သွဟာရသ်

wikishia မှ
ရှီအဟ် ဓမ္မသတ်ဆိုင်ရာကျမ်းကြီးများမှ တစ်ကျမ်းဖြစ်သည့် အလ်အိုရ်ဝသိုလ်ဝတ်စ်ကာကျမ်း


သွဟာရသ် (အရဘီ : الطهارة ) ၊ ဖေက်ဟ်ဟီ (ဓမ္မသတ်) ပညာရပ် အသုံးအနှုန်း ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ တရားတော်အရ မသန့်ရှင့်သည့်အရာများ၊ ဟဒက်စ်စေ အက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် မှ သန့်ရှင်း၊သန့်စင်သွားခြင်းကိုခေါ်ဆိုပါသည်။ ဟဒက်စ် စေ အဇ်ဂဲရ် ဆိုသည် မှာ ဆီး ၊ မစင် နှင့် ဝဇူကိုပျက်စေသည့် လေလည်ခြင်း တို့ ကိုခေါ်ဆိုပါသည်။ ဟဒက်စ် စေ အက္က်ဘဲရ် ဆိုသည်မှာ ဂျနာဗသ် နှင့် မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) တို့ ကိုခေါ်ဆို ပါသည်။

တရားတော်အရ မသန့်ရှင်းသည့်အရာများ မှသန့်ရှင်း ခြင်းသည် ဝဇူ နှင့် နမာဇ် အတွက် အရေးကြီးပါသည်။ ဝဇူလုပ်မည့်‌ ရေ ၊ နမာဇ်ဝ်ပြုမည့်သူ၏ ကိုယ်ခန္ဓာ ၊ နှင့် အဝတ်အစားသည် တရားတော် အရ သန့်ရှင်းသန့်စင်ဖို့ အရေးကြီးပါသည်။ ရေ နှင့် တရားတော်အရ မသန့်ရှင်းသည့် အရာများ ကို သန့်ရှင်းအောင် သန့်စင်အောင် ပြုပေးသည့် အရာများ ကို မိုသွာဟေရာသ် ဟုခေါ်ဆိုပါသည်။

သွဟာရသ် သည် သူကိုယ်တိုင် ဝါဂျစ်ဗ် မပြုမနေရမဟုတ်ချေ။ သို့သော် နမာဇ် နှင့် သွဝါဖ် လှည့် ခြင်းကဲ့သို့ ဝဂျစ်ဗ် (မပြုမနေရ) အလုပ်များ ကိုလုပ်ဆောင်ရန် အတွက် ဝါဂျစ်ဗ် ဖြစ်သွားပါသည်။ ထိုနည်းတူစွာ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ် တော် များ ကို ထိတွေ့ ရန် အတွက်လည်းပဲ သွဟာရသ် ဝါဂျစ်ဗ် ဖြစ်သွားပါသည်။ ဟဒက်စ် စေ အဇ်ဂဲရ် ဖြစ်လာရင် ဝဇူ ပြုပြီး တရားတော်အရ သန့်စင်သွားမည် ဖြစ်ပြီး ဟဒက်စ်စေအက္က်ဘဲရ်ဖြစ် လာလျင် ဂိုစ်လ်(တရားတော်အရ ရေချိုးခြင်း) ပြုခြင်းဖြင့် တရားတော် အရ သန့်ရှင်း သွားမည် ဖြစ်ပါသည်။ ဝဇူ နှင့် ဂိုစ်လ် ပြုရန် မဖြစ် နိုင်သည့် အခြေအနေ တွင် ၎င်းတို့ အစား သယမွန်မ် ပြုရမည် ဖြစ်ပါသည်။

ဓမ္မသတ် ဆိုင်ရာ သွဟာရေသ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

ဖေက်ဟ် ပညာရပ်တွင် သွဟာရသ် ဆိုသည်မှာ ယေဘု ယျ အားဖြင့် ခန္ဓာ ကိုယ် သည် တရားတော် အရ မသန့်ရှင်းသည့် အရာများ နှင့် သန့် ရှင်း သန့်စင်ခြင်း ဟဒက်စ်စေ အက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် မှလည်း သန့်ရှင်း သန့်စင်ခြင်း ကိုခေါ်ဆို ပါသည်။[၁] ဟဒက်စ် စေ အဇ်ဂဲရ် ဆိုသည်မှာ ဆီး၊မစင် ၊ လေလည်ခြင်း ၊ အိပ်စက် ခြင်း စသည်ဖြင့် ဖြစ်ပါသည်။ ဝဇူကို ဖျက်ပြားစေသည့် အရာများကို ခေါ်ဆိုပါ သည်။[၂] ဟဒက်စ်စေ အက္က်ဘဲရ် ဆိုသည်မှာ ဂိုစ်လ် (ရေချိုး) ခြင်းကို ဖြစ်စေ သည့် ဂျနာဗသ် ၊ မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) နှင့် ဟိုက်စ် (ဓမ္မတာလာခြင်း) တို့ ဖြစ်ပါ သည်။[၃]

