အဲဟ်လေဗိုင်သ်(အစ) အား အချစ်ထားခြင်း

wikishia မှ

        မိုဝဒ္ဒ်က်သေ အဟ်လေဗိုင်သ်(အစ) ဆိုသည်မှာ ၊ တမန်တော်မြတ်၏ အိမ်တော်သူ အိမ်တော်သားများကို အချစ်ထားခြင်း ဟူ၍ ဖြစ်ပြီး စူရဟ် ရှိုရာ အာယသ် ၂၃ အရ ၊ ၎င်းတို့အပေါ် အချစ်ထားခြင်းကို တမန်တော်မြတ်(ဆွ) ရေစာလသ်၏ အဖိုးအခ အဖြစ် သတ်မှတ်ထားပေသည်။ တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ဖော်ပြထားသော ရှီအာ နှင့် စွန္နီ တို့၏ ရေဝါယသ်များအရ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းသည် အစ္စလာမ် သာသနာ၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။ စိုင်ယိမုဟမ္မဒ် သီဂျာနီ ၏ အဆိုအရ၊ အားလုံးသော မွတ်စ်လင်များသည် အဲဟ်လေဗိုင်သ်(အစ) အပေါ် မဖြစ်မနေ အချစ်ထားခြင်း နှင့်ပတ်သက်ပြီး အားလုံး တူအညီသော အမြင်များရှိပေသည်။ ထို့အတွက်ကြောင့် အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းကို မွတ်စ်လင်မ်များ အားလုံး စည်းလုံးညီညွတ်မှုအတွက် သင့်လျော်သော အချက်တစ်ခု အဖြစ် မိတ်ဆက်ပေးခဲ့သည်။ အချို့သော် သာတေသီများသည် ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်း ဆိုသည်မှာ ၎င်းတို့မှ နာခံလိုက်နာခြင်း ဖြစ်သည် ဟူ၍ ယုံကြည်ထားကြသည်။

        ရေဝါယသ်များ၌ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်း အတွက် လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ အကျိုးအာနိသင်များ ရရှိစေသည် ဟူ၍ ဖော်ပြထားသည်။ အဲဟ်လေဗိုင်သ်(အစ)၏ ရှဖှာအသ် ရရှိမှု၊ အမလ်ကျင့်ဆောင်မှုများကို လက်ခံခြင်း ၊ ဆွေရာသ် တံတားပေါ်တွင် မြဲမြံစွာ လျှောက်လှမ်းနိုင်ခြင်း တို့သည် လောကုတ္တရာ ဆိုင်ရာ အကျိုးအာနိသင်များ ဖြစ်ပြီး မဆုံးပါးမှ သောင်ဗာပြုခြင်း ၊ လူတို့၏ စည်းစိမ်ကို လောဘတပ်မတ်မှု မရှိခြင်း ၊ နုတ်လျှာ၌ ဉာဏ်ပညာ ဆင်ခြင်တုံတရား စီးဆင်းခြင်းသည် လောကီဆိုင်ရာ အကျိုးအာနိသင်များ ဖြစ်သည်ဟူ၍ ယူဆထားကြသည်။ အချို့သော ဟဒီးစ်တော်များအရ ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းသည် ဟလာလ်အဖြး် မွေးဖွားခြင်း၏ လက္ခဏာတစ်ခု ဖြစ်ပြီး ၎င်းတို့၏ ရန်သူများနှင့် ခင်မင်ရင်းနှီးမှု ရှိခြင်းသည် အဲဟ်လေဗိုင်သ်(အစ) အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိခြင်း၏ လက္ခဏာတစ်ရပ် အဖြစ် မိတ်ဆက်ပေးခဲ့သည်။

