ဂိုစ်လေမိုင်(ယ်)ယသ် လူသေအားရေချိုးပေးခြင်း

wikishia မှ

ဂိုစ်လေမိုင်(ယ်)ယသ် လူသေအားရေချိုးပေးခြင်း သည် မလုပ်မနေရပြုလုပ်ရမည့် ဝါဂျီဘ်ဂိုစ်လ်များအနက်မှဖြစ်ပြီး မွတ်စ်လင်မ် မိုင်(ယ်)ယသ် လူသေအား သီးခြားကျင့်၀တ်များဖြင့် ဆေးကြောပေးခြင်းဟူ၍ ဖော်ပြထားသည်။ ဤဂိုစ်လ်၌ မိုင်(ယ်)ယသ်လူသေအား ဇီးရွက် ဖြင့်ရောစပ်ထားသောရေဖြင့် သုံးကြိမ် ၊ ပရုတ်ဖြင့်ရောစပ်ထားသောရေဖြင့် သုံးကြိမ်၊ ရေသန့်ဖြင့်သုံးကြိမ် ဆေးကြောရမည်။ အကယ်၍ ဇီးရွက် နှင့် ပရုတ် မရှိပါက ရေသန့်ဖြင့် ဂိုစ်လ် ပြုလုပ်ပေးရမည်။ ထိုအပြင် ၎င်းအား ရေဖြင့် ဂိုစ်လ်လုပ်ပေးရန် ဖြစ်နိုင်ခြေမရှိပါက သယမ်မွမ် လုပ်ပေးရမည်။

မိုင်(ယ်)ယသ်လူသေဆိုရာ၌ လေးလသားအရွယ်မှစပြီး ဂိုစ်လ် လုပ်းရေမည်။ သိုသော် ရှဟီးဒ် များသည် ခြွင်းချက်ဖြစ်ပြီး ၎င်းတိုအား ဂိုစ်လ်မရှိဘဲနှင့် ဒက်ဖ်န်(မြေမြုပ်) လိုရပေသည်။

မိုင်(ယ်)ယသ်လူသေအား ဂိုစ်လ် လုပ်ပေးခြင်းသည် ဝါဂျစ်ဘ်ဘေ ကေဖွာယီး ဖြစ်သည်။( တစ်ဦးတစ်ယောက်ပြုလုပ်လိုက်ရုံဖြင့် လုံလောက်သွားပေသည်) ။ ထိုဂိုစ်လ်အတွက် လုပ်အားခတောင်းခြင်းသည် ဟရာမ်ဖြစ်သည်။

အရေးပါမှု နှင့် အရိုက်အရာ

ဂိုစ်လေမိုင်(ယ်)ယသ် သည် တစ်ဦးတစ်ယောက် ပြုလုပ်လိုက်ရုံဖြင့် လုံလောက်သွားသည့် ဝါဂျီဘ် အမျိုးအစားမှ (ဝါဂျစ်ဘ်ဘေ ကေဖွာယီး)ဖြစ်ပြီး မွတ်စ်လင်မ် တစ်ဦးဆုံးသွားပြီးနောက် အခြားသူများသည် ၎င်းအား ဂိုစ်လ် လုပ်ပေးရမည်။ ဂိုစ်လ်မလုပ်ဘဲ ဒက်ဖ်န် မြေမြုပ် ပိုင်ခွင့် မရှိပေ။ [၁] ထိုကြောင့် သချိုင်းများ၌ မိုင်(ယ်)ယသ်လူသေများကို ဂိုစ်လ်လုပ်ပေးဖိုရန် နေရာ သီးသန့်ရှိပေသည်။ [၂] ယင်းအား မိုင်(ယ်)ယသ်ရေချိူးခန်း ဟုခေါ်သည်။ [၃] မိုင်(ယ်)ယသ်လူသေကို ရေချိုးပေးသူအား မိုင်(ယ်)ယသ်ရေချိုးပေးသူ ဟုခေါ်သည်။[၄]

