ကဖန်

wikishia မှ

        ကဖန် ဆိုသည်မှာ မွတ်စ်လင်မ် မိုင်ယိသ် ၏ ကိုယ်ခန္ဓာ အား မြေမမြုပ်မီ ပတ်ပေးရသည့် (ထုပ်ပေးရသည့်) အဝတ်အထည် ဖြစ်သည်။ ထိုကဖန်သည် အနည်းဆုံး ပိတ်စ သုံးစ ရှိရပေမည်။ လုံခြည် ၊ အင်္ကျီရှည် နှင့် ခေါင်း မှ ခြေထိ ဖုံးအုပ်သည့် ၀တ်ရုံ တို့ဖြစ်သည်။ ကဖန် ထုပ်ပေးခြင်းကို တစ်ဦးတစ် ယောက်က ပြုလုပ်‌ပေးခြင်းဖြင့် လုံလောက်သွားပေသည်။ တစ်နည်းအားဖြင့် ကဖန် ထုပ်ပေးခြင်းသည် ဝါဂျီဘေ ကိဖာယီး ဖြစ်သည်။ ထိုသို့ ကဖန် ထုပ်ပေးရာ၌ ခိုးယူထားသော ၊ အခွင့် မရှိသော သို့မဟုတ် အညစ် အကြေး (နဂျီစ်)ဖြစ်နေသော အဝတ်ဖြင့် မပြုလုပ်ရပေ။ မိမိ့ အသက်ရှင်နေသည့်အချိန် ကဖန်အား မိမိနှင့်အတူ ဆောင်ထားခြင်းသည် မွတ်သဟဘ် ဖြစ်သည်။

အဓိပ္ပါယ် ဖွင့်ဆိုခြင်း နှင့် ဝါဂျီဘ် ဖြစ်သည့်အရာများ

        ကဖန် ဟူသည် အ၀တ်စ တစ်ခုကို ဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မွတ်စ်လင်မ် မိုင်ယိဒ်၏ ကိုယ်ခန္ဒာအား မြေမမြုပ်မီ ထိုအ၀တ်စဖြင့် ထုပ်ပေးရပမည်။ (1) မွတ်စ်လင်မ် အမျိုးသား သို့မဟုတ် အမျိုးသမီး အား ကဖန် ထုပ်ပေးခြင်း သည် ဝါဂျီဘေ ကိဖာယီး တစ်ဦးတစ်ယာက်မှ ပြုလုပ် ပေး လိုက်ပါက လုံလောက်သွားပေသည်။ (2) ဇနီးသည်၏ ကဖန်ကို ပေးဆောင်ရန်မှာ ခင်ပွန်းသည်တွင် တာဝန်ရှိသည်။ (3) သို့သော် အခြားသူများ၏ ကဖန်ကို ပေးဆောင်ခြင်းသည် ၎င်းတို့၏ ပိုင်ဆိုင်မှုမှ ဖြစ်ပြီး (4) ၎င်း၏ ကဖန်အား ပေးဆောင်ရန် အခြားသူများ၌ ဝါဂျီဘ် တာ၀န် မရှိပေ။ (5)

        ဖိက္ကဟ် ပညာရှင်များ၏ အဆိုအရ မိုင်ယိဒ်၏ ပိုင်ဆိုင်မှုသည် ကဖန် ဝယ်ဖို့ရန်အတွက် မလုံလောက်ပါက ယင်းအား ဇကာသ် မှ ပေးဆောင်နိုင်သည်။ (6) ကဖန်သည် အပိုင်း သုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ (7)

  • (၁) လုံခြည် ၊ ချက် မှ ဒူး အထိ ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ထားရပြီး ရင်ဘတ်မှ ခြေဖဝါးအထိ ရောက်ပါက ပိုကောင်းသည်။ (8)
  • (၂) အင်္ကျီရှည် ၊ ပခုံးမှ ခြေထောက် တစ်ဝက်အထိ ခန္ဓာကိုယ်အနှံ့ ဖုံးအုပ်ထားရမည်။ (9) ခြေဖဝါး အထိ ရောက်ပါက ပိုကောင်းသည်။ (10)
  • (၃) ဝတ်ရုံရှည် ၊ ခန္ဓာကိုယ်တစ်ခုလုံးကို ဦးခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားရပြီး ၎င်း၏ အကျယ်သည် တစ်ဖက်သို့ ထုပ်ပိုးနိုင်လောက်သည့် အထိ ကျယ်ရပေ

မည်။ (11) ] မိုင်ယိဒ်၏ ဦးခေါင်းနှင့် ခြေထောက်များကိုပါ ပိတ်ရလောက်သည့် အထိ ရှည်ခြင်းသည် ပိုကောင်းသည်။ (12)         မိုင်ယိဒ်အား ကဖန် ထုပ်ပေးရာ၌ ခိုးယူထားသော ၊ အခွင့် မရှိသော သို့မဟုတ် အညစ် အကြေး (နဂျီစ်)ဖြစ်နေသော အဝတ်ဖြင့် မပြုလုပ်ရပေ။ ထို့အတူ ပိုးသားစစ်စစ် ဖြင့် ပြုလုပ်ထားသော ကဖန်အဝတ် သို့မဟုတ် တားမြစ်ထားသောသား ကောင်၏ သိုးမွှေး သို့မဟုတ် အမွေးဖြင့် ပြုလုပ်ထားသော ကဖန်အဝတ်ဖြင့် ကဖန်ထုပ်ပေးပိုင်ခွင့် မရှိပေ။ (13)

        မိုင်ယိဒ်အား ကဖန်မထုပ်မီအရင် သို့မဟုတ် ကဖန်ထုပ်နေသည့်အချိန် ၊ ပရုတ်ကို ၎င်းကိုယ်ခန္ဒာရှိ စဂ်ျဒါ ပြုလုပ်သည့်အခါ မြေကြီးဖြင့် ထိတွေ့ရသည့် အစိတ်အပိုင်း ခုနှစ်ခုကို ပွတ်လိမ်း ပေးရမည်။ (14) ဤသို့လုပ်ဆောင်ချက်အား " ဟိုနှုသ် " ဟုခေါ်ဆိုပြီး ပြုလုပ်ဖို့ရန် ဝါဂျီဘ် ဖြစ်သည်။ (15)

မွတ်စ်သဟဘ်များ နှင့် မကရှုဟ်များ

        ကဖန်ကို အသက်ရှင်နေသည့် အချိန် (16) နှင့် ( ဗိုရ်ဒေ ယီမာနီ) ယီမန် နိုင်ငံမှ ထုပ်လုပ်သည့် ပိတ်စဖြင့် ပြုလုပ်ထားသည့် ကဖန်ကို ဆောင်ထားခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ (17) ပိတ်ချောထည်ဖြင့် ပြုလုပ်ထားသည့် ကဖန်သည် မကရူဟ် ဖြစ်သည်။ (18)