        မုဟမ္မဒ် မုဟမ္မဒီ ရိန်းရှဟ်ရီ သည် အဲဟ်လေဗိုင်သ်(အစ)အတွက် အဇာဒါရီ ပြုလုပ်ခြင်းကို ၎င်းတို့အား ချစ်ကြောင်းပြသသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်ဟူ၍ ယူဆထားသည်။ ထို့အတူ အေမာမ်(အစ) များ၏ သုသာန်များသို့ သွားရောက် ဇေယာရသ် ပြုလုပ်ခြင်း၊ ၎င်းတို့၏ အခမ်းအနား (မွေးနေ့ ၊ ဝေလာယသ် ရရှိသည့်နေ့ နှင့် ၎င်းတို့အတွက် အခြားပျော်ရွှင်ထိုက်သည့် နေ့ရက်) များတွင် ပျော်ရွှင်မှု ရှိခြင်း နှင့် ကလေးများအား အဲဟ်လေဗိုင်သ်(အစ)၏ အမည်များ ပေးခြင်းသည် ၎င်းတို့အပေါ် ချစ်ခင်မှုကို ပြသသည့် အခြားနည်းလမ်း တစ်ခုပင် ဖြစ်သည်။ အချို့သော သုတေသီများသည် အဲဟ်လေဗိုင်သ်(အစ)၏ သာလွန်မြင့်မြတ်မှုများ နှင့် ယဉ်ကျေးမှုများကို ဖော်ပြ ပြောဆိုခြင်း ၊ ဘာသာရေးဆိုင်ရာ အစည်းအဝေးများ ကျင်းပခြင်း စသည်တို့ကို အဲဟ်လေဗိုင်သ်(အစ) ၏ ချစ်ခြင်းမေတ္တာအား ဖန်တီးဖို့ရန်အတွက် နည်းလမ်းများ ဖြစ်သည်ဟူ၍ ဖော်ပြခဲ့ကြသည်။

        အချို့သူများသည် ရေဝါယသ်များကို ရည်ညွှန်းခြင်းအားဖြင့် ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်း ကို လောကုတ္တရာ၏ ပျော်ရွှင်မှုသို့ ရောက်ရှိဖို့ရန်အတွက် လုံလောက်သောလမ်းစဉ် ဖြစ်သည်ဟူ၍ ယူဆထားကာ ၊ ထိုသို့ ချစ်ခြင်းမေတ္တာ ထားရှိခြင်းဖြင့် ၊ အပြစ်များကို ကျူလွန်ခြင်းသည် ၎င်းတို့၏ အာခေရသ် တမလွန်ကို ထိခိုက်နှစ်နာမှု မရှိပေ ဟူ၍ ယုံကြည်လက်ခံထားသည်။ သို့သော် ရှီအာ အိုလမာ ပညာရှင်များသည် ထိုကဲ့သို့‌ေသာ် ပုတ်ခတ်ဝေဖန်မှုကို ငြင်းဆိုထားပြီး ၊ ထိုရေဝါယသ်များအဆွက် အခြသော အနက်အဓိပ္ပါယ်များကို ဖော်ပြထားကြသည်။ ဥပမာ ၊ ဤဟဒီးစ်များသည် မေ့လျော့၍ ကျူးလွန်မိခဲ့သော အပြစ်များ အတွက်သာ လာရှိထားပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့‌ေသာ အပြစ်များနှင့် မသက်ဆိုင်ပေ ဟူ၍ ပြောထားကြသည်။

        အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်း အကြောငအရာ နှက့်ပတ်သက်ပြီး စာအုပ်များ ရေးသားခဲ့ကြသည်။ ဥပမာ မုဟမ္မဒ် သကီ စိုင်ယိဒ် ယူစုဖ် အလ်ဟကီးမ် ရေးသားထားသည့် “ဟုဘ္ဘုန် အဲဟ်လုလ်ဗိုင်သ် ဖီလ် ကိသာဘ် ဝလ် စွန္နဟ်” စာအုပ် နှင့် အလီရေဇွာ အဇွီမီးဖဲရ် ရေးသားထားသည့် “ကုရ်အာန် ဝါ မိုဟိဘ္ဘက်သေ အဲဟ်လေဗိုင်သ်(အစ) “ စာအုပ်တို့အား ဖော်ပြထားသည်။

