‌တစ်ပါးတည်း တည်ရှိခြင်း

wikishia မှ

ဤစာစောင်သည် အစ္စလာမ့် ယုံကြည်ချက်များ အနက်မှ ယုံကြည်ချက် တစ်ခုအကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ အကယ်၍ ‌တစ်ပါးတည်းတည်ရှိခြင်း ဟူသော အမည်ဖြင့် လာရှိထားသည့် စူရဟ်ကို လိုက်ရှာကြည့်မည် ဆိုပါက စူရဟ်သောင်ဟီးဒ် ပင်ဖြစ်သည်။

တစ်ပါးတည်းတည်ရှိခြင်း သည် ၊ အစ္စလာမ် သာသနာတွင် အခြေခံအကျဆုံး နိယာမတစ်ခုဘဖြစ်သည်။ ၎င်း၏ ဆိုလိုရင်းမှာ အရှင်မြတ်သည် တစ်ပါးတည်းသာ တည်ရှိခြင်း ၊ တုဖက်နှိုင်းယှဉ်မှု အလျင်းမရှိခြင်း ဟူ၍ ဖြစ်သည်။ ထို့အတူ ကမ္ဘာကြီးကို ဖန်ဆင်းရာ၌ တုဖက်မရှိခြင်း ဟူ၍လည်း ဖြစ်ပေသည်။ အစ္စလာမ်ဘာသာသို့ လူသားများအား ဖိတ်ခေါ်ခြင်း၏ အစပိုင်းတွင် တမန်တော် မိုဟမ္မဒ် (ဆွ) ၏ ပထမဆုံးစကားမှာ အရှင်မြတ်သည် တစ်သားတည်းသာ ဖြစ်ကြောင်း ဝန်ခံခြင်း ၊ ၎င်းနှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ ရှောင်ရှားရန် သက်သေထွက်ဆိုခြင်း တို့ဖြစ်သည်။ သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်းသည် ကျမ်းမြတ်ကုရ်အာန် နှင့် မအ်စူးမ်များ၏ ရေဝါယသ်တော်များ၌ အထူး အလေူအနက်ထားရသည့် အ‌ေကြာင်းအရာဖြစ်သည်။ ထို့နောက် စူရဟ်သောင်ဟီးဒ်သည် တစ်ပါးတည်းတည်ရှိခြင်းနှင့် ပတ်သက်ပြီး လာရှိထားသည်။ တစ်ပါးတည်းတည်ရှိခြင်းသည် အစ္စလာမ့် အသုံးအနှုန်း၌ တုဖက်နှုင်းယှဉ် ကိုးကွယ်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။ မွစ်လင်မ် သီအိုလောဂျီ ပညာရှင်များသည် ၊ တစ်ပါးတည်းတည်ရှိခြင်း ကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်။ ထိုအဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။  ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ ဆိုလိုသည်မှာ အရှင်မြတ်သည် ပင်ကိုယ်ဗီဇအရ တစ်ပါးတည်းသာ တည်ရှိကြောင်းကို ယုံကြည်လက်ခံခြင်း ဖြစ်သည်။  ဂုဏ်အရည်အချင်းများ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ ဆိုလိုသည်မှာ အရှင်မြတ်၏ ဂုဏ်တော်များ နှင့် ၎င်း၏ ပင်ကိုယ်ဗီဇတို့သည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှု မရှိပဲ တစ်ခုတည်းသာလျှင် ဖြစ်ကြောင်းကို ယုံကြည်လက်ခံခြင်း ဖြစ်သည်။  စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ ဆိုလိုသည်မှာ အရှင်မြတ်သည် မည်သူ တစ်ဦးတစ်ယောက်ထံမှ အကူအညီ ဆောင်မမှုများကို မလိုအပ်ကြောင်း ယုံကြည်လက်ခံခြင်း ဖြစ်သည်။  ‌ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ ဆိုလိုသည်မှာ အရှင်မြတ်မှ လွဲ၍ ခဝတ်ကိုးကွယ်ထိုက်တော်မှုသော အရှင်ဟူ၍ အလျင်းမရှိကြောင်းကို ယုံကြည်လက်ခံခြင်း ဖြစ်သည်။         တစ်ပါးတည်း တည်ရှိခြင်း ကို အဆင့်လေးမျိုး ပိုင်းခြားထားပြီး ၎င်းတို့အနက်မှ ပထမဦးဆုံး အဆင့်မှာ ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်းတည်ရှိခြင်း ဖြစ်ပြီး ၊ အမြင့်မားဆုံးသော အဆင့်မှာ စွမ်းဆောင်ရာ၌ တစ်ပါးတည်းသာ တည်ရှိခြင်း ဖြစ်သည်။ တစ်ပါးတည်းသာ တည်ရှိခြင်း အား သက်သေပြုဖို့ရန် အတွက် ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များ ၊ မအ်စူးမ်များ၏ ဩဝါဒ ဟဒီးစ်တော်များ နှင့် ဒဿနိက ပညာရှင်များ နှင့် သီအိုလောဂျဖိ ပညာရှင်များ၏ စာအုပ်များတွင် ကွဲပြား‌သော သက်သေအထောက် အထား နှင့် ဆင်ခြင်အမျိုုးမျိုး လာရှိထားသည်။ ဆန့်ကျင်ဘက်အမြင် ဆင်ခြင် ၊ တမန်တော်များ ဖူးပွင့်ရခြင်း ဆင်ခြင် နှင့် သတ်မှတ်ခြင် ဆင်ခြင် စသည်တို့သည် ထိုဆင်ခြင်သက်သေများ၏ နမူနာများပင် ဖြစ်ကြသည်။ အဲဟ်လေစွန္နသ်များမှ အချို့အုပ်စုများ ဖြစ်ကြသည့် အိဗ်နေသိမ်မီယဟ် ၊ မုဟမ္မဒ် ဗင်န် အဗ္ဗ်ုလ် ဝဟာဘ် နှင့် အဗ္ဗ်ဒုလ်အဇီးဇ် ဗင်န်ဘာဇ် တို့သည် ရှဖာအသ် (ကြားဝင်အသနားခံခြင်း) အားယုံကြည်ခြင်း ၊ အရှင်မြတ်၏ တမန်တော်များ နှင့် သူတော်စင်များ ဆုံးပါးပြီးနောက် ၎င်းတို့အား သဝစ္စုလ် (ဝစီလာ) ယူခြင်းကို တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်းအား ယုံကြည်မှု မရှိခြင်း ၏ အချင်းလက္ခဏာ ဖြစ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ ရှီအာများ သည် ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်များကို ထောက်ထားခြင်းအားဖြင့် ထိုသို့ကြွေးကြော်ချက်ကို မှန်ကန်မှုမရှိပေ ဟုလက်ခံထားသည်။ ရှီအာများသည်ကျမ်းတော်မြတ်ကုရ်အာန်၏ အထောက်အထားများဖြင့် ရုပ်ထုကိုးကွယ်သူများနှင့် ဆန့်ကျင်ဘက်၊ တမန်တော်များကို ဖန်ဆင်းရှင်အဖြစ် လက်မခံ‌ကြပေ။ သို့သော် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အရှင်မြတ်၏ တမန်တော်များ နှင့် သူတော်စင်များအား အရိုအသေထားကာ ၎င်းတို့၏ အကြောင်းခံဖြင့် အရှင်မြတ်နှင့် နီးစပ်ဖို့ရန် ဖြစ်သည်။ ရှီအာ ပညာရှင်များသည် ၊ ၎င်းတို့၏ စာအုပ်များ၌ တစ်ပါးတည်းတည်ရှိခြင်း နှင့်ပတ်သက်ပြီး ဖော်ပြထားကြသည်။ ထိုစာအုပ်များ အနက်မှ အချို့စာအုပ်များသည် ‌တစ်ပါးတည်း တည်ရှိခြင်း ၏ အကြောင်းအရာ အစုံအလင်ကို ရေးသားထားပြီး အချို့ စာအုပ်များသည် ‌တစ်ပါးတည်းတည်ရှိခြင်း ၏ အချို့သော အကြောင်းအရာများကို ရေးသားထားသည်။ ဥပမာ - ရှီးခ်ဆူဒူးက်၏ အသ်သောင်ဟီးဒ် ဟူသော စာအုပ် ၊ အဗ္ဗ်ဒုရ်ရဇာက် လာဟီဂျီး ရေးသားထားသည့် ဂေါင်ဟဲရ် ရေ မိုရာသ် စာအုပ် ၊ အလ္လာမဟ် သွဗာသွဗာယီး ရေးသားထားသည့် အရ်ရိစာအိလုသ် သောင်ဟီးဒီယဟ် စာအုပ် နှင့် မုက်သဇွာမိုသွဟ်ဟရီ ရေးသားထားသည့် သောင်ဟီးဒ် စာအုပ်တို့ ဖြစ်ကြသည်။

