ဟဒက်စ် စေ အဇ်ဂဲရ်

wikishia မှ

ဤဆောင်းပါးသည် ဓမ္မသတ် ရေးဆိုင်ရာ သုံးသပ်ချက် တစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဖြစ်နိုင်ပါ။ ဘာသာရေး အရ ကျင့်သုံးရန် အတွက် အခြားအရင်းအမြစ်များ(မရ်ဂျာများ) ကို ကိုးကားရမည်ဖြစ်ပါသည်။'

သောင်ဇီးဟိုလ်မစာအေလ်ကျမ်းများ

ဟဒက်စ် စေ အဇ်ဂဲရ် (အရဘီ : الحدث الأصغر) ဆိုသည်မှာ ဝဇူကိုပျက်ပြားစေသည့် အရာကိုခေါ်ဆိုပါသည်။ဝဇူ ရှိမှဆောင်ရွက်လို့ ရသည့် အလုပ်များ အတွက် အတားအဆီး ဖြစ်စေသည့် အရာခေါ်ဆိုပါသည်။ [1] ရှီအဟ် ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း ၊ လေလည်ခြင်း၊ မျက်စိမှ မမြင်နိုင် နားမှ မကြားရတော့သည့် အိပ်စက်ခြင်း၊ ဉာဏ်ရည်ကို ထိခိုက်စေသော အရာများ (ဥပမာ - ရူးသွပ်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း) နှင့် အစ်သေဟာဇဟ် (ဓမ္မတာကဲ့သို့သွေးတစ်မျိုးသို့သော်ဓမ္မတာနှင့်အရောင်ကွာ၏၊) ကလီလဟ် (အနည်းငယ်) ၊ ဟဒက်စ် စေ အဇ်ဂဲရ် တို့သည် ဟဒက်စ် စေ အဇ်ဂဲရ် ၏ ဥပမာများထဲမှ အချို့ဖြစ် ပါသည်။ [2] ဟဒက်စ် စေ အဇ်ဂဲရ်ကိုဖြစ်စေသည့်အရာများ မှ တစ်ခုခု အား (အီမာန်ရှင်) လူသားအနေဖြင့် ပြုမိသည့်ခါ ဝဇူပျက်သွားပါသည်။ပြီးနောက် နမာဇ်ကဲ့သို့ ဝဇူ ပြုရန် လိုအပ်သည့်အလုပ်များ အတွက် မလွဲမသွေ ဝဇူ ပြုရမည်ဖြစ်ပါသည်။ [3]

ဓမ္မသတ် ပညာရှင်များသည် ဟဒက်စ်စေ အက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် (ဟဒက်စ် ကို အကြီး နှင့် အငယ်) အဖြစ် ခွဲခြားထားပါသည်။ ဟဒက်စ်စေ အက္က်ဘဲရ် (ဟဒက်စ် ကို အကြီး) ဆိုသည်မှာ ဂိုစ်လ် ကို ဝါဂျစ်ဗ် ဖြစ်စေသည့် အရာများ ဖြစ်ပါသည်။ သွာဟာရသ် ( ဝဇူ၊ ဂိုစ်လ်၊သယမွန်) လိုအပ်သည့် လုပ်ဆောင်ချက် များကို လုပ်ဆောင်ရန်အတွက် မဖြစ်မနေ ဂိုစ်လ်(တရားတော်နည်းအရ ရေချိုးခြင်း) ကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။ [4]

ဓမ္မသတ် ပညာရှင်များသည် သောင်ဇီးဟိုလ်မစာအေလ်ကျမ်းများ နှင့် ဓမ္မသတ်ကျမ်းတွင် သွာဟာရသ် အခန်းကဏ္ဍ တွင် ဟဒက်စ် အကြောင်းကိုတင်ပြထားပါသည်။ [5] ဟဒက်စ် ဖြစ်သွားသူ တစ်ဦးတစ်ယောက် အား မိုဟ်ဒေစ် ဟုခေါ်ဆိုပါသည်။ [6]

ဆက်နွယ်နေသည့်ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