အရိုက်အရာ နှင့် အရေးပါမှု

        မိုဝဒ္ဒ်က်သေ အဟ်လေဗိုင်သ်(အစ) ဟူသော ဝေါဟာရသည် အာယသ်သေ မိုဝဒ္ဒ်က်သ် ဟု ကျော်ကြသည့် စူရဟ်ရှိုရာ အာယသ်အမှတ် ၂၃ မှ ကောက်နုတ်ရယူထားပြီး ၊ တမန်တော်မြတ်၏ အိမ်တော်သူ အိမ်တော်သားများကို အချစ်ထားရခြင်း ဟူ၍ အနက်အဓိပ္ပါယ် ရှိကာ ဤအာယသ်တော်အရ ၊ ထိုသို့ ၎င်းတို့အပေါ် အချစ်ထားခြင်းကို တမန်တော်မြတ်(ဆွ) ရေစာလသ်၏ အဖိုးအခ အဖြစ် သတ်မှတ်ထားသည်။ (1) မုဟမ္မဒ် ရေဇွာ မိုဇဖ္ဖဲရ် ကဲ့သို့ အချို့သော ရှီအာ အိုလမာ ပညာရှင်များသည်၊ အဟ်လေဗိုင်သ်(အစ) အပေါ် မဖြစ်မနေ အချစ်ထားရခြင်းကို အစ္စလာမ် သာသနာ၏ မဖြစ်မနေ အရေးကြီးသော အရာများမှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (2) ဂျာမေအေယေ ကဘီးရ် ဇေယာရသ် နာမဟ်၌ ၊ အဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းသည် အရှင်မြတ်အပေါ် အချစ်ထားခြင်း (3) နှင့် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ဖော်ပြထားသော ရှီအာ နှင့် စွန္နီ တို့၏ ရေဝါယသ်များ၌ ၊ အဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းသည်၊ အစ္စလာမ် သာသနာ၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (4) အေမာမ်ဘာကရ်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်တစ်ခု အရ၊ အဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းသည် အီမာန် သက်ဝင်ယုံကြည်ခြင်း ဖြစ်ပြီး ‌၎င်းတို့အပေါ် ရန်ငြိုးထားခြင်းသည် ၊ ကုဖ်ရ် ငြင်းပယ်ခြင်း (မွတ်စ်လင်မ် မဟုတ်သူများ) ဖြစ်သည်ဟု ဖော်ပြထားသည်။ (5)

        ဟီဂျရီ ရှစ်ရာစု၌ ရှီအာတို့၏ ဖကီးဟ် နှင့် သီအိုလောဂျီ ပညာရှင်ဖြစ်သူ အလ္လာမဟ်ဟီလ္လီ သည် ၊ “အေမာမ်အလီ(အစ) အား ဆန့်ကျင်ခြင်းသည် ၎င်းအပေါ် အချစ်ထားခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ အေမာမ်အလီ(အစ) အပေါ် အချစ်ထားရမည်မှာ ဝါဂျီဘ် ဖြစ်ပြီး အခြား ခလီဖှာများ အပေါ် အချစ်ထားရမည်မှာ ဝါဂျီဘ် မဟုတ်ပေ” ဟူသော သက်သေကို ထောက်ထားခြင်းအားဖြင့် အေမာမ်အလီ(အစ) ၏ အေမာမသ် နှင့် ရှီအာမဇ်ဟဘ် မှန်ကန်ကြောင်းကို သက်သေပြုခဲ့သည်။ (6) အဲဟ်လေစွန္နသ်တို့၏ ဖကီးဟ် ပညာရှင် လေးဦး အနက်မှ တစ်ဦးဖြစ်သည့် ရှာဖေအီ ကောက်နုတ်ဖော်ပြထားသည်မှာ : إنْ كانَ رَفْضاً حُبُّ آلِ مُحَمَّد فَلْيَشْهَد الثََقلان أنّى رافِضی အာ‌ေလ မုဟမ္မဒ်၏ ချစ်ခြင်းမေတ္တာသည် ရာဖီဇ် ဖြစ်ပါက ဂျင်န် နှင့် လူသားတို့သည်၊ ကျွန်ုပ်တို့သည်လည်း ရာဖီဇီ တစ်ဦးဖြစ်ကြောင်း သက်သေခံကြပေမည်။ (7) မိုဝဒ္ဒ်က်သ် ကို မိုဟိဗ္ဗသ် (8) နှင့် သဝလ္လာ (9) သို့မဟုတ် မိုဟိဗ္ဗသ် ထက်ပိုမိုသာလွန်သော အဆင့် (10) နှင့် အရှင်မြတ်အား ချစ်မြတ်နိုးသော အရာများအနက်မှ တစ်ခုဟူ၍ သတ်မှတ်ထားသည်။ (11)

