အဲဟ်လေ့ဘိုက်(သ)(အ.စ)

wikishia မှ

အဲဟ်လေ့ဘိုက်(သ) (အ.စ) (အရဘီ: اَهلُ‌البَیت) ဆိုသည်မှာ မဟာတမန် တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် များ ကိုခေါ်ဆိုပါ သည်။ ရှီအဟ်စာပေနှင့် ကျမ်းများတွင် ပြစ်မဲ့ မအ်စူမ် (၁၄)ပါးကို ခေါ်ဆိုပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)အတွက် အခြားဆိုလို ချက်များရှိပါသေးသည်။ပမာအားဖြင့် ကေစာ အောက်တွင်ပါဝင် သူပုဂ္ဂိုလ်မွန် ၅ပါး (ပန်းဂျ်သန်ပါက်) နှင့်တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ ဖြစ် ပါ သည်။

ရှီအဟ်ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် ကြီးကျယ် မြင့်မြတ်မှု ၊ ဝိသေသများ နှင့် ၎င်းတို့နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ကို ဖော်ပြထားပါသည်။ ထိုကြောင့် ရှီအဟ် သက်ဝင် ယုံကြည်ချက် အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အစ်ဆ်မသ် (မှားယွင်းမှုမရှိ ခြင်း၊ပြစ်မဲ့ဖြစ်ခြင်း ) ၏ နေရာ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။ ပြီးနောက် တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ အားလုံး ထက် ထိုပြင် အလ္လာဟ်ဟိုအရှင်မြတ် ၏ အဖန်ဆင်းခံများ အားလုံး ထက် သာလွန် မြင့်မြတ်သူများ ဖြစ်ပါသည်။ အစ္စလာမ့် လူ့ အဖွဲ့အစည်း ၏ အုပ်ထိန်းမှု (ဝေလာယသ်) နှင့် ခေါင်းဆောင် မှု တာဝန် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့ ၏ ဖြစ်ပါသည်။ မွတ်စလင်မ်များ အနေဖြင့် မလွဲမသွေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘာသာရေးသွန်သင်ချက်အားလုံး တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ ဦးလှည့်ရမည် ဖြစ်ပြီး ၎င်းတို့၏ နောက်လိုက်ဖြစ် ရမည် ဖြစ်ပါသည်။

ထိုပြင် ရှီအဟ် ရင်းမြစ်များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် မိုဝဒသ် (အချစ်မေတ္တာ ) ထား ရန် မွတ်စလင်မ်တိုင်း အတွက် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ရီဝါယသ်တော်များ အရ အစ္စလာမ်၏ အခြေခံအုတ်မြစ် အဖြစ် မိတ်ဆက် ပေးထား ပါသည်။ သသွဟီးရ် အာယသ်တော် ၊ မိုဝဒသ် အာယသ်တော် နှင့် ဟဒီးစ်စေ စကလိုင်း ၊လုံခြုံမှုပေးသည့် သင်္ဘော စသည်ဖြင့် အာယသ်တော်များ ကျော်ကြားသသည့် ဟဒီးစ်တော်များ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကြီးကျယ်မြင့်မြတ်သည့် အခန်း ဆိုပြီး ပါဝင်ပါသည်။

အဲဟ်လေ့စွန္နသ် (စွန်နီ) များ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည် ခေါ်ဆိုချက်နှင့် ပတ်သက်ပြီး ရှီအဟ်များ နှင့် သဘောထား ကွဲလွဲမှု ရှိပါသည်။ ၎င်းတို့ထဲမှ အများစုသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဆိုလိုချက်တွင် ကေစာ တွင်ပါဝင်သူ ၅ ပါး ကို ထည့်သွင်း ထားကြပြီး ၎င်းတို့ ၏ ကြီးကျယ် မြင့်မြတ်မှု နှင့် စပ်လျဥ်းပြီး တင်ပြထားပါသည်။ ပမာအားဖြင့် ၎င်းတို့အပေါ် အချစ်မေတ္တာ ထား ခြင်း ၎င်းတို့ အပေါ် အမုန်းထားရန်ငြိုးထားသည် ဟရာမ် ဖြစ်ကြောင်း ကေစာ တွင်ပါဝင်သူ ၅ ပါး ၏ ကြီးကျယ် မြင့်မြတ်မှု ပညာနှင့် ပတ်သက်လာလျှင် ၎င်းတို့ဘက် ဦးလှည့် ရကြောင်း ၎င်းတို့ ၏ အစ်ဆွမသ်(မှားယွင်းမှုမရှိ ခြင်း) တို့ ဖြစ်ပါသည်။ မွတ်စလင်များ အနေဖြင့် ပါရှန်း၊ အရဗီနှင့် အူရဒူကဲ့သို့သော ဘာသာစကားအမျိုးမျိုးဖြင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) အကြောင်း စာအုပ်များစွာကို ရေးသားခဲ့ကြပါသည်။ ပမာအားဖြင့် ဘာကဲရ် ရှရီးဖ် ကရ်ရှီ ရေးသားထားသည့် အရဘီ ဘာသာဖြင့် مَوسوعة‌ُ سیرةِ اَهلِ البیت علیهم السلام အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အတ္ထုပ္ပတ္တိ စွယ်စုံ ကျမ်း အတွဲ လေးဆယ် ၊ ဆယက်ဒ် အလီ အာရှု ရေးသားထားသည့် အရဘီ ဘာသာဖြင့် مَوسوعة‌ُ اَهلِ البیت علیهم الاسلام အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အတ္ထုပ္ပတ္တိ စွယ်စုံ ကျမ်း အတွဲ နှစ်ဆယ် ၊ ဂျအ်ဖရ် စိုဘဟာနီ ရေးသားထားသည့် အရဘီ ဘာသာဖြင့် اَهلُ البیت علیهم السلام سِماتُهُم و حُقُوقُهم فی القرآنِ الکریم ဆိုပြီး ဖြစ်ပါသည်။ ထိုနည်းတူစွာ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ကဗျာများနှင့် အနုပညာလက်ရာများစွာကိုလည်း ဖန်တီးထား ပါသည်။ ပညာရပ်နှင့် ဘာသာရေးဆိုင်ရာ စင်တာ များကို လည်း အဟ်လေ့ဘိုက်(သ) (အ.စ) အမည် ပေးထားပါသည်။

အဆင့်နေရာ နှင့် အရေးပါမှု

ယနေ့ထိတိုင် မွတ်စ်လင်မ်အားလုံးသည် နာစေဘီ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုအမုန်းထား သူများ) အနည်းစုမှလွဲ၍ တမန်တော်မြတ်၏ (ဆွ) ၏ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကို စိတ်အား ထက်သန်ပြီး ချစ်ခင်မြတ်နိုးကြပါသည်။ အဲဟ်လေ့ ဘိုက်(သ) (အ.စ) သည် မြင့်မားသည့် နေရာကို ပိုင်ဆိုင်ထားသူများ နှင့် ၎င်းတို့ ၏ ပညာ နှင့် လုပ်ရပ်ကို လက်ခံထားကြပါသည်။ သို့သော် အစ္စလာမ့်ဂိုဏ်းများကြားတွင် ရှီအဟ် ဂိုဏ်းသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များအဖြစ် လူသိများ ပြီး ကျော်ကြားပါသည်။(1) မတ်က်သဗ်ဘေသရိုင်းယိုဟ် (ခ) ရှီအဟ်ကျောင်းတော် အား အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် သက်ဝင်ယုံကြည်ကြပြီး နောက်လိုက်သည့် အတွက် မတ်က်သဗ်ဘေ (ခ) အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတော် ဟုခေါ်ဆိုပါ သည်။ (2) ထိုနည်းတူစွာ မတ်က်သဗ်ဘေ ဖေက်ဟီ ရှီအီ ကို မတ်က်သဗ် ဘေဖေက်အီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဟုလည်းခေါ်ဆိုပါသည်။ (3)

တမန်တော်မြတ်(ဆွ) ၏ စွန္နသ် (လုပ်ရပ်၊ပြောရပ်နှင့် နှုတ်ဆိတ်ပေးမှု)အား စံ နှင့် သက်တမ်းရှိမှု အဖြစ် ရှီအဟ် နှင့် စွန်နီ သဘောတူလက်ခံထားကြပါသည်။ ရှီအဟ်နှင့် စွန်နီ အနေဖြင့် စွန္နသ်သေနဘဝီ အား ရှရီအီဆိုင်ရာ စီရင်ထုံး များ ချမှတ် သည် အရင်းအမြစ်များ မှ တစ်ခု အဖြစ် လက်ခံ ကြပါသည်။ သို့သော် များ ကို အခြေခံ ၍ စွန္နသ် သေအဲဟ်လေ့ဘိုက်(သ) (အ.စ) ( အေမာမ်၁၂ပါး (အ.စ) နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ)) ကိုလည်းဘဲ စံ အဖြစ် နှင့် ရှရီအီ ဥပဒေများ အတွက် အရင်း အမြစ် နှင့် သက်သေ အထောက် အထားများ အဖြစ် လက်ခံ ထားကြပါသည်။ (4)

အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတွင်တင်ပြထားသော အစ္စလာမ်ဘာသာ သည် စစ်မှန်ပြီး ၊ ပြီးပြည့်စုံ သည် ဟု ရှီအဟ်များက သက်ဝင် ယုံကြည်ကြပါသည်။(5)

