နမာဇေမိုင်ယသ်

wikishia မှ

နမာဇေမိုင်ယသ်သည် မွတ်စ်လင်မ်များ ဆုံးသွားပြီးနောက် ၎င်းအား မြေမမြုပ်မီ ဖတ်ရွတ်ပေးရသော ဝါဂျီဘ်နမာဇ်များအနက်မှ တစ်ခုဖြစ်သည်။ နမာဇေမိုင်ယသ်၌ သက္က်ဘီးရ် ငါးခု ရှိသည်။ ပထမသက္က်ဘီးရ်းပြီးနောက် ရှဟဒက်သိုင်းန်၊ ဒုတိယသက္က်ဘီးရ်ပြီးနောက် ဆွလဝါသ်၊ တတိယသက္က်ဘီးရ်းပြီးနောက် မိုအ်မင်န် နှင့် မွတ်လင်မ်များအတွက် ခွင့်လွှတ်ပလပ်မှုအားတောင်းခံခြင်း၊ စတုတ္ထသက္က်ဘီးရ်ပြီးနောက် ယခုဖတ်ပေးနေသည့် မိုင်ယသ်အတွက် ခွင့်လွှတ်ပလပ်မှုအားတောင်းခံခြင်း တိုကို လုပ်ဆောင်ရပြီး ပဥမ္မ သက္က်ဘီးရ်ဖြင့် နမာဇ်အား အဆုံးသက်ရမည်။ နမာဇေမိုင်ယသ်သည် အခြားသော နမာဇ်များနှင့် ကွဲခြားပေသည်။ ယင်း၌ စူရဟ်ဟမ်ဒ်ရူကူအ်စဂ်ျဒါဟ်သရှက်ဟွဒ် နှင့် စလာမ် မရှိပေ။ ထိုအတူ ဤနမာဇ်၌ သွဟာရသ် ရှိရန် မလိုပေ။ ထိုကြောင့် ဤနမာဇ်အား ဝူဇူမရှိဘဲ၊ ဂိုစူလ်မရှိဘဲနှင့်ဖတ်ရွတ်နိုင်ပေသည်။ သိုသော် ယင်း၌ အခြားသော ဝါဂျီဘ်နမာဇ်များ၏ ပညတ်ချက်များကို လိုက်နာပါက ပိုကောင်းပေသည်။

နမာဇေမိုင်ယသ်အား လူအစုအဝေးဖြင့် ဖတ်နိုင်သလို ၊ တစ်ဦးတည်းလည်း ဖတ်နိုင်ပေသည်။ သိုသော် လူအစုအဝေးဖြင့် ဖတ်ပါက မအ်မူမ်သည်လည်း သက်ဘီးရ်များ နှင့် ဒိုအာများကို ဖတ်ရပေမည်။ အဲဟ်လေစွန္နသ်တို၏ နမာဇေမိုင်ယသ်သည် သက္က်ဘီးရ်လေးခုရှိပြီး စလာမ်ဖြင့် အဆုံးသက်ပေသည်။

ဖွင့်ဆိုခြင်း

နမာဇေမိုင်ယသ် ဆိုသည်မှာ မွတ်စင်လ်တစ်ဦးဆုံးသွားပြီးနောက် ၎င်းအား ဂိုစူလ် နှင့် ကဖန် ပြုလုပ်ပေးပြီး မမြေမြုပ်မီအရင် ဖတ်ရွတ်ပေးရသော ဒိုအာများ နှင့် သက်ဘီးရ်များ ဖြစ်သည်။ ဖိကဟ်ကျမ်းကိုးများအရ နမာဇေမိုင်ယသ်၌ ဝါဂျီဘ်နမာဇ်များ၏ အချိုသော ပညတ်ချက်များ ဥပမာ သွဟာရသ် ရှိရန် မလိုပေ။ [၁] ထိုအတူ နမာဇေမိုင်ယသ်၌ စလာမ်မရှိပေ။ [၂]