အဲဟ်လေဗိုင်သ်(အစ)၏ အထိမ်းအမှတ်များကို အရိုအသေထားခြင်း

        ရှီအာ ဟဒီးစ် သုတေသီ ဖြစ်သူ မုဟမ္မဒ် မုဟမ္မဒီ ရိုန်းရှဲဟ်ရီ သည်၊ အဲဟ်လေဗိုင်သ်(အစ) အတွက် အဇာဒါရီ ပြုလုပ်ခြင်းကို ၎င်းတို့အပေါ် အချစ်ထားကြောင်း ဖော်ကြူးသည့် နည်းလမ်းများ အနက်မှ တစ်ခုဖြစ်ပြီး အဲဟ်လေဗိုင်သ်(အစ)၏ အထိမ်းအမှတ်များကို အရိုအသေထားခြင်း၏ အရေးကြီးဆုံး ဥပမာများထဲမှ တစ်ခုအဖြစ် ယူဆထားခဲ့သည်။ (12) ထို့အတူ ၊ အေမာမ်(အစ) များ၏ သုဿာန်များသို့ သွားရောက် ဇေယာရသ် ပြုလုပ်ခြင်း (13) ၎င်းတို့၏ အခမ်းအနား (မွေးနေ့ ၊ ဝေလာယသ် ရရှိသည့်နေ့ နှင့် ၎င်းတို့အတွက် အခြားပျော်ရွှင်ထိုက်သည့် နေ့ရက်) များတွင် ပျော်ရွှင်မှု ရှိခြင်း(14) အဲဟ်လေဗိုင်သ်(အစ) ၏ သာလွန်မြင့်မြတ်မှုများကို ဖော်ကြူးပြောဆိုခြင်း (15) နှင့် ကလေးများကို အဲဟ်လေဗိုင်သ်(အစ) ၏ အမည်များ မှည့်ခြင်း စသည်တို့သည် ၎င်းတို့အပေါ် အချစ်ထားကြောင်း ဖော်ကြူးသည့် နည်းလမ်းများမှ ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ (16)

قُل لَّا أَسْأَلُکُمْ عَلَیهِ أَجْرًا إِلَّا الْمَوَدَّةَ فِی الْقُرْبَی وَمَن یقْتَرِفْ حَسَنَةً نَّزِدْ لَهُ فِیهَا حُسْنًا إِنَّ اللَّهَ غَفُورٌ شَکُورٌ

(အို၊ ရစူလ်တမန်တော် သူတို့အား) ကျွန်ုပ်သည် သင်တို့ထံမှ ယင်း (အရှင့်တရားဓမ္မဆိုင်ရာ အမိန့်ပညတ်ချက်များကို သွန်သင်ပို့ချခြင်း) နှင့် စပ်လျဉ်း၍ ဆွေမျိုးသားချင်းများကို အချစ်ထားခြင်းမှအပ မည်သည့် အကျိုး အမြတ် အခကြေးငွေကိုမျှ တောင်းဆိုသည် မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုကုသိုလ် တစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ယင်းကောင်းမှု၌ ကောင်းမြတ်မှုကို တိုးပွားစေတော်မူမည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။ (စူရဟ် ရှိုရာ ၊ အာယသ်အမှတ် ၂၃)

အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရမည်မှာ ဝါဂျီဘ်ဖြစ်ခြင်း

        အချို့ သုတေသီများသည် ၊ အချစ်ထားရခြင်းကို အဲဟ်လေဗိုင်သ်(အစ)၏ ရပိုင်ခွင့်မှ ဖြစ်ပြီး မွတ်စ်လင်မ်များ အားလုံးအပေါ်၌ တာဝန်ရှိကာ (17) မွတ်စ်လင်မ်များ အားလုံး သ‌‌ေဘာတူညီ လက်ခံထားကြပြီး (18) မွတ်စ်လင်မ်များ စည်းလုံးညီညွတ်မှုအတွက် အသင့်လျော်ဆုံးသော အချက်ဖြစ်သည် ဟူ၍ ဖော်ပြထားကြသည်။ (19) အချို့ ရှီအာ ပညာရှင်များသည်၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရမည်မှာ ဝါဂျီဘ်ဖြစ်ခြင်းကို (နာဆွီဘီမှအပ) မွတ်စ်လင်မ်များအားလုံး လက်ခံထားသည့် အရာဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (20) အဲဟ်လေစွန္နသ်၏ ပညာရှင်များမှ ဖြစ်သော ရှမ်စိုဒီးနေ ဇိုဟိုဘီ သည်လည်း ထိုသို့ အချစ်ထားရန် ဝါဂျီဘ်ဖြစ်ခြင်း နှင့်ပတ်သက်ပြီး လာရှိထားသည့် စောဓကများ နှင့် သံသယများ အားလုံးကို လက်မခံထားပေ။ (21) အဲဟ်လေစွန္နသ်၏ သဖ်စီးရ် ပညာရှင် ဖြစ်သူ ဖခ်ရ် ရာဇီသည်၊ “တမန်တော်မြတ်(ဆွ) သည် အေမာမ်အလီ(အစ)ဖှာသွေမဟ်(စအ) အေမာမ်ဟစန်(အစ) နှင့် အေမာမဟိုစိုင်းန်(အစ) တို့အား အလွန်ချစ်မြတ်နိုးတော်မူပြီး တမန်တော်မြတ်(ဆွ) မှ လိုက်နာရမည်မှာ အစ္စလာမ် အွမ္မသ်များအပေါ် ဝါဂျီဘ် တာဝန်ဖြစ်သည်။” ဟူသော သက်သေအထောက်အထားအရ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရမည်မှာ ဝါဂျီဘ် တာဝန် ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (22) ရှာဖေအီ ထံမှ ကောက်နုတ်ထားသည်မှာ : یا أهلَ بیتِ رسولِ الله حُبُّکُم فَرضٌ مِنَ الله فِی القرآنِ أنزَلَهُ

အို အရှင်မြတ်၏ ရစူလ်တမန်တော်၏ မိသားစု၊ အသင်တိုဘအပေါ် အချစ်ထားရန် အရှင်မြတ်ဘက်မှ ဝါဂျီဘ် အဖြစ် သတ်မှတ်ထားပြီး ကုရ်အာန် ကျမ်းတော်မြတ်တွင်လည်း ထိုသို့ပြုလုပ်ရန် နာဇီလ် အမိန့်ကျခဲ့သည်။ (23)

အချစ်ထားရန် ဝါဂျီဘ် ဖြစ်ရသည့် ဒဿနိက

        သဖ်စီးရ် အလ်မီဇားန် ရေးသားသူ အလ္လာမဟ် သွဗာသွဗာယီးသည် ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရန် ဝါဂျီဘ်ဖြစ်ရသည့် အကြောင်းအရင်း ကို ၊ အဲဟ်လေဗိုင်သ်(အစ) သည် အသိပညာ ပြည့်စုံကြွယ်ဝမှုကြောင့် ဖြစ်သည်ဟု ယုံကြည်ထားပြီး မွတ်စ်လင်မ်များသည် အဲဟ်လေဗိုင်သ်(အစ) အား ချစ်သောကြောင့် ၊ အသိပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ၎င်းတို့အား မေးမြန်းနိုင်‌‌ေစရန် ဖြစ်သည်။ ထို့အတွက်ကြောင့် ၊ အလ္လာမဟ် သွဗာသွဗာယီးသည် အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းအား ဘာသာတရား၏ ရှင်သန်မှုကို အာမခံပေးသူ အဖြစ် မိတ်ဆက်ပေးခဲ့သည်။ (24)

