ကဖန်
- ဤဆောင်းပါးသည် ဖေက်ဟီ (အစ္စလာမ့်ဥပဒေ) ဆိုင်ရာ အယူအဆတစ်ခုကို ဖော်ပြရှင်းလင်းထားသော ဆောင်းပါးသာ ဖြစ်ပြီး ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများအတွက် စံနှုန်းအဖြစ် အသုံးမပြုနိုင်ပါ။ ဘာသာရေး လုပ်ဆောင်မှုများအတွက် မိမိဆိုင်ရာ မရ်ဂျာများ၏ တင်ပြချက်များကဲ့သို့သော ယုံကြည် စိတ်ချရသော အရင်းအမြစ်များကို ကိုးကားကြည့်ရှုပါ။
ကဖန် ဆိုသည်မှာ မွတ်စလင်မ် မိုင်ယိသ် ၏ ကိုယ်ခန္ဓာ အား မြေမမြုပ်မီ ဝတ်ပေးရသည့် (ထုပ်ပေးရသည့်) အဝတ်စ ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုကဖန်သည် အနည်းဆုံး အစ သုံးစ ရှိရပေမည်။ လုံခြည် ၊ အင်္ကျီရှည် နှင့် ခေါင်း မှ ခြေထိ ဖုံးအုပ်သည့် အဝတ်စ တို့ဖြစ်ပါသည်။ ကဖန် ဝတ်ပေးခြင်းသည် ဝါဂျစ်ဗ်ဗေကိဖာယီး ဖြစ်ပါသည်။ ထိုသို့ ကဖန် ထုပ်ပေးရာ၌ မတရား ယူထားသည့် သို့မဟုတ် နဂျစ် ဖြစ်နေသည့် အဝတ်စဖြင့် မပြုလုပ်ဖို့ လိုအပ်ပါသည်။ အသက်ရှင်နေသည့်အချိန် ကဖန်အား မိမိနှင့်အတူ ဆောင်ထားခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။
အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် ဝါဂျစ်ဗ် ဖြစ်သည့်အရာများ
ကဖန် ဟူသည် အ၀တ်စ တစ်ခုကို ဖြစ်ပြီး မွတ်စလင်မ် မိုင်ယိဒ်၏ ကိုယ်ခန္ဒာအား မြေမမြုပ်မီ ထိုအ၀တ်စဖြင့် ထုပ်ပေးရပါမည်။[၁] မွတ်စလင်မ် အမျိုးသား သို့မဟုတ် အမျိုးသမီး အား ကဖန် ထုပ်ပေးခြင်း သည် ဝါဂျစ်ဗ်ဗေကိဖာယီး ဖြစ်ပါသည်။[၂] ဇနီးသည်အတွက် ကဖန် စီစဥ်ပေးရမည်မှာ ခင်ပွန်းသည်၏ ဝါဂျစ်ဗ် တာဝန်ဖြစ်ပါသည်။[၃] သို့သော် အခြားသူများ၏ ကဖန်ကို စီစဥ်ပေးရန် ၎င်းတို့၏ ပိုင်ဆိုင်မှုမှ ဖြစ်ပါသည်။ အကြောင်းမှာ ကဖန် စီစဥ်ပေးရန် ဝါဂျစ်ဗ် ဖြစ်ပြီး ကဖန်ပေးရန် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။[၄] တစ်ဦးတစ်ယောက် အပေါ် ဝါဂျစ်ဗ် မဟုတ်ချေ။[၅] ဖေကဟ်ပညာရှင်များ ၏ ဖသ်ဝါ အရ အဆိုအရ မိုင်ယိဒ်၏ ပိုင်ဆိုင်မှုသည် ကဖန် ဝယ်ဖို့ရန်အတွက် မလုံလောက်ပါက ယင်းအား ဇကာသ် မှ စီစဥ်ပေးနိုင်ပါသည်။[၆]
ကဖန်သည် အပိုင်း သုံးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။[၇]
(၁)မေအ်ဇရ်(သို့)လုံခြည် ဖြစ်ပါသည်။ ချက် မှ ဒူး အထိ ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ထားရပြီး ရင်ဘတ်မှ ခြေဖဝါးအထိ ဖုံးထား ပါက ပိုကောင်းပါသည်။[၈] (၂)ကမီးဇ် (သို့) အင်္ကျီ ဖြစ်ပါသည်။ ပခုံးမှ ခြေထောက် တစ်ဝက်အထိ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ် ထားရ မည်။[၉] ခြေဖဝါး အထိ ရောက်ပါက ပိုကောင်းပါသည်။[၁၀]
