ဝူဇူ

wikishia မှ

ဝူဇူ(အာရဗီ_ وُضو) သည် မျက်နှာ နှင့် လက်များကို ဆေးကြောခြင်း ဖြစ်ပြီး ဦးခေါင်း နှင့် ဖြေဖဝါးကို မက်စ်(ဟ်) ပွတ်သပ်ခြင်းဖြစ်သည်။ ယင်းအား အရှင်မြတ်နှင့် နီးစပ်ဖိုရန် ဟူသော နိယသ်ဖြင့် ပြုလုပ်ရပြီး သီးသန့်ကျင့်၀တ်များရှိပေသည်။ ဝူဇူကိုယ်တိုင်သည် မွစ်သဟဘ် ဖြစ်သည်။ သိုသော် နမာဇ်သွဝါဖ် နှင့် အချိုသော အေဘာဒသ်အရာများ မှန်ကန်စေဖိုရန် ၎င်းတိုအား ဝူဇူဖြင့် ပြုလုပ်ရ‌ပေမည်။ ဝူဇူမရှိဘဲနှင့် ကုရ်အာန်စကားလုံးများ နှင့် အရှင်မြတ်၏အမည်နာမတော်ကို ထိတွေ့ပိုင်ခွင့် မရှိပေ။ ဝူဇူဖြင့် ဗလီသွားခြင်းကုန်အာန်ဖတ်ခြင်းသည် မွစ်သဟဘ် ဖြစ်သည်။သမိုင်းကြောင်းကျမ်းကိုးကားချက်အရ တမတ်တော်မြတ်ကြီး(ဆွ) ဘေအ်စသ် အစပိုင်း၌ ဝူဇူ၏အမိန့်သည် မက္ကာမြိုတွင် ကျရောက်ခဲ့သည်။ ဝူဇူနှင့်ပတ်သက်ပြီး စူရဟ်မာအ်ဒါ အာယသ်အမှတ် ၆ ထိုအတူ မအ်စူမီးန်များထံမှ ရေဝါယာသ်ပေါင်း၄၀၀ ကျော် လာရှိထားသည်။ ဝူဇူ နှင့် သက်ဂ်ျဒီးဒေဝူဇူသည် ဟဒီးစ်တော်များ၌ အပြစ်ဂိုနာဟ်များကို ပပြောက်စေသည်၊ အမြက်ဒေါသကို ပပြောက်စေသည်၊ အသက်ရှည်စေသည်၊ မဟ်ရှဲရ်နေ့၌ မျက်နှာလင်း၀င်းစေသည် နှင့် ရိုဇီစားနပ်ရိက္ခာကို တိုးပွားစေသည် ၍လာရှိထားသည်။ဝူဇူကို သရ်သီးဘီး နှင့် အိရ်သေမာစီးပုံစံမျိုးဖြင့် ပြုလုပ်နိုင်ပေသည်။ ဝူဇူယေ သရ်သီးဘီး၌ ဦးစွာ မျက်နှာ ထိုနောက် လက်နှစ်ဖက် ကို ဆေးကြောရမည်။ ထိုနောက် ဦးခေါင်း နှင့် ခြေဖဝါးနှစ်ဖက်ကို မက်စ်(ဟ်) ပြုလုပ်ရမည်။ ဝူဇူယေအိရ်သေမာစီးသည်လည်း ဝူဇူယေသရ်သီးဘီး ကဲ့သိုဖြစ် မျက်နှာ နှင့် လက်များကို ဆေးကြောမည့်အစား ၎င်းတိုကို ရေထဲသို နှစ်ရပေမည်။ထိုနောက် ဝူဇူ နိယသ် ပြုလုပ်ရမည်။ ထိုနောက် ဦးခေါင်း နှင့် ခြေဖဝါးကို မက်စ်(ဟ်) ပြုလုပ်ရမည်။ အကယ်၍ ဝူဇူပြုလုပ်ရမည့် ကိုယ်ခန္ဓာအစိတ်အပိုင်ဒဏ်ရာဖြစ်နေပါ ဝူ‌ဇူ‌-ယေ-ဂျဗီးရေဟ် ပြုလုပ်ရပေမည်။ရှီအဟ် နှင့် အဲဟ်လေစန္နသ်တိုသည် လက်များကိုဆေးကြောခြင်း ၊ ဦးခေါင်း နှင့် ခြေဖဝါးကို မက်စ်(ဟ်) ပြုလုပ်သည့် ပုံစံနှင့်ပတ်သက်ပြီး ကွဲပြားမှုရှိပေသည်။ ဥပမာ ရှီအဟ်များသည် လက်နှစ်ဖက်ကို အပေါ်မှအောက်သို ဆေးကြောခြင်ကို ဝါဂျိဘ် ဖြစ်သည်ဟု သိထားကြသည်။ သိုသော် အဲဟ်လေစွန္နသ်သည် လက်များကို အောက်မှအပေါ်သို ဆေးရမည်ဟု ယုံကြည်ထားကြသည်။ ရေဝါယသ်များအရ အွမ္မဲရ် ဗင်န် ခသွာဘ် အုပ်ချုပ်သည့် နှစ်ကာလအကုန်အထိ မွစ်လင်မ်များအကြား ယင်းသိုကွဲပြားမှုများ မရှိပေ။ ၎င်းတိုအားလုံးသည် ပုံစံတစ်မျိုးတည်းသာ( အေမာမ်များပြုလုပ်သည့်ပုံစံ) ပြုလုပ်ကြသည်။ အစ္စလာမ်ကျမ်းကိုးကား၌ ဝူဇူ နှင့်ပတ်သက်ပြီး စွန္နီ နှင့် ရှီအဟ် တိုအကြား ကွဲပြားမှုကို တတိယ ခလီဖွာလက်ထက်၌ စတင်ခဲ့သည် ဟုလာရှိထားသည်။

ဝေါဟာရအနက်အဓိပ္ပါယ်

ဝူဇူ ဆိုသည်မှာ မျက်နှာ နှင့် လက်များကို ဆေးကြောခြင်း၊ ဦးခေါင်း နှင့် ခြေဖဝါးကို မက်စ်(ဟ်) လက်ဖြင့်ပွတ်သက်ခြင်းဖြစ်ပြီး ယင်းကို အရှင်မြတ်နှင့်နီးစပ်ဖိုရန် ဟူသောနိယသ်ထားကာ အရှင်မြတ်၏အမိန့်တော်များကို နာခံပြုလုပ်ဖိုရန် ဟူ၍ဖြစ်သည်။[၁] ဤအေဘာဒသ်အလုပ်သည် နမာဇ် ၊ သွဝါဖ် မှန်ကန်ဖိုရန် ထိုအတူ ကုရ်အာန်ကျန်းမြတ်ကို ထိ့တွေ့နိုင်ဖိုရန် အတွက် ဖြစ်သည်။[၂] သမိုင်းကြောင်းကျမ်းကိကအရ ဝူဇူသည် မက္ကာမြို၌ တမန်တော်မြတ်ကညီး ဘေအ်စသ်အစ၌ ဂျိဘ်ရာအီလ် ၏အကြောင်းခံဖြင့် တမန်တော်မြတ်ကြီးအား သင်ကြားစေခဲဘသည်။ ထိုနောက် တမန်‌ေတော်မြတ်ကြီးသည် ထိုအရာကို လူသားများအား သင်ကြားပေးခဲ့သည်။[၃]

ပညတ်ချက်ဥပဒေသများ

ဝူဇူပြုလုပ်ပုံနှင့် ၎င်း၏အရေးပါမှုကို ကုရ်အာန် နှင့် ဟဒီးစ်တော်များ၌ လာရှိထားသည်။ [၄]ဝူဇူအမိန့်နှင့်ပတ်သက်ပြီး စူရဟ် မာအိဒါသ် အာယသ်အမှတ် ၆ ၌လာရှိထားသည်။ ထိုကြောင့် ယင်းအား အာယသ်သေဝူဇူဟု ခေါ်သည်။ [၅] [၆]«یا أَیُّها الَّذینَ آمَنوا إِذا قُمتُم إِلَی الصَّلاةِ فَاغسِلوا وُجوهَكُم وَ أَیدیَكُم إِلَی الْمَرافِقِ وَ امسَحوا بِرُءُوسِكُم وَ أَرجُلَكُم إِلَی الكَعبَینِ အဓိပါယ်ထည့်ရန်[၇]

ဝူဇူကိုယ်တိုင် မွစ်သဟဘ် ဖြစ်သည်။[၈] ထိုနောက် နမာဇ်ဖတ်ရန်( နမာဇေမိုင်ယသ်မှအပ) ၊ သွဝါဖ်လုပ်ရန်ကုရ်အာန်စာကြောင်းများကိုထိတွေ့ရန်၊ အရှင်မြတ်၏အမည်နာမတော်ကို ထိတွေ့ရန် ဝူဇူလုပ်ရမည်မှာ ဝါဂျီဘ်ဖြစ်သည်။[၉] အိဟ်သေယာသ်ဝါဂျီဘ်အရ တမန်တော်မြတ်ကြီးအေမာမ်များ နှင့် ဖွာသွေမဟ် သခင်မတို၏ အမည်နာမတော်များကိုလည်း ဝူဇူဖြင့် ထိကိုင်ရ‌မည်။[၁၀] အချိုနေရာများ၌ ဝူဇူလုပ်ခြင်းသည် မွစ်သဟဘ်ဖြစ်သည်။ ဥပမာ ဗလီသွားခြင်း၊ အေမာမ်များ၏ရောင်ဇာသိုသွားခြင်း၊ ကုရ်အာန် ဖတ်ခြက်းနှင့် ကုရ်အာန်သယ်ဆောင်ခြင်း ၊ ကုရ်အာန်၏ အဖုံး သိုမဟုတ် အနားသတ်ကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြင့် ထိတွေ့ခြင်း နှင့် အဲဟ်လေကုဘူးရ် ၏ဇေယာရသ် သွားခြင်း စသည်တို၌ ဖြစ်သည်။[၁၁]

