နမာဇ်

wikishia မှ

နမာဇ်(အာရဗီ-الصلاة) ဆိုသည်မှာ မွတ်စ်လင်မ် တို့၏ အရေးကြီးဆုံးသော ခဝတ်ကိုးကွယ်မှု ဆိုင်ရာ လုပ်ဆောင်ချက် ဖြစ်ပြီး သီးခြား ဇီကီရ်များ နှင့် လှုပ်ရှားမှုတို့ ပါဝင်သည်။ ရေဝါယသ်၌ ယင်းအား “ သာသနာ့အုတ်မြစ်” ၊ “ အခြားသော လုပ်ဆောင်ချက်များ လက်ခံစေသည့်အရာ” ဟူ‌သော ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။ နမာဇ်၌ သီးခြား အဲဟ်ကာမ် ဥပဒေသများ နှင့် ကျင့်ဝတ်များ ရှိပေသည်။ ဥပမာ ဝူဇူဖြင့် ကိဗ်လဟ်ဘက်သို့ မျက်နှာမူကာ ဖတ်ရွတ်ရမည် ၊ ထို့အပြင် တစ်ဦးချင်း ပုံစံ နှင့် အုပ်စုဖွဲ့ ပုံစံ တို့ဖြင့် ဖတ်ရွတ်နိုင်ပြီး ဂျမာအသ် အုပ်စုဖြင့် ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ နမာဇ်များကို ဝါဂျီဘ် နှင့် မွတ်စ်သဟဘ် ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ ဝါဂျီဘ် နမာဇ်များမှာ : နေ့စဉ်ဖတ်ရွတ်ရမည့် နမာဇ်ငါးကြိမ်နမာဇေ အာယာသ်နမာဇေသွဝါဖ်နမာဇေမိုင်ယသ်မိဘများအတွက် အစားဖတ်ပေးသည့် နမာဇ်နဇဲရ် ၊ ကတိ နှင့် ကစမ် ပြုလုပ်ထားသည့် နမာဇ် စသည်တို့ ဖြစ်သည်။ နေ့စဉ်ဖတ်ရွတ်ရမည့် နမာဇ်ငါးကြိမ်၏ နာဖေလဟ် နမာဇ်များ နှင့် နမာဇေရှက်ဗ် တို့သည် မွတ်စ်သဟဘ် နမာဇ်များ ဖြစ်ကြသည်။ ရေဝါယသ်၌၊ နမာဇ်အား မေ့လျော့ခြင်း နှင့် အလေးအနက် မထားခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများကို ဖော်ပြထားသည် ။ ဥပမာ အဲဟ်လေဗိုင်သ်(အစ) ၏ ရှဖှာအသ် ပေးသနားမှုမှ ကင်းဝေးပေမည်။ နမာဇ်ကို နှောင့်နှေးစွာ ဖတ်ရွတ်ခြင်း၊ စိတ်ပါဝင်စားစွာဖြင့် နမာဇ် မဖတ်ခြင်း၊ စသည်တို့သည် နမာဇ်အား အလေးအနက် မထားခြင်း၏ အချင်းလက္ခဏာများ ဖြစ်ကြသည်။ ထို့အပြင်၊ အရှင်မြတ်အား အောင့်မေသတိရခြင်း၊ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် ရုပ်တုကိုးကွယ်ခြင်း တို့ကို တိုက်ဖျက်ခြင်း၊ အကျင့်ပျက်ခြစားမှုတို့ကို တားဆီးခြင်း၊ စသည်တို့သည် နမာဇ်၏ ဝါဂျီဘ် ဖြစ်ရသည့် အကြောင်းတရားများ ဖြစ်ကြသည်။ အခြားသော ဘာသာတရားများ၌လည်း နမာဇ် ဆုတောင်းဝတ်ပြုမှု ရှိပေသည်။ သို့သော် ဘာသာတရား အလိုက်သင့် ကွဲပြားမှုများ ရှိပေသည်။