ဟဒီးစ် နှင့် ဖိကဟ် စာအုပ်များ၌ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အဟ်ကောင်မေအမ်ဝါသ် ဟူ၍ လာရှိထားသည်။ [၅] ၀စာအိလ်လ်ရှီအဟ်စာအုပ်၊ အဘ်ဝါဘေဂိုစ်လေမိုင်(ယ်)ယသ်အခန်း ၌ ဂိုစ်လေမိုင်(ယ်)ယသ် နှင့်ပတ်သက်ပြီး ဟဒီးစ်ပေါင်း၁၇၅ခုလာရှိထားသည်။ [၆] ရေဝါယသ်များ၌မိုင်(ယ်)ယသ်လူသေအားဂိုစ်လ် ပြုလုပ်ပေးခြင်းအားဖြင့် ထိုဂိုစ်လ်ပြုလုပ်ပေးသာသည် အပယ်ငရဲမီး၏အပူဒဏ်မှ ကင်းဝေးစေမည်၊ သုခဘုံသို၀င်ရောက်သည့်အခါ နှုရ်အလင်းရောင်းနှင့်အတူ ၀င်ရောက်ရပေမည် ဟုလာရှိထားသည်။ [၇] ထိုအတူ အေမာမ်ဘာကရ်(အစ) မှကောက်နုတ်ထားသည့် ရေဝါယသ်အရ မိုအ်မင်န် မိုင်(ယ်)ယသ်အား ဂိုစ်လ်ပြုလုပ်ပေးခြင်းသည် ရေချိုးေပးသူ၏ တစ်နှစ်တာ မကြီးမားသော အပြစ်များကို ခွင့်လွှတ်ခြင်းဖြစ်စေမည်။ [၈]

မိုင်(ယ်)ယသ်လူသေ သည် ဂိုစ်လ် မပြုမီ နဂျီစ် အညစ်အကြေး ဖြစ်သည်။ ထိုကြောင့် မိုင်(ယ်)ယသ်၏ ခန္ဓာကိုယ်အေးသွားပြီးမှ ၎င်းကို ထိတွေ့ကိုယ်တွယ်ခြင်းဖြင့် ဂိုစ်လေ မက်စေ မိုင်(ယ်)ယသ် ပြုလုပ်ရန် ဝါဂျီဘ်ဖြစ်သွားပေသည်တစ်နည်းအားဖြင့် မိုင်(ယ်)ယသ်ကို ထိတွေ့ကိုယ်တွယ်လိုက်သူသည် ဂိုစ်လ် မဖြစ်မနေ ပြုလုပ်ရမည်။ သိုသော် လူသေသည် ဂိုစ်လ်ပြုလုပ်ပြီးနောက် သန့်စင်သွားပြီး ၎င်းကို ထိတွေ့ကိုယ်တွယ်ခြင်းအားဖြင့် ထိတွေ့ကိုယ်တွယ်သူသည် ဂိုစ်လ်ပြုလုပ်ရန် ဝါဂျီဘ် မဟုတ်တော့ပေ။ [၉]

မည်သိုမည်ပုံ ဂိုစ်လ်ပြုလုပ်ရမည်နည်း

ပျက်ကြသွားသောကလေးသည် အကယ်၍ လေးလအောက် ဖြစ်ပါက ဂိုစ်လေမိုင်(ယ်)ယသ် ပြုလုပ်ရန် မလိုအပ်ပေ။ သိုသော် လေးလပြည့်ပြီးသွားပါက ၎င်းအား ဂိုစ်လ် ပြုလုပ်ပေးရပေမည်။ [၁၀]

မရ်ဂျအေသက္က်လီးဒ်၏ ဖသ်ဝါအရ မိုင်(ယ်)ယသ် သည် အောက်ပါရေသုံးမျိုးဖြင့် အစဉ်လိုက် ဂိုစ်လ် ပြုလုပ်ပေးခြင်းခံရပေမည်။ ထိုရေသုံးမျိုးမှာ (၁) ဇီးဖြင့်ရောနှောထား သောရေ၊ (၂) ပရုတ်ဖြင့်ရောနှောထားသောရေ နှင့် (၃) ရေသန့် တိုဖြစ်သည်။ ဂိုစ်လေမိုင်(ယ်)ယသ် ထိုအတူ အခြားသော ဂိုစ်လ်များတွင် နီယသ် လုပ်ပြီးနောက် ဦးစွာ မိုင်(ယ်)ယသ်၏ ဦးခေါင်း နှင့် လည်ပင်း ၊ ထိုနောက် ၎င်း၏ ကိုယ်ခန္ဓာညာဘက် ပြီးနောက် ဘယ်ဘက် တိုကို ဆေးကြောပေးရမည်။ [၁၁]