ဝေါဟာရ အနက်အဓိပ္ပါယ်

သောင်ဟီးဒ် ဆိုသည်မှာ အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိ တော်မူသောအရှင် ဖြစ်ကြောင်းကို ယုံကြည်လက်ခံခြင်း ဖြစ်ပြီး ယင်းသည် အစ္စလာမ်သာသနတွင် အဓိက အရေးကြီးဆုံးသော ယုံကြည်မှုပိုင်းဆိုင်ရာ သင်ကြားချက်တစ်ခု ဖြစ်သည်။ (1) မွစ်လင်မ်များ၏ ယုံကြည်ချက်အရ ၊ အရှင်မြတ်သည် ကမ္ဘာ‌ကြီးအား ဖန်ဆင်းသည့် တစ်ပါးတည်းသော အရှင်ဖြစ်ပြီး ၎င်းနှင့် တုဖက်နှုင်းယှဉ်သူ ဟူ၍ မရှိပေ။ (2) တစ်ပါးတည်းတည်ရှိခြင်းသည် ၊ တမန်တော်မြတ်(ဆွ) နှင့် မအ်စူးမ်များ ဥပမာ အေမာမ်အလီ(အစ) နှင့် အေမာမ်ဆွာဒီက်(အစ) တို့၏ ဩဝါဒ‌တော်များ၌ “ လာအိလာဟ အိလ္လက်လာဟ် ဝဟ်ဒဟု လာရှရီးကလဟ် “ «لا اله الّا اللّه وحدَه لاشریک له» ဟူ၍ သက်သေထွက်ဆိုခြင်း နှင့် ထိုအရာနှင့် ဆင်တူယိုးမှားရှိသည့် စာကြောင်းအား ထွက်ဆိုဝန်ခံခြင်းပင် ဖြစ်သည်ဟု လာရှိထားသည်။ (3) တစ်ပါးတည်းတည်ရှိခြင်းသည် သီအိုလောဂျီ ပညာရပ်များ၌ အရှင်မြတ် ၊ ၎င်း၏ ဂုဏ်အရည်အချင်းများ နှင့် စွမ်း‌‌ေဆာင်များသည် တစ်ပါးတည်းတည်ရှိ ‌ေကြာင်းကို ဖော်ညွှန်းထားပေသည်။ အေမာမ်ဆွာဒီက်(အစ) နှင့် အေမာမ်ရေဿွာ(အစ) တို့သည်၊ သောင်ဟီးဒ်၏ အနက်အဓိပ္ပါယ် နှင့်ပတ်သက်ပြီး မေးမြန်းလာသည့် မေးခွန်းများကို ဖြေဆိုရာ၌ သီအိုလောဂျီ ပညာရပ်၏ အချို့အကြောင်းအရာများဖြစ်သည့် “ အရှင်မြတ်အား မနုသာလူသားတို့၌ ရှိသော ဂုဏ်အရည်အချင်းများကို ငြင်းဆိုထားခြင်း” ဟူသော အပိုင်းကို ဖော်ညွှန်းထားပေသည်။ (4) သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း နှင့်ပတ်သက်ပြီး သီအိုလောဂျီ ၊ ဒဿနိက နှင့် အီရ်ဖာန်(ပရမတ်တရား) ဟူသော မတူညီသည့် နိယာမ သ‌ဘောထားအမြင် သုံးခုရှိပေသည်။  သီအိုလောဂျီ ဆိုင်ရာ တစ်ပါးတည်း တည်ရှိခြင်း၏ ဆိုလိုရင်းမှာ ၊ ဖန်ဆင်းရှင်သည် တစ်ပါးတည်းသာ တည်ရှိခြင်းကြောင်းကို ယုံကြည်လက်ခံခြင်း အပေါ် အခြေခံသည်။  ဒဿနိက ဆိုင်ရာ တစ်ပါးတည်း တည်ရှိခြင်း၏ ဆိုလိုရင်းမှာ ၊ အီမာန် သက်ဝင်ယုံကြည်ခြင်း ဟူသည် ဖန်ဆင်းရှင်၏ တစ်ပါးတည်းသာ တည်ရှိခြင်းအပေါ် ဆင်ခြင် သုံးသပ်‌ တွေးတောနိုင်သော အသိဉာဏ်၏ ယုံကြည်လက်ခံခြင်း အ‌ေပါ် အခြေခံသည်။  အီရ်ဖာန် (ပကမတ်တရား) ဆိုင်ရာ တစ်ပါးတည်း တည်ရှိခြင်း၏ ဆိုလိုရင်းမှာ ၊ အရှင်မြတ်၏ တစ်ပါးတည်း တည်ရှိခြင်းကို ပိုမိုရှင်းလင်း မြင်သာသော သဘောတရားဖြင့် သိကျွမ်းပြီး ထိုအရာသို့ ချဉ်းကပ်နိုင်သည့် နည်းလမ်းအပေါ် အခြေခံသည်။ (5)

ဒဿနိက ပညာရပ်၌ တစ်ပါးတည်းတည်ရှိခြင်း ဆိုသည်မှာ ၊ မဖြစ်မနေတည်ရှိမှု (မြဲသောတည်ရှိမှု)၏ وحدت واجب الوجود အကြောင်းအရာများ နှင့်ပတ်သက်ပြီး مفهوم အနက်အဓိပ္ပါယ်တစ်ခု အနေဖြင့်သာ လာရှိထားသည်။ သို့သော် အီရ်ဖာန်(ပရမတ်တရား) ၌၊ တစ်ပါးတည်းတည်ရှိခြင်း သည် အနက်အဓိပ္ပါယ်တစ်ခု အနေဖြင့် လာရှိထားခြင်းပင်မက တစ်ပါးတည်းတည်ရှိခြင်း ၏ مصداق ကိုပါ ဖော်ပြပေးထားသည်။ ဥပမာ အရှင်မြတ်သည် တစ်ပါးတည်းသာ တည်ရှိတော်မူသော ဖန်ဆင်းရှင် ဖြစ်ပြီး အခြားကျန်ရှိသော တည်ရှိမှုများသည် ၎င်းထံမှ ဖြစ်ကြသည်။ (6) ဒဿနိက ပညာရှင်ကြီးများသည် ၊ မဖြစ်မနေတည်ရှိမှု သည် တစ်ပါးတည်းတည်ရှိ ကြောင်းကို သက်သေပြုရန် ကြိုးစားကြသည်။ သို့သော် အာရီဖ် ပရမတ် ပညာရှင်များသည် ၊ စိတ်နှလုံးသားဖြင့် တစ်ပါးတည်းတည်ရှိခြင်းသို့ ရောက်ရှိရန် ကြိုးစားကြသည်။ ထို့ကြောင့် “မုလ္လာဟ် ဆွဒ်ရာ၏ ဟိက္က်မ‌သ် သေ မိုသအာလီယေဟ်” သည် ၊ ကုရ်အာန် ၊ ပရမတ်တရား နှင့် ဆင်ခြင်သက်သေများ အကြား စုစည်းထားသည့် အထောက်အထား ဖြစ်သည်ဟု သတ်မှတ်ထား ကြသည်။ ယင်း၌ ပရမတ်တရားအရ အာရုံစိတ်နှလုံးသား၌ မည့်သည့် အနှောက်အယှက်မှ မရှိဘဲ ပွင့်လင်းမြင်သာ ထင်ရှားမှု ရှိခြင်းကို ဆင်ခြင်သက်သေများ နှင့်တစ်ကွ ဖော်ပြထားသည်။ (7)