(၃)အေဇါရ် (သို့) ဂျဒဲရ် ဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဦးခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားရပြီး ၎င်း၏ အကျယ်သည် အစ တစ်ဖက် ကို နောက် အစ တစ်ဖက်သို့ ရောက်သည့် အထိ ကျယ်ရပေမည်။[၁၁]မိုင်ယိဒ် ၏ ဦးခေါင်းနှင့် ခြေထောက်များကိုပါ ချည်လို့ရသည့် လောက်သည့် အထိ ရှည်ခြင်းသည် ပိုကောင်းပါ သည်။[၁၂]
မိုင်ယိဒ်အား ကဖန် ထုပ်ပေးရာ၌ မတရား ယူထားသည့်၊လုယူထားသည့် သို့မဟုတ် နဂျစ် ဖြစ်နေသည့် အထည် ဖြင့် ထို့အတူ ပိုးသားစစ်စစ် ဖြင့် ပြုလုပ်ထားသောအထည် သို့မဟုတ် တားမြစ်ထားသောသား ကောင်၏ သိုးမွှေး သို့မဟုတ် အမွှေးဖြင့် ပြုလုပ်ထားသော အထည် ဖြင့် ပုံမှန် အခြေအနေတွင် ကဖန်ထုပ် ပေးပိုင်ခွင့် မရှိချေ။[၁၃]
မိုင်ယိဒ်အား ကဖန်မထုပ်မီအရင် သို့မဟုတ် ကဖန်ထုပ်နေသည့်အချိန် ၊ ပရုတ်ကို ၎င်းကိုယ်ခန္ဒာရှိ စဂျ်ဒဟ် ပြုလုပ်သည့်အခါ မြေကြီးဖြင့် ထိတွေ့ရသည့် အစိတ်အပိုင်း ခုနှစ်ခုကို ပွတ်လိမ်း ပေးရမည်ဖြစ်ပါသည်။[၁၄] ဤသို့လုပ်ဆောင်ချက်အား ဟနူသွ် ဟုခေါ်ဆိုပြီး ပြုလုပ်ဖို့ရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၅]
- စစ်မြေပြင်တွင်ကျဆုံးသွားသောအာဇာနည် (ခ) ရှဟီးဒ် အတွက် ကဖန် မလိုအပ်ချေ။ သို့သော် သူသည် အဝတ်ဗလာဖြစ်နေပါက ထိုအခါ၌ သူ့အား ကဖန်ထုတ်ပေးရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၆]
မွတ်စ်သဟဗ် များ နှင့် မကရှုဟ်များ
အသက်ရှင်နေစဉ်ကာလအတွင်း ကဖန် ကြိုတင်ပြင်ဆင်ထားခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။[၁၇] ထို့ပြင် ယမန်နိုင်ငံထုတ် ဘုရ်ဒ်ဒေယေမင်နီ အထည်ဖြင့် ပြုလုပ်ခြင်းလည်း မွတ်စ်သဟဗ် ဖြစ်ပါသည်။[၁၈] ကဖန်အဝတ်ကို မွှေးကြိုင်သော အနံ့များဖြင့် မွှေးအောင် ပြုလုပ်ခြင်း (ရေမွှေး ဖြင့် မွှေးကြိုင် အောင်ပြုခြင်းသည်မကရှုဟ် ဖြစ်ပါသည်။ သို့သော် ကာဖူးရ် (ခ) ပရုတ် နှင့် မွှေးကြိုင် အောင် ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။ )[၁၉]တချို့သော ဖီကဟ်အမြင်များအရ ကဖန်အဝတ်ကို ကတ္တန် (linen) အထည်ဖြင့် ပြုလုပ်ခြင်းသည် မကရှုဟ် ဖြစ်သည်ဟု ဆိုထားပါသည်။[၂၀] ထို့အပြင် သံကိရိယာများ (ဥပမာ သံကတ်ကြေး) ဖြင့် ကဖန်အဝတ်ကို ဖြတ်ခြင်းလည်း မကရှုဟ် ဖြစ်သည်ဟု ဆိုထားပါသည်။ ကဖန်နှင့် ပတ်သက်သော မကရှုဟ် အချက်များထဲတွင် အောက်ပါအချက်များလည်း ပါဝင်သည်။ ကဖန် တွင် လက်ရှည် (အင်္ကျီလက်) သို့မဟုတ် ကြယ်သီးများ ပါရှိခြင်း၊ ကဖန်အရောင်ကို အနက်ရောင် ဖြစ်စေခြင်း သို့မဟုတ် အနက်ရောင်ဖြင့် တစ်ခုခု ရေးသားခြင်း၊ သေဆုံးသူ၏ ခေါင်းပေါ်တွင် ပတ်ထားသော