နမာဇေမိုင်ယသ် သည် နမာဇ်မဟုတ်ပေ

ဥပဒေပညာရှင်များအကြား ကျော်ကြားသော အမြင်ကို အခြေခံထားသည့် ရှဟီးဒ်စာနီ၏ အဆိုအရ နမာဇေမိုင်ယသ်သည် နမာဇ်ဟူ၍ သတ်မှတ်လိုမရပေ။ သိုသော် မိုင်ယသ် ဆုံးပါးသွားသူအတွက် ဒိုအာတစ်မျိူးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နမာဇ်ဟူသည် ရူကူအ် နှင့် စဂ်ျဒါဟ် မရှိပဲ အဓိပ္ပါယ်မရှိပေ။ ထိုအတူ နမာဇ်တိုင်း၌ သွာဟာရသ် ရှိရမည် ဖြစ်သည်။ သိုသော် နမာဇေမိုင်ယသ်၌ ထိုအရာများ မရှိပေ။ [၃]] ဖိက္က်ဟွလ်ရေဇွာ စာအုပ်၊ အေမာမ်ရေဇွာ(အစ) ထံမှရေဝါယသ် တစ်ခုလာရှိထားသည်မှာ နမာဇ်ဇေမိုင်ယသ်သည် နမာဇ်မဟုတ်ပေ။ သိုသော် သက္က်ဘီးရ် သာလျှင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နမာဇ်ဆိုသည်မှာ ယင်း၌ ရူအ် နှင့် စဂ်ျဒါဟ် ရှိရပေမည်။ [၄]

နမာဇေမိုင်ယသ်ဖတ်ရွတ်ပုံ

نماز بر پیکر آیت الله آصفی توسط آیت الله مکارم

နမာဇေမိုင်ယသ် ဖတ်ရွတ်ဖိုရန်အတွက် မိုင်ယသ်လူသေအား ကိဘ်လဟ် ဘက်သို ထားရမည်။ မိုင်ယသ်၏ ဦးခေါင်းသည် နမာဇ်ဖတ်သူ၏ ညာဘက်တွင်ရှိပြီး ၎င်း၏ေခြထောက်များသည် နမာဇ်ဖတ်သူ၏ ဘယ်ဘက်တွင် ရှိရမည်။ [၅] နမာဇ်ဖတ်သူသည် ကိဘ်လဟ် ဘက်သို မျက်နှာမူထားရမည်။ [၆] မိုင်ယသ်နှင့် အလွန်မဝေးရပေ။ [၇] နမာဇ်ကို မတ်တပ်ရပ်လျှက် ဖတ်ရမည်။ [၈]

နမာဇ်ဖတ်သူသည် နမာဇေမိုင်ယသ်၏ နီယသ်လုပ်ပြီးနောက် သက္က်ဘီးရ် ငါးခု ဖတ်ရမည်။ ပထမသက္က်ဘီးရ်းလေးခုပြီးတိုင်း သီးသန့်ဒိုအာများ ဖတ်ရပြီး ငါးခုမြောက် သက်ဘီးဖြင့် နမာဇ်ကို အဆုံးသက်ရမည်။ [၉]

ပထမသက္က်ဘီးရ်ပြီးနောက် ရှဟဒက်သိုင်းန်၊ ဒုတိယသက္က်ဘီးရ်ပြီးနောက် ဆွလဝါသ်၊ တတိယသက္က်ဘီးရ်ပြီးနောက် မိုအ်မင်န် နှင့် မွတ်စင်မ်များအတွက် ခွင့်လွှတ်ပလပ်မှုအားတောင်းခံခြင်း၊ စတုတ္ထသက်ဘီးရ်ပြီးနောက် ယခုဖတ်ပေးနေသည့် မိုင်ယသ်အတွက် ခွင့်လွှတ်ပလပ်မှုအားတောင်းခံခြင်း တိုကို လုပ်ဆောင်ရမည်။ [၁၀]

သက္က်ဘီးရ်လေးခုပြီးတိုင်းဖတ်ရွတ်ရမည့် ဇီကီရ်များနှင့် ဒိုအာများမှာ အောက်ပါအတိုင်းဖြစ်သည်။

သက္က်ဘီးရ် ဒိုအာအတို ဒိုအာအရှည်
ပထမ →
اَشْهَدُ اَنْ لا الهَ الَّا اللَّهُ وَ اَنَّ مُحَمَّداً رَسوُلُ اللَّهِ
اَشْهَدُ اَنْ لا اِلهَ الا اللَّهُ وَحْدَهُ لاشَریک لَهُ وَ اَشْهَدُ اَنَّ مُحَمَّداً عَبْدُهُ وَ رَسُولُهُ اَرْسَلَهُ بِالْحَقِّ بَشیراً وَ نَذیراً بَینَ یدَی السّاعَةِ
ဒုတိယ→
اَللَّهُمَّ صَلِّ عَلی مُحَمَّدٍ وَ آلِ مُحَمَّدٍ
اَللّهُمَّ صَلِّ عَلی مُحَمَّدٍ وَ آلِ مُحَمَّدٍ وَ بارِک عَلی مُحَمَّدٍ وَ آلِ مُحَمَّدٍ وَارْحَمْ مُحَمَّداً وَ آلَ مُحَمَّدٍ کاَفْضَلِ ما صَلَّیتَ وَ بارَکتَ وَ تَرَحَّمْتَ عَلی اِبْرهیمَ وَ آلِ اِبْرهیمَ اِنَّک حَمیدٌ مَجیدٌ وَ صَلِّ عَلی جَمیعِ الاَنْبِیآءِ وَالْمُرْسَلینَ
တတိယ→
اَللَّهُمَّ اْغفِرْ لِلْمُؤْمِنینَ وَ الْمُؤْمِناتِ
اَللّهُمَّ اغْفِرْ لِلْمُؤْمِنینَ وَالْمُؤْمِناتِ وَالْمُسْلِمینَ وَالْمُسْلِماتِ الاَحْیآءِ مِنْهُمْ وَالاَمْواتِ تابِعْ بَینَنا وَ بَینَهُمْ بِالْخَیراتِ اِنَّک مُجیبُ الدَّعَواتِ اِنَّک عَلی کلِّشَیئٍ قَدیر
စတုတ္ထ→ အကယ်၍ မိုင်ယသ်သည် အမျိုးသားဖြစ်ပါက:
اللَّهُمَّ اغْفِرْ لِهذَا المَیت

အကယ်၍ မိုင်ယသ်သည် အမျိုးသမီးဖြစ်ပါက:
اللَّهُمَّ اغْفِرْ لِهذِهِ المَیتَةِ
အကယ်၍ မိုင်ယသ်သည် အမျိုးသားဖြစ်ပါက:

اَللّهُمَّ اِنَّ هذا عَبْدُک وَابْنُ عَبْدِک وَابْنُ اَمَتِک نَزَلَ بِک وَ اَنْتَ خَیرُ مَنْزُولٍ بِهِ اَللّهُمَّ اِنّا لا نَعْلَمُ مِنْهُ اِلاّ خَیراً وَ اَنْتَ اَعْلَمُ بِهِ مِنّا اَللّهُمَّ اِنْ کانَ مُحْسِناً فَزِدْ فی اِحْسانِهِ وَ اِنْ کانَ مُسیئاً فَتَجاوَزْ عَنْهُ وَاغْفِرِ لَهُ اَللّهُمَّ اجْعَلْهُ عِنْدَک فی اَعْلا عِلِّیینَ وَاخْلُفْ عَلی اَهْلِهِ فِی الْغابِرینَ وَارْحَمْهُ بِرَحْمَتِک یا اَرْحَمَ الرّاحِمینَ }

အကယ်၍ မိုင်ယသ်သည် အမျိုးသမီးဖြစ်ပါက:

اَللّهُمَّ اِنَّ هذِهِ اَمَتُک وَابْنَةُ عَبْدِک و ابنَةُ اَمَتِکَ نَزَلَتْ بِک وَ اَنْتَ خَیرُ مَنْزوُلٍ بِهِ اَللّهُمَّ اِنّا لا نَعْلَمُ مِنْها اِلاّ خَیراً وَ اَنْتَ اَعْلَمُ بِهامِنّا اَللّهُمَّ اِنْ کانَتْ مُحْسِنَةً فَزِدْ فی اِحْسانِها وَ اِنْ کانَتْ مُسیئةً فَتَجاوَزْ عَنْها وَاغْفِرْ لَها اَللّهُمَّ اجْعَلْها عِنْدَک فی اَعْلا عِلِّیینَ وَاخْلُفْ عَلی اَهْلِها فِی الْغابِرینَ وَارْحَمْها بِرَحْمَتِک یا اَرْحَمَ الرّاحِمینَ

ပဥ္စမ→ နမာဇ်ပြီးဆုံးခြင်း နမာဇ်ပြီးဆုံးခြင်း


အဲဟ်လေစွန္နသ် ဖိကဟ်ပညာရှင်များ၏အမြင်

နမာဇေမိုင်ယသ်သည် အဲဟ်လေစွန္နသ်၏ အမြင်၌ သက်ဘီးရ်လေးခုရှိပေသည်။ ပထမသက်ဘီးရ်ဖြင့် နမာဇ်အစပြုပေသည်။ ထိုနောက် စူရဟ်ဟမ်ဒ်အား ဖတ်ရွတ်‌၏။ ဒုတိယသက်ဘီးရ်ပြီးနောက် ဆွလဝါသ် ပိုသ၏ တတိယသက်ဘီးရ်ပြီးနောက် မိုင်ယသ်အတွက် ဒိုအာတောင်းသည်။ စတုတ္ထသက်ဘီးရ် ဖတ်ပြီးနောက် စလာမ်နှင့်အတူ နမာဇ်ကို အဆုံးသက်လေသည်။ [၁၁] သိုသော် ဤနမာဇ်၏ အချိုအသေးစိတ်အချက်အလက်များသည် အဲဟ်လေစွန္နသ် တိုအကြား ကွဲပြးမှုရှိသည်။ [၁၂]

