အမီးရွလ်မိုအ်မေနီးန်

wikishia မှ
 ထိုရေးသားမှုသည် အမီးရွလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ် နှင့်ပတ်သက်ပြီး ရေးသားထားခြင်းဖြစ်သည်။ ထိုဂုဏ်ပုဒ်သည် ရှီအာများ၏ ပထမအေမာမ် အတွက်သာလျှင်ဖြစ်သည်။

အမီးရွလ်မိုအ်မေနီးန် (အာရဗီ-اَمیرُالمؤمِنین)ဟူသော ဂုဏ်ပုဒ်သည် ရှီအာများ၏ ယုံကြည်ချက်အရ အေမာမ်အလီ(အစ) နှင့်သာသက်ဆိုင်မှုရှိပေသည်။ ရှီအာများသည် ဤဂုဏ်ပုဒ်ကို အခြားသောမအ်စူမ်အေမာမ်များအတွက် အသုံးမပြုပေ။ ရှီအာများ၏ ယုံကြည်ချက်အရ ဤဂုဏ်ပုဒ်သည် ပထမဦးဆုံးအကြိမ် တမန်တော်မြတ်ကြီး(ဆွ)ခေတ်ကာလ၌ အေမာမ်အလီ(အစ)အတွက် အသုံးပြုခဲ့သည်။ထိုအတူ ၅ရာစု ရှီအာပညာရှင်ဖြစ်သူ ရှီးခ်မိုဖီးဒ် ပြောသည်မှာ တမန်တော်မြတ်ကြီး(ဆွ)သည် ဂဒီးရ်အြဖစ်အပျက်၌ အေမာမ်အလီ(အစ)အား မိမိ၏ကိုယ်စားလှယ်တော်၊မွတ်စ်လင်မ်များ၏မောင်ဝ်လာ(ခေါင်းဆောင်) အဖြစ် မိတ်ဆက်ပေးခဲ့သည်။ထိုနောက် အမီးရွလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ်ဖြင့် အေမာမ်အလီ(အစ)ကို စလာမ်မေတ္တာပိုသရန် လူတိုင်းကို မိန့်ဆိုခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး စလ်မဟ်(တမန်တော်မြတ်၏ဇနီး) နှင့် အနက်စ်ဗင်န်မာလီက် တိုထံမှ အမီးရွလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ်ကို တမန်တော်မြတ်ကြီး အသက်ရှင်နေသည့် ကာလတစ်လျှောက်၌ အေမာမ်အလီ(အစ)အတွက်သာ အသုံးပြုခဲ့သည်ဟု ကောက်နုတ်ထားသည်။ သိုသော် အဲဟ်လေစွန္နသ်၏ သမိုင်းသာတေသီ အိဗ်နေခလက်ဒူးန်(ဟီဂျရီ၈၀၈၌ကွယ်လွန်)သည် ဤ ဂုဏ်ပုဒ်အား ပထမဦးဆုံးအကြိမ် အွမ္မရ်ဗင်န်ခသွာဘ် အတွက် အသုံးပြုထားသည် ဟုေကြွးကြော်ထားသည်။ ဤကြွေးကြော်ချက်သည် အဲဟ်လေစွန္နသ်တို၏ ကျမ်းကိုးများ၌လာရှိထားသည့်ရေဝါယသ်များနှင့် ဆန့်ကျင်နေသည်။ ထိုကျမ်းကိုးများ၌ တမန်တော်မြတ်ကြီး(ဆွ)သည် ေအမာမ်အလီ(အစ)အား ဤဂုဏ်ပုဒ်ဖြင့် ခေါ်ဝေါ်အသုံးပြုထားကြောင်း လာရှိထားသည်။

အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်သည် ဒုတိယခလီဖွာ အုပ်ချုပ်သည့် ခေတ်ကာလ၌ နိုင်ငံရေးကစားလှည့်ကွက်တစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ ပထမဦးဆုံးခလီဖွာ(အဘူဘက်ရ်မှအပ) များ၊ ဗနီအွမ္မိုင်ယဟ်ခလီဖွာများ နှင့် ဗနီအဘာစီခလီဖွာများကိုဖေါ်ညွှန်းပြသဖိုရန်အတွက်လည်း အသုံးပြုခဲ့ကြသည်။ ၇ ရာစုရှီအာပညာရှင် ဆိုင်ယိဒ်ဗင်န်သွာဝူးစ် သည် (အလ်ယကီးနု ဘ်လိအိခ်သိဆွာဆ်ွ မောင်လာနာ အလီ ဘေအိမ်ရသွလ် အမီးရွလ်မိုအ်မေနီးန်) ဟူသောစာအုပ်အား ဤဂုဏ်ပုဒ်သည် အေမာမ်အလီ(အစ) အတွက်သာလျှင်ဖြစ်ကြောင်းကို သက်သေပြဖိုရန် ရေးသားခဲ့သည်။

ဝေါဟာရအနက်အဓိပ္ပါယ်

အမီးရွလ်မိုအ်မေနီးန် ဆိုသည်မှာ ခေါင်းဆောင်၊ အမိန့်ပေးသူ (တပ်မှုး) နှင့် မွတ်စ်လင်မ်များ၏ ဦးသျှောင် ဖြစ်သည်။[၁]ရှီအာများ၏ယုံကြည်ချက်အရ ဤဂုဏ်ပုဒ်သည် သီးသန့် အေမာမ်အလီ(အစ) အတွက်သာလျှင် အသုံးပြုရပေမည်။ ရေဝါယသ်များအရ ဤဂုဏ်ပုဒ်အား အခြားသောအေမာမ်အတွက် အသုံးပြုခြင်းမှမှ ရှောက်ကြဉ်ကြပေသည်။[၂] မဖာသီးဟုလ်ဂျနာန် တွင်ဖော်ပြထားသည်များအရ အီးဒေဂဒီးးရ်နေံ၌ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံနှုတ်ဆက်သည့်အခါ အမီးရွလ်မိုအ်မေနီးန်၏ ဝေလာယသ်ကို မှီခိုအားထားအလေးပေးသော ဇီကီရ်ကို ပြောရန် ရှီအာများကို အကြံပြုထားသည်။ [၃]


တမန်တော်မြတ်ကြီး(ဆွ)သည် အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်အား အေမာမ်အလီ(အစ) အတွက်အသုံးပြုပုံ

