အာယသုလ်ကုရ်စီ

wikishia မှ


အာယသုလ်ကုရ်စီ(အာရဗီ-آيَةُ الْكُرْسى‌) (စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅) ၊ ဤအာယသ်တော်သည် အရှင်မြတ်၏ ဘုန်းအသရေ နှင့် အလှတရားများ ဆိုင်ရာ ဂုဏ်အရည်အချင်း အားလုံး၏ စုစည်းမှု ဖြစ်သည်။ ထိုဂုဏ်အရည်အချင်း၌ အရှင်မြတ်၏ ပင်ကိုယ်ဗီဇ ဂုဏ်အရည်အချင်းများ ဖြစ်သည့် တစ်ပါးတည်းတည်ရှိခြင်း၊ ရှင်သန်ရှင်း ၊ အမှီသဟဲ ကင်းစွာ သီးခြားရပ်တည်ခြင်း၊ ပညာရှိခြင်း နှင့် တတ်စွမ်းနိုင်ခြင်း စသည်တို့ ပါဝင်သည့်အပြင် အရှင်မြတ်၏ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်အရည်အချင်းများ ဖြစ်သည့် စကြာဝဠာအား စိုးပိုင်အုပ်ချုပ်‌ခြင်း နှင့် ရှဖှာအသ် ပေးသနားခြင်း တို့လည်း ပါဝင်ပေသည်။ ဤအာယသ်သည် «وَسِعَ کُرسِیُّهُ السَّمواتِ و الارضَ» ဟူသော စကားစုကြောင့် “အာယသုလ်ကုရ်စီ” ဟူ၍ ကျော်ကြားပေသည်။ အချို့များသည် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၆ နှင့် ၂၅၇ ကိုလည်း အာယသုလ်ကုရ်စီ၏ အစိတ်အပိုင်း ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ သို့သော် အချို့များသည်လည်း ရေဝါယသ်များ နှင့် အာယသုလ်ကုရ်စီ၏ အထောက်အထားများအရ စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ ကိုသာလျင် အာယသုလ်ကုရ်စီ၏ အစိတ်အပိုင်း ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ အာယသုလ်ကုရ်စီ အာယသ်၏ အချက်အလက်များ အာယသ်၏ အမည် အာယသုလ်ကုရ်စီ လာရှိထားသည့် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ ဂျွဇ်အ် (အစောင်)) ၃ အကြောင်းအရာ အချက်အလက် ကျရောက်သည့် အကြောင်းအရင်း မရှိပေ ကျရောက်သည့်နေရာ မဒီနာ အကြောင်းအရာ ယုံကြည်ချက် အကြောက်းအရာ တစ်ပါးတည်း တည်ရှိခြင်း ၊ အမည်များ နှင့် ဂုဏ်အရည်အချင်းများ အခြားအရာများ ကျမ်းတော်မြတ်ကုရ်အာန်၏ အကြီးမြတ်ဆုံးသော အာယသ် သက်ဆိုင်သည့် အာယသ် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၆ နှင့် ၂၅၇ ရေဝါယသ် ကျမ်းကိုးများ၌၊ ဤအာယသ်တော်အတွက်၊ များစွာသော ထူးခြားမှုများ နှင့် မြင့်မြတ်မှုများကို ဖော်ပြထားသည်။ ဥပမာ အချို့ ရေဝါယသ်များတွင် ၊ ဤအာယသ်သည် ကျမ်းတော်မြတ်ကုရ်အာန်၏ အမြင့်မြတ်ဆုံးသော အာယသ်တော် ဖြစ်သည် ဟူ၍ လာရှိထားသည်။ ဤအာယသ်အား အစဉ်အမြဲ ဖတ်ရွတ်ခြင်း၊ အချိန်တိုင်း ဖတ်ရွတ်ခြင်း ၊ အထူးသဖြင့် နမာဇ်ပြီးတိုင်း၊ ဝူဇူလုပ်ပြီးချိန် ၊ အိပ်ယာမဝင်မီ ၊ အိမ်အပြင်သို့ မထွက်မီ ၊ အန္တရာယ်နှင့် ခက်ခဲမှုများဖြင့် ရင်ဆိုင်တွေ့ကြုံရသည့်အချိန်... စသည့်အချိန်တို့၌ ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ အချို့သော မွတ်စ်သဟဘ် နမာဇ်များ ဥပမာ နမာဇေရှက်ဗ် အောင်ဝလ် ကဗ်ရ် ၌ ဤအာယသ်အား ဖတ်ရွတ်သင့်ငည် ဟူ၍လည်း လာရှိထားသည်။

