နမာဇေ အာယာသ်

wikishia မှ

နမာဇေ အာယာသ် သည် သဘာဝဖြစ်ရပ်အချို ဥပမာ ငလျင်လှုပ်ခြင်း၊ နေလကြတ်ခြင်း နှင့် လကြတ်ခြင်း ကဲ့သိုသော သဘာ၀ဘေးအန္တရာယ် ကျရောက်လာသည့်အခါ မဖြစ်မနေ ဖတ်ရွတ်ရသည့် ဝါဂျီဘ် နမာဇ်များအနက်မှ တစ်ခု ဖြစ်သည်။ ဤနမာဇေ အာယာသ် အား မဖြစ်မနေ ဖတ်ရွတ်ရမည့် အခြားဖြစ်စဉ်များမှာ အနီရောင်လေ နှင့် အဝါရောင်လေများသည် လူများကို ပို၍ကြောက်ရွံ စေလောက်သည့်အထိ တိုက်ခိုက်နေသည့် အချိန်ပင်ဖြစ်သည်။ နမာဇေ အာယာသ်သည် နှစ် ရကအသ် နမာဇ် ဖြစ်သည် ။ ရကအသ် တိုင်း၌ ရူကူအ် ငါးကြိမ် ပါရှိသည်။ ဤနမာဇ်အား ပုံစံ နှစ်မျိုးဖြင့် ဖတ်ရွတ်နိုင်သည်။ ပထမပုံစံ ။ ။ ရူကူအ် မပြုလုပ်မီ စူရဟ် ဟမ်ဒ် တစ်ကြိမ် နှင့် အခြားစူရဟ် တစ်ပုဒ်အား ပြည့်စုံစွာ ဖတ်ရမည်။ ဒုတိယပုံစံ ။ ။ စူရဟ် တစ်ပုဒ်ကို အပိုင်း ငါးပိုင်း ခွဲ၍ ဖတ်ရမည်။ ရူကူအ် မတိုင်ခင် ယင်းစူရဟ်၏ အပိုင်း တစ်ပိုင်းကို ဖတ်ရွတ်ရမည်။ ထိုသို ဖတ်ရွတ်ရာ၌ ရကအသ် တိုင်းတွင် သီးသန့် ပထမ ရူကူအ် မတိုင်မီ စူရဟ် ဟမ်ဒ် ဖတ်ရပေမည်။ အခြား ရူကူအ်များ မတိုင်မီ၌ အပိုင်းငါးပိုင်း ပိုင်းထားသော အခြား စူရဟ်၏ တစ်ပိုင်းကို ဖတ်ရမည် ဖြစ်သည်။ .အကယ်၍ နမာဇေ အာယာသ် သည် နေကြတ်ခြင်း နှင့် လကြတ်ခြင်း မှလွဲ၍ အခြား သဘာ၀ ဘေးအန္တရာယ်များ၌ ကြိုက်သည့်အချိန် ဖတ်နိုင်ပေသည်။ ယင်းမှာလည်း အဒါ (ဖတ်ပါသည်) ဟူသော နီယသ်ဖြင့် ဖတ်ရမည်။ သိုသော် နေကြတ် ၊ လကြတ်သည့် အချိန်၌ နမာဇေ အာယာသ် သည် ထိုအချိန်၌သာ ဖတ်ရမည် အကယ်၍ မဖတ်ဖြစ်ခဲ့ပါက ၎င်းအား ကဇွာ ဖတ်ရပေမည်။ (အစားပြန်ဖတ်ရမည်)။

အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် အမည်မှည့်ခြင်း

နမဇေအာယာသ် ဆိုသည်မှာ သဘာဝဖြစ်ရပ်အချို ဥပမာ နေလကြတ်ခြင်း ၊ လကြတ်ခြင်း နှင့် ငလျင်လှုပ်ခြင်း ကဲ့သိုသော သဘာ၀ဘေးအန္တရာယ် ကျရောက်လာသည့်အခါ (1) ထိုအတူ လူအများ ကြောက်ရွံထိန့်လန့်စေသော သဘာ၀ ဖြစ်ရပ်များ ဖြစ်ပေါ်လာသည့်အခါ (2) ဥပမာ အနီရောင်လေ နှင့် အဝါရောင်လေများ တိုက်ခိုက်လာသည့်အခါ မဖြစ်မနေ ဖတ်ရမည့် ဝါဂျိဘ် နမာဇ်ဖြစ်သည်။ (3) အာယာသ် ဟူသည် (အာယဟ်) «آیه» သိုမဟုတ် ( အာယသ်) «آیت» ၏ အများကိန်းဖြစ်ပြီး နိမိတ်လက္ခဏာ ဟု အဓိပ္ပါယ် ရသည်။ (4) ရေဝါယသ်တစ်ခု၌ နေကြတ်ခြင်း နှင့် လကြတ်ခြင်းသည် အရှင်မြတ်၏ နိမိတ်လက္ခဏာ များအနက်မှ ဖြစ်သည်ဟု လာရှိထားသည်။ ( 5) ရေဝါယသ်များ၌ ဤနမာဇ်အား صلاةالآیات ဆွလာသွလ်အာယာသ် ဟူသော ခေါင်းစဉ်မျိုးဖြင့် မဖော်ပြထားပေ။ သိုသော် «صلاةالکسوف» ဆွလာသွလ်ကိုစူဖ် ဟူ၍ ေဖာ်ပြထားသည်။ (6) သိုသော် ဖ်ကဟ် ဓမသ္သတ် စာအုပ်များ၌ ၎င်းအတွက် ဤအမည် နှစ်ခုစလုံးဖြင့် အသုံးပြုထားသည်။ ( 7) ပြောထားသည်မှာ ဤနမာဇ်အား နမာဇေအာယာသ် ဟု ခေါ်တွင်ရခြင်း၏ အကြောင်းရင်းမှာ လူသားများသည် ဤသဘာ၀ ဖြစ်ရပ်များကို အရာခပ်သိမ်းအပေါ် အရှင်မြတ်၏ တတ်စွမ်းနိုင်ခြင်း နှင့် ၎င်း၏ စိုးပိုင်အုပ်ချုပ်မှု တို၏ နိမိတ်လက္ခဏာ အဖြစ် မှတ်ယူထားသောကြောင့်ဖြစ်သည်။ (8) တမန်တော်မြတ်(ဆွ) သည်လည်း မိမိ၏သား အီဗ်ရာဟီးမ် ဆုံးသွားသည့်နေ့၌ နေလကြတ်သောအခါ နေနှင့် လကြတ်ခြင်းတိုကို အရှင်မြတ်၏ နိမိတ်လက္ခဏာ နှစ်ရပ်အဖြစ် မိတ်ဆက်ပေးခဲသည်။ ထိုနောက် မိန့်တော်မူသည်မှာ မည့်အချိန်မဆို နေကြတ် ၊ လကြတ် ပါက နမာဇေ အာယာသ် ဖတ်ရွတ်ရ ပေမည်။ (9)

ဝါဂျဘ်ဖြစ်ပေါ်လာပုံ

နမာဇေအာယာသ် သည် ဆယ်ရာစု နှစ်၌ မွတ်စ်လင်မ် များအပေါ် ဝါဂျီဘ် ဖြစ်ခဲ့သည်။ သမိုင်းကျမ်းကိုးများအရ ၊ ထိုနှစ်၌ တမန်တော်မြတ်(ဆွ) ၏ သား အီဗ်ရာဟီးမ် ဆုံးသွားသည့်အချိန် နေကြတ်ခဲ့သည်။ လူအချိုသည် ထို နေကြတ်ခြင်းကို အီဗ်ရာဟီး ဆုံးပါးမှုကြောင့်ဟု သတ်မှတ်ကြသည် ။ သို့သော် တမန်တော်မြတ်(ဆွ) သည် နေကြတ်ခြင်း တှင့် လကြတ်ခြင်းကို အရှင်မြတ်၏ နိမိတ်လက္ခဏာ နှစ်ရပ်အဖြစ် ပြီး တစ်ဦးတစ်ယောက်၏ အသက်ရှင်ခြင်း ၊ ဆုံးပါးခြင်း နှင့် မသက်ဆိုင်ကြောင်း မိန်ဘဆိုခဲ့သည်။ (10) ထိုနောက် နေကြတ် ၊ လကြတ် ဖြစ်သည့်အချိန် နမာဇေ အာယာသ် ဖတ်ရန် အမိန့်ပေးခဲ့ပြီး ၎င်းကိုယ်တိုင် မွတ်စ်လင်မ် များနှင့်အတူ နမာဇေ အာယာသ် အား ဖတ်ရွတ်ခဲ့သည်။ (11)

ဖတ်နည်း

နမာဇော အာယာသ် သည် နှစ် ရကအင် နမာဇ် ဖြစ်ပြီး ရကအင် တိုင်း၌ ရူကူအ် ငါးကြိမ် ပါကာ ယင်းအား ပုံစံ နှစ်မျိုးဖြင့် ဖတ်ရွတ်လို ရပေသည်။ (12)

