wikishia:Featured articles/2024

wikishia မှ

          အဲဟ်လေ့ဘိုက်(သ) (အ.စ) (အရဘီ: اَهلُ‌البَیت) ဆိုသည်မှာ မဟာတမန် တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် များ ကိုခေါ်ဆိုပါ သည်။ ရှီအဟ်စာပေနှင့် ကျမ်းများတွင် ပြစ်မဲ့ မအ်စူမ် (၁၄)ပါးကို ခေါ်ဆိုပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)အတွက် အခြားဆိုလို ချက်များရှိပါသေးသည်။ပမာအားဖြင့် ကေစာ အောက်တွင်ပါဝင် သူပုဂ္ဂိုလ်မွန် ၅ပါး (ပန်းဂျ်သန်ပါက်) နှင့်တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ ဖြစ် ပါ သည်။

ရှီအဟ်ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် ကြီးကျယ် မြင့်မြတ်မှု ၊ ဝိသေသများ နှင့် ၎င်းတို့နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ကို ဖော်ပြထားပါသည်။ ထိုကြောင့် ရှီအဟ် သက်ဝင် ယုံကြည်ချက် အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အစ်ဆ်မသ် (မှားယွင်းမှုမရှိ ခြင်း၊ပြစ်မဲ့ဖြစ်ခြင်း ) ၏ နေရာ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။ ပြီးနောက် တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ အားလုံး ထက် ထိုပြင် အလ္လာဟ်ဟိုအရှင်မြတ် ၏ အဖန်ဆင်းခံများ အားလုံး ထက် သာလွန် မြင့်မြတ်သူများ ဖြစ်ပါသည်။ အစ္စလာမ့် လူ့ အဖွဲ့အစည်း ၏ အုပ်ထိန်းမှု (ဝေလာယသ်) နှင့် ခေါင်းဆောင် မှု တာဝန် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့ ၏ ဖြစ်ပါသည်။ မွတ်စလင်မ်များ အနေဖြင့် မလွဲမသွေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘာသာရေးသွန်သင်ချက်အားလုံး တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ ဦးလှည့်ရမည် ဖြစ်ပြီး ၎င်းတို့၏ နောက်လိုက်ဖြစ် ရမည် ဖြစ်ပါသည်။ ...

ဆောင်းပါးအပြည့်အစုံ ...