ဝီကီရှီအဟ်

wikishia မှ

        ဝီကီရှီအဟ် ဆိုသည်မှာ ရှီအဟ် နှင့် အဟ်လေဗိုင်သ်(အစ) ၏ အခြား နောက်လိုက်သား ဂိုဏ်းများကို သိကျွမ်းစေရန်အတွက် သဘောတရားများကို ရှင်းပြထားသည့် ပကတိ စွယ်စုံကျမ်း တစ်ခုဖြစ်သည်။ ထိုအနက်အဓိပ္ပါယ်သည် ယုံကြည်ချက် ၊ လူသား ၊ ပညာရပ်များ (ဥပမာ သီအိုလောဂျီ ၊ ဖိက္က်ဟ် နှင့် အူစူလေဖိက္က်ဟ်) ၊ စာအုပ်များ၊ ‌အဆောက်အဦးများ ၊ အဖြစ်အပျက်များ၊ အခမ်းအနားများနှင့် ထုံးတမ်းစဉ်လာများ၊ အဟ်လေဗိုင်သ် (အစ) ကိုယုံကြည်လက်ခံသော ဂိုဏ်းများ၊ ရှီအဟ်သမိုင်းကြောင်း နှင့် အခြားသော အယူအဆများကို ယုံကြည်သော ဂိုဏ်းများ စသည်တို့ ပါဝင်ပေသည်။ ဤသို့ တင်ပြဖို့ရန်အတွက် လိုအပ်သော စကားလုံးများနှင့် အမည်များကို ဤစွယ်စုံကျမ်းတွင် ရှင်းပြပါမည်။ ဝီကီရှီအဟ် တွင် ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှုများ နှင့် ထင်မြင်ယူဆချက်များအပြင် သက်သေမပြနိုင်သော သီအိုရီအသစ်များကို တင်ပြခြင်းမှ ရှောင်ကြဉ်ထားပါသည်။ သိပ္ပံနှင့်သမိုင်းဆိုင်ရာ အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်ရန် စာဖတ်သူများအပေါ်တွင် မူတည်ပြီး ဝီကီရှီအဟ် သည် ဤကိစ္စများတွင် ကြား‌‌ေနဝါဒ တစ်ခုအဖြစ် ရှိနေပါသည်။ ဘာသာရေးကွဲပြားမှုများကို ထည့်သွင်းစဉ်းစားရာတွင် ဝီကီစာရေးဆရာများသည် အဓိကအစ္စလာမ့်ဂိုဏ်းနှစ်ခု (ရှီအဟ် နှင့် စွန္နနီ) တို့မှ ပထမဆုံးလက်တွေ့အသုံးပြုပြီး လက်ခံထားသော ကျမ်းကိုးများကို အခြေခံထားသည်။ ဝီကီရှီအဟ်သည် မဂ်ျမအေဂျာဟာနီယေ အဟ်လေဗိုင်သ် နှင့် ဆက်စပ်နေသည်။ ဤစွယ်စုံကျမ်းသည် လက်ရှိတွင် ဘာသာစကား ဆယ့်နှစ်ဘာသာဖြင့် အသုံးပြုနေပြီး ဖှာရ်စီဘာသာဖြင့် ဆောင်းပါးပေါင်း 7,714 ၇၇၁၄ပုဒ် ပါရှိသည်။

