ကအ်ဗဟ်ကျောင်းတော်

wikishia မှ

        ကအ်ဗဟ်ကျောင်းတော်သည် မွတ်စ်လင်မ်များ၏ ကိဗ်လဟ် ဖြစ်ပြီး ၎င်းတို့အတွက် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးနေရာ ဖြစ်သည်။ မွတ်စ်လင်မ် ပညာရှင်များသည် ကအ်ဗဟ်ကျောင်းတော် ကို လူသားတိုင်း အေဘာဒသ် ခဝတ်ကိုးကွယ်ရန် ပထမဆုံးနေရာ နှင့် လူသားများကို အရှင်မြတ်ထံ ညွှန်ပြရန် နိမိတ်လက္ခဏာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤအဆောက်အအုံသည်၊ မစ်ဂျီဒုလ်ဟရာမ် မက္ကာမြို့တွင် တည်ရှိသည်။ မွတ်စ်လင်မ်များသည် ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမူလျက် နမာဇ် ဖတ်ရွတ်ရမည် ဖြစ်သည်။ထို့အပြင် ၊ ဟာဂျီများသည် ဟဂ်ျပြုလုပ်ရာ၌ ၊ ကအ်ဗဟ်ကျောင်းတော် ပတ်ပတ်လည်ကို သွဝါးဖ် လှည့်ပတ်ရမည် ဖြစ်သည်။ ကအ်ဗဟ်ကျောင်းတော်၏ ဟရာမ်အတွင်း လူ နှင့် တိရစ္ဆာန်များကို တိုက်ခိုက်ပိုင်ခွင့်မရှိပေ။ အေမာမ်အလီ(အစ) သည် ကအ်ဗဟ်ကျောင်းတော်၌ ဖွားမြင်လာခဲ့သည်။

        ရှီအာ ပညာရှင်များကြားတွင် ကျော်ကြားသော အမြင်အရ၊ ရေဝါယသ်များအရ ၊ ကအ်ဗဟ်ကျောင်းတော်သည် တမန်တော်အိဗ်ရာဟီးမ်(အ.စ) မတိုင်မီ၊ တမန်တော်အာဒမ် ခေတ်ကာလ၌ ၊ အချို့အဆိုများအရ တမန်တော်အာဒမ်ကို မဖန်ဆင်းမီအရင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ သို့သော် အုပ်စုတစ်စုသည် ထိုအမြင်ရှုထောင့်ကို ဆန့်ကျင်ကာ ကအ်‌ဗဟ် ကျောင်းတော်၏ မူလပထမ တည်ဆောက်မှုကို တမန်တော် အိဗ်ရာဟီးမ်(အစ) ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။

        တမန်တော်မြတ်(ဆွ) နဗူဝသ် အရိုက်အရာကို အဆက်ခံမည် ငါးနှစ်အရင်၌ ၊ ကအ်ဗဟ်ကျောင်းတော်သည် ရေလွှမ်းမိုးမှုကြောင်း ပျက်စီးသွားခဲ့သည်။ ကုရိုင်းရှ်များ သည် ကအ်ဗဟ်ကျောင်းတော် တစ်ခုလုံးကို အစမှ မဆုံးတိုင် ပြန်လည် တည်ဆောက်ခဲ့ကြသည်။ ဦးစွာ အမိုး နှင့် ရေတံလျောက်ကို တည်ဆောက်ခဲ့ကြသည်။ ဟီဂျရီ ၆၄ နှင့် ၁၀၄၀ ခုနှစ်တွင် ကအ်ဗဟ်ကျောင်းတော် တစ်ခုလုံးကို ပြန်လည် တည်ဆောက်ခဲ့ကြသည်။ ယခုခေတ်ကာလ၌လည်း ၊ ကအ်ဗဟ်ကျောင်းတော် ကို ပြန်လည်ပြုပြင်ခဲ့ပြီး ၎င်း၏အမိုး နှင့် တိုင်များကို ပြန်လည်တည်ဆောက်ခဲ့သည်။

        ကအ်ဗဟ်ကျောင်းတော် အတွင်းတွင် ကအ်ဗဟ် ခေါင်မိုးသို့ သွားရန် လှေကားပါသော အခန်းငယ် တစ်ခုရှိသည်။ ဤအခန်းတွင် ဗာဗုလ်သောင်ဗဟ် ဟုခေါ်သော တံခါးငယ် တစ်ခုရှိသည်။ ကအ်ဗဟ်ကျောင်းတော် တွင် တိုင်လေးခု ရှိသည်။ အနက်ရောင်ကျောက်တုံး၏ တိုင်သည် ထျိာနရာ၌ အနက်ရောင်ကျောက်တုံး ရှိသည့်အတွက်ကြောင့် ၊ သွဝါးဖ် ကို ထိုနေရာမှ စတင်ရမည် ဟူ၍ ပို၍ကျော်ကြားသည်။

အရေးပါမှု နှင့် အရိုက်အရာ

အေမာမ်အလီ(အစ) : အရှင်မြတ်သည် ကအ်ဗဟ်ကျောင်းတော် ကို အစ္စလာမ်ဘာသာအတွက် နှင့် ခိုလှုံသူများအတွက် လုံခြုံရာနေရာအဖြစ် ဖန်ဆင်းခဲ့သည်။ (1) မွတ်စ်လင်မ် များသည် ကအ်ဗဟ်‌ေကျာင်းတော်ကို ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးနေရာ (3) သောင်ဟီးဒ် တစ်ပါးတည်း တည်ရှိမှု၏ ပထမဦးဆုံး အိမ်တော် (4) နှင့် တစ်ပါးတည်း တည်ရှိမှု၏ သင်္ကေတ (5) ဖြစ်သည် ဟူ၍ လက်ခံထားသည်။ ကျမ်း‌ေတာ်မြတ် ကုရ်အာန်သည် ၎င်းအား မင်္ဂလာရှိသောအိမ်ဟု ခေါ်ဆိုပြီး ထိုသို့ ခေါ်ဝေါ်ရသည့် အကြောင်းအရင်းမှာ ၎င်းသည် အရှင်မြတ်၏ လမ်းညွှန်မှု ၊ စည်းလုံးညီညွတ်မှု နှင့် အရှင်မြတ်နှင့် နီးစပ်မှု တို့၏ အကြောင်းခံ ဖြစ်သည်။ (6)

        ရေဝါယသ်များ၏ အဆိုအရ၊ အေမာမ်အလီ(အစ) သည် ကအ်ဗဟ်ကျောင်းတော်ကို အစ္စလာမ်သာသနာ၏ အလံတစ်ခု အဖြစ် မိတ်ဆက်ပေးထားသည်။ (7) အေမာမ်ဆွာဒီက်(အစ) သည် ကအ်ဗဟ်ကျောင်းတော်အား ကြည့်ရှုခြင်းကို အေဘာဒသ် ဖြစ်သည် ဟူ၍ မိန့်ဆိုထားသည်။ (8) ထို့နောက် ကအ်ဗဟ် တည်ရှိနေသရွေ့ သာသနာလည်း တည်ရှိနေမည် ဟူ၍ မိန့်ဆိုထားသည်။ (9)

