အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ) တို၏ ထိန်းမြားလက်ထပ်ခြင်း

wikishia မှ

အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ) တို့၏ ထိန်းမြားလက်ထပ်ခြင် အေမာမ်အလီ(အ.စ) နှင့် တမန်တော်မြတ်(ဆွ)၏ သမီးတော် ဖွာသွေမဟ်(စ.အ)တို့၏ ထိန်းမြားလက်ထပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဖော်ပြသွားပေမည်။ ဟဒီးစ်ကျမ်းကိုးချက်များအရ အေမာမ်အလီ(အ.စ) မတိုင်ခင် အခြားသူများ သည် ဖွာသွေမဟ်(စအ)သခင်မအား ထိန်းမြားလက်ထပ်ရန် တောင်းဆိုခဲ့ကြသည်။ တမန်တော်မြတ်(ဆွ) သည် သမီးတော် ဖွာသွေမဟ်(စအ) ၏ ထိန်းမြားလက်ထပ်ခြင်းသည် အရှင်မြတ်၏ အမိန့်တော်အပေါ် အခြေခံသည် ဟု ၎င်းတိုအား မိန့်ဆိုခဲ့သည်။ အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စအ)တို့၏ ထိန်းမြားလက်ထပ်ခြင်းဆိုင်ရာ နှစ်ဦးသဘောတူ ထွက်ဆိုချက်ကို တမန်တော်မြတ်(ဆွ) ဖတ်ရွတ်ပေးခဲ့သည်။ ကျော်ကြားသော် အမြင်အရ ဖွာသွေမဟ်(စအ) ၏ မဟရ် မဂ်လာကြေးမှာ ဒီရ်ဟမ် ငါးရာ ဟု ဖော်ပြထားပြီး ထို မဂ်လာကြေးအမောက်အား မဟ်ရွလ်စွန္နဟ် ဟုခေါ်ဝေါ်ကြသည်။ ရေဝါယသ်များအရ အေမာမ်အလီ(အ.စ) သည် မိမိ၏ ဒိုင်းကို ရောင်းချခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် ထိုမှရရှိလာသော ပိုက်ဆံအား ဖွာသွေမဟ်(စ.အ) သခင်မ၏ ခန်း၀င်ပစ္စည်းများကို ၀ယ်ယူခဲ့သည်။ ထိုအတူ အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ)တို့၏ ထိန်းမြားလက်ထပ်သည့် ည၌ လူအများအား အစားအစာ ပေးကမ်းခဲ့သည်။

သမိုင်း နှင့် ရေဝါယသ်များ၏ ဖော်ပြချက်အရ အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ)တို့၏ ထိန်းမြားလက်ထပ်ခြင်းသည် ဟီဂျရီ ၂ ရာစုသို့မဟုတ် သုံးရာစု ၌ ဖြစ်ပေသည်။သို့သော် ထိန်းမြားလက်ထပ်သည့် နေ့ ၊ လ နှင့်ပတ်သက်ပြီး ကွဲပြာသေား အဆိုအမျိုးမျိုး ရှိပေသည်။ မနာကီဘေ အာဘလ အဘီသွာလီဘ် ( ဟီဂျရီ ခြောက်ရာစု၌ ရေးသားခဲ့သည်) ၌ လာရှိထားသည့်အရ ဖွာသွေမဟ်(စအ) သခင်မ၏ နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက်သည် ဇီလ်ဟဂ်ျလ တစ်ရက်နေ့ ဖြစ်ပြီး ၎င်း၏ ထိန်းမြားလက်ထပ်ခြင်းသည် ဇီလ်ဟဂ်ျလ ခြောက်ရက်နေ့ ဟီဂျရီ ၂ ရာစု ၌ ဖြစ်သည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ပြက္ခဒိန်တွင် ဇီလ်၏ဂ်ျလ တစ်ရက်ေန့သည် အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ)တို့၏ ထိန်းမြားလက်ထပ်သည့်နေ့ အဖြစ် ဖော်ပြထားပြီး ယင်းနေ့အား ထိန်းမြားလက်ထပ်သည့်နေ့ ဟူ၍ သတ်မှတ်ထားသည်။

