မိုဝါလာသ်

wikishia မှ

မိုဝါလာသ်(အစိတ်အပိုင်း နှစ်ခုအကြား အဆက်မပျက် ဆက်တိုက်ပြုလုပ်ခြင်း) အလုပ်တစ်ခု၏ အစိတ်အပိုင်းများအကြား အချိန်အကွာအဝေး မထားရခြင်း ၊ ဆက်တိုက်ပြုလုပ်ရခြင်း ဖြစ်သည်။ ဝူဇူပြုလုပ်ရာ၌ ၊ နမာဇ်ဖတ်ရာ၌ ဤ မိုဝါလာသ် ကို လိုက်နာခြင်းသည် ထိုအရာများကို မှန်ကန် စေသည့် ပညတ်ချက်များ အနက်မှ တစ်ခု ဖြစ်သည်။ သိုသော် ဂိုစူလ် ပြုလုပ်ရာ၌ မိုဝါလာသ် ကို လိုက်ဖိုရန် ဝါဂျီဘ် မဟုတ်ပေ။ အချို ဖီကဟ်ပညာရှင်များ သည် ဘာသာရေးစာချုပ်များ၏ အစိတ်အပိုင်းနှစ်ခု ဖြစ်သည့် တောင်းဆိုမှု နှင့် လက်ခံမှု တိုပါရှိသော အစိတ်အပိုင်းများအကြား မိုဝါလာသ် ကို လိုက်နာရန် လိုအပ်သည် ဟု သတ်မှတ်ထားကြသည်။ မိုဝါလာသ် ကို လိုက်နာခြင်း ၏ စံနှုန်းမှာ လူအများက လက်ခံထင်မြင်ယူဆမှု ပင် ဖြစ်သည်။

ဝေါဟာရအနက်အဓိပ္ပါယ်

မိုဝါလာသ် ဆိုသည်မှာ အရာနှစ်ခု အဆက်မပျက် ဆက်ဆက်တိုက်ဖြစ်နေခြင်း ကို ခေါ်ဆိုသည်။[၁] ဖီကဟ် ဥပဒေပညာရပ်၏ ဝေါဟာရ အသုံးအနှုန်း၌ အေဘာဒသ် ၀တ်ပြုမှု အစိတ်အပိုင်းများကို ဆက်တိုက်ပြုလုပ်ခြင်း ဟုခေါ်ဆိုသည်။[၂] ဖီကဟ် ဥပဒေပညာရှင်များသည် မိုဝါလာသ်၏ စံနှုန်းများကို လူအများက လက်ခံထင်မြင်ယူဆမှုပင် ဖြစ်သည်ဟု သတ်မှတ်ထားသည်။[၃]

မိုဝါလာသ်ကို လိုက်နာရန် ဝါဂျီဘ်ဖြစ်သည့် အရာများ

မိုဝါလာသ်ကို လိုက်နာခြင်းသည် အချိုသော အေဘာဒသ် ကိုးကွယ်၀တ်ပြုမှု၏ မှန်ကန်ဖိုအတွက် သတ်မှတ်ချက်များအနက်မှ တစ်ခုဖြစ်သည် ။ ဥပမာ နမာဇ် : နမာဇ်၏ အစိတ်အပိုင်းများဖြစ်ကြသော ကေရာအသ်ရူကူအ်စဂ်ျဒါ စသည်တိုအား တစ်ခုနှင့်တစ်ခု ကွာခြားမှုမရှိ ဆက်တိုက်ပြုလုပ်ရမည်။ လူတို ၏ထင်မြင်ယူဆချက်တွင် မိုဝါလာသ် အား မလိုက်နာဘူးဟု ဆိုလိုက်ပါက ထိုဖတ်ရွတ်နေသော နမာဇ်သည် ပျက်ပြားသွားပေမည်။[၄] သိုသော် ရူကူအ် နှင့် စဂ်ျဒါတိုအား အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်း သိုမဟုတ် ရှည်လျားသော စူရဟ်များကို ဖတ်ရွတ်ခြင်း စသည်တိုသည် မိုဝါလာသ်အား မပျက်ပြားစေပေ။[၅]

ဝူဇူ : ဝူဇူပြုလုပ်ရာ၌ ဝူဇူပြုလုပ်မည့် အစိတ်အပိုင်းများကို ဆေးကြေားခြင်း နှင့် မက်စ်(ဟ်) ပွတ်သပ်ခြင်း တိုအကြား အကွာခြားရပေ။ ဆိုလိုသည်မှာ ဝူဇူပြုလုပ်မည့် အစိတ်အပိုင်းများကို ဆေးကြေားသည့်အခါ သိုမဟုတ် မက်စ်(ဟ်) ပွတ်သပ်သည့်အခါ ယခင် ပြုလုပ်ပြီးဖြစ်သော အစိတ်အပိုင်း၏ အစိုဓာတ် ခန်းခြောက်သွားခြင်းမျိုး ဖြစ်သည်။[၆] အာဇာန် နှင့် အကာမဟ် : ရှီအာဖီကဟ် ဥပဒေပညာရှင်များ၏ ဖသ်ဝါအရ အာဇာန် နှင့် အကာမဟ် ၏မှန်ကန်မှုအတွက်အခြေအနေများ အနက်မှ တစ်ခုမှာ ၎င်းစာပိုဒ်များအကြား မိုဝါလာသ် ကို လိုက်နာခြင်းပင် ဖြစ်သည်။[၇]

