ဂိုစ်လ်လေမတ်စ်စေမိုင်ယသ်
- ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
ဤဆောင်းပါးသည် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် အကြောင်းအရာ ဖြစ်ပါသည်။ လူသေကို မတ်စ်(ထိတွေ့) ခြင်း အကြောင်း အချက်အလက်အတွက် မတ်စ်စေ မိုင်ယသ် ဆောင်းပါး ကြည့်ပါ။

ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (အရဘီ : غسل مسّ الميّت ) ဆိုသည် မှာ လူသေအလောင်း နှင့် ထိတွေ့ခြင်းကြောင့် ပြုရသည့် ဝါဂျစ်ဗ် (မဖြစ်မနေပြုရသည့်) ဂိုစ်လ် (ရေချိုးခြင်း) ကို ခေါ်ဆိုပါသည်။ ဤဂိုစ်လ် ထည့်ရန် ဝါဂျစ်ဗ် ဖြစ်သည့် အခြေအနေ မှာ လူသေအလောင်း ၏ ကိုယ်ခန္ဓာ အေးသွားပြီး နောက် နှင့် မိုင်ယသ် ဂိုလ်စ် မပြီး ခင် ထိတွေ့ သည့် အခါ တွင် ဖြစ်ပါသည်။ ရှီအဟ် ဖကီးဟ်များ (ခ) ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဤ ဂိုစ်လ် သည် ဝါဂျစ်ဗ် ဖြစ် သော်လည်း၊ စွန်နီ ဖကီးဟ်များ (ခ) ဓမ္မသတ်ပညာရှင်များ ၏ အဆိုအရ မွတ်စ်သဟဗ် ဖြစ်ပါသည်။ ဤဥပဒေသ ၏ ခြွင်းချက်မှာ မအ်စူမ်(အပြစ်မဲ့) နှင့် ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းများကို ထိတွေ့ခြင်းဖြစ်ပါသည်။
ထင်ရှားကျော်ကြားသည့် ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ထည့်ပြီးလျင် လည်း ဝဇူ အတွက် မလုံလောက် ချေ။တစ်နည်းအား ဝဇူပြုရမည် ဖြစ်ပါသည်။ မတ်စ်စေ မိုင်ယသ် သည် ဟဒက်စ်စေ အက္က်ဘဲရ် မှ လား ? သို့မဟုတ် ဟဒက်စ် စေ အဇ်ဂဲရ် မှလား ? နှင့် ပတ်သက်၍ ရှုမြင်ချက် နှစ်ခု လာရှိပါသည်။ ပထမအမြင်အရ ဗလီ၌နေခြင်း နှင့် ရိုဇဟ် ထားခြင်းစသည့် အရာများအတွက် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ထည့် ရမည် ဖြစ်ပါသည်။ သို့သော် ဒုတိယအမြင်အရ ဂိုစ်လ်လေမတ်စ် စေ မိုင်ယသ် ထည့်ရန် ဝဇူပြုဖို့ လိုအပ်သောအရာများအတွက်သာ ထည့် ရမည် ဖြစ်ပါသည်။
အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အရေးပါမှု
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ဆိုသည် မှာ လူသေအလောင်း နှင့် ထိတွေ့ခြင်းကြောင့် ပြုရသည့် ဝါဂျစ်ဗ် (မဖြစ်မနေပြုရသည့်) ဂိုစ်လ် (ရေချိုးခြင်း) ကို ခေါ်ဆိုပါသည်။[၁] ဤ ဂိုစ်လ် ကို ဖေက် ဆိုင်ရာ စာအုပ်များ တွင် သွဟာရသ် ဆိုင်ရာ စည်းမျဉ်းများ အခန်းတွင် ဆွေးနွေးထားပါသည်။[၂]
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ထည့် နည်း သည် အခြား ဂိုစ်လ်များ နည်းတူ ပမာ အား ဖြင့် ဂိုလ်စ်ဂျနာဗသ် ထည့် နည်း ကဲ့သို့ ဖြစ်ပါသည်။ ကွာခြားမှု မရှိချေ။[၃] ဂိုစ်လ် အား သရ်သီဘီ နှင့် အေရ်သမာစီ ဆိုသည့် နည်းလမ်း နှစ် မျိုး ဖြင့် ထည့် နိုင်ပါသည်။ ဂိုစ်လ် သရ်သီဘီ နည်း လမ်း မှာ နီယသ် ပြုပြီးနောက် ဦးခေါင်း နှင့်လည်ပင်းကို ဦးစွာဆေးကြော ရမည် ဖြစ်ပါသည်။ပြီးနောက် ညာဘက်ခြမ်း၊ ထို့နောက် ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းကို ဆေးကြောရမည် ဖြစ် ပါသည်။ သို့သော် ဂိုစ်လ် အေရ်သမာစီ တွင် ခန္ဓာ ကိုယ်တစ်ခုလုံး သည် ရေထဲတွင် နှစ်မြှုပ်ရမည်ဖြစ်ပါသည်။[၄]