ဖွာသွေမဟ်(စ.အ) သခင်မအား ထိန်းမြားရန် တောင်းရမ်းခြင်း

ကျမ်းကိုးချက်များအရ အေမာမ်အလီ(အစ)သည် ဖွာသွေမဟ်(စ.အ)အား ထိန်းမြားရန် မတောင်းရမ်းမီအရင် အဆ်ွဟာဘ် များအနက်မှ ဥပမာ အဘူဘက်ရ် ဗင်န် အဘီ ကဟာဖေဟ် နှင့် အွမ္မ်ရ် ဗင်န် ခသွာဘ် တို့သည် ဖွာသွေမဟ်(စအ)အား ထိန်းမြားရန် တောင်းဆို ခဲ့ကြသည်။ တမန်တော်မြတ်(ဆွ) သည် ၎င်းတိုအား ဖွာသွေမဟ်(စ.အ) ၏ ထိန်းမြားလက်ထပ်ခြင်းသည် အရှင်မြတ်၏ အမိန့်တော်အပေါ် အခြေခံသည် ဟုဖြေကြားခဲ့သည်။ [၁] ထိုအတူ အေမာမ်အလီ(အ.စ)သည် ဖွာသွေမဟ်(စ.အ) သခင်မ နှင့် ထိန်းမြားလက်ထပ်ပြီးနောက် ယခင်က ဖွာသွေမဟ် (စ.အ) အား ထိန်းမြားလက်ထပ်ရန် တောင်းဆိုခဲ့ကြသည့် မိုဟာဂျီရ် များအချို့သည် တမန်တော်မြတ်(ဆွ)အား စောဒက တက်ကြရာ၌ တမန်တော်မြတ်(ဆွ) သည် အလီနှင့် ဖွာ‌သွေမဟ်တို၏ လက်ထပ်ခြင်းသည် အရှင်မြတ်၏ အမိန့်တော်အပေါ် အခြေခံသည် ဟူ၍ တုံပြန်ခဲ့သည်။ [၂]

နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံသည့် မိန့်ခွန်း

အိဗ်နေရှဟ်ရ် အာရှုဘ်( ဟီဂျရီ၅၈၈ ၌ကွယ်လွန်) ၏ ကောက်နုတ်ချက်အရ မနာကီဘေ အာလေအဘီသွာလီဘ် ၌ တမန်တော်မြတ်သည် အေမာမ်အလီ(အစ)သည် ဖွာသွေမဟ်(စအ)အား ထိန်းမြားလက်ထပ်မည့်အချိန် ပုလ္လင်ထက်သို တက်သွားပြီ မိန့်ခွန်းပြောခဲ့သည်။ ထို့နောက် မိန့်ဆိုသည်မှာ အရီင်မြတ်သည် ကျွန်တော့်အား ဖွာသွေမဟ် နီင့် အလီ လက်ထပ် ထိန်းမြားဖို့ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ယင်းအား လုပ်ဆောင်ပေးခဲ့သည်။ [၃]

အချို့ရေဝါယသ်များအရ ဟဇရသ် ဖွာသွေမဟ်(စအ) အသက်ရှင်နေသရွှေ့ အရှင်မြတ်သည် အေမာမ်အလီ(အစ) အား အခြားသော အမျိုးသမီးများနီင့် ထိန်းမြားလက်ထပ်ခြင်းကို ဟရာမ်အဖြစ် သတ်မှတ်တားမြစ်ထားခဲ့သည်။ [၄] အေမာမ်အလီ(အစ) သည်လည်း ဟဇရသ် ဖွာသွေမဟ်(စအ) အသက်ရှင်နေသည့် ကာလတစ်လျှောက်လုံး နောက်မိန်းမ မယူခဲ့ပေ။