စာသား နှင့် ဘာသာပြန်

စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ ကို «الکرسی» အလ်ကုရ်စီ ဟူသော ဝေါဟာရအရ အာယသုလ်ကုရ်စီ ဟူ၍ ကျော်ကြားပေသည်။ (1) ဤအာယသ်သည် အစ္စလာမ် အစပိုင်း ၊ တမန်တော်မြတ်(ဆွ) နှင့် အေမာမ်((အစ) ) တို့၏ ခေတ်ကာလ၌ပင် အာယသုလ်ကုရ်စီ ဟူ၍ ကျော်ကြားပေသည်ဟု ဆိုထားလေသည်။ (2) အာယသ်၏ စာသား နှင့် ဘာသာပြန်မှာ အောက်ပါအတိုင်း ဖြစ်သည်၊ اَللَّـهُ لَا إِلَـٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ ۚ لَّهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْ‌ضِ ۗ مَن ذَا الَّذِي يَشْفَعُ عِندَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۖ وَلَا يُحِيطُونَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْ‌سِيُّهُ السَّمَاوَاتِ وَالْأَرْ‌ضَ ۖ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ ﴿٢٥٥﴾

لَا إِكْرَ‌اهَ فِي الدِّينِ ۖ قَد تَّبَيَّنَ الرُّ‌شْدُ مِنَ الْغَيِّ ۚ فَمَن يَكْفُرْ‌ بِالطَّاغُوتِ وَيُؤْمِن بِاللَّـهِ فَقَدِ اسْتَمْسَكَ بِالْعُرْ‌وَةِ الْوُثْقَىٰ لَا انفِصَامَ لَهَا ۗ وَاللَّـهُ سَمِيعٌ عَلِيمٌ ﴿٢٥٦﴾
اللَّـهُ وَلِيُّ الَّذِينَ آمَنُوا يُخْرِ‌جُهُم مِّنَ الظُّلُمَاتِ إِلَى النُّورِ‌ ۖ وَالَّذِينَ كَفَرُ‌وا أَوْلِيَاؤُهُمُ الطَّاغُوتُ يُخْرِ‌جُونَهُم مِّنَ النُّورِ‌ إِلَى الظُّلُمَاتِ ۗ أُولَـٰئِكَ أَصْحَابُ النَّارِ‌ ۖ هُمْ فِيهَا خَالِدُونَ ﴿٢٥٧﴾

အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံးကို ဖြစ်တည်ရှင်သန်လှုပ်ရှားစေတော်မူပြီး ယင်းတို့၏ သက် တမ်းတစ်လျှောက်၌ ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များ ကိုလည်း ဖွံဖြိုးစေတော်မူသောအရှင်)၊ အစဉ်အမြဲ ရှင်နေတော်မူသောအရှင်မြတ်၊ (အရာခပ်သိမ်းတို့က ထိုအရှင်ကိုသာ မှီခိုနေရပြီး) ထိုအရှင်မြတ်သည် မည်သည့် အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိ ရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျဉ်းမရှိပေ။ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိတို့အတွက်သာ ဖြစ်သော) ငိုက်မျဉ်းခြင်းနှင့်အိပ်စက်အနားယူခြင်း (ဆိုင်ရာနိယာမ) တို့က (ယင်းတို့၏ အရှင်သခင်ဖြစ်တော်မူသော) ထိုအရှင်အပေါ်၌ မဖိစီး၊ မလွှမ်းမိုး၊ မအပ်စပ်နိုင်ကြချေ။ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အတွင်း၌ ရှိသမျှတို့သည် အရှင့်အချုပ်အခြာအာဏာ၌သာ တည်ရှိနေကြပြီး ထိုအရှင်မြတ်က ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်သည်။ ထိုအရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ (အရှင်မြတ်နှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူများကြားတွင်) အရှင်မြတ်ထံ အဘယ်သူက အခြားသူတို့အတွက် အသနားခံ တောင်းပန်ပေးနိုင်အံ့နည်း။ (အချိန်နှင့်အာကာသစည်းဘောင်ကို ဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် (အချိန်နှင့်အာကာသစည်းဘောင်းအတွင်း၌ နေထိုင်ရသော) သူတို့၏ရှေ့မှောက်နှင့်နောက်ကွယ်တွင်ရှိသော (အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်ဆိုင်ရာ) ထင်ရှားပေါ်လွင်သော အဖြစ်အပျက်အကြောင်းအရာများနှင့်မျက်ကွယ်ရာ၌ရှိသော ကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။ အရှင်မြတ်၏ခွင့်ပြုအမိန့်မရှိလျှင် အရှင့်ဉာဏ်တော် အနန္တမှ မည်သည့်အရာကိုမျှ (အရှင့်အစေခံများဖြစ်ကြသော လူသားတို့က) လွှမ်းခြုံသိနားလည် နိုင်ကြမည် မဟုတ်ပေ။ အရှင့် (ဘုန်းတန်ခိုး၊ ဩဇာအာဏာ၊ နိယာမတော်များနှင့်စည်းစနစ်များဆိုင်ရာ) အာဏာစက်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဝန်းခြုံလွှမ်းမိုးလျှက် ရှိနေလေ၏။ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် အရှင်မြတ်အတွက် အပန်းမကြီး၊ မရိုးမအီပေ။ စင်စစ် ထိုအရှင်မြတ်သည် (တုနှိုင်းမဲ့ ပကတိ ဇာတိတော်အားဖြင့်) အမြင့်မြတ်ဆုံးနှင့်ကြီးကဲမှု အထွဋ်အထိပ်ဆုံး ဖြစ်တော်မူ၏။( (၂၅၅) ဒီန် (သည် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ၌ အတင်းအကျပ်လုပ်စေသည့်နည်းစနစ် (မှိုင်းတိုက်သန့်စင်စေသည့်နည်းစနစ်ဟူ၍) လုံးဝမရှိပေ။ (အရှင်မြတ်ကို အာခံဖီဆန်စေသည့်) လမ်းမှားမှ (အရှင့်လမ်းညွှန်ရရှိမည့်) လမ်းမှန်ကို (သိသိသာသာ ကွဲပြားခြားနားစွာ သိမြင်နိုင်ရန်) ရှင်းလင်းထင်ရှားစွာ ရပ်တည်စေတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ၊ မည်သူမဆို (အရှင့် အစေခံ လူသားများအား ကိုးကွယ်ခြင်းနှင့်လူသားများက တီထွင်ဖန်တီးထားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်စရာအားလုံးကို မယုံကြည် (ငြင်းဆန်) ရုံမျှသာမက အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို သာလျှင် (ဖြူ စင်မြဲမြံစွာ) ယုံကြည်ကြလျှင် ထိုသူသည် (ဘဝတက်လမ်းမှ ပြုတ်မကျရအောင်) အလွန်ခိုင်မြဲပြီး စိတ်ချရသည့်အပြင် မည်သည့်အခါမျှ ကျိုးပျက်မည်မဟုတ်သော လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့လေပြီ။ ဧကန်မုချ၊ အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။( ၂၅၆ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့၏ (စိတ်အချရဆုံးနှင့်အားအကိုးရဆုံး) အုပ်ထိန်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူပြီး သူတို့ကို (အတွေးအခေါ်၊ ဉာဏ်ပညာ၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်နာမ်ရေးရာ လမ်းမှားရောက်မှုနှင့်) အမှောင်ထုများမှ (လောကီနှင့်တမလွန်ဘဝတို့၌ အောင်မြင်မှုအဖြာဖြာ ရရှိစေမည့်အရှင့်လမ်းစဉ်၏) အလင်းရောင်သို့ ဆွဲထုတ်ခေါ်ဆောင်တော်မူ၏။ မယုံကြည် (သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့၏အုပ်ထိန်းသူ (နှင့်အားထားရာ) များမှာ အလင်းရောင်မှ (မိစ္ဆာဒိဌိဆိုင်ရာ) အမှောင်ထုသို့ ဆွဲထုတ်ခေါ်ဆောင်မည့်သူများ (လူသားများက တီထွင်ဖန်တီးထားသော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်စရာများ) ပင် ဖြစ်ကြပြီး ထိုသူတို့သည် ငရဲမီး၏အဖော်များ ဖြစ်ကြသည့်အလျှောက် ငရဲဘုံ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည်။ ၂၅၇

