မွတ်စ်လင်မ်များ

wikishia မှ

မွတ်စ်လင်မ်များ သို့မဟုတ် မွတ်စ်လင်မ်တစ်ဦး ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ သွန်သင်ချက်များကို ယုံကြည်ပြီး ၎င်းအတိုင်း လိုက်နာကျင့်သုံးသူ ဖြစ်သည်။ ရှီအာဥပဒေပညာရှင်များ၏ အဆိုအရ၊ မွတ်စ်လင်မ်တစ်ဦးသည် ရှဟာဇဒသ် နှစ်ခု ထွက်ဆိုခြင်းဖြင့် ၎င်းပေါ်တွင် ခန္ဓာကိုယ် သန့်ရှင်းမှု၊ အသက်၊ ပစ္စည်း ဥစ္စာ ၊ ဂုဏ်သိက္ခာ နှင့် ‌အေဘာဒသ် ခဝတ်ကိုးကွယ်မှု စသည့်အရာများ မှန်ကန်မှုရှိသွားပေမည်။

တစ်ပါးတည်းသောအရှင်နဗူဝသ် နှင့် မအာဒ် (ရှင်သန်ထမည့်နေ့))) ကို ယုံကြည်ခြင်း မွတ်စ်မ်များအကြား တူညီမှုရှိသော ယုံကြည်ချက်ဖြစ်ပြီး နမာဇ်ရိုဇာ နှင့် ဟဂ်ျ တို့သည် မွတ်စ်လင်မ်တို့အကြား တူညီသော ကျင့်ဆောင်မှုအချို့ ဖြသ်သည်။ သမိုင်းသုတေသီများ၏ အဆိုအရ၊ အေမာမ်အလီ (အစ) ) နှင့် ဟဇရသ် ခတီဂျာ (စအ)) သခင်မတို့သည် ပထမဦးဆုံး မွတ်စ်လင်မ်များ ဖြစ်ကြပေသည်။

        ပျူ သုတေသန အဖွဲ့ (PEW) ၏ အဆိုအရ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့မွတ်စ်လင်မ် ဦးရေသည် ၁ ဘီလီယံ ၇၅၂ ဒသမ ၆၂၀,ဝဝဝ ခန့်ရှိပြီး အစ္စလာမ်ဘာသာသည် ခရစ်ယာန်ဘာသာပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေ အများဆုံးဘာသာ ဖြစ်သည်။ ဤသုတေသနဌာန၏ ခွဲခြမ်းစိတ်ဖြာချက်အရ ကမ္ဘာ့မွတ်စ်လင်မ်များ၏ သုံးပုံနှစ်ပုံ (၆၂%) နီးပါးသည် အာရှပစိဖိတ်ဒေသတွင် နေထိုင်ကြသည်။ မွတ်စ်လင်မ် ဟူသည် အရှင်မြတ်၏ အမိန့်တော်များကို နာခံသူ ဟူသော အနက်အဓိပ္ပါယ် ဖြင့်လည်း အသုံးပြုပေသည်။ ကုရ်အာန်၌ မွတ်စ်လင်မ် ဟူသော ဝေါဟာရ နှင့် ၎င်းမှ ဆင်းသက်လာသော ဝေါဟာရများသည် ၊ များသောအားဖြင့် ထိုအနက်အဓိပ္ပါယ်ဖြင့် သုံးနှုံးကြပေသည်။