အကယ်၍ ဇီး နှင့် ပရုတ် မရှိပါက မိုင်(ယ်)ယသ်ကို ရိုးရိုးရေဖြင့် ဂိုစ်လ် ဆေးကြောပေးရမည်။ သိုဘသော် ဤနေရာ၌ တစ်ခါဂိုစ်လ်ပြုလုပ်ပေးရုံဖြင့် လုံလောက်သည် သိုမဟုတ် သုံးကြိမ်သုံးခါ ပြုလုပ်ပေးရမည် စသည်နှင့်ပတ်သက်ပြီး ကွဲပြားမှု ရှိပေသည်။[၁၂]

ထိုအတူ အကယ်၍ မိုင်(ယ်)ယသ်အား ရိုးရိုးရေဖြင့် ဂိုစ်လ်လုပ်ပေးရန် ဖြစ်နိုင်ခြေ မရှိပါက ၎င်းအား သယမ်မွမ် ပြုလုပ်ပေးရမည်။ သိုသော် သယမ်မွမ်အား တစ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် လုံလောက်ပေသည် သိုဘမဟုတ် သုံးကြိမ်သုံးခါ ပြုလုပ်ပေးရမည် စသည်နှင့်ပတ်သက်ပြီး ကွဲပြားမှု ရှိပေသည်။ [၁၃]

စစ်မြေပြင်၌ကျရှုးသွားသည့် ရှဟီးဒ်များသည် ဂိုစ်လ် ပြုလုပ်ရန် မလိုအပ်ပေ။

ရှီအာဖိကဟ်ပညာရှင်များ၏ အမြင်အရ စစ်ေမြပြင်၌ကျရှုးသွားသည့် ရှဟီးဒ်များသည် ဂိုစ်လ် ပြုလုပ်ရန် မလိုအပ်ပေ။ [၁၄] သိုသော် စစ်မြေပြင်၌ ဒဏ်ရာ ရသွားပြီး စစ်ပွဲပြီးနောက် ကွယ်လွန်သွပါက ၎င်းအား ဂိုစ်လ် ပြုလုပ်ပေးရမည်။ [၁၅]

အခြားသောဖိကဟ်အဓမ္မသက်များ

  • ဂိုစ်လ် ရေချိူပေးမည့်သူသည် မွတ်စ်လင်မ်၊ ရှီအာ၁၂ပါးအေမာမ်ကို လက်ခံသူ၊ အရွယ်ရောက်ပြီးသူ နှင့် အတွေးအခေါ်ရှိသူ ဖြစ်ရမည်။ [၁၆] ထိုအတူ မိုင်(ယ်)ယသ် အမျိုးသားကို အမျိုးသား၊ မိုင်(ယ်)ယသ် အမျိုးသမီးကို အမျိုးသမီးသာ ဂိုစ်လ် ပြုလုပ်ပေးရမည်။ [၁၇] သိုသော် မဲဟ်ရာမ်များနှင့် ဇနီးမောင်နှံတိုသည် ထိုပညတ်ချက်ဥပဒေသမှ ခြွင်းချက်ဖြစ်သည်။ အေဟ်သေယာသ် အနေဖြင့် မည်မျှပင် မျိုးတူလိင်မရှိသည့်အတွက် အောက်ခံအ၀တ်အားဖြင့် ဂိုစ်လ် ပြုလုပ်ပေးသည် ဟုလာရှိထားပါစေ။ [၁၈]