အရိုက်အရာ နှင့် အရေးပါမှု

နမာဇ်သည် မွတ်စ်လင်မ်များ၏ ခဝတ်ကိုးကွယ်မှုဆိုင်ရာ လုပ်ဆောင်ချက် ဖြစ်ပြီး ၎င်းနှင့် ပတ်သက်ပြီးကုရ်အာန်၌ ၉၈ ကြိမ်(1) လာရှိထားသည်။ (2) ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များအရ၊ နမာဇ်သည် အပြစ်များကို ဟန့်တားစေသည့်အရာ (3) ၊ အောင်မြင်မှု၏ အကြောင်းခံ (4) ပြဿနာများ၌ လူသားများအား ကူညီပေးသည့်အရာ (5) အရှင်မြတ်ဘက်မှ တမန်တော်များကို အထူးမှာကြားသည့်အရာ (6) တမန်တော်များ အထူးသဖြင့် ၎င်းတို့၏ မိသားစုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ (7) စသည်တို့ ဖြစ်သည်။ နမာဇ်သည် အစ္စလာမ်သာသနာ၏ အဓိက အုပ်မြစ်ဖြစ်သည်။ (8) ဖက္ကီးဟ် ပညာရှင်များ၏ ဖသ်ဝါအရ မည့်သည့်အခြေအနေမျိုးမှ ရှောင်လွဲ၍မရသော အေဘာဒသ် ခဝတ်ကိုးကွယ်မှု တစ်ခု ဖြစ်သည်။ (9) နမာဇ်အား ရှောင်ကြဉ်ခြင်းသည် ကြီးမားသော အပြစ်ငရဲမှ ဖြစ်ပြီး (10) ကုဖ်ရ် နှင့် နေဖာက္က် တို့၏ အချင်းလက္ခဏာ များဖြစ်သည် (11) ဟူ၍ သတ်မှတ်ထားသည်။ ဝစာအိလုလ်ရှီအဟ် နှင့် မုစ်သက်ဒ်ရက္က် စာအုပ်များ၌၊ နမာဇ် နှင့်ပတ်သက်ပြီး ဟဒီးစ်ပေါင်း ၁၁၆၀၀ ကျော် ‌ကောက်နုတ်ဖော်ပြထားသည်။ (12) ဖိက္ကဟ် စာအုပ်များတွင်လည်း၊ ကိသာဘုလ်ဆွလာဟ် ဟူသော ခေါင်းစဉ်ဖြင့် အခန်းတစ်ခန်း ပါရှိပြီး နမာဇ်၏ သီးခြား အဲဟ်ကာမ် ဥပဒေသများ နှင့် ကျင့်ဝတ်များကို ဖော်ပြထားသည်။ (13) နမာဇ် ၏ အကျိုးအာနိသင်များ နှင့်ပတ်သက်ပြီး ရေးသားဖော်ပြထားသည့် စာအုပ်များ လည်းရှိသည်။ ယင်းတို့မှာ အီရာန်နှစ် ၁၃၇၆ ခုနှစ်အထိ ၊ စာအုပ်ပေါင်း နှစ်ထောင်ခန့် နှင့် စာမူများ ၊ ကျမ်းဂန်ပေါင်း ရာနှင့်ချီသော စာသားကဗျာများ စသည်တို့ ဖြစ်သည်။ (14) ၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ဗလီပေါင်း ၃,၆၀၀,၀၀၀ ခန့် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ (15) အများသူငှာ နေရာများနှင့် လမ်းများတွင်လည်း နမာဇ် ဖတ်နိုင်ဖို့ရန် ဆုတောင်းခန်းမ များကို တည်ဆောက်ခဲ့ကြသည်။ ဟဒီးစ် သုသေတီ ဖြစ်သူ မုဟမ္မဒ် ရိန်းရှဟ်ရီ (အီရာန်နှစ် ၁၄၀၁ ကွယ်လွန်) ၏ အဆိုအရ၊ နမာဇ်သည် တမန်တော် ဖူးပွင့်သည့်ကာလ အစပိုင်း နှင့် မက္ကာမြို့တွင် ဝါဂျီဘ် ဖြစ်ခဲ့သည်။ (16) ဗေဟာရုလ်အန်ဝါရ် ၌ လာရှိထားသည့် ရေဝါယသ် တစ်ခု အရ၊ တမန်တော်မြတ်(ဆွ)သည်၊ တမန်တော် အရိုက်အရာ ဆက်ခံပြီး တစ်ရက်အကြာ၊ အေမာမ်အလီ(အစ)ဟဇရသ်သေ ခတီဂျာ(စအ) နှင့် အခြားသူများ နှင့်အတူ နမာဇ် ဖတ်ခဲ့လေသည်။ (17)

နမာဇ် နှင့်ပတ်သက်ပြီး ရေဝါယသ်များတွင် သုံးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • သာသနာ၏ အုတ်မြစ် ဖြစ်သည်။(18)
  • အရှင်မြတ်၏ ပထမဦးဆုံးသော ဝါဂျီတာဝန် ဖြစ်သည်။ (19)
  • လုပ်ဆောင်မှုဆိုင်ရာ ပထမဦးဆုံး စစ်ဆေးမည့်အရာ ဖြစ်သည်။ (20)
  • မိုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ မဲအ်ရာဂ်ျ ဖြစ်သည်။ (21)
  • အီမာန် သက်ဝင်ယုံကြည်မှု၏ လက္ခဏာ ဖြစ်သည်။ (22)
  • အရှင်မြတ်နှင့် နီးစပ်ဖို့ရန် အကောင်းဆုံးသော ဝစီလာ အကြောင်းခံတစ်ခု ဖြစ်သည်။ (23)
  • ဂျန္နသ် သုခဘုံ၏ သော့ဖြစ်သည်။(24)
  • စစ်မှန်သော ရှီအာများကို အသိပညာပေးခြင်း၏ အကြောင်းခံ ဖြစ်သည်။ (25)
  • ဒိုအာလက်ခံစေသည့် အကြောင်းခံ ဖြစ်သည်။ (26)
  • နာမ်ပိုင်းဆိုင်ရာ စင်ကြယ်သန့်ရှင်းစေသည့်အရာ ဖြစ်သည်။ (27)
  • ရှိုင်ဿွာန်ကို ဆန့်ကျင်သည့် ခန်တပ် ဖြစ်သည်။ (28)
  • အပြစ်များကို ကုစားပေးသည့်အရာ ဖြစ်၏။ (29)
  • ရှိုင်ဿွာန်အား နှင်ထုပ်ခြင်း၏ အကြောင်းခံ ဖြစ်သည်။ (30)
  • ဆွေရာသ် တံတားမှ ဖြတ်ကူးပိုင်ခွင့် ရှိသည့်အရာ ဖြစ်သည်။ (31)
ရူကုအ်