تابلوی امیرالمؤمنین

ရှီအာများ၏ယုံကြည်ချက်အရ တမန်တော်မြတ်ကြီး(ဆွ)သည် အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်အား ပထမဦးဆုံး အလီ ဗင်န် အဘီသွာလီဘ်ကိုသာ ခေါ်ဝေါ်ခဲ့သည်။ သိုသော် အေမာမ်အလီ(အစ) သည် ခေလာဖသ်အရ်ြုအရာမှ ကင်းဝေးနေသည့်အတွက်ကြောင့် ဤဂုဏ်ပုဒ်သည် ဒုတိယခလီဖွာ နှင့် တတိယခလီဖွာအတွက် အများဆုံးအသုံးဖြစ်ခဲ့သည်။ [၄] ရှီအာများသည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရှီအာ နှင့် စွန္နီတို၏ ဟဒီးစ်များမှ ကောက်နုတ်ထားသည်များကို ဖော်ပြထားသည်။ အွမ္မေစလ်မဟ် [၅]ထိုအတူ အနက်စ်ဗင်န်မာလီက် ထံမှ ကောက်နုတ်ချက်အရ တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏ဇနီးနှစ်ယောက်နှင့်စကားေပြာသည့်အခါ အေမာမ်အလီ(အစ)အား အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်ဖြင့် ခေါ်ဝေါခဲ့သည်။[၆] ထိုအပြင် မနာကီဘ် ဟူသောစာအုပ်၌ စွန္နီပညာရှင် အိဗ်နေမရ်ဒဝီယဟ် အိဆ်ွဖွဟာနီး ၏ကောက်နုတ်ချက်အရ တမန်တော်မြတ်ကြီး(ဆွ)သည် အကြိမ်ပေါင်းများစွာ အေမာမ်အလီ(အစ)အား အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ္ဏ်ပုဒ်ဖြင့် ခေါ်ဝေါ်အသုံးပြုခဲ့သည်။ ဤကောက်နုတ်ချက်၏ရေဝါယသ်တစ်ခု၌လာရှိထားသည်မှာ ဂျီဘ်ရာအီလ်သည် တမန်တော်မြတ်ကြီး(ဆွ) ရှေ့မှောက်၌ အေမာမ်အလီ(အစ)အား အမီးရွလ်မိုအ်မေနီးန် ဟုခေါ်ခဲ့သည်။[၇] ရှီအာရေဝါယသ်၌ဤသိုလာရှိထားသည်မှာ ဂဒီးရ်အဖြစ်အပျက်၌ တမန်တော်မြတ်ကြီး(ဆွ)သည် အေမာမ်အလီ(အစ)အား မိမိ၏ကိုယ်စားလှယ်၊မွတ်စ်လင်မ်များ၏မောင်ဝ်လာဦးသျှောင်ြဖစ်သည်ဟု မိတ်ဆက်ပေးခဲ့သည်။ထိုနောက် အေမာမ်အလီ(အစ)အားအမီးရွလ်မိုအ်မေနီးန်ဟူသော ဂုဏ်ပုဒ်ဖြင့် စလာမ်ပိုသရန် မိန့်ဆိုခဲ့သည်။ ထိုကြောင့် မွတ်စင်မ်များသည် တမန်တော်မြတ်ကြီး၏ မိန့်ဆိုချက်အရ အလီ(အစ)၏ တဲနန်းထဲသို အုပ်စုလိုက် အုပ်စုလိုက်၀င်လာကြပြီး တမန်တော်မြတ်ကြီးမိန့်ဆိုခဲ့သည့်အတိုင်း ၎င်းအားစလာမ်ပိုသခဲ့ကြသည်။[၈] တမန်တော်မြတ်ကြီး(ဆွ)၏အခြားရေဝါယသ်အရ အဘူက်ရ်၊အွမ္မရ်၊သွလ်ဟေ နှင့် ဇိုဘိုင်းရ် စသဖြင့် ၇ယောက် အား ထိုသိုပုံစံမျိုးဖြင့် စလာမ်ပေးခြင်းရန် မိန့်ဆိုခဲ့ပြီး၎င်းတိုသည်လည်း တမန်တော်မြတ်ကြီး၏ မိန့်ဆိုချက်ကို နာခံခဲ့သည်။[၉] ရှီအာများသည် အမီးရွလ်မိုအ်မေနီးန်ဟူသော ဂုဏ်ပုဒ်ကို အေမာမ်အလီ(အစ)အတွက် သက်သေပြုဖိုရန် အွမ္မရ်ပြောခဲ့သည့် စကားကို ထောက်ထားပြသခဲ့သည်။ ထိုအထောက်အထားအရ အွမ္မရ်သည် ဂဒီးရ်အဖြစ်အပျက်၌ အလီ(အစ)ကို မိုအ်မင်န် သက်၀င်ယုံကြည်ကြသော အမျိုးသား အမျိုးသမီးတိုင်း၏ ဦးသျှောင်အဖြစ် ခေါ်ဝေါခဲ့သည်။ [၁၀] အချိုသူများ၏အမြင်အရ ဤစကား၌ မိုအ်မင်န် ဟူသော ဝေါဟာကကို အသုံးပြုထားခြင်းသည် အမီးရွလ်မိုအ်မေနီးန်ဟူသော ဂုဏ်ပုဒ်ကို အေမာမ်အလီ(အစ)အတွက် ဖြစ်ကြောင်း လက်ခံလိုက်ခြင်းပင် ဖြစ်သည်ဟု လာရှိထားသည်။[၁၁]

အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်အား ပထမဦးဆုံး အသုံးပြုပုံနှင့် ဆက်လျင်းပြီး အိဗ်နေခလဒူးန်၏ အမြင်

အဲဟ်လေစွန္နသ်၏ သမိုင်းသုတေသီဖြစ်သူ အိဗ်နေခလဒူးန်(ဟီဂျရီ၈၀၈ကွယ်ဆုံး)သည် အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်သည် ဒတိယခလီဖွာေခတ်ကာလ၌ ပေါ်ပေါက်လာပြီး ယင်းအား အွမ္မရ်ဗင်န်ခသွာဘ် အတွက် အသုံးပြုခဲ့သည် ဟု ဤသိုပြောဆိုထားသည်မှာ - ဆွာဟာဘာများသည် အဘူဘက်ရ်ကို တမန်တော်မြတ်ကြီး၏ကိုယ်စားလှယ်ဖြစ်သည်ဟု လက်ခံထားကြသည်။ ထိုသူပြီးနောက် အွမ္မရ်ဗင်န်ခသွာဘ်ကို တမန်တော်မြတ်ကြီး၏ကိုယ်စားလှယ် ၏ ကိုယ်စားလှယ် ဖြစ်သည်ဟု ခေါ်တွင်ကြသည်။ သိုသော် ဤစကားလုံးသည် လေးလံပြီး ကမောက်ကမ ဖြစ်နေသောကြောင့် အွမ္မရ်အား အမီးရွလ်မိုအ်မေနီးန် ဟူသောအမည်ဖြင့် ခေါ်ကြသည်။ ထိုအခါ ဆွဟာဘာများသည် ထိုသိုခေါ်ရခြင်းကို နှစ်သက်လာကြီးပြီး ၎င်းအား ဤသိုခေါ်ရန် အတည်ပြုခဲ့ကြသည်။[၁၂]

အချိုအဆိုများအရ ဒုတိယခလီဖွာကိုယ်တိုင် ဤသိုအမည်ခေါ်တွင်စေရန် ပြုလုပ်ခဲ့သည်ဟု လာရှိထားသည်။[၁၃] တတိယရာစု၏သမိုင်းပညာရှင် ယအ်ကူဘီး ၏အဆိုအရ ဤအဖြစ်အပျက်သည် ဟီဂျရီ ၁၈ရာစုနှင့် သက်ဆိုင်ပေသည်။[၁၄] သိုသော် အဲဟ်လေစွန္နသ်၏ ကျမ်းကိုးများ၌ တမန်တော်မြတ်ကြီး(ဆွ)သည် ဤဂုဏ်ပုဒ်အား အေမာမ်အလီ(အစ)ကို အသုံးပြုခေါ်ဆိုခဲ့သည် အတိအလင်း လာရှိထားသည်။[၁၅]

