ပထမဦးဆုံးမွတ်စ်လင်မ်

wikishia မှ

ပထမဦးဆုံးမွတ်စ်လင်မ် (အာရဗီ-أول المسلمين ) ဆိုသည်မှာ တမန်တော်မြတ်ကြီး(ဆွ) အား အီမာန်သက်၀င်ယုံကြည်သော ပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ပထမဆုံး မွစ်လင်မ် ဖြစ်ခြင်းသည် ဂုဏ်ယူစရာတစ်ခုပင်ဖြစ်သည်။ ရှီအာများသည် ခတီဂျာသခင်မကို ပထမဦးဆုံး အိစ္စလာမ် လက်ခံသည့် အမျိုးသမီး၊ အေမာမ်အလီ(အစ) ကို ပထမဦးဆုံး အိစွစလာမ် လက်ခံသည့် အမျိုးသား ဟု လက်ခံထားကြသည်။ ဤအကြောင်းအရာသည် စွန္နီသမိုင်းကျမ်းကိုးကားများ၌ လာရှိထားသည်။

အဲဟ်လေစွန္နသ်၏ အချိုကျမ်းကိုးကားများ၌ အဘူဘက်ရ်အား ပထမဆုံးမွစ်လင်မ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ရှဖိအာသမိုင်းသုတေသီဖြစ်သူ ရစူလေဂျအ်ဖရီယာန်သည် ထိုသိုပြောဆိုထားသည့်အရာများသည် သမိုင်းအထောက်အထားမရှိဘဲ မွစ်လင်မ်များအကြား ဘာသာရေးပဋိပက္ခ ဖြစ်စေရန်အတွက်သာ ဖြစ်သည်ဟု လက်ခံထားသည်။

ရာထူးနှင့် အရေးပါမှု

ပထမမွတ်စ်လင်မ် ဆိုသည်မှာ တမန်တော်မြတ်ကြီးအား ပထမဆုံးအီမာန်သက်၀င်ယုံကြည်သောသူဟု ဖော်ညွှန်းထားသည်။ ပထမဦးဆုံး မွတ်စ်လင်မ်ဖြစ်ခြင်းမှာ ဂုဏ်အသရေနှင့် မြင့်မြတ်မှုရှိသည်ဟု သတ်မှတ်ခံရသည်။ [၁] အချိုကျမ်းကိုးကားများအရ တမန်တော်မြတ်ကြီး(ဆွ)သည် အေမာမ်အလီ(အစ) ၏ ပထမဆုံးမွတ်စ်လင်မ်ဖြစ်ခြင်းကို ၎င်းအတွက် သာလွန်မြင့်မြတ်မှုရှိသည်ဟု သိထားလေသည်။ [၂] ပထမဆုံးမွတ်စ်လင်မ်ဖြစ်သည်ဟု ကျွေးကျော်ထားသောအချို ဆွဟာဘာများသည်လည်း ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ဂုဏ်ယူမှုရှိကြပေသည်။[၃]

ခတီဂျာ(စ)သည် ပထမဆုံး မွတ်စလင်အမျိုးသမီးဖြစ်သည်။

ခတီဂျာ(စ)သည် ပထမဆုံး မွတ်စလင်အမျိုးသမီးဖြစ်ခြင်းနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအကြား သလဘာထားကွဲပြားမှုမရှိပေ။ [၄] ၎င်းတိုအနက်မှ အချိုသည် ခတီဂျာသခင်မအား ပထမဆုံးမွတ်စ် င်မ် ( အမျိုးသားနှင့် အမျိုးသမီး) ဟူ၍လည်း ဖော်ပြထားသည်။[၅] အဲဟ်လေစွန္နသ် ၏သမိုင်းပညာရှင် အိဗ်နေအစီးရ်သည် ခတီဂျာသခင်မသည် တမန်တော်မြတ် (ဆွ) ကို ပထမဆုံးအီမာန်သက်၀င်ယုံကြည်သူဖြစ်သည် ဟုသိထားသည်။ [၆] တတိယရာစု၏သမိုင်းပညာရှင် အဟ်မဒ်ဗင်န် အဘီယအ်ကူးဘ် ၏အဆိုအရ ခတီဂျာသခင်မ သည် ပထမဆုံးအီမာန်သက်၀င်ယုံကြည်သောအမျိုးသမီးဖြစ်ပြီး အေမာမ်အလီ(အစ)သည် တမန်တော်မြတ် (ဆွ)ကို အီမာန်သက်၀င်ယုံကြည်သောပထမဆုံးအမျိုးသားဖြစ်သည်။[၇] တမတိတမတိတော်

