အိဖ်သွာရ်

wikishia မှ


အိဖ်သွာရ် ဆိုသည်မှာ ရိုဇာ ဥပုသ်ဆောက်တည်သူသည် ထိုအရာကို စားသုံးခြင်းဖြင့် ၎င်း၏ ရိုဇာကို ပျက်ပြားစေသော အစားအသောက် ဖြစ်သည်။ အဟ်လေဗိုင်သ် (အစ)) ၏ ရေဝါယသ်များအရ၊ အိဖ်သွာရ် ပေးခြင်း၏ အကျိုးစဝါးဘ်သည် ရိုဇာ ဥပုသ်ဆောက်တည်ခြင်း၏ အကျိုးစဝါးဘ်ထက် ပိုမိုများပြားပြီး ထိုသို့ပြုလုပ်ရန် တိုက်တွန်းထားသည်။ ရမ်ဇာန်လ၌ အိဖ်သွာရ် ပေးခြင်းသည် မွစ်လင်မ်များ၏ ဓလေ့ထုံးတမ်းများ အနက်မှ တစ်ခု ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံအသီးသီးတွင် အိဖ်သွာရ် ပေးခြင်း၏ အထူး ဓလေ့ နှင့် ယဉ်ကျေးမှုများ ရှိပေသည်။

အကျိုးအာနိသင်

တမန်တော်မြတ်((ဆွ)) ၏ ရှာအ်ဘာနီယဟ် ခွဒ်ဗဟ်မှ အိဖ်သွာရ် ပေးခြင်း၏ အကျိုးအာနိသင် နှင့်ပတ်သက်၍ ကောက်နုတ်ချက်: အသင်တို့သည် ရိုဇာ ဥပုသ်ဆောက်တည်သော မိုအ်မင်န် ကို ရမ်ဇာန်လ၌ အိဖ်သွာရ် ပေးပါက၊ အရှင်မြတ်ထံ ၎င်း၏ အကျိုးစဝါးဘ်မှာ ၊ ကျွန်တစ်ဦးကို လွှတ်ပေးခြင်း နှင့် အပြစ်များကို ခွင့်လွှတ်ခြင်း ဆုလာဘ် ရရှိမည် ဖြစ်သည်။ လူတစ်ဦးမေးသည်မှာ ၊ အို အရှင်မြတ်၏ တမန်တော် ၊ ကျွန်ုပ်တို့အားလုံးသည် ထိုသို့ပြုလုပ်ရန် မတတ်စွမ်းနိုင်ကြပေ။ တမန်တော်မြတ် မိန့်တော်မူသည်မှာ ရိုဇာ ဥပုသ်ဆောက်တည်သူအား အိဖ်သွာရ်ပေးခြင်းသည် မည်မျှပင် စွန်ပလွန်သီးတစ်ဝက် သို့မဟုတ် ရေတစ်ငုံ ပင်ဖြစ်‌ေနပါစေ အပယ်ငရဲမီးမှ ကင်းဝေးစေသည်။ ဆူဒူက် ၊ အိုယူနုလ်အခ်ဘာရုလ် ရေဇွာ (အစ)) ၊ ဟီဂျရီ ၁၃၇၈ ၊ အတွဲ ၁၊ စာမျက်နှာ ၂၉၆။ အိဖ်သွာရ် ဆိုသည်မှာ ရိုဇာ ဥပုသ်ဆောက်တည်သူသည် ဝါဖြေသည့်အခါ စားသုံးသည့် အစားအစာကို ဆိုလိုသည်။ ရေဝါယသ်များအရ၊ ရိုဇာဥပုသ်ဆောက်တည်သူအား အိဖ်သွာရ်ပေးခြင်းသည် များစွာသော အကျိုးစဝါးဘ်များ ရှိပေသည် ။ (1) ဥပမာ အေမာမ်ဆွာဒီက် (အစ)) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ်၌၊ အိဖ်သွာရ်ပေးသူ၏ အကျိုးစဝါးဘ်သည် ရိုဇာထားသူ၏ အကျိုးစဝါးဘ် ကဲသို့ပင် ဖြစ်သည်။ (2) ထို့အတူ ရှာအ်ဘာနီယဟ် ခွဒ်ဗဟ်၌ တမန်တော်မြတ်((ဆွ)) သည် အိဖ်သွာရ် ပေးခြင်း၏ အကျိုးအာနိသင် နှင့်ပတ်သက်ပြီး ၊ ရိုဇာ ဥပုသ်ဆောက်တည်သော မိုအ်မင်န် ကို အိဖ်သွာရ် ပေးခြင်းသည် ကျွန်တစ်ဦးကို လွှတ်ပေးခြင်း နှင့် အပြစ်များကို ခွင့်လွှတ်ခြင်း ဆုလာဘ် ရရှိမည် ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (3)

