အဇာန် နှင့် အေကာမဟ်တို၌ ဖတ်ရွတ်ကြသည်။ သိုသော် အဲဟ်လေစွန္နသ်တိုသည် ယင်းကိုအာဇာန်၌ အသုံးမပြုပေ။ ထိုကြောင့် حَیَّ عَلیٰ خَیرِ العَمل သည် ရှီအာတို၏ သင်င်္ကေတ တစ်ခု ဖြစ်လာသည်။ သိုသော် الصلاةُ خَیرٌ مِنَ النَّوم ( နမာဇ်သည်အိပ်စက်ခြင်းထက် ပိုမိုသာလွန်ပေသည်) ဟူသောစာပိုဒ်သည် အဲဟ်လေစွန္နသ်တို၏ သင်သင်္ကေတစ်ခု ဖြစ်သည်။ الصلاة خیر من النوم သည် ဒုတိယခလီဖွာခေတ်ကာလ၌ အဇာန်တွင် ထပ်ပိုးတိုးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ရှီအာများ၏အမြင်၌ ဘိသ်အသ် (တရာတော်၌မရှီသည့်အရာ) ဟူ၍ သတ်မှတ်ထားသည်။

မြင့်မြတ်မှူ နှင့် အရေးပါမှု

( ဟိုင်ယာ အလာ ခိုင်းရိလ်အမလ်) ၏အဓိပ္ပါယ်မှာ အကောင်းဆုံးသောလုပ်ဆောင်မှုဆီသို လျှင်မြန်စွာ လာကြလေကုန် ဟူ၍ဖြစ်ပြီး အဇာန် နှင့် အေကာမဟ်၏ စကားစုများအနက်မှ ဖြစ်သည်။ ဤစာကြောင်းသည် ရှီအာ နှင့် စွန္နီ အာဇာန်၌ ကွဲပြားသည့်အရာများအနက်မှ တစ်ခုဖြစ်သည်။[၁] တစ်ခါတစ်ရံ၌ ထိုအစား «حَیَّ عَلَی الصّلاة» နှင့် «حی علَی الْفَلاح» စာကားစုများကို «حَیْعَلَه» ဟူ၍ ရည်ညွှန်းထားကြသည်။ [၂]

ဟိုင်ယ အလာ ခိုင်းရိလ်အမလ်(حَیَّ عَلیٰ خَیرِ العَمل)သည် အဇာန်၏ အစိတ်အပိုင်း ဖြစ်ပါသလား။

ရှီအာ ဖိကဟ်ပညာရှင်များသည် حَیَّ عَلیٰ خَیرِ العَمل ကို အဇာန် နှင့် အေကာမဟ်၏ အစိတ်အပိုင်းဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ ယင်းသည် حَیَّ عَلَی الفَلاح( အောင်မြင်ခြင်းထံသို အလျှင်အမြန် လျှောက်လှန်းကြလေကုန်) ဟူသော စကားစုပြီးနောက် လာရှိပေသည်။ [၃] သိုသော် အဲဟ်လေစွန္နသ်တို၏ ဖိကဟ်ပညာရှင်များသည် حَیَّ عَلیٰ خَیرِ العَمل ကို အဇာန်၏ အစိတ်အပိုင်းဟူ၍ လက်မခံပေ။ ထိုစာပိုဒ်အစား الصلاة خیر من النوم ကို ဖဂျရ်အဇာန်၌ ဆိုခြင်းအား မွစ်သဟဘ် ဖြစ်သည်ဟု လက်ခံထားကြသည်။[၄] ၎င်းတိုမြင်၌ حَیَّ عَلیٰ خَیرِ العَمل အဇာန်၌ ရွတ်ဆိုခညင်းသည် မကရှုဟ် ဖြစ်သည်။ [၅] ရေဝါယသ်များအရ တမန်တော်မြတ်ကြီး(ဆွ) ခေတ်ကာလ၌ حی علیٰ خیر العمل သည် အဇာန်၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။ [၆] ထိုအတူ အဆိုများလာရှိထားသည်မှာ အချိုသော ဆွဟာဘာများ ဥပမာ အဘ်ဒုလ္လာဟ် ဗင်န် အွမ္မရ် [၇]ဘိလ္လာလေဟဘရှီ[၈] နှင့် အဘုမဟ်ဇူရဟ်[၉] တိုဘသည် အဇာန်၌ حی علی خیر العمل ကိုဖတ်ခဲ့ကြသည်။

