ဂျမာအသ် နမာဇ်

wikishia မှ

ဂျမာအသ် နမာဇ် ဆိုသည်မှာ အဖွဲ့လိုက် ဖတ်ရွတ်ရသော၊ စုပေါင်းဖတ်ရွတ်ရသော နမာဇ် ဖြစ်သည်။ ဂျမာအသ် နမာဇ်ကို အမြင့်မြတ်ဆုံးသော အေဘာဒသ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ဂျမာအသ် နမာဇ်၌ တစ်ဦးတစ်ယောက်သည် အရှေ့ဆုံးတွင် ရပ်ကာ အခြားသူများသည် ၎င်း၏ အနောက် လိုက်ပါဖတ်ရွတ်သော ပုဂ္ဂိုလ်ကို ရှေ့ဆောင် ဂျမာအသ် ဖတ်ရွတ်သူ ဟုခေါ်သည်။ ရှေ့ဆောင် ဂျမာအသ် ဖတ်ရွတ်သူအနောက်မှ ရပ်ပြီး ၎င်းဖတ်ရွတ်သည်များကို လိုက်ပါဖတ်ရွတ်သူအား မအ်မူးမ် ဟုခေါ်ဆိုသည်။ အချို့ ဖီကဟ် ဓမသ္သတ် ပညာရှင်ကြီးများ၏ အဆိုအရ ပထမဦးဆုံးအကြိမ် နမာဇ် ဝါဂျီဘ် ဖြစ်ခြင်းသည် ဂျမာအသ် ပုံစံဖြင့် ဖြစ်သည်။ ထို့နောက် ပထမဦးဆုံး ဂျမာအသ် နမာဇ်ကို တမန်တော်မြတ်(ဆွ) နှင့် အေမာမ်အလီ(အစ) တို့မှ ဖတ်ရွတ်ခဲ့ကြသည်။ ရေဝါယသ်များ၌ ဂျမာအသ် နမာဇ် တစ်ကြိမ်သည် တစ်ဦးခြင်းဖတ်ရသည့် နမာဇ် ၂၅ ကြိန်ထက် ပိုမိုသာလွန်မှု ရှိသည်ဟု လာရှိထားသည်။ ထို့အပြင် ဂျမာအသ် နမာဇ် ဖတ်ရွတ်ရန် အထူးသဖြင့် အနီးတစ်ဝိုက်၌ မက်စ်ဂျီဒ် ရှိပါက ထိုနေရာတွင် ဂျမာအသ် နမာဇ် ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ . ရှီအာအမြင်အရ ၊ ဂျမာအသ် နမာဇ် ၌ ပါ၀င်ခြင်းသည် မွတ်စ်သဟဘ် ဘေ မို၀က္က်သ် ဖြစ်သည်။ သို့သော် ဝါဂျီဘ် နမာဇ်များ ဥပမာ နေ့စဉ် ဖတ်ရွတ်ရသည့် နမာဇ် ငါးကြိမ် ၊ နမာဇေ အာယာသ် ၊ အီးဒ် နမာဇ် နှစ်ခု ၊ နမာဇေ မိုင်ယသ် နှင့် ဂျွမ်အဟ် နမာဇ် များကို ဂျမာအသ် ဖြင့်ဖတ်ရွတ်နိုင်သည်။ ထင်ပေါ်ကျော်ကြားသော ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ မိုးရွာရန် ဖတ်ရွတ်သည့် နမာဇ် (နမာဇေ ဘာရားန်) မှလွဲပြီး အခြား ကျန်ရှိသော မွတ်စ်သဟဘ် နမာဇ်များကို ဂျမာအသ် ဖြင့် ဖတ်ပိုင်ခွင့် မရှိပေ။ အဲဟ်လေစွန္နသ် တို့သည် သရာဝီးဟ် နမာဇ်ကို ဂျမာအသ် ဖြင့် ဖတ်ရွတ်ကြသည်။ သို့သော် ရှီအာများသည် ထိုနမာဇ်ကို ဂျမာအသ်ဖြင့် ဖတ်ရွတ်ခြင်းသည် ဘိဒ်အသ် တရားတော်၌ မရှိသည့်အရာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။

ဝေါဟာရ အနက်အဓိပ္ပါယ် ဂျမာအသ် နမာဇ် ဆိုသည်မှာ ၊ အဖွဲ့လိုက် ဖတ်ရွတ်ရသော၊ စုပေါင်းဖတ်ရွတ်ရသော နမာဇ် ဖြစ်သည်။ ဤနမာဇ် ၌ ရှေ့ဆောင်အေမာမ်သည် ဂျမာအသ်၏ အရှေ့ဆုံး အတန်း၌ မတ်တပ်ရပ်ပြီး မာအ်မူးမ်သည် ၎င်းနောက်မှ လိုက်ပါ ဖတ်ရွတ်ရပေသည်။ ဂျမာအသ် နမာဇ်သည် အနည်းဆုံး လူနှစ်ယောက် ရှိရမည်။ တစ်နည်းအားဖြင့် ဆိုရသော် ရှေ့ဆောင်ဖတ်ပေးမည့် အေမာမ် တစ်ယောက် နှင့် နောက်မှလိုက်ပါ ဖတ်ရွတ်မည့် မအ်မူးမ် တစ်‌ယောက် ရှိရမည် ။ (1)

