အဲဟ်လေကိဗ်လဟ် တို့အား ကာဖဲရ်ဟူ၍ သမုတ်ခြင်း

wikishia မှ

အဲဟ်လေကိဗ်လဟ် သို့မဟုတ် မွတ်စ်လင်မ် တို့အား ကာဖဲရ်ဟူ၍ သမုတ်ခြင်း ဆိုသည်မှာ ၊မွတ်စ်လင်မ်များ အနက်မှ အချို့သူများသည် ၊မွတ်စ်လင်မ် တစ်ဦး သို့မဟုတ် အုပ်စုတစ်စုကို ကာဖဲရ် (ငြင်းပယ်သူ) ဖြစ်သည်ဟူ၍ ရည်ညွှန်း ပြောဆိုပြီး ထိုသို့ ပြောဆိုသူများသည် ၊ သမုတ်ခံရသူများကို သတ်ပိုင်ခွင့်ရှိခြင်း နှင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြယ်လှယ် ပိုင်ခွင့်ရှိသည် ဟူ၍ သိရှိထားကြပေသည်။ ဝဟာဘီများသည် သောင်ဟီးဒ် ၊ ဇေယာရသ် နှင့် သဝစ္စုလ် ကဲ့သို့သော် သွန်သင်ချက်များ နှင့်ပတ်သက်ပြီး တစ်မျိုးတစ်ဖုံ နားလည် သဘောပေါက်ထားကြကာ ၎င်းတို့၏ အတွေးနှင့် ဆန့်ကျင်သည့် မွတ်စ်လင်မ် များအားလုံး အထူးသဖြင့် ရှီအာများကို ကာဖဲရ် ဟူ၍ သမုတ်ကြလေသည်။ များစွာသော အစ္စလာမ် အိုလမာ ပညာရှင်များသည် အစ္စလာမ် နှင့် ကာဖဲရ် တို့၏ ခြားနားချက်ကို နုတ်လျှာမှ ရှဟာဒက်သိုင်းန် ဖတ်ရွတ်ခြင်း ဖြစ်ပြီး အစ္စလာမ် သာသနာ၏ အခြားသော ဂိုဏ်းကွဲများအား ကာဖဲရ် ဟု ပြောပိုင့်ခွင့်မရှိပေ ဟူ၍ သတ်မှတ်ထားကြသည်။ သို့သော်များလည်း၊ အစ္စလာမ့် သမိုင်း တစ်လျောက်တွင် ၊ အချို့သော် မွတ်စ်လင်မ်များသည် ၊ မိမိတို့၏ ဆန့်ကျင်ဘက် ဂိုဏ်းများ၏ အဖွဲ့သားများကို ကာဖဲရ် ဟူ၍ သမုတ်ခဲ့ကြသည်။ ဥပမာ ၊ ဟုက္က်မီယသ် အဖြစ်အပျက်၌ ခဝါရီဂ်ျ များဘက်မှ အေမာန်အလီ(အစ) အား ကာဖဲရ် ဟူ၍ သမုတ်ခြင်း နှင့် ပထမ ခလီဖှာခေတ်ကာလ၌ အဲဟ်လေရိဒ္ဒဟ် အား ကာဖဲရ်ဖြစ်သည် ဟူ၍ သမုတ်ခြင်းတို့သည် အဲဟ်လေကိဗ်လဟ် သို့မဟုတ် မွတ်စ်လင်မ် တို့အား ကာဖဲရ်ဟူ၍ သမုတ်ခြင်း ၏ ပထမဦးဆုံး ဥပမာများ ဖြစ်ပေသည်။ ထို့နောက်ပိုင်း၌လည်း၊ အစ္စလာမ် သာသနာ၏ နောက်လိုက်များ အကြားတွင် ဤသို့တွေးခေါ်မှုသည် အနည်းနှင့်အများ ရှိခဲ့ပြီး ထို့အတွက်ကြောင့်ပင် လူအများအပြား သေဆုံးခဲ့ရသည်။ သို့သော် ကာဖဲရ်ဟူ၍ သမုတ်ခြင်းသည် ဘာသာတရားထဲသာလျှင် အကန့်အသတ် ရှိခြင်းမျိုး မဟုတ်ဘဲ တခါတရံတွင် မိမိတို့နှင့် မဇ်ဟဘ် အတွင်းမှ ဖြစ်သည့် အချို့သော ဥပဒေပညာရှင်များ၊ ဒဿနပညာရှင်များ နှင့် အာရီဖ် ပရမတ် တရားဆရာများ ကိုလည်း ကာဖဲရ်ဖြစ်သည် ဟူ၍ သမုတ်ကြပေသည်။ ဝဟာဘီယသ် ဂိုဏ်းကို ဖွဲ့စည်းပြီ‌းနောက် မွတ်စ်လင်မ်များအား ကာဖဲရ်ဟူ၍ သမုတ်ခြင်းသည် ပိုမိုများပြားလာခဲ့သည်။ ထို့အပြင် ဝဟာဘီများ ၏ လွှမ်းမိုးမှုအောက်တွင် ရှိသော ISIS ကဲ့သို့သော အဖွဲ့များသည် မွတ်စ်လင်များ အထူးသဖြင့် ရှီအာများကို ကာဖဲရ် ဟူ၍ သမုတ်ကြသည်။ သက္က်ဖီးရ် နှင့်ပတ်သက်သည့် စာအုပ်များစွာ ရေးသားပြီး အများစုမှာ ဤအယူအဆကို ဝေဖန်ရန် အာရုံစိုက်ပြီး ရေးသားထားကြသည်။ ထို့အပြင် သက္က်ဖီးရ်အား ခြေပခြင်း နှင့် သက္က်ဖီးရ် ဖြစ်ပေါ်လာရခြင်း အကြောင်းများနှင့် ပတ်သက်၍ ညီလာခံ အစည်းအဝေးများလည်း ရှိခဲ့သည်။