အမာမဟ် ကို တဟ်တုလ်ဟနက် (မေးအောက်မှ လှည့်ပတ်ထားသော အစိတ်အပိုင်း) မပါဘဲ ပတ်ခြင်း၊ ကဖန်အဝတ် မသန့်ရှင်းခြင်း၊ ညစ်ပတ်နေခြင်း ၊ ကဖန်ဝယ်ယူရာတွင် ဈေးနှုန်းလျော့ရန် အလွန်အကျွံ ဈေးညှိခြင်း၊ ကဖန်ကို အပ်နှင့် ချုပ်ခြင်း(စက်နှင့်ချုပ်ခြင်း) သို့သော် အချို့သော အကြံပြုချက်များအရ သေဆုံးသူကို သူ အသက် ရှင်နေစဉ် ဝတ်ဆင်ခဲ့သော အင်္ကျီ ဖြင့် ကဖန်ပြုလုပ်ပါက၊ ကြယ်သီးများကို ဖြုတ်ပစ်ပြီး လက်ရှည် ပါရှိနေခြင်းသည် ပြဿနာမရှိပါ။ သို့ရာတွင် အဆိုပါ အင်္ကျီသည် ကဖန်အတွက် လိုအပ်သော အနည်းဆုံး ဖုံးအုပ်ရမည့် အပိုင်းကို ဖုံးနိုင်ရမည် ဖြစ်သည်။[၂၁]
ဆက်နွယ်နေသည့် ဆောင်းပါးများ
အောက်ခြေ မှတ်စုများ
- ↑ ကြည့်ပါ - သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂ ၊ ၄၀၃ ။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၅၆။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၅ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၁၊၅၃၃။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၅၊၅၃၆။ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၇။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၈ ။ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၇။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၉ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၉။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၅၆။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၅၇၊၄၅၈။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၁၊၄၆၂။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂၊ ၄၀၃ ။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂၊ ၄၀၃ ။ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၃။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၂၊ ၄၀၃ ။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၀၄ ။ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၅ ၊ ၄၆၉။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၁၃ ၊ ၄၁၄ ။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၄၁၃ ၊ ၄၁၄ ။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ အန်နာရှေရ် မတ်က်သက်ဗ် အာယာသွလ္လာဟ် အလ်အွဇ်မာ အဆ်ဆယက်ဒ် အစ်စစ်သာနီ ၊ အတွဲ ၁၊ စာမျက်နှာ ၂၉၆။
