မတ်စ်စေ မိုင်ယသ်

wikishia မှ
သောင်ဇီးဟိုလ် မစာအေလ်ကျမ်း

မတ်စ်စေ မိုင်ယသ် (အရဘီ - مَسّ مَیِّت )ဆိုသည်မှာ (လူသေ) အလောင်း ကို ထိတွေ့ခြင်း ဟု အဓိပ္ပာယ်ရ ပါသည်။ (1) မတ်စ်စေ မိုင်ယသ် (လူသေအလောင်းအား ထိတွေ့ခြင်း ) အား ဖေက်ဟီ စာအုပ်များ ၏ သွာဟာရသ် ဆိုင်ရာ ဥပဒေသများ အခန်း ကဏ္ဍ တွင် ဖော်ပြထားပါသည်။ (2)

မတ်စ်စေ မိုင်ယသ် နှင့် သက်ဆိုင်သည့် ရှရီအီ ဥပဒေ စည်းမျည်းစည်းကမ်းများ

  • ရှီအဟ်ဖေကဟ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်း နှင့် ထိတွေ့ခြင်းသည် လူသေအလောင်းသည် အေးနေပြီး အလောင်းကို ဂိုစ်လေမိုင်ယသ် (လူသေအားရေချိုးပေးခြင်း) မပြုမီ အလျှင် ထိတွေ့ ခြင်းဖြစ်ပါက ထိုထိတွေ့သူသည် ဂိုစ်လ်(ရေချိုး) ရန် မပြုမနေရ ဝါဂျစ်ဗ် ဖြစ်သွားပါသည်။(3)
  • မအ်စူးမ်၏ ခန္ဓာကိုယ်ကိုထိတွေ့ခြင်း၊ တိုက်ပွဲ တွင်ကျဆုံးသွားသည့် ရှဟီးဒ် ၏အလောင်းကို ထိတွေ့ခြင်း ၊ ဟဒ်(ရှရီအီပြစ်ဒဏ် ၊ပမာအားဖြင့် သေဒဏ် ၊ စသည်ဖြင့် ) သို့မဟုတ် ကဆွာဆ် (ရှရီအီ လက်စားချေမှု ) မခံရမည့်အလျှင် ဂိုစ်လေမိုင်ယသ် ပြုလုပ်ထား သူများ ကို ၎င်းတို့ ကွယ်လွန်ပြီးနောက် ၎င်းတို့၏ အလောင်း ကို ထိမိလျှင် ဂိုလ်စ်လေမတ်စ်စေ မိုင်ယသ် ပြုရပ်မလို အပ်ချေ။ (4) သို့သော် အချို့ ဖေကဟ်ပညာရှင်များ အနေဖြင့် ရှဟီးဒ် ၏ အလောင်းကို (အေး သွားချိန်) ထိမိလျှင်လည်း ဂိုလ်စ်လေမတ်စ်စေ မိုင်ယသ် ပြုရမည်ဟု ဆိုထားကြပါသည်။ (5)
  • ဖေကဟ်ပညာရှင်များ အကြား ကျော်ကြား ရေပန်းစား သည်အမြင်အရ မတ်စ်စေ မိုင်ယသ် (လူသေ အလောင်းကို ထိတွေ့ခြင်း) ဖြင့် ဝဇူ မပျက်ခြင်းဖြစ်ပါသည်။(6)သို့သော် အချို့ ဖေကဟ်ပညာရှင် များ အနေ ဖြင့် မတ်စ်စေ မိုင်ယသ် ဖြင့် ဝဇူပျက်စေသည်ဟု ဆိုထားကြပါသည်။(7)
  • မရ်ဂျာအများစု ၏ ဖသ်ဝါအရ ခန္ဓာကိုယ်မှ ကွဲကွာနေသော အစိတ်အပိုင်းကို ထိမိပါက အရိုးများရှိပါက ဂိုစ်လ်ပြုရမည် ဖြစ်ပါသည်။(8) သို့သော် အာယာသွလ္လာဟ် စစ်သာနီ ၏ အမြင်အရ ခန္ဓာကိုယ်မှ ကွဲကွာ နေ သော အစိတ်အပိုင်းကို ထိမိပါက အရိုးများ နှင့် အသား များ ပင် ရှိနေပါစေ ဂိုစ်လ် မထိုက်ကြောင်း ဖြစ်ပါ သည်။ (9)
  • အချို့ ဖေကဟ်ပညာရှင် ၏ အဆိုအရ ဂိုစ်လ်လေမတ်စ်သေ မိုင်ယသ် သည် ဝဇူ လုပ်ရန် ဝါဂျစ်ဗ် ဖြစ်စေ သည့် အလုပ်များ အတွက်သာ သီးသန့် ဖြစ်ပါသည်။ ပမာအားဖြင့် နမာဇ် ၊ ကျမ်းတော်မြတ်ကုရ်အာန် ၏ စာသားများ ကို လက်ဖြင့်ထိရန် ဖြစ်ပါသည်။ အချို့ဖေကဟ် ပညာရှင်များသည် မတ်စ်စေမိုင်ယသ် အား ဟဒတ်စ်စေ အက္က်ဘဲရ် အဖြစ် ခံယူထားပါသည်။ ဤနည်းဖြင့် သွဟာရသ် လိုအပ်သည့် လုပ်ရပ်များ ပမာအားဖြင့် နမာဇ် ၊သွဝါဖ် ၊ ရိုဇဟ် နှင့် မတ်စ်ဂျစ်ဒ် တွင် နားရန် အတွက် လိုအပ်သလို မတ်စ်စေမိုင်ယသ် အတွက်လည်း လိုအပ်ပါသည်။ (10)

ဆက်နွယ်နေသည့် ဆောင်းပါးများ

  • ဂိုစ်လ်မတ်စ်လေမိုင်ယသ်

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