အရေးပါမှု နှင့် အရိုက်အရာ

သက္က်ဖီးရ် ဆိုသည်မှာ အစ္စလာမ်သမိုင်းတွင် မွတ်စ်လင်မ် တစ်ဦး သို့မဟုတ် မွတ်စ်လင်မ် အုပ်စုကို ရည်ညွှန်းခြင်း ဖြစ်ပြီး ၎င်းတို့၏ သွေး နှင့် ပိုင်ဆိုင်မှုများကို သက်ဖြတ်သိမ်းစီး ရယူပိုင် ခွင့်ပြုထားသည့် ဥပဒေရေးရာ နှင့် သီအိုရီဆိုင်ရာ ဘာသာရပ် တစ်ခုဖြစ်သည်။ ထိုသို့ ပြုလုပ်ရခြင်း၏ ရလဒ်အနေဖြင့် စစ်ပွဲများဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ (1) ထို့အပြင် အစ္စလာမ့် ဘာသာတရားများ၏ နောက်လိုက်အချို့အား ကာဖဲရ်ဖြစ်သည်ဟု သမုတ်ခြင်းကြောင့် ရရှိခဲ့သည့် အကျိုးဆက်မှာ ၊ မွတ်စ်လင်မ်များ လေးစားရသည့် အချို့သောနေရာများ နှင့် အဆောက်အအုံများ ပျက်စီးခဲ့ရသည်။ (2) မကြာသေးမီ ရာစုနှစ်များအတွင်း သက္က်ဖီးရ် အတွေးအခေါ်များ ပျံ့နှံ့လာခြင်း နှင့်အတူ ဤအယူအဆ၏ နောက်လိုက်သားများသည် မွတ်စ်လင်မ်များကို ကာဖဲရ်ဟု သမုတ်ခဲ့ကြရာ သက္က်ဖီး နှင့်သက်ဆိုင်သည့် အကြောင်းအရာများ ပိုမိုထွန်းကားခဲ့ပြီး ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး စာအုပ်များလည်း ရေးသားလာခဲ့ကြသည်။ (3) ထို့အပြင် ညီလာခံများလည်း ကျင်းပလာကြသည်။

ဝေါဟာရ အနက်အဓိပ္ပါယ် နှင့် အမျိုးအစားများ

သက္က်ဖီးရ် ဆိုသည်မှာ မွတ်စ်လင်မ် တစ်ဦးတစ်ယောက်အား ကာဖဲရ် (သွေဖည်ငြင်းပယ်သူ) ဟူ၍ သမုတ်ခြင်း (4) သို့မဟုတ် အဲဟ်‌ေလကိဗ်လဟ်အား ကာဖဲရ် ဟူ၍ သမုတ်ခြင်း (5) ဖြစ်သည်။ သို့သော် သွေဖည်ငြင်းပယ်ခြင်းကို ဖိက္ကဟ် ဓမ္မသတ် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ခြင်း နှင့် ယုံကြည်ချက် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ခြင်း ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး မွတ်စ်လင်မ် တစ်ဦးချင်းစီတိုင်းကို ရည်ညွှန်းခြင်းဖြင့် ၎င်းတို့နှင့် သက်ဆိုင်သည့် အထူးအကျိုးဆက်များ ရှိပေသည်။ ဖိက္ကဟ် ဓမ္မသတ် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ခြင်း သို့မဟုတ် ပေါ်လွင်စွာ သွေဖည်ငြင်းပယ်ခြင်း ဆိုသည်မှာ ၊ အစ္စလာမ် သာသနာမှ ထွက်ခွာသွားခြင်း ကိုခေါ်ဆိုသည်။ ထို့ကြောင့် ၊ ဖိက္ကဟ် ဓမ္မသတ် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ထားသည့် မွတ်စ်လင်မ် တိုင်းကို ကာဖဲရ်များ ကဲ့သို့ပင် ဆက်ဆံရမည် ဖြစ်သည်။ ယုံကြည်ချက် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ခြင်း သို့မဟုတ် လှို့ဝှက်စွာ သွေဖည်ငြင်းပယ်ခြင်း ဆိုသည်မှာ အီမာန် သက်ဝင်ယုံကြည်မှု မရှိခြင်း ဖြစ်ပြီး အစ္စလာမ် သာသနာမှ ထွက်ခွာသွားခြင်း မဟုတ်ပေ။ ထို့ကြောင့် ယုံကြည်ချက် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ထားသော မွတ်စ်လင်မ် တစ်ဦးသည် ကာဖဲရ် မဟုတ်ပေ။ ဥပမာ ၊ မိုနာဖီက် (အရေခြုံ) ကဲ့သို့ပင် အပြင်ပိုင်း၌ မွတ်စ်လင်မ် ဖြစ်သော်လည်း နှလုံးသားထဲ၌ အီမာန် သက်ဝင်ယုံကြည်မှု မရှိပေ။ (6) အေမာမ်ခိုမေနီ ၏ အဆိုအရ၊ ရှီအာတို့၏ အချို့ ကျမ်းကိုးများ၌ ဤဘာသာတရား၏ ဆန့်ကျင်သူများ၏ ကာဖဲရ်ဖြသ်မှုကို ညွှန်ပြသော ရေဝါယသ်များသည် ၊ ယုံကြည်ချက် ပိုင်းဆိုင်ရာ သွေဖည်ငြင်းပယ်ခြင်း နှင့် ဆက်စပ်နေသည် ဟူ၍ ယူဆထားသည်။ (7)