အာယသုလ်ကုရ်စီ သို့အဟုတ် အာယာသုလ်ကုရ်စီ

ရှီအာ သဖ်စီးရ် ပညာရှင်များအကြား ကျော်ကြားသည်မှာ ၊ အာယသုလ်ကုရ်စီ ဟူသည် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ သာလျှင် ဖြစ်သည်။ (3) ကျန်သော အာယသ်နှစ်ခုသည် ၎င်း၏ အစိတ်အပိုင်း မဟုတ်ပေ။ (4) စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် သီဟီရာနီနှင့် သဖ်စီးရ် မီဇာန် ရေးသားသူ အလ္လာမဟ် သွဗာသွဗာယီ တို့၏ အဆိုအရ၊ အာယသုလ်ကုရ်စီ ဟူသည် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ သာလျှင် ဖြစ်ပြီး “ وَهُوَ الْعَلِيُّ الْعَظِيمُ ဟူသော စာသား၌ အဆုံးသတ်သည် ဟူ‌၍ ယုံကြည်ထားသည်။ (5) ရှီအာ ငဖ်စီးရ် ပညာရှင်ဖြစ်သူ မကာရင်မေရှီရာဇီ မှ အာယသုလ်ကုရ်စီ ဟူသည် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၅၅ သာလျှင် ဖြစ်ကြောင်းကို သက်သေ ခြောက်ခုဖြင့် ဖော်ပြထားသည် ။ ၎င်းတို့မှာ၊ ဤအာယသ်၏ မြင့်မြတ်မှု နှင့်ပတ်သက်ပြီး လာရှိထားသော ရေဝါယသ်များ အားလုံးသည် ၊ ဤအာယသ်ကိုသာလျှင် အာယသုလ်ကုရ်စီ ဟူ၍ ဖော်ညွှန်းထားသည်။ ကုရ်စီ ဟူသော အနက်အဒိပ္ပါယ်သည် အာယင်အမှတ် ၂၅၅ ၌သာလျှင် လာရှိထားသည်။ အချို့ရေဝါယသ်များ၌ လာရှိထားသည်မှာ အာယသုလ်ကုရ်စီ သည် စကားလုံးငါးဆယ် ဟုဖော်ပြထားသည်။ အာယသ်အမှတ် ၂၅၅၏ စကားလုံး အရေအတွက်မှာ စကားလုံးငါးဆယ် ဖြသ်သည်။ (6) ၎င်း၏ ရှုထောင့်အရ၊ အခြားသော အာယသ်နှစ်ခုကိုပါ ဖတ်ရန် တိုက်တွန်းထားသည့် ရေဝါယသ်သည် ၊ ထိုအာယသ် နှစ်ခုကို အာယသုလ်ကုရ်စီ၏ အစိတ်အပိုင်း ဖြစ်သည် ဟူ၍ မဖော်ပြထားပေ။ (7) ကျော်ကြားသော ရှုထောင့်နှင့် ဆန့်ကျင်ဘက် ၊ အချို့သူများသည် အချို့ရေဝါယသ်များကို ထောက်ထားခြင်းအားဖြင့် (8) စူရဟ် ‌ဗက္က်ရာ အာယသ်အမှတ် ၂၅၆ နှင့် ၂၅၇ တို့အား အာယသုလ်ကုရ်စီ၏ အစိတ်အပိုင်းအနက်မှ ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ (9) ထိုသို့ရေဝါယသ်များသည် ကျော်ကြားသော‌ ရေဝါယသ်များ ဖြစ်သည့်အတွက် ရှီအာတို့အကြား အာယသုလ်ကုရ်စီ ပြီးနောက် ထိုအာယသ် နှစ်ခုကို ပေါက်းထည့်ခြင်း၏ အကြောင်းပြချက် တစ်ခုအဖြစ် ယူဆထားသည်။ (10) အာယသ်အမှတ် ၂၅၆ နှင့် ၂၅၇ တို့ကို အာယသုလ်ကုရ်စီ၌ ပေါက်းထည့်ရခြင်း၏ အခြား အကြောက်းပြချက် တစ်ခုမှာ ထိုအာယသ် နှစ်ခုသည် အာယသုလ်ကုရ်စီနှင့် နက်နဲသော ဆက်စပ်မှု ရှိသည် ဟူ၍ ယူဆထားသောကြောင့် ဖြစ်သည်။ (11) စိုင်ယိဒ် မုဟမ္မဒ် ကာဇွင်မ် သွဗာသွဗာယီ ယဇ်ဒီ သည် အုက်ဝသုလ်ဝုစ်ကာ၌ လိုင်းလသုလ် ဒဖ်န် နမာဇ်တွင် အာယသုလ်ကာရ်စီအား အာယသ်အမှတ် ၂၅၇ အထိ «هُمْ فِيهَا خَالِدُونَ» ဖတ်ရွတ်ခြင်းကို အေဟ်သေယာသ်ွ ဟူ၍ သတ်မှတ်ထားသည်။ (12)