နမာဇ် ဖတ်ရွတ်ပုံ

  • ပထမ ရကအသ်

ဦးစွာ ဝူဇူ ပြုလုပ်ရမည်။ ထို့နောက် ကိဗ်လဟ် ဘက်သို့ မျက်နှာမူကာ မတ်တပ်ရပ်ပြီး နီယသ် ပြုလုပ်ရမည်။ ထို့နောက်၊ သက္က်ဘီးရသုလ်အဟ်ရာမ် ပြောရမည် ၊ ဆိုလိုသည်မှာ ၊လက်နှစ်ဖက်ကို နားရွက်အထိ မြှောက်ပြီး “အလ္လာဟုအက္က်ဘရ်” ဟုပြောရမည်။ ထို့နောက်၊ စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် တစ်ပုဒ် ဖတ်ရမည်။ ဖတ်ပြီးနောက်၊ ရူကုအ် သွားကာ ရူကူအ်၏ ဇီကီရ်ကို ဖတ်ရွတ်ရမည်။ ခေါင်းမော့ပြီး ရူကူအ်မှ ပြန်ရပ်ရမည် ထို့နောက် စဂ်ျဒါ ပြုလုပ်ရမည်။ စဂ်ျဒါ၌ ၊ စဂ်ျဒါ ဇီကီရ်ကို ဖတ်ရမည်။ ထို့နောက်၊ ဒူးနှစ်ချောင်းပေါ် ကွေးထိုင်ကာ နောက်တစ်ကြိမ် စဂျဒါ ပြုလုပ်ပြီး စဂ်ျဒါ ဇီကီရ်ကို ဖတ်ရမည်။ (32) ရူကုအ် ဇီကီရ်မှာ «سُبحانَ رَبّیَ العظیمِ و بِحَمدِه» စဂ်ျဒါ ဇီကီရ်မှာ «سُبحانَ رَبّیَ الاَعلیٰ وَ بِحَمدِه» သို့မဟုတ် «سبحانَ‌الله ကို သုံးကြိမ် ပြောရမည်။ ရကအသ် တိုင်း၏ ရူကုအ် နှင့် စဂ်ျဒါ ၌ ဤသို့ဖတ်ရွတ်ရမည်။ (33)

စဂ်ျဒါ
  • ဒုတိယ ရကအသ်

ဒုတိယ စဂ်ျဒါပြီးနောက် ၊ မတ်တပ်ရပ်ကာ ပထမ ရကအသ် အတိုင်း စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ်တစ်ပုဒ်ကို ဖတ်ရွတ်ရမည်။ ဖို့နောက် ကိုနူသ် ဖတ်ရမည်။ ကိုနူသ် ၌၊ လက်ဖဝါးများကို ကောင်းကင်သို့ မြှောက်ကာ ကိုနူသ် ဒိုအာကို ဖတ်ရမည်။ ကိုနူသ်ပြီးနောက်၊ ရူကူအ်သွားပြီး ရူကုအ် ဇီကီရ်ကို ဖတ်ရမည်။ ရူကူအ် ပြီးနောက် ၊ မတ်တပ်ရပ်ကာ ပထမ ရကအသ် အတိုင်း၊ စဂ်ျဒါ နှစ်ကြိမ် ပြုလုပ်ရမည်။ (34) ကိုနူသ်၌ «رَبَّنا آتِنا فِی الدُّنْیا حَسَنَةً وَ فِی الْآخِرَةِ حَسَنَةً وَ قِنا عَذابَ النَّار» သို့မဟုတ် အခြား ဒိုအာတစ်ခုကို ဖတ်ရွတ်ရမည်။

သရှဟ်ဟွဒ်
  • သရှဟ်ဟွဒ်

ဒုတိယ စဂ်ျဒါပြီးနောက်၊ ဒူးနှစ်ချောင်း အပေါ်ထိုင်ကာ သရှဟ်ဟွဒ် اَشْهَدُ اَنْ لااِلهَ اِلاَّ الله وَحْدَهُ لاشَرِیكَ لَهُ، وَاَشْهَدُ اَنَّ مُحَمَداً عَبْدُهُ وَ رَسُولُه، اَلّلهُمَّ صَلِّ عَلی مُحَمَّد وَ آلِ مُحَمَّد ကို ဖတ်ရွတ်ရမည်။ (35)

  • နမာဇ်၏ စလာမ်

နှစ်ရကအသ် နမာဇ်၌၊ သရှဟ်ဟွဒ် ပြီးနောက်၊ စလာမ် ဖတ်ရမည်။ ယင်းမှာ اَلسَّلامُ عَلَیْكَ اَیُّهَا النَّبِیُّ وَ رَحْمَةُ الله وَ بَرَکاتُهُ، اَلسَّلامُ عَلَیْنا وَ عَلی عِبادِ الله الصّالِحینَ، اَلسَّلامُ عَلَیكُمْ وَ رَحْمَةُ الله وَ بَرَکاتُهُ ဖြစ်ပြီး နမာဇ်ကို အဆုံးသက်ရမည်။ (36)

  • သုံးရကအသ် နှင့် လေးရကအသ် နမာဇ်

သရှဟ်ဟွဒ် ဖတ်ပြီးနောက် မတ်တပ်ရပ်ကာ سُبْحانَ الله وَ الْحَمْدُ لِله وَ لا اِلهَ اِلّا الله وَ الله أكْبَر ကို သုံးကြိမ် ဖတ်ရမည်။ ထို့နောက် ၊ ရူကူအ် နှင့် စဂ်ျဒါ ပြုလုပ်ရမည်။ သုံးရကအသ် နမာဇ်၌ ၊ သုံးရကအသ် နမာဇ်၏ ဒတိယ စဂ်ျဒါ ပြီးနောက် ၊ သရှဟ်ဟွဒ် နှင့် စလာမ် ဖတ်ရမည်။ လေးရကအသ် နမာဇ်၌၊ သုံးရကအသ် နမာဇ်၏ ဒတိယ စဂ်ျဒါ ပြီးနောက် ၊ မတ်တပ်ရပ်ကာ သစ်ဘီးဟေ အရ်ဘအဟ် ကို ဖတ်ပြီး ရူကူအ် ပြုလုပ်ရမည် ထို့နောက် စဂ်ျဒါ နှစ်ကြိမ် ပြုလုပ်ပြီးသည့်အခါ သရှဟ်ဟွဒ် နှင့် စလာမ် ဖတ်ရမည်။ (37)