ထိုအတူ အချိုကောက်နုတ်ရေးသားသူများ၏ ပြောကြားချက်အရ အိဗ်နေခလဒူးန်သည် အဘူဘက်ရ် နှင့် အွမ္မရ်အား သာလွန်မြင့်မြတ်သည်ဟု လက်ခံထားသည့်အတွက် အဲဟ်လေစွန္နသ်၏ သမိုင်းအထောက်အထားများ နှင့် ရေဝါယသ်များကို ဖျောက်ပစ်ကာ ခလီဖွာသုံးဦး ၊အိုမိုင်ယာခလီဖွာများ နှင့် အဘာစီခလီဖွာများ၏ အနေအထားအရိုက်အရာက်ု မြှင့်တင်ဖိုရန်အတွက် အလီ(အစ)အား အိုမိုင်ယာခလီဖွာများ နှင့် အဘာစီခလီဖွာများနှင့် တန်းတူအဆင့်၌ ထားရှိရန် ကြိူပမ်းခဲ့သည် ။ [၁၆] အှဗ်နေခလဒူးန်၏တင်ပြချက်အရ ထိုခေတ်ကာ ၌ စစ်တပ်အားအမိန်ါပေးသူးကို အမီးရ် ဟုခေါ်ဆိုသည်။ ဆွာဟာဘာတစ်ဦးဖြစ်သူ စအက်ဒ်ဗင်န်အဘီ၀ကာစ်သည်လည်း ကာဒီစီယဟ် စစ်ပွဲ(ဟီဂျရီ၁၃ခုနှစ်) ၌ မွတ်စ်လင်မ် စစ်တပ်ကို အမိန့်ပေးသူ ဖြစ်သည့်အတွက် ၎င်းအား အမီးရွလ်မိုအ်မေနီးန် ဟုခေါ်ဆိုခဲ့သည်။[၁၇] ထိုအတူ တမန်တော်မြတ်ကြီး(ဆွ)ပြီးနောက် အုပ်ချုပ်ကြသော မွတ်လင်မ်အုပ်ချုပ်မှုတွင်လည်း အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်ကို နိုင်ငံရလှည့်ကွက်အေနဖြင့် အသုံးပြုခဲ့သည်။ ထိုနောက် ပထမခလီဖွာများ(အဘူဘက်ရ်မှအပ)၊ အွမ္မိုင်ယာ နှင့် အဘာစီခလီဖွာများကို ကိုဖော်ညွှန်းဖိုရန်အတွက် ထိုဂုဏ်ပုဒ်ကို အသုံးပြုခဲ့သည်။[၁၈]

ရေးသားခဲ့သည့်စာအုပ်

ဆိုင်ယိဒ်ဗင်န်သွာဝူးစ်သည် ၇ရာစု၌ ရှီအာဟဒီးစ်ရေးသားသူတစ်ဦးဖြစ်ပြီး (အလ်ယကီးနုဘိအိခ်‌သိဆွာဆ်ွ မောင်လာနာ အလီ ဘိအိမ်ရသုလ်မိုအ်မေနီးန်) ဟူသောခေါင်းစဉ်ဖြင့် စာအုပ်ရေးသားထားခဲ့သည်။ ၎င်းသည် ဤစာအုပ်၌ အဲဟ်လေစွန္နသ်၏ကျမ်းကိုးမှ ဟဒီးစ်၂၂ခုကို ‌အခြေခံကာ အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်ကို အေမာမ်အလီ(အစ) အတွက်သာလျှင်ဖြစ်ကြောင်း လက်ခံထားသည်။[၁၉] ထိုအပြင် တမန်တော်မြတ်ကြီး(ဆွ)သည် ထိုဂုဏ်ပုဒ်ကို အေမာမ်အလီ ဗင်န် အဘီသွာလီဘ်တစ်ယောက်တည်းအတွက်သာ သတ်မှတ်ထားသည်ဟု ယုံကြည်လက်ခံထားသည်။[၂၀]