အရေးပါမှု ဂျမာအသ် နမာဇ်သည် အိစ္စလာမ် သာသနာ၌ အလွန် အလေးပေးတိုက်တွန်းထားသည့် မွတ်စ်သဟဘ် နမာဇ် ဖြစ်သည်။ (2) ရေဝါယသ်များ၌ ၊ အကြောင်းပြချက်မရှိဘဲ ဂျမာအသ် နမာဇ်အား ရှောင်ကြဉ်ခြင်းသည် နမာဇ်ကို လက်မခံရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်ပြီး ၊ ဂျမာအသ် နမာဇ်ကို အလေးအနက် မထားခြင်းသည် အရှင်မြတ်အား အထင်သေးခြင်းပင် ဖြစ်သည်ဟု လာရှိထားသည်။ (3) ကျမ်းမြတ်ကုရ်အာန်၌ ဂျမာအသ် နမာဇ် နှင့်ပတ်သက်ပြီး တိုက်ရိုက် အမိန့် ထုပ်ပြန်မှု မလာရှိထားပေ။ သို့သော် ဖိက္ကဟ် ပညာရှင်ကြီးများသည် «وَ أَقیمُوا الصَّلاةَ وَ آتُوا الزَّکاةَ وَ ارْکعُوا مَعَ الرَّاکعین» (4) ဟူသော အာယသ်တော်၌ ဂျမာအသ် နမာဇ်၏ မြင့်မြတ်မှုကို ဖော်ညွှန်းထားသည်။ (5) အချို့သော ဖိက္ကဟ် ပညာရှင်များသည် ဖော်ပြထားသော အာယသ်တော်၌ လာရှိထားသည့် စုပေါင်း ရူကူအ် ပြုလုပ်ခြင်းကို ဂျမာအသ် နမာဇ်အား ရည်ညွှန်းခြင်း ဖြစ်သည် ဟုလည်း ယူဆထားကြသည်။ (6) ထို့အတူ ရှီအာတို့၏ အချို့ စုစည်းထားသော ဟဒီးစ်များ၌လည်း ဂျမာအသ် နမာဇ်၏ ထူးမြတ်မှု နှင့် ဤနမာဇ်၏ အဟ်ကာမ် ပညတ်တော် ဥပဒေသများ ဟူ၍ သီးသန့် အခန်းငယ်များ လာရှိထားသည်။ (7) အာယသွလ္လာဟ် ဘူရူဂျရ်ဒီ သည်၊ အချို့ ရေဝါယသ်များကို အမှီသဟဲပြုခြင်းဖြင့် ယုံကြည်လက်ခံထားသည်မှာ နမာဇ် သည် အိစ္စလာမ် သာသနာ၌ ပထမဦးဆုံး အကြိမ် ဂျမာအသ် ပုံစံဖြင့် ဝါဂျီဘ် ဖြစ်ခဲ့သည်။ (8) တမန်တော်မြ(ဆွ) ၏ နဗူ၀သ် အစပိုင်း၌ ဂျမာအသ် နမာဇ်သည် တမန်တော်မြတ်၏ ဦးဆောင်မှုဖြင့် ဖတ်ရွတ်ခဲ့ကြပြီး အေမာမ်အလီ(အသ) သည် အမျိုးသား မအ်မူးမ် ဖြစ်ကာ ဟဇရသ်သေ ခတီဂျာ (စအ) (9) သခင်မသည် အမျိုးသမီး မအ်မူးမ် ဖြစ်သည်။ (10) ၎င်းတိုနောက် ဂျအ်ဖဲရ်သွယာရ်သည် ထိုဂျမာအသ် နမာဇ်၌ ပါ၀င်ခဲ့သည်။ (11)

ဥပဒေပြဌာန်းရခြင်း အကြောင်းတရား အေမာမ်ရေဿွာ(အစ) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ်တော်အရ ၊ ဂျမာအသ် နမာဇ်အား ဖတ်ရွတ်ရန် ဥပဒေပြဌာန်းရခြင်း၏ အကြောင်းတရားမှာ အိစ္စလာမ် သာသနာ ပေါ်ထွန်းလာခြင်း ၊ သောင်ဟီးဒ် တစ်ပါးတည်းသော အရှင်အား ခ၀တ်ကိုးကွယ်ခြင်း ပေါ်ထွန်းလာခြင်း နှင့် လူတို အကြား ကိုယ်ကျင့်တရား ရှိစေရန် တို့ ဖြစ်သည်။ (12) အိလက်လုလ်ရှာရာယေ့အ် စာအုပ်၌ အေမာမ်ဆွာဒီက်(အစ) ထံမှ ကောက်နုတ်ဖော်ပြထားသည်မှာ အရှင်မြတ်သည် နမာဇ် ဖတ်သူများ ကို နမာဇ် မဖတ်သူများမှ ခွဲခြားစွာ သိရှိစေရန် ၊ ထို့အပြင် မည်သူသည် နမာဇ် ဖတ်ရမည့် အချန်ကို အလေးအနက်ထား ထိန်းသိမ်းပြီး မည်သည်သူသည် ၎င်းအား အလေးအနက်မထားကာ မျက်နှာလွဲထားကြောင်း ပေါ်လွင်စေရန် ဂျမာအသ် နမာဇ်အား သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့အတူ လာရှိထားသည်မှာ အကယ်၍ ဂျမာအသ် နမာဇ် မရှိခဲ့ပါက တစ်ဦးတစ်ယောက်သည် အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကောင်းမွန်သောသက်သေခံနိုင်ခြင်းမျိုး ရှိမည် မဟုတ်ပေ။ (13)

မြင့်မြတ်မှု ဂျမာအသ် နမာဇ် ဖတ်ရခြင်း၏ အကျိုးစဝါးဘ် နှင့် မြင့်မြတ်မှုများကို ဖော်ပြပေးထားသည်။ တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည်မှာ ဂျမာအသ် နမာဇ်၌ ပါ၀င်သူများ၏ ဦးရေ ပိုများလေ အရှင်မြတ်သည် ပိုမို နှစ်သက်‌လေ ဖြစ်ပြီး (14) ၎င်း၏ အကျိုးစဝါးဘ် သည်လည်း ပိုရလေ ဖြစ်ကြောင်း မိန့်ဆိုထားသည်မှာ ၊ အကယ်၍ မအ်မူးမ် တစ်‌ယောက်တည်း ဖြစ်ပါက နမာဇ်၏ မြင့်မြတ်မှုသည် အကြိမ် ၁၅၀ နှင့် ညီမျှမှု ရှိပြီး ၊ အကယ်၍ မအ်မူးမ် နှစ်ယောက် ရှိလျှင် နမာဇ်၏ မြင့်မြတ်မှုသည် အကြိမ် ၆၀၀ နှင့် ညီမျှမှု ရှိသည်။ ထိုသို့ပင် မအ်မူးမ်သည် ‌ကိုးယောက်ထက် ပိုများပါက ထိုနမာဇ်၏ အကျိုးစဝါးဘ် မည်မျှ များပြားသည်ကို အရှင်မြတ်သာလျှင် သိတော်မူပေမည်။ (15) ထို့အတူ ရေဝါယသ်၌ လာရှိထားသည်မှာ ဂျမာအသ် နမာဇ် တစ်ကြိမ်သည် ဂျမာအသ် မဟုတ်သည့် နမာဇ် ၂၅ ကြိမ်ထက် ပိုမို သာလွန်မှု ရှိပေသည်။ (16) ဂျမာအသ် နမာဇ် တစ်ကြိမ်၏ အကျိုးစဝါးဘ်သည် အိမ်တွင် အနှစ်လေးဆယ် ဖိုရာဒါ နမာဇ် ထက် ပိုမို သာလွန်ပေသည်။ (17) ပညာရှိသော ရှေ့ဆောင် အေမာမ်၏ ဦးဆောင်မှုဖြင့် ဖတ်ရွတ်သည့် ဂျမာအသ် နမာဇ်သည် တမန်တော်မြတ်(ဆွ) ရှေ့ဆောင် အေမာမသ် ဦးဆောင်မှုဖြင့် ဖတ်ရွတ်သည့် ဂျမာအသ် နမာဇ်၏ မြင့်မြတ်မှုနှင့် တန်းတူညီမျှမှု ရှိပေသည်။ (18) ဂျမာအသ် နမာဇ်၏ ကောင်းကျိုးများ ရေဝါယသ်များအရ ၊ ဂျမာအသ် နမာဇ်သည် မိုနာဖီက္က် အရေခြုံခြင်းမှ ကင်းဝေးစေသည့် အကြောင်းရင်းဖြစ်သည်။ (19) အပြစ်များကို ခွင့်လွှတ်စေသည်။ (20) တောင်းဆုဒိုအာများကို ပြည့်စေသည်။ (21) ကေယာမသ် ပြန်လည်ရှင်ထရမည်နေ့၏ ခက်ခဲမှုများကို လွယ်ကူစေပြီး ဂျန္နသ် သုခဘုံ သို့ ၀င်ရောက်စေသည် ။ (22) အရှင်မြတ် နှင့် ကောင်းတင်တမန်များ၏ ကျေနပ်နှစ်သက်မှုကို ရစေသည်။ (23) ထို့အတူ မည်သူမဆို ဂျမာအသ် နမာဇ်၌ ပါ၀င်လာပါက အခြားသူများကို ရှဖာအသ် ပေးနိုင်ပေမည်။ (24) တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည်မှာ နမာဇ်ဖတ်သူသည် ဗလီဘက်သို့ ခြေတစ်လှမ်း လှမ်းတိုင်း ကုသို့လ်ကောင်းမှု တစ်ထောင်ကို ၎င်းအတွက် ရေးသားပေမည်။ ၎င်းသည် ခုနှစ်သောင်း လောက် မြင့်မြတ်သော အရိုက်အရာကို ရရှိပြီး ဤအခြေအနေ၌ ၎င်းသေဆုံးသွားပါက၊ အရှင်မြတ်သည် ကောင်းကင်တမန် ခုနှစ်သောင်း ကို ၎င်း၏ ကဗဲရ်တွင် လာရောက် ဇေယာရသ် လုပ်ရန် အမိန့်ပေးကာ ၎င်း၏ ကဗဲရ်မှ ထမြောက်သည်အထိ ၎င်း၏ ကဗဲရ်တွင် တစ်ယောက်တည်း လွတ်လပ်စွာနေရန် အမိန့်ပေးထားသည်။ (25)

ထို့အပြင် အစ္စလာမ့် လူ့အဖွဲ့အစည်း၏ ဝိသေသလက္ခဏာကို ရှာဖွေခြင်း ၊ အချင်းချင်း ပိုမိုသိရှိနားလည်မှု ရှိလာခြင်း ၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ရှိလာခြင်း ၊ အချင်းချင်း ချစ်ခြင်းမေတ္တာမျိုးစေ့များ စိုက်ပျိုးလာခြင်း၊ မွတ်စ်လင်မ်များကြား ဆက်သွယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ရှလာခြင်းကို ဂျမာအသ် နမာဇ်၏ အကျိုးကျေးဇူးများ အဖြစ် ယူဆထားသည်။ (26)

ဥပဒေသများ ရှီအာဖိက္ကဟ် ပညာရှင်များသည် ၊ ဂျမာအသ် နမာဇ် ၌ပါ၀င်ဖတ်ရွတ်ခြင်းကို အလေးအနက် တိုက်တွန်းထားသည့် မွတ်သဟဘ် ဟုသတ်မှတ်ထားသည်။ (27) ဖဂျဲရ် နမာဇ် ၊ မက်ရီဘ် နမာဇ် နှင့် အီရှာ နမာဇ် တိုအား ဂျမာအသ် ဖြင့် ဖတ်ရွတ်ရန် အလေူအနက် တိုက်တွန်းထားသည်။ (28) ထို့အတူ ဗလီ၏ အနီးအနားတွင် နေထိုင်သူများအတွက် ဂျမာအသ် နမာဇ် ဖတ်ရန် ပိုမို အလေးပေး တိာက်တွန်းထားသည်။ (29) ဂျွမ်အဟ် နမာဇ်သည် ဂျမာအသ် ဖြင့် ဖတ်ရွတ်မှသာလျှင် မှန်ကန်မှု ရှိပေမည်။ (30) ဟန်ဘလီအဖွဲ့၀င်များများ နှင့် အဲဟ်‌လေစွန္နသ် တို့မှ အချို့ ဟန်ဘလီများသည် ဂျမာအသ် နမာဇ်ကို ဝါဂျီဘေ အိန်းနီး ဟုသတ်မှတ်ထားသည်။ (31) ရှာဖေအီမှ အချို့အုပ်စုများ၏ အမြင်အရ ၊ ဂျမာအသ် နမာဇ် သည် အမျိုးသားများအတွက် ခရီးသွားရောက်နေခြင်းမှအပ ဝါဂျီဘေ ကေဖာရီး (တစ်ဦးတစ်ယောက် ဖတ်ရွတ်လိုက်ရုံဖြင့် လုံလောက်သွားခြင်းမျိုး) ဖြစ်‌ပေသည်။ (32)

မွတ်စ်သဟဘ် နမာဇ်များကို ဂျမာအသ် ဖြင့် ဖတ်ရွတ်ခြင်း ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ မိုးရွာရန် ဖတ်ရသည့် နမာဇ် (နမာဇေဘာရားန်) မှလွဲပြီး အခြကျန်ရှိသော မွတ်စ်သဟဘ် နမာဇ်များကို ဂျမာအသ် ဖြင့် ဖတ်ရွတ်ပိုင်ခွင့် မရှိပေ။ (33) သို့သော် အချို့ ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ အေမာမ်ဇမာန်(အဂျ) ကွယ်ပြောက်နေသည့်ကာလ၌ အီးဒ် နှစ်ခု၏ နမာဇ် အား