ရှဟာဒသိုင်းန်

wikishia မှ

ဤဆောင်းပါးသည် ဓမ္မသတ်အဓိပ္ပာယ်တစ်ခုအကြောင်းကို ဖွဲ့နွဲ့ရှင်းလင်းဖော်ပြထားသောအရေးအသားတစ်ခု ဖြစ်သည်။ ထို့ကြောင့် သာသနာ့လုပ်ဆောင်ချက်များအတွက် စံ ယူ၍မရချေ။ သာသနာ့လုပ်ဆောင်ချက်များ အတွက် အခြားသောအကိုးအကားရင်းမြစ်များကို သွားရောက်လေ့လာပါလေ။

ရှဟာဒသိုင်း (အာရဗီ-شهادتَیْن)သည် အသျှင်မြတ်တစ်ပါးတည်းဖြစ်ကြောင်း နှင့် မြတ်တမန် မုဟမ္မဒ် ဆွ ၏တမန်တော်ဖြစ်မှု့ တို့ကို သက်သေခံခြင်းဖြစ်ပြီး အစ္စလာမ်၏အူစူလေဒီးန်(အစ္စလာမ့်အခြေခံယုံကြည်မှု့များ)ဖြစ်သော သောင်ဝ်ဟီးဒ် နှင့် နဗူဝသ်အား ဝန်ခံသက်သေထွက်ဆိုခြင်းပင်ဖြစ်သည်။ ရှဟာဒတ်သိုင်းအား အစ္စလာမ် နှင့် ကွဖ်ရ်(ကာဖိရ်) အကြား နယ်စည်းခြားမျဥ်းအဖြစ်သိထားကြသည်။ တစ်ဦးတစ်ယောက်သည် ရှဟာဒတ်သိုင်းန်အား နှုတ်ဖြင့် ဖတ်ရွတ်ခဲ့သော် မွစ်လင်မ်အဖြစ်စာရင်းဝင်သွားပြီး အစ္စလာမ်၏ဥပဒေသများသည် ၎င်းအတွက်ဖြစ်လာလေ သည်။ မွစ်လင်မ်များသည် အဇာန်၊အေကာမသ်၊နမားဇ်တိုင်း၏သရှဟွဒ်၌ ရှဟာဒတ်သိုင်းန် အားနှုတ်မှရွတ်ဆိုကြ ရသည်။

ရှီအာဓမ္မကထိကများသည် ဓမ္မသတ်ဆိုင်ရာ အခန်းကဏ္ဍမျိုးစုံ၌ ရှဟာဒတ်သိုင်းနှင့်ပတ်သက်၍ ပြောထားကြ သည်။ ၎င်းတို့၏ဖသ်ဝါအရ မိုင်ယတ်နမားဇ်(သေသူအပေါ်ဖတ်ပေးရသောနမားဇ်)၌ ပထမ သက်ဘီးရ်ပြီးနောက် ရှဟာဒတ်သိုင်းန် ဖတ်ရွတ်ခြင်းမှာ ဝါဂျိဘ်(မပြုမနေရ)ဖြစ်ပြီး မိုဟ်သဇွဲရ်(သေအံ့ဆဲဆဲသူ)အား ရှဟာဒတ်သိုင်းန် ဖတ်ရွတ်၍ သတိပေးသလ်ကီးန်ပြုခြင်း၊ မိုင်ယသ်(သေသူ)၏ကဖန်(လူသေကိုပတ်သောအဝတ်)ပေါ်၌ ရေးပေး ခြင်းတို့မှာ မွစ်သဟက်ဘ်(ကောင်းမွန်သော၊ပြုလုပ်ရန်တိုက်တွန်းထားသော)လုပ်ရပ်များဖြစ်သည်။