အေမာမ်အလီ(အစ)သည် ပထမဆုံးအီမာန်သက်၀င်ယုံကြည်သောအမျိုးသားဖြစ်သည်။

ရေဝါယသ်များအရ တမန်တော်မြတ်ကြီး(ဆွ) သည် အေမာမ်အလီ(အစ)အား ပထမဆုံးမွတ်စ်လင်မ်၊ ပထမဆုံးမိုအ်မင်န် [၈] နှင့် တမန်‌ေတာ်မြတ်အား ပထမဆုံးထောက်ခံသူ ဖြစ်ငည်ဟု ချီးကျူးထားလေသည်။[၉] ရှီးခ်သူစီးသည် အေမာမ်ရေဇွာ(အစ) ထံမှကောက်နုတ်ထားသည့် ရေဝါယသ်၌ အေမာမ်အလီ(အစ)အား တမန်တော်မြတ်ကြီး(ဆွ)ကို ပထမဆုံးအီမာန်သက်၀င်ယုံကြည်သူ ဖြစ်သည်ဟု ဖော်ညွှန်းထားသည်။ [၁၀] ရှီအာများသည် အေမာမ်အလီ(အစ) သည် ပထမဆုံးမတ်စ်လင်မ် ဖြစ်ကြောင်းနှင့်ပတ်သက်ပြီး အားလုံးသဘောတူညီမှု ရှိကြပေသည်။[၁၁] အီမာမ်အလီ (အ.စ.) သည်လည်း ၎င်းသည် အစ္စလာမ်ကို ပထမဆုံးလက်ခံသူ၊ ပထမဆုံး မွတ်စ်လင်မ်ဖြစ်ကြောင်းလကို ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အလ္လာမဂ်မဂ်ျလေစီ [၁၂] နှင့် ဟိုစိန် ဗင်န် ဟမဒါန်း ခဆွီဘီ [၁၃] တိုသည် လေးရာစု၏ ရှီအာစာရေးဆရာများဖြစ်ကြပြီး ၎င်းတိုသည် အေမာမ်အလီ(အစ) အား ပထမဆုံးမွတ်စ်လင်မ် ဖြစ်သည်ဟု လက်ခံထားကြသည်။ ထိုအတူ မိာဟမ္မဒ် ဗင်န် ဂျရီးရ် သွီဘ်ရီ [၁၄] ရှမ်စိုဒီးန်နေဇိုဟိုဘီး [၁၅] နှင့် အခြားသူများ [၁၆] အဲဟ်လေစွန္နသ်မှ သမိုင်းသုတေသီများသည် အေမာမ်အလီ(အစ)အား ပထမဆုံးမွတ်စ်လင်မ်ဖြစ်သည် ဟူ၍ကိုးကားဖော်ပြگزارش‌های دیگرသည်။