နမာဇ်၏ ဥပဒေသများ နှင့် ကျင့်ဝတ်များ

မိုဟိုရ်

နမာဇ်၏ ဝါဂျီဘ် အစိတ်အပိုင်းများသည် နမာဇ်၏ အဓိက အစိတ်အပိုင်းများ ဖြစ်ပြီး ကျော်ကြားသော ဖကီးဟ် ပညာရှင်များ၏ အမြင်အရ၊ ထိုအစိတ်အပိုင်းများမှာ : နီယသ်ကေယာမ် (မတ်တပ်ရပ်ခြင်း) ၊ သက္က်ဘီးရသုလ်အဟ်ရာမ်ရူကူအ်စဂ်ျဒါစူရဟ် ဟမ်ဒ် နှင့် အခြစူရဟ် တစ်ပုဒ်အား ဖတ်ရွတ်ခြင်း ၊ ဇီကီရ် (ရူကူအ် နှင့် စဂ်ျဒ် ဇီကီရ်) ၊ သရှဟ်ဟွဒ်စလာမ် နှင့် သရ်သီးဘ် နှင့် မိုဝါလာသ် ( နမာဇ်၏ အစိတ်အပိုင်းများကို အစဥ်လိုက်ဖတ်ခြင်း) တို့ဖြစ်သည်။ (38) နမာဇ်၏ ဝါဂျီဘ် အစိတ်အပိုင်းများကို အခြေခံကျသော ဝါဂျီဘ် အစိတ်အပိုင်းများ နှင့် အခြေခံ မကျသော ဝါဂျီဘ် အစိတ်အပိုင်းများ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ပထမ ဝါဂျီဘ် အရာငါးခုသည် ၊ နမာဇ်၏ အခြေခံကျသော ဝါဂျီဘ် အစိတ်အပိုင်းများ ဖြစ်ပြီး အကယ်၍ ရည်ရွယ်ချက် ရှိရှိ ဖြစ်စေ ၊ မေ့လျော့၍ဖြစ်စေ ၊ မှား၍ဖြစ်စေ၊ အပို၊ အလို ဖြစ်သွားပါက နမာဇ်ကို ပျက်ပြားစေသည်။ အခြားကျန်ရှိသော ဝါဂျီဘ်ခြောက်ခုသည် နမာဇ်၏ အခြေခံ မကျသော ဝါဂျီဘ်အစိတ်အပိုင်းများ ဖြစ်ကြပြီး ရည်ရွယ်ချက် ရှိရှိ ပျက်ကွက်မှသာလျှင် နမာဇ်ကို ပျက်စေသည်။ (39) နမာဇ် ပျက်စေသည့် အရာများ         နမာဇ်သည် ‌ေအာက်ပါအချက်များမှ တစ်ချက်ဖြင့် ပျက်ပြားစေသည် ၊

  • ဂိုစူလ် ထိုက်သည့် အရာတစ်ခုခု ဖြစ်ပေါ်လာခြင်း သို့မဟုတ် ဝူဇူ ပျက်စေသည့်အရာ တစ်ခုခု ဖြစ်ပေါ်လာခြင်း
  • ကိဗ်လဟ် ဘက်မှ မျက်နှာလွဲလိုက်ခြင်း
  • ရည်ရွယ်ချက်ရှိရှိ စကားပြောခြင်း။
  • ရည်ရွယ်ချက်ရှိရှိ ရယ်ခြင်း၊ အသံထွက်အောင် ရယ်ခြင်း
  • လက်ပိုက်ဖက်ခြင်း
  • ရည်ရွယ်ချက်ရှိရှိ ငိုခြင်း၊ လောကီရေးရာအတွက် အသံထွက်အောင် ငိုကြွေးခြင်း (40)
  • စူရဟ် ဟမ်ဒ် ပြီးေနာက် အာမီးန် ပြောခြင်း
  • နမာဇ် ဖတ်နေသည့် အနေအထားမှ ပပြောက်သွားခြင်း ဥပမာ အပေါ် အောက် ခုန်ခြင်း၊ လက်ခုပ်တီးခြင်း
  • စားခြင်း နှင့် သောက်ခြင်း
  • နှစ်ရကအသ် နမာဇ် နှင့် သုံးရကအသ် နမာဇ် သို့မဟုတ် ‌လေကအသ် နမာဇ်များ၏ ပထမ နှစ်ရကအသ် နမာဇ်တွင် ဖတ်ပြီးခဲ့သော ရကအသ်များ၏ အရေအတွက် နှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်း
  • နမာဇ်၏ အခြေခံကျဆုံးသော ဝါဂျီဘ် အစိတ်အပိုင်းများကို ရည်ရွယ်ချက် ရှိရှိ ဖြစ်စေ ၊ မေ့လျော၍ ဖြစ်စေ အပို အလို ပြုလုပ်ခြင်း သို့မဟုတ် နမာဇ်၏ အခြေခံ မကျသော ဝါဂျီဘ် အစိတ်အပိုင်းများကို ရည်ရွယ်ချက်ရှိရှိ အပို အလို ပြုလုပ်ခြင်း (41) တို့ဖြစ်သည်။
င့် ဂျမာအသ်နမာဇ် ဖတ်ရွတ်ခြင်း