မှတ်စုများ

  • این مقاله از ویکی شیعه فارسی هب زبان میانماری ترجمه شده است.
  1. ဒါယေရသွလ်မအာရိဖိသရှက်ယိုအ်၊အီာရာန်နှစ်၁၃၆၈၊မက်ခလ်အမီးရွလ်မိုအ်မေနီးန်၊အတွဲ၂၊စာမျက်နှာ၅၂၂
  2. မဂ်ျလေစီ၊ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၃၇၊စာမျက်နှာ၃၃၄၊ဟိုရ်အာမေလီ၊၀စာအ်လုလ်ရှီအဟ်၊ဟီဂျရီ၁၄၁၆၊အတွဲ၁၄၊စာမျက်နှာ၆၀၀၊
  3. ကွမ်မီ၊မဖာသီဟွလ်ဂျန်နာန်၊ဇီးလ်အအ်မာလ်၊ဇီလ်ဟဂ်ျလ၁၈ရက်
  4. ရှီးခ်မိုဖီးဒ်၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁ စာမျက်နှာ၄၈၊အိဗ်နေအက်‌ဒဟ်ကူဖီ ၊ ဖွာဇာအိလိအမီးရွလ်မိုအ်မေနီးန်၊အီရာန်နှစ်၁၃၇၉၊စာမျက်နှာ၁၃၊ထိုအတူ ကြည့်ပါ အိဗ်နေအစာကိရ်၊သာရီးခေမဒီနေဒမီရှ်က်၊ဟီဂျရီ၁၄၂၅၊အတွဲ၄၂၊စာမျက်နှာ၃၀၃၊-၃၈၆အဘူနအီးမ်အိဆွ်ဖွဟာနီ၊ဟီလီယသွလ်‌ေအာင်လီယာ၊ဟီဂျရီ၁၄၀၇၊အတွဲ၁၊စာမျက်နှာ၆၃၊
  5. ရှီးခ်မိုဖီးဒ်၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နှာ၄၈
  6. အိဗ်နေအစာကိရ်၊သာရီးခေမဒီနေဒမိရှိက်၊ဟီဂျရီ၁၄၂၅၊အတွဲ၄၂၊စာမျက်နှာ၃၀၃-၃၈၆၊ ရှီးခ်မိုဖီးဒ်၊အ ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နှာ၄၈၊အဘူနအီးမ်အိဆွ်ဖွဟာနီ၊ဟီလီယသွလ်‌ေအာင်လီယာ၊ဟီဂျရီ၁၄၀၇၊အတွဲ၁၊စာမျက်နှာ၆၃
  7. အိဗ်နေမရ်ဒဝီယဟ်၊မနာကိဘ်၊အီရာန်နှစ်၁၃၈၂၊စာမျက်နှာ၆၂-၆၄
  8. ရှီးခ်မိုဖီးဒ်၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နှာ၁၇၆
  9. ရှီးခ်မိုဖီးဒ်၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နှာ၄၈
  10. ရှီးခ်မိုဖီးဒ်၊အလ်အိရ်ရှာဒ်၊ဟီဂျရီ၁၄၁၃၊အတွဲ၁၊စာမျက်နှာ၁၇၇
  11. မိုနဇွရီးမိုကဒ္ဒမ်(အစ္စလာမ့်သမိုင်းကြောင်း၌ အမီးရွလ်မိုအ်မေနီးန် ဟူသောဂုဏ်ပုဒ်အားအသုံးပြုပုံကို လေ့လာစမ်းစစ်ခြင်း) ၊စာမျက်နှာ၁၃၆
  12. အိဗ်နေခလဒူးန်၊ဒီး၉ါးနွလ်မွဘ်သဒအ်ဝလ်ခဘရ်၊ဟီဂျရီ၁၄၀၈၊အတွဲ၁၊စာမျက်နှာ၂၈၃
  13. သွီဘ်ရီး၊သာရီးခုလ်အိုမာမုလ်၀လ်မလူးခ်၊ဘီရှုးသ်၊အတွဲ၄၊စာမျက်နှာ၂၀၈
  14. ယအ်ကူးဘီး၊သာရီးခေယအ်ကူဘီး၊ဒါရွလ်ဆွာဒီရ်၊အတွဲ၂၊စာမျက်နှာ၁၀၅
  15. အိဗိနေအစာကိရ်၊သာရီးခေမဒီနေဒမိရှ်က်၊ဟီဂျရီ၁၄၂၅၊အတွဲ၄၂၊စာမျက်နှာ၃၀၃-၃၈၆
  16. အွမ္မဟ်သွာလီဘ်၊(ဒါ၀ရီ ဒရ် အန်ဒီရှေယေ အိဗ်နေခလဒူးန် ဒရ်ဘာရေယေအေမာမ်အလီ ဝါ မက်စ်အလေယေခေလာဖသ်) ၊စာမျက်နှာ၉၂
  17. အိဗ်နေခလဒူးန်၊ဒီးဝါးနွလ်မွဘ်သဒဟ်၀လ်ခဘရ်၊ဟီဂျရီ၁၄၀၈၊အတွဲ၁၊စာမျက်နှာ၂၈၃
  18. အိဗ်နေခလဒူးန်၊ဒီးဝါးနွလ်မွဘ်သဒဟ်၀လ်ခဘရ်၊ဟီဂျရီ၁၄၀၈၊အတွဲ၁၊စာမျက်နှာ၂၈၃
  19. သက်ဒွမ်မီမအ်စူမီးန်၊နှုးရွလ်အမီးရ်ဖီသက်စ်ဘီးသုခွဒ်ဘသွလ်ဂဒီးရ်၊အီရာန်နှစ်၁၃၇၉စာမျက်နှာ၉၇
  20. «အလ်။ကီးန် ဘိအိခ်ဆွာဆ်ွမောင်လာနာါလီ(အစ) ဘိလ်အိမ်ရသုလ်မိုအ်မေနီးန်»، ဟဒီးစ်နှုသ်၏ဆိုင်ဒ်