ဤ ဂိုစ်လ် ၏ ဒဿန
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (ခ) လူသေအလောင်းကို ထိတွေ့ပြီးနောက် ရေချိုးခြင်း၏ ဒဿနသည် တစ်ကိုယ်ရေ သန့်ရှင်းမှု၊သန့်စင်မှု နှင့် ဝိညာဉ်ရေး သန့်ရှင်းမှု၊သန့်စင်မှု ကို ပြုလုပ်ခြင်း ဖြစ်ပါသည်။ အေမာမ် ရေဇာ (အ.စ) ထံတော် မှ ရီဝါယသ်တော် တစ်ပါး ဆင့်ပြန်လာရှိ ပါသည်။ လူသေကို ရေချိုးပေးသူသည် သေသူ၏ခန္ဓာကိုယ်မှ ပြောင်းရွှေ့လာသော အညစ်အကြေးများမှ မိမိကိုယ်ကို သန့်စင်စေရန် ရေချိုးရမည် ဖြစ်ပါသည်။ အကြောင်းမှာ ခန္ဓာကိုယ်မှ ထွက်သွားသောအခါတွင် ပိုးမွှားများနှင့် ရောဂါပိုးမွှားများ ခန္ဓာ ကိုယ်ထဲ တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။[၅]
ရှရီအီ ဥပေဒ
ရှီအဟ် ဖိုကဟဟ် (ခ) ဓမ္မသတ်ပညာရှင် အများစု၏ အဆိုအရ ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (ခ) လူသေ အလောင်းကို ထိတွေ့ပြီးနောက် ရေချိုးခြင်းသည် ဝါဂျစ်ဗ် ဖြစ်ပါသည်။[၆] ရှီအဟ် ဖိုကဟဟ်(ခ) ဓမ္မသတ်ပညာရှင်များ မှ တစ်ပါး ဖြစ်သည့် ဆယက်ဒ် မိုရ်သဇာ ( ဟီဂျရီ သက္ကရာဇ် ၃၅၅ ခုနှစ် မှ ၄၃၆ ခုနှစ် ) ဖြစ်သည်ဟု ဆိုထား ပြီး ထို အာလင်မ် အနေဖြင့် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် အား မွတ်စ်သဟဗ် ဟု ဆိုထား ပါသည်။[၇] ထိုနည်းတူစွာ အလာမဟ် ဟစ်လီ ( ဟီဂျရီ သက္ကရာဇ် ၆၄၈ ခုနှစ် မှ ၇၂၆ ခုနှစ် ) ၏ အဆိုအရ စွန်နီ ဖိုကဟဟ် (ခ) ဓမ္မသတ် ပညာရှင်များသည် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် အား ဝါဂျစ်ဗ် အဖြစ် လက်မခံ ထားကြောင်း ဖြစ်ပါသည်။[၈] ပြီးတော့ စွန်နီ ဖိုကဟဟ် (ခ) ဓမ္မသတ် ပညာရှင် အများ စု ၏ အမြင်အရတော့ ဤ ဂိုစ်လ် အား မွတ်စ်သဟဗ် ဖြစ်ကြောင်း ဆိုထားကြပါသည်။[၉]
ရှီအဟ် ဓမ္မသတ် ပညာရှင်များ ၏ အဆိုအရ လူသေအလောင်း ၏ ကိုယ်ခန္ဓာ အေးသွားပြီး နောက် နှင့် မိုင်ယသ် ဂိုလ်စ် မပြီး ခင် ထိတွေ့ သည့် အခါ တွင် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ထည့်ရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ဤ အတွက်ကြောင့် မိုင်ယသ် (ခ) လူသေအလောင်း ကို ဂိုစ်လ် ထည့်ပေးပြီးနောက် ထိတွေ့ မည်ဆိုလျင် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ပြုရန် မလိုအပ်တော့ ချေ။[၁၀]
ခြွင်းချက်များ
ရှီအဟ် ဓမ္မသတ် ပညာရှင်များ ၏ အဆိုအရ လူသေအလောင်းကိုထိတွေ့ ခြင်း အတွက် ပြုရသည့် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် နှင့် ပတ်သက်၍ ခြွင်းချက်များရှိပါသည်။ ထိုခြွင်းချက်များ မှာ မအ်စူမ် (ခ) အပြစ်မဲ့သူ၏ ခန္ဓာကိုယ်ကိုထိတွေ့ခြင်း၊ တိုက်ပွဲတွင်ကျဆုံးခဲ့သော ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းကိုထိတွေ့ ခြင်း၊ ရှရီအီ ဟဒ် သို့မဟုတ် ကဆွာဆ် အကောင်အထည် မဖော်မီ ဂိုစ်လ် လေ မိုင်ယသ် ပြုထားသူ၏ ခန္ဓာကိုယ် အား ထိတွေ့ ခြင်း တို့ဖြစ်ပါသည်။[၁၁] သို့သော် အချို့ ဓမ္မသတ် ပညာရှင်များ အနေဖြင့် ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းကိုထိတွေ့ ပြီးနောက်လည်း ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ပြုရမည် ဖြစ်ကြောင်း ဆိုထားကြပါသည်။[၁၂]