အဇာန်မှဖယ်ရှားခြင်း

အွမ္မရ် ဗင် ခသွာဘ် အုပ်ချုပ်သည့် ခေတ်ကာ ၌ ၎င်းသည် حی علیٰ خیر العمل ကို အဇာန်မှ ဖယ်ရှားခဲ့သည်။[၁၀] ရှီးခ်ဆူဒူက်၏ ပြောဆိုချက်အရ အိဗ်နေအဘာစ် မှကောက်နုတ်ထားသည်မှာ ဒုတိယခလီဖွာ၏ ရည်ရွယ်ချက်မှာ နမာဇ်ဖတ်ခြင်းသည် အကောင်းဆုံး လုပ်ဆောင်မှုဖြစ် သော်များလည်း လူတိုသည် ဂျီဟာဒ်ထံမှ ရှောင်သင့်ပေ ဟူ သော အချက်ကြောင့်ဖြစ်သည်။ [၁၁] အေမာမါကာဇွင်မ်(အစ)မှကောက်နုတ်ထားသည့်ရေဝါယသ်၌ ထိုသို ဖယ်ရှားရခြင်း၏ အဓိက နှင့် လျိုဝှက်အ‌ေကြာင်းအရင်း မှာ လူသားများ၏ သဘောထားကို ဝေလာယသ်မှ တားစီးရန် ( ထိုဝေလာယသ်သည် အကောင်းဆုံးသောလုပ်ဆောင်မှု ဖြစ်သည်) ဟု သိထားကြသည်။ မည်မျှပင် အပြင်ပိုင်း၌ လူသားများကို ဂျီဟတ်ထံမှ မလွှ ရှောင်သင့်ပေ ဟူသော အကြောင်းတရား ဖြင့် ဖော်ညွှန်းစေကာမှု။ [၁၂] မအာနီးယွလ်အခ်ဘာရ် ၌ လာရှိထားသည့် ရေဝါယသ်အရ အေမာမ်ဆွာဒီက်(အစ) သည် «حی علیٰ خیرالعمل»، နှင့်ပတ်သက်ပီးမေး ာသည့်မေးခွန်းအား ဖြေကြားရာ၌ အကောင်းဆုံးသောလုပ်ဆောင်မှုကို ဝေလာယသ် ဖြစ်သည်ဟု မိန့်ခဲ့သည်။[၁၃]

ရှီအာ အဇာန်၏ သင်္ကေတ

( ဟိုင်ယာ အလာ ခိုင်းရိလ်အမလ်)သည် ရှီအာတို၏ သင်င်္ကေတများအနက်မှ တစ်ခုဖြစ်သည်။ ထိုကြောင့် ရှီအာအုပ်ချုပ်သည့်ခေတ်ကာလ များ၌ ယင်းအား အဇာန်၌ ပြောလေ့ရှိသည်။ သိုသော် အဲဟ်လေစွန္နသ် အုပ်ချုပ်သည့်ခေတ်ကာလများ၌ ယင်းအား အဇာန်မှ ဖယ်ရှားခဲ့ကြသည်။