တည်‌ေထာင်ရသည့် အကြောင်းတရား နှင့် ရည်ရွယ်ချက်များ

စွယ်စုံကျမ်းများတွင် အစ္စလမ်ဘာသာနှင့် ရှီအဟ်များအကြောင်း ကျယ်ပြောလှသော အချက်အလက် ရှိသည်။ သို့ရာတွင် ဤစွယ်စုံကျမ်းများ၏ ရေးသားသူများသည် အစ္စလာမ့်သွန်သင်ချက်များနှင့် မရင်းနှီးသောကြောင့် သို့မဟုတ် အစ္စလာမ် သို့မဟုတ် ရှီအဟ်ကို မယုံကြည်သောကြောင့်၊ အစ္စလာမ့်အယူအဆများနှင့် ရှီအဟ် နှင့်သက်ဆိုင်သော ဆောင်းပါးများတွင် မှားယွင်းသော အကြောင်းအရာများကို တွေ့မြင်နိုင်ပေသည်။ ရှီအဟ် ယုံကြည်ချက်များ နှင့်ပတ်သက်သည့် အင်တာနက်ဆိုက်များတွင် တည်ရှိနေသည့် ပြဿနာများ နှင့် ကမ္ဘာ့ရှီအဟ်များနှင့် အခြားရှာဖွေသူများသည် စစ်မှန်သောရှီအဟ် နှင့် အစ္စလာမ့်ယုံကြည်ချက်များကို လွယ်ကူစွာ ဝင်ရောက်နိုင်စေရန်အတွက် မဂ်ျမအေဂျာဟာနီယေ အဟ်လေဗိုင်သ် ဝီကီကို ဖန်တီးခဲ့သည်။ အဟ်လေဗိုင်သ် အစ ၏ လမ်းစဉ်ကို မိတ်ဆက်ခြင်းနှင့် ကာကွယ်ခြင်း နည်းလမ်းဖြင့် ဝီကီရှီအဟ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

افتتاح ویکی شیعه

သမိုင်းအကျဉ်း

ခိုရ်ဒါဒ် ၁ ရက်၊ အီရာန်နှစ် ၁၃၉၂ တွင်၊ ဝီကီရှီအဟ် စာရေးဆရာများ၏ ပထမဆုံးညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး လေ့ကျင့်ရေးသင်တန်း အနည်းငယ်ပြီးနောက်၊ ခိုရ်ဒါဒ် ၁၉ ရက်နေ့တွင် ပထမဆုံး ဝီကီရှီအဟ် ဆောင်းပါးကို ဆိုက် ပေါ်တွင်ထုတ်ဝေခဲ့သည်။ အီရာနှစ် ၁၃၉၂ ခုနှစ် သီးရ်လတွင် ဆိုက်ကို အများသူငှာ ကြည့်ရှုရန် တီထွင်ခဲ့သည်။ ဝီကီရှီအဟ်ကို သီးရ်လ ၁ ရက်နေ့ အီရာန်နှစ် ၁၃၉၃ တွင် ၊ သီဟီရာန်မြို့၌ စီဗ်သွန်နဗီ(ဆွ) ကွန်ဂရက်အား ကျင်းပစဉ် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သမ္မတ ဟစန်ရူဟာနီ မှ တရားဝင် ထုတ်ဖော်ပြသခဲ့သည်။

ထူးခြားမှုများ

ဝီကီရှီအဟ် ၏ ထူးခြားချက် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အကြောင်းအရာ ကျယ်ပြန့်ခြင်း

ဝီကီရှီအဟ် ၏ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။ ယုံကြည်ချက် ၊ လူသား ၊ ပညာရပ်များ (ဥပမာ သီအိုလောဂျီ ၊ ဖိက္က်ဟ် နှင့် အူစူလေဖိက္က်ဟ်) ၊ စာအုပ်များ၊ ‌အဆောက်အဦးများ ၊ အဖြစ်အပျက်များ၊ အခမ်းအနားများနှင့် ထုံးတမ်းစဉ်လာများ၊ အဟ်လေဗိုင်သ် (အစ) ကိုယုံကြည်လက်ခံသော ဂိုဏ်းများ၊ ရှီအဟ်သမိုင်းကြောင်း ၊ အဟ်လေဗိုင်သ် နှင့် ၎င်းတို့၏ နောက်လိုက်များကို ယုံကြည်လက်ခံကြသည့် အခြားသော ဂိုဏ်းများ စသည်တို့ ပါဝင်ပေသည်။ မွတ်စ်လင်မ်အားလုံး သို့မဟုတ် အစ္စလာမ်သမိုင်းနှင့် ဆက်စပ်နေသည့် ယေဘုယျ အစ္စလာမ့်အယူအဆများကို ဝီကီရှီအဟ် တွင် ဖော်ပြထားပါသည်။ အဟ်လေဗိုင်သ် အစ နှင့် တစ်နည်းနည်းဖြင့် ဆက်နွယ်နေသော သို့မဟုတ် ဝီကီရှီအဟ် ဆောင်းပါးများတွင် အများအပြားအသုံးပြုပါက အခြားအစ္စလာမ့်ဂိုဏ်းများနှင့် ပတ်သက်သည့် အယူအဆများကို ဝီကီရှီအဟ် တွင် မိတ်ဆက်ထားသည်။

