နမာဇေသွဝါဖ်

wikishia မှ

နမာဇေသွဝါဖ်(အာရဗီ-نماز طَواف) သည် ဟဂ်ျ နှင့် အွမ်ရာဝါဂျီဘ် ဖြစ်သည့် လုပ်ဆောင်မှုများအနက်မှ တစ်ခုဖြစ်သည်။ ဤနမာဇ်သည် ဖဂျဲရ် နမာဇ်ကဲ့သို နှစ် ရကအသ် နမာဇ် ဖြစ်ပြီး သွဝါဖ် ပြုလုပ်ပြီးနောက် မကာမေအီဗ်ရာဟီးမ် ၏ အနောက်ဘက်၌ ဖတ်ရပေသည်။ နမာဇေသွဝါဖေနေစာအ် နှင့် ဤ နမာဇ်သည် နီယသ် ပြုပုံ၌သာ ကွဲခြားမှု ရှိသည်။

သမိုင်းအကျဉ်း

မကာမေ အီဗ်ရာဟီးမ် အား ကိဗ်လဟ် အဖြစ် သတ်မှတ် ထားရှိခြင်း သည် တမန်တော်အီဗ်ရာဟီးမ်(အစ) နှင့် တမန်တော်အီစ်မာအီးလ် (အစ) ခေတ်ကာလမှ တမန်တော်မြတ်(ဆွ) ခေတ်ကာလအထိ သမိုင်းကြောင်း ရှိခဲ့သည်။ [၁] ထိုအပြင် ကုရ်အာန်ကျမ်းမြတ် သည်လည်း မွတ်စ်လင်မ်များအား ဤ‌ေနရာ (မကာမေ အီဗ်ရာဟီးမ်)၌ နမာဇ် ဖတ်ရွတ်ဖိုရန် ဖိတ်ခေါ်တိုက်တွန်းထားသည်။ [၂]

နမာဇ်ဖတ်ပုံဖတ်နည်း

သွဝါဖေဝါဂျီဘ် ပြုလုပ်ပြီးသည့် အချိန်တိုင်း ဖဂျဲရ် နမာဇ် ကဲ့သို နမာဇေသွဝါဖ် နှစ် ရကအသ် ဖတ်ရပေမည်။ အမျိုးသားများသည် စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ်ကို အသံ ကျယ်ကျယ် ဖတ်ရန် မလိုပေ။ ဤနမာဇ်( နမာဇေသွဝါဖ်)၏ နီယသ် သည် သွဝါဖ်ပြုလုပ်ခြင်း နှင့် သက်ဆိုင်ပေသည်။ ဥပမာဆိုရသော် ဇေယာရသ် သွဝါ ပြုလုပ်ပြီးပါက နမာဇေ သွဝါဖေ ဇေယာရသ် နီယသ်ဖြင့် ဖတ်ရမည်။ သွဝါဖေနေစာအ် ပြုလုပ်ပြီးပါက နမာဇေသွဝါဖေ နေစာအ် နီယသ် ဖြင့် ဖတ်ရမည်။ သွဝါဖ် နှင့် နမာဇ် အကြား အချိန်ကြာကြာ ကွာခြားမှု မရှိရပေ။ [၃]

နမာဇ် ဖတ်မည့်နေရာ

နမာဇေသွဝါ‌ဖေဝါဂျီဘ် အား မကာမေအီဗ်ရာဟီးမ် ၏ အနောက်ဘက် သိုမဟုတ် ၎င်းနေရာနှင့် အနီးအနား၌ ဖတ်ရမည်။ ထိုသို နမာဇ် ဖတ်ရာ၌ အခြားသူများ ပြုလုပ်နေသည့် သွဝါဖ်အား အနှောင့်အယှက်ပေးခြင်းမျိုး မဖြစ်ရပေ။ [၄] ခြွင်းချက်ရှိသော သူများသာလျှင် ဒုတိယ အထပ်၌ သွဝါဖ် ပြုလုပ်နိုင်ပြီး နမာဇ်အား မက်စ်ဂျီဒွလ်ဟရာမ် ၏ ပရ၀န်အတွင်း နှင့် မကာမေအီဗ်ရာဟီးမ်၏ အနောက်ဘက်၌ ဖတ်ရွတ်နိုင်ပေသည် ဟူသော အချက်နှင့် ပတ်သက်ပြီး ကွဲပြားသော ဖသ်ဝါထုတ်ပြန်ချက်များ ရှိပေသည်။ [၅] မွစ်သဟဘ် ဖြစ်သည့် နမာဇေသွဝါဖ် အား မက်စ်ဂျီဒွလ်ဟရာမ် ပရ၀န်၏ မည်သည့်နေရာတွင်မဆို ဖတ်ရွတ်နိုင်ပေသည်။

မှတ်စုများ

  1. طبرسی، مجمع البیان، ۱۳۷۹ق، ج۱، ص۲۰۳.
  2. سوره بقره، آیه ۱۲۵
  3. مناسک حج، مساله ۷۹۰.
  4. مناسک حج، مساله ۷۹۶.
  5. مناسک حج، مساله ۲/۸۰۰

ကျမ်းကိုးမျာ

  • محمودی، محمدرضا، مناسک حج مطابق فتاوای امام خمینی و مراجع معظم تقلید، تهران، مرکز تحقیقات حج
  • بعثه مقام معظم رهبری نشر مشعر، چاپ چهارم، ۱۳۸۷ش.
  • طبرسی‌، الفضل بن حسن، مجمع البیان، بیروت، دار احیاء التراث العربی، ۱۳۷۹ق.