ဂျမာအသ် ဖြင့် ဖတ်ရွတ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ (34) ကျော်ကြားသော ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ အီးဒ် နှစ်ခု၏ နမာဇ် အား ဝါဂျီဘ် ပုံစံမျိုးဖြင့် ဖြစ်စေ ၊ မွတ်စ်သဟဘ် ပုံစံမျိုးဖြင့် ဖြစ်စေ ဂျမာအသ် ဖြင့် ဖတ်ကိုဖတ်ရပေမည်။ (35) ဆွာဟီဘေ ဟဒါအိက္က် သည် ရှီအာ ဖိက္ကဟ် ပညာရှင်အချို့ ဖြစ်ကြသော အဘုဆွလာဟ် ဟလ်ဘီ နှင့် ရှဟီးဒေ အောင် ၀လ် တိုနှင့် သက်ဆိုင်သည့် ဂဒီးရ် နမာဇ်အား ဂျမာအသ် ဖြင့် ဖတ်ခြင်းကို ပြုလုပ်ပိုင်ခွင့် ရှိသည်ဟု သတ်မှတ်ထားပြီး ဘဟ်ရာနီး ကိုယ်တိုင်သည် ဂဒီးရ် နမာဇ်အား ဂျမာအသ်ဖြင့် ဖတ်ခြင်းကို ဟရာမ် တားမြစ်ထားသည့်အရာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (36) သို့သော် အဲဟ်လေစွန္နသ်တို့၏ ဖိက္ကဟ် ပညာရှင်အများစုသည် ၊ မွတ်စ်သဟဘ် နမာဇ်များအားလုံး ကို သရာဝီးဟ် နမာဇ် ကဲ့သို့ ဂျမာအသ် ဖြင့် ဖတ်ပိုင်ခွင့် ရှိသည်ဟု သတ်မှတ်ထားသည်။ (37) မာလီကီများ နှင့် ဟန်နဖီများသည် ၊ ရာမ်ဇာန်လ၏ မွတ်စ်သဟဘ် နမာဇ်မဟုတ်သည့် နမာဇ်များ၌ အချို့ နာဖေလဟ် နမာဇ်များ နှင့် နမာဇေ အာယာသ်ကို ဂျမာအသ်ဖြင့် ဖတ်ရွတ်ခြင်းကို မကရူဟ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (38) ရှီအာ ဖိက္ကဟ် ပညာရှင်များ၏ အမြင်အရ ၊ သရာဝီးဟ် နမာဇ်အား ဂျမာအသ်ဖြင့် ဖတ်ရွတ်ခြင်းသည် ဘိဒ်အသ် တရားတော်၌ မရှိသည့်အရာ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (39)

ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူ၏ ပညတ်ချက်များ အိစ္စလာမ့် ဖိက္ကဟ် ဥပဒေသများအရ ၊ ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူသည် အသိဉာဏ်ရှိသူ (40) ၊ အရွယ်ရောက်ပြီးသူ (41) ၊ မိုအ်မင်န် သက်၀င်ယုံကြည်သူ (42) ၊ နှင့် တရားမျှတသူ (43) ဖြစ်ရမည်။ ထို့အတူ ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူသည် ဟလာလ် လမ်းစဉ်ဖြင့် မွေးဖွားလာသူ ဖြစ်ရမည်။ (44) ထို့အပြင် နမာဇ်၏ ကေရာအသ် နျားကို မှန်ကန်အောင် ဖတ်ရွတ်နိုင်သူ ဖြစ်ရမည်။ (45) အကယ်၍ မအ်မူးမ် များ အားလုံး သို့မဟုတ် အချို့သည် အမျိုးသားများ ဖြစ်ပါက ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူသည် အမျိုးသား ဖြစ်ရမည်။ (46) အဲဟ်လေစွန္နသ် ၏ ‌အနောက်၌ လိုက်ပါ ဖတ်ရွတ်ခြင်း ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူ၏ ပညတ်ချက်များ အနက်မှ အချို့မှာ မိုအ်မင်န် သက်၀င်ယုံကြည် ဖြစ်ရမည် ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ ၁၂ပါး အေမာမ်များကို ယုံကြည်လက်ခံသော ရှီအာ အေမာမီယဟ် ဖြစ်ရမည်။ (47) ထို့ကြောင့် ရှီအာ ဖိက္ကဟ် ပညာရှင်များသည် စွန္နီ ဂျမာအသ် ဦးဆောင်ဖတ်ရွတ်ပေးသူ၏ နောက်၌ လိုက်ပါဖတ်ရွတ်သူမှာ ရှီအာ မအ်မူးမ်ဖြစ်ပါက ရေဝါယသ်များကို အမှီသဟဲ ပြုခြင်းအားဖြင့် (48) ယင်းနမာဇ်သည် မှန်ကန်မှု မရှိပေ။ (49) သို့သော် အဟ်လေစွန္နသ် ၏ ‌အနောက်၌ လိုက်ပါ ဖတ်ရွတ်ခြင်းသည် သီးခြား အခြေအနေ တစ်ခု၌ ဖြစ်ပါက ၊ ဥပမာ သကီယဟ်ကြောင့် ဖြစ်ပါက ထိုအချက်နှင့် ပတ်သက်ပြီး ကွဲပြားသော အဆိုအမျိုးမျိုး ရှိပေသည်။ အေမာမ်ခိုမိန်းနီ နှင့် အခြားသူများ သည် အဟ်လေစွန္နသ် ၏ ‌အနောက်၌ လိုက်ပါ ဖတ်ရွတ်ခြင်းကို မည်သည့်ပြဿနာမှ မရှိပေဟု သတ်မှတ်ထားသည်။ (50) အချို့သူများသည် ၊ နမာဇ်အား လိုက်ကြော့၍ ဖတ်ခြင်း ၊ သို့မဟုတ် ‌နောက်မှ လိုက်ပါ မဖတ်ရွတ်ခြင်း ၊ စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် အား လိုက်ပါ မဖတ်ရွတ်ခြင်းကို ဂျမာအသ်နမာဇ်၏ ပညတ်ချက်ဟု သတ်မှတ်ထားသည်။ (51) ဤကွဲပြားချက်သည် ဒုတိယ ပညတ်ချက်များတွင် ရေဝါယသ်များ၏ ပဋိပက္ခကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။ (52) ဂျမာအသ် နမာဇ်၌ အမျိုးသမီးများ ပါ၀င်ခြင်း အချို့ ရေဝါယသ်များအရ ၊ အမျိုးသမီးများသည် မိမိတြိ့၏ အိမ်၌ နမာဇ် ဖတ်ရွတ်ခြင်းသည် ဗလီ၌ နမာဇ် ဖတ်ရွတ်ခြင်းထက် ပိုမိုသာလွန်မြင့်မြတ်မှု ရှိပေသည်။ ဤရေဝါယသ်၌ ၊ အမျိုးသမီးများအတွက် အကောင်းဆုံးသော ဗလီမှာ ၎င်းတို့၏ အိမ်ဖြစ်သည်။ (53) အိမ်၌ ဖတ်ရွတ်သော အမျိုးသမီး၏ ဖိုရာဒါ နမာဇ်၏ အကျိုးစဝါးဘ် သည် ဂျမာအသ် ဖြင့် ဖတ်ရွတ်သည့် အကျိုးစဝါးဘ် နှင့် တန်းတူညီမျှမှု ရှိသည်ဟု သတ်မှတ်ထားသည်။ (54) ရှီအာ ဖိက္ကဟ် ပညာရှင် အချို့သည် ၊ ဤရေဝါယသ်ကို ထောက်ထားခြင်းအားဖြင့်၊ အမျိုးသမီးများသည် အိမ်၌ ဖိုရာဒါ နမာဇ် ဖတ်ရွတ်ခြင်းကို ဗလီ၌ ၌ဖတ်ရွတ်ခြင်းထက် ပိုမိုသာလွန်သည် ဟု မှတ်ယူထားသည်။ (55) အချို့ ဖိက္ကဟ် ပညာရှင်များသည် ၊ ဤရေဝါယသ်ကို သီးခြားပညတ်ချက်တစ်ခုနှင့် ဆက်စပ်မှုရှိသည် သတ်မှတ်ထားပြီး အမျိုးသမီးမျသည် ဗလီ၌ ဟေဂျာဘ်၀တ်ဆင်လျက် နမာဇ် ဖတ်ခြင်းကို ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ထားသည်။ (56) ဤအုပ်စုသည် တမန်တော်မြတ်(ဆွ) ဦးဆောင်သည့် ဂျမာအသ် နမာဇ် ၌ အမျိုးသမီးများပါ၀င်သည့် ရေဝါယသ် တစ်ခုကိုထောက်ထား၍ ပြောဆိုထားခြင်း ဖြစ်သည်။ (57)