ဆက်နွယ်နေသည့် ရှရီအီ ဥပဒေများ
လူသေအလောင်းကို ထိခြင်း နှင့် ပတ်သက်၍ အချို့ ရှရီအီ ဥပဒေများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ထည့်ပြီးလျင် လည်း ဝဇူ အတွက် မလုံလောက် ချေ။ဤအတွက်ကြောင့် နမာဇ် ဝတ်ပြုရန် အတွက် ဤ ဂိုစ်လ် ပြုပြီးသည့် အပြင် မလွဲမသွေ ဝဇူလည်းထပ် ပြုရမည် ဖြစ်ပါသည်။[၁၃]သို့သော် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ ၏ ဖသ်ဝါ အရ ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် သည် လည်း ဂိုလ်စ်ဂျနာဗသ် အတိုင်းဖြစ်ပါသည်။ တစ်နည်း အား ဖြင့် ဝဇူသီးခြားထပ်၍ ပြုရန်မလိုချေ။[၁၄]
- မရာဂျေအ်အေ သက္က်လီးဒ် အများစု ၏ ဖသ်ဝါ အရ လူသေအလောင်း မှ ပြုတ်ထွက်သွားသည့် အပိုင်းအစ ထိတွေ့ချိန် ထိုအပိုင်းအစ တွင် အရိုးပါမည် ဆိုလျင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။[၁၅] သို့သော် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ ၏ ဖသ်ဝါ အရ လူသေအလောင်း မှ ပြုတ်ထွက်သွားသည့် အပိုင်းအစ တွင် အရိုး နှင့် အသား ပါ ဖြစ်နေပါစေ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။[၁၆]
- အကယ်၍ လူသေအလောင်း အား အေးပြီး မှ ထိတွေ့မိတာလား?သို့မဟုတ် မအေးခင် ထိတွေ့ မိတာလား? ဟု သံသယ ဝင်ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။
- ထိတွေ့မိသည့် အလောင်းသည် ရှဟီးဒ် အလောင်းဟုတ်လား? မဟုတ်လား? ဟု သံသယ ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။
- ထိတွေ့မိသည့် အလောင်းအား ရေချိုးပေးပြီးမှ ထိတွေ့ မိတာလား? သို့မဟုတ် ရေမချိုးခင် ထိတွေ့ မိတာ လား? ဟု သံသယ ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။[၁၇]
- လူသေအလောင်းကို အကြိမ်ပေါင်းများစွာ ထိတွေ့မိသည်ဖြစ်စေ၊ အလောင်း တစ်လောင်းမက ကိုထိတွေ့ မိသည် ဖြစ်စေ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ကို ထပ်ခါထပ်ခါ ပြုရန် မလိုအပ်ပေ။[၁၈]
- အချို့သော ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်းကို ထိတွေ့ ခြင်းသည် ဟဒက်စ် စေ အဇ်ဂဲရ် ပမာ ဖြစ်ပါသည်။[၁၉] ဤအတွက်ကြောင့် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် သည် ဝဇူပြုရန် ဝါဂျစ်ဗ် ဖြစ်သည့် အလုပ်များ အတွက်လည်း ဝါဂျစ်ဗ် ဖြစ်သွားပါသည်။ ပမာအားဖြင့် နမာဇ် ဝတ်ပြုရန် ၊ ကျမ်းတော် မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ထိမိရန် ဖြစ်ပါသည်။ အချို့သော ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်းကို ထိတွေ့ ခြင်းသည် ဟဒက်စ်စေ အက္က်ဘဲရ် ပမာ ဖြစ်ပါသည်။ ဤ အတွက် ကြောင့် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် သည် သွဟာရသ် နှင့်ပြုရသည့် အလုပ်များ အတွက်လည်း ဝါဂျစ်ဗ် ဖြစ်သွားပါသည်။ပမာအားဖြင့် နမာဇ် ဝတ်ပြုရန် ၊ သွဝါဖ် ပြုရန် ၊ ရိုဇဟ်ထားရန် ၊ မတ်စ်ဂျစ်ဒ် တွင် ဝင်နိုင်ရန် တို့ ဖြစ်ပါသည်။[၂၀] ဝဟီးဒ် ဗဟ်ဗဟာနီ ၏ အဆိုအရ ဓမ္မသတ် ပညာရှင်များ အကြားတွင် ဒုတိယ အမြင် (ဟဒက်စ်စေ အက္က်ဘဲရ် ပမာ) ဖြစ်ပါသည်။[၂၁] သို့သော်လည်း လက်ရှိ မရာဂျေအ်အေ သက္က်လီးဒ် အများစု အမြင်မှာ ပထမအမြင် (ဟဒက်စ် စေ အဇ်ဂဲရ် ပမာ) ဖြစ်ပါသည်။[၂၂]