အခြားသော ကိုးကားကိုးကားဖော်ပြချက်များ

အဲဟ်လေစွန္နသ်အချို၏ ဖော်ပြချက်များအရ အဘူဘက်ရ် [၁၇] သိုမဟုတ် ဇိုင်ဒ် ဗင်န် ဟာရီစ် တိုဘသည် ပထမဆုံး မွတ်စ်လင်များ ဖြစ်ကြသည်။[၁၈] အဲဟ်လေစွန္နသ်၏ သမိုင်းသုတေသီဖြစ်သူ မက္က်ရေဇီး သည် ( အင်မ်သာအွလ်အက်စ်မာအ်) ဟူသောစာအုပ်၌ အဘူဘက်ရ်သည် တမန်တော်မြတ်ကြီးအား ထောက်ပံ့ကူညီရန် ပထမဆုံး မွတ်စ်လင်မ် ဖြစ်သည်ဟု ဖော်ပြထားသည်။ [၁၉] အိဗ်နေဟဂျဲရ် သည် ( အလ်အိဆွာဘဟ်) ဟူသောစာအုပ်၌ ပထမဆုံးမွတ်စ်လင်ကို ကလေးများအနက်မှ အေမာမ်အလီ(အစ) ၊အမျိုးသမီးများအနက်မှ ခတီဂျာသခင်မ၊ အမျိုးသားများအနက်မှ အာဇာဒ် ဟူ၍ဖော်ပြထားသည်။ [၂၀] မိုဟမ္မဒ် ဗင်န် ဂျရီးရ် သွီဘ်ရီး သည် မိုဟမ္မဦ် ဗင်န် စအ်ဒ်မှ ကောက်နုတ်ထားသည်မှာ အဘူဘက်ရ်သည် လူအယောက် ၅၀ မွတ်စ်လင်မ်ဖြစ်ပြီးမှ အိစ္စလာမ်ဘာသာသို ကူးပြောင်းလာခဲ့သည်။ [၂၁]


ရှီအာသမိုင်းသုတေသီဖြစ်သူ ရစူလေဂျအ်ဖရီး၏‌ ပြောကြားချက်အရ အချိုသူများသည် အဘူဘက်ရ်အား ပထမဆုံးမွတ်စ်လင်မ်ဟု လက်ခံထားခြင်းသည် သမိုင်းအထောက်အထား အလျင်းမရှိပေ။ ထိုသိုလက်ခံထားရခြင်းမှာလည်း မွတ်စ်လင်မ်များအကြား ဂိုင်းဂဏ္ဌဆိုင်ရာ အချင်းချင်း ပဠိပခ ဖြစ်ရန်သာ ဖြစ်ပေသည်။[၂၂]

အိစ်လာမ်လက်ခံကြသူများ အစဉ်လိုက်

အဲဟ်လေစွန္နသ် သမိုင်း‌သုတေသီဖြစ်သူ အိဗ်နေအစီးရ် သည် ခတီဂျာ(စ) ၊ အေမာမ်အလီ(အစ) ၊ ဇိုင်ဒ် ဗင်န် ဟာရီစ် နှင့် အဘူဘက်ရ် ။[၂၃] ၊ အလ္လာမဟ်မဂ်ျလေစီ သည် အေမာမ်အလီ(အစ) ၊ ခတီဂျာ(စ) နှင့် ဂျအ်ဖဲရ် ဗင်န် အဘီသွာလီဘ် တိုအား အစဉ်လိုက်အားဖြင့် တမန်တော်မြတ်ကြီး(ဆွ) ကို ပထမဆုံး အီမာန်သက်၀င်ယုံကြည်ကြသူများဖြစ်သည် ဟုဖော်ပြထားပေသည်။။[၂၄]