အဟ်ကာမ် ဥပဒေသများ

နမာဇေမိုင်ယသ်၏ အချို ဖိကဟ် အဲဟ်ကာမ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နမာဇေမိုင်ယသ် သည် ဝါဂျီဘေကေဖွာယီး ဖြစ်သည်။( တစ်ဦးတစ်ယောက်ဖတ်ပေးရုံးဖြင့် လုံလောက်ပေသည်။) ထိုကြောင့် အကယ်၍ တစ်ဦးတစ်ယောက်သည် ထိုနမာဇ်ကို ဖတ်လိုက်ပါက အခြားသူများ မဖြစ်မနေ ဖတ်ရန် မလိုတော့ပေ။ [၁၃]
  • ကျော်ကြားသော ဖိကဟ်ပညာရှင်များ၏အမြင်အတိုင်း ဆွာဟီဘ်ဂျဝါဟိရ်၏ အဆိုအရ မိုင်ယသ်တစ်ခုအပေါ်တွင် နမာဇ် အမျိုးမျိုးဖတ်ခြင်းသည် မကရူဟ် ဖြစ်သည်။ [၁၄]
  • အာယာသွလ္လာဟ်စီစ်သာနီ၏ ဖက်သ်ဝါအရ ထိုအရာသည် မကရူဟ် ဟူ၍မသတ်မှတ်ထားပေ။ အကယ်၍ မိုင်ယသ်သည် ပညာတက်၊ သီလသမာဓိ ရှိသူဖြစ်ပါက ၊ မကရူဟ် မဟုတ်ပေ။ [၁၅]
  • နမာဇေမိုင်ယသ်အား လူထုဖြင့်လည်း ဖတ်နိုက်ပေသည်။ သိုသော် မာအ်မူမ် သည် သက်ဘီးရ် နှင့် ဒိုအာများကို ကိုယ်တိုင်ဖတ်ရွတ်ရပေမည်။ [၁၆]
  • နမာဇေမိုင်ယင်သည် အသက်ခြောက်နှစ်ပြည့်ပြီးသော မွတ်လင်မ်တိုင်းအဖို မဖြစ်မနေ ပြုလုပ်ရမည့် ဝါဂျီဘ် တာ၀န်ဖြစ်သည်။ [၁၇]
  • ကာဖရ် နှင့် နာဆွေဘီး များအတွက် နမာဇေမိုင်ယသ် မရှိပေ။ [၁၈]
  • နမာဇေမိုင်ယသ်၌ သွဟာရသ် ဟဒက်စေအက္က်ဘရ် ( ဂိုစိုလ်) နှင့် သွဟာရသ် ဟဒစေအက်ဇ်ွဂရ်(ဝူဇူ) မလိုပေ။ [၁၉] သိုသော် အခြားဝါဂျီဘ်နမာဇ်များ၏ ပညတ်ချက်များကို လိုက်နာပါက ပိုကောင်းသည်။ [၂၀]
  • နမာဇေမိုင်သည် ဒက်ဖန် မြေမမြုပ်မီ [၂၁] နှင့် ဂိုစ်လ် နှင့် ကဖန် ပြီးနောက် ဖတ်ရမည်။ [၂၂]
  • အကယ်၍ မွတ်လင်မ် တစ်ဦး နမာဇေမိုင်ယသ် မဖတ်ဘဲ မြေမြုပ်လိုက်ပါက ၎င်း၏ကဗရ် အနား၌ နမာဇ်မား ဖတ်ပေးရမည်။ [၂၃]
  • မိုင်ယသ်ပေါင်းများစွာကို နမာဇေမိုင်ယသ် တစ်ခုတည်းဖြင့် ဖတ်ပေးနိုင်ပေသည်။ [၂၄]
  • နမာဇေမိုင်ယသ်အား မက်စ်ဂျီဒ်၌ ဖတ်ရွတ်ခြင်းသည် မကရူဟ် ဖြစ်သည်။ [၂၅] အချိုသော မရာဂျေ့အ်များသည် မက်စ်ဂျီဒွလ်ဟရမ်အား ဤပညတ်ချက်မှ ခြွင်းချက်ထားရှိထားသည်။ [၂၆] သိုသော် အချိုမရာဂျေ့အ်များသည် ဤခြွင်းချက်ကို လက်မခံကြပေ။ [၂၇]
  • နမဇေမိုင်ယသ်အား ဖိနပ်၀တ်လျက် ဖတ်နိုင်ပေသည်။ မည်မျှပင် ဖိနပ်မ၀တ်ဘဲဖတ်ခြင်းသည် မွစ်သဟဘ် ဖြစ်နေပါစေ။ [၂၈]