        အချိန်ကာလ ကြာမြင့်လာသည်နှင့် အမျှ ၊ တစ်ပါးတည်း တည်ရှိမှု၏ ခဝတ်ကိုးကွယ်ရာ အိမ်တော်မှ အယူမှားသော (တုဖက်နှိုင်းယှဉ်ကိုးကွယ်သော) အိမ်တော် အဖြစ်သို့ ပြောင်းလည်းလာခဲ့သည်။ (10) သို့သော် တမန်တော်မြတ်(ဆွ) သည် မက္ကာကို အောင်နိုင်ပြီးနောက်၊ ကအ်ဗဟ်ကျောင်းတော်၌ ရှိနေသော ရုပ်ထုများကို ဖျက်စီးခဲ့သည်။ (11)

ကအ်ဗဟ်ကျောင်းတော်၏ အမည်များ

“ကအ်ဗ်” သည် အရှင်မြတ်၏အိမ်တော် ဟူ၍ အသုံးအများဆုံး အမည်ဖြစ်ပြီး ယင်းအား ဤအမည်ဖြင့် လူသိများကြ‌သည်။ (29) ကျမ်းတော်မြတ် ကုရ်အာန်၌လည်း ဤအမည်ဖြင့် လာရှိထားသည်။ (30) ကျမ်းတော်မြတ် ကုရ်အာန်သည် “ကအ်ဗဟ်” ကျောင်းတော်အား “ဘိုင်းသ်” အိမိတော် (31) ဟူ၍ ဖော်ပြထားပြီး ၎င်း၏ အကျော်ကြားဆုံးသော အမည်မှာ “ဘိုင်းသုလ္လာဟ်” အရှင်မြတ်၏အိမိတော် (32) ဟူ၍ ဖြစ်သည်။ ၎င်း၏ အခြားသော အမည်များမှာ : အလ်ဘိုင်းသ် (33) ၊ အလ်ဘိုင်းသုလ်ဟရာမ် (34) ၊ အလ်ဘိုင်းသုလ် အသီးက္က် (35) အဘ်ဘိုင်းသုလ် မအ်မူးရ် (36) နှင့် အလ်ဘိုင်းသုလ် မိုဟရမ် (37) ဟူ၍ ဖြစ်သည်။ ရှေးခေတ်၌ အက်ဗဟ်ကျောင်းတော်ကို ကာဒီစ်၊ နာဇီရ် နှင့် အလ်ကရီးယသုလ် ကဒီးမဟ် ကဲ့သို့သော အခြားအမည်များဖြင့်လည်း ခေါ်ဝေါ်ခဲ့ကြသည်။ (38)

“ကအ်ဗဟ်” ဟုခေါ်တွင်ရသည့် အကြောင်းအရင်း

“ကအ်ဗဟ်” ဟုခေါ်တွင်ရသည့် အကြောင်းအရင်းနှစ်ခုရှိသည်။ ၎င်းတို့မှာ : အရှင်မြတ်၏ အိမ်တော်သည် စတုရန်း ပုံသဏ္ဍာန်ရှိပြီး အာရဗ်လူမျိုးများသည် စတုရန်းပုံရှိသော အိမ်တစ်လုံးကို ရည်ညွှန်းပြီး “ကအ်ဗဟ်” ဟူ၍ ခေါ်တွင်ကြသည်။ (39) ကအ်ဗဟ် သည် အဘိဓာန်၌ အမြင့်ကို ဆိုလိုသည်။ ကအ်ဗဟ်သည် မြေပြင်အထက် ၎င်း၏ အမြင့် နှင့် အရှည်ကို ကြည့်ခြင်းဖြင့် ၎င်းအား ကအ်ဗဟ် ဟူ၍ ခေါ်ဆိုကြသည်။ (40)

ကိဗ်လဟ် နှင့် ဟဂ်ျ

မွတ်စ်လင်မ် လူထု၏ ပထမဦးဆုံး ကိဗ်လဟ် မှာ ဘိုင်းသုလ်မိုကဒ္ဒက်စ် ဖြစ်ခဲ့ပြီး မဒီနာမြို့၌ အာယသ်တော်တစ်ခု ကျရောက်ပြီး ကိဗ်လဟ်အား ကအ်ဗဟ်ကျောင်းတော်ဘက်သို့ ပြောင်းရန် အမိန့်ပေးခဲ့သည်။ ထို့နောက်ပိုင်း ကအ်ဗဟ်ကျောင်းတော်သည် မွတ်စ်လင်မ်များ၏ ကိဗ်လဟ် ဖြစ်လာခဲ့သည်။ (41) မွတ်စ်လင်မ်တိုင်း နမာဇ်ဖတ်ရွတ်သည့်အခါ ကအ်ဗဟ် ဘက်သို့ မျက်နှာမူ၍ ဖတ်ရပေသည်။ (42) ဟဂ်ျကျင့်ဝတ်များ၌လည်း၊ ကအ်ဗဟ်၏ ပတ်ပတ်လည်လည်ကို သွဝါးဖ် ပြုလုပ်ရပေမည်။ (43)

ကအ်ဗဟ်ကျောင်းတော်၏ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရ

ကအ်ဗဟ်ကျောင်းတော်အား ကိဗ်ဘဟ် အဖြစ် သတ်မှတ်ထားပြီး လူသားဖြစ်တည်မှုအားလုံးကို အရှင်မြတ်ထံ ညွှန်ပြရန် နိမိတ်လက္ခဏာ တစ်ခုအဖြစ် ထားရှိထားသည်။ (44) ကအ်ဗဟ်ကျောင်းတော်အား သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိမှု ဟူသော အမည်ဖြင့် တည်ဆောက်ထားခဲ့သည့်အတွက် မြင့်မြတ်မူရှိသည် ဟူ၍ လက်ခံထားကြပြီး၊ ကြီးမားသော ယုံကြည်မှု၏ တန်ဖိုး သဘာဝလွန် ဖြသ်သော သာမာန်ထက် ပိုမိုသာလွန်မှုရှိသော ကြီးမြတ်သည့် ယုံကြည်မှုတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ကအ်ဗဟ်ကျောင်းတော်သည် “သောင်ဟီးဒ် ဟုခေါ်သော တစ်ပါးတည်းတည်ရှိခြင်း၏ အမည်ဖြင့် ပြုလုပ်ထား‌ခြင်းဖြစပြီး လူတစ်ဦးတစ်ယောက် ဆောက်လုပ်ထားကာ ထိုသူသည် သောင်ဟီးဒ် ဟုခေါ်သော တစ်ပါးတည်းတည်ရှိခြင်းကို အစပျိုးတည်ထောင်သူ ဖြစ်သည်။ (45)