ဘာသာရေး စာချုပ်များ- ဖီကဟ် ဥပဒေပညာရှင်အချို၏ ဖသ်ဝါ အရ၊ ဘာသာရေးစာချုပ်များ၏ အစိတ်အပိုင်းများအကြား မိုဝါလာသ် ကို လိုက်နာရန် လိုအပ်ပါသည်။ ဥပမာ အစိတ်အပိုင်းနှစ်ခု ဖြစ်သည့် တောင်းဆိုမှု နှင့် လက်ခံမှု တိုပါရှိသော အရောင်းအ၀ယ် နှင့် လက်ထပ်ထိမ်းမြားခြင်း ကဲ့သိုသော အရာများသည် နှစ်ဦးနှစ်ဖက်စလုံး၏ သဘောတူညီချက်ကို အထူး၀န်ခံချက်များဖြင့် လုပ်ဆောင်ရ ပေသည်။[၈]

ဂိုစိူလ် ပြုလုပ်ရာ၌ မွတ်သဟဘ် ဖြစ်ခြင်း

ဖီးဇ်ကာရှာနီး၏ အဆိုအရ အေမာမီယဟ် ဖီကဟ် ဥပဒေပညာရှင်များ၏ ဖသ်ဝါအရ ဂိုစူလ် ပြုလုပ်ရာ၌ မိုဝါလာသ် အား လိုက်နာခြင်းမှာ ဝါဂျီဘ် မဟုတ်ပေ။[၉] သိုသော် ဂိုစူလ် ပြုလုပ်ရာ၌ မိုဝါလာသ် အား လိုက်နာခြင်းသည် မွစ်သဟဘ် ဖြစ်သည်ဟု သတ်မှတ်ထားလေသည်။[၁၀]

အောက်ခြေ မှတ်စုများ

  1. Ibn Manẓūr, Lisān al-ʿArab, vol. 15, p. 412, under the word "Wali".
  2. Baṣmajī, Muʿjam muṣṭalaḥāt al-fāz al-fiqh al-Islāmī, p. 556.
  3. Mishkinī, Muṣṭalaḥāt al-fiqh, p. 518.
  4. Kāshif al-Ghitāʾ, Suʾāl wa jawāb, p. 76; Banīhāshimī Khomeinī, Tawḍīḥ al-masāʾil-i marajiʿ, vol. 1, p. 602, issue 1114.
  5. Banīhāshimī Khomeinī, Tawḍīḥ al-masāʾil-i marajiʿ, vol. 1, p. 603, issue 1116.
  6. Banīhāshimī Khomeinī, Tawḍīḥ al-masāʾil-i marajiʿ, vol. 1, p. 173, issue 283-284.
  7. Ṭabāṭabāʾī Yazdī, al-ʿUrwat al-wuthqā, vol. 2, p. 425.
  8. Sheikh Anṣārī, Kitāb Makāsib wa al-bayʿ wa al-khiyārāt, vol. 3, p. 157-161.
  9. Fayḍ al-Kāshānī, Muʿtaṣam al-shīʿa fī aḥkām al-sharīʿa, vol. 1, p. 423.
  10. Fayḍ al-Kāshānī, Muʿtaṣam al-shīʿa fī aḥkām al-sharīʿa, vol. 1, p. 423.

ကျမ်းကိုးများ

  • Baṣmajī, Sāʾir. Muʿjam muṣṭalaḥāt al-fāz al-fiqh al-Islāmī. Damascus: Ṣafaḥāt li-Dirasāt al-Nashr, 2009.
  • Banīhāshimī Khomeinī, Sayyid Muḥammad Ḥasan. Tawḍīḥ al-masāʾil-i marajiʿ. Tehran: Daftar-i Intishārāt-i Islāmī affiliated to Jāmiʿa-yi Mudarrisīn-i Ḥawza-yi ʿIlmīyya-yi Qom, 1383 Sh.
  • Fayḍ al-Kāshānī, Mullā Muḥsin. Muʿtaṣam al-shīʿa fī aḥkām al-sharīʿa. Tehran: Madrasa Ālī Shahīd Muṭaharī, 1429 AH.
  • Ibn Manẓūr, Muḥammad b. Mukarram. Lisān al-ʿArab. Edited by Aḥmad Fāris. Beirut: Dār al-Fikr li-Ṭibāʿa, 1414 AH.
  • Kāshif al-Ghitāʾ, Muḥammad Ḥusayn. Suʾāl wa jawāb. Muʾassisa Kāshif al-Ghitāʾ, [n.d].
  • Mishkinī, ʿAlī. Muṣṭalaḥāt al-fiqh. Qom: Dār al-Ḥadīth, 1428 AH.
  • Sheikh Anṣārī, Murtaḍā b. Muḥammad Amīn. Kitāb Makāsib wa al-bayʿ wa al-khiyārāt. Qom: Kungira-yi Jahānī Buzurgdāsht-i Sheikh Aʿzam Anṣārī, 1415 AH.