မှတ်စုများ

  1. မရ်၀ဂျီသွီဘ်စီး၊(အမီးရွလ်မိုအ်မေနီးန် ဝါ ပီးရှ်သာဇီး ဒရ်အိစ္စလာမ်) ၊စာမျက်နှာ၇၂။
  2. အိဗ်နေအက်ဒဟ်ကူဖီ၊ ဖွဇွာအိလွလ်အမီးရွလ်မိုအ်မေနီးန်အာလျုင်းဟိစ္စလာမ်၊ဟီဂျရီ၁၄၂၄၊စာမျက်နှာ၂၄။
  3. အိဗ်နေကသီးဗဟ်၊အလ်မအာရိဖ်၊ခရာဇ်နှစ်၁၉၉၂၊စာမျက်နှာ၁၆၉။
  4. ဟိုစိန်နီး၊(နိုခွပ်စ်သီးမိုအ်မင်န် ဝါ အာဂာဟာနေဟ်သရီးန်အီမာန်) ၊စာမျက်နှာ၄၈။
  5. ဘေလာဇရီ၊အင်န်စာဖုလ်အရှ်ရာဖ်၊ဟီဂျရီ၁၄၁၇၊အတွဲ၁၊စ။မျက်နှာ၄၇၁၊အိဗ်နေစအ်ဒ်၊အသ်သွဘ်ကာသုလ်ကုဘ်ရာ၊ဟီဂျရီ၁၄၁၀၊အတွဲ၃၊စာမျက်နှာ၁၅၊အိဗ်နေအဘ်ဒုလ်ဘက်ရ်၊အလ်အိစ်သီအာဘ်၊ဟီဂျရီ၁၄၁၂၊အတွဲ၂၊စာမျက်နှာ၅၄၆၊အိဗ်နေခလဒူးန်၊သာရီးလခအိဗ်နေခလဒူးန်၊ဟီဂျရီ၁၄၀၈၊အတွဲ၂၊စာမျက်နှာ၄၁၀၊ဆွာလေဟီးန် ဒမီရှ်ကီ၊စက်ဘ်လွလ်ဟိုဒါ၊ဟီဂျရီ၁၄၁၄၊အတွဲ၂၊စာမျက်နှာ၃၀၀။
  6. အိဗ်နေအစီးရ်၊အဘ်ကာမိလ်၊ဟီဂျရီ၁၃၈၅၊အတွဲ၂၊စ။မျက်နှာ၅၇
  7. ယအ်ကူဘီး၊သာရီးခေယအ်ကူဘီး၊မနာကီဘ်အာလေအဘီသွာလီဘ်၊ဒါရွလ်ဆွာဒိရ်၊အတွဲ၂၊စာမ်ျြနှာ၂၃
  8. အိဗ်နေရှဟ်ရ်အာရှုဘ်၊မနာကီဘ်အာလေအဘီသွာလီဘ်၊ဟီဂျရီ၁၃၇၉၊အတွဲ၂၊စာမျက်နှာ၆
  9. ဆွဖွာရ်၊ဘဆွာအိရွလ်ဒရဂျာသ်၊ဟီဂျရီ၁၄၀၄အတွဲ၁ စာမျက်နှာ၈၄
  10. ရှီးခ်သူစီး၊ အလ်အမာလီ၊ဟီဂျရီ၁၄၁၄၊စာမျက်နှာ၃၄၃
  11. ဟိုစိန်နီ( နိုခွပ်စ်သီးန်မိုအ်မင်န် ဝါ အာဂါဟာနေသရီးန် အီမာန်) ၊ စာမျက်နှာ၄၈
  12. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၃၈၊စာမျက်နှာ၂၈၄
  13. မဂ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ်၊ဟီဂျရီ၁၄၀၃၊အတွဲ၆၆၊စာမျက်နှာ၁၀၂
  14. ခဆွီဘီး၊အလ်ယဟဒါယသွလ်ကုဘ်ရာ၊ဟီဂျရီ၁၄၁၉၊စာမျက်နှာ၅၀
  15. သွီဘ်ရီ၊ သာရီးခုလ်အိုမမုလ်၀လ်မလူးက်၊ ဟီဂျရီ၁၃၈၇၊ အတွဲ၂၊စာမျက်နှာ၃၁၀
  16. ဇိုဟ်ဘီး၊သာရီးခွလ်အိစ္စလာမ်၊ ဟီဂျရီ၁၄၀၉၊အတွဲ၁၊စာမျက်နှာ၁၂၈
  17. အိဘ်နေအဘ်ဒုလ်ဘက်ရ်၊ အလ်အိစ်သီအိဘာသ်၊ဟီဂျရီ၁၄၁၂၊အတွဲ၃၊ စာမျက်နှာ၁၀၉၀
  18. သွီဘ်ရီ၊ သာရီးခုလ်အိုမမုလ်၀လ်မလူးက်၊ ဟီဂျရီ၁၃၈၇၊ အတွဲ၂၊စာမျက်နှာ၃၁၅၊ အိဘ်နေအဘ်ဒုလ်ဘက်ရ်၊ အလ်အိစ်သီအိဘာသ်၊ဟီဂျရီ၁၄၁၂၊အတွဲ၃၊ စာမျက်နှာ ၉၆၅
  19. ဘေလာဇဲရီ၊ အင်န်စာဖုလ်အိရှ်ရာဖ်၊ဟီဂျရီ၁၄၁၇၊အတွဲ၁၊ စာမျက်နှာ၄၇၀
  20. မက္က်ရီဇီး၊အင်မ်သာအုလ်အက်စ်မာအ်၊ဟီဂျရီ၁၄၂၀၊ အတွဲ၁၊ စာမျက်နှာ၃၄
  21. အိဗ်နေဟဂျဲရ်၊ အလ်အိဆွာဘဟ်၊ဟီဂျရီ၁၄၁၅၊အတွဲ၁၊ စာမျက်နှာ၈၄
  22. သွီဘ်ရီ၊ သာရီးခုလ်အိုမမုလ်၀လ်မလူးက်၊ ဟီဂျရီ၁၃၈၇၊ အတွဲ၂၊စာမျက်နှာ၃၁၆
  23. ဂျအ်ဖရီယာန်း၊သာရီးခေစေယာစီးအိစ္စလာမ် စီးရေယေရစူလေခိုဒါ၊အီရာန်နှစ်၁၃၈၀အတွဲ၁၊ စာမျက်နှာ၂၃၅
  24. အိဗ်နေအစီးရ်၊ အစက်ဒွလ်ဂါဘဟ်၊ဟီဂျရီ၁၄၀၉၊အတွဲ၂၊စာမျက်နှာ၁၃၀-၁၃၁