ကျမ်းကိုးမျာ

  • အဘူနအီးမ်အိဆ်ွဖွဟာနီ၊ အဟ်မဒ်ဗင်န်အဘ်ဒုလ္လာဟ်၊ဟီလီယသွလ်အောင်လီယာ ဝါ သွဘ်ကသွလ်အဆ်ွဖီယာအ်၊ဘီရှုးသ်၊ဒါရွလ်ကေသာဘုလ်အာရဗီ၊ဟီဂျရီ ၁၄၀၇၊အိဗ်နေခလဒူးန်၊အဘ်ဒုရ်ရဟ်မားတ် ဗင်န် မိုဟမ္မဒ်၊ ဒီးဝါးနွလ်မုဘ်သဒအ် ၀လ်ခဘရ် ဖီသာရီးခုလ်အာရဗ်၀လ်ဘရက်ရ်၀မင်န်အာဆွိရ်ဟွမ်မက်န်ဇဝီရှာန်နွလ်အက်ဘရ်၊သဟ်ကီးပ်ခလီးလ်ရှဟာဒေဟ်၊ဘီရှုးသ်၊ဒါရွလ်ဖိကိရ်၊ဟီဂျရီ၁၄၀၈၊ခရာဇ်နှစ်၁၉၈၈
  • အိဗ်နေအစာကိရ်၊သာရီးခေမဒီနေဒမီရှ်က်၊သဟ်ကီးက် အလီရှီးရီး၊ဘီရှုးသ်၊ဒါရွလ်ဖိကိရ်၊ဟီဂျရီ၁၄၂၅
  • အိဗ်နေအက်ဒဟ်ကူဖီ၊ဖွဇာအိလွလ်အမီးရွလ်မိုအ်မေနီးန်၊ဂီရ်အာ၀ရီအဘ်ဒုလ်ရဇာက်မိုဟမ္မဒ်ဟိုစိန်းဟိရ်ဇွလ်ဒီးန်၊ကွမ်း၊ဒလီးလ်ပုံနှိပ်တိုက်၊အီရာန်နှစ်၁၃၇၉
  • အိဗ်နေမရ်ဒဝီယဟ်၊အဟ်မဒ်ဗင်န်မူစာ၊မနာကိလ်အလီဗင်န်အဘီသွာလီဘ်၊ကွမ်း၊ ဒါရွလ်ဟဒီးစ်၊အီရာန်နှစ်၁၃၈၂
  • သက္က်ဒွမ္မီးမအိစူမီး၊အမီးရ်၊နှုရွလ်အမီးရ်အာလိုင်းဟိစ္စလာမ်ဖီသက်စ်ဘီးသ်ခွဒ်ဘသွလ်ဂဒီးရ်၊မုအ်ယေဒါသ်ဟဒီးစီးယဟ်မင်န်ကိုသူဘ်အဲဟ်လွလ်စွန္နဟ် လိခွဒ်ဘသိလ်နဗီယွလ်အအခဇွမွလ်ဂဒီးရီယဟ်၊ကွမ်းမောင်လူးဒွန်ကအ်ဗဟ်၊အီရာန်နှစ်၁၃၇၉
  • ဟိုရ်ါာမေလီး၊မိုဟမ္မဒ်ဗင်န်ဟစန်၊၀စာအိလုလ်ရှီအဟ်၊သဟ်ကီးက်မျုဟမ္မဒ်ရေဇွာဟိာစိန်နီးဂျလာလီး၊ကွမ်း၊မိုအ်စစ်စေအာလေဘိုင်းသ်လိအဟ်ယ အွလ်သရ စ်၊ဟီဂျရီ၁၄၁၆