အကြွေစေ့များ၌ထွင်းထုခြင်း၊လက်ရေးလှရေးခြင်းအနုပညာ၊အစ္စလာမ့်ဗိသုကာလက်ရာများ၌လည်း ရှဟာဒတ်သိုင်းန်သည် အာရုံပြုစရာကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ရှဟာဒတ်သိုင်းန်သည် အသျှင်မြတ်တစ်ပါးတည်းတည်ရှိခြင်း နှင့် မြတ်တမန် မုဟမ္မဒ် ဆွ ၏တမန်တော်ဖြစ်ခြင်း အား သက်သေထွက်ဆိုခြင်းဖြစ်သည်။(1) ဓမ္မကထိကများ၏ပြောကြားချက်အရ ဤစာကြောင်းနှစ်ကြောင်း သို့မဟုတ် ထိုသို့အဓိပ္ပာယ်ရသောစာသားများအားပြောကြားခြင်းဖြင့် ရှဟာဒတ်သိုင်းန် ဖြစ်သွားကာ (အရှ်ဟဒုအန်လာအိလားဟ အိလ္လလ်လား ဝ အရှဟဒုအန္န မုဟမ္မဒဲရ်ရစူလွလ္လာ) - မုချဧကန် အကျွန်ုပ်သည် သက်သေခံပါ ၏။  အလ္လာဟ်မှလွဲ၍ အခြားသောကိုးကွယ်ရာဟူသည် မရှိ။ ထို့ပြင်လည်း ဧကန်မလွဲ မုဟမ္မဒ် သည် အလ္လာဟ်အသျှင်မြတ်၏စေလွှတ်ခြင်းခံရသူ တမန်တော် ဖြစ်၏။ - ဟုပြောခြင်းအားဖြင့် မှန်ကန်မှု့ရရှိ သွားပေသည်။ (2) ရှိခ်ဆွဒူးက် ၏ပြောကြားချက်အရ သောင်ဝ်ဟီးဒ်နှင့်နဗူဝသ်အားထွက်ဆိုခြင်း ရှဟာဒတ်သိုင်းန် သည် အစ္စလာမ်သာသနာ၏မူလအခြေခံများ မှအခြေခံအချက်နှစ်ချက်ဖြစ်သည်။ (3)

               

ရပိုင်ခွင့်နှင့် ဓမ္မသတ်တန်ဖိုး

မွစ်လင်မ်များ၏အမြင်၌ ရှဟာဒတ်သိုင်းသည် အစ္စလာမ် နှင့် ကွဖ်ရ်(ကာဖိရ်) အကြား နယ်စည်းခြားမျဥ်းဖြစ် သည်။ တစ်နည်းအားဖြင့်ဆိုရသော် တစ်စုံတစ်ယောက်သည် ရှဟာဒတ်သိုင်းန်အား နှုတ်မှရွတ်ဆိုပါက အစ္စလာမ့် ဥပဒေသများသည် ၎င်းအတွက်ဖြစ်လာသည်။ (4)) ထိုအရာတို့မှာ ၎င်း၏ခန္ဓာကိုယ်သည် သန့်စင်ပြီး ၎င်း၏အသက်၊ စည်းစိမ်တို့သည် လေးစားရမည်။ (5) အဘူဟမ်ဇာစိုမာလီဒုအာ၌ အေမာမ်ဆဂျားဒ် အ.စ သည် ရှဟာဒသိုင်းန် အား နှုတ်ဖြင့်ထွက်ဆိုခြင်း၏အကျိုးအာနိသင်ကို ပြောသူ၏အသက် လွတ်ငြိမ်းချမ်းသာခွင့်ရခြင်းအဖြစ် ညွှန်းဆိုထား သည်။ (မုနာဖိက်အယောင်ဆောင်များ၏ ရှဟာဒတ်သိုင်းန် ထွက်ဆိုချက်ကဲ့သို့ မည်မျှပင် နှလုံးသား၌ မယုံကြည် သည်ဖြစ်ပါစေ၊) (6)

ရှိုက်ခ်ဆွဒူးက်၏အစီရင်ခံချက်အရ အချို့သောဆင့်ပြန်ချက်များ၌ အီမာန် ယုံကြည်မှု့အား ရှဟာဒသိုင်းန် အဖြစ် အကျယ်ဖွင့်ထားကြသည်။ (7) အလ္လာမဟ်တွဘာတွဘာယီ (ရှမ်စီသက္ကရာဇ် ၁၂၈၁-၁၃၆၀ခုနှစ်)အမြင်အရ အီမာန် သည်အဆင့်သတ်မှတ်ချက်များရှိကာ သူ၏ပထမဆုံးအဆင့်မှာ ရှဟာဒသိုင်းန်၏ဖွင့်ဆိုချက်အနက်သဘောအား နှလုံးသားမှယုံကြည်လက်ခံခြင်းဖြစ်ပြီး ၎င်းသည် အစ္စလာမ့်ဥပဒေသအချက်အလက်များကို ပြုလုပ်ဆောင်ရွက် ခြင်းအဖြစ်သို့ရောက်ရှိစေမည်ဖြစ်သည်။ (8)