အလ်ကုရ်စီ ဟူသော ဝေါဟာရ

အလ်ကုရ်စီ ဟူသော ဝေါဟာရအတွက် အနက်အဓိပ္ပါယ် အမျိုးမျိုးကို ဖော်ပြထားသည်။ ၁။ ကုတင် နှင့် အိပ်ယာ ၂။ အမိန့် နှင့် စီမန်ခန့်ခွဲခြင်း၏ နယ်ပယ် ၃။ အမိန့် နှင့် စီမန်ခန့်ခွဲခြင်း၏ အဓိကဌာန ၄။ အသိပညာရှိခြင်း တို့ ဖြစ်သည်။ (13) အာယသုလ်ကုရ်စီ ၌ လာရှိထားသည့် အလ်ကုရ်စီ၏ အနက်အဓိပ္ပါယ်မှာ ၊ အရှင်မြတ်၏ အုပ်ချုပ်မှု ၊ သီးခြားရပ်တည်မှု ၊ လွှမ်းမိူမှု နှင့် စီမန်ခန့်ခွဲမှု တို့ဖြစ်သည်ဟူ၍လည်း ဆိုထားသည်။ (14) ရှီအာတို့၏ အေမာမ်( အစ) များထံမှ လာရှိထားသည့် များစွာသော ရေဝါယသ်များတွင် အာယသုလ်ကုရ်စီ ၌ လာရှိထားသည့် အလ်ကုရ်စီ၏ အနက်အဓိပ္ပါယ်ကို အရှင်မြတ်၏ အသိပညာရှိခြင်း ဟူ၍ ဖွင့်ဆိုထားပြီး အာယသ်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်သည် “ အရှင်မြတ်သည် ၎င်းတို့၏ ရှေ့ဖြစ်လာမည့် အကြောင်းအရာ နှင့် နောင်ဖြစ်လာမည့် အရာများအားလုံးကို သိတော်မူသည်။ ၎င်း၏ အလို‌ေတာ် မှ လွဲပြီး ၎င်း၏ ‘အသိပညာ’ ကို သတိပေးမည် မဟုတ်ပေ။ ကုရ်စီ (၎င်း၏ အသိပညာ)) သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားပေသည်။ “ ဟူ၍ ဖြစ်သည်။ (15) အေမာမ်ဆွာဒီက် (အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ ၊ ကုရ်စီ ဆိုသည်မှာ အရှင်မြတ်၏ သီးခြား အသိပညာ ဖြစ်ပြီး ၎င်း၏ မည့်သည့် တမန်တော်များ ၊ စေတမန်များ နှင့် ဟွဂ္ဂျသ်များ ကိုမှ ထိုအသိပညာ နှင့်ပတ်သက်၍ သတင်းမပေးထားပေ။ (16)