ရှီအဟ် နှင့် စွန်နီ ရီဝါယသ်တော်များ ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှု ၊ ဝိသေသများ နှင့် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၎င်းတို့နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ အခန်း ကဏ္ဍ များ ကို ဆင့်ပြန်ဖော်ြပထားပါသည်။(6) တမန်တော် မြတ်ကြီး(ဆွ)သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ကာကွယ်စောင့်ရှောက်ရန်နှင့် လေးစားရန် အကြိမ်ကြိမ် အမိန့်ပေးတော်မူ ခဲ့သည်။(7)

အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်း ပါရှန်း(ဖွာရစီ) ၊ အရဗီ၊ အူရဒူ စသည့် ဘာသာ စကားအမျိုးမျိုး ဖြင့် မွတ်စလင်များမှ ရှီအဟ် ဖြစ်စေ သို့မဟုတ် စွန်နီဖြစ်စေ မှ စာအုပ်များ နှင့် ဆောင်းပါး များစွာကို ရေးသား ထားပါသည်။ (8)

အထူးသဖြင့် ရှီအဟ် မွတ်စလင်များသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ၎င်းတို့၏ ဝမ်းနည်းခြင်း နေ့ရက်များအတွင်း ဝမ်းနည်း ပူဆွေးခြင်း (9) နှင့် ပျော်ရွှင်ဖွယ် နေ့ရက် များ အတွင်း ပျော်ရွှင်ခြင်းစသည့် နည်းလမ်း အမျိုးမျိုးဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အမြဲတစေ စိတ်ဝင်တစား ပြသခဲ့ကြသည်။ (10) ကဗျာများ (11) နှင့် လက်ရေး လှရေးခြင်း(12) ကဲ့သို့သော အနုပညာမြောက်မြားစွာကို အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်း လည်း ဖန်တီးထားပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ပတ်သက်သော ကျော်ကြားသော ကဗျာများထဲတွင် ဖေဒူစီ ၏ကဗျာ ( ကျွန်ုပ် သည် တမန်တော်မြတ်(ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကျေးကျွန် တစ်ဦး ဖြစ်ပါသည်။ ဝစီ ၏ ခြေတော်ရင်း ချီးမွမ်းသူ မြေမှုန့် ဖြစ်ပါသည်။ ) (13) ပြီးနောက် စအ်ဒီ အနေဖြင့် ( စအ်ဒီ အကယ်၍ ချစ်သူ လုပ်မည် ငယ်ရွယ်မှု ဘဝကို တည်ဆောက်မည်ဆိုလျှင် မိုဟမ္မဒ် (ဆွ) နှင့် ၎င်း ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အချစ်မေတ္တာ သည် လုံလောက်ပေသည်။ )(14) စွန်နီ ဖေကဟ်ပညာ ရှင်များ မှ တစ်ပါး ဖြစ်သည့် (စွန်နီအေမာမ် ကြီး လေးပါး မှ တစ်ပါး ဖြစ် သည့် ရှာဖေအီ ၏ကဗျာ မှာ ( یا أهلَ بیتِ رسولِ الله حُبُّکُم فَرضٌ مِنَ اللّه ِ فِی القُرآنِ أنزَلَهُ ) အဓိပ္ပာယ် မှာ အို အလ္လာဟ့် တမန်တော်မြတ်ကြီး (ဆွ) ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) အပေါင်းတို့ ၊ အသင်တို့အား ချစ်ခြင်းမေတ္တာ ထားခြင်းသည် အလ္လာဟ် ဘက်တော် မှ ဝါဂျစ်ဗ် အဖြစ် မိန့်တော်မူ ထားပြီး ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖော်ပြထား ပါသည်။ (15)

အထူးသဖြင့် ရှီအဟ် မွတ်စလင်များသည် မိမိ တို့၏ကလေးများကို နာမည်ပေးရာတွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အမည် ပေးခြင်း ကို အထူးအာရုံစိုက်ခဲ့ကြပါ သည်။(16) ထို့အပြင် မွတ်စလင်များ မှလည်း အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အမည် များ ဖြင့် စင်တာ များစွာ ကို အမည်ပေး တည်ထောင်ထားပါသည်။ တက္ကသိုလ်များ ပမာအား ဖြင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် ၊တီဟီရန် (17) ဂျော်ဒန် နိုင်ငံ ရှိ အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် ဖြစ်ပါသည်။ (18) ထိုနည်းတူစွာ အဖွဲ့ အစည်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) (19) မြောက်များစွာ သော ဗလီ ဝတ်ကျောင်း များ (20) ကိုလည်း အဲဟ်လေ့ ဘိုက် (သ) (အ.စ) အမည် များ ပေးထားပါသည်။ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကို အလံများ ဘာသာရေး ကမ္ပည်းစာ များ တွင်လည်း အသုံးပြုကြ ပါသည်။ (21)

ဆိုလိုချက်ကို သိနားလည်ခြင်း

အလီရဗ်ဗါနီ ဂိုလ်ဗိုင်ဂန်နီ ၏ အဆိုအရ ရှီအဟ် ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ဆိုလိုသည့် အဓိပ္ပါယ်ကို အရိပ်အမြွက် မပါဘဲ အသုံး ပြုထားပါသည်။ တမန်တော်မြတ် (ဆွ) ၏ ဆွေမျိုး သားချင်းများ မှ အုပ်စု တစ်စု ဖြစ်ပါသည်။ အထူး အဆင့်နေရာ နှင့် ဂုဏ်သိက္ခာ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။ ၎င်းတို့ ၏ အပြောအဆိုနှင့် အပြုအမူများသည် အမှန် တရား စံနှုန်း နှင့် အမှန်တရား လမ်းညွှန် ဖြစ် ပါ သည်။(22)

ရာဂစ်ဘ်အစ္စဖဟာနီ အဆိုအရ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် (သတ်မှတ်ချက်မရှိဘဲ) အကြွင်းမဲ့ ပုံစံဖြင့် တမန်တော်မြတ် (ဆွ) မိသားစုဝင် ကို ရည်ညွှန်းပြီး ၎င်းတို့အား ပညာရပ်ဆိုင်ရာ အသုံး အနှုန်း ဖြစ်သည့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ဖြင့် သိရှိကြပါသည်။ (23) ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆို ရှင် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ၏ သုတေသီ ဟစန် မွတ်စ်သဖဝီ နှင့် ဟဒီးစ်ပါရဂူ အာယာသွလ္လာဟ် မိုဟမ္မဒ် ရိုင်ရှဲဟ်ရီ တို့၏ အဆိုအရ အဲဟ် ၏ မှန်ကန်ပြီး ပြည့်စုံသော အဓိပ္ပါယ်မှာ လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းများ သည် ၎င်း နှင့် အနီးကပ် ပတ်သက်မှု ရှိ နေခြင်း ဖြစ်ပါသည်။ ၎င်းနည်းဖြင့် အဆင့်အတန်း များ ရှိပါသည်။ အားကောင်း နှင့် အားနည်းခြင်း ၊ ဇနီး နှင့် သားသမီးများ ၊ မြေးများ ၊ သားမက် အားလုံးသည် အဲဟ်‌ စာရင်း တွင် ပါဝင်ပါသည်။ (24) ထိုနည်းတူစွာ တမန်မြတ် (အ.စ) တိုင်း ၏ နောက်လိုက်နောက်သား (အွန်မသ် ) တိုင်းသည် ထိုတမန်တော်များ (အ.စ) ၏ အဲဟ် ဖြစ်ပါသည်။ အိမ် သို့မဟုတ် မြို့ ၌နေထိုင်သူများကိုလည်း အိမ် သို့မဟုတ် မြို့ ၏ အဲဟ် ဟု မှတ်ယူကြပါသည်။ (25) အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဘိဓာန် ဆိုင်ရာ အဓိပ္ပာယ် မှာ အိမ်တွင် နေထိုင်သူများဖြစ်ပါသည်။ (26)

သို့သော် ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆို ရှင် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ၏ သုတေသီ ဟစန် မွတ်စ်သဖဝီ သည် ဘိုက်(သ) (အိမ်) ဆိုသည် မှာ အိမ်မဟုတ်ဘဲ မိသားစု ဖြစ်ကြောင်း ဆိုထားပါသည်။(27)

အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ မည်သူမည်ဝါများ ဆိုသည့် ကိစ္စ နှင့်ပတ်သက်ပြီး ရှီအဟ် နှင့် စွန်နီ ပညာရှင်များ အကြား ကွဲပြား မှုများ လာရှိပါသည်။

ကေစာ အောက်တွင်ပါဝင်သည့် ပုဂ္ဂိုလ်မွန် များ

ဖွာဇ်လ် ဘင်န် ဟစန် သွဗရစီ ၏ အဆိုအရ မွတ်စလင်မ်များ အေဂျ်မာအ် (တညီတညွတ် တည်းလက်ခံ အတည်ပြုထားခြင်း) ဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ အာယသ် သသွဟီးရ် လာ တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊ အိမ်တော်သား များ ဖြစ်ပါသည်။ ပြီးနောက် ရှီအဟ် ၊ စွန်နီ နှစ်ဂိုဏ်း စလုံး ၏ ရီဝါယသ်တော်များ အရ ရှီအဟ် အမြင်အရ အာယသ် သသွဟီးရ် သည် တမန်တော်မြတ် (ဆွ)၊ ဟဇရသ် အလီ (အ.စ) ၊ဟဇရသ် ဖွာတွေမဟ် (စ.အ) ၊ အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ ဖြစ်ကြပါ သည်။ (28) အလာမဟ် သွဗသွဗအီ အနေဖြင့် အာယသ် သသွဟီးရ် နှင့်ပတ်သက်ပြီး ပြောကြား သည် မှာ အဲဟ်လေ့ဘိုက် ( အ.စ) သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အသုံးအနှုန်း အရ အထူး အမည် ဖြစ်ပြီး ပန်းဂျ်သန် (ငါးပါး) ( တမန်တော်မြတ် (ဆွ)၊ ဟဇရသ် အလီ (အ.စ) ၊ဟဇရသ် ဖွာတွေမဟ် (စ.အ) ၊ အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ) သာလျင် ဖြစ်ကြောင်း ဆိုထားပါသည်။ ယေဘုယျ အားဖြင့် ၎င်းကို ဆွေမျိုးအားလုံးအတွက်လည်း အသုံးပြုပါသည်။(29)