အစ္စလာမ် သာသနာ၌ တစ်ပါးတည်းတည်ရှိခြင်း၏ အရိုက်အရာ

တစ်ပါးတည်းတည်ရှိခြင်းသည် ၊ အစ္စလာမ့်သွန်သင်ချက် များ၏ အရေးအကြီးဆုံးသော အချက်ဖြစ်ပြီး အစ္စလာမ် သာသနာအား အခြားဘာသာ သာသနာများမှ ကွဲပြားစေသည့် အရာဖြစ်သည် ဟူ၍ ယူဆထားကြသည်။ (8) ကျမ်းတော်မြတ် ကုရ်အာန်၏ ‌အတိအလင်း ဖော်ပြချက်များအရ ၊ အားလုံးသော တမန်တော်များ၏ သတင်းစကားများသည် ၊ သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်းပင် ဖြစ်သည်။ (9) သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း ဟူသော ဝေါဟာရသည် ကျမ်းမြတ်ကုရ်အာန်၌ မလာရှိထားသော်လည်း ၊ ထိုကျမ်းမြတ်မှ များစွာသော အာယသ်တော်များသည် တစ်ပါးတည်းတည်ရှိမှုကို သက်သေပြုထားပြီး တုဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို ငြင်းပယ်ထားပေသည်။ (10) မုလ္လာဟ်ဆွဒ်ရာသည် မိမိ၏ သဖ်စီးရ် ကုရ်အာန် အလင်းဖွင့်ဆိုသော စာအုပ်၌ ၊ ကျမ်းမြတ်ကုရ်အာန်၏ အဓိကရည်ရွယ်ချက်မှာ ဖန်ဆင်းရှင်၏ တစ်ပါတည်းတည်ရှိမှုကို သက်သေပြုရန် ဖြစ်သည် ဟု လက်ခံထား သည်။ (11) ဖန်ရှင်းဆင်သည် တစ်ပါတည်းသာတည်ရှိမှု အပေါ် သက်သေထွက်ဆိုခြင်း နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်မခြင်းမှ ရှောင်ရှားခြင်း တို့သည် ၊ တမန်တော်မြတ်(ဆွ) ၏ ပွင့်ပွင့်လင်းလင်း ဖိတ်ကြားမှုအစတွင် မက္ကာမြို့သားတို့အား အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်ခြင်းဆိုင်ရာ ပထမဦးဆုံးသော ‌ဖော်ပြချက် ဖြစ်သည်။ (12) အစ္စလာမ်ဘာသာ ပြန့်ပွားစေရန် နိုင်ငံအသီးသီးသို့ သွားရောက်ခဲ့ကြသော မိုအာဇ် ဗင်န် ဂျဘ်လ် အပါအဝင် တမန်တော်မြတ်(ဆွ)၏ ကိုယ်စားလှယ်များ အားလုံးသည် အရှင်မြတ်၏ တစ်ပါးတည်းတည်ရှိခြင်းကို လက်ခံရန် လူသားများကို အမြဲဖိတ်ကြားခဲ့သည်။ (13) မွတ်စ်လင်မ် ပညာရှင်အချို့သည် ၊ အစ္စလာမ် သာသနာတွင် သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း၏ ထူးခြားမှု နှင့် အရေးပါမှုကို ထောက်ထားခြင်းအားဖြင့် မွစ်လင်မ် လူထုအား “ اهل التوحید “သောင်ဟီးဒ် မိသားစု” ဟူ၍ ခေါ်ဆိုကြသည်။ (14) ထို့အပြင် သောင်ဟီးဒ် အရှင်မြတ်သည် တစ်ပါးတည်းသာ တည်ရှိ‌ေကြာင်းကို လက်ခံခြင်းအား မွတ်စ်လင်မ်တို့၏ အချင်း လက္ခဏာတစ်ရပ်အဖြစ် ယူဆထားသည်။ (15) အေမာမ်အလီ(အစ) သည် အရှင်မြတ်၏ တစ်ပါးတည်းသာ တည်ရှိမှုအပေါ် ယုံကြည်လက်ခံခြင်းကို ဖန်ဆင်းရှင် သိမှု၏ အခြေခံနိယာမ အဖြစ် ယူဆထားသည်။ (16) အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိမှုကို ၊ ကျမ်းတော်မြတ်ကုရ်အာန်တွင် ကွဲပြားသော အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုများ နှင့် အသုံးအနှုန်းများဖြင့် အကြိမ်များစွာ အလေးပေး ဖော်ပြထားသည်။ ဥပမာ စူရဟ်သောင်ဟီးဒ် ၌ ၊ အရှင်မြတ်အား (အဟဒ္ဒ်) တစ်ပါးတည်း တည်ရှိခြင်း ဟူ၍ ဖော်ပြထားသည်။ (17) အခြားသော ဖန်ဆင်းရှင်များကို ငြင်းပယ်ခြင်း ၊ အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိခြင်း ၊ အားလုံးအတွက် ဖန်ဆင်းရှင်သည် တစ်ပါးတည်းသာရှိခြင်း ၊ ဖန်ဆင်းရှင်များစွာကို ငြင်းပယ်ခြင်းအား တိုက်တွန်းအလေးပေးထားခြင်း ၊ သုံးပါးပေါင်း တစ်ဆူဖြစ်ခြင်း‌နှင့် သုံးပါးတစ်ဆူအား လက်ခံခြင်းတို့ ၏ ကြွေးကြော်မှုကို ငြင်းပယ်ခြင်း ၊ နှင့် ထို့အတူ ဖန်ဆငရှင် နှင့် ဆင်တူယိုးမှား ရှိသော မည်သည့် ပုံသဏ္ဍာန်မျိုးကိုမဆို ငြင်းပယ်ခြင်း စသည်တို့သည်လည်း ကျမ်းတော်မြတ်ကုရ်အာန် ၌ ဖော်ပြထားသည့် သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း နှင့် ပတ်သက်သည့် သဘောတရားများ အနက်မှ တစ်ခုဖြစ်သည်။ (18) တစ်ပါးတည်းတည်ရှိကြောင်း ကို တိုက်ရိုက်ဖော်ပြထားသည့် ကျမ်းတော်မြတ်ကုရ်အာန်မှ အာယသ်တော်များမှာ : قُل هُوَ اللهُ أحَد: (အို၊ ရစူလ်တမန်တော် အသင်သည်) ဟောပြောလော့။ ထိုအရှင်မြတ်သည် တစ်ပါးတည်းဖြစ်တော်မူသော ဧကောဒိ အရှင်မြတ်ပင် ဖြစ်၏။ (19) لا إلٰه إلّا الله: အလ္လာဟ်အရှင်မြတ်မှ လွဲ၍ အခြားမည်သည့် အရှင်မှ မတည်ရှိပေ။ (20) لا إلٰه إلّا هو: ထိုအရှင်မြတ်တပါး အခြားမည်သည့် အရှင်မြတ်မှ မတည်ရှိပေ။ (21) إلٰهُکُم إلٰهٌ واحِد: ဧကန်စင်စစ် အသင်တို့၏ အရှင်မြတ်သည် တစ်ပါးတည်းသာ တည်ရှိတော်မူသော အရှင်မြတ် ဖြစ်၏။ (22) ما مِن إلٰهٍ إلّا الله: အလ္လာဟ် အရှင်မြတ်မှတပါး အခြားမည်သည့် ဖန်ဆင်းရှင်မှ မတည်ရှိပေ။ (23)