        အစ္စလာမ့် အတွေးအခေါ် ပညာရှင် အိက္က်ဘာလ် လာဟူဝီ သည် ကအ်ဗဟ်ကျောင်းတော် နှင့်ပတ်သက်သော သောင်ဟီးဒ် တစ်ပါးတည်းတည်ခြင်း၏ နိယာမကိုလည်း ၎င်း၏ စာအုပ်များထဲတွင် ရည်ညွှန်း ဖော်ပြထားသည် ။ (46) ရှီအာတို့၏ ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် မုဟမ္မဒ် ဟုစိုင်းန် ဂဲရ်ဝီ အိဆ်ွဖှာဟာနီ လည်း ကအ်ဗဟ်ကျောင်းတော် နှင့်ပတ်သက်ပြီး ချီးမွန်းမှုများကို ရေးသားခဲ့သည်။ (47) နာမည်ကျော် အရှေ့တိုင်းပညာရှင် ဟာန်ရီ ကိရိဗ် သည် မွတ်စ်လင်မ်များ၏ အမြင်ရှု‌ေထာင့်မှ ကအ်ဗဟ်ကျောင်းတော်၏ နာမ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်ကို ဖော်ပြထားပြီး ဤကမ္ဘာ၏ ရုပ်ခန္ဓာများကို အခြားကမ္ဘာရှိ ကြီးကျယ်သော ပုံစံများမှ ရယူရေးထွင်းထားသည် ဟူ၍ လက်ခံထားသည်။ (48) ၎င်းသည် ဤလောက၏ အဖြစ်မှန်များကို ရောင်ပြန်ဟပ်သော မှန်တစ်ချပ်အဖြစ် လက်ခံထားသည်။ (49) ထို့နောက် ၎င်းသည် ကအ်ဗာကျောင်းတော်၌ ဟဂ်ျ ကျင့်ဝတ်များ ပြုလုပ်ခြင်းကို အခြားကမ္ဘာတစ်ခု ရှိသည့် သာလွန်မြင့်မြတ်သော ရုပ်ခန္ဓာမှ ရောင်ပြန်ဟပ်သည့် အလင်းရောင် ကိုယ်ခန္ဓာအပိုတစ်ခု ၏ ပုံသဏ္ဌန်အသွင် ဖြစ်သည် ဟူ၍ ယုံကြည်ထားသည်။ (50)

        ကအ်ဗဟ် နှင့်ပတ်သက်ပြီး ဖော်ဆောင်ထားသည်မှာ ၊ ထိုအိမ်တော်၏ ပိုင်ရှင်မှာ အရှင်မြတ် ဖြစ်ပြီး ၊ လူသားများသည် ထိုအိမ်သူအိမ်သား ဖြစ်ကြသည်။ ထို့အတွက်ကြောင့်၊ ဟဂ်ျ ပြုလုပ်ကြသူများသည် မည်သည့်နေရာအရပ်ဒေသမှ လာရောက်ကြသပါ‌ေစ ၊ နမာဇ်ကို အပြည့်ဖတ်ရပေသည်။ အဘယ်ကြောက့်ဆိုသော်၊ ၎င်းတို့သည် ခရီးသည်များ မဟုတ်ကြသောကြောင့် ဖြစ်သည်။ (51) ဟီဂျရီ ဆဋ္ဌမရာစု မှ မွတ်စလင်မ် ကဗျာဆရာ ဖြစ်သူ စနာယီ သည် လူသားများအား လောကီဆိုင်ရာ ပစ္စည်းဥစ္စာများကို ချန်ထားရန် ဖိတ်ခေါ်ခဲ့ပြီး၊ လူသားများသည် ၎င်းတို့၏ အတွေးထဲ၌ မိမိကိုယ်မိမိသာ ရှိနေပါက ကအ်ဗဟ်ကျောင်းတော်တွင် အရှင်မြတ်ကို (စိတ်နှလုံးသားထဲ၌) မြင်သာနိုင်မည် မဟုတ်ပေ။ (52) ဟစန်ဇါဒေဟ် အာမိုလီ : အိုအရှင်မြတ်၊ အရှင်မြတ် အပေါ် စိတ်နှလုံး မရှိသော ကအ်ဗဟ် အတွက် ခန္ဓာကိုယ်သာ ရှိခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း? (53)

ကအ်ဗဟ်ကျောင်းတော်၏ သမိုင်းကြောင်း

        များစွာသော ရေဝါယသ်များ၏ အဆိုအရ၊ တမန်တော်အာဒမ်(အ.စ) သည် တမန်တော်အိဗ်ရာဟီးမ်(အ.စ) မတိုင်မီ ကအ်ဗဟ်ကျောင်းတော်အား တည်ဆောက်ခဲ့သည်။ (54) အချို့ ရေဝါယသ်များ၌လည်း၊ ကအ်ဗဟ်ကျောင်းတော်သည် တမန်တော်အာဒမ်(အစ) အား မဖန်းဆင်မီအရင် တည်ရှိခဲ့သည် ဟူ၍ လာရှိထားသည်။ (55) ရှီအာပညာရှင်များကြားတွင် ကျော်ကြားသော အမြင်မှာ ကအ်ဗဟ်ကျောင်းတော်သည် တမန်တော်အီဗ်ရာဟီးမ်(အစ) မတိုင်မီ ရှိခဲ့သည် ဟူ၍ ဖြစ်သည်။ (56) ထို့ကြောင့်၊ ယင်းအဆောက်အဦးသည် တမန်တော်နူဟ်(အစ) ၏ ရေလွှမ်းမိုးမှု၌ ပျက်စီးသွားခဲ့သည် ဟူ၍ ဆိုထားကြသည်။ (57) တမန်တော်အီဗ်ရာဟီးမ်(အစ) သည် မိမိ၏သားဖြစ်သူ တမန်တော် အီစ်မာအီးလ်(အစ) နှင့်အတူ ထိုရှိခဲ့ပြီး‌သော အုတ်မြစ်ပေါ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ (58)