ဟစန် မွတ်စ်သဖဝီ ၏ အဆိုအရ အာယသ် သေသသွဟီးရ် တွင် လာရှိသည့် အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ကြောင်း ဆိုထားပါသည်။ အကြောင်း မှာ အချို့ သဖ်စီးရ် ပညာရှင်များ ၏ ထင်မြင်ချက်နှင့် ဆန့်ကျင်သောကြောင့် ဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည့် စကားစု တွင် ရစူလ်လွလ္လာဟ် ဆိုသည့် စကားစု တွင် မထည့်ထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။ (30)

ပြစ်မဲ့ ၁၄ပါး

ရဗ်ဘာနီ ဂိုလ်ဗိုင်ဂါနီ ၏ အဆိုအရ ရှီအဟ် စာအုပ်များ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အရိပ်အမြွက် မရှိဘဲ အသုံး ပြုသည့် အခါ တမန်တော်မြတ် (ဆွ) ၏ ဆွေမျိုးတော်စပ်သော အထူးအုပ်စု ပြစ်မဲ့ အုပ်စု ကိုဆိုလိုခြင်း ဖြစ်ပါသည်။ အာယသ်တော်များ ဟဒီးစ်တော် များ ကို အ‌ခြေခံပြီး ထိုပြစ်မဲ့ အုပ်စု မှာ ဆယ့်လေးပါး ဖြစ်ကြောင်း ဖြစ်ပါသည်။ (31) အချို့သော ဟဒီးစ်တော် များတွင် ရှီအဟ် အေမာမ် (၁၂ပါး ) ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) အဖြစ် မိတ်ဆက်ပေးထားပါသည်။(32) ဟဒီးစ်‌တော် တစ်ခု တွင် တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ထံ ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) များသည် မည်သူများ ဖြစ်ကြပါ သနည်း ? ဟု မေးမြန်းထားကြောင်းလာ ရှိပါသည်။ တမန်တော်မြတ် (ဆွ) မှလည်း အလီ (အ.စ) ၊ ကျွန်ုပ် ၏ သားတော် နှစ်ပါး ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) ပြီး ဟိုစိုင်းန် (အ.စ) မျိုးဆက် မှ ကိုးပါး ဟု အဖြေပေး မိန့်ကြားခဲ့ပါသည်။ (33)

ရှီအဟ် အေမာမ်မီယဟ် နှင့် စွန်နီ ပညာရှင်အများအပြား၏ သက်ဝင် ယုံကြည်ချက်အရ ရှီအဟ် အေမာမ် များ အားလုံးသည် တမန်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင်ပါဝင်သည်ဟု ဖြစ်ပါသည်။ (34) ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ သက်ဝင် ယုံကြည်ချက်အရ အာယသ်သေ သသွဟီးရ် ၏စေယာက်(ခ) စကားစပ်(အရိပ်အမြွက်) နှင့် အကြောင်းအရာ အရ ၎င်း တမန် တော်မြတ် (ဆွ) မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို မိတ်ဆက် ပေးခဲ့သည့် ကရာအင်န် (ခ) အထောက်အထား အရ ဤအာယသ်တော် အာယသ် သေ သသွဟီးရ် ၏ ဆိုလိုချက် အရ တမန်တော်မြတ် (ဆွ) ၏ မိသားစု ဝင်များ မှ အထူး အုပ်စု တစ်စု ဖြစ် ပြီး တမန်တော်မြတ် (ဆွ) မရှိသည့် နောက်ပိုင်း တွင် အွန်မသ် (ကိုယ်တော်မြတ် (ဆွ) နောက်လိုက် နောက်သားများ ) အတွက် လမ်းညွှန်မှုနှင့် ဦးဆောင်မှုကို အပ်နှင်းခြင်းခံခဲ့ရသူများ ဖြစ် သည်ဟု ဖြစ်ပါသည်။ (35)

တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ

အချို့သောစွန်နီ သဖ်စီးရ် ပညာရှင်များ သည် အာယသ် သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ သာဖြစ်သည်ဟု မှတ်ယူကြပါသည် ။(36) အချို့သော စွန်နီ ပညာရှင်များ သည် အာယသ် သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် ပန်းဂျ်သန် (ငါးပါး ) နှင့် တမန် တော်မြတ် (ဆွ) ၏ ကြင်ယာတော်များဖြစ်သည်ဟု မှတ်ယူကြပါသည် ။(37) ဇိုက်ဘင်န် အလီ ထံမှဆင့် ပြန် လာ ရှိသည်မှာ အကယ်၍ အာယသ်သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ ဖြစ်မည်ဆိုလျှင် အာယသ်တော် တွင် သုံးထားသည့် နာမ်စားများသည် ယောက်ျား နာမ်စားများ အစား ဣတ္ထိနာမ်စားများကို အသုံးပြုသင့်သည်ဟု ဆိုထားပါ သည်။(38) ထိုနည်းတူစွာ များပြားလှသည့် ရီဝါယသ်တော်များ ၊အထောက်အထား သက်သေများ အရ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ နှင့်ပတ်သက်နေသည့် အာယသ်တော်များ ၏ သဖ်စီးရ် နှင့် အာယသ် သေသသွဟီးရ် ၏ သဖ်စီးရ် တို့ တွင် ကွဲလွဲမှုများကြောင့် ဤ အာယသ်တော် ( သသွဟီးရ်) တွင် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များပါဝင် ခြင်း မရှိကြောင်း ဖြစ်ပါသည်။ (39)

သွေးသားအရတော်စပ်သည့် တမန်တော်မြတ်(ဆွ) ၏ ဆွေမျိုးသားချင်းများ အတွက် ဆဒ်ကဟ် သည် ဟရာမ် ဖြစ်ပါသည်

အေမာမ်အလီ(အ.စ)ရောင်ဇာတော်တံခါးဝတစ်ခုတွ်ရေးဆွဲထားသည့် အာယသ်သေ သသွဟီးရ်

အချို့ စွန်နီပညာရှင် များ၏ ရီဝါယသ် တော်များ အရ တမန်တော်မြတ်(ဆွ) ၏ သွေးသားအရ တော်စပ်သည့် ဆွေမျိုး သားချင်းများအားလုံး အတွက် ဆဒ်ကဟ် သည် ဟရာမ် ဖြစ်ပါသည်။ ပမာအားဖြင့် ဟဇရသ် အလီ (အ.စ) မိသားစု ၊ ဟဇရသ် အကီးလ် ၏ မိသားစု ၊ ဟဇရသ် အဘာစ် ၏ မိသားစု နှင့် ဟဇရသ် ဂျအ်ဖရ် ၏ မိသားစု သည် ကိုယ်တော်မြတ် (ဆွ) ၏ ( သွေးသားအရ တော်စပ်သည့် ) မိသားစုဝင်များ (အဲဟ်လေ့ ဘိုက်(သ) (အ.စ)) များ ဖြစ်ကြပါသည်။ (40)

စစ်မှန်သည့် မိုအ်မင်များ

အချို့ ရီဝါယသ်တော် များအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် တမန်တော်မြတ်(ဆွ)နှင့် သွေးသား တော်စပ် သည် ဖြစ်စေ မတော်စပ်သည် ဖြစ်စေ မှန်ကန်သည့် တမန်တာ် မြတ် (ဆွ) ၏ အမိန့်တော်များ ကို လိုက်နာ ဆောင်ရွက် ပြီးကြံ့ကြံ့ခံ ရပ်တည် ကြသည့် မွတ်စလင်မ် များ လည်းပါဝင်ကြောင်း ဖြစ်ပါ သည်။(41) ထိုနည်းတူစွာ အချို့ ရီဝါယသ်တော်များ အရ တမန်တာ် မြတ် (ဆွ) သည် မိမိ ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ဟဇရသ် စလ်မာန် ဖါရစီ (42) နှင့် ဟဇရသ် အဘူဇရ် ဂဖါရီ(43) ကိုလည်း ထည့်သွင်းထား တော်မူပါသည်။ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံတော် မှ ဆင့်ပြန် လာရှိသည်မှာ အကြင်မည်သူမဆို သီလသမာဓိရှိမည်သူ ကောင်းမြတ်သည့် အလုပ်များကို လုပ်ဆောင်သူ ဖြစ်မည် ဆိုပါ က ကျွန်ုပ် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ပေသည်။ (44)

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ

မြောက်မြားစွာသော အာယသ်တော် များနှင့် ဟဒီးဆ်တော် များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှု အမျိုးမျိုးအားဖော်ပြထားပါသည်။(45) ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ ရှုထောင့် အမြင်အရ ဇေယာရသ် ဂျာမေအ် ကဘီးရ် တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ ကို အပြည့်စုံ ဆုံးဖော်ပြထားပါသည်။ (46)