အရိုက်အရာ နှင့် သမိုင်းအကျဉ်း

        အစ္စလမ်ဘာသာ ဟူသည် အေဒီ ၆၁၀ ခုနှစ် တွင် အာရေဗီယားကျွန်းဆွယ်တွင် တည်ရှိသော မက္ကာမြို့တမန်တော် မုဟမ္မဒ် (ဆွ)သံတမန်အဖြစ် ပေါ်ထွန်းခြင်းနှင့်အတူ ပေါ်ထွန်းလာပြီး ၎င်း၏ နောက်လိုက်များအား မွတ်စ်လင်မ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ (1) ရှီအာများ၏ ပထမဆုံး အေမာမ် ဖြစ်သူ အေမာမ်အလီ(အစ) နှင့် ဟဇရသ်သေ ခတီဂျာ(စအ) (တမန်တော်မြတ်၏ ဇနီး) တို့သည် အစ္စလာမ်သို့ ပထမဦးဆုံး ကူးပြောင်းလာသူများ ဖြစ်ကြသည် ဟူ၍ ဆိုထားကြသည်။ (2)အရ်စီးရသုလ်နဗူဝဟ် စာအုပ်၌ အိဗ်နေဟရှာမ် ၏အဆိုအရ၊ အေမာမ်အလီ(အစ) နှင့် ဟဇရသ်သေ ခတီဂျာ(စအ) ပြီးနောက်၊ ဇိုင်ဒ် ဗင်န် ဟာရီစ်အဘူဘက်ရ် ဗင်န် အဘီကဟ္ဟာဖဟ်အွစ်မားန် ဗင်န် အဖ္ဖားန်စအ်ဒ် ဗင်န် အဘီ ဝကာစ်ဇိုဘိုင်ယရ် ဗင်န် အဝါမ်အဗ္ဗ်ဒုရ်ရဟ်မားန် ဗင်န် အောင်ဖ် နှင့် သွလ်ဟေ ဗင်န် အိုဘိုင်ဒုလ္လာဟ် တို့သည် အစ္စလာမ်သို့ ကူးပြောင်းလာသူများ ဖြစ်ကြသည်။ (3)

        မုစ်လင်မ် သို့မဟုတ် အစ္စလာမ် ဟူသော ခေါင်းစဉ်ကို ဖိက္ကဟ် ရေဝါယသ် အချို့တွင် ဖော်ပြထားပြီး[4] သန့်စင်ခြင်းနမာဇ်ဇကာတ်ရိုဇာဟဂ်ျဂျီဟာဒ်စီးပွားရေးကိုယ်စားပြုမှုသေတန်းစာလက်ထပ်ခြင်းအမဲလိုက်ခြင်း ၊ သတ်ဖြတ်ခြင်း နှင့် ပြန်လည်နိုးထခြင်းစသည့် ဖိက္ကဟ် တရားဥပဒေသ ရေးရာဆိုင်ရာ အခန်းများတွင် ဆွေးနွေးတင်ပြထားသည်။ (5)

ဝေါဟာရအနက်အဓိပ္ပါယ်

قَالَتِ الْأَعْرَابُ آمَنَّا ۖ قُلْ لَمْ تُؤْمِنُوا وَلَٰكِنْ قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الْإِيمَانُ فِي قُلُوبِكُمْ

ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့က “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် (သက်ဝင်ယုံကြည်ကြ ပြီဟု ပြောဆိုရုံသက်သက်ဖြင့်) ယုံကြည်ကြခြင်း (ပြီးဆုံးသည်) မဟုတ်ပေ။ သို့ရာတွင် “ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍) အမိန့်နာခံကြပါပြီ။” ဟု ပြောဆိုကြလော့။ အမှန်စင်စစ် ယုံကြည်မှုသည် သင်တို့၏စိတ်နှလုံးများထဲသို့ မဝင်ရောက်သေးပေ။ (6)