ထိန်းမြားလက်ထပ်သည့် ရက်စွဲ

အေမာမ်အလီ(အ.စ)နှင့် ဖွာသွေမဟ်(စ.အ) သခင်မ တို ထိန်းမြားလက်ထပ်သည့်နေ့စွဲ နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင် အမျိုးမျိုး ရှိပေသည်။ ၎င်းတိုမှာ နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက်သည် ဇီလ်ဟဂ်ျလ တစ်ရက်နေ့ ဖြစ်ပြီး ၎င်း၏ ထိန်းမြားလက်ထပ်ခြင်းသည် ဇီလ်ဟဂ်ျလ ခြောက်ရက်နေ့ ဟီဂျရီ ၂ ရာစု ၌ ဖြစ်သည်။ [၅] မိဆ်ွဘာဟွလ် ကဖ်အမီး( ဟီဂျရီ ကိုးရာစုနှစ် ၌ ရေးသားခဲ့သည်) စာအုပ်တွင်လည်း ဇီလ်၏ဂ်ျလ တစ်ရက်ေန့အား အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ) တို၏ ထိန်းမြားလက်ထပ်သည့်နေ့ အဖြစ် ဖော်ပြထားသည်။ [၆] ရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ပြက္ခဒိန်တွင် ဇီလ်၏ဂ်ျလ တစ်ရက်ေန့ကို ထိန်းမြားသည့်နေ့ ဟု သတ်မှတ်ထားသည်။ ဟီဂျရီ ၂ ရာစု ဆွဖရ်လ နောက်ဆုံး ဖြစ်သည်။ [၇]နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက်သည် ရဂျဘ်လ ၌ ဖြစ်ပြီး ထိန်းမြားခြင်းသည် ဘဒရ် စစ်ပွဲမှ အေမာမ်အလီ(အစ) ပြန်ရောက်လာသည့် အချိန် ဖြစ်သည်။ [၈] နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက်သည် ရာမ်သွာန်လ ၌ ဖြစ်ပြီး ထိန်းမြားခြင်းသည် ဟီဂျရီ ၂ ရာစု ဇီလ်ဟဂျ် လ ၌ ဖြစ်သည်။ [၉] ထိန်းမြားခြင်းသည် မိုဟရမ်လ ၂၁ ရက် ဟီဂျရီ ၃ ရာစု၌ ဖြစ်သည်။ [၁၀] နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက်သည် ဆွဖရ်လ နောက်ဆုံး ၌ ဖြစ်ပြီး ထိန်းမြားခြင်းသည် ဇီလ်ဟဂ်ျလ ဟီဂျရီ ၃ ရာစု ၌ ဖြစ်သည်။ [၁၁] နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက် နှင့် ထိန်းမြားခြင်းသည် ရဗီးအွလ်အောင်ဝ်၀လ် လ ဟီဂျရီ ၂ ရာစု ၌ ဖြစ်သည်။ [၁၂]

အစ္စလာမ်သမိုင်းတွင် သုတေသီတစ်ဦးဖြစ်သူ မိုဟမ္မဒ် ဟာဒီ ယူစွဖ်ဖီး ( အီရာန်နှစ် ၁၃၂၇၌ မွေးဖွား) ၏ အဆိုအရ အေမာမ်အလီ(အ.စ) နှင့် ဖွာသွေမဟ်(စ.အ) သခင်မ တို၏ နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံသည့်နေ့ နှင့် ထိန်းမြားလက်ထပ်သည့် နေ့ အကြား ဆယ်လ ကွာခြားပေသည်။ တမန်တော်မြတ်သည် ဖွာသွေမဟ်(စ.အ) အား အက်ဒ် နှစ်ဦးသဘောတူ ထွက်ဆို၀န်ခံချက် ဖတ်ပေးရသည့် အကြောင်းအရင်းမှာ ၎င်းအား ယခင်တောင်းရမ်းထားသည့် သူများကို ရှက်းလင်းပျက်သစွာ တြုံပြန်ရန်အတွက် ဖြစ်သည်ဟု ထင်ကြေးပေးထားသည်။ ထိုအတူ မင်္ဂလာဆောင်ပွဲကျင်းပရာတွင် ကြန့်ကြာနေခြင်း၏ အကြောင်းအရင်းမှာလည်း ဖွာသွေမဟ်(စအ) သည် ရုပ်ပိုင်းဆိုင်ရာ ကြီးပြင်းလာကာ အမျိုးသမီး အဆင့်သို ရောက်ရှိစေရန် ဖြစ် ပေသည်။[၁၃]