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အပြစ်မဲ့ခြင်း

အဓိက ဆောင်းပါးများ သည့် အစ်ဆ်မသ် သေ အေမာမ်မန် ( အေမာမ်များ (အ.စ) ၏ ပြစ်မဲ့ခြင်း ) ဆောင်းပါး နှင့် အစ်ဆ်မသ် သေ ဟဇရသ် ဇဲဟ်ရာ (စ.အ) ( ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ပြစ်မဲ့ခြင်း ) တို့ကိုလေ့လာ နိုင်ပါသည်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ (47) နှင့် ရှီအဟ်အိုလမာ (48) ၏ အဆို အရ စူရဟ် အဲဟ်ဇာဘ် အာယသ်တော် အမှတ် ၃၃ အာယသ်သေ သသွဟီးရ် အဖြစ်ကျော်ကြားသည့် အာယသ် တော် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သန့်ရှင်းစယ်ကြယ်မှု နှင့် အစ်ဆ်မသ် (အပြစ်မဲ့မှု) အတွက် အထောက် အထား သက်သေ ဖြစ်ကြောင်း ဖြစ်ပါသည်။ ဤအာယသ်တော် ကို အခြေခံ ၍ အလ္လာဟ် ဟို အရှင်မြတ် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ဂိုနာဟ် (အပြစ်) အားလုံး နှင့် အကျည်းတန်သော လုပ်ရပ်များမှ သန့်ရှင်းအောင်ထားရန် ဆန္ဒ အလို ရှိတော်မူသည် ဖြစ်ပါသည်။ ဤသို့ဖြစ် ဤအာယသ်တော် သည်အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အစ်ဆ်မသ် နှင့် ၎င်းတို့အတွက်သာ ဖြစ်ကြောင်း သက်သေ ထူနေပါသည်။ (49)

ဟဒီးစ် စကလိုင်းန် (50) သည် မိုသဝါသေရ် ဟဒီးစ်တော် များ မှ ဖြစ်ပါသည်။ (51) ၎င်း ဟဒီးစ်တော် မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ ကိုယ်တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် (အ.စ) ၏ အပြစ်မဲ့မှု သက်သေများ ထူထားပါသည်။ အကြောင်းမှာ ဤဟဒီးစ်တော် တွင် ကျမ်းတော်မြတ် ကုရ်အာန် နှင့် တမန်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မကွဲသွားမည့် အကြောင်း အတူရှိနေမည့် အကြောင်း ကို အတိအလင်း ဖော်ပြထား သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤနည်းဖြင့် မည်သည့်အပြစ် သို့မဟုတ် အမှားကိုမဆို ကျူးလွန်ခြင်းသည် ၎င်းတို့အား ကုရ်အာန်နှင့် ကွဲကွာစေခြင်း ဖြစ်ပေမည်။(52) ထိုနည်းတူစွာ တမန်တော် မြတ် (ဆွ) ၏ ဟဒီးစ်တော် မှ အတိအလင်းဖော်ပြထားသည်မှာ အကြင်မည်သူမဆို ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ထားမည်ဆိုလျှင် လုံးဝ လမ်းလွဲ လမ်းမှား ကို ရောက်မည် မဟုတ်ကြောင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) မအ်စူးမ် (အပြစ်မဲ့ ) မဖြစ်ပါက အဲဟ်လေ့ဘိုက်(သ) (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ခြင်း ၊ ၎င်းနောက် ခြွင်းချက်မရှိ လိုက်နာခြင်း သည် လမ်းလွဲလမ်းမှား ကို ရောက်စေမည် ဖြစ်ပါသည်။ (53) အခြားဟဒီးစ်တော်များ မှ ဟဒီးစ်တော် တစ်ပါး ဖြစ်သည့် ဟဒီးစ်စေ စဖီးနဟ် သည်လည်း အဲဟ်လေ့ဘိုက် (သ) (အ.စ)၏ အပြစ်မဲ့ ကြောင်း ကို သက်သေ ထူနေပါသည်။ (54)

အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခြားသူများထက် သာလွန် မြင့်မြတ်မှု

အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခြားသူများထက် သာလွန်မြင့်မြတ်ခြင်း ဆိုသည့် ပင်မဆောင်းပါး ကိုလေ့လာ ရမည် ဖြစ်ပါသည်။

ရှိက်ခ် ဆူဒူက် ၏ အဆိုအရ ရှီအဟ်များ ၏ သက်ဝင်ယုံကြည် မှုမှာ တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် သာလွန်တကာအသာလွန်ဆုံး ၊ အချစ်ခံရ တကာ အချစ်ခံရဆုံး၊ အလေးစား ထိုက်တကာ အလေးစားအထိုက် ဆုံး အလ္လာဟ် ဟို အရှင်မြတ် ၏ အဖန်ဆင်း ခံများ ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သည် မြေ ၊ ကောင်းကင် ၊ ဂျန္နသ် (သုခဘုံ ) ၊ ဂျဟန္နမ် (ငရဲဘုံ) အခြား အဖန်ဆင်းခံများ ကို တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့ အတွက်ကြောင့် ဖန်ဆင်းခဲ့ပါသည်။ (55) အလာမဟ် မဂျ်လေစီ ၏ အမြင်အရ အကြင်မည်သူမဆို ရီဝါယသ်တော်များ (ခ) ဟဒီးစ်တော်များ တွင် ရှာဖွေ လေ့လာ မည် ဆိုလျှင် ဧကန်မုချ တမန်တော်မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) တို့သည် သာလွန် မြင့်မြတ် ကြောင်း ဝန်ခံ မည် ဖြစ်ပါသည်။ ဂျာဟေလ် များ (ပညာမဲ့များ) သာလျှင် တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ ကြီးကျယ် မြင့်မြတ် သာလွန် ခြင်း ဆိုင်ရာ ဟဒီးစ်များ ကို ငြင်းပယ် ကြမည် ဖြစ်ပါသည်။ (56)

မိုဘာဟေလဟ် အာယသ် တော်၏ အထောက်အထား သက်သေများ အရ ကေစာအောက်တွင် ပါဝင်သူပုဂ္ဂိုလ်မွန် များ သည် အခြား ဆွဟာဗဟ်များ နှင့် ကိုယ်တော်မြတ် (ဆွ) အိမ်တော်သူ အိမ်တော်သားများ ထက် သာလွန် မြင့်မြတ် ကြပါသည်။ (57) ထိုနည်းတူစွာ အာလင်မ်များ ဖြစ်ကြသည့် အလာမဟ် ဟစ်လီ နှင့် ဖွဇ်ဘင်န် ဟစန် သွဗရ်စီ တို့ ၏ အဆိုအရ ၊ သဖ်စီးရ်ပညာရှင်များအစ်ဂျ်မာအ် ပြုလုပ်ထားကြသည်မှာ ဤအာယသ်တော် (၃၃ /၃၃) သည် ကေစာအောက်တွင် ပါဝင်သူပုဂ္ဂိုလ်မွန် များ အတွက် သာ လျှင် သီးသန့် ကျရောက်ခဲ့ကြောင်း ဖြစ်ပါသည်။(58) တမန်တော်မြတ် (ဆွ) ထံ တော်မှ ဆင့်ပြန် လာရှိသည်မှာ အကယ်၍ မြေပထဝီ ပေါ်တွင် အလီ (အ.စ) ၊ဖွာတွေမဟ် (စ.အ) ၊ ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ)တို့ထက် လေးစားထိုက်သူများ ရှိပါက အလ္လာဟ် ဟို အရှင်မြတ်သည် ကျွန်ုပ် အား ၎င်းတို့ နှင့်အတူ မိုဘာဟေလဟ် ပြု ဖို့ မိန့်တော် မူမည် ဖြစ်ပါသည်။ သို့သော် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း ( အလီ (အ.စ) ၊ဖွာတွေမဟ် (စ.အ) ၊ ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) ) တို့ ၏ အကူအညီ ဖြင့် မိုဘာဟေလဟ် ပြုရန် ၎င်းတို့ အလွန်သာလွန် မြင့်မြတ်သူများ ဖြစ်ကြကြောင်း ကျွန်ုပ် အား အမိန့်ပေးတော် မူခဲ့ပါသည်။ (59)

အာယာသွလ္လာဟ် မိုဟမ္မဒ်ဟိုစိုင်းန် မိုဇဖွရ် ၏ အဆိုအရ အာယသ် မိုဝဒသ် သည်လည်းဘဲ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ( ကေစာအောက်တွင် ပါဝင်သူပုဂ္ဂိုလ်မွန် များ) ၏သာလွန် မြင့်မြတ် မှုကို သက်သေ ထူနေကြောင်း ဖြစ်ပါ သည်။ အကြောင်းမှာ ၎င်းတို့သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ရွေးကောက်တော်မူ သောသူများ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့မဟုတ်ပါက၊ ၎င်းတို့အား ချစ်ခင်မြတ်နိုး ရန် ဝါဂျစ်ဗ် ဖြစ်မည်မဟုတ်ချေ။ ထိုပြင် တမန်တော်မြတ်(ဆွ) ၏ သာသနာ ပြုခဲ့မှု အတွက် ဝန်ဆောင်ခ အဖြစ် ၎င်းတို့ အား ချစ်ခင် မြတ် နိုးခိုင်း မည် မဟုတ်ချေ။ (60)