သမိုင်းဆိုင်ရာ နမာဇေမိုင်ယသ်များ

ဟဇရသ်ဇဲဟ်ရာ(စအ)၏ ဂျနာဇာအား နမာဇေမိုင်ယသ် ဖတ်ပေးခြင်း နှင့် အေမာမ်ခိုမေနီ(ရဟ)၏ဂျနာဇာအား နမာဇေမိုင်ယသ် ဖတ်ပေးခြင်းတိုသည် ရှုထောင့်တိုင်းကို သေချာဂရုပြုရမည့် နမာဇ်များအနက်မှ ဖြစ်သည်။ အေမာမ်အလီ(အစ) ၏ သမိုင်းပညာရှင်များ၏ အဆိုအရ အေမာမ်အလီ(အစ)သည် မိမိ၏ဇနီးဖြစ်သယ ဖွာသွေမဟ်(စအ) ကို ညအချိန်၌ ဂိုစိုလ် (မိုင်ယသ်ရေချိုးပေးခြင်း) ပြုလုပ်ပေးခဲ့သည်။ [၂၉] ထိာ့နောက် နမာဇေမိုင်ယသ်အား ဖတ်ပေးခဲ့သည်။ [၃၀] သွီဘ်ရေစီ၏ အဆိုအရ အေမာမ်ဟစန်(အစ)အေမာမ်ဟိုစိုန်(အစ)မိက်ဒါဒ်စလ်မာနေဖွာရ်စီအဘူဇဲရေဂဖ္ဖာရီအမ္မာရ် ဗင်န် ယာစီရ်အကီးလ် ဗင်န် အဘီသွာလီဘ်ဇိုဘိုင်းရ် ဗင်န် အဝါမ်ဘိုရိုင်းဒဟ် ဗင်န် ဟဆွီးဘ် အစ်လမီ နှင့် ဘနီဟာရှင်မ် မှအချိုသူများ သည် ဟဇရသ်ဇဲဟ်ရာ(စအ) ၏ နမာဇေမိုင်ယသ်၌ ပါ၀င်ခဲ့ကြသည်။ [၃၁] ထိုသိုပြုလုပ်ရခြင်းမှာလည်း ဟဇရသ်ဇဲဟ်ရာ(စအ) ၏ သေတမ်းစာ ၀စီယသ် ကြောင့်ဖြစ်သည်။ ထိုမှာ မိမိအပေါ် မတရားပြုလုပ်ပြစ်မှား‌‌ေသာလူတိုသည် မိမိ၏ဈာပနကို မတက်ရောက်ဘဲ မိမိ၏ နမာဇေမိုင်ယသ်၌ မပါ၀င်စေရန် မိမိအား ညအချိန်၌ မြေမြုပ်ရန် မှားကြားခဲ့သည်။ [၃၂] အေမာမ်ခိုမေနီ၏ နမာဇေမိုင်ယသ်သည် လူအရှုပ်ဆုံးသော နမာဇ် များထဲမှ တစ်ခုဖြစ်ခဲ့သည်။ ဤနမာဇ်ကို အာယာသွလ္လာဟ် ဂိုလ်ပိုင်ဂါနီး ၏ ဦးဆောင်မှု ဖြင့်၁၃၆၈ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည်။ အေမာမ်ခိုမေနီ၏ ဈာပနအား သမိုင်းတွင် လူဦးရေအများဆုံးဈာပနအဖြစ် သတ်မှတ်ခဲ့ကြသည်။ [၃၃]