        မွတ်စ်လင်မ် ဆိုသည်မှာ အစ္စလာမ် သာသနာ၏ သွန်သင်ချက်များကို ယုံကြည်ပြီး ၎င်းကို လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ် အား ခေါ်ဆိုသည်။ (7) အချို့များသည်လည်း၊ မွတ်စ်လင်မ် ဟူသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်ကာ တမန်တော်မြတ် (ဆွ) ထံ လက်အောက်ငယ်သား ခံယူသူ ဖြသ်သည် ဟူ၍ ယူဆထားကြသည်။ (8) “မွတ်စ်လင်မ်” ဟူသော စကားလုံး နှင့် ၎င်းမှ ဆင်းသက်လာမသော စကားလုံးသည် ကုရ်အာန်တွင် အကြိမ် ၄၀ ကျော် ပေါ်လာပြီး ယေဘူယျ နှင့် အယသီးခြား အနက်အဓိပ္ပာယ် နှစ်မျိုးရှိသည်။ (9) မွတ်စ်လင်မ်၏ အဓိပ္ပါယ်ကို ကုရ်အာန် အာယသ် အများစုတွင် ယေဘူယျနှင့် ကျယ်ပြန့်သော အဓိပ္ပာယ်ဖြင့် အသုံးပြုကြပြီး အရှင်မြတ် ၏အမိန့်တော်ကို နာခံကာ ထိုအရှင်သည် တစ်ပါးတည်းသာ တည်ရှိကြောင်းကို အကြွင်းမဲ့ ကိုးကွယ်ယုံကြည်မှု အပြည့်အ၀ရှိပြီး တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် ရုပ်ထု ကိုးကွယ်ခြင်းမှ ကင်းဝေးသော တစ်စုံတစ်ဦးအား ဆိုလိုကြသည်။ (10) သီးခြား အနက်အဓိပ္ပါယ် အရ၊ တမန်တော်မုဟမ္မဒ် (ဆွ) သာသနာ၏ နောက်လိုက်သားများ နှင့် ယုံကြည်သူများ အနက်မှ ဖြစ်သူများ ဟူ၍ ဆိုကြသည်။ (11)

မိုအ်မင်န် နှင့် မွတ်စ်လင်မ် ကွာခြားချက်

        ဖိက္ကဟ် ပညာရှင်များသည် အချို့ အာယသ်တော်များ (12) နှင့် ရေဝါယသ်များ (13) ၏ ဆိုလိုရင်းအရ ၊ မွတ်စ်လင်မ် နှင့် မိုအ်မင်န် အကြား ကွာခြားမှု ရှိသာ်ဟူ၍ လက်ခံထားကြသည်။ ဆိုလိုသည်မှာ ၊ ယေဘူယျအားဖြင့် မိုအ်မင်န် သက်တင်ယုံကြည်သူ ဆိုသည်မှာ တမန်တော်မြတ်(ဆွ) ထံမှ လာရှိသမျှ အရာအားလုံးကို စိတ်နှလုံးအတွင်းမှ ဝန်ခံပြီး နာတ်လျှာဖြင့် သက်သေထွက်ဆိုသူ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (14) သို့သော် ၊ မွတ်စ်လင်မ် ဟူသည် သီးသန့် နုတ်လျှာဖြင့် ရှာဟာဒသ် နှစ်ခုအား ထွက်ဆိုဝန်ခံသူ ဖြစ်ပေသည်။ (15) ရှီအာ ဥပဒေပညာရှင်များ၏ အဆိုအရ ၊ မိုအ်မင်န် သက်တင်ယုံကြည်သူ ဟူသည် ရှီအာ အေမာမ်(အစ) များ၏ ဝေလာယသ် နှင့် အေမာမသ် အပေါ် ယုံကြည်လက်ခံသူများကို ဆိုလိုပေသည်။ (16)