အခြားသော ဥပဒေသများ

  • သန့်ရှင်းမှု ရှိရခြင်း ၊ ဝါဂျီဘ်နမာဇ်များအတွက် ဝူဇူပြလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (42) အချို့ နေရာများ၌ ၊ ဝူဇူအစား သယမွမ် ပြုလုပ်ရမည်၊ ဥပမာ ၊ ရေရှာမတွေ့ပါက၊ ရေသည် မိမိအတွက် အန္တရာယ်ရှိခြင်း နှင့် နမာဇ်အချိန် အလွန်နည်း ‌ေနခြင်း (43)
  • နမာဇ်ဖတ်မည့်နေရာ ၊ နမာဇ်ဖတ်မည့်နေရာ အတွက် ပညတ်ချက် အချို့ကို ဖော်ပြထားသည် ၎င်းတို့မှာ မိုဘာဟ် ( လုယူထားသည့်နေရာ) မဖြစ်ရပေ။ လှုပ်ရှားနေသည့် နေရာ မဖြစ်ရပေ၊ အညစ်အကြေး ရှိ‌သည့် နေရာ မဖြစ်ရပေ၊ နဖူး ချမည့်နေရာသည် ဒူးနှစ်ဖက် ချမည့်နေရာအထက် လက်လေးချောင်း ထက်ပို၍ မမြင့်ရပေ သို့မဟုတ် မနှိမ့်ရပေ။ (44)
  • နမာဇ်ဖတ်သူ၏ အဝတ်အစား၊ အမျိုးသားသည် အရှက် အင်္ဂါကို ဖုံးအုပ်ထားရပြီး အမျိုးသမီးသည် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားရမည်။ သို့သော် မျက်နှာ၊ လက် နှင့် ခြေထောက်များကို လက်ကောက်ဝတ်အထိ ဖုံးအုပ်ဖို့ရန် မလိုအပ်ပေ။ (45)
  • နမာဇ်အား ကိဗ်လဟ် ဘက်သို့ မျက်နှာမူ၍ ဖတ်ရမည်။ (46)
  • နမာဇ်အား တစ်ဝက်ဖတ်ခြင်း ၊ ခရီးသွားသူသည် လေးရကအသ် နမာဇ်များကို နှစ်ရကအသ် ဖတ်ရမည် ။ (47) တရားဝင်သောခရီး ဖြစ်ဖို့ရန်အတွက် ၊ ပညတ်ချက်များ လိုပေသည်။ ဥပမာ စုစုပေါင်း အသွားအပြန်ခရီးသည် အနည်းဆုံး ၄၀ နှင့် ၄၅ ကီလိုမီတာ အကြား ရှိရမည်။ (48)

နမာဇ်၏ ကျင့်ဝတ်များ နမာဇ်အတွက် ကျင့်ဝတ်များ နှင့် မွတ်စ်သဟဘ်များ ဖော်ပြထားပြီး ၎င်းတို့ အနက်မှ အချို့မှာ ၊ နမာဇ်၏ ပထမအချိန်၌ နမာဇ် ဖတ်ရွတ်ခြင်း၊ နမာဇ် ဖတ်ဖို့ရန်အတွက် မိမိကိုယ်ကို အလှဆင်ခြင်း၊ ဗလီဂျမာအသ် (အုပ်စုလိုက်) ပုံစံဖြင့် နမာဇ် ဖတ်ခြင်း၊ နမာဇ်၏ အစပိုင်း၌ ဒိုအာတောင်းခြင်း၊ စိတ်ရောကိုယ်ပါ နမာဇ်ဖတ်ခြင်း (49) တို့ဖြစ်သည်။ နမာဇ် ပြီးနောက် ဖတ်ရွတ်သင့်သည့် ဒိုအာများကိုလည်း ဖော်ပြထားသည်။ ဥပမာ အာယသုလ်ကုရ်စီ ဖတ်ခြင်း၊ ဟဇရသ်သေ ဇဲဟ်ရာ(စအ) ၏ သစ်ဘီးဟ်ကို ဖတ်ခြင်း နှင့် ရူကူရ် စဂ်ျဒါ ပြုလုပ်ခြင်း (50) တို့ ဖြစ်သည်။ အချို့သော် ကျင့်ဝတ်များသည် မဖှာသီးဟုလ်ဂျန်နာန် ၌ဖော်ပြပေးထားသည်။ (51)

ဝါဂျီဘ်နမာဇ်များ နှင့် မွတ်စ်သဟဘ် နမာဇ်များ

ဝါဂျီဘ်နမာဇ်များ ဆိုသည်မှာ မဖြစ်မနေ ဖတ်ကိုဖတ်ရမည့် နမာဇ်များ ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် အချိန်၌ မဖတ်ခဲ့ပါက ယင်းအား အစားပြန်ဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ ထိုနမာဇ်များမှာ ‌ေအာက်ပါတို့ ဖြစ်သည်။

  • နေ့စဉ် ဖတ်ရွတ်ရမည့် နမာဇ် ငါးကြိမ် ၊ ၁၇ ရကအသ် ရှိပေသည်။ အချိန်ငါးချိန် (နံနက် ၊ နေ့ခင်း၊ ညနေ ၊ မဂ်ရီဘ် နှင့် အရှာ) တို့၌ ဖတ်ရမည် ဖြစ်ပြီး ထိုအချိန်၏ အမည်များဖြင့် လူသိများပေသည်။
  • နမာဇေ အာယာသ်၊ ငလျင်လှုပ်ခြင်း၊ လကြတ်ခြင်းညနှင့် နေကြတ်ခြင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ် အချို့ ဖြစ်ပွားသည့်အခါ ဖတ်ရွတ်ရမည့် နမာဇ်ဖြစ်သည်။
  • နမာဇေမိုင်ယသ်၊ မွတ်စ်လင်မ် လူသေအား မြေမမြုပ်မီ ဖတ်ရွတ်ပေးရသည့် နမာဇ် ဖြစ်သည်။ မွတ်စ်လင်မ် လူသေအား ထိုနမာဇ် မဖတ်ရွတ်ပဲ မြေမြုပ်ပိုင်ခွင့် မရှိပေ။
  • နမာဇေသွဝါဖ်၊ ကအ်ဗဟ် ကျောင်းတော်ကို သွဝါးဖ် ပြုလုပ်ပြီးနောက် ဖတ်ရွတ်ရသည့် နမာဇ် ဖြစ်သည်။
  • သားအကြီးဆုံး မှ ဖတ်ပေးရမည့် မိဘများ၏ ကဇွာနမာဇ်များ။
  • နဇဲရ်ကတိ နှင့် ကစမ် ပြလုပ်ထာူသော နမာဇ်များ(52) စသည်တို့ ဖြစ်ကြသည်။