ဝီကီရှီအဟ်၏ အကြောင်းအရာကို စောင့်ကြည့်ခြင်း

ဝီကီရှီအဟ်၏ အကြောင်းအရာကို စောင့်ကြည့်ကြပါသည်။ ထို့ကြောင့်၊ ၎င်းကို ရှီအဟ်မိတ်ဆက်ခြင်းအတွက် စစ်မှန်သော ကျမ်းကိုးတစ်ခုဟု ယူဆထားသည်။ ဝီကီရှီအဟ် သည် လက်ရှိတွင် ကန့်သတ်ချက်များဖြင့် လုပ်ဆောင်နေသော စွယ်စုံကျမ်းတစ်ခုဖြစ်သည်။ သို့သော် ၎င်း၏အနာဂတ် မိုးကုတ်စက်ဝိုင်းတွင် ၎င်းသည် အဟ်လေဗိုင်သ် အစ၏ အဆုံးအမများကို ပြီးမြောက်စေရန်နှင့် စိတ်ပါဝင်စားသူ ရှီအဟ်များ အားလုံးပါဝင်နိုင်စေရန် အဟ်လေဗိုင်သ် အစ ၏လမ်းစဉ်များကို ကျယ်ပြန့်အောင် ပြုလုပ်ခဲ့ပေသည်။ စီမံခန့်ခွဲသူများ၏ ခွင့်ပြုချက်ဖြင့် ဤစွယ်စုံကျမ်းကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ ဝီကီရှီအဟ်တွင် ဤဖြစ်နိုင်ခြေသည် အသုံးပြုသူများအား ဆောင်းပါးများရေးသားရာတွင် ပါဝင်ခြင်းနှင့် ပေါင်းစပ်ခြင်းဖြင့် ပညာရေး ဆောင်းပါးများ၏ တန်ဖိုးကို တိုးမြှင့်နိုင်စေပါသည်။

စီမံကိန်းကောင်စီ

၎င်းသည် ဘာသာစကား တတ်ကျွမ်းသူများ၊ အသိပညာ တတ်ကျွမ်းသူများနှင့် ဝီကီရှီအဟ် ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော ကောင်စီဖြစ်သည်။ ဤကောင်စီသည် ဝီကီရှီအဟ် ၏ မတူညီသော အစိတ်အပိုင်းများတွင် မူဝါဒချမှတ်ခြင်းနှင့် စီစဉ်ခြင်းများကို တာဝန်ယူထား‌ေပသည်။

ဘက်မလိုက်‌ေသာဆိုက် (ကြားနေရေးဝါဒ)

ကြားနေရေးမူဝါဒကို ရှီအာဘာသာနှင့် အဟ်လေဗိုင်သ် အစ၏ နောက်လိုက်များအတွင်း တွေးခေါ်မှုဆိုင်ရာ အကြောင်းအရာများ တွင် လိုက်နာဆောင်ရွက်စေရန် ဖြစ်သည်။ သို့သော် ဝီကီရှီအဟ်သည် အဟ်လေဗိုင်သ် အစ ၏ လမ်းစဉ်ကို မြှင့်တင်ခြင်းဖြစ်ပြီး ပညာရ ဆောင်းပါးများ နှင့် ဤသွန်သင်ချက်များကို ရှင်းပြရန်နှင့် ခုခံကာကွယ်ဖို့ရန် ဟူ‌ေသာ ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်သည်မှာ ထင်ရှားပေသည်။ ဝီကီရှီအဟ် ဆောင်းပါးများသည် သိပ္ပံဆိုင်ရာ သုတေသန ဆောင်းပါးများ မဟုတ်‌ေပ။ သုတေသနများသည် လက်ဦးမှုရယူခြင်းမဟုတ်၊ ထုတ်ဝေခြင်းမပြုဘဲ သိပ္ပံဆိုင်ရာပြဿနာများကို ဖြေရှင်းရန် မကြိုးစားခြင်းဟူသော သဘောဖြင့် မဟုတ်ပေ။ ဝီကီရှီအဟ် ၏အခြေခံသည် ရရှိနိုင်သော ကျမ်းကိုးများအပေါ် အခြေခံ၍ သတင်းအချက်အလတ်များကို ပေးဆောင်ရန်ဖြစ်သောကြောင့် စာရေးဆရာများသည် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို မထုတ်‌ပြန်ကြရပေ။ ပညာရပ် နှင့် သမိုင်းဆိုင်ရာ ခြားနားချက်များကို အကဲဖြတ်ရန် စာဖတ်သူအာတွက် ချန်ထားခဲ့လေသည်။ ဤကိစ္စများတွင် ဝီကီရှီအဟ် သည် ကြားနေရေးမူဝါဒကို ကျင့်ဆောင်ပေသည်။ ဘာသာရေးကွဲလွဲမှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် စာရေးသူသည် အစ္စလာမ့်ဂိုဏ်းကြီးနှစ်ခု (ရှီအဟ် နှင့် စွန္နီ) တို့၏ လက်ဦးမှုရယူထားသော ကျမ်းကိုးများကို အသုံးပြုထားပေသည်။