ဆက်နွယ်နေသည့် ဆောင်းပါးများ
အောက်ခြေ မှတ်စုများ
- ↑ အလီ ရှီအဟ် ၊ အဲဟ်ကာမ် မေ မိုင်ယသ် ဒဲရ် ဖေက်ဟ် ဟေ မဇာဟစ်ဗ် ဗေ အစ္စလာမ်မီ ၊ စာမျက်နှာ ၅၇။
- ↑ နမူနာကြည့်ရန် - သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၁၂။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၁၀။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၁ ၊ စာမျက်နှာ ၅၂၂-၅၂၄။
- ↑ ရှိက်ခ် ဆူဒူက် ၊ အလလွတ်ရှ်ရှရာယေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၁၊ စာမျက်နှာ ၃၀၀ ၊ ဟဒီးစ် ၃။
- ↑ အာမိုလီ ၊ မဖာသီဟိုလ်ကေရာမဟ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ အတွဲ ၄၊ စာမျက်နှာ ၃၁၂ ။
- ↑ အာမိုလီ ၊ မဖာသီဟိုလ်ကေရာမဟ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ အတွဲ ၄၊ စာမျက်နှာ ၃၁၃ ။
- ↑ အလာမဟ် ဟစ်လီ ၊ သဇ်ကေရသိုလ်ဖိုကဟာအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၃၄။
- ↑ ရှိက်ခ်သူစီ ၊ အလ်ကေလာဖ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ အတွဲ ၁၊ စာမျက်နှာ ၂၂၃။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၃။
- ↑ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၃၀၇။
- ↑ သဗ်ရေဇီး ဂရဝီ ၊ အလ်သန်ကီးဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ် ၊ အတွဲ ၈ ၊ စာမျက်နှာ ၂၉၄ - ၂၉၈။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၉ -၁၀။
- ↑ စစ်သာနီ ၊ သောင်ဇီးဟိုလ်မစာအေလ် ၊ ပုံနှိပ်မသိ ၊ စာမျက်နှာ ၁၀၃။
- ↑ သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၅။
- ↑ စစ်သာနီ ၊ မန်ဟာဂျိုလ်ဆွာလေဟီးန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၁၆။
- ↑ ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ (ရ.ဟ) ၊ အတွဲ ၁ ၊ စာမျက်နှာ ၆၃။
- ↑ ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ (ရ.ဟ) ၊ အတွဲ ၁ ၊ စာမျက်နှာ ၆၄။
- ↑ ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ (ရ.ဟ) ၊ အတွဲ ၁ ၊ စာမျက်နှာ ၆၇။
- ↑ နမူနာကြည့်ရန် - သွဗာသွဗာရီ ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်၊ အတွဲ ၂ ၊ စာမျက်နှာ ၁၁။ အာမိုလီ ၊ မဖာသီဟိုလ်ကေရာမဟ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ အတွဲ ၄၊ စာမျက်နှာ ၃၁၄ - ၃၁၇ ။
- ↑ အာမိုလီ ၊ မဖာသီဟိုလ်ကေရာမဟ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ အတွဲ ၄၊ စာမျက်နှာ ၃၁၄ ။
- ↑ ကြည့်ပါ - ဘနီဟာရှင်မ် ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ အီရန် သက္ကရာဇ် ၁၃၉၂ ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၃၉၃ - ၃၉၄။