အကြောင်းအရာ

အာယသုလ်ကုရ်စီအား အရှင်မြတ်၏ ဘုန်းအသရေ နှင့် အလှတရားများ ဆိုင်ရာ ဂုဏ်အရည်အချင်း အားလုံး၏ စုစည်းမှု ဖြစ်သည် ဟူ၍ ယူဆထားသည်။ (17) အရှင်မြတ်၏ နာမတော် ၁၆ ခု ဤအာယသ်တော်၌ လာရှိထားသည်။ ထို့အတွက်ကြောင့် အာယသုလ်ကုရ်စီအား ၊ အရှင်မြတ်၏ တစ်ပါးတည်းတည်ရှိခြင်း၏ ကြွေးကြော်ချက် နှင့် သတင်းအချက်အလက် ဖြစ်သည် ဟူ၍ ဖော်ညွှန်းထားသည်။ (18) ဤအာယသ်တော်၌ အရှင်မြတ်၏ ပင်ကိုယ်ဗီဇ ဂုဏ်အရည်အချင်းများ ဖြစ်သည့် တစ်ပါးတည်းတည်ရှိခြင်း၊ ရှင်သန်ရှင်း ၊ အမှီသဟဲ ကင်းစွာ သီးခြားရပ်တည်ခြင်း၊ ပညာရှိခြင်း နှင့် တတ်စွမ်းနိုင်ခြင်း စသည်တို့ ပါဝင်သည့်အပြင် အရှင်မြတ်၏ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်အရည်အချင်းများ ဖြစ်သည့် စကြာဝဠာအား စိုးပိုင်အုပ်ချုပ်‌ခြင်း နှင့် ရှဖှာအသ် ပေးသနားခြင်း တို့လည်း ပါဝင်ပေသည် ဟူ၍ လက်ခံထားကြသည်။ (19) သဖ်စီးရ် ပညာရှင်များသည် ဤအာယသ်၏ ဝေါဟာရများ ဖြစ်ကြသော ဥပမာ အလ်ဟိုင်ယ် ၊ အလ်ကိုင်ယူမ် နှင့် အလ်ကုရ်စီ တို့၏ ခေါင်းစဉ်အောက်၌ အရှင်မြတ်၏ ရှင်သန်မှု ၊ ရှိရှိသမျှသော တည်ရှိမှုများ အားလုံးသည် အရှင်မြတ်နှင့် ဆက်နွယ်ပတ်သက်မှု ရှိခြင်း နှင့် အလ်ကုရ်စီ၏ ဆိုလိုရင်းတို့ကို ကျယ်ပြန့်စွာ ရှင်းလင်းဖော်ပြထားသည်။ (20)