ဖေက်ဟီ (ဓမ္မသတ်) စာအုပ်များတွင် သွဟာရသ် ဆိုသည်အမည်ဖြင့် ကဏ္ဍ ပါရှိပါ သည်။ ၎င်းကဏ္ဍ တွင် နဂျာစါသ် (တရားတော်အရ မသန့်ရှင်းသည့်အရာများ) ၊ ကို မိုသွာဟေရာသ် (တရားတော်အရ မသန့်ရှင်းသည့် အရာများ ကို သန့်ရှင်းအောင် သန့်စင်အောင် ပြုပေးသည့် အရာများ) ၊ဝဇူ ၊ ဂိုစ်လ် နှင့် သယမွန်မ် တို့နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြထားသည် ဖြစ်ပါသည်။[၄]

နဂျာစါသ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်း

နဂျာစါသ် နှင့် မိုသွာဟေရာသ် ကဏ္ဍတွင် ကြည့်နိုင်ပါသည်။ အစ္စလာမ် မီ စည်းမျဥ်း ဥပဒေ များ အရ နဂျာစသ် ၁၀ မျိုး မှအပ အားလုံးသည် သန့်ရှင်း စင်ကြယ်ပါသည်။[၅] နဂျာစသ် ၁၀ မျိုးမှာပမာအားဖြင့် လူသား နှင့် တရားတော် အရ တားမြစ်ထားသည့် တိရစ္ဆာန်များ ၏မစင် ၊ လူသား၏သွေး နှင့် သွေးပန်း၍ ထွက်သည့် တိရစ္ဆာန် ၏သွေး ၊ ဝက် ၊ခွေး တို့ဖြစ်ပါသည်။5 မည်သည့်အရာမဆို နဂျာစသ် နှင့် ထိတွေ့ မည် ဆိုလျင် နဂျစ် (တရားတော်အရာ မသန့်ရှင်းသည့်အညစ်အကြေး) ဖြစ်သွားပေမည်။ ပညာရပ်ဆိုင်ရာ စကားအရ မိုသနဂျစ် ဟုခေါ်ဆိုပါသည်။[၆] နဂျာစသ် အရာများကို ရေ ကဲ့သို့သော အရာဖြင့် သန့်စင်သန့်ရှင်း အောင် ပြုနိုင်ပါသည်။ သန့်ရှင်းသန့်စင်အောင် ပြုပေးသည့် အရာများ ကို မိုသွာဟေရာသ် ဟုခေါ်ဆိုပါသည်။[၇]

နဂျာစါသ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုင်ရာ ဥပဒေ

အစ္စလာမ် ဓမ္မသတ် ပညာရှင်ကြီးများ(မရ်ဂျာများ) ၏ ဖသ်ဝါနဂျာစသ် မှ သန့်စင် သန့်ရှင်း အောင် ၊ အောက်ဖော်ပြ ကိစ္စများ တွင် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါသည်။ (ဝါဂျစ်ဗ် ဖြစ်ပါသည်။) ၁။ ဝဇူပြုချိန် ဝဇူပြုရမည့် အစိတ်အပိုင်းများ ၂။ ဝဇူ နှင့် ဂိုစ်လ် ပြုမည့်ရေ ၃။ ဖြစ်နိုင်သလောက် သယမွန်မ် ပြုမည့် အစိတ်အပိုင်းများ ၄။ မြေကြီးသို့မဟုတ် သယမွန်မ် ပြုနိုင်သည့် အရာများ ၅။ စဂျ်ဒဟ် ပြုမည့်နေရာ ၆။ နမာဇ် ဝတ်ပြုမည့်သူ ၊ သွဝါဖ်ပြုမည့်သူ ၏ အဝတ် နှင့် ကိုယ်ခန္ဓာ[၈]

ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုင်ရာ

ဟဒက်စ် ဆိုသည့် မှာ ၎င်းကြောင့် သွဟာရာသ် (တရားတော်အရ သန့်ရှင်းခြင်း) ပျက်ပယ်သွားသည့် အရာကို ခေါ်ပါ သည်။[၉] အစ္စလာမ် ဓမ္မသတ် ပညာရှင်ကြီး များ(မရ်ဂျာများ) မှ ဟဒက်စ် အား ဟဒက်စ်စေအက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် ဆိုပြီး ပိုင်းခြားထားပါသည်။[၁၀] ဟဒက်စ် စေ အဇ်ဂဲရ် တွင် ဆီး၊ မစင် ၊လေလည် ခြင်း၊ အိပ်စက်ခြင်း ၊ ဥာဏ်ရည်ကို ထိခိုက်စေသည့်အရာများ ( ပမာအား ဖြင့် ရူးသွပ်ခြင်း ။ ယစ်မူးခြင်း ၊မူးမေ့လဲခြင်း) နှင့် အစ်သေဟာဇဟ် (ဓမ္မတာကဲ့သို့သွေးတစ်မျိုးသို့သော်ဓမ္မတာနှင့်အရောင်ကွာ၏၊) ကလီလဟ် (အနည်းငယ်) ၊ကလေးမွေးပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ အနည်းငယ် )တို့ ဖြစ်ပါသည်။[၁၁] ဟဒက်စ်စေအက္က်ဘဲရ် ဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဂျနာဗသ် နှင့် မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) ၊ ဟိုက်ဇ် (ဓမ္မတာသွေး ) ၊ နေဖါစ် (ကလေးမွေးပြီးထွက်သည့်သွေး ၊ အစ်သေဟာဇေကစီးရဟ် (အမျိုးသမီးများ ၏ ဓမ္မတာသွေး ၊ကလေးမွေးပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ များများ ) ၊ အစ်သေဟာ ဇေမိုသဝစေသွဟ် (အမျိုးသမီးများ ၏ ဓမ္မတာသွေး ၊ကလေးမွေးပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ အလယ်အလတ် ) ၊ (အေးစက်သွားသည့်) လူသေ အလောင်းကို ထိမိခြင်းတို့ ဖြစ်ပါသည်။[၁၂] ဟဒက်စ် စေ အဇ်ဂဲရ် အား ဝဇူ ဖြင့် သန့်ရှင်း သန့်စင်အောင် ပြုရပါသည်။ ဟဒက်စ်စေ အက္က်ဘဲရ် အား ဂိုစ်လ် (တရားတော်အရ ရေချိုးခြင်း) ဖြင့် သန့်ရှင်း သန့်စင်အောင် ပြုရပါသည်။[၁၃] အရေးကြီးလိုအပ်သည့် အခါ ဝဇူ နှင့် ဂိုစ်လ် အစား သယမွန်မ် လည်း ပြုလုပ်နိုင်ပါသည်။[၁၄]

ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုင်ရာ ဥပဒေ

ဟဒက်စ် မှ သန့်ရှင်းအောင် ပြုခြင်းသည် သူ့အလိုအလျောက် ဝါဂျစ်ဗ် မဟုတ်ပေ။ သို့သော် အောက်ဖော်ပြပါ အေဗါဒသ် (ခဝတ်ကိုးကွယ်မှု) များ ပြုလုပ်ရန် အတွက် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ၁။ နမာဇ်ဇေမိုင်ယသ်မှအပ ရှိသမျှ ဝါဂျစ်ဗ် နမာဇ်များ အားလုံး ၂။ ဝါဂျစ်ဗ် သွဝါဖ် ၃။ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ထိတွေ့ရန် ၄။ အလ္လာဟ် ၊ ရစူလ်(ဆွ) ၊ ကျော်ကြားသည့် ဖသ်ဝါများအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမည် များ ကို ထိတွေ့ရန် ၅။ ကျော်ကြားသည့် ဖသ်ဝါများအရ ရိုဇဟ် အတွက် ၆။ စဂျ်ဒဟ်ပါသည့် စူရဟ်များကို သေလာဝသ် ပြုရန် ၇။ဗလီ တွင် နေရန် ၈။ မတ်စ်ဂျစ်ဒ် ဒိုလ်ဟရာမ် နှင့် မတ်စ်ဂျစ်ဒ် ဒွန်နဘီ တွင် နေဖို့မဟုတ် သည်ဖြစ်စေ ဝင်ရန် အတွက်[၁၅]

အထက်ဖော်ပြပါ အချက် ၈ ချက်၏ ပထမ ၄ချက်(အမှတ်၁ မှ ၄ အထိ) တွင် ဟဒက်စ် အား ဟဒက်စ်စေအက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် နှစ်မျိုးလုံး မှ သန့်ရှင်း ရန် သန့်စင်ရန် အရေးကြီးပါသည်။ နောက်ပိုင်း ကျန်လေးချက် (အမှတ် ၅ မှ ၈အထိ) သည် ဟဒက်စ်စေအက္က်ဘဲရ် မှသာ သန့်ရှင်း ရန် သန့်စင်ရန် အရေးကြီးပါသည်။[၁၆] ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုသည်မှာ ဝဇူ၊ ဂိုစ်လ် ၊ သယမွန်မ် များကို ကိုရ်ဘသန်အေလ္လာဟ် (အလ္လာဟ်ဟိုအရှင်မြတ် နှင့် နီးကပ်မှုရရန်) ဆိုသည့် နီယသ် (အဓိဋ္ဌာန် ) ဖြင့် မလွဲမသွေ ဆောင်ရွက် ခြင်းကို ခေါ်ဆိုပါသည်။[၁၇]