        ထိုအမြင်ရှုထောင့် နှင့်ဆန့်ကျင်ဘက်၊ အလ္လာမဟ် သွဗာသွဗာယီးသည်၊ တမန်တော်အီဗ်ရာဟီးမ်(အစ) သည် ကအ်ဗဟ်ကျောင်းတော်ကို တည်ဆောက်ခဲ့သည် ဟူ၍ လက်ခံထားသည်။ (59) ယခုခေတ် ရှီအာ သဖ်စီးရ် ပညာရှငါ မုဟမ္မဒ် ဂျဝါဒ် မဂ်နီယဟ် သည်လည်း ၊ တမန်တော်အာဒမ် မတိုင်မီ ကအ်ဗဟ်‌ေကျာင်းတော် တည်ရှိမှုကို တိကျသေချာမှု အတွက် အခိုင်အမာ နှင့် အသုံးမဝင်သော သတင်းဖြစ်သည် ဟူ၍ ယုံကြည်ထားပြီး ထို့ကြောင့် တမန်တော်အာဒမ် မတိုင်မီ ကအ်ဗဟ်‌ေကျာင်းတော် တည်ရှိခြင်းကို လက်မခံထားပေ။ (60) ဂဇ္ဇာလီ ၊ သွဝါဖ် နှင့် စိုင်အ်ယ် ပြုလုပ်ရာတွင် ၊ နှိမ့်ကြ‌သူတို့သည် အရှင်မြတ်ထံ သွား၍ မိမိတို့၏ လိုအပ်ချက်များကို တောင်းဆိုကြသည်။ မိမိအား ရှဖှာအသ် ပေးရန် တစ်ဦးတစ်ယောက်ကို ရှာဖွေကြသည်။ အရှင်မြတ်သည် မိမိအား ကရုဏာ အကြည့်ဖြင့် ကြည့်တော်မူမည် ဟူ၍ မျှော်လင့်ကြသည်။ (61)

ကအ်ဗဟ်ကျောင်းတော်အား ပြန်လည်တည်ဆောက်မှုများ

        တအန်တော်မြတ်(ဆွ) နဗူဝသ် အရိုက်အရာ မရမီ ငါးနှစ်အလိုတွင် မက္ကာတွင် ရေလွှမ်းမိုးခဲ့ပြီး ကအ်ဗဟ် သည် ပျက်စီးခဲ့သည်။ (62)အချို့သော ရေဝါယသ်များအရ ကအ်ဗဟ်သည် မီးလောင်ပြီး ပျက်စီးခဲ့သည် ဟူ၍ လာရှိထားသည်။ (63) ထိုမတိုင်မီ ၊ ကအ်ဗဟ်၌ အမိုးမရှိပေ။ (64) ရေလွှမ်းမိုးမှု နှင့် ကအ်ဗဟ် ပျက်စီးပြီးနောက်၊ ကုရိုင်းရ်ုများသည် ၎င်းအား ပြန်လည်တည်ဆောက်ရန် ကြိုးစားခဲ့ကြပြီး (65) ၎င်းအတွက် အမိုး နှင့် ရေတံလျောက် ကို တည်ဆောက်ခဲ့သည်။ (66) ကအ်ဗဟ် အတွက် တအန်တော်အိဗ်ရာဟီးမ် တည်ဆောက်ခဲ့သော နံရံသည် လေးမီတာခွဲခန့်ရှိသည် ဟု ဖော်ပြထားပြီး ကအ်ဗဟ် ကို ပြန်လည်တည်ဆောက်ရာတွင် ထိုနံရံ၏ အမြင့်မှာ ကိုးမီတာခန့် အထိသာ ရောက်ရှိခဲ့သည် ဟူ၍ ဆိုထားသည်။ (67)

အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းရ် နှင့် ဟဂျာဂ်ျ ဗင်န် ယူစုဖ် တို့၏ ဖြိုဖျက်ခြင်း နှင့် ပြန်လည်တည်ဆောက်ခြင်း

        ဟီဂျရီ ၆၄ ခုနှစ်တွင်ဇိုဘိုင်းရ်အဖွဲ့သားများသည် ဗနီအိုမိုင်ယာ တို့နှင့် စစ်ပွဲများ ဖြစ်ကြပြီး ထိုစစ်ပွဲ၌ ကအ်ဗဟ်ကျောင်းတော်သည် ပြင်းထန်စွာ ပျက်စီးဒဏ်ရာများ ရခဲ့သည်။ (68) အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းရ် သည်၊ ဆွဟာဘာ အချို့၏ ဆန့်ကျင်မှုများ ရှိနေသော်လည်း၊ ကအ်ဗဟ်၏ ကျန်ရှိနေသော နံရံကို ထျိာနရာ၌ပင် အစမှ ပြန်လည် တည်ဆောက်ခဲ့သည်။ (69) ၎င်းပြန်လည်တည်ဆောက်ရာ၌၊ ကအ်ဗဟ်ကျောင်းတော်၏ အမြင့်ကို ဆယ့်သုံးမီတာခွဲခန့် မြင့်တင်ခဲ့သည်။ (70) ၎င်းသည် ကုရိုင်းရှ်တို့မှ မြေပြင်အထက် နှစ်မီတာခန့် မြှင့်ထားသော ကအ်ဗဟ်၏ တံခါးကို ၊ မြေပြင်ပေါ်တွင် တည်ဆောက်ခဲ့သည်။ (71) ကအ်ဗဟ်ကျောင်းတော် တွင် တံခါးနှစ်ပေါက်ကို ရှိပေသည်။ (72) အိဗ်နေဇိုဘိုင်းရ် သည်လည်း ထိုနည်းအတိုင်း တံခါးနှစ်ပေါက်ကို တည်ဆောက်ခဲ့သည်။ တစ်ခုမှာ ဝင်ပေါက် ဖြစ်ပြီး ကျန်တစ်ခုမှ ထွက်ပေါက် ဖြစ်သည်။ (73) အိဗ်နေဇိုဘိုင်းရ် အသက်ခံရပြီးနောက် ၊ ဟဂျာဂ်ျ ဗင်န် ယူစုဖ်သည် ၊ အိဗ်နေဇိုဘိုင်းရ် ပြုလုပ်ခဲ့သည့် ပြောင်းလဲမှုများစွာကို ယခင်အခြေအနေသို့ ပြန်လည် တည်ဆောက်ခဲ့သည်။ (74)

ဟီဂျရီ ၁၀၄၀ ၌ ပြန်လည်တည်ဆောက်ခြင်း

        ဟီဂျရီ ၁၀၃၉ တွင် ၊ မက္ကာတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။ ရေသည် ကအ်ဗဟ်ကျောင်းတော်ထဲသို့ ဝင်ရောက်ပြီး ကအ်ဗဟ် ၏ နံရံများကို ဖျက်ဆီးခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ကျန်ရှိ‌ခဲ့သော နံရံ တံတိုင်းများကို ဖြိုချပြီး အရှင်မြတ်၏ အိမ်တော်ကို ပြန်လည် တည်ဆောက်ခဲ့ကြသည်။ (75) ဤရေလွှမ်းမိုးမှုနှင့် ၎င်း၏ ပြန်လည်တည်ဆောက်မှုဆိုင်ရာ အဆိုတင်သွင်းချက်များသည် ထိုအချိန်က ရှီအာပညာရှင် တစ်ဦးဖြစ်သည့် ဇိုင်နုလ်အာဗိဒီးန် မှ ပြန်လည် တည်ဆောက်ရေးတွင် လုပ်ဆောင်နေသူ ဖြစ်သည်။ ယင်းအား “ မိုဖရ်ရိဟသုလ် အနာမ် ဖီ သအ်စီးစ် ဘိုင်းသုလ္လာဟိလ် ဟရာမ်” ဟူသော စာစောင်ငယ်တွင် ရေးသားထားသည်။ (76)