  • များစွာစေ မရာဂျေအ်သက္က်များ၏ ဖသ်ဝါအရ မိုင်(ယ်)ယသ်အား ဂိုစ်လ် ရေချိုးပေးခြင်းအတွက် လုပ်အားခ ယူခြင်းသည် ဟရာမ် ဖြစ်သည်။ အချိုဖသ်ဝါများအရ ထိုအလုပ်သည် အရှင်မြတ်နှင့်နီးစပ်ဖိုရန် ဟူ၍ နိယသ်မရှိပါက ထို ဂိုစ်လ် ကိုလည်း ပျက်ပြားစေသည် ဟူ၍ သိထားကြသည်။ သိုသော် အောက်ခြေသိမ်းအရာများနှင့် လူသေအား သန့်ရှင်းရေး ပြုလုပ်ပေးရသည့်အတွက် ဖြစ်ပါက လုပ်အားခ လက်ခံယူပိုင်ခွင့်ရှိသည်။ [၁၉]
  • သေမိန့်ချမှတ်ခံထားရသောသူသည် အကယ်၍ သေမိန့်မတိုင်ခင် မိမိကိုယ်မိမိ ဂိုစ်လ် ပြုလုပ်ထားပါက သေသွားပြီးေနာက််၎င်းအား ဂိုစ်လ် လုပ်ပေးဖိုရန် မလိုပေ။[၂၀]
  • ဂိုစ်လေမိုင်(ယ်)ယသ်အား အိရ်သေမာစီပုံစံဖြင့် ပြုလုပ်ခြင်းသည် မပိုင်ပေ။ [၂၁]
  • ဂိုစ်လ်မလုပ်မီ မိုင်(ယ်)ယသ်သည် နေဂျာစသ် အညစ်အကြမ်းများမှ ကင်းစင်နေရမည်။ သိုသော် အချိုသည် ဂိုစ်လ် မလုပ်ပေးမီ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို သန့်စင်ေပးခြင်းဖြင့် လုံလောက်သည်ဟု လက်ခံထားသည်။ [၂၂]
  • မည်သူမဆို မိုင်(ယ်)ယသ်ကို ဂိုစ်လ် လုပ်ပေးမည်ဆိုပါက ဦးစွာ မိုင်(ယ်)ယသ်ပိုင်ရှင်ထံမှ အခွင့်တောင်းရမည်။ [၂၃]
  • ကာဖွရ်မိုင်(ယ်)ယသ်အား ဂိုစ်လ် ပြုလုပ်ပေးပိုင်ခွင့် မရှိပေ။ [၂၄]