  • ပထမပုံစံ ။ ။ ရူကူအ် မပြုလုပ်မီ စူရဟ် ဟမ်ဒ် တစ်ကြိမ် နှင့် အခြားတစ်ပုဒ်အား ဖတ်ရမည်။ (13) ထိုသိုဖတ်ရာ၌ သက္ကဘီးရသွလ်အဟ်ရာမ် ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ဖတ်ပြီး ရူကူအ် ပြုလုပ်ရမည်။ ရူကူအ် ပြီးနောက် စူရဟ် ဟမ်ဒ် နှင့် အခြား စူရဟ် တစ်ပုဒ် ဖတ်ပြီးရူကူအ် နောက်တစ်ကြိမ် ပြုလုပ်ရမည်။ ထိုသိုဖြင့် ရူကူအ် ငါးကြိမ် ပြည့်အောင် ဖတ်ရွတ် လုပ်ဆောင်ရမည်။ ထိုနောက် စဂ်ျဒါ ပြုလုပ်ကာ ဒုတိယ ရကအသ် ကို စဖတ်ပြီး ထိုဒုတိယ ရကအသ်၏ ရူကူအ် များကိုလည်း ပထမ ရူကူအ် ကဲ့သို လုပ်ဆောင်ရမည်။ ဒုတိယ ရကအသ်၏ စဂ်ျဒါများ ပြုလုပ်ပြီးနောက် သရှဟွဒ် နှင့် စလာမ် ဖတ်ရမည်။ (14)
  • ဒုတိယပုံစံ ။ ။ ရကအသ် တိုင်း၌ စူရဟ် ဟမ်ဒ် တစ်ပုဒ် နှင့် အခြားစူရဟ် တစ်ပုဒ် ဖတ်ရမည်။ သိုသော် ရကအသ် တိုင်း၌ စူရဟ် ဟမ်ဒ် ကို တစ်ကြိမ်ဖတ်ရပြီး အခြား စူရဟ် တစ်ပုဒ်ကို ငါးပိုင်း ပိုင်း၍ ဖတ်ရမည်။ ထိုနောက် ရူကူအ် မပြုလုပ်မီ ထိုစူရဟ်၏ အပိုင်း ငါးပိုင်းမှ တစ်ပိုင်းကို (စူရဟ် ဟမ်ဒ် မပါဘဲ) ဖတ်ရွတ်ရမည်။ (15)

ဖီကဟ် ပညာရှင်များ၏ ဖသ်ဝါအရ ပထမ ရကအသ် ၌ ပထမပုံစံဖြင့် ဖတ်ရွတ်ပြီး ဒုတိယ ရကအသ်အား ဒုတိယပုံစံ အတိုင်း ဖတ်ရွတ်နိုင်ပေသည်။ (16)

မွတ်စ်သဟဘ် ဖြစ်သည့် အရာများ

နမာဇေ အာယာသ်၏ မွတ်စ်သဟဘ် ဖြစ်သည့် အချိုအရာများမှာ :

  • ဒုတိယ ရူကူအ် ၊ လေးကြိမ်မြောက် ရူကူအ် ၊ ခြောက်ကြိမ်မြောက် ရူကူအ် နှင့် ရှစ်ကြိမ်မြောက် ရူကူအ် နှင့် ဆယ်ကြိမ်မြောက် ရူကူအ် မလုပ်မီ ကိုနူးသ် ဖတ်ရွတ်ခြင်း။ (17)
  • နေ့စဉ် ဖတ်ရွတ်ရသော နမာဇ်မွတ်စ်သဟဘ် ဖြစ်သည့် လုပ်ဆောင်ချက်မျသည် နမာဇေအာယာသ် ၌လည်း မွတ်စ်သဟဘ် ဖြစ်သည်။ အာဇာန် နှင့် အကာမဟ် အစား «الصلاة» အဆ်ွဆွလာဟ် ဟူ၍ သုံးကြိမ် ပြောရမည်။ (18)
  • ရူကူအ် လုပ်ပြီးတိုင်း သက္ကဘီးရ် ပြောခြင်း ၊ ရကအသ် တိုင်း၏ ငါးကြိမ်မြောက် ရူကယအ် မှအပ။ (19)

ဂျမာအသ် ဖြင့် နမာဇ် ဖတ်ခြင်း (20) နမာဇ်အား အသံကျယ်စွာ ဖတ်ရွတ်ခြင်း(21) နေ ၊ လ ပြန်ထွက်လာသည့်အထိ နမာဇ်အား အချိန်ကြာကြာ ဖတ်ရွတ်ခြင်း(22) ရှည်လျားသော စူရဟ်များ ဖတ်ရွတ်ခြင်း ( 23) စသည်တိုသည် နမာဇေအာယာသ်၏ မွတ်စ်သဟဘ် အရာများ ဖြစ်ကြသည်။