ထိန်းမြားလက်ထပ်သည့် အချိန် ၌ ဖွာသွေမဟ်(စ.အ) ၏ သက်တော်

ထိန်းမြားလက်ထပ်သည့် အချိန် ဖွာသွေမဟ်(စ.အ) ၏သက်တော် နှင့် ပတ်သက်ပြီး ကွဲပြားသော အဆိုများ ရှိပေသည်။ ရှီအာ ဘာသာပြန်ဆရာ ဖြစ်သူ ဆိုင်ယိဒ် မိုဟ်စင်န် အမီးန်( ဂီဂျရီ၁၃၇၁၌ ကွယ်လွန်) ၏ အဆိုအရ ဤသဘောထားကွဲလွဲမှုသည် မွေးသက္ကရာဇ်နှင့် လက်ထပ်သည့်နေ့စွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့်ဖြစ်သည်။ ကျော်ကြားသောအမြင်အရ ဖွာသွေမဟ် သခင်မသည် ဘေအ်စသ် ငါးရာစုနှစ် ၌ မွေးဖွားလာပြီး ၎င်းထိန်းမြားလက်ထပ်သည့် နေ့မှာ ဟီဂျရီ တစ်ရာစု ၊ ၂ရာစု နှင့် ၃ရာစု ၌ ဖြစ်သည်ဟူ၍ ကွဲပြားကာ မရ်လာဆောင်သည့် အချိန် သူမ၏ အသက်မှာ ကိုးနှစ် ၊ ဆယ်နှစ်သို့မဟုတ် ၁၁ နှစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ [၁၄]သို့သော် အချို့ ကျမ်းကိုးကားချက်များတွင် ဖွာသွေမဟ် သခင်မသည် ထိန်းမြားလက်ထပ်သည့်အချိန် အသက် ၁၈ နှစ် [၁၅] ၊ အချို့ ကျမ်းကိုးများ၌ ၁၅ နှစ် နှင့် ၅လ ဟူ၍ ဖော်ပြထသည်။ [၁၆] ထိုအတူ ဟီဂျရီ ငါးရာစု၏ ဆွဟာဘာများ၏ ကျမ်းကိဖြစ်သော အလ်အိစ်သီအာဘ် ဟူသော စာအုပ်၌ ထိန်းမြားလက်ထပ်သည့်အချိန် အေမာမ်အလီ(အစ) ၏ အသက်မှာ ၂၁ နှစ် ဖြစ်သည်ဟု လာရှိထားသည်။ [၁၇]

တင်တောင်းငွေ နှင့် ခန်း၀င်ပစ္စည်း

ရေဝါယသ်၌ ဖွာသွေမဟ်(စအ) သခင်မ၏ မဂ်လာကြေးငွေမှာ ဒီရ်ဟမ်ငါးရာ [၁၈] ၊ ဒီရ်ဟမ် ၄၈၀ နှင့် ငွေသား ၄၀၀ [၁၉] ဟူ၍ ဖော်ပြထားသည်။ ရှီအာဟဒီးစ် ကောက်နုတ်ကိုးကသူ အိဗ်နေ ရှဟ်ရ် အာရှုဘ် ( ဟီဂျရီ ၄၈၈- ၅၈၈) ၏ အဆိုအရ ပအမှန်ကန်ဆုံးမှာ ဒီရ်ဟမ် ၅၀၀ ဖြစ်သည်။ [၂၀] ၎င်းသည် ကွဲပြားရသည့် အကြောင်းတရားကို ရေဝါယသ်များကြောင့် ဖြစ်သည် ဟု သတ်မှတ်ထားပြီး ထိုရေဝါယသ်များအရ ဖွာသွေမဟ် သခင်မ၏ ခန်း၀င်ပစ္စည်းများမှာ ယီမန် ပိတ်ချော၊ အချောသပ်ပြီးသော အရေပြား နှင့် မွှေးကြိုင်သော အပင် ဖြစ်ပြီး အချိာ့ ရေဝါယသ်များ၌ ဒိုင်း နှင့် အချောသပ်ပြီးသောသို့းသို့မဟုတ် ကုလားအုတ်၏ အရေပြားဖြစ်သည် ဟုလာရှိထားသည်။ [၂၁] တမန်တော်မြတ်၏ ဇနီးများ နှင့် သမီးများ၏ မဂ်လာကြေးငွေ ဖြစ်သော ဒီရ်ဟမ် ငါးရာအား မဟ်ရွလ်စွန္နဟ် ဟု ခေါ်ဝေါ်ကြသည် ။ [၂၂] ယင်းသည် ငွေသား ၁၅၀၀ နှင့် ညီမျှသည်။ [၂၃] အမာလီ စာအုပ်၌ ရှီးခ်သူစီး၏ အဆိုအရ အေမာမ်အလီ(အစ) သည် မိမိ၏ ဒိုင်းအား ရောင်းချခဲ့သည်။ [၂၄] တမန်တော်မြတ်(ဆွ( သည် ယင်းမှ ရရှိလာသည့် ပိုက်ဆံ အချို့ ကို ဘိလ္လားဟဘ္ဘရှီးအား ပေးပြီး ဖွာသွေမဟ် သခင်မ အတွက် မွှေးကြိုင်သော ရေမွှေးကို ၀ယ်ယူ‌ေစခဲ့သည်။ [၂၅] ထို့နောက် ထိုမှ ကျန်ရှိသည့် ပိုက်ဆံအား အိမ်ထောင်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူစုစောင်း ဖို့ရန်အတွက် အမာရ်ယစီးရ် နှင့် အချို့ ဆွဟာဘာများကို ပေးခဲ့သည်။ [၂၆] ဥပမာ ဖွာသွေမဟ် သခင်မ၏ ခန်း၀င်ပစ္စည်းများထဲတွင်မင်္ဂလာဆောင်ည၌ ဆင်းရဲသော အမျိုးသမီးတစ်ဦးအား ပေးခဲ့သော မိမိ၏ မင်္ဂလာ၀တ်စုံ ဖြစ်ပြီး သူမသည် သာမာန်အသုံးပြုထားသော ၀တ်စုံဖြင့် ကျေနပ်နခဲ့သည်။ [၂၇]