အဟ်လေကိဗ်လဟ် များအား ကာဖဲရ် ဟူ၍ သမုတ်ခြင်းမှ တားမြစ်ထားခြင်း

အစ္စလာမ့်ဘာသာတရားဆိုင်ရာ ဖိက္ကဟ် ဓမ္မသတ် ပညာရှင်များ၏ ဖှသ်ဝါ အဆိုအရ၊ အဟ်လေကိဗ်လဟ် များအား ကာဖဲရ် ဟူ၍ သမုတ်ပိုင်ခွင့် မရှိပေ။ ထို့အပြင် အကြောင်းမဲ့ သက်သက် ၎င်းတို့အား ကာဖဲရ် ဟူ၍ သမုတ်ခြင်းသည် အပြစ်ငရဲ ရှိပေသည်။ (8) ဖိက္ကဟ် ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ ၊ ကာဖဲရ် ဘာသာခြားများ နှင့် မွတ်စ်လင်မ်များ၏ နယ်နိမိတ် (ခြားနားမှု) သည် နုတ်လျှာမှ ရှဟာဒသ်နှစ်ခု ဖတ်ရွတ်ခြင်း နှင့် ကေယာမသ် ရှင်ပြန်ထမြောက်မည့်နေ့ အပေါ် သက်ဝင်ယုံကြည်ခြင်း ဖြစ်သည်။ (9) ထို့အတွက်ကြောင့် ၊ ဖိက္ကဟ် ပညာရှင်များသည် အချို့သော ကိစ္စများတွင်၊ အချို့သော ဂိုဏ်းခွဲများသည် မှားယွင်းမှုများ ရှိနေသော်လည်း ၎င်းတို့၏ နောက်လိုက်သားများကို ကာဖဲရ် ဟူ၍ သမုတ်ခြင်းမှ ရှောင်ကြဉ်ထားပေသည်။ (10)