မြင့်မြတ်မှု နှင့် အကျိုးအာနိသင်

စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီး သည် သဖ်စီးရ် မီဇာန်၌ အာယသုလ်ကုရ်စီသည် အရှင်မြတ်၏ တစ်ပါးတည်းသာ တည်ရှိမှု နှင့် ၎င်း၏ သီးခြားရပ်တာ်နိုင်မှု ဆိုင်ရာ အ‌ကြောင်းအရာများ ပါဝင်သည့် အတွက်ကြောင့် မြင့်မြတ်မှုရှိသည် ဟူ၍ ယူဆထားသည်။ (21) တမန်တော်မြတ် ဆွ ထံမှ လာရှိထားသည့် အာယသုလ်ကုရ်စီ၏ မြက့်မြတ်မှုတွင် ၊ အာယသုလ်ကုရ်စီအား အာယသ်များအာလုံး၏ ဦးသျှောင် ၊ ထိုအာယသ်များ အနက် အမြင့်ဆုံးဖြစ်ပြီး လောကီ နှင့် လောကုတ္တရာ တို့၏ ကောင်းကျိုးများအားလုံး ပါဝင်ပေသည်။ (22) အခြားရေဝါယသ် တစ်ခု၌ ကောက်နုတ် ဖော်ပြထားသည်မှာ ၊ ကုရ်အာန် မိန့်ခွန်း၏ သခင်၊ စူရဟ် ဗက္က်ရာ၏ သခင်မှာ အာယသုလ်ကုရ်စီ ဖြသ်သည်။ (23) ဤအာယသ်သည် မွတ်စ်လင်မ်များအတွက် အစဉ်အမြဲ ဂရုပြု အလေးအနက် ထားရသော အာယသ်တော်တစ်ခု ဖြသ်သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ၊ အစ္စလာမ် သာသနာ၏ သွန်သင်ချက်များ နှင့် အသိတရားများသည် တစ်ပါးတည်းတည်ရှိခြင်း အပေါ် အခြေခံပြီး အာယသုလ်ကုရ်စီ၌ ထိုတစ်ပါးတည်းတည်ရှိခြင်းသည် ကျယ်ပြန့်ပြန့် နှင့် ထိထိမိမိ ဖော်ပြထားသည်။ ဤအာယသ်၌ ၊ အရှင်မြတ်၏ ပက်ကိုယ်ဗီဇ ၊ ဂုဏ်အရည်အချင်းများ နှင့် စွမ်းဆောင်မှုများအားလုံးကို ဖော်ညွှန်းထားသည်။ (24) အာယသုလ်ကုရ်စီ အားဖတ်ရွတ်ခြင်း နှင့်ပတ်သက်ပြီး ၊ ရှီအာ (25) နှင့် စွန္နီ (26) တို့၏ ရေဝါယသ်များ၌ လာရှိထားသည်။ အေမာမ်ဆွာဒီက် အစ ထံမှ ကောက်နုတ်ကိုးကာူထားသည်မှာ ၊ မည်သူမဆို ဤအာယသ်ကို တစ်ကြိမ်မျှ ဖတ်ရွတ်ပါက အရှင်မြတ်သည် ဤလောက၏ ဘေးဆိုးပေါင်း တစ်ထောင်၊ ၎င်းအနက် အလွယ်ကူဆုံး ဆင်းရဲမွဲတေမှု၊ နောင်တမလွန်၏ ဆင်းရဲဒုက္ခ တစ်ထောင်၊ ၎င်းအနက် အလွယ်ကူဆုံးနှာ ကဗဲရ်အဇာဘ် တို့ကို ဖယ်ရှားပေးမည် ဖြစ်သည်။ (27) အေမာမ်အလီ (အစ) ထံမှ ကိုးကားထားသည့် ရေဝါယသ်အရ၊ အကယ်၍ မည်သူမဆို မျက်စိနာနေပါက အာယသုလ်ကုရ်စီအား ဖတ်ရွတ်ပါလေ။ ၎င်း၏စိတ်နှလုံးသား နှင့် ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်ချက်ရှိလျှင် အရှင်မြတ်၏ အလိုတော်ရှိဖြင့် ၎င်းသည် ဘေးကင်းမည် ဖြစ်သည်။ (28) လူအများ ယုံကြည်ထားသည်မှာ အာယသုလ်ကုရ်စီအား ဖတ်ရွတ်သည့်အချိန် လက်ကို မျက်စိအပေါ် တင်ထားခြင်းသည် တိကျခိုင်မာသော သက်သေအထောက်အထား မရှိပေ။ သို့သော် جُنَّةُ الاَمانِ الْواقیَة ၌ စိုင်ယိဒ် ဗင်န် သွာဝူးစ်သည် ထိုအရာအား ထောက်ခံသည့် အကြောင်ယအရာတစ်ခုကို ဖော်ပြထားသည်။ (29)