ရီဝါယသ်တော် များစွာသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သာလွန် မြင့်မြတ် မှုကို ဖော်ပြပါသည်။ပမာ အား ဖြင့် ဟဒီးစ် စကလိုင်းန် အရ တမန်တော်မြတ်(ဆွ)သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ကျမ်းတော်မြတ် ကုရ်အာန် ၏ဘေးတွင်ရှိကြောင်း ကျမ်းတော်မြတ် ကုရ်အာန် အား စစ်က်လေ အက္က်ဘဲရ် နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) အား စစ်က်လေအဆ်ဂဲရ် ဟု အမည် ပေးထားပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် သည် မွတ်စ်လင်မ်များထက် သာလွန်သည်နှင့်အမျှ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် လည်း အခြားသူများထက် သာလွန်မြင့်မြတ်ပါ သည်။(61) ဟဒီးစ် အမါန် ကိုလည်း ဘဲ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ သာလွန် မြင့်မြတ် ခြင်း ကြောင်း အထောက်အထားဖြင့် ပြုထားပါသည်။ အကြောင်းမှာ မြေပထဝီ ပေါ် ရှိ သူများ အတွက် အမါန် (လွတ်မြောက်မှု) ဖြစ်ခြင်းသည် အခြားသူများ ထက် သာလွန် မြင့်မြတ် ကြောင်း ဖော်ပြနေပါသည်။ (62)

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရခြင်း

ဟဒီးစ် စေ စကလိုင်းန် အား အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရခြင်း သတ်မှတ်ထား ပါ သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ) သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက် (သ) (အ.စ) မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဖိတ်ခေါ် မိန့်ကြား ထားသည့် အတွက်ကြောင့် ဖြစ်ပါ သည်။ ဤသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရန် အတွက် ဖြစ်ပါသည်။ မွတ်စလင်မ်များ သည် ဘာသာရေး ကိစ္စများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ မလွဲမသွေ လှည့် ရမည် ဖြစ်ပါသည်။ (63) တမန်တော်မြတ်(ဆွ) ပြီးနောက် မည်သူမျှ ကုရ်အာန်ကျမ်းမြတ် နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော် တို့ကို မှန်မှန်ကန်ကန် အဲဟ်လေ့ဘိုက်(သ) (အ.စ) လောက် လုံး၀ နက်နဲစွာ မသိကြဟု ဆိုပါ သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွ) ပြီးနောက် မွတ်စလင်မ်များသည် သာသနာ၏ အဆုံးအမများနှင့် စီရင်ထုံးများကို နားလည် သဘောပေါက် ရန် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ မလွဲ မသွေ လည့်ကို လှည့်ရမည် ဖြစ်ပါသည်။ 64)

ဝေလာယသ် နှင့် ခေါင်းဆောင်မှု

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အုပ်ချုပ်မှု နှင့် နိုင်ငံရေး ဦးဆောင်မှု တို့သည် ၎င်းတို့၏ အခြား ကြီးကျယ် မြင့်မြတ် များ ထဲတွင် ပါဝင်ပါသည်။တမန်တော်မြတ်(ဆွ) သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက် (သ) (အ.စ) မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဟဒီးစ် စေ စကလိုင်းန် တွင် ဖိတ်ခေါ် မိန့်ကြား ထားပါသည်။ ဤသည် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ နိုင်ငံ ရေး ခေါင်းဆောင် မူကို တင်ပြနေခြင်း ဖြစ်ပါသည်။ (65) ဟဒီးစ် စေ စကလိုင်းန် ၏အချို့ ဆင့်ပြန် ချက်များ တွင် စကလိုင်းန် ၏နေရာ ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) အား ခလီဖသိုင်းန် ဆိုသည့် စကားလုံး လာရှိပါသည်။ (66) ဤဟဒီးသ်တော်အရ အဲဟ်လေ့ ဘိုက် (သ) (အ.စ) သည်ခလီဖွာ နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အရိုက်အရာကိုဆက်ခံသူများ ၎င်းဆက်ခံမှု သည် ဘက်စုံ ဖြစ်ပြီး နိုင်ငံရေးနှင့် ခေါင်းဆောင်မှုလည်း ပါဝင်ပါသည်။ (67) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ ၏ အမြင်အရ တမန်တော်မြတ် (ဆွ) ဂဒီးရ် ဖြစ်စဥ် တွင် အလီ (အ.စ) နှင့် ၎င်း ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ခေါင်းဆောင် ရန် နှင့် အုပ်ချုပ် ရန်အတွက် ခန့်အပ်ထား သည်ဟု ဖြစ်ပါသည်။ (68) အချို့ မှ အစ်ဆ်မသ် (အပြစ်မဲ့ခြင်း) ၊ အေမာမ်မသ် ၊ကိုယ်တော်မြတ် ပြီးနောက် နိုင်ငံရေး ခေါင်းဆောင်မှု တို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် သီးသန့် ဖြစ်ကြောင်း ဆိုထားပါ သည်။(69) ထိုနည်းတူစွာ နိုင်ငံရေးခေါင်းဆောင်မှုဆိုင်ရာ အကြောင်းရင်းများထဲမှ တစ်ခုအဖြစ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာရန် ခြွင်းချက်မရှိ တာဝန်အဖြစ် ယူဆထားပါသည်။ အဘယ်ကြောင့် ဆိုသော် လိုက်နာ ရမည့်တာဝန်မှာ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် များအပါအဝင် မွတ်စ်လင်မ်များ၏ ဘဝနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့်အရာများ ပါဝင်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းနှင့် အစိုးရနှင့် သက်ဆိုင်သော နိုင်ငံရေး ကိစ္စရပ်များတွင် ၎င်းတို့ကို လိုက်နာရန် မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရား ဖြစ်ပါသည်။ (70)

ဝေလာယသ် သေ သက်ဝီးနီ

ပင်မ ဆောင်းပါး ဖြစ်သည့် ဝေလာယသ် သေ သက်ဝီးနီ အားလေ့လာပါ။

လက်ဘနွန် ရှီအဟ် အာလင်မ် စာရေး ဆရာများ မှ တစ်ပါး ဖြစ်သည့် မိုဟမ္မဒ် ဂျမီးလ် ဟမူဒ် ၏အဆို အရ အချို့ မပြောပလောက်သည့် သူအချို့ မှ လွဲ၍ ရှီအဟ် အေမာမ်မီယဟ် အာလင်မ်များ အနေဖြင့် အေမာမ် ၁၂ပါး(အ.စ) သည် ဝေလာယသ် သက်ဝီးနီ ရှိကြကြောင်း တစ်ညီ တစ်ညွတ် တည်း လက်ခံ ထား ကြပါ သည်။(71) ဝေလာယသ် သက်ဝီးနီ ဆိုသည်မှာ မနုဿာ လူသားသည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် အရ ဖန်ဆင်းခြင်း နှင့် ဖန်ဆင်းခြင်းလောကကို လွမ်းမိုးနိုင်ခြင်းဖြစ်ပါသည်။ ပမာအားဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ခွင့်ပြုချက်ဖြင့် ကုသ၍မရသောလူနာကို ကုသပေးနိုင်ခြင်း သို့မဟုတ် သို့လူသေတစ်ဦးအား ပြန်လည်အသက်သွင်းနိုင် ခြင်း တို့ ဖြစ်ပါသည်။(72) ရီဝါယသ်တော် များ တွင် အေမာမ်၁၂ပါး (အ.စ) ၏ ဝေလာယသ် သေ သက်ဝီးနီ အခန်း ကဏ္ဍ အား မိုသဝါသေရ် ဟဒီးစ်တော် အဖြစ် သတ်မှတ်ထားပါသည်။ (73) ၎င်းဟဒီးစ်တော်များ အတွင်းမှ အများအပြား အား စနဒ် ဆဟီးရ် နှင့် စိတ်ချရ ကြောင်း သိရှိရပါ သည်။ (74)

ဝေလာယသ် သေ သရှ်ရီအီ

ပင်မ ဆောင်းပါး ဖြစ်သည့် ဝေလာယသ် သေ သရှ်ရီအီ အားလေ့လာပါ။

ဝေလာယသ် သေ သရှ်ရီအီ အား အဓိပ္ပာယ် နှစ်မျိုး အဖြင့် အသုံး ပြုပါသည်။

  • ဝေလာယသ် ( ပစ္စည်းဖြစ်စေ အသက်ဖြစ်စေကို ပိုင်ရှင်ထက် သာလွန်၍ အသုံးပြုနိုင်ခြင်း) ဖြစ်၍ လူထု ၏ ပစ္စည်းဥစ္စာများ နှင့် အသက်များ ကို ၎င်းတို့ထက် သာလွန် ၍ အသုံး ပြုနိုင် ခြင်းဖြစ်ပါသည်။(75) ဤအဓိပ္ပာယ် အရ တမန်တော် မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) တို့ ၏ ဝေလာယသ် သေ သရှ်ရီအီ ကွဲပြားမှု ခြားနားမှုမရှိချေ။(76) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ အနေဖြင့် ဤ ဝေလာယသ် သေ သရှ်ရီအီ အမျိုး အစား အား သာသာနာ အတွက် အရေးကြီး လိုအပ်ချက်များ မှ တစ်ခု အဖြစ်လက်ခံ ထား ပါ သည်။(77)
  • ဝေလာယသ် သေ သရှ်ရီအီ ၏ ဒုတိယ အဓိပ္ပာယ်မှာ အဲဟ်ကာမ်များ တွင် ဝင်ရောက်စွပ်ဖက်ခွင့် ရှိ ခြင်း ဖြစ်ပါသည်။ (78)