ကာဖဲရ် ဟူ၍ သမုတ်ခြင်း၏ အခြေခံ သမိုင်းကြောင်းအစ

မွတ်စ်လင်မ်များ အကြား အဲဟ်လေကိဗ်လဟ်များကို ကာဖဲရ် ဟူ၍ သမုတ်ခြင်း၏ အခြေခံ သမိုင်းကြောင်းအစသည် ဟီဂျရီ ပထမရာစု နှင့် တမန်တော်မြတ်ကြီး(ဆွ) ဆုံးပါးပြီးနောက်ပိုင်း၌ စတင်ခဲ့သည်။ အဘူဘက်ရ် အုပ်ချုပ်သည့် ခေတ်ကာလ၌၊ ၎င်း၏ခေလာဖသ်ကို ဆန့်ကျင်သည့် မွတ်စ်လင်မ်များကို ကာဖဲရ် ဟုခေါ်ဆိုကြပြီး ၎င်းတို့နှင့် စစ်ပွဲများ ဆင်နွဲခဲ့ပြီး ထိုသို့စစ်ပွဲများကို ရိဒ္ဒဟ် စစ်ပွဲ ဟူ၍ ကျော်ကြားပေသည်။ (11) အစ္စလာမ့်သမိုင်း သုတေီသ တစ်ဦးဖြစ်သူ ရစူလေဂျအ်ဖရီယာန်း (အီရာန်နှစ် ၁၃၄၃) ၏ အဆိုအရ၊ အဲဟ်လေရိဒ္ဒဟ်များ အကြား ၊ မာလီက် ဗင်န် နိုဝိုင်ရဟ် ကဲ့သို့သော် လူများသည် မွတ်စ်လင်မ်များဖြစ်ပြီး နမာဇ်လည်း ဖတ်ရွတ်ကြပေသည်။ သို့သော် အဘူဘက်ရ်၏ ခေလာဖသ်ကို လက်မခံဘဲ အဲဟ်လေဗိုင်သ်(အစ) ၏ အုပ်စိုးမှုကို လိုလားကြသူများ ဖြစ်ပေသည်။ (12) ထို့အတွက်ကြောင့်၊ ခေတ်ကာလ ခလီဖာအား ဇကာသ် ပေးဆောင်ရန် ရှောင်ကြဉ်ခဲ့ကြသည်။ ထိုသို့ ရှောင်ကြဉ်ခဲ့သည့် အတွက်ကြောင့် ၎င်းတို့အား ကာဖဲရ် နှင့်၊ မုရ်သဒ် ဟူ၍ ခေါ်ဆိုကြပြီး သတ်ဖြတ်ခဲ့ကြသည်။ (13) အေမာမ်အလီ(အစ) အုပ်ချုပ်သည့် ခေတ်ကာလ၌၊ ခဝါရီဂ်ျများသည် အေမာမ်အလီ(အစ) အား ဟုက္က်မီယသ် နိယာမကို လက်မခံသည့် အတွက်ကြောင့် ကာဖဲရ် ဟူ၍ သမုတ်ခဲ့ကြသည်။ (14) ဤအကြောင်းကြောင့် မိုအာဝီယာ ဗ်ုန် အဘီ စိုဖီယာန်း နှင့် စစ်ပွဲဆက်လက်ဖြစ်ပွားနေချိန်တွင် အေမာမ်အလီ(အစ) နှင့်အတူ လိုက်ပါရန် ငြင်းဆိုခဲ့ကြသည်။ (15) ထို့အပြင် ၎င်းတို့သည် နဟ်ရဝါးန် စစ်ပွဲကို စတင်ခဲ့သည်။ (16) ထို့အပြင်၊ ရှီအာတို့၏ မရ်ဂျအ်ဖြစ်သူ ဂျအ်ဖဲရ် စုဗ္ဗ်ဟာနီ (အီရာန်နှစ် ၁၃၀၈ မွေးဖွား) သည် “ဘိုဟူးစု ဖီလ်မိလက်လ် ဝလ်နဟလ်” စာအုပ်၌၊ ဖော်ပြထားသည်မှာ ၊ ကျမ်းတော်မြတ် ကုရ်အာန်အား ဖန်ဆင်းခြင်း ပြဿနာတွင်၊ ထိုနိယာမကို ယုံကြည်သည့် နှစ်ဖက်စလုံးသည် အဲဟ်လေစွန္နသ်များ ဖြစ်ကြပြီး မိမိတို့ ယုံကြည်လက်ခံထားသည့် နိယာမ၏ ဆန့်ကျင်ဘက်၌ ရှိ‌သော ယုံကြည်သူများကို ကာဖဲရ် ဟူ၍ သမုတ်ခဲ့ကြသည်။ (17) ထို့နောက်ပိုင်းမှစပြီး ၊ မွတ်စ်လင်မ် အုပ်စုများကို လူတစ်ဦးချင်း သို့မဟုတ် ၎င်းတို့ထဲမှ အချို့ကို ကာဖဲရ် ဟူ၍ သမုတ်ခဲ့ကြသည်။ မကြာသေးမီ ရာစုနှစ်များ အတွင်း စလဖီများ နှင့် ဝဟာဘီ အတွေးအခေါ်များ ပျံ့နှံ့မှု နှင့်အတူ မွတ်စလင်များ အထူးသဖြင့် ရှီအာများကို ဤအယူအဆများ၏ နောက်လိုက်သားများက ကာဖဲရ် ဟူ၍ သမုတ်ခဲ့ကြသည်။