ဓမ္မသတ်ပိုင်းဆိုင်ရာစာအုပ်များတွင် အဲဟ်ကားမ်မေအမ်ဝါးသ်(လူသေနှင့်ပတ်သက်စပ်ဆိုင် သောဥပဒေသများ) ၊တွဟာရသ်(သန့်စင်ခြင်း) (9) ၊ ရောင်းဝယ်ဖောက်ကားခြင်း (10) ၊ နမားဇ် (11) နှင့်ဂျဟားဒ်(တိုက်ပွဲဝင်ခြင်း) (12) အပိုင်းများ၌ ရှဟာဒသိုင်းန်နှင့်ပတ်သက်၍လာရှိထားသည်။

ဓလေ့ထုံးတမ်းများနှင့်ဥပဒေသများ

ရှီအာဓမ္မကထိကအများစု၏အမြင်အရ မိုင်ယတ်နမားဇ်(သေသူအပေါ်ဖတ်ပေးရသောနမားဇ်)၌ ပထမ သက်ဘီးရ်ပြီးနောက် ရှဟာဒတ်သိုင်းန် ဖတ်ရွတ်ခြင်းမှာ ဝါဂျိဘ်(မပြုမနေရ)ဖြစ်သည်။ အခြားသောဓမ္မသတ်မှူး များမှာမူ ၎င်းအားမွစ်သဟက်ဘ်အဖြစ်သိထားကြသည်။ (13)

သေအံ့ဆဲဆဲလူအား ရှဟာဒသိုင်းန်နှင့် အအင်မာတို့၏အေမာမသ်နှင့်ပတ်သက်၍ သတိရစေရန် သလ်ကီးန်ပေး ခြင်းမှာ မွစ်သဟက်ဘ် ဖြစ်သည်။ (14)  

သေသူ၏ကဖန်ပေါ်၌ သူသည် ရှဟာဒသိုင်းန်အားထွက်ဆိုခဲ့သူဖြစ်ကြောင်း ရေးခြင်းမှာ မွစ်သဟက်ဘ် ဖြစ်သည်။ (15)

ဓမ္မသတ်မှူးအများစုသည် သောကြာနမားဇ်၏ခွတ်ဘာမိန့်ခွန်း၌  အေမာမ်ခေါင်းဆောင်ဖြစ်သူမှ ရှဟာဒသိုင်းန် ပြောခြင်းကို မွစ်သဟက်ဘ် အဖြစ်သိထားကြသည်။ (16)

ဂျဝါဟိရ် ကျမ်းရှင်(ဆွာဟိဘ်ဂျဝါဟိရ်) ၏ ပြောကြားချက်အရ စီးပွားရှာသည့်နေရာ၌ ရှဟာဒသိုင်းန် ရွတ်ဆိုခြင်း သည်လည်း ရောင်းဝယ်ဖောက်ကားခြင်းထုံးတမ်းများမှဖြစ်သည်။ (17)

အစ္စလာမ်ယဥ်ကျေးမှု့၌အသုံး

Shahada

ဒုအာများနှင့် မွစ်လင်မ်များ၏ဝတ်ပြုမှု့ပုံစံများ၌ ရှဟာဒသိုင်းန် စာသားအား များမြောင်စွာအသုံးပြုကြသည်။ (18) ဥပမာပြရသော် မွစ်လင်မ်များသည် နမားဇ်တိုင်း၏သရှဟွဒ်၌သော်၎င်း (19) ၊ ထို့အတူ အဇာန်နှင့်အကာမသ်များ၌ ၎င်း (20) ရှဟာဒသိုင်းန်အား ရွတ်ဖတ်ကြသည်။

အကြွေစေ့များ၌ထွင်းထုခြင်း၊လက်ရေးလှရေးခြင်းအနုပညာ၊အစ္စလာမ့်ဗိသုကာလက်ရာများ၌လည်း ရှဟာဒတ်သိုင်းန်အား တခုတ်တရရေးသားထွင်းထုခြင်းများလည်းပြုလုပ်ခဲ့ကြသည်။ (21)