မှတ်စုများ

  1. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ ၆၀
  2. အလ္လာမဟ်ဟီလ္လီ၊ သက်ဇ်ကိုရသွလ်ဖိုကဟာ၊ ဟီဂျရီ၁၄၁၄၊အတွဲ၂၊စာမျက်နှာ၇၅၊ရှဟီးဒ်စာနီ ၊အရ်ရောင်ဇွာသွလ်ဘဟီယဟ်၊ ဟီဂျရီ၁၄၁၀၊အတွဲ၁၊စာမျက်နှာ၄၂၉
  3. ရှဟီးဒ်စာနီ၊ ရောင်ဇွလ်ဂျနာန်၊ မိုအ်စစ်စေအာလေဘိုင်းသ်၊ စာမျက်နှာ၁၇၂-၁၇၃
  4. ဖိက်ဟွရ်ရေဇွာ၊ဟီဂျရီ၁၄၀၆၊စာမျက်နှာ၁၇၉
  5. ရှဟီးဒ်စာနီ ၊အရ်ရောင်ဇွာသွလ်ဘဟီယဟ်၊ ဟီဂျရီ၁၄၁၀၊အတွဲ၁၊စာမျက်နှာ၄၂၆
  6. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ၅၃
  7. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ ၆၇
  8. ရှဟီးဒ်စာနီ ၊အရ်ရောင်ဇွာသွလ်ဘဟီယဟ်၊ ဟီဂျရီ၁၄၁၀၊အတွဲ၁၊စာမျက်နှာ၄၂၅
  9. ရှဟီးဒ်အောင်၀လ်၊ အဒ်ဒိုရူးစွလ်ရှအီယဟ်၊ ဟီဂျရီ၁၄၁၇၊အတွဲ၁၊စာမျက်နှာ၁၁၂-၁၁၃
  10. ရှဟီးဒ်အောင်၀လ်၊ အဒ်ဒိုရူးစွလ်ရှအီယဟ်၊ ဟီဂျရီ၁၄၁၇၊အတွဲ၁၊စာမျက်နှာ၁၁၃၊ရှဟီးဒ်စာနီ ၊အရ်ရောင်ဇွာသွလ်ဘဟီယဟ်၊ ဟီဂျရီ၁၄၁၀၊အတွဲ၁၊စာမျက်နှာ၄၂၈
  11. မွလ္လာခိုစ်ရို၊ ဒရဲရွလ်ဟေကာမ် ရှရ်ဟေ ဂိုရရွလ်အဟ်ကာမ်၊ ဒါရွလ်အဟ်ယာအွလ်ကိုသိုဘွဘ်အာရဗီယဟ်၊ အတွဲ၁၊စာမျက်နှာ၁၆၃
  12. ကြည့်ပါ အိဗ်နေမာဇဟ်၊ အလ်မိုဟီးသွလ်ဘုရ်ဟာန်၊ ခရာဇ်နှစ်၂၀၀၄၊အတွဲ၂၊စာမျက်နှာ၁၇၈၊ မွလ္လာခိုစ်ရို၊ ဒရဲရွလ်ဟေကာမ် ရှရ်ဟေ ဂိုရရွလ်အဟ်ကာမ်၊ ဒါရွလ်အဟ်ယာအွလ်ကိုသိုဘွဘ်အာရဗီယဟ်၊ အတွဲ၁၊စာမျက်နှာ၁၆၃
  13. မိုအ်ဂျမွန် ဖိက်ဟွလ်ဂျဝါဟီရ်၊ ဟီဂျရီ၁၄၁၇၊အတွဲ၄၊စာမျက်နှာ၁၇၂
  14. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ၁၀၀