ယခုခေတ်တွင် ပြန်လည်တည်ဆောက်ခြင်း

ဟီဂျရီ ၁၀၄၀ တွင် ကအ်ဗဟ်ကို ပြန်လည်တည်ဆောက်ပြီးနောက်၊ ယင်းမား အပေါ်ယံ ပြုပြင် မွမ်ူမံခြင်းကိုသာ ပြုလုပ်ခဲ့ကြသည်။ (77) အရေးကြီးဆုံး ပြန်လည် ပြုပြင် မွမ်းမံမှုများမှာ ၊ ဟီဂျရီ ၁၄၁၄ တွင် စတင်ခဲ့သော ကအ်ဗဟ်၏ အပြင်ဘက် နံရံများကို ပြန်လည်ပြုပြင်မွမ်းမံခြင်း ဖြစ်ပြီး ယင်းမှာ ဟီဂျရီ ၁၄၁၅ တွင် အဆုံးသတ်ခဲ့သည်။ (78) ကအ်ဗဟ်ကျောင်းတော် အတွင်းရှိ ပြုပြင်မွမ်းမံ‌ေရးကို ဟီဂျရီ ၁၄၁၇ မိာဟရမ်လ ၁၀ရက်နေ့၌လည်း အကောင်အထည်ဖော်ခဲ့သည်။ (79) ဤပြုပြင်မွမ်းမံ‌တွင် ကအ်ဗဟ်ကျောင်းတော် အတွင်းရှိ အစိတ်အပိုင်း အမျိုးမျိုးကို ပြုပြင်မွမ်းမံ‌ခြင်းအပြင် ကအ်ဗဟ်၏ တံတိုင်းများ နှင့် ခေါင်မိုးများကို လုံးဝဖယ်ရှားပြီး ပြန်လည်တည်ဆောက်ခဲ့သည်။ (80)

  • တည်ဆောက်သည့် သမိုင်းအကျဉ်း နှင့် ကအ်ဗဟ်ကို ပြန်လည်တည်ဆောက်ခြင်း
  • ကအ်ဗဟ်၏ တိုင်များ
  • ကအ်ဗဟ်၏ အမိုး
  • ကအ်ဗဟ်၏ တံခါး
  • ကအ်ဗဟ်၏ နံရံ
  • ကအ်ဗဟ်၏ အရွယ်အစား
  • ကအ်ဗဟ်၏ နံရံ (တံတိုင်း)
  • တမန်တော် အိဗ်ရာဟီးမ်(အစ) မတည်ဆောက်ခဲ့ပေ။ (81)
  • အရှိခဲ့ပေ။ (72)
  • အရှိခဲ့ပေ။ (83)
  • တည်ဆောက်ခဲ့သည်။ (84)
  • 4 မီတာခွဲခန့် ရှိသည်။ (85)
  • ဗေအ်စသ် မတိုင်မီ ငါးနှစ်အလိုတွင် ကုရိုင်းရှ်များ ပြန်လည်တည်ဆောက်ခဲ့သည်။
  • တိာက်ခြောက်ခု ပြုလုပ်ခဲ့သည်။ (86)
  • တည်ဆောက်ခဲ့သည်။ (87)
  • လွန်ခဲ့သော ရာစုနှစ်အနည်းငယ်၌ တည်ဆောက်ခဲ့သည်။ (88)
  • ဤပြန်လည်တည်ဆောက်မှုတွင် မြေပြင်အထက် ၂ မီတာခန့် အကွာ မြှင့်တင်ထားခဲ့သည်။ (89)
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (90)
  • ၉ မီတာခန့် (91)
  • အိုဘိုင်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းရ်၏ ပြန်လည်တည်ဆောက်မှု
  • တိုင်(ကော်လံ) ခြောက်ခုကို တိုင်(ကော်လံ) ၃ ခုအဖြစ် ပြောင်းလဲခဲ့သည်။ (92)
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့ပြီး ကအ်ဗဟ် အတွက် အမိုးနှစ်ခု ဆောက်လုပ်ခဲ့သည်။ (93)
  • ကအ်ဗဟ် အတွက် တံခါးနှစ်ပေါက် ဆောက်လုပ်ခဲ့သည်။ (94)
  • ထို့အတူ မြေပြင်ပေါ်တွင် ဆောက်ထူ ဆောက်လုပ်ခဲ့သည်။ (95)
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (96)
  • ၎င်းကို ချဲ့ခဲ့ပြီး အိစ်မာအီလ်ကျောက်တုံး၏ တစ်စိတ်တစ်ပိုင်းကို ကအ်ဗဟ် အတွင်း၌ ထားရှိခဲ့သည်။ (97)
  • ၁၃ မီတာခွဲခန့် (98)
  • ဟဂျာဂ်ျ မှ ပြန်လည်တည်ဆောက်ခဲ့သည်။ ယခင်အနေအထား (မြေပြင်အထက် နှစ်မီတာ) သို့ ပြန်လည် ဆောက်လုပ်ခဲ့ပြီး ဒုတိယ တံခါးကို ပယ်ဖျက်ခဲ့သည်။ (99)
  • အိဗ်နေဇိုဘိုင်းရ် ပြန်လည် တည်ဆောက်မှု မတိုင်မီ ရှိခဲ့သည့် ပုံစံအတိုင်း ဆောက်လုပ်ခဲ့သည်။ (100)
  • ဟီဂျရီ ၁၄၀၄ ၌ ပြန်လည်တည်ဆောက်မှု
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (101)
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (102)
  • ယခုခေတ် ပြန်လည်တည်ဆောက်မှု
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (103)
  • ပြီးပြည့်စုံစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ (104)
  • အစားထိုးခဲ့သည်။ (105).
  • ပြုပြင်မွမ်းမံ ခဲ့သည်။ (106)

ကအ်ဗဟ်၏ အပြင်ပိုင်း အစိတ်အပိုင်းများ

အနက်ရောင်ကျောက်တုံး (ဟိဂ်ျရုလ်အက်စ်ဝဒ်) အနက်ရောင်ကျောက်တုံး ဆိုသည်မှာ ကအ်ဗဟ်ကျောင်းတော်၏ နံရံပေါ်တွင် တပ်ဆင်ထားသည့် မြင့်မြတ်သော ကျောက်တုံးဖြစ်ပြီး သွဝါးဖ် ကို ထိုနေရာမှ အစပြုရပြီး ထိုနေရာ၌ အဆုံးသက်ရပေသည်။ (107)