ဝီကီများ၏ ထူးခြားမှုများ

ဆောင်းပါးများကို အမြဲတမ်း တည်းဖြတ်နိုင်မှုရှိခြင်း။ ဆောင်းပါးအချက်အလက်ကို အပ်ဒိတ်လုပ်ပြီး ထည့်သွင်းနိုင်မှု ရှိခြင်း။ ဆောင်းပါးမှတ်တမ်း စာမျက်နှာရှိ‌ေနသည်ကို တွေ့မြင်ရခြင်း။ သမိုင်းစာမျက်နှာတွင်၊ ဆောင်းပါးတွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုတိုင်းကို မြင်နိုင်သည်။ ကြည့်ရှုသူများသည် ပြုလုပ်ထားသော အပြောင်းအလဲများနှင့် အကြောင်းအရာ ရေးသားသူများအကြောင်း သိရှိနိုင်သည်။ လတ်တလော ပြောင်းလဲမှုများ စာမျက်နှာရှိခြင်း။ ဤစာမျက်နှာသည် ဝီကီ စာမျက်နှာအားလုံးအတွက် နောက်ဆုံးထွက် ပြောင်းလဲမှုများကို ဖော်ပြထားသည်။ ယခင်အကြောင်းအရာနှင့် အပြောင်းအလဲများကို ပြန်လည်ရယူနိုင်စွမ်းရှိခြင်း။ တစ်ခုနှင့်တစ်ခုချိတ်ဆက်မှုရှိခြင်း။ ဤနည်းအားဖြင့်၊ ဆောင်းပါး၏ဖတ်ရှုသူသည် ရှာဖွေခြင်းမရှိဘဲ တစ်ချိန်တည်းတွင် စာသားတွင် အသုံးပြုသည့် အသုံးအနှုန်းတစ်ခုစီကို နားလည်ရန်အတွက် ထိုသဘောတရားနှင့်ဘသက်ဆိုင်သည့် စာမျက်နှာကို ဖွင့်ဖတ်နိုင်သည်။ ဤထူးခြားမှုသည် တင်သွင်းသူအား ဝင်ရောက်မှုတစ်ခုစီကိုဖတ်ရှုနေစဉ်တွင် အသုံးပြုသည့် သဘောတရားအားလုံးကို လွယ်ကူစွာနားလည်နိုင်စေပြီး လေ့လာမှုအောက်ရှိ ဘာသာရပ်ဆိုင်ရာ အချက်အလက် အပြည့်အစုံကို ရယူနိုင်သည်။ ဆောင်းပါးတစ်ခုစီ၏ အခြားဝီကီဘာသာစကားများတွင် တူညီသောအကြောင်းအရာနှင့် ဆက်စပ်မှုရှိခြင်း။ ဆောင်းပါး၏အဆုံးတွင် အမျိုးအစားများကို အသုံးပြုခြင်း။ အမျိုးအစားတစ်ခုသည် ဆောင်းပါး၏ ခေါင်းစဉ်သည် ထိုအမျိုးအစား၏ အမျိုးအစားခွဲ တစ်ခုဖြစ်ပြီး ယေဘုယျခေါင်းစဉ်တစ်ခု ဖြစ်သည်။ အမျိုးအစားများသည် ဝီကီ၏ အကြောင်းအရာအညွှန်းဖြစ်သည်။ လမ်းညွှန်ပုံစံများရှိခြင်း။ လမ်းညွှန်မှုပုံစံများသည် ဆောင်းပါး၏ အောက်ခြေရှိ အလျားလိုက် အကွက်တစ်ခုတွင် ဆောင်းပါးနှင့် ပတ်သက်သည့် သဘောတရားများကို စုဆောင်းသည့်ပုံစံများ ဖြစ်သည်။ လမ်းညွှန်ချက်များကို တစ်ခါတစ်ရံတွင် ဆောင်းပါးများ၏ထိပ်ရှိ ဒေါင်လိုက်သေတ္တာများအဖြစ် အသုံးပြုသည်။ ဤဇယားများတွင် ပါဝင်သော ခေါင်းစဉ်များကြား ဆက်စပ်မှုမှာ ပြောင်းပြန်ဖြစ်သည်။ ဆိုလိုသည်မှာ ခေါင်းစဉ်အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခေါင်းစဉ်တစ်ခုအောက်တွင် ထားရှိထားခြင်းဖြစ်သည်။ အချက်အလက်သေတ္တာ (Infobox)။ ဆောင်းပါး၏ထိပ်တွင် ထားရှိထားသော သေတ္တာများသည် ဆောင်းပါး၏ အရေးကြီးသော အချက်အလက်များကို တိုတိုတုတ်တုတ် ပုံစံဖြင့် စုဆောင်းသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သတင်းအချက်အလက် ဘောက်စ်ကို ရည်ညွှန်းခြင်းဖြင့် ဆောင်းပါး၏ စာသားပါရှိသော အဓိက အချက်အလက်များကို ဆောင်းပါးကို မဖတ်ဘဲ သိနိုင်သည်။ ဆွေးနွေးချက်စာမျက်နှာ ရှိခြင်း။ ဝီကီရှိ စာမျက်နှာတိုင်းနှင့် ဆောင်းပါးတိုင်းတွင် ဆွေးနွေးချက် စာမျက်နှာ ရှိသည်။ ဆွေးနွေးမှု စာမျက်နှာတွင် သုံးစွဲသူများသည် ဆောင်းပါးနှင့် ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို စာရေးဆရာ သို့မဟုတ် စာရေးဆရာများနှင့် ဆောင်းပါး၏ တည်းဖြတ်သူများထံ မျှဝေနိုင်ပါသည်။ ဆွေးနွေးမှုစာမျက်နှာသည် အမှန်တကယ်တွင် ကျွမ်းကျင်သူများနှင့် ဆောင်းပါး၏အကြောင်းအရာကို စိတ်ဝင်စားသူများအတွက် ဆွေးနွေးရန်နေရာတစ်ခုဖြစ်ပြီး ၎င်းသည် ရေးသားထားသော ဆောင်းပါး၏ပုံစံနှင့် အကြောင်းအရာကို ကြွယ်ဝစေသည်။

ဝီကီရှီအဟ်သည် ၎င်း၏သီးသန့် တံဆိပ်ခေါင်း ကို ခိုရ်ဒါဒ်လ အီရာန်နှစ် ၁၄၀၂ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့သည်။ ဤတံဆိပ်ခေါင်းတွင် ဖှာရ်စီ နှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် ဝီကီရှီအဟ်၏ ကနဦးစာလုံးကို ဖော်ပြသည့် “و နှင့် “W” စာလုံးများပါရှိသည်။ ဤတံဆိပ်ခေါင်းတွင် အမိုးခုံးနှင့် မဟ်ရာဘ်ကို ရှီအဟ်နှင့် အစ္စလာမ့်သင်္ကေတများအဖြစ် အသုံးပြုထားသည်။ ယခင်က ဝီကီရှီအဟ် သည် မဂျ်မ‌ေအဂျဟာနီ‌ေယ အဟ်လေဗိုင်သ်၏ တံဆိပ်ခေါင်းကို အနည်းငယ် ပြောင်းလဲမှုဖြင့် အသုံးပြုခဲ့သည်။