အိဖ်သွာရ် စားပွဲများ

အိဖ်သွာရ် ပေးခြင်းသည် နိုင်ငံအသီးသီးတွင် မတူညီသော ဓလေ့ထုံးတမ်းများ နှင့် အစဉ်အလာများဖြင့် ပြုလုပ်သည့် မွတ်စလင်မ် တို့၏ ထုံးတမ်းများထဲမှ တစ်ခုဖြစ်သည်။ အစ္စလာမ့်နိုင်ငံများတွင် အုပ်စိုးရှင်များ နှင့် လူများသည် အိဖ်သွာရ် စားပွဲများကို ခင်းကြသည်။ (4) အီဂျစ်ဘ်ရှိ ဖှာသွေမီ ကာလတွင် (297-56(ဟီဂျရီ ၂၉၇ - ၅၆၇) ကာလအတွင်း ဒါရုလ်ဖှသွာရ် နေရာသည် လူများကြားတွင် အစားအစာနှင့် အချိုပွဲများ ဝေငှရာ နေရာဖြစ်သည်။ (5) အာလေဘူယေဟ် (ဟီဂျရီ ၃၂၂-၄၄၈) ကာလအတွင်း ဘဂ္ဂဒက်မြို့ ရမ်ဇာန်ညများတွင် လူပေါင်း ၁၀၀၀ ကျော်အတွက် အိဖ်သွာရ် ပွဲများ ရှိခဲ့သည်။ (6) ဒမတ်စကတ်သို့ ၇ ရာစု ခရီးသွား တစ်ဦးဖြစ်သည့် အိဗ်နေဘသူသွဟ်သည် လူအုပ်စုကြီးကို အိဖ်သွာရ် စားပွဲသို့ ဖိတ်ကြားခဲ့သော အုပ်စိုးရှင်များ၊ တရားသူကြီးများနှင့် အကြီးအကဲများကို ဖော်ပြခဲ့ပြီး ရမ်ဇာန်ညများတွင် မည်သူ တစ်ဦးတစ်ယောက်မျှ တစ်ကိုယ်တည်း အိဖ်သွာက် မလုပ်ကြပေ။ (7) ဆွဖှဝီယဟ် (8) နှင့် ကာချာရ် ကာလများတွင် အီရန်၌ အိဖ်သွာရ် ပေးခြင်း ဓလေ့သည်လည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ အဗ္ဗ်ဒုလ္လာဟ် မစ်သူဖီ ၏အဆိုအရ ကာချာရ် ခေတ်တွင် လူအများစုသည် အိဖ်သွာရ် ကိုသိကြပြီး မတတ်နိုင်သူများသည် ဗလီအတွင်း ရိုဇာ ဥပုသ်ဆောက်တည်သူများအကြား စွန်ပလွန်သီးကို လှူဒါန်းကြသည်။ (9)

ရိုးရှင်းသော အိဖ်သွာရ်

အီရန်နိုင်ငံရှိ အစ္စလာမ္မစ်သမ္မတနိုင်ငံအတွင်း၊ ရိုးရှင်းသော အိဖ်သွာရ် စားပွဲကို အေမာမ်ရေဇွာ(အစ)၊ ဟဇရက်‌ေသ မအ်ဆူမဟ် တို့၏ ဟရမ် နှင့် အချို့သော ဗလီများတွင် သန့်ရှင်းသော နေရာများ၌ ဖြန့်ခင်းထားသည်။ (10) ထို့အတူ အခြားနိုင်ငံများ၏ ဘာသာရေးနေရာများ ဥပမာ အီရတ်ရှိ အေမာမ်ဟိုစိုင်းန် (အစ) ၏ ဟရမ်တော် နှင့် အေမာမ်အလီ အစ ၏ ဟရမ်တော် (11) ဆော်ဒီအာရေဗျရှိ မစ်ဂျီဒုလ်ဟရမ် နှင့် မစ်ဂျီဒုလ် နဗဝီ (12) တို့တွင်လည်း ရိုးရှင်းသော အိဖ်သွာရ် စားပွဲများကို ခင်းကျင်းထားလေ့ရှိသည်။ အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ အဓိပတိခေါင်းဆောင် အာယသုလ္လာဟ် ခါမေနအီ သည် ရိုးရှင်းသော အိဖ်သွာရ် စားပွဲကို ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ (13)

အသုံးများသော အစားအစာများ

ရေဝါယသ်များအရ၊ အိဖ်သွာရ်အား စွန်ပလွန်သီး သို့မဟုတ် ရေနွေးဖြင့် ပြုလုပ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ (14) စွန်ပလွန်သီးဖြင့် အိဖ်သွာရ် လုပ်ခြင်းသည် ပိုမိုစဝါးဘ်ရှိသည်ဟု ယုံကြည်ထားကြသည်။ (15) အိဖ်သွာရ် အစားအစာမျာမှာ အမျိုးမျိုးရှိပေသည်။ အချို့ အသုံးများသော အစားအစာများမှာ ၊ စွန်ပလွန်သီး၊ ဆား၊ နံပြား၊ နွားနို့၊ ရေနွေး၊ နဘာသ်(သကြားခဲ)) အပူ၊ ဟလ်ဝါ အမျိုးမျိုး၊ အချိုအမျိုးမျိုး၊ နို့ထမင်း နှင့် စွတ်ပြုတ် .. စသည်တို့ ဖြစ်သည်။ (16) ထို့အတူ၊ အီရန်နှင့် အာရပ်နိုင်ငံများတွင် အိဖ်သွာရ်သည် ဇူလဘ်ယာ နှင့် ရုံးပတီသီး၊ ကေနာဖဟ် နှင့် ကသွီဖဟ် ကဲ့သို့သော အချိုစားပွဲများ ပါရှိသည်။ (17)