ကအ်ဗဟ်ကျောင်းတော် နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ မုစ်သဂျာရ် နှင့် မုလ်သဇမ် မုစ်သဂျာရ် ဆိုသည်မှာ ကအ်ဗဟ်‌ေကျာင်းတော်၏ အနောက်ဘက် တံတိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကအ်ဗဟ်၏ အနောက်ဘက် နံရံပေါ်တွင် တည်ရှိသည်။ (108) မုစ်သဂျာရ် သည် ယမာနီ တိုင်အနီးတွင် တည်ရှိပြီး (109) ကအ်ဗဟ်တံခါး၏ မျက်နှာချင်းဆိုင်တွင် ရှိပေသည်။ (110) အေမာမ်အလီ(အစ) ၏ မခင်ဖြစ်သူ ဖှာသွေမဟ် ဗင်‌န်သေအစဒ် အတွက် ပွင့်ခဲ့ပြီး သူမသည် အေမာမ်အလီ(အစ) အား မွေးဖွားဖို့ရန် ဝင်ရောက်ခဲ့သည့် ကအ်ဗဟ်‌၏နံရံ ကို ၊ မုစ်သဂျာရ် ဖြသ်သည် ဟူ၍ သိထားကြသည်။ (111)

        မုလ်သဇမ် ဆိုသည်မှာ ၊ ကအ်ဗဟ်၏ နံရံ နှင့် အနက်ရောင်ကျောက်တုံး အကြား ရှိသည့် ကအ်ဗဟ် အုတ်တံတိုင်း၏ အစိတ်အပိုင်းအဖြစ် ယူဆကြသည်။ (112) အခြားအနက်အဓိပ္ပါယ်အရ၊ မုစ်သဂျာရ် ၏ အနက်အဓိပ္ပါယ် နှင့်အတူတူပင် ဖြစ်သည်။ (113)

ကအ်ဗဟ်ကျောင်းတော်၏ တံခါး ကအ်ဗဟ် တံခါးသည် ကအ်ဗဟ်၏ အရှေ့ဘက် နံရံတွင် တည်ရှိသည်။ (114) ရှီအာတို့၏ ရေဝါယသ်များတွင်၊ ထိုတံခါးအနားသို့ ရောက်သည့်အခါ ဆုတောင်းပတ္တနာ ပြုရန် တိုက်တွန်းထားသည်။ (115)

ရှာဇဲရ်ဝါရ် ရှာဇဲရ်ဝါရ် ဆိုသည်မှာ ၊ ကအ်ဗဟ်၏နံရံ(တံတိုင်း) အောက်ခြေ တစ်ဝိုက်တွင် ရှိသည့် အုတ်ခုံလေးဖြစ်ပြီး (116) အီစ်မာအီးလ်၏ ကျောက်တုံးအပိုင်းမှ လွဲ၍ ကအ်ဗဟ်၏ အခြားသုံးဘက်ခြမ်းတွင် ရှိပေသည်။ (117) ရှီအာ ဖကီးဟ် ပညာရှင်များသည် ၊ ထို ရှာဇဲရ်ဝါရ် ကို ကအ်‌‌ဗဟ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည် ဟူ၍ သတ်မှတ်ထားကြပြီး သွဝါးဖ် ပြုလုပ်ကြသူများသည် သွဝါးဖ်ပြလုပ်သည့်အခါ ထို ရှာဇဲရ်ဝါရ် ကိုပါထည့်သွင်းပြုလုပ်ရမည် ဟူ၍ မိန့်ဆိုထားကြသည်။ (118)

ရွှေရောင် ရေတလျောက် ရွှေရောင် ရေတလျောက် ဆိုသည်မှာ ကအ်ဗဟ်၏ မြောက်ဘက်နံရံ အပေါ်တွင် ရှိပြီး အမိုး အပေါ်မှ ရေများကို ဟိဂ်ျရေ အီစ်မာအီလ် (အိစ်မာအီလ်၏ ကျောက်တုံး) ရှိသည့် ဧရိယာသို့ လောင်းချပေးသော ရွှေဖြင့်ပြုလုပ်ထားသော ရေတလျောက် တစ်ခု ဖြစ်သည်။ (119) ထိုရွှေရောင် ရေတလျောက် အောက်၌ ဆုတောင်းပတ္တနာ ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ (120)

ကအ်ဗဟ်ကျောင်းတော်၏ ဝတ်ရုံ ကအ်ဗဟ်ကျောင်းတော် ကို ဖုံးအုပ်ထားခြင်းသည် အလွန်ရှေးကျပြီး သမိုင်းကြောင်းရှိသော ဓလေ့ထုံးတမ်းများ အနက်မှ တစ်ခုဖြစ်သည် ဟူ၍ ယူဆထားကြပြီး ကအ်ဗဟ်ကျောင်းတော်အား ဖုံးအုပ်ထားခြင်းသည် အစ္စလာမ့်ခေတ် မတိုင်မီ၊ ဂျာဟေလီယသ် ခေတ်၏ အရေးကြီးသော လုပ်ဆောင်ချက်များ အနက်မှ တစ်ခု ဖြစ်သည်။ (122) ကအ်ဗဟ်၏ ဝတ်ရုံသည် အရောင်အမျိုးမျိုး ရှိခဲ့သည်။ ထို ဝတ်ရုံ ၊ တခါတရံ အဖြူရောင် (123) တခါတရံတွင် အစိမ်းရောင် ဝတ်ရုံ ဖြစ်ကာ နှင့် တခါတရံ အဝါရောင် ဝတ်ရုံ ဖြစ်ပြီး “ အန်နာဆွီရ် အဗ္ဗာစီ” ခေတ်ကာလ၌ အမည်းရောင် အဖြစ် ထားရှိခဲ့သည်။ ထိုနောက်ပိုင်းမှ စ၍ ၊ ယင်းအမည်းရောင်ကိုသာလျှင် ကအ်ဗဟ်ကျောင်းတော်၏ ဝတ်ရုံ အဖြစ် အသုံးပြုခဲ့ကြသည်။ (123) ကအ်ဗဟ်၏ ဝတ်ရုံကို ၊ များသောအားဖြင့် အီဂျီဘ် နှင့် ဆီးရီးယား တို့တွင်၊ ပြင်ဆင်ထားပြီး ၊ တခါတရံ၌သာ အီရာန်နိုင်ငံ အပါအဝင် အခြားဒေသအချို့မှ ပြင်ဆင်ခဲ့ကြသည်။ (124) ယနေ့တွင် ဆော်ဒီအာရေးဗီးယားရှိ အလုပ်ရုံ မှ ဤဝတ်ရုံကို ပြင်ဆင်လျက်ရှိသည်။ (125)