ဝူဇူ အမျိုးအစားများ

ဝူဇူအား သရ်သီဘီး နှင့် အိရ်‌ေသမာစီး ပုံစံဖြင့် ပြု လုပ်နိုင်သည်။[၁၂] အကယ်၍လိုအပ်ပါက ဂျဘီးရေ ပုံစံဖြင့် ပြုလုပ်နိုင်သည်။[၁၃]

ဝူဇူ ယေ သရ်သီဘီး

ဝူဇူယေသရ်သီဘီး ဆိုသည်မှာ ဦးစွာ မျက်နှာကို ဆေးရမည်။ဆံပင်ပေါက်သည့်နေရာမှ မေးစေ့အဆုံးအထိ၊ လက်တစ်ဖက်၏ အကျယ်အထိ ဆေးကြောရမည်။ ထိုနောက် ညာလက် ကိုဆေးကြောပြီး ဘယ်လက်ကိုဆေးရမည်။ တံတောင်ဆစ်ထိပ်မှ လက်ချောင်းများအထိ ဆေးကြောရမည်။ ထိုနောက် လက်‌ေဆးပြီး ကျန်ရှိနေသည့် အစိုဓာတ်ဖြင့် ဦးခေါင်းကို မက်စ်(ဟ်) လုပ်ရမည်။ ယင်းအား ဦးခေါင်းရှေ့ နှင့် နှဖူးအပေါ်၌ ပြုလုပ်ရမည်။ ထိုနောက် ထိုအစိုဓာတ်ဖြင့် ညာခြေ နှင့် ဘယ်ခြေကို မက်စ်(ဟ်) ပွတ်သက်ရမည်။[၁၄]

ဝူဇူ ယေ အိရ်သေမာစီး

ဝူဇူယေအိရ်‌ေသမာစီး ဆိုသည်မှာ လူသားသည် နိယသ် [၁၅]လုပ်ပြီးနောက် မျက်နှာ နှင့် လက်များကို ဝူဇူ နိယင်ဖြင့် ရေထဲသို နှစ်ရမည်။( ရေထဲသိုထည့်လိုက်ရမည်)။[၁၆] ဝူဇူယေအိရ်သေမာစီး ၏ ဒုတိယနည်းလမ်းမှာ ဦးစွာ မျက်နှာ နှင့် လက်များကို ရေထဲသို ထည့်ရမည် ထိုနောက် ဝူဇူနိယသ် ပြုလုပ်ပြီး မျက်နှာ နှင့် လက်များကို ရေထဲမှ ပြန်ထုတ်ရမည်။[၁၇] ဝူဇူယေအိရ်သေမာစီး၌ မျက်နှာ နှင့် လက်များကို ဆေးကြောပြီးမှ မက်စ်(ဟ်) ပြုလုပ်ရမည်။[၁၈]

ဝူဇူယေဂျဘီးရေဟ်

ဝူဇူယေဂျဘီးရေဟ် ဆိုသည်မှာ အကယ်၍ ဝူဇူ သိုဟုတ် မက်စ်(ဟ်) လုပ်ရမည့် ကိုယ်ခန္ဒာအစိတ်အပိုင်း တစ်ခုသည် ဒဏ်ရာ သိုဘမဟုတ် ကျိုးနေမည် ဆိုပါက ယင်းအား ဆေးကြောရန် သိုမဂုတ် မက်စ်(ဟ်) လုပ်ရန် မဖြစ်နိုင်ပါက သိုမဟုတ် သာမန်အတိုင်း ဝူဇူ ပြုလုပ်၍မရပါက ဆေးကြောခြင်း သိုမဟုတ် မက်စ်(ဟ်) ပြုလုပ်မည့်အစား ထိုဒဏ်ရာ သို့မဟုတ် ကျိုးနေသောနေရာများကို စိုစွတ်နေသောလက်ဖြင့် ပွတ်သက်ရမည်။[၁၉] ဂျဘီးရေဟ် ဆိုသည်မှာ ဒဏ်ရာကိုပတ်သော ပတ်တီး သိုမဟုတ် ပိတ်စ ကိုခေါ်ဆိုသည်။ [၂၀]ဝူဇူယေဂျဘီးရေဟ် ပြုလုပ်ပိုင်ခွင့် ရှိသည့်အချိန်မှာ ပိတ်တီးဖွင့်ရန် မဖြစ်နိုင်ပါက သိုမဟုတ် အန္တရာယ်ရှိပါက သိုဘမဟုတ် ထိုဒဏ်ရာ သိုမဟုတ် ကျိုးနေသည့်နေရာအပေါ် ရေတိုက်ရိုက် လောင်းရန် မဖြစ်နိုင်ပါက ထိုအချိန်များတွင် ဝူဇူယေဂျဘီးရေဟ် ပြုလုပိုင်ခွင့် ရှိသည်။[၂၁]

အချိုနေရာများ၌ ဝူဇူ အစား သယမွမ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ ဥပမာ နမာဇ်အချိန် အလွန်တိုတောင်းပါက ၊ ဝူဇူပြုလုပ်ခြင်းဖြင့် နမာဇ်အချိန်ပြီးသွားပါက သိုမဟုတ် နမာဇ်၏ အစိတ်အပိုင်းတစ်ခု နမာဇ်အချိန်ပြီးမှ ဖတ်ရွတ်ကမည် ဆိုပါက စသည်တို၌ဖြစ်သည်။[၂၂] ထိုအတူ ရေမရှိသည့်အခါ ရေသည် ကိုယ်ခန္ဓာ အတွက် အန္တရာယ်ဖြစ်စေသည် ဆိုပါက ဝူဇူအစား သယမွမ် ပြုလုပ်ရမည်။[၂၃] မည်သူမဆို ဂျနာဘသ် ဂိုစူလ် ပြုလုပ်ပြီး နမာဇ်ဖတ်ရန်အတွက် ဝူဇူမလုပ်ရပေ။ ထိုဂိုစူလ်သည် ဝူဇူအစား ဖြစ်သွားပေသည်။[၂၄]

မည့်သို့ဝူဇူပျက်နိုင်သနည်း။

အချို့အရာများသည် ဝူဇူကို ပျက်ပြယ်စေသည်။ ဖိကဟ်ဥပဒေသ၌ ဝူဇူအားပျက်ပြယ်စေသည့်အရာများကို ဟဒက်စေအဇ်ဂဲရ် ဟုသုံးနှုန်းထားသည်။ [၂၅]၎င်းတိုအနက်မှ အချိုမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဆီး၊ မစင်၊ သိုမဟုတ် လေသည် လူမှထွက်လာခြင်း။
  • အိပ်စက်ခြင်း (မကြားနိုင်၊ မမြင်နိုင်) ရူးသွပ်ခြင်း၊ မူးခြင်းနှင့် မေ့သွားခြင်း။[၂၆]
  • ဂိုစူလ်လုပ်ရန် ဖြစ်ပေါ်‌သည့်အရာများ ဥပမာ ဂျနာဘသ်၊ အသေကောင်အားထိတွေ့ခြင်း( မိုင်ယသ်အား ထိ‌ခြင်း)။[၂၇]

အဲဟ်လေစန္နသ်၏ ဖိကဟ်ပညာရှင် ဖွာဇိလ် မိက်ဒါဒ် ယုံကြည်ထားသည်မှာ သူစိန်းအမျိုးသား နှင့် အမျိုးသမီး အသားချင်းထိတွေ့ပါက ဝူဇူပျက်ပေသည်။ ၎င်းတို၏ သက်သေအထောက်မှာ (أو لا مستم النساء)[၂၈]ဟူသော ကုရ်အာန်အာယသ်ရှိ (لا مستم) ကို ဤသိုဖတ်ရွတ်သောကြောင့်ဖြစ်သည်။ သိုသော် ရှီအဟ် ဖ်ကဟ်ပညာရှင်များ၏ အမြင်၌ (لا مستم) ကို နှီးနှောဆက်ဆံခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။[၂၉]

အဲဟ်လေစွန္နသ် နှင့် ရှီအဟ် တို၏ ဝူဇူ ကွဲပြားပုံ

ဝူဇူနှင့်ပတ်သက်ပြီး မည်သိုမည်ပုံ လက်များကို ဆေးကြောခြင်း နှင့် ဦးခေါင်း နှင့် ခြေဖမိုကို မက်စ်(ဟ်) ပြုလုပ်ခြင်း နှင့်ပတ်သက်ပြီး ကွဲပြားမှုရှိပေသည်။[၃၀]