ရေဝါယသ်၌ မွတ်စ်လင်မ် များ၏ သွင်ပြင်လက္ခဏာများ

အချို့သော ကျင့်ဝတ်များ ပါရှိသော ‌‌ေရဝါယသ်များတွင် စစ်မှန်သော မွတ်စ်လင်မ်တစ်ဦး၏ စရိုက်လက္ခဏာများကို ဖော်ပြထားပါသည်။ (17) ဥပမာအားဖြင့် ၊ တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ်အရ၊ စစ်မှန်သော မွတ်စ်လင်မ် ဆိုသည်မှာ ၊ လူသားများကို မိနိ၏ နုတ်လျှာဖြင့် ဖြစ်စေ ၊ လက်ဖြင့် ဖြစ်စေ ဒုက္ခ မရောက်စေသူ ကို ခေါ်ဆိုသည်။ (18) အေမာမ်အလီ(အစ) သည် ရေဝါယသ် တစ်ခု၌၊ ဉာဏ်ပညာ၊ ရိုးသားမှုရှိခြင်း၊ သစ္စာတရားရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား အာရုံစူးစိုက်မှုဖြင့် ဖတ်ရွတ်ခြင်း ၊ ခင်မင်ရင်းနှီးမှုထားခြင်း ၊ အရှင်မြတ်၏ လမ်းစဉ်တွင် ချစ်ခင်မှု နှင့် ရန်ငြိုးဖွဲ့မှု ပြုလုပ်ခြင်း၊ အဟ်လေဗိုင်သ်(အစ) ၏ ဝေလာယသ်အား သိရှိခြင်း၊ အခြားသူများ၏ အခွင့်အရေးများကို လေးစားလိုက်နာခြင်း ၊ လူအများနှင့် ကောင်းမွန် ပြေလည်စွာ ဆက်ဆံခြင်း စသည်တို့သည် စစ်မှန်သော မွတ်စ်လင်မ်တစ်ဦး၏ သွင်ပြင်လက္ခဏာများဖြစ်သည်ဟု ယူဆထားကြသည်။ (19)

အေမာမ်ရေဇွာ(အစ) မိန့်တော်မူထားသည်မှာ :

မွတ်စ်လင်မ်တစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေးသည် အရည်အချင်း ဆယ်ပါးမရှိပါက ပြီးပြည့်စုံမည် မဟုတ်ပေ။ ၎င်းတို့မှာ : ၁ ။ ၎င်းထံမှ ကောင်းကျိုးကို မျှော်လင့်ခြင်း။ ၂။ လူတို့သည် မိမိမကောင်းမှုမှ ကင်းဝေးခြင်း။ ၃။ အခြားအသေးအမွှားများ၏ ကောင်းကျိုးကို များစွာ ထည့်တွက်ခြင်း။ ၄ ။ ကုသိုလ်ကောင်းမှုများစွာကို လျှော့တွက်ခြင်း။ ၅ ။ တစ်ဦးတစ်ယောက်က ၎င်းထံမှ တစ်စုံတစ်ရာ တောင်းဆိုပါက စိတ်မကောင်း မဖြစ်ခြင်း။ ၆ ။ ဘဝ၌ ဗဟုသုတရှာဖို့ရန် နှင့်ာ သင်ယူ ဆည်းပူးဖို့ရန် မပျင်းရိခြင်း။ ၇ ။ အရှင်မြတ်၏ လမ်းတော်၌ ဆင်းရဲခြင်းသည် ချမ်းသာခြင်းထက် ပို၍ကျော်ကြားသည် ဟုမှတ်ယူထားခြင်း။ ၈ ။အရှင်မြတ်၏ လမ်းတော်၌ အရှက်တကွဲဖြစ်ခြင်းသည် ရန်သူကို ဂုဏ်တင်ခြင်းထက် သာ၍ချစ်မြတ်နိုးသည်ဟု ယူဆထားခြင်း။ ၉ ။ ကျော်ကြားမှုထက် လျို့ဝှက်မှုကို နာမည်ဝှက်ကို ပိုမိုနှစ်သက်ခြင်း။ ထို့နောက် ဆယ်ခုမြောက်အရာသည် မည်သည့်အရာ ဖြစ်သနည်း ဟုမေးမြန်းပြီးနောက် မိန့်ဆိုသည်မှာ ၊ သူသည် ကျွန်ုပ် ထက် ပိုမိုသာလွန် ကောင်းမွန်ပြီး ပို၍ သက္ကဝါတရား ရှိသယ ဖြစ်သည် မှလွဲပြီး အခြားမည်သူကိုမှ မကြည့်ပါနှင့် ။ ကျမ်းကိုး : သုဟဖ္ဖုလ် အိုကူးလ် ၊ စာမျက်နှာ ၄၃၃

