ဟဒက်စ်စေ အက္က်ဘဲရ်

wikishia မှ

ဤဆောင်းပါးသည် ဓမ္မသတ် ရေးဆိုင်ရာ သုံးသပ်ချက် တစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဖြစ်နိုင်ပါ။ ဘာသာရေး အရ ကျင့်သုံးရန် အတွက် အခြားအရင်းအမြစ်များ(မရ်ဂျာများ) ကို ကိုးကားရမည်ဖြစ်ပါသည်။

သောင်ဇီးဟိုလ်မစာအေလ်ကျမ်း

ဟဒက်စ်စေ အက္က်ဘဲရ် (အရဘီ : الحدث الأكبر ) ဆိုသည်မှာ ဂိုစ်လ် ကို ဝါဂျစ်ဗ် ဖြစ်စေသည့် အရာများ ဖြစ်ပါသည်။ ပမာအားဖြင့် ‌‌ဂျနဗသ် ၊ ဟိုင်းဇ် ၊ မတ်စ်စေမိုင်းယသ် တို့ဖြစ်ပါသည်။ သို့မဟုတ် ဖော်ပြပါ အကြောင်းများ ကြောင့် (အီမာန်ရှင်) လူသားအနေဖြင့် သွဟာရသ် ရှိ မှ ဆောက်ရွက်နိုင်မည့် အေဗါဒသ်များ အတွက် အတား အဆီးဖြစ်စေသည့် အခြေအနေကို ခေါ်ဆိုပါသည်။ [1]

ရှီအဟ် ဓမ္မသတ် ပညာရှင်များ၏အဆိုအရ ‌‌ဂျနဗသ် ၊ လိင်ဆက်ခြင်း ၊ ဟိုင်းဇ်(ဓမ္မတာလာခြင်း) ၊ နေဖါစ် (ကလေးမွေးဖွားခြင်း) ၊ အစ်သေဟာဇဟ် (ဓမ္မတာကဲ့သို့သွေးတစ်မျိုးသို့သော်ဓမ္မတာနှင့်အရောင်ကွာ၏၊) မိုသဝါစေသွဟ် (အလယ်အလတ်) ၊ အစ်သေဟာဇဟ် ကစီရဟ် ( အစ်သေဟာဇဟ် အများအပြား ) နှင့် မတ်စ်စေမိုင်းယသ် (သေဆုံးသူအားအလောင်းအေးသွားပြီးနောက် ထိတွေ့ ခြင်း ကိုင်တွယ်ခြင်း) သည် တို့သည် ဟဒက်စ်စေ အက္က်ဘဲရ် ဥပမာများ ဖြစ်ပါသည်။ [2] ၎င်း၏ နမူနာများထဲမှ တစ်ခုသည် လူတစ်ဦး၌ ပေါ်လာသောအခါ သို့မဟုတ် လူတစ်ဦး၌ ဖြစ်ပေါ်သည့်အခါ၊ သွာဟာရသ် ( ဝဇူ၊ ဂိုစ်လ်၊သယမွန်) လိုအပ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်အတွက် မဖြစ်မနေ ဂိုစ်လ်(တရားတော်နည်းအရ ရေချိုးခြင်း) ကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။ [3]

ဓမ္မသတ် ပညာရှင်များသည် ဟဒက်စ်စေ အက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် (ဟဒက်စ် ကို အကြီး နှင့် အငယ်) အဖြစ် ခွဲခြားထားပါသည်။ [4] ဟဒက်စ်စေ အက္က်ဘဲရ် (ဟဒက်စ် ကို အကြီး) ဆိုသည်မှာ ဂိုစ်လ် ကို ဝါဂျစ်ဗ် ဖြစ်စေသည့် အရာများ ဖြစ်ပါသည်။ [5] ဟဒက်စ် စေ အဇ်ဂဲရ် (ဟဒက်စ် ကို အငယ် )ဆိုသည် မှာ ဝဇူ ကို ပျက်စေသည့် အရာများ ဖြစ်ပါသည်။ [6] ဓမ္မသတ် ပညာရှင်များသည် သောင်ဇီးဟိုလ်မစာအေလ်ကျမ်းများ နှင့် ဓမ္မသတ်ကျမ်းတွင် သွာဟာရသ် အခန်းကဏ္ဍ တွင် ဟဒက်စ် အကြောင်းကိုတင်ပြထားပါသည်။ [7] ဟဒက်စ် ဖြစ်သွားသူ တစ်ဦးတစ်ယောက် အား မိုဟ်ဒေစ် ဟုခေါ်ဆိုပါသည်။ [8]

ဆက်နွယ်နေသည့်ဆောင်းပါးများ


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