ဝူဇူနှင့်ပတ်သက်ပြီး စန္နီ နှင့် ရှီအဟ် တိုအကြား ကွဲပြားခြားနားခြင်းသည် များသောအားဖြင့် စူရဟ် မာအိဒဟ် အာယသ်အမှတ် ၆အား ဖတ်ရွတ်ပုံခြင်း ကွဲပြားသောကြောင့် ဖြစ်သည်။[၃၁] ရှီအာများသည် မအ်စူမီးန်များ[၃၂]၏ ဩဝါဒတော်များကို မှီကိုးခြင်းအဖြင့် ( و أيديكم إلي المرفق) ဟူသော အာယသ်အား လက်များကို အပေါ်အှအောက်သို ဆေးကြောရမည်မှာ ဝါဂျီဘ် ဖြစ်သည်ဟု သိထားကြသည်။ အဟ်လေစွန္နသ် ဂိုဏ်းလေးဂိုဏ်း၏ ဆန့်ကျင်ဘက် ဖြစ်သည့် ၎င်းတိုသည် လက်များကို အောက်မှ‌အ‌ပေါ်သို ဆေးကြောရမည်ဟု လက်ခံထားကြသည်။[၃၃]

ထိုအတူ ရှီအာဖိကဟ်ပညာရှင်များ၏ အမိန့်အရ ညာလက်ကို ဘယ်လက် ထက်အရင် ဆေးကြောရမည်မှာ ဝါဂျီဘ် ဖြစ်သည်။[၃၄] ဤမိန့်ရပ်သည် အဲဟ်လေစွန္နင်၌ မွစ်သဟဘ် အဖြစ်လာရှိထားသည်။[၃၅]

အဟ်လေစွန္နသ် ဂိုဏ်းလေးဂိုဏ်းသည် ဝူဇူ၌ ခြေထောက်များကို ဆေးသည့်အခါ ခြေကျင်း၀တ်ပါ ဆေးရမည်မှာ ဝါဂျီဘ် ဖြစ်သည်ဟု သိထားကြသည်။[၃၆] ရှီအာများသည် ခြေဖမိုးကို မက်စ်(ဟ်) လုပ်ရာ၌ ခြေချောင်းမှ ခြေမျက်စိအထိ လုပ်ရမည်ဟု ယုံကြည်ထားသည်။ [၃၇]ထိုမက်စ်(ဟ်) သည်လည်းရှီအာဖိကဟ်အရ ဦူခေါင်းမက်စ်(ဟ်) ကဲ့သို ဝူဇူရေဖြင့် အစိုဓါတ်ရှိရပေမည်။[၃၈] ထိုအတူ မာလီကီယဟ် နှင့် ဟနဖီယဟ် တိုသည် (သရ်သီးဘ်)ဝူဇူ၌အစဉ်လိုက်ပြုလုပ်ခြင်း ၊ ဟနဖီယဟ် နှင့် ရှာ‌ေဖေအီ သည် ( မဝါလာသ်)ဝူဇူပြုလုပ်နေစဉ် တစ်ခြနှင့်တစ်ခုအကြား အချိန်အကြာကြီးမဆွဲ ခြင်း တိုကို ဝါဂျီဘ်အဖြစ် လက်မခံပေ။ သျိုသာ် ရှီအာ နှင့် စန္နီ အခြားဂိုဏ်းများသည် ထိုအချက်များ လိုက်နာရမည်ကို ဝါဂျီဘ်အဖြစ် သိထားကြသည်။[၃၉]

ရှီအာ နှင့် အဲဟ်လေစွန္နင် တိုအကြား ဦးခေါင်းအား မက်စ်(ဟ်) လုပ်ပုံနှင့်ပတ်သက်ပြီး ကွဲပြားပေသည်။ ဥပမာ ရှီအာတို၌ မက်စ်(ဟ်) ပြုလုပ်လိုက်သည်ဟု ပြောရုံလောက်ဖြင့် လုံလောက်ပေသည်။ အများဆုံး စိထားသောလက်သုံးချောင်းဖြင့် မက်စ်(ဟ်) လုပ်ခြင်းသည် မွစ်သဟဘ် ဖြစ်သည်။ ထိုထက်မပိုရပေ။[၄၀] ထိုအတူ ရှီအာဖိကဟ်၌ ဦးခေါင်းအားမက်စ်(ဟ်)လုပ်ရာတွင် ဝူဇူရေဖြင့် သာလုပ်ရပေမည်။ ရေအသစ်( ဝုဇူရေမဟုတ်သည့်ရေ) ဖြင့် မက်စ်(ဟ်) မလုပ်ရပေ။[၄၁] အဲဟ်လေစွန္နသ် ဂိုဏ်းများသည်လည်း မက်စ်(ဟ်) ပြုလုပ်ပုံနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိပေသည်။[၄၂]

ဟန်ဘလီ ဖိကဟ်အရ ဦးခေါင်းတစ်ခုလုံး နားရွက်နှစ်ဖက် အပါအ၀င် မက်စ်(ဟ်) လုပ်ရမည်မှာ ဝါဂျိဘ်ဖြစ်သည်။[၄၃] ၎င်းအတွက် ရေအသစ် ထပ်မံယူ၍ ပြုလုပ်ရမည်။ [၄၄]မာလီကီဖိကဟ်၌ ဦးခေါင်းတစ်ခုလုံးကို မက်စ်(ဟ်) လုပ်ရမည်။ [၄၅]ဟနဖီဖိကဟ်၌ ဦးခေါင်း၏ လေးပုံတစ်ပုံကို မက်စ်(ဟ်) လုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ [၄၆]ရှာဖေအီဂိုဏ်းအရ ဦးခေါင်း၏ မက်စ်(ဟ်) ကို အနည်းငယ်ပြုလုပ်ရုံဖြင့် လုံလောက်ပေသည်။ယင်းအား ရေအသစ်ဖြင့် ပြုလုပ်ရမည်။[၄၇]

ဖိနပ်နှစ်ဖက်အား မက်စ်(ဟ်) လုပ်ခြင်းသည် ကွဲပြားမှုတစ်ခုဖြစ်ပြီး ရှီအာများသည် ဤအရာကို မှန်ကန်သည်ဟု လက်မခံထားပေ။[၄၈] စုရဟ်မာအိဒဟ် အာယသ်အမှတ်၆ နှင့် ရေဝါယသ်များကို ၎င်းအတွက် သက်သေအဖြစ် ယူလာပေသည်။[၄၉] ထိုသိုကွဲပြားမှုကြောင့် အခ်ျု့နေရာများ၌ ရှီအာတို၏ ဝုဇူသည် သကီရာကြောင့် စွန္နီတို၏ ဝူဇူကဲ့သို ဖြစ်နေ‌သည်။ အေမာမ်ကာဇွင်မ်( အစ) သည် အဘာစီမင်း၏ အထူးနေရ။တစ်ခု၌ အမှုထမ်းဆောင်နေသည့် အလီဗင်န်ယက်သွီး၏ စာကို ပြန်လည်တုံပြန်ရာ ၌ ဟာရွန်ရရှီးသည် ၎င်းရှီအာဖြစ်ကြောင်းကို မရိပ်မိစေရန် ၎င်းအား အဲဟ်လေစွန္နသ်ကဲ့ငို ဝူဇူလုပ်ရန် မိန့်ဆိုခဲ့သည်။ [၅၀]မူစာဗင်န် ဂျအ်ဖရ်(အစ) သည် အလီဗင်န်ယက်သွီးန် အရင်ကတည်းက အဘာစီအုပ်ချုပ်ရေးစနစ်၌ နေကာ ရှီအာများကို ကူညီဖေးမရန်် တောင်းဆိုခဲ့သည်။[၅၁] သိုသော် အခြားသောရှီအာများကို အဘာစီများနှင့် အတူတကွအလုပ်လုပ်ရန် တားမြစ်ခဲ့သည်။[၅၂]

အွစ်မာန်‌ ခေတ်ကာလ၌ ဝူဇူနှင့်ပတ်သက်ပြီး စတင်ကွဲပြားမှု

အချိုသုတေသီများ ယုံကြည်ထားသည်မှာ တမန်တော်မြတ်ကြီး(ဆွ) ခေတ်ကာလ၌ မွစ်လင်မ်များအကြား ဝူဇူနှင့်ပတ်သက်ပြီး ကွဲပြားမှု မရှိပေ။[၅၃] တမန်တော်မြတ်ကြီးသည် ဝူဇူပြုရာ၌ ခြေထောက်များကို ဆေးမည့်အစား မက်စ်(ဟ်) ပြုလုပ်ခဲ့သည်။[၅၄] တမန်တော်မြတ်ကြီးခေတ်ကာလအပြင် အဘူဘက်ရ် ခေတ်ကာလ၌ ဝူဇူနှင့် ပတ်သက်ပြီး ကွဲပြားမှုများရှိသည်ဟု မဖေါ်ပြထားပေ။ [၅၅]အွမ္မရ် ဗက်န် ခသွာဘ် ခေတ်ကာ ၌ ခြေဖဝါးကို မက်စ်(ဟ်) လုပ်ခြင်းမှလွဲပြီး ဝူဇူ၌ အခြားသော ကွဲပြားမှုများရှိသည်ဟူ၍ ဖော်ညွှန်းသော ရေဝါယသ်မျိုး မလာရှိထားပေ။[၅၆]