တစ်ပါးတည်းသာ တည်ရှိခြင်း၏ အဆင့်များ

များစွာသော မွစ်လင်မ် သီအိုလောဂျီ ပညာရှင်များ ၊ အီရ်ဖာန် ပရမတ်တရားရှိသူများ နှင့် ဒဿနိက ပညာရှင်များသည် ၊ ကျမ်းမြတ်ကုရ်အာန် ၊ တမတ်တော်မြတ်(ဆွ) နှင့် အေမာမ်များ၏ ရေဝါယသ်တော်များကို ထောက်ထားခြင်းအားဖြင့် တစ်ပါးတည်း တည်ရှိခြင်း အတွက် အဆင့်အမျိုးမျိုးကို ဖော်ပြခဲ့ကြပြီး ထိုအဆင့်များ အနက် ပထမဦးဆုံး အဆင့်မှာ ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်းတည်ရှိခြင်း ဖြစ်ပြီး ၎င်းနောက် ဂုဏ်အရည်အချင်းများ နှင့် စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း တို့ ဖြစ်သည်။ ထို့နောက် ခဝတ်ကိုးရာ၌ တစ်ပါးတည်းတည်ရှိခြင်း သည် အမြင့်မားဆုံးသော အဆင့် ဖြစ်ပေသည်။ (24) တစ်ပါးတည်းတည်ရှိခြင်း သည် ကျမ်းမြတ်ကုရ်အာန် နှင့် အစ္စလာမ့် ယဉ်ကျေးမှု၌ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း အား ဆန့်ကျင်တိုက်ခိုက်ခြင်းသည် ၊ ကျမ်းမြတ်ကုရ်အာန်၏ အဓိက အခြေခံဖြစ်သော အကြောင်းအရာများ အနက်မှ တစ်ခုဖြစ်သည်။ (25) မွစ်လင်မ်များသည် တစ်ပါးတည်းတည်ရှိခြင်း ၏ အဆင့်များကို ယုံကြည်လက်ခံကြသည့် အပြင် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း အတွက်လည်း အဆင့်အမျိုးမျိုးကို သတ်မှတ်ထားကြသည်။ (26) ထို့ကြောင့် အရှင်မြတ်၏ ပင်ကိုယ်ဗီဇ အမျိုးမျိုးရှိသည်ဟု ယုံကြည်ခြင်းသည် ပင်ကိုယ်ဗီဇ၌ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ဖြစ်သည်။ (27) ကမ္ဘာလောကကြီး၌ အမှီအတွဲ ကင်းမဲ့စွာ သီးခြားရပ်တည်နိုင်သော စွမ်းဆောင်ရှင် တစ်ဦးထက်ပို၍ ရှိသည်ဟု ယုံကြည်ထားပါက ၎င်းသည် စွမ်း‌ေဆာင်ရာ၌ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ဖြစ်သည်။ (28) ထို့အတူ အရှင်မြတ်၏ ဂုဏ်တော်များနှင့် ၎င်း၏ ပင်ကိုယ်ဗီဇတို့သည် တစ်ထပ်တည်း မရှိဘူးဟု ယုံကြည်ခြင်းသည် ဂုဏ်အရည်အချင်းများ၌ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ဖြစ်ပြီး (29) တစ်ပါးတည်းသော ဖန်ဆင်းရှင်မှ အပ အခြားသော အရာများကို ခဝတ်ကိုးကွယ်ခြင်းသည် ခဝတ်ကိုးကွယ်ရာ၌ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ဖြစ်သည်။ (30)

ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်တည်ရှိခြင်း

ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်းတည်ရှိခြင်း သည် သောင်ဟီးဒ် အဆင့်များမှ ပထမဆုံး အဆင့်ဖြစ်သည်။ (31) ၎င်း၏ အနက်အဓိပ္ပါယ်မှာ ၊ ဖန်ဆင်းသည် တစ်ပါးတည်းသာ တည်ရှိခြင်း ၊ ၎င်းနှင့် တုဖက်နှိုင်းယှဉ်မှု မရှိခြင်း ၊ ၎င်းနှင့် ဆင်တူယိုးမှား ဟူ၍ မရှိခြင်း နှင့် ၎င်းအတွက် အစားထိုးမှု မရှိခြင်း တို့ဖြစ်သည်။ စူရဟ် သောင်ဟီးဒ် အာယသ်အမှတ် ၄ وَلَمْ یکُنْ لَه کُفُواً أحَدٌ သည် ထိုအနက်အဓိပ္ပါယ်ပင် ဖြစ်သည်။ (32) ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်း တည်ရှိခြင်း၏ အခြားအနက်အဓိပ္ပါယ် တစ်မျိုးမှာ ၊ အရှင်မြတ်၏ ပင်ကိုယ်ဗီဇသည် နှစ်ခုမရှိခြင်း ၊ ထိုပင်ကိုယ်ဗီဇနှင့် ဆက်တူယိုးမှား ဟူ၍ အလျင်းမရှိခြင်းတို့ ဖြစ်သည်။ (33) စူရဟ် သောင်ဟီးဒ် ၏ ပထမအာယသ်တော် (قُل هُو الله أحَدٌ)၌ လာရှိထားသကဲ့သို့ ဖြစ်သည်။ (34)

ဂုဏ်အရည်အချင်းများ၌ တစ်ပါးတည် တည်ရှိခြင်း

1. ဂုဏ်အရည်အချင်းများ၌ တစ်ပါးတည်းတည်ရှိခြင်း ဆိုသည်မှာ အရှင်မြတ်၏ ဂုဏ်တော်များ နှင့် ၎င်း၏ ပင်ကိုယ်ဗီဇသည် တစ်ခုတည်းသာလျှင် ဖြစ်သည်။ ဆိုလိုသည်မှာ အရှင်မြတ်၏ ပင်ကိုယ်ဗီဇ နှင့် ဂုဏ်အရည်အချင်းများသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှုမရှိဘဲ တစ်ထပ်တည်းသာလျှင် ရှိ‌နေပြီး ထိုဂုဏ်အရည်အချင်းများ အကြား၌လည်း ကွဲပြားခြားနားမှုမရှိဘဲ တစ်ထပ်တည်း သာလျှင်ရှိနေခြင်းကို နားလည်သဘော ပေါက်ခြင်းပင် ဖြစ်သည်။ (35) ဥပမာ ပေးရသော် ၊ အရှင်မြတ်သည် သိရှိတော်မူ‌ေသာအရှင် ဖြစ်ပြီး ၎င်း၏ သိရှိခြင်းသည် ၎င်း၏ ပင်ကိုယ်ဗီဇ အပေါ် ဖြည့်စွတ်လိုက်သည့်အရာမျိုး မဟုတ်ပေ။ သို့သော် အရှင်မြတ်ကိုယ်တိုင် (ပင်ကိုယ်ဗီဇ) ပင်ပညာရှိခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အရှင်မြတ်၏ အင်ကိုယ်ဗီဇ နှင့် ပညာရှိခြင်းသည် ကွဲပြားခြားနားနေခြင်ယ မဟုတ်ပဲ တစ်ခုတည်းသာလျှင် ဖြစ်သည်။ လူသားများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူသားများ၏ ပညာ နှင့် တတ်စွမ်းနိုင်ခြင်း တို့သည် ၎င်းတို့၏ ပင်ကိုယ်ဗီဇမှ မဟုတ်ပေ။ တစ်နည်းအားဖြင့် ထိုပညာရှိခြင်း နှင့် တတ်စွမ်းနိုင်ခြင်းတို့သည် လူသားများအပေါ် တစ်ဖြည်းဖြည်း ဖြည့်စွတ်တိုးပွားလာခြင်း ဖြစ်သည်။ (36) အရှင်မြတ်၏ ဂုဏ်အရည်အချင်းများသည် ၊ အရှင်မြတ်၏ ပင်ကိုယ်‌ဗီဇမှ ကွဲပြားခြားနားနေခြင်း မဟုတ်သည့်အပြင် ထိုဂုဏ်အရည်အချင်း တစ်ခုချင်းစီတိုင်းသည်လည်း တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားမှု မရှိပဲ တစ်ထပ်တည်းသာလျှင် ဖြစ်ပေသည်။ ဆိုလိုသည်မှာ အရှင်မြတ်၏ ပညာရှိခြင်းသည် ထို တတ်စွမ်းနိုင်ခြင်းပင် ဖြစ်သည်။ အရှင်မြတ်၏ တည်ရှိမှု ကိုယ်တိုင်သည် ပညာရှိခြင်း နှင့် တတ်စွမ်းတိုင်မှု ရှိခြင်းပင် ဖြစ်ပြီး အရှင်မြတ်၏ ပင်ကိုယ်ဗီဇ ဂုဏ်အရည်အချင်းများပင် ဖြစ်သည်။ (37) မိဆ်ွဗာဟ် ယဇ်ဒီ၏ အမြင်အရ ၊ ဒဿနိက နှင့် သီအိုလောဂျီ ပညာရပ်၏ အသုံးအနှုန်း၌ ဂုဏ်အရည်အချင်း၌ တစ်ပါးတည်းသာ တည်ရှိခြင်း၏ အနက်အဓိပ္ပါယ် မှာ ၊ အရှင်မြတ်၌ ရှိအပ်သည့် ဂုဏ်ပုဒ်များ ဖြစ်ကြသော ပညာရှိခြင်း ၊ ရှင်သန်ခြင်း နှင့် တတ်စွမ်းနိုင်ခြင်း ကဲ့သို့သော် ဂုဏ်အရည်အချင်းများသည် အစစ်အမှန်၌ ၊ အရှင်မြတ်၏ ပင်ကိုယ်ဗီဇ သာလျှင်ဖြစ်ပေသည်။ ထိုဂုဏ်အရည်အချင်းများသည် ပင်ကိုယ်ဗီဇ နှင့် တစ်ထပ်တည်းရှိပြီး ဂုဏ်ပုဒ် အချင်းချင်းသည်လည်း ကွဲပြားမှုမရှိ အားလုံး တစ်ခုတည်းသာ လျှင် ဖြစ်ပေသည်။ သို့သော် ၎င်းတိုဘ၏ အနက်အဓိပ္ပါယ် အရသာလျှင် တစ်ခုနှင့်တစ်ခု ကွဲပြားမှု ရှိပေသည်။ (38) ကျမ်းတော်မြတ်ကုရ်အာန်၌ ၊ အရှင်မြတ်အား ၎င်း၌ရှိအပ်သော ဂုဏ်တော်များဖြင့် လှပတင့်တယ်ပေသည်ဟု ဖော်ပြထားသည်။ (39) အေမာမ်ဆွာဒီက်(အစ) ထံမှ အဘူဘဆွီးရ် ကောက်နုတ်ထားသည်မှာ ၊ အရှင်မြတ်သည် ကြားခြင်း ၊ မြင်ခြင်း သိခြင်း ဆိုင်ရာ တစ်စုံတစ်ရာ မရှိမီအရင် ကြားသိမြင်တော် မူပေသည်။ (40)

စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း

စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ဆိုသည်မှာ ၊ အရှင်မြတ်သည် မိမိ၏ ပင်ကိုယ်ဗီဇ၌ တစ်ပါးတည်းသာ တည်ရှိတော်မူသောကြောင့် မိမိ၏ လုပ်ဆောင်ချက်များ ဖြစ်ကြသည့် ဖန်ဆင်းခြင်း ၊ စီမန်ခန့်ခွဲခြင်း ၊ စိုးပိုင်အုပ်ချုပ်ခြင်း နှင့် ဖြစ်တည်မှုဆိုင်ရာ စီမန်ခန့်ခွဲခြင်း တို့၌လည်း တုဖက်နှိုင်းယှဉ်မှု အလျင်းမရှိပေ။ (41) စွမ်းဆောင်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ကို ယုံကြည်လက်ခံဖို့ရန် အတွက် လိုအပ်သည့်အရာမှာ ၊ ကမ္ဘာလောက တစ်ခုလုံးသည် အရှင်မြတ်၏ လုပ်ဆောင်ချက်များသာ ဖြစ်ပြီး ၊ အားလုံးသော ဖန်ဆင်းခံများ၏ လုပ်ဆောင်ချက်များ၏ အဓိက အရင်းအမြစ်မှာ အရှင်မြတ်သာလျှင် ဖြစ်ကြောင်းကို လက်ခံရမည် ဖြစ်သည်။ (42) ကမ္ဘာလောက၌ ရှိရှိသမျှသော တည်ရှိမှု အားလုံးသည် ပင်ကိုယ်ဗီဇအရ သီးခြားရပ်တည်နိုင်သော တည်ရှိမှုများ မဟုတ်သည့် အတွက်ကြောင့် ၎င်းတို့အားလုံးသည် အရှင်မြတ်အား အမှီသဟဲ ပြုကြသူများသာ ဖြစ်ပေသည်။ အရှင်မြတ်အား ကုရ်အာန်၏ ဖွင့်ဆိုချက် အရ «قیوم» ကမ္ဘာလောက အားလုံး၏ မှီခိုအားထားရာ ရပ်တည်ရာ ဖြစ်သည်။ ထို့အပြင် ရှိရှိသမျှသော တည်ရှိမှု အားလုံးသည် အကျိုးတရား ဖြစ်ပေါ်ရာ နှင့် အကြောင်းတရား၌ လည်း သီးခြားရပ်တည်နိုင်ကြသူများ မဟုတ်ပေ။ နိဂုံးမှာ ၊ အရှင်မြတ်သည် မိမိ၏ ပင်ကိုယ်ဗီဇ၌ တုဖက်နှိုင်းယှဉ်မှု မရှိသည့်အပြင် မိမိ၏ လုပ်ဆောင်ချက်များ၌လည်း တုဖက်နှိုင်းယှဉ်မှု မရှိပေ။ (43) ကျမ်းတော်မြတ်ကုရ်အာန်၌ ၊ အရှင်မြတ်ကို အရာခပ်သိမ်း အလုံးစုံအား ဖန်းဆင်းတော်မူသော အရှင် ၊ တစ်ခုတည်းသော အနန္တတန်ခိုးရှင်ဟု ခေါ်ဆိုထားသည်။ (44) အေမာမ်ဆွာဒီက်(အစ) သည် အရှင်မြတ်အား အရာဝတ္ထု တစ်ခုအား မရှိမှ အရှိသို့ ဖန်ဆင်းပြုလုပ်တော်မူပြီး တည်ရှိမှုများအားလုံးကို အရှိ မှ မရှိသို့ ကူးပြောင်းပေးတော်မူသည့် တစ်ပါးတည်းသော အရှင်ဖြစ်သည်ဟု ယုံကြည်လက်ခံထားသည်။ (45)

ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း

ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ဆိုသည်မှာ ဖန်ဆင်းရှင်မှ တပါး အခြားမည်သည့် အရာများသည် ခဝတ်ကိုးကွယ် ထိုက်တော်မူသော အရှင်ဟူ၍ အလျင်းမရှိပေ ထို့နောက် အရှင်မြတ် တစ်ပါးတည်းသာလျှင် ခဝတ်ကိုးကွယ် ထိုက်တော်မူသော အရှင် ဖြစ်တော်မူသည်။ (46) တစ်ပါးတည်းတည်ရှိတော်မူသော အရှင်မြတ်ထံ ဖိတ်ခေါ်ခြင်းသည် ၊ ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များအရ ၊ အရှင်မြတ်ထံမှ စေလွှတ်တော်မူခဲ့သည့် တမန်တော်များအားလုံး၏ အဓိက အစီအစဉ်များ ဖြစ်ပေသည်။ (47) ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ကို ကျမ်းတော်မြတ် ကုရ်အာန်၏ အချို့အာယသ်တော်များ၌ တွေ့ရှိရပေသည်။ ဥပမာ ၊ စူရဟ် နဟဲလ်၌ လာရှိထားသည်မှာ အွမ္မသ် အုပ်စုတိုင်းအတွက် တမန်တော်နျားကို စေလွှတ်ရခြင်းမှာ တစ်ပါးတည်းသော အရှင်အား ခဝတ်ကိုးကွယ်ရန် နှင့် အရှင်မဟုတ်သည့် အခြားအရာများကို ကိုးကွယ်ခြင်း ၊ ရှိုင်သွာန် နှင့် ခေါင်းမာခြင်းတို့မှ ရှောင်ကြဉ်ရန် ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။ (47) ကျမ်းမြတ်ကုရ်အာန်၏ အခြား အာယသ်တော်တစ်ခု၌ ၊ တမန်တော်မြတ်ကြီးသည် အရှင်မြတ် မဟုတ်သည့် အခြားအရာများအား ခဝတ်ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ထားပြီး ကမ္ဘာလောက ခပ်သိမ်းကုန်တို့အား ဖန်ဆင်းတော်မူသည့် အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝတ်ကိုးကွယ်ရန် တိုက်တွန်းမိန့်ဆိုခဲ့သည်။ (49) တမန်တော်မြတ်(ဆွ)သည် မုရှ်ရီက္က် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများအား မိန့်ကြားတော်မူသည့် မိန့်ခွန်းတွင်၊ အသင်တို့သည် အရှင်မြတ်၏ ဖန်ဆင်းခံများမှ ရုပ်တုများကို ပြုလုပ်၍ ရှိခိုးကိုးကွယ်ကြပြီး ၎င်းအတွက် စဂ်ျဒါများ ပြုလုပ်ကြသည်။ သို့မဟုတ် နမာဇ် ဖတ်ကြပြီး အသင်တို့၏ မျက်နှာများကို မြေကြီးပေါ်၌ တင်ထားကြသည်။ ဖန်ဆင်းရှင် အတွက် အဘယ်အရာ ကျန်ခဲ့သေးသနည်း ? ဟု မေးမြန်းခဲ့သည်။ (50) တမန်တော်မြတ်(ဆွ)၏ အဆိုအရ၊ ဦးညွှတ် ကိုးကွယ်သူများ၏ ဟက္က် အခွင့်အရေးများ အနက်မှ တစ်ခုမှာ ထိုဦးညွှတ် ကိုးကွယ်သူ ဖန်ဆင်းခံများ အားလုံးကို တစ်ပြေးညီ တန်းတူအခွင့်အရေး မထားရှိခြင်းပင် ဖြစ်သည်။ (51)