သွဟာရာသ် (တရားတော်အရ သန့်စင်ခြင်း) သည် ကိစ္စ အမြောက်အများ အတွက် မွတ်စ်သဟ် ဖြစ်ပါသည်။ ၎င်းကိစ္စများမှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အလ္လာဟ်ထံတော်တွင် မိမိ လိုအင်ဆန္ဒ ကိုတောင်းခံချိန် ၊ ကျမ်းတော်မြတ် ကုရ်အာန် အားမိမိ နှင့် အတူ ထားချိန် ၊ နမာဇ်ဇေမိုင်ယသ် အတွက် ၊ မရ်ဟွန်မ်များ အတွက် ဇေယာရသ် သွားပြုချိန် ၊ ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်ပြုချိန် ၊ ဗလီ ဝတ်ကျောင်းတော် အတွင်း ဝင်ရောက်ရန် အတွက်တို့ ဖြစ်ပါသည်။[၁၈]


မှတ်စုများ

  1. Mishkinī, Muṣṭalaḥāt al-fiqh, p. 379.
  2. Fayḍ al-Kāshānī, Rasaʾil, vol. 2, p. 22.
  3. Fayḍ al-Kāshānī, Rasaʾil, vol. 2, p. 22.
  4. Khomeinī, Taḥrīr al-wasīla, vol. 1, p. 11, 21, 38, 106, 119, 132; Najafī, Jawāhir al-kalām, vol. 1, p. 3, 8, 29, 55.
  5. Muḥaqqiq Ḥillī, sharāyiʿ al-Islām, vol. 1, p. 43-45; Najafī, Jawāhir al-kalām, vol. 5, p. 273, 290, 294, 354, 366, vol. 6, p. 2, 38, 41.
  6. sarwar, al-mujam alshamil li-lmustalahat al-elmiyah v al-diniyah, vol. 1, p. 229.
  7. Khomeinī, Taḥrīr al-wasīla, vol. 1, p. 132.
  8. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 5, p. 239.
  9. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 3, p. 246-248.
  10. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 3, p. 246-248.
  11. Fayḍ al-Kāshānī, Rasaʾil, vol. 2, p. 22.
  12. Muḥaqqiq Ḥillī, sharāyiʿ al-Islām, vol. 1, p. 9; Fayḍ al-Kāshānī, Rasaʾil, vol. 2, p. 22.
  13. Muḥaqqiq Ḥillī, sharāyiʿ al-Islām, vol. 1, p. 9, 17.
  14. Muḥaqqiq Ḥillī, sharāyiʿ al-Islām, vol. 1, p. 38-39.
  15. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 5, p. 237-238.
  16. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 5, p. 238.
  17. Muḥaqqiq Ḥillī, sharāyiʿ al-Islām, vol. 1, p. 12, 19, 40.
  18. Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, Farhang-i fiqh, vol. 5, p. 238.

ကျမ်းကိုးများ

  • Fayḍ al-Kāshānī. Rasaʾil Fayḍ Kāshānī. Tehran: Madrisa ʿalī shahīd Muṭahharī, 1429 AH.
  • Khomeinī, Sayyid Rūḥ Allāh. Taḥrīr al-wasīla. Tehran: Muʾassisah-yi Tanẓīm wa Nashr-i Āthār-i Imām Khomeini, 1379 Sh.
  • Mishkinī, ʿAlī. Muṣṭalaḥāt al-fiqh. Qom: Dār al-Ḥadīth, 1392 Sh.
  • Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī. Musūʿa al-fiqh al-islāmī ṭibqan li madhhab Ahl al-Bayt (a). 1st edition. Qom: Muʾassisa-yi Dāʾirat al-Maʿārif al-Fiqh-i al-Islāmī, 1423 AH.
  • Muḥaqqiq Ḥillī. sharāyiʿ al-Islām fī masāʾil al-halāl v al-harām. Qom: Ismāʿīlīyān, 2th edition, 1408 AH.
  • Najafī, Muḥammad al-Ḥasan al-. Jawāhir al-kalām fī sharḥ sharāʾiʿ al-Islām. Beirut: Dār Iḥyāʾ al-Turāth al-ʿArabī, 1404 AH.
  • sarwar, Ibrāhīm Ḥusayn. al-mujam alshamil li-lmustalahat al-elmiyah v al-diniyah. Beirut: Dār al-Ḥādī, 1429 AH.