မွတ်စ်သဟဘ် နမာဇ်များ မွတ်စ်သဟဘ် နမာဇ်များမှာ ၊ နာဖီလလ် နမာဇ်များ ၊ တစ်နည်းအားဖြင့် ဖတ်ရွတ်ရန် ဝါဂျီဘ် မဟုတ်သည့် နမာဇ်များ၊ သို့သော် ထိုနမာဇ်များကို ဖတ်ရွတ်ဖို့ရန် တိုက်တွန်းထားသည်။ ဥပမာ နေ့စဉ်ဖတ်ရွတ်သင့်သည့် နာဖီလဟ် နမာဇ်များ နှင့် နမာဇေ ရှက်ဗ် တို့ဖြစ်သည်။ (53) ဝီသီရ် နမာဇ် မှလွဲပြီး အခြားသော မွတ်စ်သဟဘ် နမာဇ်များ သည် နှစ်ရကအသ် များသာ ဖြစ်ကြသည်။ (54)

နမာဇ်အား အလေးမထားခြင်း၏ ဆိုးကျိုးများ

အေမာမ်ဆွာဒီက်(အစ) မိန့်တော်မူသည်မှာ إِنَّ شَفَاعَتَنَا لَا تَنَالُ مُسْتَخِفّاً بِالصَّلَاة ကျွန်ုပ်တို့၏ ရှာဖှာအသ် ကြားဝင်အသနားခံမှုသည် နမာဇ်အား အလေးအနက် မထားသူများထံ မရောက်ရှိပေ။ ရှီးခ်ဆူဒူက်၊ အလ်အမာလီ၊ အီရာန်နှစ် ၁၃၇၆ ‌၊ စာမျက်နှာ ၄၈၄ တမန်တော်မြတ်(ဆွ) مَن اَحسَنَ صَلاتَه حتّى تَراها الناس، وَ أساءَها حينَ يَخلو، فَتِلکَ استهانة မည်သူမဆို ၊ လူများရှေ့တွင် ဂရုတစိုက် နမာဇ်ဖတ်ပြီး ၊ လူကွယ်ရာ၌ ဂရုတစိုက် နမာဇ်ခြင်းသည် နမာဇ်အား လျစ်လျူရှုခြင်းပင် ဖြစ်သည်။ နူရီ၊ မုစ်သဒ်ရကုလ် ဝစာအီလ်၊ ဟီဂျရီ ၁၄၀၈ ၊ အတွဲ ၃ စာမျက်နှာ ၂၆ အဲဟ်လေဗိုင်သ်(အစ) တို့၏ ရှဖှာအသ်မှ ကင်းဝေးခြင် (55) အဘူဘဆွီးရ် ကောက်နုတ်ထားသည့် ရေဝါယသ် တစ်ခုအရ ၊ အေမာမ်ဆွာဒီက်(အစ) သည် မိမျဆူံပါးတော့မည်အချိန် ဆွေမျိုးသားချင်းများကို ခေါ်ဆောင်၍ ‌မိန့်ဆိုသည်မှာ ကျွန်ုပ်တို့၏ ရှာဖှာအသ် ကြားဝင်အသနားခံမှုသည် နမာဇ်အား အလေးအနက် မထားသူများထံ မရောက်ရှိပေ။ (56) ဘေးဒုက္ခ ၁၅ ခုဖြင့် ကြုံကြိုက်ခြင်း၊ တမန်တော်မြတ်(ဆွ) မှ ဟဇရသ်ဖှာသွေမဟ်(စအ) သခင်မအား မိန့်ဆိုထားသည့် ရေဝါယသ် တစ်ခုအရ၊ မည်သူမဆို နမာဇ်အား ပေါ့ပေါ့တန်တန် သတ်မှတ်ပါက၊ အကှင်မြတ်သည် ၎င်းကို ဘေးဒုက္ခ ၁၅ ခုဖြင့် ကြုံကြိုက်စေမည်။ (57)

  1. အသက်ဇီဝိန်သည် ကျက်သရေမလာ မရှိခြင်း
  2. ပစ္စည်းဥစ္စာသည် ကျက်သရေမဂ်လာ မရှိခြင်း
  3. မျက်နှာသည် နူရ် လင်းဝင်းမှု မရှိခြင်း။
  4. လုပ်ဆောက်ချက်များ အကျိူမရှိခြင်း
  5. တောင်းဆုဒိုအာများ မပြည့်ဝခြင်း
  6. အခြားသူများ၏ တောင်းဆုဒိုအာကို မရရှိခြင်း
  7. သိက္ခာမဲ့စွာဖြင့် သေဆုံးခြင်း၊
  8. ဆာလောင်မွတ်သိပ်စွာဖြင့် သေဆုံးခြင်း၊
  9. ရေမည်မျှ သောက်သည်ဖြစ်စေ ရေငတ်မ‌ေပြပဲ ရေစာလောင်လျက် သေဆုံးခြင်း
  10. ပောင်းကင်တမန် တစ်ဦးသည် ကဗဲရ်ထဲ၌ ‌၎င်းအား နာကျင်အောင် ပြုလုပ်ခြင်း
  11. ကဗဲရ် မှောင်နေခြင်း
  12. ကဗဲရ် ညှက်သည့်ဒဏ် ခံရခြင်း
  13. ကေယာမသ် ရှင်ပြန်ထမြောက်သော နေ့တွင်၊ ကောင်းကင်တမန်များသည် ၎င်း၏ မျက်နှာကို ဆွဲခေါ်လာကာ ဖန်ဆင်းခံများသည် ၎င်းအား ကြည့်ရှု ပေမည်။
  14. ကေယာမသ် ရှင်ပြန်ထမြောက်သော နေ့တွင်၊ ခက်ခဲစွာ စစ်ဆေးမေးမြန်းခြင်း ခံရမည်
  15. အရှင်မြတ် ကရုဏာတော် ၎င်းအပေါ် မသက်ရောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အပြစ်ငရဲ ပေးခြင်းခံရမည် (58)