- ↑ ဟူရ်ရေ အာမေလီ ၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၉၅ ခုနှစ် ၊ အတွဲ၂ ၊ စာမျက်နှာ ၇၅၅။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ခုနှစ် ၊ အတွဲ ၄။ စာမျက်နှာ ၁၉၆။ မိုအ်စေစေဟ် ဒါအေသိုလ်မအာရေဖ် အလ်ဖေက်ဟ် အလ်အစ္စလာမ်မီ ၊ ဖရ်ဟန်ဂ် ဖေက်ဟ်ဟေ ဖါရစီ ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၈ ။
- ↑ အလ်မူစဝီ အလ်ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ အတွဲ၁ ၊ စာမျက်နှာ ၇၅။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၆၅ ၊ ၄၆၉။
- ↑ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ အန်နာရှေရ် မတ်က်သက်ဗ် အာယာသွလ္လာဟ် အလ်အွဇ်မာ အဆ် ဆယက်ဒ် အစ်စစ်သာနီ ၊ အတွဲ ၁၊ စာမျက်နှာ ၃၁၆ ၊ https://www.sistani.org/persian/book/26575/6114/
ကျမ်းကိုးများ
- ဟူရ်ရေ အာမေလီ ၊ မိုဟမ္မဒ် ဘင်န် ဟစန်၊ ဝစာအေလွတ်ရှ်ရှီအဟ် ၊ အေလာ သဲဟ်ဆီလ် မစာအေလွတ်ရှ် ရှရီအဟ် ၊ ဒါရိုအဲဟ်ယာလ်သိုရာစိုလ်အာရဘီ ၊ ဘေရွတ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၂ ခုနှစ်။
- ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ နဂျဖ် ၊ မသွဗူအသိုလ်အဒါဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ်။
- နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး စောင်ဗသိုလ်ဂျဒီးဒ် ၊ အစလူဗ် ဂျဒီးဒ် ဖီး သဲဟ်လီးလ်အဗ်ဟာစ် ကေသာဗ် ဂျဝါဟေရိုလ်ကလာန်မ် ဝ အရ်ဇဟာ ဗေမန်ဟဂျီယသို မောင်ဇူအီယဟ် ၊ ကွမ်း ၊ ဒါအေသိုလ်မအာရေဖ် အလ်ဖေက်ဟ် အလ်အစ္စလာမ်မီ ၊ သွဗ်ကာလေမဇ်ဟဗ် အဲဟ်လိုလ်ဘိုက်သ် (အ.စ) ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၆ ခုနှစ်။ ခရစ်သက္ကရာဇ် ၂၀၀၅ ခုနှစ်။
- နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ မိုဟကစ်က် ၊ ကူဂျာနီ ၊ အဘာစ် ၊ ပုံနှိပ် - ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ ၇ ကြိမ်မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ခုနှစ်။
- သွဗာသွဗာရီ ယဇ်ဒီ ၊ မိုဟမ္မဒ် ကာဇင်းမ်၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဘေရွတ် ၊ မိုအ်စေစေသိုလ် အအ်လအီးန် လေလ် မသွာဘူအာသ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၉ ခုနှစ်။ ခရစ် သက္ကရာဇ် ၁၉၈၈ခုနှစ်။
- ဖရ်ဟန်ဂ် ဖေက်ဟ် မိုသွာဗစ်က် မဇ်ဟဗ် အဲဟ်လေ့ဘိုက်သ် (အ.စ) သဲဟ်ကီးင် ဝ သာအလီးဖ် မိုအ်စေစေဟ် ဒါအေသိုလ်မအာရေဖ် အလ်ဖေက်ဟ် အလ်အစ္စလာမ်မီ ဗရ် မဇ်ဟဗ် အဲဟ်လေ့ဘိုက်သ် (အ.စ) ၊ ဇီးရေ နဇရ် မဲဟ်မူဒ် ဟာရှင်န်မီ ရှာဟ်ရူဒီ ၊ ကွမ်း ၊ ဒုတိယကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၂ခုနှစ်။