  15. ဘနီဟာရှင်မီခိုမေနီ၊ သောင်ဇီးဟွလ်မစာအီလေမရ်ဂျအ်၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၃၃၆၊ မက်စ်အလေ၆၀၆
  16. ရှဟီးဒ်စာနီ ၊အရ်ရောင်ဇွာသွလ်ဘဟီယဟ်၊ ဟီဂျရီ၁၄၁၀၊အတွဲ၂၊စာမျက်နှာ ၅၀၂
  17. ရှဟီးဒ်အောင်၀လ်၊ အဒ်ဒိုရူးစွလ်ရှအီယဟ်၊ ဟီဂျရီ၁၄၁၇၊အတွဲ၁၊စာမျက်နှာ၁၁၁
  18. ရှဟီးဒ်အောင်၀လ်၊ အဒ်ဒိုရူးစွလ်ရှအီယဟ်၊ ဟီဂျရီ၁၄၁၇၊အတွဲ၁၊စာမျက်နှာ၁၁၁
  19. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ၆၀
  20. အာမေလီ၊ မိဆ်ွဘာဟွလ်ဟိုဒါ၊ ဟီဂျရီ၁၃၈၀၊အတွဲ၆၊စာမျက်နှာ၃၆၉
  21. အာမေလီ၊ မိဆ်ွဘာဟွလ်ဟိုဒါ၊ ဟီဂျရီ၁၃၈၀၊အတွဲ၆၊စာမျက်နှာ၃၉၂
  22. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ၆၈
  23. အာမေလီ၊ မိဆ်ွဘာဟွလ်ဟိုဒါ၊ ဟီဂျရီ၁၃၈၀၊အတွဲ၆၊စာမျက်နှာ၃၇၇
  24. အလ္လာမဟ်ဟီလ္လီ၊ သက်ဇ်ကိုရသွလ်ဖိုကဟာ၊ ဟီဂျရီ၁၄၁၄၊အတွဲ၂၊စာမျက်နှာ ၆၇
  25. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ ၉၈-၉၉
  26. ဘနီဟာရှင်မီခိုမေနီ၊ သောင်ဇီးဟွလ်မစာအီလေမရ်ဂျအ်၊ ဟီဂျရီ၁၄၂၄၊အတွဲ၁၊စာမျက်နှာ၃၃၉၊ မက်စ်အလေ၆၁၂
  27. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ ၉၈-၉၉
  28. နဂျဖီ၊ ဂျဝါဟီရွလ်ကလာမ်၊ ဟီဂျရီ၁၄၀၄၊အတွဲ၁၂၊စာမျက်နှာ၈၄
  29. သွီဘ်ရီ၊ သ။ရီးခွလ်အိုမမ်၀လ်မလူးက်၊၊ ဟီဂျရီ၁၄၀၃၊အတွဲ၂၊စာမျက်နှာ ၄၇၃-၄၇၄
  30. အရ်ဘလီ၊ ကက်ရှ်ဖွလ်ဂမ္မ်ဟ်၊ ဟီဂျရီ၁၄၂၁၊အတွဲ၂၊စာမျက်နှာ ၁၂၅
  31. သွီဘ်ရီ၊ အအ်လာမွလ်၀ရီ၊ ဟီဂျရီ၁၄၁၇၊အတွဲ၁၊စာမျက်နှာ၃၀၀
  32. ဆူဒူက်၊ အိလက်လုလ်ရှရာယေအ်၊ ဟီဂျရီ၁၃၈၅၊အတွဲ၁၊စာမျက်နှာ ၈၅
  33. سایت گینس