ယုံကြည်ချက်ဆိုင်ရာ နိယာမ သဘောတရား

မွတ်စ်လင်မ် များအားလုံး သဘောတူ လက်ခံထားထားသော ယုံကြည်ချက် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • တစ်ပါးတည်း တည်ရှိခြင်း (သောင်ဟီးဒ်) ၊ မွတ်စ်လင်မ်တို့၏ အဓိက ဘာသာရေးဆိုင်ရာ အယူဝါဒ တစ်ခုမှာ ‌တစ်ပါးတည်း တည်ရှိခြင်း (သောင်ဟီးဒ်) ဖြစ်သည်။ (20 ) မွတ်စ်လင်မ် များအားလုံး၏ ယုံကြည်ချက်အရ ၊ အရှင်မြတ်သည် ၊ ကမ္ဘာလောကကြီးအား ဖန်ဆင်းတော်မူသော တစ်ပါးတည်အရှင် ဖြစ်ပြီး မည်သည့် တုဖက်နှိုင်းယှဉ်မှုမှ မရှိပေ။ (21)
  • မအာဒ် (ပြန်လည်ရှင်သန်ထမြောက်မည့်နေ့) ၊ ရှင်ပြန်ထမြောက်မည့်နေ့တွင် ဝိညာဉ်သည် ကိုယ်ခန္ဓာသို့ ပြန်လည်ရောက်ရှိမည် ဟူ၍ ယုံကြည်ချက်ရှိကြသည်။ ထို့ကြောင့် မိမိတို့၏ လုပ်ရပ်များကို ဂရုစိုက်ရမည်ဟု ဆိုထားသည်။ ကောငမွန်‌ေသာသူ၊ ဖြောင့်မတ်သောသူ တို့သည် ကောင်းကင်ဘုံနှင့် ထာဝရကောင်းချီးများဆီသို့ ရောက်ရှိကြမည်ဖြစ်ပြီး၊ မတရားသောသူတို့သည် ၎င်းတို့၏ ပြစ်ဒဏ်ကို ခံစားကြရမည် ဖြစ်မည်။ (22)
  • နဗူဝသ် တမန်တော် အရိုက်အရာ ၊ နဗူဝသ် တမန်တော် အရိုက်အရာ နှင့်ပတ်သက်ပြီး မွတ်စ်လင်မ်များ ယုံကြည်ထားကြသည်မှာ ၊( ၁) တမန်တော်မုဟမ္မဒ်(ဆွ) သည် အရှင်မြတ်ဘက်မှ ရွေးချယ်ခန့်အပ်တော်မူသော တမန်တော်ဖြစ်သည်။ (23) (၂) ကျမ်းမြတ်ကုရ်အာန် သည် အရှင်မြတ်ဘက်မှ ၎င်းအပေါ်သို့ ဝဟီဗျာဒိတ်တော်အဖြစ် ကျရောက်ခဲ့သည်။ (24) (၃) ၎င်းသည် နောက်ဆုံး တမတ်တော် ဖြစ်ပြီး ၎င်းနောက် မည်သည့် တမန်တော်မှ မဖူးပွင့်တော့ပေ။ (25)

အေဘာဒသ် ကျင့်ဝတ်များ

အောက်ပါတို့သည် မွတ်စ်လင်မ်တိုင်းအတွက် အရေးကြီးဆုံးသော ဝတ်ပြုကိုးကွယ်မှု များထဲမှ တစ်ခုဖြစ်သည်။