  • ဟီဂျရီ၁၆၉ခုနှစ်၌ ဟိုစိုင်န် ဗင်န် အလီ( ရှဟီးဒ်ဖသ်ဟ်) ၏ ကေယာမ် ပာန်ကန်မှု၌ မဒီနာကို သိမ်းပိုက်လိုက်သောအခါ ဖဂျရ်နမာဇ်၌ حی علیٰ خیرالعمل ကိုဖတ်ရန် အဇာန်ပေးသူအား အကျပ်ကိုင်ခဲ့သည်။ မဒီနာကိုအုပ်ချုပ်သူသည် ထိုစားကြောင်းကို ကြားလိုက်ခြင်းဖြင့် ထွက်ပြေးသွားခဲ့သည်။[၁၄]
  • ဖွာသွေမီးယာန်း အုပ်ချုပ်စဉ်ကာလအတွင်း ( ဟီဂျရီ၂၉၇-ဟီဂျရီ၅၆၇) မိဆ်ွရ်၌ အဇာန်တွင် حی علیٰ خیرالعمل ကိုဖတ်ခဲ့ကြလေသည်။[၁၅] ဟီဂျရီ ၃၅၉နှစ်၌ ပထမဆုံးအနေဖြင့် အိဗ်နေသူသူန် ဗလီ၌ حی علی خیر العمل ဖြင့်အဇာန်ဖတ်ခဲ့သည်။[၁၆] သိုသော် ဆွာလာဟုလ်ဒီးနေအယူဘီးသည် အီဂျစ်ကို သိမ်းပိုက်ပြီးနောက် ယင်းကို အဇာန်မှ ဖယ်ရှားခဲ့သည်။[၁၇]
  • အာလေဘူယေဟ် အုပ်ချုပ်စဉ်ကာလ၌ ( ဟီဂျရီ ၃၂၂- ၄၄၈၌အုပ်ချုပ်) အာဇာန်၌ حی علی خیر العمل ကိုဖတ်ခဲ့သည်။ စလ်ဂျူကီးယောန်း တို သိမ်းပိုက်လိုက်ျသာအခါ ယင်းကို အဌာန်မှ ဖယ်ရှားခဲ့သည်။[၁၈]
  • ဟီဂျရီ ၄၄၁နှစ်၌ ဘဂ္ဂဒက်မြို ကရ်ခ် ရပ်ကွပ်တွင် ဂိုဏ်းဂဏတိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ရှီအာများသည် အဇာန်၌ حی علیٰ خیر العمل ကိုဖတ်ခဲ့သည်။[၁၉] ဟီဂျရီ ၄၄၈နှစ်၌ အုပ်ချုပ်သူ၏ အမိန့်အရ «حی علیٰ خیرالعمل» ကို အဇာန်မှ ဖယ်ရှားခဲ့သည်။ الصلاة خیر من النوم ကို အဇာန်၌ အပိုထည့်ခဲ့သည်။[၂၀]

သက်စ်ဝီးဘ် «تثویب»သည် အဲဟ်လေစွန္နသ် အဇာန်၏ သင်္ကေတ

အဇာန်၌ حی علی خیر العمل အစား الصلاة خیر من النوم ဟူသောစာကြောင်း သိုမဟုတ် (تثویب) သည် အဲဟ်လေစွန္နသ် အဇာန်၏ သင်္ကေတ ဖြစ်သည်။ [၂၂]အေမာမီယဟ် နှင့် ဇိုင်ဒီယဟ် တို၏အမြင်၌ تثویب ( အဇာန်၌ الصلاة خیر من النوم အားအစားထိုး ထည့်သွင်းခြင်း) သည် ဘီသ်အသ် ( တရားတော်၌မရှိခဲ့သည့်အရာ) ဖြစ်သည်။[၂၃] အဘယ်ကြောင့်ဆိုသော် ဆွာဟဘာ၏ ပြောစကား နှင့် လာပ်ဆောင်ချက်သည် ဟွဂ္ဂျသ် သက်သေသာဓက မဟုတ်ပေ သိုသော် မအ်စူးမ်များ၏ ပြောစကား ၊ လုပ်ဆောင်ချက် နှင့် အရိပ်အမွတ်သည်သာလျှင် ဟွဂ္ဂျသ် သက်သေသာဓကဖြစ်သည်။[၂၄]

ခိုင်းရွလ်အမလ် ၏ဆိုလိုရင်း

အချိုရေဝါယသ်များ၌ خیر العملအား နမာဇ် ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။ [၂၅]သိုသော် အချိုဟဒီးစ်တော်များအရ خیر العمل၏ ဆိုလိုရင်းမှာ ဝေလာယသ်[၂၆] သိုမဟာတ် ဖွာသွေမဟ်သခင်မ နှင့် ၎င်း၏ သားသမီးများအား ကောင်းမှုပြုခြင်း[၂၇] ဖြစ်သည်ဟု လာရှိထားသည်။