ကအ်ဗဟ်ကျောင်းတော်၏ အတွင်းပိုင်း

        ကအ်ဗဟ်ကျောင်းတော် သည်၊ ၎င်း၏ ဆောက်လုပ်မှု အစပိာငတွင် အမိုး မရှိခဲ့ဘဲ ဗေအ်းသ် မတိုင်မီ ငါးနှစ်အလို၌၊ ယင်းအား ပြန်လည်တည်ဆောက်ရာ၌၊ ကာရိုင်းရှ်များ သည် ကအ်ဗဟ်အတွက် အ အမိုးဆောက်ဖို့ရန် တိုင်‌ေခြာက်ခုကို တစ်ဖက်ကို သုံးခုစီ နှစ်တန်း တန်းထားသည် ။ အိဗ်နေဇိုဘ်ုင်းရ် မှ ကအ်ဗဟ်ကို ပြန်လည် တည်ဆောက်ရာတွင်၊ ကအ်ဗဟ်၏ တိုင်ခြောက်ခုကို တိုင်သုံးခုအဖြစ် ပြောင်းလဲခဲ့ပြီး ယနေ့တွင် ထိုတိုင်သုံးခုသာ ကျန်ရှိ‌ပေသည်။ (126) ကအ်ဗဟ်ကျောင်းတော်၏ အတွင်းပိုင်းတွင် ကအ်ဗဟ် ခေါင်မိုးဆီသို့ တက်ရန် လှေကားထစ်တစ်ခု ပါရှိသော အခန်းငယ် တစ်ခုရှိသည်။ (127) ဤအခန်းငယ်တွင် သောင်ဗာတံခါး ဟုခေါ်သော တံခါးငယ်တစ်ခု ရှိသည်။ (128) ဤတံခါးကို ရွှေဖြင့် ပြုလုပ်ထားသည်။ (129)

        ရှေးခေတ်ကတည်းက မျိုးနွယ်စုများ၊ ဒေသဝင်များ နှင့် ဘုရင်များသည် ကအ်ဗဟ်ကျောင်းတော်၏ အတွင်းတံခါး တပ်ဆင်ဖို့ရန်အတွက် လက်ဆောင်များ ပေးပို့ခဲ့ကြသည်။ (130) လက်ဆောင်များဘထည့်ထားရန်အတွက် ကအ်ဗဟ် အတွင်းပိုင်း၌၊ ရေတွင်း တစ်တွင်းလည်း ရှိပေသည်။ ကုရိုင်းရှ်များ မှ ကအ်ဗဟ်ကို ပြန်လည် တည်ဆောက်ရာတွင် ဤရေတွင်းကို ဖျက်ဆီးခဲ့သည်။ (131)

ကအ်ဗဟ်ကျောင်းတော်၏ တိုင်များ

ကအ်ဗဟ်ကျောင်းတော်၏ တိုင်များ ဆိုသည်မှာ ကအ်‌ဗဟ်၏ အခြေခံ အုတ်မြစ် နှင့် ကော်လံကို ဆိုလိုသည်။ (132) အဘယ်ကြောင့်ဆိုသော် ကအ်ဗဟ် အတွင်းရှိ ထောင့်လေးထောင့်တွင် တိုင်လေးလုံးသည် ကအ်ဗဟ်၏ ခေါင်မိုးကို ထမ်းထားသောကြောင့်ဖြစ်သည်။ တိုင်တစ်ခုပါရှိသော ကအ်ဗဟ်၏ ထောင့်တစ်ခုစီတိုင်းကို “ကအ်ဗဟ်၏ တိုင်များ” ဟု ခေါ်ဆိုသည်။ (133) ကအ်ဗဟ်တွင် တိုင်လေးတိုင် ရှိပေသည်။ ၎င်းတို့မှာ ၊

  • မြောက်ဘက် သို့မဟုတ် အီရတ်တိုင် ၊ ၎င်းသည် ကအ်ဗဟ် ၏ ထောင့်များထဲမှ တစ်ခုဖြစ်ပြီး ယေဘူယျအားဖြင့် ဆော်ဒီအာရေဗျ၏ မြောက်ဘက် အနီးတွင် တည်ရှိသည်။ (136) သွဝါးဖ် ပြုလုပ်သူများသည် ထိုနေရာအား သွဝါးဖ် လုပ်ပြီးနောက် ၊ အိစ်မာအီလ်ကျောက်တုံး ရှိရာသို့ ရောက်ရှိကြပေသည်။ (137)
  • တောင်ပိုင်းတိုင် သို့မဟုတ် ယီမန်တိုင် ၊ မုစ်ဟဂျာရ် သည် ၎င်း၏ ဘေးတွင် တည်ရှိသောတိုင် ဖြစ်သည်။ (140) ဤတိုင်သည် တောင်ဘက် နှင့် ယီမန် နိုင်င်ငံ အနီးတွင်ရှိသော ကအ်ဗဟ်၏ ထောင့်များထဲမှ တစ်ခုဖြစ်ပြီး ဟဂ်ျပြုလုပ်သူများသည် ၊ သွဝါးဖ် ပြုလုပ်ရာ၌၊ ထိုနေရာအား သွဝါးဖ် လုပ်ပြီးနောက် အနက်ရောက်ကျောက်တုံး ရှိရာသို့ ရောက်ရှိကြသည်။ (141)

အရေးကြီးသော ဖြစ်ရပ်များ

အေမာမ်အလီ(အစ) ဖွားမြင်ခြင်း

အေမာမ်အလီ(အစ) သည် ကအ်‌ဗဟ်ကျောင်းတော် အတွင်း၌ ဖွားမြင်ခဲ့သည်။ (142) အဲဟ်လေစွန္နသ်တို့၏ အချို့သော ကျမ်းကိုးများ၌လည်း ၊ ထိုအဖြစ်အပျက်ကို ဖော်ပြထားသည်။ (143)

တမန်တော်မြတ်(ဆွ) သည် အနက်ရောင်ကျောက်တုံးအား ကအ်ဗဟ်တွင် တပ်ဆင်ခြင်း

        တမန်တော်မြတ်၏ နဗူဝသ်တာဝန် မထမ်းဆောင်မီ ငါးနှစ်အလိုတွင် မက္ကာ၌ ရေကြီးပြီး ကအ်ဗဟ်ကျောင်းတော် ပျက်ဆီးခဲ့သည်။ (144) ရေလွှမ်းမိုးမှုပြီး‌ေနာက် နှင့် ကအ်ဗဟ် ပျက်စီးပြီးနောက် ကိုရိုင်းရှ်များသည် ၎င်းကို ပြန်လည်တည်ဆောက်ရန် ကြိုးစားခဲ့ကြသည်။ (145) ပြန်လည်တည်ဆောက်သည် ကာလအတွင်း မျိုးနွယ်စု တိုင်းသည် အနက်ရောင်ကျောက်တုံးကို ကို ကအ်ဗဟ်၌ တပ်ဆင်လိုကြသည်။ အငြင်းပွားမှု ပြင်းထန်လာပြီး နောက်ဆုံးတွင် တမန်တော်မုဟမ္မဒ်(ဆွ)၏ အကြံပြုချက်အရ အနက်ရောင်ကျောက်တုံးကို အဝတ်တစ်ထည်တွင် ထည့်ကာ ကုရိုင်းရှ် ခေါင်းဆောင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ တမန်တော်မြတ်သည် ကျောက်တုံးကို လက်နှင့်ကိုင်၍ အထူးနေရာ၌ တပ်ဆင်ခဲ့သည်။ (146)