အချို့သော ရှီအဟ် ပညာရှင်များ မှ တမန်တော်မြတ် (ဆွ) ဝေလာယသ် အား အချို့ အဲဟ်ကာမ်များ အတွက် သရှ်ရီအီ ဖြစ်ကြောင်း ဆိုထားကြပါသည်။ (79) သို့သော် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သရှ်ရီအီ ဖြစ်ကြောင်း ကိစ္စ တွင် ရှီအဟ် အာလင်မ်များ အကြား သဘောထားကွဲလွဲမှုများရှိနေပါသည်။ အချို့ ပညာရှင် များ အနေဖြင့် ဟဒီးစ် စေ မွတ်စ်သဖီးဇ် သို့ မဟုတ် မိုသဝါသေရ် အများအပြားကို အခြေခံ ပြီး (80) အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် အား ဝေလာယသ် သရှ်ရီအီ အဖြစ်သတ်မှတ် လက်ခံထားကြပါ သည်။ (81) အခြားတစ်ဖက်တွင် ဤ အုပ်စု ကို ဆန့်ကျင်၍ သရှ်ရီအီ လုပ်ခွင့် ဥပဒေ တည်ဆောက်ခွင့် မှာ အလ္လာဟ် ဟို အရှင်မြတ် အတွက်သာလျှက် သီးသန့် ဖြစ်ကြောင်း လက်ခံပြီး တမန်တော်မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သေ သရှ်ရီအီ အား ငြင်းဆို ကြသူများ ဖြစ်ပါသည်။(82) ဆယက်ဒ် အလီ မီလာနီ အနေဖြင့် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သရှ်ရီအီ သည် ကသွအီ (လုံးဝသေချာ ကြောင်း) နှင့် ပတ်သက်၍ သက်သေ အထောက်အထား အများအပြား ရှိကြောင်း ဆိုထား ပါသည်။ (83)

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရာများ

ဟဒီးစ်စေစကလိုင်းန်

အာယသ်တော်များ နှင့် ရီဝါယသ်တော်များ ကို အခြေပြု၍ မွတ်စလင်မ်များသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရာများ ရှိပါသည်။ ဤ တာဝန်ဝတ္တရာများကို အခြေခံ၍ မွတ်စလင်မ် များ အနေဖြင့် ၎င်း တာဝန်ဝတ္တရာများ ကို မလွဲမသွေ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ဤ ထမ်းဆောင် ရမည့် တာဝန်ဝတ္တရာများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက်ရမည့် တာဝန်ဝတ္တရား

ပင်မ ဆောင်းပါး ဖြစ်သည့် မွတ်ဖ်သရဇိုလ်သွာအဟ် (အရဘီ - مُفْتَرَضُ‌الطَّاعَة) အားလေ့လာပါ။

အာယသ် သေ အူလူလ်အမ်ရ် ( အလ္လာဟ်ဟို အရှင်မြတ် ၊ တမန်တော်မြတ် (ဆွ) နှင့် ) အသင်တို့အား အုပ်စိုးသူများ (အေမာမ် ၁၂ပါး (အ.စ)) တို့၏ အမိန့်ကိုနာခံပါလေ။ ) အရ အလ္လာဟ်ဟို အရှင်မြတ် နှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ် (ဆွ) တို့ ၏ အမိန့် ကို လိုက်နာ ၊ နာခံခြင်း နှင့်အတူ အူလူလ်အမ်ရ် ၏ အမိန့်ကို လည်း ခြွင်းချက်မရှိ မဖြစ်မနေ နာခံလိုက်နာ ရမည် ဖြစ်ပါသည်။ (84) ဖွဇ်ဘင်န် ဟစန် သွဘရစီ ၏ အဆိုအရ ရှီအဟ် အေမာမ် မီယဟ် အိုလမာ ၏ အမြင်တွင် အူလူလ်အမ်ရ် သည် အေမာမ် ၁၂ပါး (အ.စ) ဖြစ်ပါသည်။ (85)

ဟဒီးစ်စေ စကလိုင်းန် အရလည်းဘဲ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာ ရမည် ကို သက်သေ ထူ၍ ရပါသည်။ အကြောင်းမှာ ဤဟဒီးစ်တော် တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ကျမ်းတော်မြတ် ကုရ်အာန် ၏ ဘေးတွင် ထားရှိထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤသို့ဖြစ် ကျမ်းတော်မြတ် ကုရ်အာန်ကို မွတ်စလင်မ်များ လိုက်နာရန် တာဝန်ဝတ္တရား ရှိသည်နှင့်အမျှ အဲဟ်လေ့ဘိုက်(သ) (အ.စ ကို လိုက်နာ ရမည် တာဝန် ဝတ္တရာ ရှိပါသည်။ (86) ဟီဂျရီ လေးရာစု နှင့် ငါးရာစု ၏ ရှီအဟ် အေမာမ်မီ ဓမ္မသတ်ပညာရှင် နှင့် မိုသကလင်မ်ဖြစ်သည့် အဘူလလ်ဆွလာဟ် ဟလ်ဘီ ၏အဆိုအရ ဟဒီးစ်စေ စကလိုင်းန် တွင် တမန်တော်မြတ် (ဆွ) ၏ နှုတ်ကပတ်တော်ဘက်စုံ အကြွင်းမဲ့ ဖြစ်ခြင်းကြောင့် အဲဟ်လေ့ဘိုက်(သ) (အ.စ ကို ဘက်စုံ လိုက်နာ ရမည် တာဝန် ဝတ္တရာ လည်း အကြွင်းမဲ့ ဖြစ် ပါသည်။ ဤအတွက်ကြောင့် မွတ်စလင်မ် များသည် မိမိတို့၏ လုပ်ရပ်များ နှင့် အပြောအဆို များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ ၏ အမိန့်အတိုင်း လိုက်နာ ရမည် တာဝန် ဝတ္တရား ရှိပါသည်။ (87)

ဟဒီးစ်စေ စဖီနဟ် အရလည်းဘဲ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာ ရမည် ကို သက်သေ ထူ၍ ရပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဟဒီးဆ်တော်အရ လွတ်မြောက်ခြင်း သည် ၎င်းတို့နောက်သို့ လိုက်ခြင်းဖြစ်ပြီး ပျက်စီးခြင်းနှင့်လမ်းလွဲ ၎င်းတို့ကို မနာခံခြင်း ကြောင့် ဖြစ်ပါသည်။(88) ဤဟဒီးစ် တော်တွင် တမန်တော်မြတ်(ဆွ) သည် မိမိ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အားဟဇရသ် နူးဟ် (အ.စ) (ခ) နောဧသင်္ဘော နှင့် ပမာပေး နှိုင်းယှဉ် ထားပါသည်။ဤ ပမာပေး နှိုင်းယှဉ်ထားသည့် အတွက် ကြောင့် အကြင် မည်သူမဆို သာသနာ ကိစ္စ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ လှည့် မည်ဆိုလျှင် လမ်းမှန် ရပြီး ကယ်တင်ခြင်းခံရမည် ဖြစ်ပါသည်။ အကြင်မည်သူမဆို အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုနာမခံမည် နောက်မလိုက်မည် ဆုလျှင် လမ်းလွဲ လမ်းချော် သွားမည် ဖြစ်ပါသည်။ (89) အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဟာမစ်ဒ် ဟိုစိုင်း (န) ၏ အဆိုအရ ဤဟဒီးသ်တော်အပေါ်အခြေခံ၍ အဲဟ်လေ့ ဘိုက်(သ)(အ.စ) ကိုနာခံရန်တာဝန် ဝတ္တရား မှာ ဘက်စုံ နှင့် အကြွင်းမဲ့ခြွင်းချက်မရှိဖြစ်ပါ သည်။(90)

မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် သေ အဲဟ်လေ့ဘိုက်(သ) (အ.စ)

ပင်မ ဆောင်းပါး ဖြစ်သည့် မိုဝဒ်ဒသ် ‌‌သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) အားလေ့လာပါ။

ရှီအဟ်အေမာမ်မီယဟ်များ ၏ သက်ဝင်ယုံကြည်ချက် အရ အာယသ် သေ မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) အခြေခံ ၍ မိုဝဒ်ဒသ် ‌‌သေ အဲဟ်လေ့ဘိုက်(သ) (အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ်မေတ္တာ ထားခြင်း) သည် မွတ်စလင်မ် ယောက်တိုင်းမဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမည်ဖြစ် ပါသည်။(91) အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ်ထားရန် မဖြစ်မနေထမ်းဆောင်ရမည့် တာဝန် ဝတ္တရား ဖြစ်ကြောင်း ကို (နာစေဘီများ မှ လွဲ၍) မွတ်စလင်မ်တိုင်း လက်ခံ ထားပြီး သာသနာအတွက် မဖြစ် မနေ လိုအပ်သည့် အရာများ မှ တစ်ခု သတ်မှတ် ထားပါသည်။ (92)