ကန်ဇုလ်အွမ်မာလ်[၅၇] နှင့် အချိုကျမ်းကိုးကားစာအုပ်များ၌ လာရှိထားသည့်အရ[၅၈] အချို့သော သုတေသီများ ယုံကြည်ထားကြသည်မှာ ဝူဇူနှင့်ပတ်သက်ပြီး ကွဲပြားခြင်းသည် တတိယခလီဖွာခေတ်ကာလ၌ မွစ်လင်မ် များအကြား ပေါ်လွင်စွာ ကွဲပြားလာသည်။[၅၉] ဆိုင်ယဒ်အလီရှဟ်ရီစ်သာနီ သည် အေမာမ်အလီ (အစ) နှင့် အွမ္မရ်တိုအကြား ခြေဖဝါးကို မက်စ်(ဟ်) လုပ်လြင်းနှက့်ပတ်သက်ပြီး ကွဲပြားမှုကို ထောက်ပြကာ ဒုတိယခလီဖွာသည်လည်း အွစ်မာန် နှင့်ဆန့်ကျင်ဘက်ဖြစ်သည် ၎င်းသည် ဝူဇူ၌ ခြေထောက်များကို မဆေးကြောပဲ မက်စ်(ဟ်) လုပ်ခဲ့သည်ဟု ယုံကြည်ထားသည်။[၆၀]

ရှီအာများသည် ဝူဇူအာယသ်ကို ထောက်ထားပြီး ထိုအတူ ရေဝါယသ်များကို ကိုးကားခြင်းအားဖြင့် ယုံကြည်ထားကြသည်မှာ တမန်တော်မြတ်ကြီး(ဆွ) နှင့် ၎င်း၏ နောက်လိုက်သားများသည် အေမာမ်များ၏ ပုံစံအတိုင်း ခြေထောက်များကို ဝူဇူ၌ မက်စ်(ဟ်) လုပ်ခဲ့ကြသည်။ အဲဟ်လေစွန္နင် ပုံစံကဲ့သို မဆေးကြောပေ။[၆၁] လက်များကို ဆေးကြောခြင်းနှင့် ပတ်သက်ပြီး တမန်တော်မြတ်ကြီး(ဆွ) ထံမှ ရေဝါယသ်များ လာရှိထားသည်မှာ တမန်တော်မြတ် နှင့် ရှီအာများ၏ ဝူဇူ သည် လက်များ၏အပေါ်မှအောက်သို ဆေးကြောပေသည်။[၆၂] ရှီအာများ၏ ယုံကြည်ချက်အရ အ်လေစွန္နင်များ လက်ခံထားသည့် ခြေထောက်များကို ဝူဇူ၌ ဆေးကြောခြင်း ဟုသော ရေ၀ါယာသ်များသည် သက်သေအထောက်အထားမရှိပေ။ ထိုအပြင် ဝုဇူအာယသ်နှင့်လည်း ဆန့်ကျင်နေသည်။[၆၃]

ကျင့်၀တ်များ၊ မွစ်သဟဘ်များ နှင့် ကောင်းမြတ်မှုများ

ဝူဇူလုပ်သည့်အချိန် အချိုအရာများကို လုပ်ဆောင်ခြက်းသည် မွစ်သဟဘ် ဖြစ်သည်။ ဥပမာ

  • ဝူဇူမလုပ်ခင် သွားတိုက်ခြင်း ၊ တအန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ,) အား မှာကြားခဲ့သည့် ၀စီယသ်၌ ဝူဇူမလုပ်မီ ငွားတိုက်ရန် တိုက်တွန်းခဲ့သည်။[၆၄]
  • ဝုဇူ၏အစ ၌ အရှင်မြတ်၏ နာမတော်ကို ဖတ်ရွတ်ခြင်း၊[၆၅]
  • ပါးစပ်အတွင်း နှင့် နှာခေါင်းထဲသို ရေထည့်ခြင်း၊[၆၆]
  • ဝုဇူပြုလုပ်ရာ၌ စိတ်ရောကိုယ်ပါ ပြုလုပ်ခြင်း၊
  • ဝူဇူလုပ်နေသည့်အချိန် စယရဟ် ကဒဲရ် ဖတ်၍ ဝူဇူလုပ်ပြီးနောက် အာယသုလ်ကုရ်စီ ဖတ်ခြင်း၊
  • ညာဘက်တွင် ဝူဇူလုပ်သည့်ခွပ်ကို ထားခြင်း။[၆၇]

ရေဝါယင်များအရ အေမာမ်အလီ(အစ) သည် ဝူဇူလုပ်နေသည့်အချိန် ဒိုအာများ ဖတ်‌ရွတ်လေသည်။ ထိုရေဝါယသ်အရ မည်သူူမဆို ထိုဒိုအာများကို ဝူဇူလုပ်နေစဉ်အတွင်း ဖတ်ရွတ်ပါက အရှင်မြတ်သည် ထိုသူပြုလုပ်လိုက်သည့် ဝူဇူရေ တစ်စက်တိုင်းဖြင့် အရှင်မြတ်၏ သစ်ဘီးဂ် ကို ဖတ်ရွတ်နေသော ကောင်းကင်တမန်တစ်ဦးကို ဖန်ဆင်းပေမည်။ ထိုအကျိူစဝါးဘ်ကိုလည်း ကေယာမသ်နေ့အထိ ထိုသူအတွက် ရေးသားပေမည်။ [၆၈]ဝူဇူပြုလုပ်သည့်အရာ တစ်ခြခြင်းစီတိုင်း၌ ဖော်ပြထားသော ဒိုအာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ညာလက် ဖြင့် ဘယ်လက်ပေါ်သို ရေလောင်းခြင်း: الْحَمْدُ للَّهِ الذی جَعَلَ الْماءَ طَهُوراً وَ لَمْ یَجْعلْه نَجِساً ချီးမွန်းထောပနာ ဟူသမျှသည် အရှင်မြတ်ဖိုသာ ဖြစ်၏ ထိုအရှင်သည် ရေကို သန့်ရှင်းစင်ကြယ်မှု နှင့် သန့်စင်ပေးသောအရာ အဖြစ် ထားရှိထားသည်။ ထ်ုါနောက် ရေအား အညစ်အကြေးအဖြစ် မထားရှိပေ။[၆၉]
  2. သန့်ရှင်းခြင်း: اللَّهُمّ حَصِّنْ فَرْجی و أعِفّهُ وَ َ اسْتُر عَوْرتی و حَرّمنی عَلى النّار အိုအရှင်မြတ် ကျွန်တော်မျိုး၏ အရှက်ကို ဟရာမ်အရာများမှ ဖယ်ရှားတော်မှုပါ။ ထို‌ေနာက် ယင်းအား သန့်စင်အောင် ထားတော်မှုပါ။ ၎င်းကို ဖုံးအုပ်စေ‌ေတာ်မှုပါ။ အပယ်ငရဲမီးကိုလည်း ၎င်းအပေါ်၌ ဟရာမ်အဖြစ် တားမြစ်တော်မှုပါ။[၇၀]
  3. နှာခေါင်းထဲသိုရေထည့်ခြင်း: للّهم لا تحرّم عليَّ ريحَ الجنّة و اجعلني ممّن يشمّ ريحها و طيبها و ريحانها؛ အိုအရှင်မြတ် သုခဘုံ၏ မွေးရနံကို ကျွန်တော်မျိုးမှ ဟရာမ်အဖြစ် မပိတ်ပင်ပါနှင့်။ ကျွန်တော်မျိုးကို ရနံ့နှင့် မွှေးကြိုင်သော အပင်များကို အနံ့ခံသူများထဲမှ တစ်ယောက်အဖြစ် ထားရှိတော်မူပါ။[၇၁]
  4. ပါးစပ်အတွင်းသိုရေထည့်ခြင်း: اللّهمّ أنطق لساني بذكرك و اجعلني ممّن ترضى عنه؛ အိုအရှင်မြတ် ကျွန်တော်မျိုး၏ နှုတ်လျှာကို အသင့်အားတသသယအဖညစ် ထားရှိပါ။ ကျွန်တော်မျိုးအားအသင်နှစ်သက်သူများအနက်မှ ထားရှိတော်မူပါ။[၇၂]
  5. မျက်နှာဆေးကြောခြင်း: اللّهم بيّض وجهي يوم تَسوّد فيه الوجوه و لا تُسَوّد وجهي يوم تبيضّ فيه الوجوه؛ အိုအရှင်မြတ် မျက်နှာများ မဲနေ့သည့် နေ့၌ ကျွန်တော်မျိုး၏ မျက်နှာကို ဖြူစင်အောင်ထားရှိတော်မူပါ။ မျက်နှာများ ဖြူစင်သောနေ့၌ ကျွန်တော်မျိုး၏ မျက်နှာကို မဲအောငါ မထားပါနှင့်။[၇၃]
  6. ညာလက်ကိုဆေးကြောခြင်း :اللّهمّ أعطني كتابي بيميني و الخلد بيساريအရှင်မြတ် ကျွန်တော်မျိုး၏ အမလ်စာကို ကျွန်တော်မျိုး၏ ညာလက်၌ပေးကာ ထာ၀ရတည်မြဲခြင်းကို ကျွန်တော်မျိုး၏ ဘယ်လက်၌ ပေးတော်မူပါ။[၇၄]
  7. ဘယ်လက်ကိုဆေးကြောခြင်း : اللّهمّ لا تعطني كتابي بشمالي و لا تجعلها مغلولة إلى عنقي و أعوذ بك من مقطّعات النّيران အိုအရှင်မြတ် ကျွန်တော်မျိုး၏ အမလမစ ကို ဘယ်လက်၌ မပေးပါနဲ့။ ယင်းအားကျွန်တော်မျိုး၏ လည်ပင်း၌ မပတ်ပါနဲ့။ မီးအ၀တ်အစားများမှ ကင်းဝေးရန် အရှင်မြတ်ထံမှခိုလှုပါ၏ ။ [၇၅]
  8. ဦးခေါင်းအား မက်စ်(ဟ်) လုပ်ခြင်း:اللّهمّ غشّني برحمتك و بركاتك و عفوك، اللهم غشّني برحمتك و بركاتك و عفوك؛အိုအရှင်မြတ် ကျွန်တော်မျိုးအား အရှင့်၏ ရဟ်မသ် ၊ ဘရ်ကသ် နှင့် ညင်နာမှု အောက်၌ ထားရှိတော်မူပါ။[၇၆]
  9. ခြေထောက်ကို မက်စ်(ဟ်) လုပ်ခြင်း:اللّهمّ ثبّت قدميّ على الصّراط يوم تزلّ فيه الأقدام و اجعل سعيي فيما يرضيك عنّي؛ အိုအရှင်မြတ် ထိုတံတအပေါ်၌ ခြေလှမ်းများချော်မည့်နေ့တွင် ကျွန်ုပ်၏ခြေလှမ်းများကို မြဲစွာမတ်စေတော်မူပါ။ ထိုနောက် အသင် ကျွန်တော်မျိုးထံမှ နှစ်သက်စေမည့် အရာ၌သာလျှင် ကျွန်တော်မျိုးအား ကြိုးစားခွင့်ပေးပါ။[၇၇]