အေမာမ်များအား ဂိုစ်လ် ပြုလုပ်ပေးခြင်း

အချိုရေဝါယသ်များအရ အေမာမ်တိုင်းကို အခြားအေမာသာလျှင် ဂိုစ်လ် ပြုလုပ်ပေးရမည်။ [၂၅] ထိုနောက် ဟဒီးစ်စာအုပ်များ၌ «أَنَّ الْإِمَامَ لَا يُغَسِّلُهُ إِلَّا إِلامَام» ဟူသော အခန်းဂဏ္ဍဖြင့် သီးသန့်ဤအကြောင်ယအရာနှင့်ပတ်သက်ပြီး လာရှိထားသည်။ [၂၆] အေမာမ်မဟ်ဒီ(အဂျ) ကွယ်လွန်သွားပြီးနောက် အေမာမ်ဟိုစိန်(အစ)သည် ရီဂ်ျအသ် ပြန်လည်ရှင်သန်လာကာ ၎င်းအ ဂိုစ်လ် ပြုလုပ်ပေးပြီး နမာဇေမိုင်(ယ်)ယသ်ကို ဖတ်ပေးပေမည်။ [၂၇]

စာပေလေ့လာဖတ်ရှုရန် ဒက်ဖ်န် (မြေမြုပ်ခြင်း) ကဖန်

မှတ်စုများ

  1. သွဘာသွဘာယီးယက်ဇ်ဒီး၊ အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၉၊အတွဲ၂၊စာမျက်နှာ၃၀
  2. ဘဟ်ရ။မီ၊(ဂိုစ်စာလေခါနေ)
  3. ဒဟ်ခိုဒါ၊ လိုဂက်သ်နာမေ၊ မိုရ်ဒေရှုရ်ခါနေဝေါဟာရအောက်၊
  4. ဒဟ်ခိုဒါ၊ လိုဂက်သ်နာမေ၊ မိုရ်ဒေရှုရ် ဝေါဟာရအောက်
  5. ကြည့်ပါ ဟိုရ်အာမေလီ၊ ၀စာအိလွလ်ရှီအာ၊ဟီဂျရီ၁၄၀၉၊အတွဲ၂၊စာမျက်နှာ၄၇၇-၅၄၄၊ သွဘာသွဘာယီ ယဇ်ဒီး၊ အလ်အွရ်၀သွလ်ဝူဇ်ကာ၊ဟီဂျရီ၁၄၁၉၊အတွဲ၂၊စာမျက်နှာ၂၂
  6. ဟိုရ်အာမေလီ၊၀စာအိလွလ်ရှီအဟ်၊ဟီဂျရီ၁၄၀၉၊အတွဲ၂၊စာမျက်နှာ၄၇၇-၅၄၄
  7. ရှီးခ်မိုဖီးဒ်၊အလ်အိသေဆွာဆ်ွ၊ဟီဂျရီ၁၄၁၃၊စာမျက်နှာ၄၀
  8. ရှီးခ်ဆူဒူက်၊စဝါဘွလ်အအ်မာလ် ဝါ အိုကာဘွလ်အအ်မာလ်၊ဟီဂျရီ၁၄၀၆၊စာမျက်နှာ၁၉၅
  9. သွဘာသွဘာယီးဟကီးမ်၊မွစ်သမ်စကွလ်အွရ်၀သွလ်ဝူစ်ကာ၊ ဒါရွလ်အဟ်ယာအွလ်သရာစွလ်အာရဗီ၊အတွဲ၁၊စာမျက်နှာ၃၃၆
  10. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၃၂
  11. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၄၆-၄၇
  12. ဘဟ်ရာနီ၊အလ်ဂဒါအိကွလ်နာဇွေရဟ်၊မိုအ်စစ်စေနက်ရှ်ရွလ်အိစ်လာမီ၊အတွဲ3၊စာမျက်နှာ၄၅၅
  13. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၄၈
  14. ရှီးခ်အန်ဆွာရီ၊ ကေသာဘွလ်သွဟာရဟ်၊ဟီဂျရီ၁၄၁၅၊အတွဲ၄၊စာမျက်နှာ၃၉၉
  15. အလာမာဟီလ်လီ၊နေဟာယသွလ်အဟ်ကာမ်၊ ဟီဂျရီ၁၄၁၉၊အတွဲ၂၊စာမျက်နှာ၂၃၅
  16. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၃၈-၃၉
  17. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၃၂
  18. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၃၃-၃၅
  19. ဘနီဟာရှင်မီခိုမေနီ၊သောင်ဇီးဂွလ်မစ။အိလ် မရာဂျေအ် ဒက်ဖ်သရေနက်ရှ်ရေအိစ်လာမီ၊အတွဲ၁၊စာမျက်နှာ၂၂၂-၂၂၃
  20. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၄၁
  21. ခူယီ၊ မောင်စယအသွလ်အေမာမ်ခူယီ၊မိုအ်စစ်စေအဟ်ယာအုအာစ ရ်အေမာမ်ခူယီ၊အတွဲ၉၊စာမျက်နှာ၉
  22. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၄၇
  23. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၂၂
  24. သွဘာသွဘာယီးယဇ်ဒီး၊အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဟီဂျရီ၁၄၁၈၊အတွဲ၂၊စာမျက်နှာ၃၀
  25. ကိုလိုင်နီ၊အလ်ကာဖီ၊ဟီဂျရီ၁၄၀၇၊အတွဲ၁၊စာမျက်နှာ၃၈၄
  26. ကိုလိုင်နီ၊အလ်ကာဖီ၊ဟီဂျရီ၁၄၀၇၊အတွဲ၁၊စာမျက်နှာ၃၈၄
  27. ကိုလိုင်နီ၊အလ်ကာဖီ၊ဟီဂျရီ၁၄၀၇၊အတွဲ၁၊စာမျက်နှာ၂၀၆