အာယသ် မိုဝဒ်ဒသ် မှ မိန့်ကြားနေသည်မှာ - “ (ရေစာလသ် (တမန်တော်မြတ်၏ တာဝန်ဝတ္တရာများ အားလုံး ကို ထမ်းဆောင်ခြင်း) ) အတွက် အခကြေးငွေအဖိုးအခ အား အသင်တို့ထံ မှ မတောင်းဆိုချေ။ သို့သော် ဆွေမျိုးသားချင်း အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်ထားမြတ်နိုးရန် တောင်းဆိုပါသည်။“(93) ဤအာယသ်တော်သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုးရန် ဝါဂျစ်ဗ် ဖြစ်သည်ဆိုသည့် အထောက်အထား များ မှ တစ်ခု ဖြစ်ပါသည်။(94) မိုဖာစေရိုကုရ်အာန် တစ်ပါးလည်း ဖြစ် ၊ မရ်ဂျယေ သက္က်လီးဒ် တော် တစ်ပါး၏ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အဖ်အွဇ်မာ နာစေရ် မကာရေမ် မို ရှီးရာဇီး ၏ အဆိုအရ ရှီအဟ်သဖ်စီးရ် ပညာရှင်များ အားလုံးသည် ဤအာယသ်တော် အား အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း သဖ်စီးရ် ပြုခဲ့ကြပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အချစ် သည် အေမာမ် (၁၂) ပါး (အ.စ) ၏ အေမာမ်မသ် နှင့် ဦးဆောင်မှုကို လမ်းခံစေသည့် အကြောင်းခံ တစ်ခု ဖြစ်ကြောင်း ဖြစ်ပါသည်။ (95)

အာယာသွလ္လာဟ် မိုဟမ္မဒ်ရေဇာ မိုဇဖရ်ကဲ့သို့ အာလင်မ်များ၏ အဆိုအရ တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည့် မိုသဝါ သေရ် ဟဒီးစ်တော်များအရ အဟ်လေ့ဘိုက်(သ) (အ.စ) အားအချစ်မေတ္တာ ထားခြင်းသည် အီမာန်သက်ဝင်ယုံကြည်မှု ၏လက္ခဏာ ဖြစ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) အားမုန်းတီး ခြင်းသည် မိုနာဖေက် ၏ လက္ခဏာ ဖြစ်ကြောင်း အဲဟ်လေ့ဘိုက်(သ) (အ.စ)အား အချစ်ထားသူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော်မြတ် (ဆွ) အား အချစ် ထားသူဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)အား အချစ်ထားသူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော်မြတ် (ဆွ) အား အချစ် ထားသူဖြစ်ပါ သည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ရန်သူ အဖြစ် သတ်မှတ်သူ သည် အလ္လာဟ် ဟို အရှင်မြတ် နှင့် အရှင်၏ တမန်တော်မြတ် (ဆွ) အား ရန်သူ အဖြစ်သတ်မှတ်သူ ဖြစ်ပါသည်။ (96)

အချို့သော ရီဝွယသ် များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ချစ်ခြင်းမေတ္တာသည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ် ကြောင်း လာရှိပါသည်။ (97)

အာယာသွလ္လာဟ် မိုဟမ္မဒ်ရေဇာ မိုဇဖရ် ၏ အဆိုအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် ဝါဂျစ်ဗ် ဖြစ်ရသည့် အကြောင်းမှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အလ္လာဟ် ဟို အရှင်မြတ် နှင့် နီးစပ်သည့် အတွက်ကြောင့် ပြီးနောက် အဲဟ်လေ့ဘိုက်(သ) (အ.စ) အဆင့်အတန်းရာထူး နှင့် ဂုဏ်သိက္ခာ သည် အလ္လာဟ် ဟို အရှင်မြတ်အမြင် တွင် ရှိသည့် အတွက်ကြောင့် ပြီးနောက် အလ္လာဟ် ဟိုအရှင်မြတ် နှင့် ကင်းဝေးစေမှုကို ဖြစ်စေသည့် ရှေးရ်ကန် နှင့် ဂိုနာဟ်(အပြစ်ဒုစရိုက်) များ မှ သန့်ရှင်း စင်ကြယ်သည့် အတွက် ကြောင့် (ပြစ်မဲ့ဖြစ်သည့်အတွက်ကြောင့်) ဖြစ်ပါသည်။ (98)

ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ အဆိုအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် အဇါဒါရီများ (ဝမ်းနည်းခြင်းများ) ပြုလုပ်ခြင်း သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင် မြတ်နိုးကြောင်း ဖော်ထုတ်ပြသည့် နည်းလမ်းများ မှ တစ်ခု ဖြစ်ပြီး အရေးအကြီး တကာ အကြီးဆုံး အလ္လာဟ် ဟို အရှင်မြတ် ၏ ရှအာအေရ် (အထိမ်းအမှတ်များ) ကို ရိုသေလေးစား ခြင်းလည်း ဖြစ်ပါသည်။ (99) ထိုနည်းတူစွာ အေမာမ်များ(အ.စ) ၏ ကဗဲရ် (ဂူဗိမာန်တော်များ) ကိုဇေယာရသ် ပြုခြင်း (100) ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ပျော်ရွှင် ဝမ်းမြောက်သည့် အချိန် ( ပြစ်မဲ့ ၁၄ပါး(အ.စ) ၏ မွေးနေ့များ ၊ အီးဒ်‌ဒေ ဇဲဟ်ရာစသည်ဖြင့်) တွင် ဝမ်းမြောက်ပျော်ရွှင်ပွဲများကို ကျင်းပခြင်း (101) ၊ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကြီးကျယ် မြင့်မြတ်မှုများ ကို တင်ပြခြင်း (102) မိမိသားသမီးများ ၏ အမည် များ ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမည်များ ပေးခြင်း တို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင် မြတ်နိုး ကြောင်း ဖော်ထုတ်ပြသည့် နည်းလမ်းများ ဖြစ်ပါသည်။ (103)

အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ဂုဏ်ပြုရိုသေလေးစားခြင်း၊ ၎င်းတို့အပေါ် ဆလ်ဝသ် ပို့သခြင်း၊ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကြီးကျယ် မြင့်မြတ်မှုများ နှင့် ဝမ်းနည်း ကြေကွဲဖွယ်ရာများ ဒုက္ခများကို တင်ပြခြင်း၊ခွမ်းစ် ထုတ်ခြင်း ၊ (အဲဟ်လေ့ ဘိုက်(သ) (အ.စ) )) အတွက် ပေးကမ်းလှူဒါန်း၊ကူညီခြင်း တို့သည် အဲဟ်လေ့ ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ မှ ဖြစ်ပါသည်။(104)

အဲဟ်လေ့စွန္နသ် ၏ အမြင်တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ)

ကေစာအောက်ရှိပုဂ္ဂိုလ်မွန်များ (ပန်းဂျ်သန်) သည် အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း နှင့် ပတ်သက် ၍ စွန်နီပညာရှင်များ ၏ အမြင် နှင့် ရှီအဟ် ပညာရှင်များ ၏ အမြင်သည် အတူတူ ဖြစ်ပါသည်။ စွန်နီ ရင်းမြစ် အမျိုးမျိုးရှိ ဟဒီးစ်တော်အများအပြား တွင် တမန်တော်မြတ် (ဆွ) သည် ထပ်ခါတလဲလဲ အလီ (အ.စ) ၊ ဖွာတွေမဟ် (စ.အ) နှင့် ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) တို့အား အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း မိတ်ဆက်ပေးသည့် ဆင့်ပြန်ချက်များ လာရှိပါသည်။ (105)

ထိုနည်းတူစွာ စွန်နီ ရင်းမြစ်များတွင်လာရှိသည်မှာ တမန်တော်မြတ် (ဆွ) သည် အလီ(အ.စ) ၊ ဖွာတွေမဟ် (စ.အ) နှင့် ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) တို့ပတ်သက်ပြီး ဤကဲ့သို့ မိန့်ကြားတော်မူထားပါသည်။ “အကြင် မည်သူမဆို ၎င်းတို့ အားချစ်ခင်မြတ် နိုးခြင်းသည် ကျွန်ုပ် အား ချစ်ခင်မြတ် နိုးခြင်း ဖြစ်ပေသည်။ အကြင်မည်သူမဆို ၎င်းတို့အား ရန်ပြု ရန်ငြိုး ထားခြင်းသည် ကျွန်ုပ် အား ရန်ပြုရန်ငြိုးထားခြင်း ဖြစ်ပေ သည်။ “(106) အခြားရီဝါယသ်တော်တစ်ပါးတွင် တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည်မှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်ထားသူများသည် ကေယမသ်နေ့ တွင် ကျွန်ုပ်နှင့်အတူရှိနေမည် ဖြစ်ပြီး ကျွန်ုပ်နှင့် အဆင့် အတူ တွင် ရှိနေ မည်ဖြစ်ပါသည်။ (107) စွန်နီ သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့်ဖခ်ရ် ရာဇီးအနေဖြင့် တမန်တော်မြတ် (ဆွ) သည် အလီ (အ.စ)၊ဖွာတွေမဟ် (စ.အ)၊ ဟစန် (အ.စ) ၊ ဟိုစိုင်းန် (အ.စ) သည် ချစ်ခင်မြတ်နိုးပေသည်။ တမန်တော်မြတ်(ဆွ) ပြုလုပ်သည့် အတိုင်း လိုက်နာရမည်မှာ မွတ်စလင်အွန်မသ် တစ်ခုလုံး အတွက် ဝါဂျစ်ဗ် (ခ) မဖြစ်မနေရ ပြုလုပ်ရမည် ဖြစ်ပါသည်။ ဤ အထောက်အထား အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်မြတ် နိုးရမည် မှလည်း ဝါဂျစ်ဗ် (ခ) မပြုမနေရ ဖြစ်ကြောင်း ဆိုထားပါသည်။ (108)ဟီဂျရီ ၁၀ ရာစု နှစ် ၏ ရှာဖေအီမဇ်ဟဗ် ၏ အာလင်မ်များ မှ တစ်ပါး ဖြစ်သူ အစ်ဘ်နေဟဂျ်ရ် ဟီသမီ မှလည်း ဟဒီးစ်တော်များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ရမည်မှာ ဝါဂျစ်ဗ် (ခ) မဖြစ်မနေရ ပြုလုပ်ရမည် ဖြစ်ပြီး ၎င်းတို့အား မုန်းတီးခြင်းကို ပြင်းထန်သည် ဟရာမ် လုပ်ရပ် ဖြင့် လာရှိကြောင်း တင်ပြထားပါသည်။ ဤ အာလင်မ်၏ ပြောကြား ချက် အရ အာလင်မ်များ ဖြစ်ကြသည့် ဘိုင်ဟကီ နှင့် ဘဂ်ဝီ တို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ခြင်း သာသနာ ၏ အရေးကြီး တာဝန် ဝတ္တရားများ မှ တစ်ခု ဖြစ်ကြောင်း မှတ်ယူ ထားကြောင်း သိရှိရပါသည်။ (109) စွန်နီ ဓမ္မသတ် ပညာရှင်ကြီး လေးပါး (အေမာမ် လေးပါး ) မှ တစ်ပါး ဖြစ်သူ ရှာဖေအီ မှလည်းဘဲ အချို့ အာယသ်တော်များ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ခြင်းကို မပြုမနေရ ဖြစ်ကြောင်း တင်ပြထားပါသည်။ (110)