ရှီအာ နှင့် စွန္နီ ရေဝါယသ်ကျမ်းကိုးကားစာ အုပ်များ၌ ဟဒီးစ်ပေါငါး ၄၀၀ကျော် ဝူဇူ၏အဟ်ကာမ် ဥပဒေသများ၊ ထူးခြားမှုများ၊ မြင့်မြတ်မှုများ နှင့်ပတ်သက်ပြီ တမန်တော်မြတ်,(ဆွ) နှင့် အေမာမ်များ ထံမှ လာရှိထားသည်။[၇၈] ထိုကြောင့် ဝူဇူသည် အပြစ်များကို ပပျောက်စေသည့်အရာ၊[၇၉] အမြတ်ဒေါသကို ပပျောက်စေခြင်း၊ [၈၀]အသက်ရှည်ခြင်း၊[၈၁] မဟ်ရှဲရ်နေ့၌ မျက်နှာလင်း‌၀င်းစေခြင်း၊[၈၂] စားနပ်ရိက္ခာ တိုးပွားစေသည်။ [၈၃]ထိုအတူ သက်ဂ်ျဒီးဒေဝူဇူ[၈၄]၏ မြင့်မြတ်မှု နှင့်ပတ်သက်ပြီး ရေဝါယသ်များ နှင့် ဝူဇူသည် သောဝ်ဗဂ် ၀န်ချတောင်းပန်ခြင်း ကဲ့သိုပင် ဖြစ်သည်[၈၅] ဟူသောရေဝါယသ်များ လာရှိထားသည်။