အကြောင်းပြချက် မရှိဘဲ နမာဇ်အား နောက်ကျစွာ ဖတ်ရွတ်ခြင်း (59) နှင့် နမာဇ်အား စိတ်ရောကိုယ်ပါ မဖတ်ရွတ်ခြင်း တို့ကို နမာဇ်အား အလေးမပေးခြင်း ပင်ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (60) ပိုမိုသိရှိလိုပါက၊ ဤအရာများကိုလည်း ကြည့်ရှုပါ: နမာဇ်အားရှောင်ကြဥ်ခြင်း။

ရှီအာမဇ်ဟဘ် နှင့် အဲဟ်လေစွန္နသ် မဇ်ဟဘ် တို့အကြား နမာဇ်၏ ကွာခြားချက်

ရှီအာမဇ်ဟဘ် နှင့် အဲဟ်လေစွန္နသ် မဇ်ဟဘ် တို့အကြား နမာဇ်၏ ကွာခြားချက်များ ရှိပေသည်။ အချို့မှာ အောက်ပါတို့ဖြစ်သည်။

နမာဇ် ဝါဂျီဘ် ဖြစ်ရသည့် အကြောင်းတရား

ကုရ်အာန်: وَأَقِمِ الصَّلَاةَ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ؛ ဧကန်မလွဲ၊ ဆွလာသ် ဆောက်တည်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ မကြားဝံ့၊ မနာသာသော မဖွယ်မရာမှုများမှ လည်းကောင်း၊ မကောင်းမှု ဒုစရိုက်များနှင့် အမှန်တရားကို အာခံဖီဆန်မှုများမှ လည်းကောင်း၊ ထုတ်ဖော်ဖွင့်ဟရာရောက်၏။ စူရသ် အန်ကဘူသ် အာယသ် ၄၅ အေမာမ်ရေဇွာ(အစ) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ် တစ်ခုအရ၊ နမာဇ် ဝါဂျီဘ် ဖြစ်ရသည့် အကြောက်းတရားမှာ ၊ အရှင်မြတ်သည် ခဝတ်ကိုးကွယ်ထိုက်ကြောင်း ဖွင့်ဟဝန်ခံပြီး တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် ရုပ်ထုများ ကိူကွယ်ခြင်းမှ တိုက်ခိုက်တားစီးခြင်း၊ အရှင်မြတ်၏ ကြီးမြတ်မှု ရှေ့တော်မှောက်၌ မိမိသည် သိမ်ငယ်သော ကျေးကျွန်ဖြစ်ကြောင်း ဝန်ခံခြင်း၊မေ့လျော့ခြင်းမှ ကင်းဝေးခြင်း၊ အရှင်မြတ်အား သတ်ရခြင်း၊ အကျင့်ပျက်မှု ခြစားမှု ၊ အပြစ်ငရဲများ နှင့် ခေါင်းမာခြင်းတို့မှ ကာကွယ်ခြင်း စသည်တို့ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ (78) သဖ်စီးရေ နမူနာ ၌လည်း၊ စည်းကမ်းတကျ စနစ်ရှိသော စိတ်ဓာတ်ကို ခိုင်မာစေခြင်း ၊ သန့်ရှင်းစင်ကြယ်မှုသို့ ဖိတ်ခေါ်ခြင်း၊ မြင့်မြတ်သော ကိုယ်ကျင့်တရားများကို တိုးပွားအောင် ပြုလုပ်ခြင်း၊ အခြားသော ကျင်းဆောင်မှုများကိုလည်း တန်ဖိုးထားခြင်း နှင့် အပြစ်များ လွတ်ငြိမ်းခွင့်ရခြင်း စသည်တို့အား နမာဇ် ဝါဂျီဘ်ဖြစ်ရသည့် အကြောင်းတရားများ ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (79) ထို့အပြင် وَأَقِمِ الصَّلَاةَ لِذِكْرِي (80) ဟူသော အာယသ်၌လည်း နမာဇ်၏ ရည်ရွယ်ချက်မှာ အရှင်မြတ်အား အောင့်မေတမ်းတ သတိရဖို့ရန် ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (81) ဟဇရသ်သေ ဖှာသွေမဟ် (စအ) သခင်မ ထံမှ ကောက်နုတ်ဖော်ပြထားသည်မှာ ဖန်ဆင်းခံမှား မာန်မာန ထောင်လွှားခြင်းမှ ကင်ူဝေးစေရန် အရှင်မြတ်သည် နမာဇ်ကို ဝါဂျီအဖြစ် သတ်မှတ်ထားသည်။ (82) နဟ်ဂျွလ်ဗလာဂဟ် ၌လည်း လာရှိထားသည်မှာ ၊နမာဇ်သည် မိမိကိုယ်ကို အထင်ကြီးခြင်း နှင့် မာန်မာနထောင်လွှာခြင်း ကိုရိုက်ချိုးပေသည်။ (83)