"یا أهلَ بیتِ رسولِ الله حُبُّکُم..... فَرضٌ مِنَ الله فِی القرآنِ أنزَلَهُ"

အဓိပ္ပာယ် စကားပြေ - အိုအလ္လာဟ့်ရစူလ် (ဆွ) ၏အနွယ်တော်မြတ် တို့ ၊ လူကြီးမင်းတို့အားအချစ်ထားရန် မပြုမနေရဖြစ်ကြောင်း အလ္လာဟ် ဘက်မှချမှတ်သည့် အမိန့် တစ်ခု ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် တွင် ချမှတ်ထားပြီး ဖြစ်ပါသည်။

အေမာမ် ရှာဖေအီ မှ အခြား ကဗျာအပိုဒ် တစ်ခု တွင် ရေးသားထားသည်မှာ (111)

نْ كانَ رَفْضاً حُبُّ آلِ مُحَمَّد..... فَلْيَشْهَد الثََقلان أنّى رافِضی"


အဓိပ္ပာယ် စကားပြေ - အကယ်၍ အာလေ့မိုဟမွမဒ် (ဆွ) အား ချစ်ခြင်းသည်ရဖ်ဇ်(ရဖေဇီ) ဖြစ်မည်ဆိုလျှင် ဂျင်န် နှင့်လူသားများသက်သေပေးကြပါလေ။ ကျွန်ုပ်သည်လည်း ရာဖေဇီ ဖြစ်ပေသည်။

စွန်နီသဖ်စီးရ်ပညာရှင်များ မှ တစ်ပါး ဖြစ်ပြီး အလ်ကရှာဖ် သဖ်စီးရ် ကျမ်း အား ရေးသားသီးကုံးသူ ဇမခ်ရှရီ မှအာယသ် မိုဘာဟေလဟ် အား ကေစာအောက်တွင်ပါဝင်သူ ပုဂ္ဂိုလ်မွန်များကြီးကျယ်မြင့်မြတ်မှု ၊ သာလွန် မြင့်မြတ်မှ အတွက် အခိုင်တကာအခိုင်မာဆုံး သက်သေ အထောက်အထား ဖြစ်ကြောင်းခံ ယူထားပါ သည်။(112) အာယာသွလ္လာဟ် ဂျဖ်ဖရ် စိုဘဟာနီ ၏ အဆိုအရ စွန်နီ ပညာရှင် အများအပြားသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် ပညာ နှင့် သာသနာနားလည် မှု တွင် သာလွန်ကြောင်း ပိုမို တတ်သူများ သိရှိသူများ ဖြစ်ကြောင်း ကို ဝန်ခံ ထားကြခြင်း ဖြစ်ပါသည်။(113) ဥပမာအားဖြင့်၊ ဟနဖီမဇ်ဟဗ် ကို တည်ထောင်သူ နှင့် စွန်နီ ဥပဒေပညာရှင် လေးပါး (အေမာမ်လေးပါး ) အနက်မှ တစ်ပါး ဖြစ်သူ အဘူဟနီဖဟ် မှ အေမာမ် ဂျအ်ဖရ် ဘင်န် မိုဟမ္မဒ် (အ.စ) ထက် သာလွန်သည့် ဓမ္မသတ် ပညာရှင်တစ်ပါး ကိုပင် ကျွန်ုပ်မ တွေ့ဖူး ကြောင်းဆိုပြီး ဆင့်ပြန်ချက်လာ ရှိပါသည်။ (114) သာဘေအီးန် များ မှ တစ်ပါး ဖြစ်သူ ဟီဂျရီ ပထမရာစု နှင့် ဒုတိယ ရာစု၏ ဖေကဟ် ပညာရှင် တစ်ပါး နှင့် စွန်နီ ဟဒီးစ် ပါရဂူတစ်ပါး ဖြစ်သူ မိုဟမ္မဒ် ဘင်န် မွတ်စလင်မ် ဘင်န် ရှဟာဘ် ဇိုဟ်ရာ အနေဖြင့် ဤဝါကျအား အေမာမ် စဂျာဒ် (အ.စ) အတွက် ဆင့်ပြန် ထား ကြောင်း လာရှိပါသည်။ (115) ရှာဖေအီ မဇ်ဟဗ် ကို တည်ထောင်သူ နှင့် စွန်နီ ဥပဒေပညာရှင် လေးပါး (အေမာမ်လေးပါး ) အနက်မှ တစ်ပါး ဖြစ်သူ ရှာဖေအီ မှလည်း အေမာမ် စဂျာဒ် (အ.စ) အား မဒီနာ မြို့သူ မြို့သား များ ၏ အကောင်းတကာအကောင်း ဖေကဟ် ပညာရှင် အဖြစ် လက်ခံ ထားပါသည်။ (116)

အစ်ဘ်နေဟဂျ်ရ် ဟီသမီ မှ တမန်တော်မြတ် (ဆွ) ကျမ်းတော်မြတ်ကုရ်အာန် နှင့် မိမိ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား စစ်က်လ် (အရာ) နှစ်ခု အဖြစ် အမည်ပေးခဲ့ပြီး စစ်က်လ် ဆိုသည်မှာ တန်ဖိုးရှိသည့်အရာ အရေးကြီးသည့် အရာ ကို ခေါ်ဆို ခြင်း ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) သည်အဖိုးတန်အရေးကြီး အရာ နှစ်ခု ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုအရာ နှစ်ခု စလုံး သည်သာသနာပညာ၊လျှို့ဝှက်ချက်များ၊ ကြီးမြတ်သောဆင်ခြင်တုံတရားများ နှင့် င့် ရှရ်အီ စီရင်ထုံးများ၏ ရတနာသိုက်ဖြစ်ကြောင်းဆိုထားပါသည်။ ထို့ကြောင့်၊ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား မြဲမြံစွာ ဆုပ်ကိုင်ထားရန် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ)တို့ကို လိုက်နာရန် နှင့် ၎င်းတို့ထံ မှ အသိပညာ သင်ယူရန် တိုက်တွန်းထားပါသည်။(117) အစ်ဘ်နေဟဂျ်ရ် ၏ သက်ဝင် ယုံကြည်ချက် အရ အဟ်လေ့ဘိုက်(သ) (အ.စ) အား လိုက်နာ ရန် သက်သေထူနေသည့် ဟဒီးစ်တော် များ လာရှိပြီး ကေယမသ် နေ့တိုင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အားလိုက်နာ ရန် တိုက်တွန်း ထား ပါသည်ဟု ဖြစ်ပါသည်။ ထိုနည်း တူစွာ ကျမ်းတော်မြတ် ကုရ်အာန် အားလည်းဘဲ မြဲမြံစွာ ဆုပ်ကိုင် ထားရန် ဖြစ် ပါသည်။ (118)

အလီရဗ်ဘာနီ ဂိုလ်ဗိုင်ဂါနီ ၏ ရှုထောင့် အမြင်အရ စွန်နီ ပညာရှင်များ အချို့ ၏ ယုံကြည်ချက် အရ အဟ်လေ့ဘိုက်(သ) (အ.စ) ၏ အစ်ဆ်မသ် သေအခ်လာကီ ( ကိုယ်ကျင့်တရား၊စာရိတ္တ ဆိုင်ရာတွင် အပြစ်မဲ့မှု) နှင့် အစ်ဆ်မသ် သေ အမလီ ( လက်တွေ့ကျင့်သုံးမှုတွင် အပြစ်မဲ့မှု) တွင် သံသမရှိ အငြင်းပွား စရာ ၊ သဘောထားကွဲလွဲမှုမရှိ ကြောင်း သဘောထားကွဲလွဲကြသည်မှာ အစ်ဆ်မသ် သေအေလ်မီ ( ပညာတွင် အပြစ်မဲ့မှု) ဖြစ်ကြောင်း ဖြစ်ပါသည်။ (119)

ဆက်နွယ်နေသည့်ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