တစ်ပါးတည်း တည်ရှိမှု၏ သက်သေအထောက်အထား

ကျမ်းမြတ်ကုရ်အာန် ၊ မအ်စူမ်များ၏ ရေဝါယသ်များ ၊ မွစ်လင်မ် ဒဿနိက ပညာရှင်များ နှင့် သီအိုလောဂျီ ပညာရှင်များ၏ ဖော်ပြချက်များ၌ ၊ အရှင်မြတ်သည် တစ်ပါးတည်းသာ တည်ရှိကြောင်း နှင့်ပတ်သက်ပြီး သက်သေအထောက်အထားများကို ဖော်ပြပေး ထားသည်။ ၎င်းတို့အနက်မှ အချို့မှာ : ၁ ။ ဆန့်ကျင်ဘက်အမြင် ဆင်ခြင် ၊ ကျမ်မြတ်ကုရ်အာန်၏ အာယသ်တော် «لَوْ کانَ فیهِما آلِهَةٌ إِلاَّ اللهُ لَفَسَدَتا» (52) မှ ရယူထားသည်မှာ ၊ အကယ်၍ ဖန်ဆင်းရှင် နှစ်ပါးရှိသည်ဟု ဆိုပါက ၊ တစ်ဦးသည် အလုပ်တစ်ခုကို ပြုလုပ်ရန် ဆန္ဒရှိပြီး အခြားတစ်ဦးသည် ၎င်း၏ ဆန့်ကျင်ဘက် အရာကို လုပ်ဆောင်ရန် ဆန္ဒရှိပေမည်။ ထိုအခါ အောက်ပါ သုံးသပ်ချက် သုံးမျိုးကို သုံးသပ်နိုင်သည်မှာ: • (က) နှစ်ယောက်စလုံး၏ ဆန္ဒများသည် အတည်ဖြစ်ပေါ်လာမည် : ထိုသို့ပုံစံ၌ ဆန့်ကျင်ဘက်စုံစည်းမှု ဖြစ်လာပြီး ယင်းသည် ဖြစ်နိုင်သည့် အလားအလာ မရှိပေ ။ • (ခ) နှစ်ယောက်စလုံး၏ ဆန္ဒများသည် မဖြစ်ပေါ်လာပေ : ထိုသို့ပုံစံ၌ ဖန်ဆင်းရှင် နှစ်ပါးစလုံးသည် တတ်စွမ်းနိုင်ခြင်း မရှိကြောင်းကို ဖော်ပြပေသည်။ • (ဂ) နှစ်ယောက် အနက်မှ တစ်ယာက်၏ ဆန္ဒသည် အတည်ဖြစ်ပေါ်လာမည် : ထိုသို့ပုံစံ၌ ၊ ရှင်းလင်းသည်မှာ ၊ ၎င်းတို့အနက်မှ တစ်ဦးသည် တတ်စွမ်းနိုင်မှု မရှိဘဲ ကျန်တစ်ဦးမှာ စစ်မှန်သော ဖန်ဆင်းရှင် ဖြစ်ပေသည်။ (54) ၂ ။ ရောနှောပေါင်းစပ် ဖွဲ့စည်းထားခြင်း မရှိသော ဆင်ခြင် : အစ္စလာမ့် ဒဿနိက ဆင်ဆင်ခြင်ဖြစ်ပြီး ၊ တစ်ပါးတည်းသာ တည်ရှိခြင်းကို ဖန်ဆင်းရှင် ရောနှောပေါင်းစပ် ဖွဲ့စည်းထားမှု မရှိခြင်း ဟူသော နည်းလမ်းဖြင့် သက်သေပြုထားသည်။ ထိုဆင်ခြင်အရ ၊ ဖန်ဆင်းရှင် နှစ်ပါး တည်ရှိကြောင်း ယုံကြည်လက်ခံထားခြင်းသည် မဖြစ်မနေတည်ရှိမှုသည် ရောနှောပေါက်းစပ် ဖွဲ့စည်းထား‌ေသာ တည်ရှိမှု ဖြစ်ကြောင်းကို လက်ခံယုံကြည်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေတည်ရှိမှု နှစ်ခုစလုံးသည် ရောနှောပေါက်းစပ် ဖွဲ့စည်းထား‌သော တည်ရှိမှုများ ဖြစ်သည့်အတွက် ထိုရောနှောပေါက်းစပ် ဖွဲ့စည်းထား‌သော တည်ရှိမှုအား ဖြစ်တည်မှု ပေးစွမ်းရန် အကြောင်းတရားကို လိုအပ်ပေသည်။ ထို့အတွက်ကြောင့် ရောနှောပေါက်းစပ် ဖွဲ့စည်းထား‌သော တည်ရှိမှုသည် မဖြစ်မနေ တည်ရှိမှု မဖြစ်နိုင်တော့ပေ။ ထို့အပြင် မဖြစ်မနေတည်ရှိမှု ဖြစ်နိုင်ဖို့ရန် တစ်စုတည်းသော တည်ရှိမှု ဖြစ်ရပေမည် ၊ သို့သော် ရောနှောပေါက်းစပ် ဖွဲ့စည်းထား‌သော တည်ရှိမှုသည် တစ်စုတည်းသော တည်ရှိမှု မဖြစ်နိုင်ပေ။ နိဂုံးမှာ ၊ ရောနှောပေါက်းစပ် ဖွဲ့စည်းထား‌သော တည်ရှိမှု သည် မဖြစ်မနေတည်ရှိမှု ၏ ဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေတည်ရှိမှု သည် တစ်ပါးတည်းတည်ရှိမှု သာလျှင် ဖြစ်ပေမည်။ (55) အထက်ပါ ဖော်ပြထားသည့် ဆင်ခြင်များ အပြင် ၊ အခြားသော ဆင်ခြင်များ ဖြစ်ကြ‌သည့် သတ်မှတ်ခြင်း ဆင်ခြင်၊ များပြားမှုအား ငြင်းဆိုခြင်း ဆင်ခြင် ၊ ဖြစ်နိုင်ခြေ ဆင်ခြင် နှင့် တမန်တော်နျား ဖူးပွင့်ရခြင်း ဆင်ခြင်တို့အား အစ္စလာမ့် ဒဿနိကဗေဒ နှင့် သီအိုလောဂျီ ပညာရပ်များတွင် ဖော်ပြထားပါသည်။ (56) အေမာမ်အလီ(အစ) သည် အေမာမ်ဟစန်(အစ) ပေးစာတစ်စောင်တွင် ၊ ဖန်ဆင်းရှင်သည် တစ်ပါးတည်းသာ တည်ရှိတော်မူသော အရှင် ဖြစ်ကြောင်းကို သက်သေပြုသည့် ဆင်ခြင်များ အနက်မှ ဆင်ခြင်တစ်ခုကို ဖော်ပြထားပြီး အကယ်၍ အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်မှုများ ရှိမည်ဆိုပါက ၎င်း၏ စေတမန်များသည် ဗန်ဒါကျေးကျွန်များထံ လာရောက်ကြမည် ဖြစ်ကြောင်းကို ရှင်းလင်း ‌မိန့်ဆိုထားသည်။ (57) မွစ်လင်မ် သီအိုလောဂျီ ပညာရှင်များသည် ၊ ထိုဆင်ခြင်ကို တမန်တော်နျား ဖူးပွင့်ရခြင်း၏ ဆင်ခြင် အဖြစ် ၎င်းတို့၏ စာအုပ်များ၌ ဖော်ပြထားသည်။ (68)