تک‌نگاری

الاذان بحی علی خیر العمل

ဟိုင်ယာအလာ ခိုင်းက် ရိလ်အမလ် နှင့်ပတ်သက်ပြီး ရလဒ်များကို ကောက်နုတ်ထားလေသည်။ ။ ၎င်းတိုမှာ

( အလ်အဇာနုလ် ဘေဟိုင်ယာ အလာ ခိုင်းရိလ်အမလ်) ဟူသောစာအုပ်သည် ဇိုင်ဒီယဟ်အိုလမာများအနက်မှ တစ်ဦးဖြစ်သူ မိုဟမ္မဒ် ဗင်န် အလီ ‌ဗင်န် ဟစန် အလဝီ ( ဟီဂျရီ ၃၆၇-၄၄၅) ၏စာအုပ်ဖြစ်သည်။ ထိုစာ အုပ်၌ حی علی خیر العمل သည်အဇာန်၏ အစိတ်အပိုင်းဖြစ်ခဲ့သည်ဟူသော ရေဝါယသ်များကို စုစည်းထားလေသည်။ဇိုင်ဒီယဟ်များသည် ထိုအတူ အေမာမီယဟ်များသည်လည်း حی علی خیر العمل ကို အဇာန်၏ အစိတ်အပိုင်းဖြစ်သည်ဟု လက်ခံထားကြသည်။ [၂၈] ထိုစာအုပ်သည် ဇိုင်ဒီ သုတေသနတစ်ဦးဖြစ်သူ မိုဟမ္မဒ် ယဟ်ယာ စာလင်မ် အဇ်ဇာန်၏ သုတေသနပြုထားသော စာအုပ်ဖြစ်ပြီး ဘဒ်ရွလ်အင်လ်မီး ၀လ် စကာဖီ စာအုပ်ပုံနှိပ်တိုက်၌ ဟီဂျရီ၁၄၁၈ မီလာဒီ ၁၉၉၇တွင် စွန်အာမ် ၌ ထုတ်ဝေခဲ့သည်။

(ဟိုင်ယာ အလာ ခိုင်းရိလ် အမလ် ဘိန်းနုလ် ရှီအဟ် ၀လ် အ်ဘ်သေဒါအ် ) ဟူသောစာအုပ်သည် မိုဟမ္မသ် စာလင်မ် အဇ်ဇာန် ရေးသားထားသောစာအုပ် ဖြစ်သည်။ ဤစာအုပ်သည် စ မျက်နှာ ၈၀ရှိပြီး ဟီဂျရီ ၁၄၁၉နှစ်တွင် ယမန်၌ ထုတ်ဝေခဲ့သည်။[၂၉] (ဂျွဇ်အီယသွန် ဟိုင်ယာ အလာ ခိုင်းရိလ် အမလ် ဖီလ် အဇာန်) သည် အဘ်ဒုလ်အမီးရ် စုလ်သွာနီ ရေးသားထားသောစာအုပ်ဖြစ်ပြီး မဂ်ျမအုလ်ဂျဟာနီမှ ထုတ်ဝေခဲ့သည်။ ( အလ်အဇာနု ဘိန်းနလ် အဆွာလဟ် ၀လ် သဟ်ရီးဖ် ဟိုင်ယာ အလာ ခိုင်းရိလ် အမလ် အလ်ရှ်အီးယသုလ် ရှအာရီယဟ်) သည် ဆိုင်ယဒ်အလီရှဟ်ရိစ်သာနီ ရေးသားထားသောစာအုပ်ဖြစ်သည်။ ( ဟိုင်ယာအလာခိုင်ူရိလ်အမလ် မစာအိလု ရှရ်အီယဟ် ဘိန်းနလ် စွန္နဟ် ၀လ် ဘဒ်အီယဟ်) သည် ဆိုင်ယဒ် မိုဟမ္မဒ်မဟ်ဒီ ခရ်စာန် ရေးသားထားသောစာအုပ်ဖြစ်သည်။ [၃၀]

