မာတိကာသို့ ခုန်သွားရန်

ဇေယာရသ်

wikishia မှ
အစ္စလာမ့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရောင်ဇာတော် သို့ လာရောက်ဇေယာရသ် ပြုနေကြသည့် မွတ်စလင်မ်များ

ဇေယာရသ် (အရဘီ : الزيارة) ဆိုသည်မှာ တမန်တော်များ ၊ အေမာမ်များ ၊ အေမာမ် ဇါဒေဟ် များ နှင့် မိုအ်မင် များ၏ ကဗဲရ် များသို့ သွားရောက် ခြင်းဖြစ်ပါသည်။ ဇေယာရသ် ပြုခြင်းသည် အစ္စလာမ်ဘာသာ၏ လက်ခံ နိုင်သော လုပ်ရပ်များထဲမှ တစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် မွတ်စလင်မ် များက ပြုလုပ် စောင့်ရှောက်ခဲ့ ကြပါ သည်။ ဤလုပ်ရပ်သည် ရှီအဟ် များကြားတွင် အထူးနေရာတစ်ခုရှိသည်။ ထို့ကြောင့် ရှီအဟ် ၏ သင်္ကေတများထဲမှ တစ်ခုဟု ယူဆကြပါသည်။ နှစ်စဉ်နှစ်တိုင်း၊ ရှီအဟ်အများအပြားသည် ကမ္ဘာ့အရပ်ရပ်မှ အေမာမ် (အ.စ) ၏ ကဗရ်(တွင်း) များ (သင်္ချိုင်းများ) နှင့် အေမာမ်များ ၏ သားမြေးအချို့ထံ သွားရောက်ကြ ပါသည်။ ဥပမာအားဖြင့် အွစ်သာန်နေရဇဝီ ၏ အစီရင်ခံစာအရ အီရန်နိုင်ငံရှိ မြို့ အသီးသီး နှင့် အခြားနိုင်ငံအချို့မှ လူပေါင်း ၂၈သန်း သည် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် သို့ နှစ်စဉ် လာရောက် ကြရန် မရှ်ဟဒ် မြို့ ခရီးထွင်ကြကြောင်း သိရပါသည်။ထို့အပြင် ဟဇရသ် အဘာစ် (အ.စ) ၏ ရောင်ဇာတော် ၏စာရင်းအင်းစင်တာ၏အဆိုအရ အီရန် သက္ကရာဇ် ၁၄၀၂ ခုနှစ် ၊ ခရစ် သက္ကရာဇ် ၂၀၂၃ ခုနှစ် တွင် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် ခရီးစဥ် တွင် အရ်ဗအီးန် ဇေယာရသ် ပြုသူ အရေအတွက်သည် ၂၂သန်းကျော်ရှိ သည်ဟု ခန့်မှန်း ထားပါ သည်။

အခြားမွတ်စလင်မ် ဂိုဏ်းများနှင့်မတူဘဲ အစ်ဗ်နေသိုင်မီယဟ် နှင့် ဝဟာဘီများ သည် တမန်တော် များနှင့် ဘာသာရေးခေါင်းဆောင်များ၏ သင်္ချိုင်းများသို့ ရှဖာအသ် ရရန် ရည်ရွယ်ချက် နှင့် ဒိုအာများ ပြည့်ဝရန် အတွက် သွားရောက် ဇေယာရသ်ပြုခြင်းကို ဗေဒအသ် နှင့် ရှေးရ်က် ရောနေသည့် လုပ်ရပ်ကို ဆိုကြပါသည်။ အခြားတစ်ဖက်တွင်မူ ရှီအာပညာရှင်နှင့် ဆွန်နီပညာရှင်အများစုသည် ဤအမြင်ကို လက်မခံ ကြချေ။ ၎င်းတို့ အနေ ဖြင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) စွန္နသ်တော် ၊ ပြစ်မဲ့ အေမာမ် ၁၂ပါး (အ.စ) ၊ ဆွဟာဗဟ်များ နှင့် သာဗေအီးန်များ ၏ ဘဝတည်ဆောက်မှု ၊ အစ်ဂျ်မအ် နှင့် မွတ်စလင်မ်များ ၏ လက်တေါ့ ဘဝတည်ဆောက် မှုတို့ကို ကိုးကားပြီး ဇေယာရသ် သည် တရားဝင်ပြီး ဖဇီလသ် ရှိကြောင်း လက်ခံ ထားကြပါသည်။