ကျမ်းကိုးမျာ

  • အိဗ်နေမာဇဟ်၊ မိုဟမ္မဒ်ဗင်န်အဟ်မဒ်၊ အလ်မိုဟီးငွလ်ဘွရ်ဟာနီ ဖီ ဖိကဟွလ် နအ်မာနီ ဖိက္ကဟွလ်အေမာမ် အဘီဟနီဖဟ် ရဇီယလ်လာဟုအန်ဟု၊ သဟ်ကီးက် အဘ်ဒုလ်ကရီးမ် စာမီယွလ်ဂျန်ဒီ၊ ဘီရူးသ်၊ ဒါရွလ်ကိုသုဘွလ်အီလ်မီယဟ်၊ ခရာဇ်နှစ်၂၀၀၄
  • အရ်ဘလီ၊ အလီဗင်န်အီစာ၊ ကက်ရှ်ဖွလ်ဂမ္မ်ဟ် ဖီ မအ်ရိဖသွလ်အအင်မ်မဟ်၊ ကွမ်း၊ ရဇီး၊ ပထမထုပ်ဝေမှု၊ ဟီဂျရီ၁၄၂၁
  • ဘနီဟာရှင်မ်၊ ခိုမေနီ၊ ဆိုင်ယိဒ်မိုဟမ္မဒ်ဟိုစိုန်း၊ သောင်ဇီးဟွလ်မစာအီလ် မရ်ဂျာဂျေအ် မိုသွာဘီက် ဘာ ဖသ်ဝါယေ စီးဇ်ဒဲသ်နဖရ်အဇ်မရာဂျေအ်မအဇွမ်သက္က်လီးဒ်၊ ကွမ်း၊ ဒက်ဖ်သရေ အင်န်သေရှာရာသေအိစ်လာမီ၊ ဝါဘက်စ်သေဘေ ဂျာမေအေ မိုဒရီစီးန် ဟောင်ဇာ အီလ်မီယဟ်ကွမ်း၊ ဟီဂျရီ၁၄၂၄
  • အာမေလီ၊ မီရ်ဇာမိုဟမ္မဒ်သကီ၊ မိဆ်ွဘာဟွလ်ဟိုဒါ ဖီ ရှရ်ဟွလ်အွရ်၀သွလ်ဝူစ်ကာ၊ သီဟီရာန်၊ ဟီဂျရီ၁၃၈၀
  • ရှဟီးဒ်အောင်၀လ်၊ မိာဟမ္မဒ်ဗင်န်မက္ကီ၊ အလ်ဒိုရူစွလ်ရှရ်အီယသ်ဖီဖိကဂွလ်အိမာမီယဟ်၊ ကွမ်း၊ ဒက်ဖ်သရေ အင်န်သေရှာရာသေအိစ်လာမီ၊ ဝါဘက်စ်သေဘေ ဂျာမေအေ မိုဒရီစီးန် ဟောင်ဇာ အီလ်မီယဟ်ကွမ်း၊ ဟီဂျရီ၁၄၁၇
  • ရှဟီးဒ်စာနီ၊ ဇိုင်နွလ်ဒီးန်ဗင်န်အလီ၊ အရ်ရောင်ဇွသွလ်ဘဂီယဟ် ဖီရှရ်ဟေမအသွလ်ဒမီရှ်ကီယဟ်၊ ဟာရီယေ မိုဟမ္မဒ် ကလာန်သဲရ်၊ ကွမ်း၊ ဒါဝဲရီးစာအုပ်ရောင်း၀ယ်ရေး၊ ဟီဂျရီ၁၄၁၀
  • ရှဟီးဒ်စာနီ၊ ဇိုင်နွလ်ဒီးန်ဗင်န်အလီ၊ ရောင်ဇွလ်ဂျနာန်ဖီရှရ်ဟေအိရ်ရှာဒလ်အဇ်ဟာန်၊ ကွမ်း၊ မိုအ်စစ်စေအာလေဘိုင်းသ်၊ ပထမထုပ်ဝေမှု၊ ဘီသာ
  • ဆူဒူက်၊ မိုဟမ္မဒ်ဗင်န်အလီ၊ အိလက်လုလ်ရှရာယေအ်၊ သဂ်ကီးက် ဆိုင်ယိဒ် မိုဟမ္မဒ်ဆွာဒီက်ဘဟ်ရွလ်အိုလူးမ်၊ နဂျဖွလ်အရှ်ရာဖ်၊ အလ်မက်သဘသွလ်ဟိုင်ဒရီယဟ်၊ ဟီဂျရီ၁၃၈၅
  • သွီဘ်ရီစီ ၊ ဖက်ဇဠ်လ်ဗင်န်ဟစန်၊ အအ်လာမွလ်၀ရာ၊ ကွမ်း၊ မိုအ်စစ်စေအာ‌ေလဘိုင်းသ် လိအဟ်ယာအွလ်သရာစ်၊ ဟီဂျရီ၁၄၁၇
  • သွီဘ်ရီ၊ မိုဂမ္မဒ်ဗင်န်ဂျရီးရ်၊ သာရီးခေအိုမာမ် ၀လ် မလူးက်၊ ဘီရူးသ်၊ မိုအ်စစ်စေအအ်လမီ၊ ဟီဂျရီ၁၄၀၃
  • အလ္လာမဟ်ဟီလ္လီ၊ ဟစန်ဗင်န်ယူစွဖ်၊ သက်ဇ်ကိုရသွလ်ဖိုကဟာ၊ ကွမ်း၊ မိုအ်စစ်စေအာလေဘိုင်းသ် အာလိုင်းဟိစ္စလာမ်၊ ဟီဂျရီ၁၄၁၄
  • ဖိကဟွရ်ရေဇွာ၊ မရှ်ဟဒ်၊ မိုအ်စစ်စေအာလေဘိုင်းသ် အာလိုင်းဟိစ္စလာမ်၊ ဟီဂျရီ၁၄၀၆
  • မွလ္လာခုစ်ရိူ၊ မိုဟမ္မဒ်‌ဗင်န်ဖရ မက်ဇ်ရ်၊ ဒရရွလ်ဟေကာမ်ရှရ်ဟေဂိုရရွလ်အဟ်ကာမ်၊ ဘီသာ၊ ဒါရွလ်အဟ်ယာအွလ်ကိာသိုဘွလ်အာရဗီယသ်၊ ဘီသာ
  • နဂျဖီ၊ မိုဟမ္မဒ်ဟစန်၊ ဂျဝါဟီရွလ်ကလာမ်ဖီရှရ်ဟုကှရာယေအွလ်အိစ်လာမ်၊ သက်ဆ်ွဟီးဟ် အဘာစ် ကူချာနီ နှင့် အလီ အ ခ်၀န်ဒီ၊ ဘီကူးသ်၊ ဒါရွလ်အဟ်ယာအွလ်သရာစွလ်အာရဗီယဟ်၊ ဟ္ဂျရီ၁၄၀၄