ကျမ်းကိုးများ
- ဘနီဟာရှင်မ် ခိုမေနီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟစန် ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ ဒဖ်သရ် အင်န်သေရှော ရာသ် သေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၉၂ခုနှစ်။
- သဗ်ရေဇီး ဂရဝီ ၊ မီးရ်ဇာအလီ ၊ အလ်သန်ကီးဟ် ဖီး ရှရ်ဟ် အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ သကရီရာန် လေဗဟစေ အာယာသွလ္လာဟ် အလ်အွဇ်မာ အဆ်ဆယက်ဒ် အဘူလ်ကာစင်မ် အလ်ခူဝီ ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၁ ခုနှစ်။
- ဟိုစိုင်းန်နီ အာမိုလီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဂျဝါဒ် ၊ မဖာသီဟိုလ်ကေရာမဟ် ဖီး ရှရ်ဟ် ကဝါအစ်ဒ် ဒိုလ်အလာမဟ် ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဘာကဲရ် ခါလေဆီ ၊ ကွမ်း ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ ပုံနှိပ် ခုနှစ် မသိ။
- ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ တီဟီရန် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊ ပုံနှိပ် ခုနှစ် မသိ။
- ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ တီဟီရန် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊ အီရန် သက္ကရာဇ် ၁၃၉၂ ခုနှစ်။
- စစ်သာနီ၊ဆယက်ဒ်အလီ၊ သောင်ဇီးဟိုလ်မစာအေလ် ၊ ပုံနှိပ်မသိ။
- စစ်သာနီ ၊ဆယက်ဒ်အလီ ၊ မန်ဟာဂျိုလ်ဆွာလေဟီးန် ၊ ကွမ်း ၊ ဒဲဖ်သရ်နရှ်ရ် ရေ ဟဇရသ် အာယာသွလ္လာဟ် စစ်သာနီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ခုနှစ်။
- ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊အလလွတ်ရှ်ရှရာယေအ် ၊ကွမ်း ၊ ကေသာဗ် ဖရူရှီ ဒါဝရီ ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ။ ခရစ်သက္ကရာဇ် ၁၉၆၆ ခုနှစ်။
- ရှိက်ခ်သူစီ ၊မိုဟမ္မဒ် ဘင်န် ဟစန် ၊ အလ်ကေလာဖ် ၊ မိုအ်စေစေသွန်နရှ်ရေလ် အစ္စလာမ်မီ ၊ ပုံနှိပ် ခုနှစ် မသိ။
- ဆယက်ဒ် ယဇ်ဒီ ၊ ဆယက်ဒ် မိုဟမ္မဒ် ကာဇင်းမ်၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ၊ကွမ်း၊ ၊ မိုအ်စေ စေ သွန်နရှ် ရေလ် အစ္စလာမ်မီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်။
- အလာမဟ် ဟစ်လီ ၊ ဟစန် ဘင်န် ယူစွဖ် ၊ သဇ်ကေရသိုလ်ဖိုကဟာအ် ၊ ကွမ်း ၊ မိုအ်စေစေဟ် အာလိုလ် ဘိုက်(သ) (အ.စ) လေအဟ်ယာအိုလ်သိုရာစ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ခုနှစ်။
- အလီ ရှီအဟ် ၊ အလီ ၊ «အဲဟ်ကာမ် မေ မိုင်ယသ် ဒဲရ် ဖေက်ဟ် ဟေ မဇာဟစ်ဗ် ဗေ အစ္စလာမ်မီ» ၊ မိုသွာလေအာသ်သေ သကရီဘီ မဇာဟစ်ဗ် ဗေ အစ္စလာမ်မီ ၊ အတွဲ ၃ ၊ ဆောင်းရာသီ ၊ အီရန် သက္ကရာဇ် ၁၃၉၁ ခုနှစ်။
- နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး ရှရ်ဟ်ဟေ ရှာရာအေအ် အိုလ်အစ္စလာမ် ၊သဲဟ်ကီးက် အဘာစ် ကူဂျာနီ ၊ ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ ၇ ကြိမ်မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ခုနှစ်