ကာဖဲရ် ဟူ၍ သမုတ်ရခြင်း၏ အကြောင်းအရင်းများ

မုဟမ္မဒ် ဗင်န် အဗ္ဗ်ဒုလ်ဝဟာဘ်၏ ဆရာဖြစ်သူ ရှီးခ် မုဟမ္မဒ် ဗင်န် စိုလိုင်မားန် ကရ်ဒီ : အိုအဗ္ဗ်ဒုလ်ဝဟာဘ်၏ သား၊ ကျွန်ုပ်သည် အရှင်မြတ် အလိုတော်ဖြင့် အသင့်အား နားချပါမည်။ အသင်ရဲ့လျှာကို မွတ်စ်လင်မ် တွေဆီကနေ ထိန်းထားဖို့ ကျွန်ုပ် အကြံပြုပါသည်။ ထို့နောက် အသင်သည် မွတ်စ်လင်မ် များကို ကာဖဲရ် ဖြစ်သည် ဟူ၍ သမုတ်ပိုင်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော်၊ အသင်သည် ဤအွမ္မသ်ထဲမှ တစ်ယောက်ဖြစ်သည်။ မယုံကြည်မှု အချိုးအစားသည် မွတ်ဆလင်လူထုကို စွန့်ခွာသွားသူနှင့် ပိုမိုနီးစပ်ပါသည်။ အကြောင်းမူကား၊ သူသည် ယုံကြည်သူများ၏လမ်းစဉ်ကို လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သာရီးခေဘာယေဂါနီ ၊ ဇီနီဒဟ်လာနီ ၊ ဖိသ်နာသုလ် ဝဟာဘီယဟ်၊ စာမျက်နှာ ၅-၆ မွတ်စ်လင်မ်များကို အကြောင်းအမျိုးမျိုးကြောင့် ကာဖဲရ် ဟူ၍ သမုတ်ကြသည်။ ၎င်းတို့မှာ ဘာသာရေး သွန်သင်ချက်များအပေါ် နားလည်မှုလွဲမှားခြင်း : ခဝါရီဂ်ျများသည် لَا حُكْمَ إِلَّا لِله (အရှင်မြတ်၏ အုပ်ချုပ်မှုမှလွဲ၍ အခြားစီရင်ချက်မရှိ) ဟူသော အာယသ်တော်ကို တစ်မျိုးတစ်ဖုံ မှတ်ယူကြပြီး ဆွီဖ်ဖီးန် စစ်ပွဲ၌ ဟုက္က်မီယသ် အဖြစ်အပျက် နှင့်ပတ်သက်ပြီး အေမာမ်အလီ(အစ) အပေါ် ဆန့်ကျင်ကာ ၎င်းအား ကာဖဲရ်ဖြစ်သည် ဟူ၍ သမုတ်ခဲ့ကြသည်။ (18) ထို့အပြင်၊ ဝဟာဘီများ သည် ‌ေသာင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း၊ တုဖက်နှိုင်းယှဉ် ကိူကွယ်ခြင်း ၊ ဇေယာရသ်၊ သဗရ်ရုက်၊ သဝစ္စုလ် စသည်တို့၏ သွန်သင်ချက်များကို တစ်မျိုးတစ်ဖုံ မှတ်ယူကြခြင်းဖြင့် များစွာသော မွတ်စလင်မ်များ အထူးသဖြင့် ရှီအာများကို ကာဖဲရ်ဖြစ်သည် ဟူ၍ သမုတ်ခဲ့ကြသည်။ (19) ဝဟာဘီဂိုဏ်း တည်ထောင်ထူ မုဟမ္မဒ် ဗင်န် အဗ္ဗ်ဒုလ် ဝဟာဘ် (ဟီဂျရီ ၁၂၀၆ ကွယ်လွန်) သည် ၊ တို့၏ရည်ရွယ်ချက်မှာ အရှင်မြတ်နှင့် နီးစပ်ဖို့ရန် ၊ တမန်တော်များ နှင့် သူတော်စင်များကို ရှာဖှာအသ် ပေးစွမ်းသူ အဖြစ်သတ်မှတ်ထားသည့် အတွက်ကြောင့် ၎င်းတို့အား သတ်ဖြတ်ပိုင်ခွင့်ရှိသည် ဟူ၍ ယုံကြည်လက်ခံထားသည်။ (20) ယုံကြည်ချက်များ- ခဝါရီဂ်ျများသည် ကြီးမားသော အပြစ်ငရဲအား ကျူးလွန်ခဲ့သော မွတ်စ်လင်မ်တစ်ဦးကို ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ကြပေသည်။ (21) ထိုသို့ ကြီးမားသော အပြစ်ငရဲအား ကျူးလွန်ခြင်းဖြင့် ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ရာ၌ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّـهُ فَأُولَـٰئِكَ هُمُ الْكَافِرُونَ (22) ဟူသော အာယသ်တော်ကို ထောက်ထား သက်သေပြုကြလေသည်။ (23) သို့သော် မွတ်စ်လင်မ် တို့၏ ရှုထောင့်တွင်၊ ကြီးမားသော အပြစ်ငရဲအား ကျူးလွန်ခြင်းသည် ၊ အီမာန်သက်ဝင်ယုံကြည်ခြင်းမှ ထွက်ခွာသွားခြင်း ဖြစ်ပြီး အစ္စလာမ် သာသနာမှ ထွက်ခွာသွားခြင်း မဟုတ်ပေ။ ထိုသို့ အပြစ်မျိုးကို ကျူးလွန်သူသည် ဖှာစီက် ဖြစ်ပြီး ကာဖဲရ် မဟုတ်ပေ။ (24) ထို့အတူ၊ ကျမ်းတော်မြတ် ကုရ်အာန်ကို ဖန်ဆင်းခြင်း ပြဿနာ၌လည်း၊ အဘုလ်ဟစန် အရှ်အရီ (25) နှင့် အဟ်မဒ် ဗင်န် ဟမ်ဘလ် (26) တို့သည် မိုအ်သဇီလဟ် ဂိုဏ်းမှ ဖြစ်ပြီး ၊ ကုရ်အာန်အား ဖန်ဆင်းခံ ဖြစ်သည်ဟု လက်ခံထားကြသည်။ ၎င်းတို့သည် ကျမ်းတော်မြတ် ကုရ်အာန်သည် ဖန်ဆင်းခံမဟုတ် (ကနဦးအစပိုင်း၌ တည်ရှိခဲ့သည်) ဟု ယုံကြည်သူများကို ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ကြသည်။ (27) ရှီအာ ဟဒီးစ်တော်များတွင်လည်း၊ ဂိုလာသ် ( အေမာမ်(အစ) များ၏ သာလွန်မြင့်မြတ်မှု နှင့်ပတ်သက်ပြီး ယုံကြည်မှု လွန်ကဲကာ ချဲ့ကားပြောဆိုသူများ) နှင့် သဖ်ဝီးဇ်ွ (လူသားများသည် အကြွင်းမဲ့ အကြွင်းမဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသူများ ဖြစ်သည်ဟူ၍ လက်ခံကြသူများ) ကို ကာဖဲရ်များ ဖြစ်ကြသည် ဟူ၍ ခေါ်ဆိုထားသည်။ (28) ဘာသာရေးဆိုင်ရာ မလိုအမုန်းထားမှုများ (အယူသီးမှုများ) - သမိုင်းဆိုင်ရာ ဖော်ပြချက်များအရ အစ္စလာမ့်ဘာသာတရား၏ နောက်လိုက်သားများ အချို့သည် အချင်းချင်း ခွဲခြားဆက်ဆံကာ ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ခဲ့ကြသည်။ ဥပမာပေးရသော်၊ ဟီဂျရီ ရှစ်ရာစု၌၊ အဲဟ်လေစွန္နသ် တို့၏ နောက်လိုက်သားများသည် အိဗ်နေသိမ်မီယာ ၏ လုပ်ရပ်များကြောင့် ၊ ဟန္နာဘိလ္လာဟ် ဆိုသူကို ကာဖဲရ် ဟူ၍ ခေါ်ဆိုခဲ့ပြီး ၊ ၎င်း၏ ဆန့်ကျင်ဘက်၊ အိဗ်နေဟာသမ် ဟမ်ဘလီ သည် ဟန္နာဘိလ္လာဟ် မှလွဲပြီး မွတ်စ်လင်မ်များ အားလုံးကို ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ခဲ့သည်။ (29) ထို့အပြင် ၊ အဲဟ်လေစွန္နသ် တို့၏ နောက်လိုက်သားများသည် ရှီအာများကို ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ခဲ့ကြပြီး ရှီအာများသည်လည်း ၎င်းတို့အား ကာဖဲရ် ဖြစ်သည်ဟူ၍ သမုတ်ခဲ့ကြသည်။ ဝဟာဘီတို့၏ မုဖ်သီ ဖြစ်သူ အိဗ်နေ ဂျီဘ်ရီးန် သည်၊ ကုရ်အာန်သည် ပြောင်းလည်ထားခြင်း၊ များစွာသော ဆွဟာဘာများသည် ကာဖဲရ် ဖြစ်ခြင်း၊ အဲဟ်လေစွန္နသ်တို့သည် ကာဖဲရ် နှင့် မသန့်ရှင်းသောသူများ ဖြစ်ခြင်း ၊ ရှီအာများကို အလီ(အစ) နှင့် ၎င်း၏ သားသမီးများ နှင့်ပတ်သက်ပြီး ဂိုလုဝ် ယုံကြည်မှုလွန်ကဲပြီး ချဲ့ကားပြောဆိုသူများ ဖြစ်သည် ဟူသော ယုံကြည်လက်ခံထားသူများကို ကာဖဲရ် ဖြစ်သည် ဟူ၍ ခေါ်ဆိုထားသည်။ (30) သို့သော် ရှီအာများသည် ထိုသို့သော ယုံကြည်ချက်များ မရှိပေ။ ထို့အပြင် ရှီအာ နှင့် စွန္နီတို့၏ ဖကီးဟ်ပညာရှင် အများစုသည် အခြား မဇ်ဟဘ် ဘာသာတရား၏ နောက်လိုက်များသည် ကာဖဲရ်များ မဟုတ်ကြပေ ဟူ၍ လက်ခံထားကြသည်။ (31) အကယ်၍ ကျမ်းကိုးများ၌ ကာဖဲရ် ဖြစ်သည် ဟူ၍ လာရှိထားပါက ယင်းအား ယုံကြည်ချက်ပိုင်းဆိုင်ရာ ကာဖဲရ် ငြင်းပယ်ခြင်း ဖြစ်သည် ဟူ၍ ပြောင်းလည်း အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ (32) ဒဿနိက နှင့် ပရမတ် အကြောင်းပရာများ ၊ အချို့သော မွတ်စ်လင်မ် ပညာရှင်များသည်၊ ဒဿနပညာရီင်များ နှင့် ပရမတ် ပညာရှင်များကို ကာဖဲရ် ဟူ၍ သမုတ်ကြသည်။ ဥပမာ ပေးရသော် ၊ ဂဇ္ဇာလီ ဆိုသူသည် သုဟာဖသုလ် ဖလာစဖဟ် စာအုပ်၌ ၊ ဒဿနိက (ဖီလော) ပညာရပ် ကို ကာဖဲရ် ဖြစ်သည် ဟူ၍ ခေါ်ဆိုထားသည်။ (33) ထို့အပြင် ၊ မုဟမ္မဒ် ဘာကဲရ် ခဝါန်စာရီ (ဟီဂျရီ ၁၃၃၁ ကွယ်လွန်) ၏အဆိုအရ ၊ အချို့သော ဖကီးဟ် ပညာရှင်များသည် တရယးတော်နှင့် ကိုက်ညီမှု မရှိသော မုလ္လာဆွဒ်ရာ၏ စကားများကြောင့် ၎င်းအား ကာဖဲရ် ဟူ၍ သမုတ်ကြသည်။ (34) ထို့အပြင် အစိုးရများသည် မိမိတို့၏ အုပ်ချုပ်မှု ဆက်လက်ရှင်သန်ဖို့ရန် နှင့် အစ္စလာမ့်ရန်သူများ၏ ကြံစည်မှုများသည် သက္က်ဖီးရ် အယူအဆ ပျံ့နှံ့မှုအတွက် အခြားအကြောင်းတရားများ နှင့် အကြောင်းပြချက်များ အဖြစ် ယူဆထားကြသည်။ (35)