ဧည့်ခံကျွေးမွေးခြင်း(၀လီမဟ်) နှင့် နေထိုင်သည့်နေရာ

အမာလီ စာအုပ်၌ ရှီးခ်သူစီး၏ ရေဝါယသ် တစ်ခုအရ တမန်တော်မြတ် (ဆွ) နှင့် အေမာမ်အလီ (အစ) တို့သည် ဧည့်ခံကျွေးမွေးခြင်း(၀လီမဟ်) ပြုလုပ်ခဲ့ကြသည်။တမန်တော်မြတ် (ဆွ) သည် အသား နှင့် နံပြား အေမာမ်အလီ (အစ) သည် စွန်ပလွန်သီး နှင့် ဆီ တိုအား ၀ယ်ယူခဲ့ကြသည်။ တမန်တော်မြတ် (ဆွ) သည်ဧည့်ခံကျွေးမွေးခြင်း(၀လီမဟ်) ပြုလုပ်ပြီးနောက် ဖွာသွေမဟ်(စအ) ၏ လက်ကို အေမာမ်အလီ(အစ) ၏ လက်ထဲသို ထည့်လိုက်ပြီး ၎င်းတို နှစ်ဦးအား မိမိ၏ အိမ်သို စေလွှတ်ခဲ့သည်။ ထို့နောက်၎င်းတိုထံ သွားရောက်ကာ ဒိုအာတောက်းဆုပြုပြီး အရှင်မြတ်ထံမှ ကောင်းမွန်သေ။ သားငမီးများ ထွန်းကားလာစေရန် ဒိုအာပြုခဲ့သည်။ [၂၈] သမိုင်း ကျမ်းကိုးချက် အရ အေမာမ်အလီ(အစ) နှင့် ဖွာသွေမဟ်(စအ) တို၏ နေအိမ်သည် ထိန်းမြားပြီး ရက်အနည်းငယ်အကြာ တမန်တော်မြတ် ၏ အိမ်ရှိရာ အနီးအနားသို ပြောင်းရွှေ့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်သည် ဖွာသွေမဟ် သခင်မ နှင့် ဝေးဝေးနေရန် ခက်ခဲသောကြောင့်ဖြစ်သည်။ တမန်တော်မြတ်သည် မိမိအိမ်၌ ၎င်းတို နှစ်ဦးအား ထားရှိရန် ရှေးဦးစွာ ကြိုးပမ်းခဲ့သည်။သို့သော် ဆွဟာဘာများ အနက်မှ တစ်ဦးဖြစ်သူ ဟာရီစ် ဗင်န် နအ်မာန် သည် တမန်တော်မြတ် အိမ်၏ အနီးအနား၌ ရှိသော မိမိ၏ အိမ်ကို တမန်တော်မြတ်အား ပေးခဲ့ပြီး ယင်းအိမ်သည် အေမာမ်အလီ(အစ) နှင့် ဖွာသွေမဟ်(စအ) တို၏ နေအိမ် ဖြစ်လာခဲ့သည်။ [၂၉]

မှတ်စုများ

  1. 7
  2. ၁၀
  3. ၁၁
  4. ၁၂
  5. ၁၃
  6. ၁၄
  7. ၁၅
  8. ၁၆
  9. ၁၇
  10. ၁၈
  11. ၁၉
  12. ၂၀
  13. ၂၁
  14. ၂၂
  15. ၂၃
  16. ၂၄
  17. ၂၅
  18. ၂၆
  19. ၂၇
  20. ၂၈
  21. ၂၉

ကျမ်းကိုးများ