  • ရိုဇာ ၊ မွတ်စ်လင်မ်တိုင်းသည် ရမ်ဇာန်လတွင် တစ်လလုံး ၊ ဖဂျရ် နမာဇ်၏ အဇာန်အချိန်မှ မဂ်ကီဘ် နမာဇ်၏ အဇာန် အချိန်အထိ အစားရှောင်ရမည်မှာ ဝါဂျီဘ်တာဝန် ဖြစ်သည်။ (29)
  • ဟဂ်ျ ၊ မွတ်စ်လင်မ်တိုင်းသည် တစ်သက်၌ တစ်ကြိမ် (အကယ်၍ ပညတ်ရှိပါက) ဟဂ်ျ ပြုလုပ်ရမည်မှာ ဝါဂျီဘ်တာဝန် ဖြစ်သည်။ (30) ဟဂ်ျ ၏ ဘာသာရေး ထုံးတမ်းများကို ဇီလ်ဟဂျ်လတွင်င် မက္ကာမြို့ရှိ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ မွတ်စ်လင်မ် အများအပြား သည် တစ်စုတစ်ရုံးတည်း လာရောက်ကညကာ ဟဂ်ျ၏ ထုံးတမ်းများ ကို ပြုလုပ်ကြသည်။ (31)

ဖိက္က်ဟ် ဓမ္မသတ်ဆိုင်ရာ ဥပဒေသများ

        ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ၊ ရှဟာဒသ် စာသား နှစ်ခု သို့မဟုတ် ၎င်း၏ ဘာသာပြန်ကို နုတ်လျှာမှ ထွက်ဆိုခြင်းဖြင့် မွတ်စ်လက်မ် ဖြစ်သွားပေသည်။ (32) အစ္စလာမ် တရားတော်၌ မွတ်စ်လင်မ် များအတွက် ၊ အကျိုးအာနိသင် များစွာရှိပြီး အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အေမာန်ဆွာဒီက်(အစ) မိန့်တော်မူသည်မှာ : الْإِسْلَامُ يُحْقَنُ بِهِ الدَّمُ وَ تُؤَدَّى بِهِ الْأَمَانَةُ وَ تُسْتَحَلُّ بِهِ الْفُرُوجُ وَ الثَّوَابُ عَلَى الْإِيمَانِ؛* အစ္စလမ်ဘာသာ၏ အကြောင်းခံဖြင့်၊ အသက် ဘေးကင်းပ ကာကွယ်ပြီး အမာနသ် ကို ပေးဆောင်ရသည်။ ထိုသို့ပြုလုပ်ရန် တရားဝင်ဖြစ်လာသော်လည်း နောင်တမလွန်ဘဝ၏ ဆုလာဘ်သည် အီမာန် သက်ဝင်ယုံကြည်ခြင်းအတွက်သာ ဖြစ်သည်။ (33)

  • မွတ်ဆလင်တစ်ဦး၏ ခန္ဓာကိုယ် စိုစွတ်မှု နှင့် အရည်များသည် သန့်ရှင်းပေသည်။ (34)
  • မွတ်စ်လင်မ်တစ်ယောက်၏ အသက်၊ ဥစ္စာဒန နှင့် ဂုဏ်သက္ခာသည် တန်ဖိုးရှိပေသည်။ (35)
  • မွတ်စ်လင်မ်တစ်ဦးသည် အသက်ကြီးနေသော်လည်း ခသ်နာ လုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (36)
  • မွတ်စ်လင်မ် တစ်ဦးဖြစ်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း နှင့် လုပ်ရပ်များ မှန်ကန်ဖို့ရန် ယင်း၌ အရှင်မြတ် နှင့်နီးစပ်ရန် ဟူသော နီယသ် ရှိရမည်မှာ ပညတ်ချက် ဖြစ်သည်။ (37)
  • မွတ်စ်လင်မ် တစ်ဦးသည် ကာဖဲရ်တစ်ဦးဖြင့် လက်ထပ်ပါက မမှန်ကန်ပေ။ (38) မွတ်စ်လင် အမျိုးသမီးသည် အဟ်လေကိသာဘ် ဖြင့် လက်ထပ်ခြင်းသည်လည်း မမှန်ကန်ပေ။ (39)
  • ကာဖဲရ်များသည် မွတ်စ်လင်မ် များအပေါ် အုပ်စိုးခွင့်မရှိပေ။ ဆိုလိုသည်မှာ ၊ လမ်းစဉ်များကို ငြင်းပယ်သည့် အုပ်စုအရ၊ အရှင်မြတ်သည် ကာဖဲရ်များ မွတ်စ်လင်မ် များအပေါ် အုပ်စိုးနိုင်သည် ဟူသော ဥပဒေသမျိုးကို မထုပ်ပြန်ထားပေ။ (40)
  • ရှီအာ ဖက္ကီးဟ်ပညာရှင်များ၏ အမြင်အရ ၊ တစ်ဦးတစ်ယောက်သည် မွတ်စ်လင်မ် ဖြစ်ပြီး အစ္စလာမ် သာသနာကို ငြင်းပယ်လိုက်ပါက ၊ ထို့နောက် ကျွန်ုပ်သည် ယခုအချိန်မှစပြီး မွတ်စ်လင်မ် မဟုတ်တော့ပါဘူး ဟုပြောပါက သို့မဟုတ် အစ္စလာမ် သာသနာ၏ အဒိက အုတ်မြစ်များ အနက်မှ တစ်ခုကို ငြင်းပယ်ပါက သို့မဟုတ် မွတ်စ်လင်မ် များအားလုံး သို့မဟုတ် ရှီအာများအားလုံး လက်ခံထားသည့်အရာ ကို ငြင်းပယ်ပါက ၊ ထိုသူသည် မုရ်သဒ် အယူဖောက်ပြန်သူ ဖြစ်ပြီး အယူဖောက်ပြန်ခြင်း၏ စည်းမျဉ်းများသည် ၎င်းနှင့် သက်ဆိုင်သည်။ (41)