မှတ်စုများ

  1. အာမေရီး၊حَیَّ عَلیٰ خَیرِ العَمل في الاذان၊ စာမျက်နှာ ၅၂
  2. အန်စွာရီး၊ အလ်မှုစူအသုလ် ဖကီးဟီးယသုလ် မီးစရဟ်၊ ဟီဂျရီ ၁၄၁၅၊ အတွဲ၁၃၊စ။မျက်နှာ၂၁၉
  3. ဆိုင်ယဒ်မုရ်သဇွာ၊ အလ်အင်န်သေဆွာရ်၊ ဟီဂျရီ ၁၄၁၅၊ စာမျက်နှာ၁၃၇
  4. ကြည့်ပါ ဂျဇီးရီး၊ အလ်ဖိက်ဟုလ် အလက်လ် မဇာဟိ ဘုလ် အရ်ဘအဟ်၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၂၈၃
  5. ကြည့်ပါ နှုရီး၊ အလ်မဂ်ျမအွလ် ရှရ်ဟုလ် မဟ်ဇဘ်၊ ဒါရုလ်ဖိကိရ်၊ အတွဲ၃၊ စ မျက်နှာ ၁၉၈
  6. ကြည့်ပါ ဘီဟက္ကီး၊ အလ်စွနန်နုလ်ကုဘ်ရာ၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၆၂၅
  7. မာလီက် ဗက်န် အနက်စ်၊ အလ်ျမာင်သွာအ်၊ အလ်မက်သဘသုလ်အိလ်မီးယဟ်၊ အတွဲ၁၊ စာမျက်နှာ၅၅၊ ဘီဟက္ကီး၊ အလိစွနန်နုလ် ကုဘ်ရာ၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၆၂၅
  8. ဘီဟက္ကီး၊ အလိစွနန်နုလ် ကုဘ်ရာ၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၆၂၅
  9. အဇာန်၊ حی علیٰ خیر العمل၊ ဟီဂျရီ၁၄၁၉၊စာမျက်နှာ၂၁
  10. သက်ဖ်သာဇာနီ၊ ရှရ်ဟုလ်မကာဆွီဒ်၊ ဟီဂျရီ၁၄၀၉၊အတွဲ၅၊စာမျက်နှာ၂၈၃
  11. ဆူဒူက်၊အိလက်လ်လုရှရ ယေအ်၊အီရာန်နှစ်၁၃၈၅၊အတဲွ၂၊စာမျက်နှာ၃၆၈
  12. ဆူဒူက်၊အိလက်လ်လုရှရ ယေအ်၊အီရာန်နှစ်၁၃၈၅၊အတဲွ၂၊စာမျက်နှာ၃၆၈
  13. ဆူဒူက်၊ မအာနီယုလ်အက်ခ်ဘာရ်၊ဟီဂျရီ၁၃၉၉၊စာမျက်နှာ၄၁
  14. အဘူဖရက်ဂ်ျ အိဆ်ွဖွာဟာနီ၊မကာသီလုလ်သွာလေဘီးန်၊ဒါရုလ်မအ်ရေဖဟ်၊စာမျက်နှာ၃၇၅
  15. အိဘ်နေခလ်ဒူးန်၊ ဒီဝါးနုလ်မုဘ်သေဒါအ်၊ဟီဂျရီ၁၄၀၈၊အတွဲ၄၊စာမျက်နှာ၆၁
  16. p16 အိဘ်နေအစီးရ်၊အလ်ကာမိလ်၊ဟီဂျရီ၁၃၈၅၊အတွဲ၈၊စာမျက်နှာ၅၉၀
