စကလိုင်းန်

wikishia မှ
ဟဒီးစ်စေစကလိုင်းန်

စကလိုင်းန် (အရဘီ:الثقلين) (သို့မဟုတ်) စေကလိုင်းန် ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ)(အ.စ) ဖြစ်ပါသည်။ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ)မှ ဟဒီးစ်စေစကလိုင်းန် တွင် မိမိ ၏ အွန်မသ်(နောက်လိုက် နောက်သားများ)ကို စကလိုင်းန် ၏နောက်လိုက်ရန် အမိန့်နာခံရန် တိုက်တွန်းမိန့်ကြား ခဲ့ ပါသည်။ ဤ စကားလုံး အား ဤဟဒီးစ်တော် မှယူထားခြင်း ဖြစ်ပါသည်။

အဘိဓာန် တွင် စေက်လ်(ثِقْل) ၏ အဓိပ္ပာယ် မှာ ဝန်[၁] စေက်လ် ၏ အဓိပ္ပာယ် မှာ လေးလံခြင်း[၂] စေက်လ် ၏ အဓိပ္ပာယ် မှာတန်ဖိုးရှိသည့် အရာဝတ္ထု ဖြစ်ပါသည်။[၃] ထိုအတွက်ကြောင့် စကလိုင်းန် ဆိုသည်မှာ အဖိုးတန် (ရတနာ) နှစ်ပါး ဟု အဓိပ္ပာယ် ပြန်ဆို ကြပါသည်။ စေကလာန် (ثَقَلان) ဆိုသည့် စကားလုံး သည စူရဟ် ရဲဟ်မာန် အာယသ်တော် အမှတ် ၃၁ တွင် လာရှိပါသည်။ သဖ်စီးရ် ပညာရှင်များ အနေဖြင့် ဂျင်န် နှင့် လူသား ပြောဆို ကြောင်း အဓိပ္ပာယ် ဖွင့်ဆို ထားကြပါသည်။[၄] သို့သော် အချို့ သဖ်စီးရ် ပညာရှင်များ အနေဖြင့် စကလာန် ၏ အဓိပ္ပာယ် မှ ကျမ်းတော်မြတ် ကုရ်အာန် နှင့် တမန်တော်မြတ် (ဆွ) ၏ မြတ်နွယ်တော်များ (အဲဟ်လေ့ဘိုက်(သ)(အ.စ)) ကိုဆိုလိုကြောင်း ခံယူထားပါသည်။[၅]

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ဟဒီးစ်စေစကလိုင်းန် တွင် မိမိ ၏ အွန်မသ် (နောက်လိုက်နောက်သားများ) ကို အဖိုးတန် (ရတနာ နှစ်ပါး ) ( ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ) တို့အား မြဲမြံစွာ ဆုပ်ကိုင်ထား ရန် တိုက်တွန်းမိန့်ကြားခဲ့ပါသည်။ထို (ရတနာ) နှစ်ပါး ကို ကိုယ်တော် မြတ် (ဆွ) မှ အွန်မသ် အကြား လုံးဝ လမ်းလွဲ လမ်းချော် မရောက်သွား ရန် အတွက် ထားခဲ့ခြင်းဖြစ်ပါသည်။[၆] ဤဟဒီးစ်တော် ၏အချို့ ဆင့်ပြန်ချက်များတွင် မဟာတမန်တော်ကြီး (ဆွ) မှ ကျမ်းတော်မြတ် ကုရ်အာန် အား ‌ စေက်လ်လေအက္က်ဘဲရ် နှင့် မိမိ၏ အနွယ်တော် မွန်များ အား စေက်လ်လေအဇဂဲရ် ဟု နာမည် ပေး မိတ်ဆက်ထားပေးပါသည်။[၇]


အောက်ခြေ မှတ်စုများ

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

ကျမ်းကိုးများ