နမာဇေအာယာသ် ဖတ်ရွတ်ရမည့် အချိန် နှင့် ၎င်းအား ကဇွာ အစားပြန်ဖတ်ခြင်း

နမာဇေအာယာသ် ဖတ်ရွတ်ရမည့် အချိန်သည် နေစကြတ်သည့် အချိန် နှင့် လစကြတ်သည့်အချိန် ၌ ဖြစ်သည်။ (24) သိုမဟုတ် နေ ၊ လ ပြန်ထွက်ပေါ်လာသည့် အချိန် (25) ဖြစ်သည်။ ဆွာဟီဘ်ဂျဝါဟီရ် ၏ အဆိုအရ နမာဇေအာယာသ်အား နေကြတ် ၊ လကြတ် သည့် အချိန်မှ ၎င်းတို ပြန်ထွက်လာသည့် အချိန်အထိ မဆောင့်ဆိုင်းသင့်ပေ။ (26) အကယ်၍ ဤနမာဇ်အား နေကြတ် ၊ လကြတ် သည့်အချိန် မဖတ်ဖြစ်ပါက ယင်းအား ကဇွာ အစားပြန်ဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (27) ငလျင်လှုပ်ခြင်းကြောင့် ဖတ်ရသည့် နမာဇေအာယာသ် နှင့် အခြားသော နမာဇေအာယာသ်များ သည် ( နေကြတ် ၊ လကြတ် သည့်အချိန် ဖတ်ရသည့် နမာဇေအာယာသ်မှလွဲ၍) ကဇွာ အစားပြန်ဖတ်ခြင်း မရှိပေ။(28) ထိုအပြင် အဒါ လုပ်ဆောင်ပါသည် ဟူသော နီယသ်ဖြင့် မည်သည့်အချိန်မဆို ဖတ်ရွတ်လို ရပေသည်။ (29)

နေကြတ်ခြင်း ဂိုစူလ်

အလ္လာမဟ်ဟီလ္လီ ၏ ပြောကြားချက်အရ ရှီအာ ဖီကဟ် ပညာရှင် အချို ဥပမာ စိုင်ယိဒ် မွရ်သဇွာစာလာရ် ဒီလမီ နှင့် အဘူ ဆွလာဟ် ဟလ်ဘီ တို ဖသ်ဝါ ပေးထားသည်မှာ အကယ်၍ မည်သူမဆို နေကြတ်ခြင်း သိုမဟုတ် လကြတ်ခြင်း၏ နမာဇေအာယာသ်ကို သူ့အချိန်၌ မဖတ်ရွတ်ခဲ့ပါက ၎င်းအား ကဇွာ အစားပြန်ဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည့်အပြင် ဂိုစူလ်လည်း ပြုလုပ်ရမည်။ သိုသော် မလ္လာမဟ်ဟီလ္လီ ကိုယ်တိုင် နှင့် အခြားသော ပုဂ္ဂိုလ်များ ဥပမာ ရှီးခ်မိုဖီးဒ်အိဗ်နေဘရာဂ်ျ နှင့် အိဗ်နေအီဒ်ရီးစ် ဟီလ္လီ တိုသည် ထိဂိုစူလ်အား မွတ်စ်သဟဘ် ဖြစ်သည်ဟု လက်ခံထားကြသည်။ သိုသော် ဤဂိုစူလ် ၏ ဝါဂျီဘ် ဖြစ်ခြင်း နှင့် မွတ်စ်သဟဘ် ဖြစ်ခြင်းတိုသည် နေကြတ်ခြင်း သိုမဟုတ် လကြတ်ခြင်း ဖြစ်နေသည့် အချိန်နှင့် သက်ဆိုင်ပြီး လူသားသည် ထိုအချိန်၌ ယင်းနမာဇ်အား ရည်ရွယ်ချက်ရှိရှိ မဖတ်ခြင်း အပေါ် မူတည်သည်ဟု လက်ခံထားကြသည်။ (30) ရေဝါယသ်များ၌ ဤဂိုစူလ်အား " ဂိုစ်လေကိုစူးဖ်" ဟူ၍ ဖော်ပြထားသည်။ (31)