မွတ်စ်လင်မ်များ အထွတ်အမြတ်ထားရာ နေရာများ

ကမ္ဘာပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေရာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကအ်ဗဟ်ကအ်ဗဟ်သည် မက္ကာမြို့ နှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ကိဗ်လဟ် ဦးတည်ဝတ်ပြုရာ အရပ်ဖြစ်ပြီး မက္ကာမြို့ တွင် တည်ရှိပြီး အစ္စလာမ့်ကမ္ဘာတွင် အမြင့်မြတ်ဆုံးသော ဘာသာရေးနေရာတစ်ခုဖြစ်သည်။ (42) ထို့အတူ ၊ မစ်ဂျီဒုလ်ဟရာမ်သည် မွတ်စ်လင်မ်များ၏ အရေးကြီးဆုံးသော ဗလီကျောင်းတော်များ အနက်မှ ဖြစ်သည်။ (43)
  • မစ်ဂျီဒုလ်အက္က်ဆွာ ၊ ယင်းသည် မွတ်စ်လင်မ်တို့၏ ပထမဦးဆုံး ကိဗ်လဟ် ဖြစ်သည်။၊ ၎င်းသည် မွတ်စ်လင်မ်တို့၏ ဘာသာရေးဆိုင်ရာ နှင့် မြင့်မြတ်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ (46) ဤဗလီသည် ဂျေရုဆလင်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ (47)