အခြား အကြောင်းအရာတစ်ခု

        ယမန်အုပ်စိုးရှင် ဖြစ်သူ အဗ်ရဟေဟ် သည် ကအဗဟ် ကို ဖျက်ဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် အေဒီ ၅၇၁ တွင် မက္ကာကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ၊ အရှင်မြတ်၏ အလိုတော်ဖြင့်၊ ဌက်များသည် ကျောက်တုံးများကို နုတ်သီးဖြင့် ကိုက်လျက် ၎င်းတို့အပေါ်သို့ ပစ်ချခဲ့ပြီး အဗ်ရဟေဟ်၏ စစ်တပ်ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ (147)

        အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘ်ုင်းရ်သည် ယဇီးဒ် အား ဘိုင်အသ် သစ္စာခံရန် ငြင်းဆိုပြီးနောက် ဟိုဆွိုင်းန် ဗင်န် နိုမိုင်းရ် ဦးဆောင်သော စစ်တပ်ဖြင့် မက္ကာသို့ သွားရောက်ခဲ့သည်။ မိုဟရာမ်လ ဟီဂျရီ ၆၄ ခုနှစ် တွင် မက္ကာသို့ ရောက်ရှိခဲ့ပြီး ထိာနှစ် ရဗီအုလ်အောင်ဝလ်လ ၌ ၊ ၎င်းတို့သည် အိဗ်နေဇိုဘိုင်းရ် ၏စစ်တပ်ကို ကက်တပင်ဖြင့် တိုက်ခိုက်ခဲ့ပြီး ကအ်ဗဟ်ကျောင်းတော်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ (148)


ဟီဂျရီ ၃၁၇ ၊ ဇီလ်ဟဂ်ျလ တွင်၊ ကိရ်မသွဖိယားန် များသည် မက္ကာကို ကျူးကျော်ခဲ့ကြသည်။ ၎င်းတို့သည် ကအ်ဗဟ်ကျောင်းတော်မှ အနက်ရောင်ကျောက်တုံးကို ဖြာတ်ယူကာ ၎င်းတို့နှင့်အတူ ယူဆောင်သွားပြီး ဟီဂျရီ ၃၃၉ ခုနှစ်တွင် ငွေသားအချို့ဖြင့် လဲလှယ်ကာ ထိုကျောက်တုံးကို ကအ်ဗဟ်သို့ ပြန်ပေးခဲ့ကြသည်။ (149)

ဖှာရ်စီ ကဗျာ၌ ကဗဟ်ကျောင်းတော်

အိုဘိုင်းဒ် ဇာကာနီ : အို ကအ်ဗဟ် ၊ အသင်နှင့် ဆက်စပ်မှုကို မည်သူမှ ရှာမတွေ့ပေ။ အတွင်းပိုင်းသည် အပျက်အစီးဖြစ်ပြီး အပြင်ပိုင်းသည် အုတ်ဖြစ်သည်။ (105) စအ်ဒီ : အဗ္ဗ်ဒုလ္လ်ကာဒီရ် ဂီလာနီအား ကအ်ဗဟ်ကျောင်းတော်၌ မြင်းအပေါ် မှီလျက် ပြောသည်မှာ “အိုအရှင်မြတ် ၊ ကျွန်ုပ်အား ခွင့်လွှတ်တော်မူပါ ကျွန်ုပ်သည် အပြစ်ဒဏ်နှင့် ခံထိုက်ပါသည်။ ကေယာမသ်နေ့၌ ကျွန်ုပ်အား ၊ ဖြောင့်မတ်သော သူများရှေ့မှောက်၌ ရှက်ကြောက်ခြင်း မရှိရ‌ေလ‌ေအာင် မျက်ကန်းအဖြစ် ထားရှိတော်မူပါ” (151) ပဲရ်ဝီးန် အိအ်သေဆွာမီ : ကအ်ဗဟ်၏ စိတ်နှလုံးသား၊ ရှိုင်သွာန်၏ အိမ် မလုပ်ပါနဲ့ ၊ ၌အ်မ်သည် အရှင်မြတ်၏ အိမ်တော်ဖြစ်သည့်အတွက် သန့်ရှင်းအောင် ထားပါလေ။ (152) ဟာဖီဇ် : ကအ်ဗဟ် ကျောင်းတော်သည် သန့်ရှင်းပြီး ရုပ်ထုကိုးကွယ်သည့် ကျောင်းတော်သည် မသန့်ရှင်းသောကြောင့် ယင်း၌ ကောင်းကျိုးမရှိပေ။ (153) အသွာရ် : ကအ်ဗဟ် ကျောင်းတော်သည် အလိုဆန္ဒတစ်ခု ဖြစ်ပြီး ၎င်းကို ကျော်ဖြတ်ရန် များစွာမရှိပေ။ (154) ရှာဟ် နိအ်မသုလ္လာဟ် ဝလီ : အကယ်၍ ကအ်ဗဟ် ကျောင်းတော်သာ ရှိနေမည်ဆိုပါက သဲကန္တာရထဲ၌လည်း ဒုက္ခကြီးစွာဖြင့် သွားနိုင်သည်။ (155) ဟာဖီဇ် : ကအ်ဗဟ် ကျောင်းတော်အား ချစ်စိတ်ရှိပါက ၊ ကန္တာရ၌ ကျင်လည်ရမည်ဆိုလည်း ဒုက္ခ မတွေ့ပေ။ (156) စအ်ဒီး : အကယ်၍ စအ်ဒီ သည် ကအ်ဗဟ် နှင့် တွေ့ဆုံရန် ဒုက္ခမျစွာ ခံစားရပါက ကအ်ဗဟ်သည် သဲကန္တာရ၏ ဒုက္ခကို သည်းခံသူအား တွေ့ဆုံဖို့ရန် စောင့်မျှော်နေမည် ဖြစ်သည်။ (157) သဲကန္တာရကို မစွန့်စားပါက ကအ်ဗဟ်တွင် ပါဝင်ရန် မဖြစ်နိုင်ပေ။