ဇေယာရသ် ပြု ခြင်း၏တရားဝင်မှု ၊ အစ္စလာမ်တွင် ၎င်း၏ ကြီးကျယ်မြင့်မြတ်မှု ရှိခြင်း နှင့် မွတ်စ်သဟဗ် ဖြစ်ခြင်း၊ ဇေယာရသ် နှင့် ပတ်သက်သည့် အစ်ဗ်နေသိုင်မီယဟ်၏ အမြင်ကို ငြင်းဆိုချေပသည့် နှင့် ပတ်သက်၍ လက်ရာများကို မွတ်စလင်မ် ပညာရှင်များက ရေးသားသီးကုံး ခဲ့ကြပါသည်။ဤလက်ရာများ မှ နမူနာ မှာ သကီယွတ်ဒ်ဒီးန် စိုဘိုကီ ရေးသား သီးကုံးထားသည့် «ရှေဖာအွစ်စ်စကာမ် ဖီ ဇေယာရသ် သေခိုင်း ရေလ်အနာမ်  » ၊ အစ်ဗ်နေ ဟဂျရ် ဟိုင်သမီ ရေးသားသီးကုံးထားသည့် « သိုဟ်ဖသွန်ဇ်‌ဇူဝါရ် အေလာ ကဗ်ရေန်နဘီ ရေမွတ်ခ်သာရ် » ဖြစ်ပါသည်။ အခြားလက်ရာ တစ်ခု မှာ ရှဟီးဒ်‌ ဒေအောင်ဝဲလ် ရေးသားသီး ကုံးထားသည့် « အလ်မဇာရို ဖီ ကိုက်ဖီယသ်သေ ဇေယာရသ်သင်းန်နဘီယေ ဝလ်အအေ မသေလ် အသွဟာ ရေ »ဖြစ်ပြီး ဤ စာအုပ်သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ပြစ်မဲ့ ရှီအဟ် အေမာမ် ၁၂ပါး (အ.စ) ၏ ကဗရ်တော် များ ဇေယာရသ် ၏ ကြီးကျယ် မြင့်မြတ်မှု မွတ်စ်သဟဗ် ဖြစ်မှု နှင့် ဇေယာရသ် ဆိုင်ရာ စည်းမျဥ်း စည်းကမ်းများ ကို ရေးသားထားကြောင်း သိရှိရပါသည်။

အစ္စလာမ့် ယဉ်ကျေးမှု တွင် ဇေယာရသ် ၏ အဆင့် အတန်း

ဇေယာရသ် ၏ ဘာသာရေး ဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ သေဆုံး သွားသည့် အီမာန် ယုံကြည် သူများ၊ သူတော်စင် သူတော်မြတ်များ ၏ သင်္ချိုင်းဂူများ ၊ကဗရ်များ အနီး သွားရောက် ခြင်းဖြစ်ပါသည်။ အထူးသဖြင့် တမန်တော်များ (အ.စ) ၊အေမာမ်များ နှင့် အေမာမ်ဇါဒေဟ် များ ၏ ရောင်ဇာတော် များ သို့ သွားရောက်၍ အထူးထုံးတမ်းစဉ်လာများဖြင့် ပြုလုပ်ရသည် ကို ဆိုလိုပါသည်။ [1] ဂျအ်ဖရ် စိုဗ်ဟာနီ ၏ အဆိုအရ တမန်တော်မြတ်(ဆွ) ၊ ကိုယ်တော် ၏ အနွယ်တော်မွန် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရောင်ဇာတော် များ နှင့် မိုအ်မင် (ခ) သက်ဝင်ယုံကြည် သူများ ၏ ကဗရ်များ သို့ သွားရောက် ဇေယာရသ် ပြုခြင်းသည် အစ္စလာမ့် ယဉ်ကျေး မှု၏ အခြေခံမူများထဲမှ တစ်ခုဖြစ်ပါသည်။ [2]