အကျိုးဆက်များ

အဲဟ်လေကိဗ်လဟ်များအား ကာဖဲရ်ဖြစ်သည်ဟု သမုတ်ခြင်း ဖြင့် ရရှိလာသည့် အကျိုးဆက်များမှာ အောက်ပါတို့ ဖြစ်သည်။ မွတ်စ်လင်မ်များ သတ်ဖြတ်ခြင်း- အစ္စလာမ်သမိုင်းတွင် မွတ်စ်လင်မ် အများအပြားကို ကာဖဲရ် ဖြစ်သည် ဟူ၍ သမုတ်ကြပြီး သတ်ဖြတ်ခဲ့ကြသည်။ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံများနှင့် ဘာသာရေး အထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးခြင်း- ဝဟာဘီများသည် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းအား တိုက်ခိုက်ရန် ဟူ‌ေသာ အကြောင်းပြချက်ဖြင့် အေမာမ်(အစ)များ၏ ဟရမ်များ ကဲ့သို့သော မွတ်စလင်များ၏ အလေူထားရာ နေရာများ နှင့် သမိုင်းဝင် နေရာများကို ဖျက်ဆီးခဲ့သည်။ ကမ္ဘာပေါ်ရှိ အစ္စလာမ်၏ ကြမ်းတမ်းသော မျက်နှာကို ပြသခြင်း- အစ္စလာမ် ဟူသော အမည်ဖြင့် သက္က်ဖီးရ် အဖွဲ့များ၏ လုပ်ရပ်များသည် အစ္စလာမ်ဘာသာကို ဆန့်ကျင်သူများအား ဤဘာသာတရားကို ကြမ်းတမ်းသော ဘာသာတရား ဟူ၍ ခေါ်ဝေါ်စေခဲ့သည်။ (36) ထို့အပြင် အစ္စလာမ္မစ်အစိုးရများကို ဆန့်ကျင်သည့် လက်နက်ကိုင် အုံကြွမှုများ ဖြစ်ပေါ်လာခြင်း ၊အစ္စလာမ့်အုပ်ချုပ်မှု အားနည်းလာခြင်း၊ အစ္စလာမ္မစ်နိုင်ငံများ အကြား ကွဲပြားမှု ဖြစ်ပေါ်လာခြင်း နှင့် သက္က်ဖီးရ် အဖွဲ့သားများ မှ ဖမ်းစီးခံထားရသော မွတ်စ်လင်မ် သုံ့ပန်းများ၏ အမည် ၊ ပိုင်ဆိုင်မှု ၊ ဂုဏ်သိက္ခာ များကို ရိုက်ချိုး ဖြတ်စီးပိုင်ခွင့် ရှိသည် ဟူသော များ၏ တရားဥပဒေ၊ စသည်တို့သည် သက္က်ဖီးရ် ၏ အခြားအကျိုးဆက်များ ဖြစ်ပေသည်။(37)

သက္က်ဖီးရ် အဖွဲ့များ ဖွဲ့စည်းခြင်း

လွန်ခဲ့သည့်ရာစုနှစ်တွင်၊ ဝဟာဘီများ နှင့် ၎င်းတို့၏ လက်အောက်သားများ ဖြစ်ကြသော ISIS အုပ်စုတို့သည် မွတ်စလင်မ်များကို ကာဖဲရ်များ ဖြစ်သည် ဟူ၍ သမုတ်ကြပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မတရား သိမ်းယူခဲ့ကြသည်။ (38) ၎င်းတို့သည် မုရှ်ရီက် များ နှင့် ကာဖဲရ်များ အတွက် ကျရောက်ထားသည့် အာယသ်တော်များကို မွတ်စ်လင်မ်များအား ပတ်သက်မှု ပေးခဲ့ကြသည်။ (39) သို့သော် မွတ်စ်လင်မ် အိုလမာ ပညာရှင်များသည် ထိုသို့လုပ်ရပ်များကို ဆန့်ကျင်ခဲ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သာသနာ၏ အဓိက အရေးကြီးသော အုတ်မြစ် ဥပမာ သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း နှင့် နဗူဝသ် တမန်တော် အရိုက်အရာကို ငြင်းပယ်မှသာလျှင် ကာဖဲရ်ဖြစ်ပေသည် ဟူ၍ မိန့်ဆိုထားကြသည်။ (40) ထိုသို့ ငြင်းပယ်ရာ၌လည်း၊ သိပါလျက် ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်မှသာလျင် ကာဖဲရ်ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (41)