  17. အိဘ်ျနကစီးရ်၊အလ်ဘေဒါယသု ၀လ် နေဟ ယဟ်၊ဟီဂျရီ၁၄၀၇၊အတွဲ၁၂၊စာမျက်နှာ၂၆၃
  18. ဟလ်ဘီး၊အစ်စီးရသုလ်ဟလ်ဘီးယဟ်၊ဒါရုလ်ကုသုဘုလ်အိလ်မီးယဟ်၊အတွဲ၂၊စ မျက်နှာ၁၃၆
  19. အိဘ်နေကစီးရ်၊ အလ်ကာမိလ်၊ဟီဂျရီ၁၃၈၅၊အတွဲ၉၊စာမျက်နှာ၅၆၁
  20. အိဘ်နေကစီးရ်၊ အလ်ကာမိလ်၊ဟီဂျရီ၁၃၈၅၊အတွဲ၉၊စာမျက်နှာ၆၃၂
  21. ကာရှာနီ၊သ ရီးခေ အူလဂျိုင်ယ်သူးန်၊ အီရာန်နှစ်၁၃၄၈စ မျက်နှာ၁၀၀
  22. ကြည့်ပါ မာလိက် ဗင်န် အနက်စ်၊ အလ်မောင်သွာအ်၊ အလ်မက်သဘသုလ်အိလ်မီယဟ်၊ အတွဲ၁၊စာမျက်နှာ၅၄
  23. ဆိုင်ယဒ်မုရ်သဇွာ၊ အလ်မစာအိလုလ်နာဆွေရီယာသ်၊ ဟီဂျရီ၁၄၁၇၊စ မျက်နှာ၁၈၃
  24. မိုဟက္ကိဒါမာသ်၊ အူစူလေဖိကိဟ်မှ အကြောင်းအရာတစ်ခု၊ အှရာန်နှစ်၁၃၆၂၊စာမျက်နှာ၄၅
  25. ရှီးလိဆူဒူက်၊ အိုယူးနုလ်အက်ခ်ဘာရုလ်ရေဇွာ ၊ ဟီဂျရီ၁၃၇၈အတွဲ၈၊စာမျက်နှာ၁၃၆၊ အိဘ်နေဟိုင်ယူးန်၊ ဒအာအင်မုလ်အိစ္စလာမ်၊ဟီဂျရီ၁၃၈၅အတွဲ၁စာမျက်နှာ၁၄၂၊ ြိုလိုင်နီ၊ အလ်ကာဖီ၊ဟီဂျရီ၁၄၀၇၊အတွဲ၇၊စာမျက်နှာ၄၅
  26. ရှီးခိဆူဒူက်၊ အိလက်လုလ်ရှရာယေအ်၊အီရာန်နှစ်၁၃၈၅ အတွဲဍ္၂၊စာမျက်နှာ ၃၆၈၊ဟဒီးစ်၄၊ ရှီးခိဆူဒူက်၊ အသ်သောင်ဝ်ဟီးဒ်၊ ဟီဂျရီ၁၃၉၈စ မျက်နှာ၂၄၁
  27. ရှီးခိဆူဒူက်၊ အိလက်လုလ်ရှရာယေအ်၊အီရာန်နှစ်၁၃၈၅ အတွဲဍ္၂၊စာမျက်နှာ ၃၆၈၊ဟဒီးစ်၅၊ ရှီးခိဆူဒူက်၊ အသ်သောင်ဝ်ဟီးဒ်၊ ဟီဂျရီ၁၃၉၈စ မျက်နှာ၂၄၁
  28. ခိုင်းရ်၊ စိာယူး ် အောင်ဝ် ဟိုင်ယ အလာ ခိုင်းရိလ်အမလ်? စာမျက်နှာ၁၀၈
  29. အဇ်ဇာန်၊ ဟိုင်ယာအလာခိုင်းရိလ်အမလ် ဘိန်းနလ် ရှရ်အီယဟ် ၀လ် အိဘ်သေဒအ်၊ ဟီဂျရီ၁၄၁၉၊စ အုပ်ပါအကြောင်းအရာ
  30. ခဲရ်စာန်၊ ဟိုင်ယာအလာခိုင်းရိလ်အမလ်၊ အီရာန်နှစ်၁၃၈၆၊စာအုပ်ပါအကြောင်းအရာ

ကျမ်းကိုးများ