စွန်နီပညာရှင်များဖြစ်သည့် အစ်ဗ်နေဇီယာယေ မက္ကီ (ကွယ်လွန် - ၈၅၄ ဟီဂျရီ )၊ ‌ရှောင်ကာနီ ၊ ရှမ်းစွဒ်ဒီးန် ဇဲဟ်ဘီ (ကွယ်လွန် - ၇၄၈ ဟီဂျရီ )၊ အဗ်ဒွရ်ရဲဟ်မာန် ဂျဇီးရီ (အီဂျစ် ဓမ္မသတ်ပညာရှင် နှင့် အလ်အဇ်ဟရ် ၏ ပညာရှင် တစ်ဦးဖြစ် ၊ ကွယ်လွန်ခဲ့ - ၁၃၆၀ ဟီဂျရီ ) တို့သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရောင်ဇာတော် သိူ့ လာရောက်ဇေယာရသ် ပြုခြင်း ကြီးမားသည့် ကြီးကျယ် မြင့်မြတ် မှု ရှိကြောင်း ခံယူထားကြပါသည်။ [3] ဟဂ်ျပြုသူ ဟာဂျီ များသည်ဟဂျ် ပြီးဆုံးသောအခါ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ရောင်ဇာတော် သို့ သွားရောက် ဇေယာရသ် ပြုခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့ကြပါသည်။ [4]

ရှီအဟ်များ ၏ အမြင် တွင် ဇေယာရသ် ၏ အဆင့် အတန်း

ဇေယာရသ် ပြုခြင်း သည် ရှီအဟ် ၏ သင်္ကေတ ဖြစ်ပြီး ၎င်း၏ ဘဝနှင့် ကိုယ်ပိုင်လက္ခဏာတစ်ခုဖြစ်ပါသည်။ ရှီအဟ်များသည် ဇေယာရသ် ပြုခြင်း ၏ ဆဝါးဗ် (ကုသိုလ်ကောင်းမှု) နှင့် ကြီးကျယ် မြင့်မြတ် မှု တင်ပြထားသည့် ပြစ်မဲ့ အေမာမ် ၁၂ပါး (အ.စ) ၏ ဟဒီးစ်တော် များ မှ ဆင့်ပြန် ချက်များ ကို လိုက်နာကြ ပါ သည်။ ရှီအဟ်များသည် အေမာမ် (အ.စ) နှင့် အေမာမ်ဇါဒေဟ်များ ၏ ရောင်ဇာတော်များ နှင့် ဂူဗိမာန်တော်များ သို့ သွားရောက်ဇေယာရသ် ပြု ခြင်းကို အထူးဂရုပြု စီစဥ် ကြပါသည်။ [5] နှစ်စဉ်နှစ်တိုင်း ရှီအဟ်အများအပြားသည် ကမ္ဘာ့အရပ်ရပ်မှ အေမာ် (အ.စ) ၏ ရောင်ဇာတော် များ နှင့် အေမာမ်ဇါဒေဟ်များ * အေမာမ် (အ.စ) ၏ သားမြေးအချို့ ၏ ဂူဗိမာန် များ ထံ သွားရောက် ဇေယာရသ် ပြုကြပါသည်။ ဥပမာအားဖြင့် အွစ်သာန်နေရဇဝီ ၏ 2018 ခုနှစ် သြဂုတ်လ အစီရင်ခံစာအရ အီရန်နိုင်ငံရှိ မြို့ အသီးသီး နှင့် အခြားနိုင်ငံအချို့မှ လူပေါင်း ၂၈သန်း သည် အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် သို့ နှစ်စဉ် လာရောက် ကြရန် မရှ်ဟဒ် မြို့ ခရီးထွင်ကြကြောင်း သိရပါသည်။ [6] ထို့အပြင် ဟဇရသ် အဘာစ် (အ.စ) ၏ ရောင်ဇာတော် ၏စာရင်းအင်းစင်တာ၏အဆိုအရ အီရန် သက္ကရာဇ် ၁၄၀၂ ခုနှစ် ၊ ခရစ် သက္ကရာဇ် ၂၀၂၃ ခုနှစ် တွင် အရ်ဗအီးန် လမ်းလျှောက် ဇေယာရသ် ခရီးစဥ် တွင် အရ်ဗအီးန် ဇေယာရသ် ပြုသူ အရေအတွက်သည် ၂၂သန်းကျော်ရှိ သည်ဟု ခန့်မှန်း ထားပါ သည်။ [7]