ကျမ်းကိုးမျာ

  • အိဗ်နေအစီးဂျက်ဇ်ရီ၊ အလီဗင်န်မိုဟမ္မဒ်၊အစက်ဒွလ်ဂါဘဟ်ဖီမအ်ရိဖသွလ်ဆွဟာဘဟ်၊ဘီရှုးသ်၊ဒါရွလ်ဖိကိရ်၊ဟီဂျရီ၁၄၀၉
  • အိဗ်နေအစီးဂျက်ဇ်ရီ၊ အလီဗင်န်မိုဟမ္မဒ်၊အလ်ကာမီလ်ဖီလ်သာရီးခ်၊ဘီရှုးသ်၊ဒါရွလ်ဆွာဒီရ်၊ဟီဂျရီ၁၃၈၅
  • အိဗ်နေဟဂျရ်အက်စ်ကလာနီ၊အဟ်မဒ်ဗင်န်အလီ၊ အလ်အိဆွာဘသွလ်ဖီလ်သမီး‌ဇွလ်ဆွာဟာဘဟ်၊သဟ်ကီးက် အာဒိလ်အဟ်မဒ်အဘ်ဒုလ်မောင်ဂျူဒ်၊အလီမိုဟမ္မဒ်မအူးဇ်၊ဘီရှုးသ်၊ဒါရွလ်ကူသူဘုလ်အိလ်မီယဟ်၊ ပထမထုပ်ဝေမှု၊ဟီဂျရီ၁၄၁၅
  • အိဗ်နေခလဒူးန်၊အဗ်ဒုလ်ရဟ်မာန်ဗင်န်မိုဟမ္မဒ်၊သာရီးခေအိဗ်နေခလဒူးန်၊သဟ်ကီးက် ခလီးလ်ရှဟာဒဟ်၊ဘီရှုးသ်၊ဒါရွလ်ဖိကိရ်၊ဒုတ်ယထုပ်ဝေမှု၊ဟီဂျရီ၁၄၀၈
  • အိဗ်နေစအ်ဒ်၊မိုဟမ္မဒ်ဗင်န်စအ်ဒ်၊အသ်ွသွဘ်ကာသွလ်ကုဘ်ရာ၊သဟ်ကီးက် မိုဟမ္မဒ် အဘ်ဒုလ်ကာဒီရ်အသွာ၊ဘီရူးသ်၊ဒါရွလ်ကုသူဘုလ်အိလ်မီယဟ်၊ပထမထုပ်ဝေမှု၊ဟီဂျရီ၁၄၁၀
  • အိဗ်နေရှဟ်ရ်အာရှုလ်မာဇင်န်ဒရောနီ၊ မနာကီဘ်အာလေအဘီသွာလီဘ်အာလိုင်ဟိစ္စလာမ်၊ကွမ်း၊ အလ္လာမာ၊ပထမထု