  • ဒုါအိရသုလ်မအာရိဖွလ်သရှက်ယိုအ်၊အဟ်မဒ်ဆွဒ်ရ်ဟာဂ်ျဆိုင်ယိဒ်ဂျဝ်ဒီ နှင့် ကာမိရ န်ဖွာနီး နှင့် ဘဟာအုလ်ဒီးနေခရမ်ရှာဟီတို၏ လက်အောက်၊ အတွဲ၂၊သီဟီရာန်၊မိုအ်စစ်‌စေအင်န်သေရှာရ သေဟိက်မသ်၊အီရာန်နှစ်၁၃၆၈
  • ရှီးခ်မိုဖီးဒ်၊မိုဟမ္မဒ်ဗင်န် မိုဟမ္မဒ်၊ အ်ရ်ရှာဒုဖီမအ်ရိဖဟ်ဟာာဂျဂွလ္လာဟ်အာလက်လ်အိ ာဒ်၊သဟ်ကီးက်မိုအ်စစ်စေအာဘေဘိုင်းသ်လ်အဟ်ယာအာသရာစ်၊ပွမ်း၊အလ်မိုသမရွလ်အာလနီလိအလ်ဖီယဟ်ရှီးခ်မိုဖီးဒ်၊ဟီဂျရီ၁၄၁၃
  • သွီဘ်ရီး၊မိုဟမ္မဒ်ဗင်န်ဂျရီးရ်၊သာရီးခွလ်အိုမမ်ဝါမလူးခ်(သာရီးခေသွီဘ်ရီ)၊မိုဟမ္မဒ်အဘုလ်ဖက်ဇ်ွလေအိဘ်ရာဟီးမ်၊ဘီရှုးသ်၊ရဝါအိအြလ်သရာစုလ်အာရဗီ၊ဘီသာ
  • ကွမ်မီး၊ ရှီးခ်အဘာစ်၊မဖွာသီဟွလ်ဂျန်နာန်၊သရ်ဂျွမ်မေ မူစယဒါမေဂါနီး၊မက်ရ်ှဟဒ်၊အာစ်သာနေကွဒ်စေရဇွဝီပုံနှိပ်တိုက်၊ ၁၁ကြိမ်မြောက်ထုပ်ဝေမှု
  • မဂ်ျလေစီး၊မိုဟမ္မဒ်ုဘာကရ်၊ဗေဟာရွလ်အန်ဝါရ်၊ဘီရှုးသ်၊မိုအ်စစ်စေ၀ဖွာ၊ဟီဂျရီ၁၄၀၃
  • မွန်သဇရီမိုကဒ္ဒမ်၊ဟာမိဒ်(အစ္စလာမ်သမိုင်း၌ အမီးရွလ်မိုအ်မေနီးန် ဟူသော ဂုဏ်ပုဒ်နှင့်ပတ်သက်ပြီး လေ့လာစူးစမ်းခြင်း)၊ဒရ်မဂ်ျလေသ ရီးခေအိစ္စလာမ်ဒရ်အာယီ‌‌နေပိုင်ဂျိုဟိရှ်)၊ကွမ်း၊ မိုအ်စစ်စေအေမာမ်ခိုမိန်နီး၊ဘဟာရ်၈၇
  • ယအ်ကူးဘီး၊ အဟ်မဒ်ဗင်န်ဝါဇေ့ဟ်၊သာရီးခွလ်ယအ်ကူးဘီ၊ဘီရှုးသ်၊ဒါရွလ်ဆွာဒိရ်၊ဘီသာ။