အပြည်ပြည်ဆိုင်ရာညီလာခံ

အီရာန်နှစ် ၁၃၉၃ ခုနှစ်တွင် ကွမ်းမြို့ ရှိ မရ်ဂျအ်များ အနက်မှ တစ်ဦးဖြစ်သော အာယသုလ္လာဟ် မကာရင်ျမ ရှီရာဇီ၏ ကူညီမှုဖြင့် “ကမ္ဘာ့ကွန်ဂရက်၏ အစွန်းရောက် ဝါဒ နှင့် သက္က်ဖီးရ် အဖြစ်အပျက်များ” ခေါင်းစဉ်ဖြင့် ညီလာခံကို ကျင်းပခဲ့ပါသည်။ နိုင်ငံပေါင်း ၈၀ မှ ရှီအာ နှင့် စိန္နီ ပညာရှင်များ ညီလာခံသို့ တက်ရောက်ခဲ့သည်။ (42) ဤညီလာခံသို့ တင်သွင်းသည့် ဆောင်းပါး ၈၃၀ ကို “ကမ္ဘာ့အစွန်းရောက် ဝါဒ နှင့် သက္က်ဖီးရ် အဖြစ်အပျက်များ စုစည်းမှု” ခေါင်းစဉ်အောက်တွင် အတွဲ ၁၀ တွဲဖြင့် ထုတ်ဝေခဲ့သည်။ ထို့အပြင် ဤကွန်ဂရက်၏ အမြဲတမ်းအတွင်းဝန်ရုံးသည် ဘာသာစကား အမျိုးမျိုးဖြင့် စာအုပ် ၄၀ ကို ထုတ်ဝေခဲ့ပြီး အစ္စလာမ့် အွမ္မသ် စုစည်းမှု မဂ္ဂဇင်းကို ဖှာရ်စီ နှင့် အာရဗီ ဘာသာစကားများဖြင့် ထုတ်ဝေခဲ့သည်။ (43)

ရေးသားထားသည့် စာအုပ်များ

ကာဖဲရ် ဟု သမုတ်ခြင်း နှင်း ယင်းအား ခြေပခြင်း ဆိုင်ရာ စာအုပ်များ ရေးသားထားသည်။ “ကိသာဘ်ရှေနာစီယေသက္က်ဖီးရ်’ စာအုပ်၌ အာရဗီ နှင့် ပါရှန်ဘာသာဖြင့် စာအုပ်ပေါင်း ၅၂၈ ခုခန့်ကို မိတ်ဆက်ပေးထားပြီး ယင်းတို့အနက်မှ ၂၃၅ စာအုပ်၊ ဆောင်းပါး ၂၄၀၊ ဆောင်းပါး ၄၉ စာစောင် လေးခုတို့ ဖြစ်သည်။ (44) “အာရာအြ အိုလမာအုလ် မွတ်စ်လိမီးန် ဝါ ဖသာဝါဟဠမ် ဖီ သဟ်ရီးမ် သက္က်ဖီးရ် အိသ်ဘာအုလ် မဇ်ဟဘုလ် အစ္စလာမီယဟ်” စာအုပ်၊ ရှီးခ် ဖှဝါဒ် ကာဇွင်မ် မိက္က်ဒါဒီ ရေးသားထားပြီး အီရတ်ရှိ မိုအ်စစ်စေ ဒါရုလ်သက္က်ရီးဘ် မှ ပုံနှိပ်ထုပ်ဝေခဲ့သည်။ ဤစာအုပ်တွင် အစ္စလာမ့်ဘာသာတရားများ၏ နောက်လိုက်များအား ကာဖဲရ်ဟု သမုတ်ခြင်းအား ငြင်းပယ်ထားခြင်း နှင့်ပတ်သက်၍ ရှီအာ နှင့် စွန္နီပညာရှင်များ၏ ထင်မြင်ယူဆချက်များကို ဆန်းစစ်ထားပါသည်။ သီဟီရာန်ရှိ မဂ်ျမအုလ် စက္ကလိုင်းနုလ် အီလ်မီ မှ ဤစာအုပ်ကို ဟီဂျရီ ၁၄၂၈ တွင် ပုံနှိပ်ထုပ်ဝေခဲ့သည်။ (45) “အလ်အစ္စလာမ် ဝါလ် အန်သ်ဖ် ကာရာအအ် ဖီ ဇွာဟိရသုလ် သက္က်ဖီးရ်” စာအုပ် ၊ ဟိုစိုင်းန် အဟ်မဒ် အလ်ခရှ်န် ရေးသားထားပြီး အစ္စလာမ် သာသနာ၌ သက္က်ဖီးရ် အားရှုတ်ချထားခြင်း နှင့်ပတ်သက်ပြီး ဖော်ပြထားသည်။ သက္က်ဖီးရ်ကို တိုင်းတာသည့် အခြေခံမှုများ၊ ၎င်း၏ ဝိသေသလက္ခဏာများကို ဖော်ပြပေးထားသည်။ ဤစာအုပ်သည် “ အစ္စလာမ် ဝါ ခူရူနသ် : သက္က်ဖီးရ် နှင့်ပတ်သက်သည့် အမြင်အသစ်များ” ဟူသော ‌ေခါင်းစဉ်ဖြင့် ၁၃၉၀ ခုနှစ်တွင် ၃၄၄ စာမျက်နှာဖြင့် ဖှာရ်စီဘာသာသို့ ပြန်ဆိုခဲ့သည်။ (46)