မှတ်စုများ

  1. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၄၄ မှ ၄၅; ဟိုစိုင်န်နီ ဒရှ်သီ၊ < ဝူဇူ>၊ မအာရိဖ် နှင့် မအာရီးဖ်တွင်၊ အတွဲ ၁၀၊ စာမျက်နှာ ၃၇၀။
  2. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၄၄ မှ ၄၅; ဟိုစိုင်န်နီ ဒရှ်သီ၊ < ဝူဇူ>၊ မအာရိဖ် နှင့် မအာရီးဖ်တွင်၊ အတွဲ ၁၀၊ စာမျက်နှာ ၃၇၀။
  3. ဥပမာအနေဖြင့် - အိဘ်နေဟိရှာမ်၊ အလ်စီးရသ်သွလ် နဗဝီယဟ်၊ ဒါရ်ရွလ်မအ်ရေဖဟ်၊ အတွဲ ၁၊ စာမျက်နှာ ၂၄၄; သွဘရီ၊ တမန်တော်များနှင့်ဘုရင်များ၏သမိုင်း( تاریخ آلامم و الملوک )၊ ဟိဂျရီသက္ကရာဇ်၁၃၈၇ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၃၀၇။
  4. စွဘ်ဟာနီ၊ < ကိသာဘ် နှင့် စွန္နသ်ရှိ ဝူဇူ >၊ စာမျက်နှာ ၄။
  5. ယဉ်ကျေးမှု နှင့် ကုရ်အာန်အသိပညာပေး ဌာနချူပ်၊ ဒါအေရသွလ် မအာရိဖ် ကုရ်အာန် ကရီးမ်၊ အီရန်သက္ကရာဇ်၁၃၈၂ခုနှစ်၊စာမျက်နှာ ၄၀၇ မှ ၄၀၈။
  6. စူရာမာအေဒဟ်၊အာယသ်အမှတ် ၆။
  7. စူရာမာအေဒဟ်၊အာယတ်အမှတ် ၆။
  8. ရှိခ်အန်ဆွာရီ၊ ကိသာဘ် အလ်သွဟာရဟ်၊ ဟိဂျရီသက္ကရာဇ်၁၄၁၅ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၈၂။
  9. ဖိုက်ဇ်ကာရှာနီ၊ မိုအ်သဆမ်မွလ်ရှီအဟ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၂၄၁။
  10. ဖလာဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊ အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၅၀။
  11. ဖလာဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊ အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၅၀။
  12. ဒါအေရသွလ် မအာရိဖ် ဖိက်ဟ် အစ္စလာမ်မီ ဌာန၊ ဖရ်ဟန်ဂ် ဖိက်ဟ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၃၄၇။
  13. ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာသို ကြည့်ပါ၊ ဟိဂျရီသက္ကရာဇ်၁၄၁၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၄၃၄။
  14. ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာသို ကြည့်ပါ၊ ဟိဂျရီသက္ကရာဇ်၁၄၁၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၃၅၃ မှ ၃၆၆။
  15. မီရ်ဇာ ကွမ်မီ၊ ဂျာမေအွလ်ရှသာသ် ဖီအဂျူဘသိလ်စိုအာလာသ်၊ ဟိဂျရီသက္ကရာဇ်၁၄၁၃ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၃၂။
  16. ( ဝူဇူယေ အိရ်သေမာစီ )၊စီစစ်ရေး ဌာနချူပ် နှင့် အာယသွလ္လာဟ်ဘဟ်ဂျသ်၏ အာဆာရ်များ ပုံနှိပ်ထုတ်ဝေခြင်း
  17. အေမာမ် ခိုမေနီ၊ သောဝ်ဇီဟွလ် မဆာအိလ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၆၁။
  18. ခါမေနာအီ၊ အဂျူဘသွလ် အိစ်သိဖ်သာအာသ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၄ခုနှစ်၊ စာမျက်နှာ ၂၁။
  19. ဖလာဟ်ဇာဒဟ်၊ ဒရ်စ်နာမာဟ် အဟ်ကာမ်မူဘ်သလာဘေဟ် ဟေဂျာဂ်ျ၊ဟိဂျရီသက္ကရာဇ်၁၃၈၉ခုနှစ်၊ စာမျက်နှာ ၃၇ နှင့် ၃၈။
  20. ဖလာဟ်ဇာဒဟ်၊ ဒရ်စ်နာမာဟ် အဟ်ကာမ်မူဘ်သလာဘေဟ် ဟေဂျာဂ်ျ၊ဟိဂျရီသက္ကရာဇ်၁၃၈၉ခုနှစ်၊ စာမျက်နှာ ၃၇။
  21. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၄၇ မှ ၄၈။
  22. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၄၆။
  23. အိဘ်နေအိဒ်ရီးစ် ဟိလ္လီ၊ အလ်စရာအိလ်၊ ဟိဂျရီသက္ကရာဇ်၁၄၁၀ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၁၃၅။
  24. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၅၇။
  25. ဖိုက်ဇ်ကာရှာနီ၊ ရိဆာအိလ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၉ခုနှစ်၊ အတွဲ ၂၊ ရီဆာလဟ် ၄၊ စာမျက်နှာ ၂၂။
  26. ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီသက္ကရာဇ်၁၄၁၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၃၃၀ မှ ၃၃၁; ဖိုက်ဇ်ကာရှာနီ၊ မိုအ်သဆမ်မွလ်ရှီအဟ်၊ ဟိဂျရီသက္ကရာဇ်၁၄၂၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၂၄၁။
  27. ဖလာဟ်ဇာဒဟ်၊ အဟ်ကာမ်ဒီးန်၊အီရန်သက္ကရာဇ်၁၃၈၆ခုနှစ်၊စာမျက်နှာ ၅၁။
  28. စူရာမာအေဒဟ်၊ အာယတ်အမှတ် ၆။
  29. ဖာဇိလ် မေက်ဒါဒ်၊ ကန်ဇ်ဇူလ် အိရ်ဖာန်၊ ဟိဂျရီသက္ကရာဇ်၁၄၁၉ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၂၅။
  30. ကွမ်မီ၊ < ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၁) >စာမျက်နှာ ၂၉-၃၀။
  31. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၆။
  32. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၉။
  33. ဆိုင်ယီဒ် ဆာဗီက်၊ ဖိက်ဟ် အလ်စွန္နဟ်၊ ဟိဂျရီသက္ကရာဇ်၁၃၉၇ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၄၃။
  34. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၁၂။
  35. ဆိုင်ယီဒ် ဆာဗီက်၊ ဖိက်ဟ် အလ်စွန္နဟ်၊ ဟိဂျရီသက္ကရာဇ်၁၃၉၇ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၄၈။
  36. ဆိုင်ယီဒ် ဆာဗီက်၊ ဖိက်ဟ် အလ်စွန္နဟ်၊ ဟိဂျရီသက္ကရာဇ်၁၃၉၇ခုနှစ်၊ အတွဲ ၁၊ စာမျက်နှာ ၄၄။
  37. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၁၁ နှင့် ၁၂။
  38. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၁၁ နှင့် ၁၂။
  39. ဟိုစိုင်န်နီ၊< ဝူဇူ အဇ် ဒီးဒ်ဂါဟ် မဇာဟိဘ် အစ္စလာမ်မီ >၊စာမျက်နှာ ၁၂။
  40. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၃ - ၄၄။
  41. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၅။
  42. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၅။
  43. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၆-၄၇။
  44. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >စာမျက်နှာ ၄၇။
  45. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၇-၄၈။
  46. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၈။
  47. ကွမ်မီ၊ < ဖိက်ဟ် ဟဂ်ျ ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်း(၃)မဆ်ဟ် >၊ စာမျက်နှာ ၄၈။
  48. အာမဒီ၊ အလ်မဆ်ဟို ဖီ ဝူဇူအိလ်ရစူလ်(ဆွ)၊ စာမျက်နှာ ၁၃၂။
  49. ဆွဘ်ဟာနီ၊ စိလ်စိလသွလ် မဆာအိလ် အလ်ဖိက်ဟ်ဟီရဟ်၊ ကွမ်မြို၊ အတွဲ ၂၊ စာမျက်နှာ ၉-၁၂။
  50. ရ. က. ရှိခ်မိုဖီးဒ်၊ အလ်အိရ်ရှာဒ်၊ ဟိဂျရီသက္ကရာဇ်၁၄၁၃ခုနှစ်၊ အတွဲ ၂၊ စာမျက်နှာ ၂၂၇-၂၂၈။
  51. ကရှီ၊ ရေဂျားလ်ကရှီ၊ဟိဂျရီသက္ကရာဇ်၁၄၀၉ခုနှစ်၊ စာမျက်နှာ ၄၄၁။
  52. ကရှီ၊ ရေဂျားလ်ကရှီ၊ဟိဂျရီသက္ကရာဇ်၁၄၀၉ခုနှစ်၊ စာမျက်နှာ ၄၄၁။
  53. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၁။
  54. အာမဒီ၊ အလ်မဆ်ဟ်ဟို ဖီ ဝူဇူအေလ်ရစူလ်၊ဟိဂျရီသက္ကရာဇ်၁၄၂၀ခုနှစ်၊ စာမျက်နှာ ၈၀-၈၂။
  55. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၁။
  56. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၂။
  57. မွတ္တကီ ဟိန္ဒီ၊ ကန်ဇ်ဇွလ်အမာလ်၊ ဟိဂျရီသက္ကရာဇ်၁၄၀၆ခုနှစ်၊ အတွဲ ၉၊ စာမျက်နှာ ၄၄၃၊ ဟဒီးစ် ၂၆၈၉၀။
  58. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၃။
  59. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၃။
  60. ရှဟ်ရီစ်သာန်နီ၊ လေမာဇာ အလ်အိခ်သေလာဖ်ဖို ဖီလ်ဝူဇူ၊ ဟိဂျရီသက္ကရာဇ်၁၄၂၆ခုနှစ်၊ စာမျက်နှာ ၃၃။
  61. ဘေဘဟာနီ၊ ဝူဇူတွင် ခြေထောက်အားမဆဟ်လုပ်ခြင်း၊ အီရန်သက္ကရာဇ် ၁၃၉၅၊ စာမျက်နှာ ၂၆-၄၂။
  62. ဟူရ်အာမိုလီ၊ ဝဆာအိလ် အလ်ရှီအဟ် သို ကြည့်ပါ၊ အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၁၊ စာမျက်နှာ ၃၈၇-၃၉၀။
  63. ဘေဘဟာနီ၊ ဝူဇူတွင် ခြေထောက်အားမဆဟ်လုပ်ခြင်း၊ အီရန်သက္ကရာဇ် ၁၃၉၅၊ စာမျက်နှာ ၃၁-၃၃။
  64. «یا علي عليك بالسّواك عند وضوء كلّ صلاة.» (ရှိခ်ဆွဒ်ဒူက်၊ မန်လာယဟ်ဇရိုဟို အလ်ဖကီးဟ်၊ဂျာမေအသွလ် မိုဒရေစီးန် ဖြန့်ချီရေး၊ အတွဲ ၁၊ စာမျက်နှာ ၅၃။.)
  65. کان امیرالمومنین إذا توضّأ قال: بسم الله وبالله وخیر الأسماء لله وأکبر الأسماء لله... (ရှိခ်ဆွဒ်ဒူက်၊ မန်လာယဟ်ဇရိုဟို အလ်ဖကီးဟ်၊ဂျာမေအသွလ် မိုဒရေစီးန် ဖြန့်ချီရေး၊ အတွဲ ၁၊ စာမျက်နှာ ၄၃၊ ဟဒီးစ် ၈၇။)
  66. امام علی (ع) خطاب به محمد بن ابوبکر: «تمضمض ثلاث مرات واستنشق ثلاثا ... فإننی رأیت رسول الله یصنع ذلک.» (ဟူရ်အာမိုလီ၊ ဝဆာအိလ် အလ်ရှီအဟ် သို ကြည့်ပါ၊ အီရန်သက္ကရာဇ် ၁၃၇၄၊ အတွဲ ၁၊ စာမျက်နှာ၃၉၆၊ ဟဒီးစ် ၁၀၃၆၊ စာမျက်နှာ ၃၉၇၊ ဟဒီးစ် ၁၀၃၇။.)
  67. ယဇ်ဒီ၊ အွရ်ဝသွလ်ဝူစ်ကာ၊ အတွဲ ၁၊ စာမျက်နှာ ၃၆၇-၃၇၀။
  68. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၄။
  69. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၂။
  70. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၂။
  71. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  72. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  73. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  74. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  75. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  76. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၃။
  77. ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၄။၇၇။ကိုလိုင်နီ၊ ဖိုရူအ်ကာဖီ၊အီရန်သက္ကရာဇ် ၁၃၈၈၊ အတွဲ ၁၊ စာမျက်နှာ ၁၈၄။
  78. ဟဒီးစ်စီ မီဇာန်၏ ရှာဖွေသည့်နေရာ၌ ကြည့်ပါ။
  79. တမန်‌‌ေတာ်မြတ်(ဆွ) မိန့်တော်မူသည်မှာ မည်သူမဆို ကောင်းမွန်စွာ ဝူဇူပြုလုပ်ပြီးနောက် နှစ်ရကအသ်နမာဇ် ဖတ်ပါမာ်ဆိုလျှင်၊ ထိုနှစ်ရကအသ်နမာဇ်တွင် လောကရှိလုပ်ရပ်များမှ မည်သည့်လုပ်ရပ်ကိုမှ တွေးတောမှုမရှိပါက၊ အလ္လာဟ်အရှင်မြတ်သည် ၎င်းသူလောလောလတ်လတ် ‌မွေးဖွားလာသည့်ပမာ ထိုသူ၏ အပြစ်များအား ခွင့်လွတ်ပလပ်တော်မူမည်ဖြစ်သည်။( ဂဇာလီ၊ အဟ်ယာအ် အိုလူမ်မူဒ်ဒီးန်၊ ဒရ်ရွလ် ကိသာဘ် အာရဗီ၊ အတွဲ ၂၊ စာမျက်နှာ ၄၈။)
  80. တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ မည်သူမဆို သင်တိုထဲမှ တစ်ဦးတစ်ယောက်သည် ဒေါသထွက်ခဲ့လျင် ဝူဇူပြုလုပ်ပါလေ. (မိုဟဒ္ဒစ်နူရီ၊ မူစ်သဒ်ရကူလ် ဝဆာအိလ်၊ ဟိဂျရီသက္ကရာဇ် ၁၄၀၇၊ အတွဲ ၁၊ စာမျက်နှာ ၃၅၃။).
  81. တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ များစွာသော သန့်ရှင်းစင်ကြယ်မူထားရှိကြလေကုန်၊ များစွာ‌ေသာ ဘဝ ပြုလုပ်ကြပါလေ။( ရှိခ်မိုဖီဒ်၊ အလ်အမာလီ၊ ဟိဂျရီသက္ကရာဇ် ၁၄၀၃၊ အတွဲ ၁၊ စာမျက်နှာ ၆၀၊ ဟဒီးစ် ၅။ )
  82. တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကေယာမသ်နေ့တွင် ကျွနုူပ်၏ အွမ္မသ်အား ဝူဇူပြုလုပ်ခဲ့ခြင်းအတွက်ကြောင့် ကျက်သရေမဂ်လာရှိသောမျက်နှာများဖြင့် အခြားသူများကြားတွင် အတူတကွထားရှိလိမ့်မည်။ ( မဂ်ရိဘ်ဘီ၊ ဒအာအေမွလ် အစ္စလာမ်၊ ဟိဂျရီသက္ကရာဇ် ၁၄၀၃၊ အတွဲ ၁၊ စာမျက်နှာ ၁၀၀။ )
  83. တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ သန့်ရှင်းစင်ကြယ်မှုနှင့် အတူရှိပါလေ၊ အသင်၏ရိုဇီ ပေါများကြွယ်ဝလာလိမ့်မည်။ ( မွတ္တကီ ဟိန္ဒီ၊ ကန်ဇ်ဇွလ်အမာလ်၊ ဟိဂျရီသက္ကရာဇ်၁၄၀၅ခုနှစ်၊ အတွဲ ၁၆၊ စာမျက်နှာ ၁၂၉၊ ဟဒီးစ် ၄၄၁၅၄။)
  84. ဝူဇူရှိနေစဉ် ဝူဇူပြုလုပ်ခြင်းသည် ကျက်သရေမဂ်လာအပေါ် ကျက်သရေမဂ်လာ ရှိနေခြင်းဖြစ်သည်။(ရှိခ်ဆွဒ်ဒူက်၊ မန်လာယဟ်ဇရိုဟို အလ်ဖကီးဟ်၊ဂျာမေအသွလ် မိုဒရေစီးန် ကွမ်မြို၊ အတွဲ ၁၊ စာမျက်နှာ ၄၁။)
  85. အေမာမ်ဆွာဒီက်(အ.စ) မိန့်တော်မူသည်မှာ မည်သူမဆို သူ၏ဝူဇူအား အသစ်တဖန်ပြုလုပ်မည်ဆိုလျင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူ၏ဝန်ချတောင်းပန်မှူအား အစ်သိဂ်ဖာရ်မပါပဲနဲ့လဲ အသစ်တဖန်ပြုလုပ်ပေးမည်ဖြစ်သည်။ (ဟူရ်အာမိုလီ၊ ဝဆာအိလ် ရှီအာဟ်၊ အာလူလ်ဘိုသ်၊ အတွဲ ၁၊ စာမျက်နှာ ၃၇၇။)