ရှီအဟ်များကို တုဖက်နှိုင်းယှဉ် ကိုးကွယ်သည် ဟူ၍ စွတ်စွဲပြောဆိုခြင်း

ဝဟာဗီများသည် အရှင်မြတ်၏ တမန်တော်များ နှင့် သူတော်စင်များ၏ ရှာဖာအသ် နှင့် ၎င်းတို့အား သဝစ္စုလ် ဝစီလာ ထားခြင်း ၊ ၎င်းတို့၏ ကဗဲရ်များတွင် သွားရောက်၍ သဗ္ဗရုက္က် ယူခြင်း အပေါ် ရှီအာတို့၏ ယုံကြည်ချက်ကို တုဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည် ဟူ၍ လက်ခံထားကြသည်။ (59) ရှီအာများသည် ထိုသို့လက်ခံထားခြင်းကို မမှန်ပေဟု ယုံကြည်ထားသည့်အပြင် ထိုအရာများကို ပြုလုပ်သည့် မွစ်လင်မ်တိုင်းသည် အရှင်မြတ်၏ တမန်တော်များ နှင့် သူတော်စင်များကို ကိုးကွယ်ရန် ဟူသော ရည်ရွယ်ချက် အလျင်းမရှိကြောင်း ၊ ထို တမန်တော်များ နှင့် သူတော်စင်များအား ခဝတ်ကိုးကွယ်ထိုက်သည့် အရိုက်အရာ၌ ရှိသည်ဟူ၍ မသတ်မှတ်ကြဘဲ ၎င်းတို့အား အရိုအသေခြင်း နှင့် ၎င်းတို့မှ တစ်ဆင့် အရှင်မြတ်နှင့် နီးစပ်ဖို့ရန်ဟူသော ရည်ရွယ်ချက်သာလျှင် ရှိပေသည် ဟု ယုံကြည်လက်ခံထားသည်။ (60) အိဗ်နေသိမ်မီယဟ် ၏ ယုံကြည်ချက်အရ ၊ အေမာမ်အလီ(အစ) အား သဝစ္စုလ် ဝစီလာ ယူသည့် သူတိုင်းသည် ကာဖဲရ် ဖြစ်ပြီး ထိုသို့သူများ၏ ကာဖဲရ် ဖြစ်ခြင်းအပေါ် သံသယ ရှိသူများသည်လည်း ကာဖဲရ်ပင် ဖြစ်ပေသည် ဟုလာရှိထားသည်။ (61) မည်သူမဆို တမန်တော်မြတ်၏ ကဗဲရ် သို့မဟုတ် သူတော်စင် တစ်ဦးဦး၏ ကဗဲရ်အနားသို့ သွားရောက်ပြီး ၎င်းတို့ထံမှ လိုအင်ဆန္ဒများကို ‌တောင်းခံပါက ထိုသူသည် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူပင် ဖြစ်ပြီး မဖြစ်မနေ သောင်ဗာ ဝန်ချတောင်းပန် ရပေမည်။ အကယ်၍ သောင်ဗာ ဝန်ချတောင်းပန်မှု အလုပ်ပါက ၎င်းအား သတ်ပစ်ရပေမည်။ (62) ဝဟာဗီ များ၏ မုဖ်သီ ဖြစ်သူ အဗ္ဗဒုလ် အဇီးဇ် ဗင်န်ဘာဇ် သည်လည်း ၎င်းရေးသားထားသည့် စာအုပ်၌ ကဗဲရ်များ အနား၌ ဒိုအာတောင်းဆုပန်ခြင်း၊ ရှာဖာအသ်တောင်းခံခြင်း နှင့် ရန်သူအပေါ် အောင်နိုင်ခြင်းတို့အား ကြီးမားသော တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း ၏ ထင်ရှားမှု တစ်ခုအဖြစ် မှတ်ယူထားသည်။ (63) ရှီအာများသည် ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များကို ထောက်ထားခြင်း အားဖြင့် ရှဖာအသ် (ကြားဝင်အသနားခံခြင်း) ကို အရှင်မြတ်၏ ခွင့်ပြုချက် မရှိသည့် သူများထံမှ တိုက်ရိုက် တောင်းခံခြင်းကိုသာလျှင် ငြင်းပယ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၊ ထိုသို့ပုံစံ၌ ခဝတ်ကိုးကွယ်ခြင်း နှင့် စီမန်ခန့်ခွဲခြင်း တို့၌ တုဖက်နှိုင်းယှဥ်ကိုးကွယ်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ (64) ရှီအာ အာလင်မ် ပညာရှင်များသည် ၊ မုဟမ္မဒ် ဗင်န် အဗ္ဗဒုလ်ဝဟာဘ် နှင့် အဗ္ဗဒုလ်အဇီးဇ် ဗင်န်ဘာဇ် တို့သည် ကျမ်းမြတ်ကုရ်အာန်မှ ရုပ်ထုများထံတွင် ရှဖာအသ် တောင်းခံမှုအား ငြင်းဆိုထားသည့် အာယသ်တော်ကို ထောက်ထား၍ ရှီအာများ၏ ရှဖာအသ် တောင်းခံမှုသည် မှားယွင်းနေကြောင်း ‌သက်သေပြုထား‌ေသာ အထောက်အထားကို ပြန်ဖြေဆိုရာ၌ ၊ တမန်တော်များ နှင့် သူတော်စင်များ ထံမှ ရှာဖာအသ် တောင်းခံမှု နှင့် ရုပ်ထုများထံမှ ရှဖာအသ် တောင်းခံမှုတို့အကြား အခြေခံ ခြားနားချက်အပေါ် အမှီပြုကာ ဖြေဆိုခဲ့သည်။ ထို့နောက် မွစ်လင်မ် လူထု၏ ယုံကြည်ချက်သည် ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့် ရုပ်ထုကိုးကွယ်သူများ၏ ယုံကြည်ချက်နှင့် မတူညီကြောင်းကို ပြောဆိုခဲ့ပြီး မွစ်လင်မ်များသည် မည်သည့်အခါမှ တမန်တော်များကို ခဝတ်ကိုးကွယ်ထိုက်သူ ၊ စီမန်ခန့်ခွဲ အုပ်ချုပ်သူ သို့မဟုတ် ထာဝရ အရှိတရား ဟူ၍ မသတ်မှတ်ကြပေ။ (65)

ရေးသားထားသည့် စာအုပ်များ

မွတ်စ်လင်မ် ဘာသာရေးဆရာများ နှင့် ဟဒီးစ် ကောက်နုတ်သူများ အထူးသဖြင့် အီမာမီယဟ်များသည် တစ်ခါတစ်ရံတွင် သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း နှင့်ပတ်သက်သော စာအုပ်များကို ရေးသားကြပြီး တစ်ခါတစ်ရံတွင် ရှီအာတို့၏ ယုံကြည်ချက်များကို ဖော်ပြနေချိန်တွင် ၎င်းတို့သည် သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း ကိုလည်း ဖော်ပြခဲ့ကြသည်။ အချို့ ကျမ်းကိုးများ၌ ၊ ‌ သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း နှင့်သက်ဆိုင်သည့် စာအုပ်ပေါင်း ၂၂ ကို ရှီအာများအကြား ရှိသည်ဟု ဖော်ပြထားသည်။ (66) ထိုစာအုပ်များ အနက်မှ အချို့မှာ အောက်ပါတို့ ဖြစ်သည်။  ရှီးခ်ဆူဒူက် ရေးသားထားသည့် အလ်သောင်ဟီးဒ် စာအုပ် ၊ ဤစာအုပ်၌ ပါရှိသော ခေါင်းစဉ်များမှာ အရှင်မြတ်သည် ပင်ကိုယ်ဗီဇအရ တစ်ပါးတည်းတည်ရှိခြင်း ၊ အရှင်မြတ်၏ ရှိအပ်သည့် ဂုဏ်ပုဒ် နှင့် မရှိအပ်သည့် ဂုဏ်ပုဒ် ၊ ထို့အတူ လျာထားသောကြမ္မာ ၊ အတင်းအဓမ္မ (အကျပ်ကိုင်ခြင်း) နှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိခြင်း ၊ ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များ နှင့် မအ်စူးမ်(အစ) များ၏ ဟဒီးစ်ဩဝါဒတော်များကို အသုံးပြုခြင်းအားဖြင့် (67) ရေးသားထားပြီး ဤစာအုပ်သည် အမည်မျိုးစုံဖြင့် ၊ ဖွာရ်စီစကားဖြင့် ဘာသာပြန်ဆိုထားကြသည်။ (68)  ရှရ်ဟေဘာဘေဟာဒီယုအရှဲရ် ၊ ရှီအာ တို့၏ ယုံကြည်မှုနိယာမ နှင့်ပတ်သက်ပြီး ၊ မိက္က်ဒါဒ် ဗင်န် အဗ္ဗ်ဒုလ္လာ စီယူးရီး ရေးသားထားသည်။ ဤစာအုပ်၏ အခန်းများသည် သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း အကြောင်းဖြစ်သည်။ (69) ဘာဘေ ဟာဒီယု အရှဲရ် စာအုပ်သည် ၊ အလ္လာမဟ်ဟီလ္လီ ရေးသားထားသည့် စာအုပ်ဖြစ်သည်။ (70)  အရ်ရိစာအိလုလ် သောင်ဟီဒီယဟ် စာအုပ် ၊ အလ္လာအဟ် သွဗာသွဗာယီး ရေးသားထားသည်။ ဤစာအုပ်၌ အရှင်မြတ်သည် ပင်ကိုယ်ဗီဇအရ တစ်ပါးတည်းတည်ရှိခြင်း ၊ အရှင်မြတ်၏ နာမတော်များ နှင့် စွမ်းဆောင်မှုများ၊ အရှင်မြတ် နှင့် သဘာဝတရား တို့အကြား ကြားခံနယ်များရှိခြင်း တို့နှင့်သက်ဆိုင်သည့် ဆောင်းပါးလေးပုဒ် ပါရှိသည်။ (71) ထို့အတူ၊ ဤစာအုပ်သည် ကမ္ဘာလောက မတိုင်မီ ကမ္ဘာလောကကြီး၌ နှင့် ကမ္ဘာလောက ပြီးနောက် လူသားများ ဟူ၍ ဆောင်းပါးသုံးပုဒ် ပါရှိသည်။ (72) အရ်ရိစာအိလုလ် သောင်ဟီဒီယဟ် စာအုပ်သည် ဟီဂျရီ ၁၃၆၁ ခုနှစ်၌ အရ်ဗီစကားဖြင့် ရေးသားခဲ့သည်။ (73) ထို့အပြင် အီရာန်နှစ် ၁၃၇၀ ခုနှစ်၌ ၊ အလီရှီးရ်ဝါနီး သည် အီရာန်၌ ဘာသာပြန်၍ ထုပ်ဝေခဲ့သည်။ (74)  သောင်ဟီးဒ် ၊ ဤစာအုပ်သည် အီရာန်နှစ် ၁၃၄၆ - ၁၃၄၇ ခုနှစ်တွင် မုရ်သဇွာ မိုသွဟ်ဟရီမှ ဟောပြောချက် ၁၇ ခု၏ စုစည်းထားသော စာသားများ ပါရှိပြီး (75) စာမျက်နှာပေါင်း ၃၄၆ ရှိသည်။ ဤစာအုပ်၏ အချို့ အကြောင်းအရာများသည် ၊ တစ်ပါးတည်းသာ တည်ရှိခြင်း နှင့် သာလွန်ပြီးပြည့်စုံမှု၏ နိယာမ သဘောတရား တို့အကြား ဆက်နွယ်ပတ်သက်မှု နှင့် မကောင်းမှု နှင့်ပတ်သက်သည့် အကြောင်းအရာတို့၏ စောဓကမေးခွန်းများကို ဖြေဆိုထားသည်။ (76)  ဂျအ်ဖဲရ်စုဗ်ဟာနီ ရေးသားထားသည့် အလ်သောင်ဟီးဒ် ဝလ် ရှရီက် ဖီလ် ကုရ်အာနုလ်ကရီးမ် စာအုပ်၊ စာရေးသူသည် အခန်းလေးခန်းပါရှိသော ဤစာအုပ်တွင် သောင်ဟီးဒ် အဆင့် ခုနစ်ဆင့် နှင့် အေဘာဒသ် ဝတ်ပြုမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖော်ပြပြီးနောက်၊ ဝဟာဘီများ ၏ ယုံကြည်ချက်များ နှင့် တစ်ပါးတည်းသာ တည်ရှိခြင်း နှင့် တုဖက်နှိုင်းယှဉ်မှု တို့အကြား ၎င်းတို့၏ စံနှုန်း တိုင်းတာမှုကို ရေးသားဖော်ပြထားသည်။ အာယသုလ္လာဟ် စုဗ်ဟာနီ၏ နောက်ထပ်စာအုပ်ကို အရ်ဗီစကားဖြင့် ရေးသားထားသော “ ဘိုဟူးစု ကာရ်အာနီယဟ် ဖီလ် သောင်ဟီးဒ် ဝလ် ရှီရ်က် “ ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ဝေထားသည်။ ထိုစာအုပ်၏ ခေါင်းစဉ်များသည်လည်း တစ်ပါးတည်းတည်ရှိခြင်း ၊ တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း နှင့် ဝဟာဘီများ၏ စောဓကများ ဖြစ်သည်။ စာအုပ်၏ အကြောင်းအရာအများစု (အခန်း ငါးခန်းမှ သုံးခန်း) သည် အေဘာ‌ဒသ် ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း အ‌ေကြာင်း ဖြစ်သည်။ (77) ဤစာအုပ်ကို မဲဟဒီ အဇီဇားန် မှ ကျမ်းတော်မြတ်ကုရ်အာန်တွင် တစ်ပါးတည်းတည်ရှိခြင်း နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း တို့၏ အတိုင်းအတာ များ ဟူသော ခေါင်းစဥ်ဖညင့် ဖွာရ်စီစကားဖြင့် ပြန်ဆိုထားပြီး မအ်ရှဲရ် စာပေ ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။ (78)  သောင်ဟီးဒ် ဝါ ရှီရ်က် ဒဲရ် နေဂါဟေ ရှီအဟ် ဝါ ဝဟာဘီယသ် စာအုပ် အဲဟ်မဒ် အာ‌ဘေဒီ ရေးသားထားသည်။ စာရေးသူ၏ အဆိုအရ၊ ၎င်းသည် ဆော်ဒီအာရေဗျနိုင်ငံရှိ အစ္စလာမ္မစ်တက္ကသိုလ် မုဟမ္မဒ် ဗင်န် စူအူဒ် မှဘွဲ့ရတစ်ဦးဖြစ်သည့် နာဆွီရုလ် ကဖွာရီ ရေးသားသော "ရှီအာ အစနာ အရှ်ရီယဟ် အေမာမီယဟ် ၏အခြေခံမူများ" ဟူသော စာအုပ်၏ ကြွေးကြော်ချက်များကို တုံ့ပြန်ခြင်းဖြစ်သည်။ (79)  အဲဟ်မဒ် အာဘေဒီ သည် ဤစာအုပ်၌ ၊ ခဝတ်ကိုးကွယ်ရာ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ စီမန်ခန့်ခွဲရာ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ အရှင်မြတ်၏ နမာတော်များ နှင့် ဂုဏ်အရည်အချင်းများ၌ တစ်ပါးတည်းတည်ရှိခြင်း ၊ စသည်ဖြင့် နောက်ဆုံး၌ အီမာန်ဘသက်ဝင်ယုံကြည်ခြင်း နှင့် ၎င်း၏ မဏ္ဌိုင်များကို ရှီအာတို့၏ နိယာမ သဘောတရားဖြင့် ဖွင့်ဆိုရှင်းလင်း ပေးထားသည်။ ထိုသို့ဖွင့်ဆို ရှင်းလင်းရာ၌ ‌တစ်ပါးတည်းသာ တည်ရှိခြင်း နှင့်ပတ်သက်ပြီး ရှီအာတို့၏ အယူဝါဒသည် ဝဟာဘီများ၏ အယူဝါဒထက် ပိုမိုသာလွန်မှု ရှိကြောင်းကို ဖော်ပြခဲ့သည်။ ယင်းအကြောင်းအရာများသည် နာဆွီရုလ် ကဖ္ဖာရီမှ ဝဟာဘီများ၏ ယုံကြည်ချက်ကို ပြန်လည်ချေပထားရာ၌ လာရှိထားသည်။ (80)  ဤစာအုပ်၏ဘာသာပြန်ကို ၁၄၃၄ ခုနှစ်တွင် အာရဗီဘာသာဖြင့် “အလ်‌ေသာင်ဟီးဒ် ဝလ် ရှီရ်က် အင်န်ဒလ် ရှီအဟ် ဝလ် ဝဟာဘီယဟ်” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။(81)  အလ္လာဟ် ရှေနာစီ စာအုပ် သည် သုံးအုပ်တွဲဖြစ်ပြီး အလ္လာမဟ် သီဟီရာနီ ရေးသားထားကာ တစ်ပါးတည်းတည်ရှိခြင်း ဆိုင်ရာ အကြောင်းအရာများကို ဖော်ပြပေးထားသည်။ အာယသ်တော်များ နှင့် ရေဝါယသ်များကို အသုံးပြုခြင်းအားဖြင့် ၊ တစ်ပါးတည်းတည်ရှိခြင်း နှင့်ပတ်သက်ပြီး ဒဿနိက နှင့် အိရ်ဖာန် ပရမတ် တရား တို့၏ နိယာမ အမြင်သဘောတရား အမျိုးမျိုးကို ရှင်းလင်းဖွင့်ဆိုထားသည်။ (82)