ပ်ဝေမှု၊ဟီဂျရီ၁၃၇၉

  • အိဗ်နေအဘ်ဒုလ်ဘက်ရ်၊ ယူစွဖ်ဗင်န်အဘ်ဒုလ္လာဟ်၊အလ်အိစ်သီအားဘ်ဖီမအ်ရိဖွသွလ်အဆ်ွဟာဘ်၊သဟ်ကီးက် အလီမျုဟမ္မဒ်အလ်ဂျဘာဝီ၊ဘီရူးသ်၊ဒါရွလ်ဂျဘီးလ်၊ပထမထုပ်ဝေမှုဟီဂျရီ၁၄၁၂
  • အိဗ်နေကသီးဘဟ်၊အဘ်ဒုလ္လာဟ်ဗင်န်မွတ်စ်လင်မ်၊အလ်မအာရိဖ်၊သဟ်ကီးက် စိုရူးသ်အက္ကာရှေ့ဟ်၊ကာဟိရဟ်၊အလ်ဟိုန်းအသွလ်မိဆ်ွရီယသွလ်အာမ္မဟ်လိလ်ကိသာဘ်၊ဒတိယထုပ်ဝေမှု၊ခရာဇ်နှစ်၁၉၉၂
  • အိဗ်နေအက်ဒဟ်ကူဖီ၊အဟ်မဒ်ဗင်န်မိုဟမ္မဒ်၊ဖွဇွာအိလုအမီးရွတ်မိုအ်မေနီးနိအာလိုင်းဟိစ္စလာမ်၊မိုဟက္ကိက်ဝါမိုဆွဟိဟ်၊ အဘ်ဒုလ်ရဇာက် မိုဟမ္မဒ် ဟိုစိန်း ဟိရ်ဇုလ်ဒီးန်၊ ကွမ်း၊ ဒလီးလ်လေမာ၊ ပထမထုပ်ဝေမှု၊ဟီဂျရီ၁၄၂၄
  • ဘေလာဇရီ၊အဟ်မဒ်ဗင်န်ယဟ်ယာ၊ အင်န်စာဖွလ်အရှ်ရာဖ်၊ သဟ်ကီးက် စဟီးလ်ဇကားလ်၊ ရေယာဇ်ဇရ်ကွလ္လီး၊ဘီးရူးသ်၊ ဒါရွလ်ဖိကိရ်၊ပထမထုပ်ဝေမှု၊ ဟီဂျရီ၁၄၁၇
  • ဂျအ်ဖရီယာန်း၊ ရစူလ်၊သာရီးခေစေယာစီးအစ္စလာမ်စီးရေယေရစူလ်ခိုဒါ၊ ကွမ်း၊ အင်န်သေရှာရာသေဒလီးလ်၊အီရာန်နှစ်၁၃၈၀
  • ဆိုင်ယိဒ်ကရမ်ဟိုစိန်း၊( နိုခွက်စ်သီးန်မိုအ်မင်န် ဝါ အာဂါဟာနေသရီးန်အီမာန်) ၊ မဂ်ျလေဆွေရာသ်၊အမှတ်၁၀၊အာဘာလ အီရာန်နှစ်၁၃၉၂
  • ခဆွီဘီ၊ ဟိုစိန်းဗင်န်ဟမေဒါန်း၊ အလ်ဟေဒါယသွလ်ကုဘ်ရာ၊ ဘီးရူးသ်၊အလ်ဘလာဂ်၊ဟီဂျရီ၁၄၁၉
  • ဇိုဟ်ဘီ၊ မိုဟမ္မဒ် ဗက်န် အဟ်မဒ်၊ အစ္စလာမ့်သမိုင်း၊ သဟ်ကီးက် အွမ္မရ်အဘ်ဒုလ်စလာမ် သက်ဒ်မိုရီး၊ဘီရူးသ်၊ ဒါရွလ်ကေသာဘွလ်အာရဗီ၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊ဟီဂျရီ၁၄၀၉
  • ရှီးခ်သူစီး၊မိုဟမ္မဒ်‌ဗင်န်ဟစန်၊ အလ်အမာလီ၊ ကွမိး၊ ဒါရွလ်စကာဖဟ်၊ပထမထုပ်ဝေမှု၊ဟီဂျရီ၁၄၁၄