ဇေယာရသ် နာမေဟ်

အဓိကဆောင်းပါး - ဇေယာရသ် နာမေဟ်

ဇေယာရသ် နာမေဟ်ဆို သည် မှာ ရှီအဟ် အေမာမ် များ (အ.စ) ၏ ရောင်ဇာတော် များ ကဗရ်တော် များသို့ သွားရောက်ဇေယာရသ် ပြုသည့် အခါ ဖတ်ရသည့် စာသားများ ဖြစ်ပြီး ထိုကဗရ် ပိုင်ရှင်များအား ဆလ်ဝသ် ပို့သ ခြင်းနှင့် ဂါဝရ ပြုခြင်းများ ပါဝင် ပါရှိပါသည်။ [8] ဇေယာရသ် ပြုသူတိုင်း မိမိရှေ့တွင် မိမိ ဘာသာစကားဖြင့် တစ်ခုခုပြောနိုင်သော်လည်း အမှားမရှိသော ပြစ်မဲ့ အေမာမ်များကိုယ်တိုင် မှတ်တမ်းတင် ထား သည့် ဤ ဇေယာရသ် နာမေဟ် များကို ဖတ်ရန် အကြံပြုထားပြီး အခေါ်အဝေါ်အရ ၎င်းတို့ကို " ဇေယာ ရသ် ဟာယေ မာစူရ် " ဟုခေါ်ပါသည်။ [9] ဤ ဇေယာရသ် နာမဟ် များတွင် အချို့ သက်ဝင်ယုံကြည်မှု များ ၊ ပမာအားဖြင့် သောင်ဟီးဒ် ၊ နဗူဝသ် ၊ အလ္လာဟ် ၏ ဂုဏ်တော်များ နှင့် ပြစ်မဲ့ အေမာမ် များ ကိုနားလည် သဘော ပေါက်စေမည့် အပြင်အဆင်များ ၊ ၎င်းတို့၏ ကြီးကျယ် မြင့်မြတ် မှု နှင့် အဆင့် အတန်းများ ၊ သဝလီ (ရစူလ်(ဆွ) ၊ အာလေ့ရစူလ် (အ.စ) အပေါ် အချစ်ထားခြင်း ) ၊ သဗရီ (ရစူလ်(ဆွ) ၊ အာလေ့ရစူလ် (အ.စ) ၏ ရန်သူများ အပေါ် အမုန်းထားခြင်း ) ၊ ရှဖာအသ် ၊ သဝစိုလ် တို့ ပါဝင်ပါသည်။[10]

အဝေးမှ ဇေယာရသ် ပြုခြင်း

အဝေးမှ ဇေယာရသ် ပြုခြင်း သည် လူကိုယ်တိုင် မလာရောက်နိုင်သူများအတွက် ရှီအဟ် ဟဒီးစ်တော် များအရ အကြံပြုထားသော ဇေယာရသ် အမျိုးအစားတစ်ခု ဖြစ်ပါသည်။ [11] ဥပမာအားဖြင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) မှ ဆင့်ပြန် လာရှိသည့် ဟဒီးစ် တော်တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။ အကြင်မည်သူမဆို နီးနီးကပ်ကပ် ဇေယာရသ် ပြုရန် မတတ်နိုင်သည့် အခါ မြင့်သည့်နေရာ တစ်နေရာသို့ သွားပြီး ၂ရကသ် နမာဇ် ကို ဝတ်ပြုပါလေ။ ပြီးနောက် ကျွန်ုပ်တို့၏ ကဗရ်တော်များ (ရောင်ဇာတော် များ ) ရှိသည့် ဘက် သို့ လှည့်၍ စလာမ် ပို့သပါလေ။ ထိုသူပို့သသည့် စလာမ် သည် ကျွန်ုပ် တို့ ထံ ရောက်ရှိသည် ဖြစ်ပါသည်။ [12] အခြားရီဝါယသ်တော် တစ်ခုတွင် ဆင့်ပြန်လာရှိသည် မှာ အကြင်သူတစ်ဦးတစ်ယောက် သည် အမိုး မရှိသည့် နေရာ၌ရပ်၍ ညာဘက်နှင့်ဘယ်ဘက်သို့ကြည့်ရမည် ပြီးနောက် ကောင်းကင်သို့ဦးမော့၍ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် (ကဗရ်တော် ) ကို အာရုံစိုက်ကာ ဤသို့ဆိုရမည် - «  အစလာမိုအလိုင်းကာ ယာ အဗါ အဗ်ဒေလ္လာဟ် ၊ အစလာမို အလိုင်းကာ ဝရဟ်မသိုလ် လ္လာဟ်ဟေ ဝဘရကာသိုဟ်  »။ ဤသိူ့ဖြင့် ထိုသူ အတွက် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုသည့် ဆဝါးဗ် (ကုသိုလ် ကောင်းမူ) ကို ရေးမှတ်ခြင်းခံရပေမည်။ [13]


အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