ကျမ်းကိုးမျာ

  • အာမဒီ၊ မိုဟမ္မဒ်ဟဆန်၊ အလ်မဆ်ဟ် ဖီ ဝူဇူအိလ်ရစူလ်၊ ဒိရာဆာသ်မကာရေနဟ် ဘိုင်န် အလ်မဇာဟိဗ် အလ်အစ္စလာမ်မီယဟ်၊( ဘေရွတ်မြို)၊ ဒါရ်ရွလ်မွဆ်တွဖှာ လေအဟ်ယာအိလ်သိုရာစ်၊ ဟိဂျရီသက္ကရာဇ် ၁၄၂၀ခုနှစ်။
  • အိဗ်နေအိဒ်ရီစ် ဟိလ္လီ၊ မိုဟမ္မဒ်ဘင်န် မန်ဆူရ်၊ အလ်စရာအေရွလ်ဟာဝီ လေသဟ်ရီရ်ရေလ်ဖသာဝီ၊ ကွမ်းမြို၊ ကွမ်းမြိုရှိ ဂျာမေအဟ် မိုဒရ်ရေစီန်း ဟောဝ်ဇာနှင့် ဆက်စပ်လျက်ရှိသော အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ဟိဂျရီသက္ကရာဇ် ၁၄၁၀ခုနှစ်။
  • အိဗ်နေ ဟိရှာမ်၊ အဗ်ဒွလ်မလက်၊ အလ်စီရသွန္နဗဝီယဟ်၊ မွဆ်တွဖှာ အလ်စကာ၊ အ်ဘ်ရာဟီးမ် အလ်ဘရာရီ နှင့် အဗ်ဒွလ်ဟဖီဇ် ရှဘလီ သုတေသန၊ ဘေရွသ်မြို၊ ဒါရ်ရွလ်မအိရေဖဟ်၊ ဘီသာ။
  • ဘေဘဟာနီ၊ အဗ်ဒွလ်ကရီးမ်၊ ဝူဇူတွင် ခြေထောက်အားမဆဟ်လုပ်ခြင်း၊ ဘာသာပြန်အဖွဲအစည်း၏ ဘာသာပြန်ခြင်း၊ ကွမ်းမြို၊ မဂ်ျမာအ် ဂျဟာနီ အဟ်လေဘိုသ်၊ အီရန်သက္ကရာဇ် ၁၃၉၅ခုနှစ်။
  • ဖာယန်ဒဟ်၊ အဘူလ်ကာစင်မ်၊ နဟ်ဂျူလ် ဖဆာဟဟ်၊ ဆိုင်ယိဒ် ဟာရှိမ် ရစူလ်လီ မိုသ်လာသီ သုတေသန၊ ဒွန္နီယာယေ ဒါနိရှ် ပုံနှိပ်မှု။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ သဖ်ဆီလ် ဝဆာအိလ် အလ်ရှီအဟ် အေလာ သဟ်ဆီလ် မဆာအိလ် အလ်ရှရ်အီယဟ်၊ ကွမ်းမြို၊

အာလေဘိုသ် လေအဟ်ယာအိလ်သရာစ် ဌာန၊ ဟိဂျရီ ၁၄၁၆၊ အီရန်သက္ကရာဇ် ၁၃၇၄။

  • ဟိုစိုင်နီ ၊ ဟမီဒ်၊ ( အစ္စလာမ်သာသနာရှိ မဇ်ဟဗ်များ၏ အမြင်မှ ဝူဇူ ) ဖဆ်လ်နာမဟ် မိုတွာလေအာသ် သက်ရီဘီ မဇာဟိဗ် အစ္စလာမီတွင်၊ အမှတ်စဉ် ၁၇။
  • ဟိုစိုင်နီ ဒရှ်သီ ၊ ဆိုင်ယိဒ် မွဆ်တွဖှာ၊ ( ဝူဇူ )၊ မအာရိဖ် နှင့် မအာရီဖ်တွင်၊ အတွဲ ၁၀၊ တီဟ်ရန်မြို၊ ဖရ်ဟန်ဂီအာရာရဟ် ဌာန၊ အီရန်သက္ကရာဇ် ၁၃၇၉။
  • စွဘ်ဟာနီ၊ ဂျာအ်ရ်၊ စိလ်စိလသွလ် မဆာအိလ် အလ်ဖိက်ဟ်ဟီရဟ်၊ ကွမ်းမြို၊ ဘီနာ၊ ဘီသာ။
  • စွဘ်ဟာနီ၊ ဂျာအ်ရ်၊ ( ကိသာဘ် နှင့် စွန္နသ်တွင် ဝူဇူ )၊ ဖဆ်လ်နာမဟ် ဖိက်ဟ် အဟ်လေဘိုသ်၊ နွေရာသီ၊ အီရန်သက္ကရာဇ် ၁၃၈၃။
  • ဆိုင်ယိဒ် ဆာဘေက်၊ ဖိက်ဟ် အလ်စွန္နဟ်၊ ဘေရွသ်မြို၊ ဒါရ်ရူလ်ကိသာဘ်အလ်အရဗီ၊ ဟိဂျရီ ၁၃၉၇။
  • ရှဟ်ရိစ်သာနီ၊ ဆိုင်ယိဒ်အလီ၊ လေမာဇာအလ်အိခ်သေလာဖ် ဖီလ်ဝူဇူ၊ သလ်ခီစ် ဖီးစ် အတ္တာရ်၊ တီဟ်ရန်မြို၊ အညွှန်း၊ ဟိဂျရီ ၁၄၂၆။
  • ရှိခ်အန်ဆွာရီ၊ မွရ်တဇာ ဘင်န် မိုဟမ္မဒ်အမီးန်၊ ကိသာဘ် အလ်သွာဟေရာ၊ ကွမ်းမြို၊ ရှိခ်အအ်ဇွမ် အန်ဆွာရီ၏ ကမ္ဘာ့ညီလာခံ အထိမ်းအမှတ်၊ ဟိဂျရီ ၁၄၁၅။
  • ရှိခ်ဆွဒ်ဒူက်၊မိုဟမ္မဒ် ဘင်န် အလီ၊ မန်လာယဟ်ဇရိုဟို အလ်ဖကီးဟ်၊ အလ်ရှိခ် ဟိုစိုင်န် အလ်အလမီ၏ ပြင်ဆင်မှု၊ ဘေရွသ်မြို၊ အလ်အလမီ လိလ်မသ်ဗူအာသ် ဌာန၊ ဟိဂျရီ ၁၄၀၆။
  • ရှိခ်မိုဖီဒ်၊ မိုဟမ္မဒ်ဘင်န်မိုဟမ္မဒ်၊ အလ်အိရ်ရှာဒ် ဖီ မအ်ရေဖဟ် ဟိုဂျဂျွလ္လာဟိ အလာလ်အေဘာဒ်၊ အာလေဘိုသ်ဌာန၏ ပြင်ဆင်မှု၊ ကွမ်မြို၊ ရှိခ်မိုဖီးဒ် ညီလာခံ၊ ဟိဂျရီ ၁၄၁၃။
  • ရှိခ်မိုဖီဒ်၊မိုဟမ္မဒ်ဘင်န်မိုဟမ္မဒ်၊ အလ်အမာလီ၊ အလီအက္ကဘရ်ဂဖာရီ၏ သုတေသန၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန် ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၀၃ / အီရန်သက္ကရာဇ် ၁၃၆၂။
  • အရာရှီ၊ မိုဟမ္မဒ် ဘင်န် မစ်အူးဒ်၊ သဖ်စီးရ်အရာရှီ၊ ဆိုင်ယိဒ်ဟာရှင်မ် ရစူလီ မိုဟ်လာသီ၏ သုတေသန၊ အလ်မက်သဘ်သွလ် အိလ်မ်မီယသွလ် အစ္စလာမီယဟ်။
  • ဂဇာလီ၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ်၊ အသ်ယာအ် အိုလူမ် အလ်ဒီးန်၊ အဗ်ဒွလ်ရဟီးမ် ဘင်န် ဟိုစိုင်န် ဟာဖီဇ် အီရတ်ကီ သုတေသန၊ မိုကဒေမဟ် မိုဟမ္မဒ် ခိဇ်ရ် ဟိုစိုင်န်၊ ဘီဂျာ၊ ဒါရ်ရူလ် ကိသာဘ် အာရဗီ၊ ဘီသာ။
  • တဘရီ၊ မိုဟမ္မဒ် ဘင်န် ဂျရီရ်၊ တမန်တော်များ နှင့် ဘုရင်များ၏သမိုင်း၊ မိုဟမ္မဒ် အဘူလ်ဖဇ်လ် အိဘ်ရာဟီးမ် သုတေသန၊ ဘေရွသ်မြို၊ ဒါရ်ရူလ်သရာစ်၊ ဟိဂျရီ ၁၃၈၇ / ခရစ်နှစ် ၁၉၆၇။