  • ဆွာလေဟီဒမီရှ်ကီ၊ မိုဟမ္မဒ် ဗင်န် ယူစွဖ်၊ စိဘ်လွလ်ဟိုဒါ ၀လ်ရိရှာဒ် ဖီ စီးရသုခိုင်းရွလ်အိဘာဒ်၊ ဒါရွလ်ကေသာဘုလ်အာရဗီယဟ်၊ ပထမအကြိမ်ထုပ်ဝေမှု၊ ဟီဂျရီ၁၄၁၄
  • ဆွဖွာရ်၊ မိုဟမ္မဒ် ဗင်န် ဟစန်၊ ဘဆွာအိရွလ်ဒရဂျာသ် ဖီ ဖွဇွာအိလွလ် အာလေမိုဟမ္မဒ် ဆွလက်လ္လာဟုအာလိုင်ဟင်မ်၊ သဟ်ကီးက် မိုဟ်စင်န် ဗင်န် အဘာစ်အလီ ကူချေဟ် ဘာဂီ၊ ကွမ်း၊ အာယသွလ္လာဟ်မရ်အရှီနဂျက်ဖီ၏မက္က်သက်ဘ်၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊ ဟီဂျရီ၁၄၀၄
  • သွီဘ်ရီ၊ မိုဂမ္မဒ်ဗင်န် ဂျရီးရ်၊ သာရီးခုလ်အိုမာမွန် ၀လ်မလူးက်၊ သဟ်ကီးက် မိုဟမ္မဒ် အဘူလ်ဖဠက်ဆ်ွလ် အိဘ်ရာဟီးမ်၊ ဘီရူးသ်၊ ဒါရွလ်သရာစ်၊ ဒုတိယအကြိမ် ထုပ်ဝေမှု၊ ဟီဂျရီ၁၃၈၇
  • မရ်ျလေစီ၊ ဗေဟာရွလ်အန်ဝါရ်၊ ဘီရူးသ်၊ ဒါရွလ်အဟ်ယညအွလ်သရာစွလ်အာရ‌ဗီ၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊ဟီဂျရီ၁၄၀၃
  • မိုရူဂျီ သွီဘ်စီ၊ မိုဟမ္မဒ်ဂျဝါဒ်၊ ( အမီးရွလ်မိုအ်မေနီးန် ဝါ ပီးရှ်သာဇီး ဒရါ အိစ္စလာမ်) ၊ မဂျဘေ ဖရ်ဟန်ဂ် ကောင်ဝ်စဲရ်၊ အမှတ်၇၅၊ ဆောင်းဦးကာလ အီရာန်နှစ်၁၃၈၇
  • မက္က်ရီဇီး၊ သကီးယွဒ်ဒီးန်၊ အင်မ်သာအုလ်အက်စ်မာအ် ဘေမာ မင်နက်လ်အဟ်ဝါလ် ၀လ် အမ်ဝါလ် ၀လ်ဟက်ဖ်သဟ် ၀လ်မသာအ်၊ သဟ်ကီးက် မိုဟမ္မဒ် အဘ်ဒုလ်ဟမီးဒ်နမီစီး၊ ဘီရူးသ်၊ ဒါရွလ်ကူသူဘုလ်အီလ်မီယဂ်၊ ပထမထုပ်ဝေမှု၊ ဟီဂျရီ၁၄၂၀
  • ယအ်ကူဘီး၊ အဟ်မဒ် ဗင်န် အဘီယအ်ကူးဘ်၊ သာရီးခေယအ်ကီူး၊ ဘီရူးသ်၊ ဒါရွလ်ဆွာဒီရ် ၊ ပထမအကြိမ်ထုပ်ဝေမှု၊ ဘီသာ။