ဖတ်ရွတ်သင့်သည့် အချိန်များ

ရေဝါယသ်များအရ (30) ဤအာယသ်အား အစဉ်အမြဲ ဖတ်ရွတ်ခြင်း၊ အချိန်တိုင်း ဖတ်ရွတ်ခြင်း ၊ အထူးသဖြင့် နမာဇ်ပြီးတိုင်း၊ ဝူဇူလုပ်ပြီးချိန် ၊ အိပ်ယာမဝင်မီ ၊ အိမ်အပြင်သို့ မထွက်မီ ၊ အန္တရာယ်နှင့် ခက်ခဲမှုများဖြင့် ရင်ဆိုင်တွေ့ကြုံရသည့်အချိန် ၊ အစီးအနှင်း စီးငည့်အချိန်၊ မျက်စိနာခြင်းမှ ပျောက်ကင်းရန် နှင့် ကျမ်ူမာရေး ကောင်းမွန်စေရန် တို့၌ ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ (31) အေမာမ်အလီ အစ ထံမှ ကောက်နုတ်ထားသည်မှာ ၊ အကယ်၍ ဤအာယသ်သည် မည်သို့အာယသ် ဖြသ်ကြောင်ူ နှင့် ၎င်း၌ မည်သည့်အရာများ ကိန်း‌ေအာင်းနေသည်ကို သိရှိမည် ဆိုပါက မည်သောအခါမှ ၎င်းကို ဖတ်ရွတ်ခြင်းမှ လက်လွှတ်မည် မဟုတ်ပေ။ (32) ဖက္ကီးဟ် ပညာရှင်များသည် အာယသုလ်ကုရ်စီအား ဝူဇူပြီးနောက် ၊ အိပ်ယာ အနား ၊ ဝါဂျီဘ် နမာဇ်များ ဖတ်ရွတ်ပြီးနောက် ၊ အိပ်မည့်အချိန်၊ ခရီး၌ ..စသည့် အချိန်များတွင် ဖတ်ရွတ်ခြင်းကို မွတ်စ်သဟဘ် ဖြစ်သည် ဟူ၍ လက်ခံထားသည်။ (33) အာယသုလ်ကုရ်စီအား အချို့သော မွတ်စ်သဟဘ် နမာဇ်များ ဥပမာ ဂဒီးရ် ၊ နမဇေ ဝဟ်ရှသ် တို့၌လည်း ဖတ်ရွတ်သင့်သည် ဟူ၍ လာရှိထားသည်။ (34)

ရေးသားထားသည့် စာအုပ်များ

ပညာရှင်များသည် အာယသုလ်ကုရ်စီ နှင့်ပတ်သက်ပြီး စာအုပ်များကို ရေးသားခဲ့ကြသည်။ ဥပမာ အဗ္ဗ်ဒုရ်ရဇာက္က် ကာရှာနီ ၊ ရှမ်စုလ်ဒီးနေ ခုဖ်ရီ နှင့် မုလ္လာဟ်ဆွဒ်ရာ တို့သည် “ အာယသုလ်ကုရ်စီ၏ အလင်းဖွင့်ဆိုခြင်း” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်များကြိ ရေးသားခဲ့သည်။ ထို့အပြင်၊ မုဟမ္မဒ် သကီ ဖလ်စဖီသည် “အာယသုလ်ကုရ်စီ ၊ တစ်ပါးတည်း တည်ရှိမှု၏ ကောင်းကင်ယံမှ သတင်း” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်ရေးသားခဲ့သည်။ ဤစာအုပ်ကို ဟိုစိုင်းန် စူဇ်နချီး မှ အကျဉ်းချုံးပြီး တည်းဖြတ်ထားပြီး ထုတ်ဝေသူအမျိုးမျိုးမှ ထုတ်ဝေခဲ့သည်။ ဖှရ်စီ ကဗျာ၌ အာယသုလ်ကုရ်စီ အာယသုလ်ကုရ်စီ နဗင့်ပတ်သက်ပြီး အကြိမ်များစွာ ကဗျာများ ရေးသားခဲ့ပြီး; ၎င်းနှင့်အတူ အေမာမ်များ၏ အခွင့်အရေးများကို မတရား ရယူ သိမ်းပိုက်ထားသူများ အကြောင်းပါ ‌‌ဖော်ပြထားကြသည်။ (35)