ကျမ်းကိုးမျာ

  • ဘဂ်ရာနီ၊ ယူစွဖ်ဗင်န်အဟ်မဒ်၊အလ်ဟဒါအိကွလ်နာဇွေရဟ်ဖီအဟ်ကာမွလ်အိသ်ရသွလ်သွာဟိရဟ်၊သက်ဆ်ွဟီးဟ် မိုဟမ္မဒ်သကီအီရ်ဝါနီ၊ကွမ်း၊ မိုအ်စစ်စေနက်ရှ်ရွလ်အိစ်လာမီ၊ ဘီဘာ။
  • ဘနီဟာရှင်မ်ခိုမေနီ၊ မိုဂမ္မဒ်ဟစန်၊ ရေစ လေသောင်စီဟွလ်မစာအိလ်မရာရဂျအ်၊ ကွမ်း၊ဒက်ဖ်သရ်ရေနက်ရှ်ရေအိစ်လာမီ၊ဘီဘာ။
  • ဘဂ်ရာမီ ၊ ဖရီရှ်သဟ်၊ (ဂက်စာလေခါနေဂ်) ၊ဒရဲါယေရေမအာရိဖ် ိုဇိုရ်ရ်အိစ်လာမီ၊ ငီဟီရာန်၊မရ်ကက်ဇေဒါအိရသွလ်မအာရိဖုဘိုဇုရ်ဂ်အိစ်လာမီ။
  • ဟိုရ်အာမေလီ၊ မိုဟမ္မဒ်ဗင်န်ဟစန်၊၀စ အွလွလ်ရှီအဟ်၊ကွမ်း၊ မိုအ်စစ်စေအာလေဘိုင်းသ်၊ ဟီဂျ်းသ်၊ ဟီဂျရီ၁၄၀၉
  • ခူယီး၊ဆိုင်ယိဒ်အဘုလ်ကာစင်မ်၊ မောင်စယအသွလ်အေမာမ်ခူယီး၊မိုအ်စစ်စေအဟ်ယ အွလ်အာစ ရေအေမာမ်ခူယီး၊ ဘီသာ။
  • ဒဲဟ်ခိုဒါ၊အလီအက္က်ဘရ်၊လိညဂသ်နာမေဟ်၊ သီဟီရာန်၊ အင်န်သေရှာရာသေဒါနီရှ်ဂါဟေသီဟီရာန်၊ အီရာန်နှစ်၁၃၇၇။
  • ရှီးခ်အန်ဆွာရီ၊ မွရ်သဇွာ၊ ကေသုဘွလ်သွဟာရဟ်၊ ကွမ်း၊ ကန်ဂ်ရေဂျဟာနီဘိုဇုရ်ဂ်ဒေါက်ဂ်ရှီးခ်အအ်ဇွမ်အန်ဆွာရ်၊ဟီဂျရီ၁၄၁၅။
  • ရှီးခ်ဆူဒူက်၊ မိုဟမ္မဒ်ဗင်န်အလီ၊ စဝါဘွလ်အအမ်ာလ်ဝါ အိုကာဘွလ်အအ်မာလ်၊ ကွမ်း၊ ဒါရွလ်ရှရီးဖွလ်ရေဇွာနက်ရှ်ရ်၊ ဒုတိယအကြိမ်ထုပ်ဝေမှု၊ ဟီဂျရီ၁၄၀၆။
  • ရှီးခ်မိုဖီးဒ်၊ မိုဟမ္မဒ်ဗင်န် မိုမ္မဒ်၊ အလ်အိခ်သေဆွာဆ်ွ၊သက်ဆ်ွဟီးဟ်၊အလီအက္က်ဘရ်ဂဖွာရီ နှင့် မဂ်မူဒ်မိုဟမ္မဒီဇရန်ဒီ၊ကွမ်း၊ အလ်မိုအ်သမရွလ်အာလမီယွလ်ရှီးခွလ်မိုဖီးဒ်၊ ဟီဂျရီ၁၄၁၃။
  • သွဘာသွဘာယီဟကီးမ်၊ ဆိုင်ယိဒ်မိုဟ်စင်န်၊မုစ်သမ်စကွလ်အွရ်၀သွလ်ဝူစ်ကာ၊ ဒါရွလ်အဟ်ယာအွလ်သရာစွလ်အာရဗီ၊ ဘီသာ။
  • သွဘာသွဘာယီယဇ်ဒီ၊ ဆိုင်ယီဒ်မိုဟ်စင်န်ကာဇွင်မ်၊ အလ်အွရ်၀သွလ်ဝူစ်ကာ၊ ဒါရွလ်သက်ဖ်စီးရ်၊ အိစ်မာအီလီယာန်း၊ ငါးကြိမ်မြောက်ထုပ်ဝေမှု၊ ဟီဂျရီ၁၄၁၉
  • အလာမဟ်ဟိလ္လီ၊ ဟစန်ဗင်န်ယူစွဖ်၊နေဟာယသွလ်အဟ်ကာမ်ဖီမအ်ရိဖသွလ်အဟ်ကာမ်၊ ကွမ်း၊မိာအ်စစ်စေအာ‌‌လေဘိုင်းင်၊ဂီဂျရီ၁၄၁၉
  • ကို ိာင်နှ၊ မိုဟမ္မဒ်ဗင်န်ယအ်ကူးဘ်၊အလ်ကာဖီ၊သက်ဆ်ွဂီးဟ် အလီအက္က်ဘရ်ဂဖ္ဖာရီ၊ နှင့် မိုဟမ္မဒ်အာခ်၀န်ဒီ၊ သီဟီရာန်၊ ဒါရွလ်ကူသူဘွလ်အိစ်လာမီယဟ်၊လေးကြိမ်မြောက်ထုပ်ဝေမှု၊ဂီဂျရီ၁၄၀၇.