အခြားပညတ်တော်များ မအ်မူးမ်သည် ပထမ နှင့် ဒုတိယ ရကအသ် များ၌ စူရဟ် ဟမ်ဒ် နှင့် အခြားစူရဟ် မှလွဲပြီး ၊ ကျန်ကှိသော နမာဇ်၏ ဇီကီရ်များကို မိမိကိုယ်တိုင် ဖတ်ရွတ်ရမည်။ (58) မအ်မူးမ်သည် နမာဇ်၏ လုပ်ဆောင်ချက်များ အားလုံးကို ရှေ့ဆောင်ဖတ်ရွတ်ပေးသူ အေမာမ်လုပ်ဆောင်သည့်အတိုင်း လိုက်လံလုပ်ဆောင်ရမည်။ နမာဇ်၏ မည်သည့် မဏ္ဌိုင်ကိုမှ ရှေ့ဆောင်အေမာမ် မတိုင်ခင် မပြုလုပ်ရပေ။ (59) ဂျမာအသ် ရှေ့ဆောင် ဖတ်ရွတ်ပေးသူ၏ နေရာသည် ၎င်းအနောက်၌ လိုပ်ပါဖတ်ရွတ်သူ မအ်မူးမ် တို့၏ နေရာထက် ပိုမမြင့်ရပေ။ (60) ထို့ကြောင့် ယေဘူယျအားဖြင့် ဗလီများတွင် မဟ်ရာဘ် နေရာကို နှိမ့်နိာင်သလောက် နှိမ့်အောင် တည်ဆောက်ထားကြသည်။ (61) အေမာမ် နှင့် မအ်မူးမ် အကြား ၊ ထို့အတူ နမာဇ်တန်းများ အကြား မည်သည့် အတားအစီးမျိုးမှ မရှိရပေ။ ဥပမာ လိုက်ကာ သို့မဟုတ် နံရံ။ သို‌ေသာ် အမျိုးသားတန်း နှင့် အမျိုးသမီးတန်းတို အကြား လိုက်ကာတို ခြားထားခြင်းသည် ချွင်းချက်အဖြစ် ထားရှိထားသည်။ (62) ဂျမာအသ်နမာဇ် ၌ အစဉ်အမြဲ ရှေ့ဆောက်ဖတ်ရွတ်ပေးသော အေမာမ်သည် အခြားသူများထက် ပိုမိုသာလွန်မှု ရှိပေသည်။ (63) ဂျမာအသ် နမာဇ်၌ နောက်တွင် လိုက်ပါဖတ်ရွတ်ကြသော မအ်မူးမ်များ အားလုံးသည် အမျိုးသမီးဖြစ်မှသာလျှင် ရှေ့ဆောင်ဂျမာအသ် ဖတ်ပေးသူသည်လည်း အမျိုးသမီး ဖြစ်လိုရပေသည်။ (64)

ဂျမာအသ် နမာဇ်၏ ဓလေ့ထုံးတမ်းများ ဂျမာအသ် နမာဇ်သည် အာဒါဘ် ဓလေ့ထုံးတမ်းများ ၊ မွတ်စ်သဟဘ်များ ၊ နှင့် မကရူဟ်များ ရှိပေသည်။ ၎င်း၏ အချို့ မွတ်စ်သဟဘ် ဖြစ်သည့် အရာများမှာ - နမာဇ်၏ ပထမ လိုင်း၌ သက္ကဝါရှိသူများ နှင့် ပညာရှိသူများ ရှိနေခြင်း (65) မအ်မူးမ်သည် ရှေ့ဆောင်ဖတ်ရွတ်ပေးသူ အေမာမ်၏ ညာဘက်အခြမ်း၌ မတ်တပ်ရပ်ခြင်း (66) လိုက်ပါဖတ်ရွတ်ကြသော မအ်မူးမ်များ၏ အခြေအနေကို သိနားလည်ခြင်း ထို့အတူ ရှေ့ဆောင်အေမာမ်သည် နမာဇ်ကို အချိန်ကြာကြာ ဆွဲပြီး မဖတ်ရွတ်ခြင်း သို့သော် မအ်မူးမ်များ အားလုံးသည် နမာဇ်ကို အချိန်ကြာကြာဆွဲဖတ်ခြင်ယကို ကြိုက်နှစ်သက်သည်ဟု သိထားပါက ကိစ္စမရှိပေ။ (67) မအ်မူးမ် များသည် قد قامت الصلاة "ကက်ဒ်ကာမသိ(ဆ်ွ)ဆွလာဟ် " ဟူသော အသံကို ကြားသည့်အခါ မတ်တပ်ရပ်ခြင်း (68) စယရဟ် ဟမ်ဒ် ဖတ်ရွတ်ပြီးနောက် မအ်မူးမ်ဘက်မှ «الحمدلله رب العالمین» အား ဖတ်ရွတ်ခြင်း (69) ဂျမာအသ် နမာဇ်၏ အချို့ မက္ကရူဟ် ဖြစ်သည့်အရာများမှာ- မအ်မူးမ်သည် အခြာသူများနှင့် အတူ မတ်တပ်မရပ်ဘဲ မိမိတစ်ကိုယ်တည်း လိုင်တစ်ခုထဲ၌ မတ်တပ်ရပ်ခြင်း၊ "ကက်ဒ်ကာမသိ(ဆ်ွ)ဆွလာဟ် " ပြီးနောက် နာဖေလဟ် နမာဇ်ဖတ်ခြင်း ခရီးသွားသူ၏ နောက်၌ လိုက်ပါဖတ်ရွတ်ခြင်း သို့မဟုတ် လေးရကအသ် နမာဇ်များ၌ နာဖေလဟ် နမာဇ်ဖတ်ခြင်း (70) ရှေ့ဆောင်အေမာမ် ကြားရလောက်သည့်အထိ နမာဇ်၏ ဇီကီရ်များကို မအ်မူးမ်ဘက်မှ အသံကြယ်ကြယ်ဖြင့် ဖတ်ရွတ်ခြင်း (71) အာဇာန်ပေးသူသည် "ကက်ဒ်ကာမသိ(ဆ်ွ)ဆွလာဟ် " ဆိုပြီးနောက် စကားပြောခြင်း(72)

စာအုပ်များ ဖိက္ကဟ် ပညာရှင်များသည် ၊ အ(ဆ်ွ)ဆွလာဟ် ဟူသော မိမိတို့၏ ဖိက္က်ဟီး စာအုပ်များ၌ ဂျမာအသ် နမာဇ်၏ အကျိုးကျေးဇူးများ ၊ အဟ်ကာမ် ဥပဒေသများ နှင့် ပတ်သက်ပြီး မိန့်ဆိုထားကြသည်။ (73) ထို့အတူ ဂျမာအသ် နမာဇ် နှင့်ပတ်သက်ပြီး စာအုပ်များကို ရေးသားပြုစုခဲ့ကြသည်။ ထိုစာအုပ်များ အနက်မှ အချို့မှာ - ရေစာလဟ် ဆွာလာသွလ် ဂျမာအဟ် ၊ အာရဗီစကား ၊ မိုဟမ္မဒ် ဟိုစိုင်းန်(ဟီဂျရီ၁၂၉၆ - ၁၃၆၁) ၎င်းသည် ဟီဂျရီ လေးရာစု၏ ရှီအာဖိက္ကဟ် ပညာရှင်တစ်ဦးဖြစ်သည်။ ဤရေစာလေဟ် ၌ ဂျမာအသ် နမာဇ်၏ အဲဟ်ကာမ် ဥပဒေသများ ၊ ဂျမာအသ် နမာဇ်၏ ဝါဂျီဘ်၊ မွတ်စ်သဟဘ် နှင့် ဟရာမ် ဖြစ်သည့် အရာများကို ဖော်ပြပေးထားသည်။ အိစ္စလာမီယေကွမ်းမှ ထုပ်ဝေထားပြီး ဟီဂျရီ ၁၄၀၉ ခုနှစ်၌ ၌ရေစာလေဟ်ကို " ဘိုဟူးစို ဖီလ် ဖိက္ကဟ် ဝါ ဟီယ။ ဘိုဟူးစို ဖီ ဆွာလာသွလ်ဂျမာအဟ် ၀လ် မိုစာဖီရ် ၀လ် အိဂျာရဟ် " ဟူသော ခေါင်းစဉ်ဖြင့် ထုပ်ဝေခဲ့သည်။ (74) နက်ဘ်ဇသု ဟောင်လ် ဆွလာသုလ် ဂျမာအဟ် စာအုပ် ၊ စိုင်ယိဒ် မိုဟမ္မဒ် သက္ကီ ရှာဟ်ရွက်ခီ ခိုရမ် အာဘာဒီသည် ဤစာအုပ်၏ အကြောင်းအရာများကို အာယသွလ္လာဟ် ဘူရူဂျက်ဒီ ရေးသားထားသည့် အရာများမှ ပြန်လည်ရယူထားပြီး နဆွာယေဟ် ပဒနှိပ်တိုက်မှ ထုပ်ဝေခဲ့သည်။ ဤစာအုပ်၌ ဂျမာအသ် နမာဇ် မှန်ကန်ဖိုရန် ရှိရမည့် ပညတ်ချက်များ ၊ ဂျမာအသ် အား အလေးထားခြင်း ၊ ဂျမာအသ်၏ အဲဟ်ကာမ် ဥပဒေသများ ၊ ရှေ့ဆောင်အေမာမ်၏ ပညတ်ချက်များ ၊ နှင့် အဲဟ်လေစွန္နသ် ၏အနောက်၌ လိုက်ပါဖတ်ရွတ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဖော်ပြပေးထားသည်။ (75) နမာဇေ ဂျမာအသ် ဝါ ဘရ်ကာသေအောန် စာအုပ် ၊ ယင်းစာအုပ်ကို မိုဟမ္မဒ် အိစ်မာအီးလ် နူရီး သည် ဖာရ်စီ စာကားဖြင့် ရေးသားထားသည်။ ဤစာအုပ်၏ အကြောင်းအရာများမှာ ကျမ်းမြတ်ကာရ်အာန်၌ ဂျမာအသ် နမာဇ် အကြောင်း၊ ဂျမာအသ် နမာဇ်ကို ရှောင်ကြဉ်သည့်အတွက် ရှုတ်ချခြင်း၊ ဂျမာအသ် နမာဇ်၏ ပညတ်ချက်များ နှင့် အဲဟ်ကာမ် ဥပဒေသများ ဖြစ်သည်။ ဘူစ်သာနေကေသာဘ် ပုံနှိပ်တိုက်မှ ဤစာအုပ်ကို လေးကြိမ်မြောက် ထုပ်ဝေခဲ့သည်။ (76)