နမာဇ်အချိန် နည်းနေပါက နေ့စဉ်ဖတ်ရွတ်ရမည့် နမာဇ်အား ဦးစားပေး၍ ဖတ်ရွတ်ရခြင်း

နေကြတ် ၊ လကြတ်သည့် အခါ နမာဇေအာယာသ်သည် ဝါဂျီဘေဖောင်ဝ်ရီး ( ထိုဖြစ်ပေါ် နေသည့် အချိန်၌ပင် ဖတ်ရွတ်ရမည့် နမာဇ်) ဖြစ်သည်။ (32) သိုသော် အကယ်၍ နမာဇေအာယာသ် သည် နေ့စဉ်ဖတ်ရွတ်နေရသည့် ဝါဂျီဘ် နမာဇ် အချိန်များ၌ ဖြစ်နေပါက အကယ်၍ မဖတ်ဖြစ်လိုက်ပါ အချိန်ကုန်သွားပြီးမည့် နမာဇ်ကို ဦးစားပေး ဖတ်ရွတ်ရမည်။ အကယ်၌ ထိာနမာဇ် နှစ်ခုစလုံး ဖတ်ဖိုရန် အချိန်မလောက်ပါက နမာဇေယောင်ဝ်မီယဟ် နေ့စဉ် ဖတ်ရွတ်ရမည့် နမာဇ်ကို နမာဇေအာယာသ်ထက် ဦးစားပေး ဖတ်ရမည်။ (33)

အခြား ဥပဒေသများ

  • နမာဇေအာယာသ်၏ ရူကူအ် တစ်ခုချင်းစီတိုင်းသည် မဏ္ဍိုင်တစ်ခုချင်းစီဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိ သိုမဟုတ် မရည်ရွယ်ဘဲ အတိုး ၊ အလျှော့ ပြုလုပ်ပါက နမာဇ်အား ပျက်ပြယ်စေသည်။ (34)
  • နမာဇေအာယာသ်သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများရှိ လူသားများအတွက်သာ လိုက်နာရမည့်၀ါဂျီဘ် တာဝန်ဖြစ်သည်။ (35)
  • ဥပဒေပညာရှင်အချို၏ ထင်မြင်ယူဆချက်အရ ဓမတ္တာ ရာသီလာနေသောသူ နှင့် နေဖာစ် ဖြစ်နေသောသူ တိုသည် နမာဇေ အာယာသ် ဖတ်ရန် မလိုပေ။ (36)

သိုသော် အေဟ်သေယာသ် သေ ဝါဂျီဘ် အရ ထိုအမျိုးသမီးများသည် ၎င်းတို သန့်စင်သွားပြီးနောက် နမာဇေအာယာသ်အား ကဇွာ အစားပြန်ဖတ်ရမည်ဟု ပြောထားကြသည်။ ( 37)

  • နေကြတ်ခြင်း နှင့် လကြတ်ခြင်းသည် သာမန်မျက်စိဖြင့် မြင် တွေ့လိုက်ပါက နမာဇေအာယာသ် ဖတ်ရန် ဝါဂျီဘ် ဖြစ်ပေသည်။ အကယ်၍ သာမန်မျက်စိဖြင့်သာ မြင်နိုင်လောက်အောင် သေးငယ်ပါက သိုမဟုတ် အလွန်လျင်မြန် စွာ ပျောက်ကွယ်သွားပါက နမာဇေအာယာင် ဖတ်ရမည်မှာ ဝါဂျီဘ် မဟုတ်ပေ။ (38)
  • ထိုကြောင့် ငလျင်ဖြစ်ပြီးနောက် ဖြစ်ပေါ်သော မြေပြင် တုတ်လှုပ်မှုများသည် ၊ အကယ်၍ ငလျင် ဖြစ်သည်ဟု တိုက်ရိုက်သတ်မှတ်ချက် ပေးပါက နမာဇေအာယာသ် ဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (39)

ထိုအတူ မြေပြင် အနည်းငယ် တုန်ခါခြင်းအား ငလျင် ဖြစ်သည်ဟု တိုက်ရိုက်သတ်မှတ်ချက် ပေးပါက နမာဇေအာယာသ် ဖတ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (40)

  • အကယ်၍ သဘာ၀ ဘေးအန္တရာယ် အမျိူးမျိူးကြောင့် နမာဇေအာယာသ်ပေါင်းများစွာ ဖတ်ရန် ဝါဂျီဘ် ဖြစ်နေပါက အေဟ်သေယာသ် သေ ဝါဂျီဘ် အရ နီယသ် ပြုလုပ်ချိန်၌ မည်သည့်အရာအတွက် ဖတ်မည်ဖြစ်ကြောင်းကို သတ်မှတ်ရမည်။ (41)