မွတ်စ်လင်မ် လူဦးရေ

ပျုသုတေသနဌာန၏ အဆိုအရ ၂၀၁၅ ခုနှစ်အထိ ကမ္ဘာပေါ်တွင် မွတ်ဆလင်ဦးရေ ၁.၇၅၂ သန်း ၆၂၀,၀၀၀ ခန့် ရှိသည်။ (49) အစ္စလာမ်သည် ခရစ်ယာန်ဘာသာပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေအများဆုံးဘာသာအဖြစ် လူသိများသည်။ (50) ဤသုတေသနဌာန၏ ခွဲခြမ်းစိတ်ဖြာချက်အရ ကမ္ဘာ့မွတ်စလင်များ၏ သုံးပုံနှစ်ပုံ (၆၂%) နီးပါးသည် အာရှပစိဖိတ်ဒေသတွင် နေထိုင်ကြသည်။ (51) ပျုသုတေသနဌာန ၏ ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်အတွက် ပြင်ဆင်ထားသော စာရင်းဇယားများအရ မွတ်စလင်မ် လူဦးရေ အများဆုံးနိုင်ငံ ၁၀ နိုင်ငံကို အောက်ပါဇယားတွင် အစဉ်လိုက်ဖော်ပြထားပါသည်။ နိုင်ငံများ ၊ နိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ ရာခိုင်နှုန်းဖြစ်သည်။ ၁ ။ အင်ဒိုနီးရှားမှာ ၂၁၉,၉၆၀,၀၀၀ ရှိပြီး ၁.၈၇ ရာခိုင်နှုန်း၊ ၂ ။ အိန္ဒိယ ၁၄.၉% လူ ၁၄,၈၁၀,၀၀၀ ရာခိုင်နှုန်း၊ ၃ ။ ပါကစ္စတန်တွင် လူ ၁၈၄,၀၀၀,၀၀၀ ၉၆.၄ ရာခိုင်နှုန်း၊ ၄။ ဘင်္ဂလားဒေ့ရှ် ၁၄၄,၀၂၀,၀၀၀ ၉၀.၆ ရာခိုင်နှုန်း ၅။ နိုင်ဂျီးရီးယား ၉၀,၀၂၀,၀၀၀ လူ 50%ရာခိုင်နှုန်း ၆။ အီဂျစ်မှာ ၈၃,၈၇၀,၀၀၀ ရှိပြီး ၁.၉၅ ရာခိုင်နှုန်း၊ ၇။ အီရာန် ၇၇,၆၅၀,၀၀၀ လူဦးရေ ၅.၉၉ ရာခိုင်နှုန်း ၈။ သိုရ်ကီ, လူ ၇၅,၄၆၀,၀၀၀, ၉၈ ရာခိုင်နှုန်း ၉။ အယ်လ်ဂျီးရီးယားတွင် လူ ၃၇,၂၁၀,၀၀၀ ၉၇.၉ ရာခိုင်နှုန်း၊ ၁၀။ အီရတ်မှာ ၃၆,၂၀၀,၀၀၀ ရှိပြီး ၉၉ ရာခိုင်နှုန်း

ထို့အပြင် ဤသုတေသနဌာန၏ အစီရင်ခံစာအရ၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ မူဆလင်လူဦးရေသည် သုံးသန်းနှင့် ၄၅၀,၀၀၀ ခန့်ရှိပြီး ဤနိုင်ငံလူဦးရေစုစုပေါင်း၏ ၁.၁% ခန့်ရှိသည်။ (53) ဥရောပတွင် မွတ်ဆလင်ဦးရေ ၁၉.၅ သန်းမှ ၂၅.၈ သန်း (.၃၈% မှ ၉.၄%) သို့ ၂၀၁၀ မှ ၂၀၁၆ အထိ တိုးလာခဲ့သည်။ (54)

ဂိုဏ်းများ

ရှီအာနှင့် စွန္နီဂိုဏ်းများသည် လူဦးရေအများဆုံး မွတ်စ်လင်မ်ဂိုဏ်းများထဲတွင် ပါဝင်ပါသည်။ ပျုသုတေသနဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့မွတ်စလင်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းသည် ရှီအာများဖြစ်ပြီး ၈၇ မှ ၉၀ ရာခိုင်နှုန်းသည် စွန္နီများဖြစ်သည်။ (55) အခြား ဖော်ပြချက်တစ်ခုအရ ရှီအာလူဦးရေ (အေမာမီယဟ်အိစ်မာအီလီယဟ် နှင့် , ဇိုင်ဒီယဟ် အပါအဝင်) သည် ယနေ့ လူဦးရေ သန်း ၃၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် မွတ်စ်လင်မ် လူဦးရေ၊ စုစုပေါင်း၏ ၁.၁၉ ရာခိုင်နှုန်း သို့မဟုတ် ငါးပုံတစ်ပုံနှင့် ၁.၄ ရာခိုင်နှုန်း သို့မဟုတ် ၁၂၁ ရာခိုင်နှုန်းခန့် သို့မဟုတ် ၁.၁၉ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာကို တည်ထောင်ခဲ့သည်။(56)