အခြားဘာသာတရားများ၌ နမာဇ် ဆုတောင်းဝတ်ပြုပုံ

နမာဇ် ဆုတောင်းဝတ်ပြုမှုသည် အားလုံးသော ဘာသာတရားများ၌ ရှိပေသည် မည်မျှပင် ဝတ်ပြုပုံ ဝတ်ပြုနည်း ကွာခြားနေပါစေ။ (84) ယဟူဒီဘာသာတရား၌ နမာဇ်ဝတ်ပြုမှု ဆိုသည်မှာ «تِفیلا» ဟုခေါ်ဆိုပြီး အများကိန်းအရ «تفیلیم» သို့မဟုတ် «تفیلوت» ဟူ၍ ခေါ်ဆိုသည်။ ၎င်း၏ ဥပဒေသများသည် «سیدور» သို့မဟုတ် «میشنا» (ယဟူဒီ ဘာသားတရား၏ ရိုးရာဆု‌ေတာင်းစာအုပ်) ၌ လာရှိထားသည်။ များသောအားဖြင့် တစ်နေ့လျှင် သုံးကြိမ် ဆုတောင်းဝတ်ပြုမှု ပြုလုပ်သည်။ စနေနေ့ နှင့် အခြားမြင့်မြတ်သော နေ့များ၌ ဖြစ်သည်။ အုရ်သိုဒိုကိစ် ဟူသော ရှေးရိုးစွဲဂိုဏ်း၌ နမာဇ် ‌ဆုတောင်းဝတ်ပြုမှုကို မူစာဖ် ဟူ၍ ခေါ်ဆိုသည်။ (85) ခရစ်ယာန်ဘာသာတွင် နမာဇ် ဆုတောင်းဝတ်ပြုခြင်း ဆိုသည်မှာ အရှင်မြတ် (ဖခင်) သို့မဟုတ် သုံးပါးပေါင်းတစ်ဆူ ၌ရှိသောအခြားသူများ (သား သို့မဟုတ် မြင့်မြတ်သော ဝိညာဉ်တော်) နှင့် အဆက်အသွယ် ပြုလုပ်ခြင်း ဖြစ်သည်။ ခရစ်ယာန် ဂိုဏ်းဂဏ အမျိုးမျိုးတို့တွင် နမာဇ်ဆုတောင်း ဝတ်ပြုခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။ ၎င်းတို့၌ နမာဇ်ဆုတောင်း ဝတ်ပြုခြင်းကို အုပ်စုလိုက်ပုံစံဖြင့် သော်လည်းကောင်း ဥပမာ အရှာယေ ရဗ္ဗာနီ အခမ်းအနား၊ သို့မဟုတ် တစ်ဦးချင်းပုံစံဖြင့် သော်လည်းကောင်း ဝတ်ပြုကြသည်။(86)

ရေးသားထားသည့် စာအုပ်များ

နမာဇ် နှင့်ပတ်သက်ပြီး စာအုပ်များကို ဘာသာစကားအမျိုးမျိုးဖြင့် ရေးသားပြီး ဘာသာပြန်ဆိုထားပါသည်။ (87) အချို့ စာအုပ်များမှာ :

  • အာဒါဘေနမာဇ် စာအုပ်၊ ၊ အေမာမ်ခိုမိန်နီ ရေးသားထားသည်။ ဤစာအုပ်သည် စိတ်နှလုံးသား ပိုင်ရာ ကျင့်ဝတ်များ နှင့် နမာဇ်၏ နာမ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များကို ဖော်ပြထားပြီး စာရေးသူသည် ၎င်း၏ ကလေးများထံ ရေးသားခဲ့သော နိဒါန်းနှစ်ခု ပါရှိသည်။
  • အိစ်ရာရုလ် ဆွလာသ် စာအုပ်၊ ၊ မီရ်ဇာ ဂျဝါဒ် မုလ်ကီ သီဘ်ရီဇီ ရေးသားထားသည်။ ဤစာအုပ်သည် စိတ်နှလုံး၏ သန့်စင်ခြင်းနှင့် နမာဇ်အား စိတ်ပါဝင်းစားမှုရှိစွာ ဖတ်ရွတ်ခြင်း နှင့် နမာဇ်အား သိကျွမ်းခြင်းအပြောင်း ဖြစ်သည်။
  • အိစ်ရာရေနမာဇ် စာအုပ်၊၊ အေမာမ်ခိုမိန်နီ ရေးသားထားသည်။ ပရမတ်တရား အရ နမာဇ်အား အဇာန် မှ အရှဟ်ဟွဒ် နှင့် စလာမ် အထိ ဖွင့်ဆိုရှင်းလင်းထားသည်။
  • အဆ်ွလာသုလ် ဖီလ်ကိသာဘ် ဝလ် စွန္နသ် စာအုပ်၊ မုဟမ္မဒ် မုဟမ္မဒီ ရိန်းရှဲဟ်ရီ ရေးသားထားသည်။ ဤစာအုပ်သည် ၊ နမာဇ် နှင့်ပတ်သက်ပြီး ကုရ်အာန် အာယသ်တော် နှင့် စွန္နီ နှင့် ရှီအာ ဟဒီးစ်တော်များ ကိုဖော်ပြထားသည့် အပြင် နမာဇ် ဖတ်ရသည့် အကြောင်းအရင်း ၊ အစ္စလာမ် သာသနာ မတိုင်မီ နမာဇ်၊ အကောင်းဆုံးနမာဇ်၊ နမာဇ်၏ ထူးခြားမှုများ၊ နမာဇ်၏ အချိန်များ၊ နမာဇ်၏ ကျင်းဝတ်များ နှင့် စသည်တို့ကို ဖော်ပြထားသည်။
  • ရာဇ်ဟာရေနမာဇ် စာအုပ်၊အဘ်ဒွလ္လာ ဂျဝါဒီ အာမိုလီ ရေးသားထားသည်၊ နမဇ် နှင့် ၎င်း၏ ဥပဒေသများကို ဒဿနိကအမြင်ဖြင့် ဖော်ပြထားသည်။