ဖာဇိလ် မေက်ဒါဒ်၊ မေက်ဒါဒ် ဘင်န် အဗ်ဒူလ္လာဟ်၊ ကန်ဇ်ဇွလ် အိရ်ဖားန် ဖီ ဖိက်ဟ် ကုရ်အာန်၊ ဆိုင်ယိဒ် မိုဟမ္မဒ် ကာဇီ သုတေသန၊ ဘီဂျာ၊ မဂ်ျမအ်ဂျဟာနီ သက်ရီဘ် မဇာဟိဗ် အစ္စလာမီ၊ ဟိဂျရီ ၁၄၁၉

  • ဖလာဟ်ဇာဒဟ်၊ မိုဟမ္မဒ်ဟိုစိုင်းန်၊ အဟ်ကာမ်ဒီးန်၊ မရ်ဂျာအ်သက်လီဒ်များ၏ ဖတဝါနှင့်ကိုက်ညီခြင်း၊ တီဟ်ရန်မြို၊ အညွှန်း၊ အီရန်သက္ကရာဇ် ၁၃၈၆။
  • ဖလာဟ်ဇာဒဟ်၊ မိုဟမ္မဒ်ဟိုစိုင်းန်၊ ဒရ်စ်နာမဟ် အဟ်ကာမ် မူဘ်သလာ ဘေဟ် ဟေဂျာဂ်ျ၊ တီဟ်ရန်မြို၊ ကြေငြာသူ၊ အီရန်သက္ကရာဇ် ၁၃၈၉။
  • ဖိုဇ်ကာရှာနီ၊ မိုဟမ္မဒ်ဟိုစိုင်းန်၊ ရေစာအိလ် ဖိုဇ်ကာရှာနီ၊ ဘဟ်ဇာဒ်ဂျာအ်ဖရီ၏ သုတေသန၊ တီဟ်ရန်မြို၊ ရှဟီးဒ်မိုတဟရီကျောင်း၊ ဟိဂျရီ ၁၄၂၉။
  • ဖိုဇ်ကာရှာနီ၊ မိုဟမ္မဒ်ဟိုစိုင်းန်၊ မိုအ်သဆွမွလ်ရှီအဟ် ဖီ အဟ်ကာမ် အလ်ရှရီအဟ်၊ မဆီးဟ်သောဝ်ဟီဒီ၏ ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ ရှဟီးဒ်မိုတဟရီကျောင်း၊ ဟိဂျရီ ၁၄၂၉။
  • ကွမ်မီ၊ အလီ၊ <ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်းန် (၁) >၊ မီကာသ်ဟဂ်ျ မဂ္ဂဇင်းတွင်၊ ش ၈၇ နှင့် ၈၈၊ နွေဦးရာသီ နှင့် နွေရာသီ အီရန်သက္ကရာဇ် ၁၃၉၃။
  • ကွမ်မီ၊ အလီ၊ <ချေဂူနဂီ အန်ဂျာမ် ဝူဇူ နဇ်ဒ် ဖရီကိုင်းန် (၁) >၊ မီကာသ်ဟဂ်ျ မဂ္ဂဇင်းတွင်၊ ش ၉၀၊ ဆောင်းရာသီ အီရန်သက္ကရာဇ် ၁၃၉၃။
  • ကရှီ၊ မိုဟမ္မဒ် ဘင်န် အွမ္မရ်၊ ရေဂျာလ်ကရှိ၊ မရှ်ဟဒ်မြို၊ မရှ်ဟဒ်တက္ကသိုလ်ဖြန့်ချီရေးဌာန၊ ဟိဂျရီ ၁၄၀၉။
  • မွတ္တကီ ဟိန္ဒီ၊ အလီ ဘင်န် ဟစာမာလေဒီးန်၊ ကန်ဇ် အလ်အိုမာလ် ဖီ စေနန် အလ်အက်ဝါလ် ဝါ အလ်အဖ်အာလ်၊ ဘက်ရီဟရာနီ နှင့် ဆွဖ်ဝသွလ်စကာ၏ သဖ်စီးရ် နှင့် ပြင်ဆင်မှု၊ ဘေရွသ်မြို၊ အလ်ရေဆာလဟ်‌ဌာန၊ ဟိဂျရီ ၁၄၀၅။
  • မိုဟဒ္ဒစ်နူရီ၊ ဟိုစိုင်းန်၊ မွစ်သဒ်ရကွလ်ဝဆာအိလ်၊ ကွမ်မြို၊ အာလေဘိုသ်လေအဟ်ယာအိလ်သိုရာစ်ဌာန၊ ဟိဂျရီ ၁၄၀၇။
  • ကုရ်အာန့်ပညာရေးနှင့်ယဉ်ကျေးမှု ဌာနချူပ်၊ ဒါအေရသွလ်မအာရိဖ် ကုရ်အာန်ကရီးမ်၊ ကွမ်မြို၊ ဘူစ်သာန်‌ကိသာဘ်ကွမ် ဌာန၊ အီရန်သက္ကရာဇ် ၁၃၈၂။
  • မဂ္ဂရိဘ်ဘီ၊ ကာဇီနေအာမ်၊ ဒအာအေမွလ်အစ္စလာမ်၊ ကွမ်မြို၊ အာလေဘိုသ်ဌာန၊ ဟိဂျရီ ၁၃၈၅။
  • ဒါအေရသွလ်မအာရိဖ် ဖိက်ဟ် အစ္စလာမ်မီဌာန၊ မဇ်ဟဗ် အဟ်လေဘိုသ်(အ.စ) နှင့် ကိုက်ညီသော ဖိက်ဟ်ပညာ၊ ဆိုင်ယိဒ်မဟ်မူဒ် ဟာရှိမ်မီ ရှဟ်ရူဒီ၏ ကြီးကြပ်မှု၊ ကွမ်မြို၊ ဒါအေရသွလ်မအာရိဖ် ဖိက်ဟ် အစ္စလာမ်မီဌာန၊ ဟိဂျရီ ၁၄၂၆။
  • မူစဝီ ခိုမေနီ၊ ဆိုင်ယိဒ် ရူဟ်ဟွလ္လာဟ်၊ သောဝ်ဇီဟ် အလ်မဆာအိလ်(မဟရှ်ရှီ)၊ ဆိုင်ယိဒ် မိုဟမ္မဒ်ဟိုစိုင်းန် ဘနီဟာရှိမ်မီ၏ သုတေသန၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန်ကျောင်းနှင့် ဆက်နွယ်နေသော အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၂၄။
  • ယဇ်ဒီ သွဘာသွဘာအီ၊ ဆိုင်ယိဒ် မိုဟမ္မဒ် ကာဇီမ်၊ အလ်အွရ်ဝသွလ်ဝွစ်ကာ ဖီမာ သအ်မွလ် ဘေဟီလ်ဘွလ်ဝါ( အလ်မဟရှ်ရှီ)၊ အဟ်မဒ်မိုဟ်စင်န်နီ စဘ်ဇ်ဝါရီ၏ သုတေသန၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန်ကျောင်းနှင့် ဆက်နွယ်နေသော အစ္စလာမ်မစ်ဖြန့်ချီရေးရုံး၊ ဟိဂျရီ ၁၄၁၉။