        ဟီဂျရီ ၁၄ရာစု ရှီအာ စာရေးဆရာ ၊ အာလင်မ် ပညာရှင် ဖြစ်သူ မုဟမ္မဒ် ရေဇွာ မိုဇဖ္ဖဲရ် ၏အမြင်၌၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရန် ဝါဂျီဘ်ဖြစ်ရသည့် အကြောင်းအရင်းမှာ ၎င်းတို့သည် အရှင်မြတ်နှင့် နီးစပ်မှု ရှိပြီး အရှင်မြတ် ထံတော်၌ ၎င်းတို့သည် မြင့်မြတ်သော အရိုက်အရာ နှင့် ရပ်တည်မှုများ ရှိသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ၊ ၎င်းတို့သည် ရှရီက် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း၊ အပြစ်များ နှင့် အရှင်မြတ်နှင့် ကင်းဝေးစေမည့် အရာတိုင်းတို့မှ ၊ သန့်ရှင်းစင်ကြယ် အမှားကင်းစင် ကြပေသည်။ (25) အီရာန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အဓိပတိခေါင်းဆောင် အာယသုလ္လာဟ် ခါမေနအီ သည် အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြက်းအား ၎င်းတို့မှ နာခံရန်အတွက် အပံ့အပိုး တစ်ခုအဖြစ် မှတ်ယူထားပြီး ထိုချစ်ခြင်းမေတ္တာကို ဖော်ကြူးခြင်းဖြင့် ၊ ကိုဖော်ပြခြင်းဖြင့် အဲဟ်လေဗိုင်သ်(အစ) ၏ ဝေလာယသ် နှင့်ပတ်သက်ပြီး လူသားတိုဘ၏ ယုံကြည်ချက်ကို ထိန်းသိမ်းထားနိုင်မည် ဟူ၍ ယုံကြည်ထားသည်။ (26) အီရာန်နှစ် ဟီဂျရီ ၁၄ ရာစု ပညာရှင်များမှ ဖြစ်သော မုဟမ္မဒ် သကီ မိဆ်ွဗာဟ် ယဇ်ဒီ၏ အဆိုအရ၊ အဲဟ်လေဗိုင်သ်(အစ) ၏ချစ်ခြင်းမေတ္တာသည် တမန်တော်မြတ်နှင့် ၎င်းတို့၏ ဆွေမျိုး တော်စပ်မှုကြောင့် မဟုတ်ပေ။ သို့သော် ၎င်းတို့အပေါ် အချစ်ထားရခြင်း၏ အကြောင်းတရားမှာ ၊ ၎င်းတို့သည် အရှင်မြတ်၏ အမိန့်ကို နာခံရာ နှင့် ကျိုးနွံရာ၌ အထွတ်အထိပ်သို့ ရောက်ရှိကြသောကြောင့် ဖြစ်ပေသည်။ (27) ထို့အပြင်၊ ကွမ်းမြို့၏ ဓမ္မပညာကျောင်းများ၌ သီအိုလောဂျီ ပညာရပ်၏ ပါမောက္ခတစ်ဦးဖြစ်သော အလီ ရဗ္ဗာနီ ဂိုလ်ပိုင်ယေဂါနီ ယုံကြည်ထားသည်မှာ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားရန် ဝါဂျီဘ် ဖြစ်ရသည့် ဒဿနိကမှာ ၊ အဲဟ်လေဗိုင်သ်(အစ) ၏ အမိန့်တော်များကို နာခံလိုက်နာဖို့ရန် ဖြစ်ပြီး ၊ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ၎င်းတို့မှ နာခံလိုက်နာခြင်းဖြင့် လက်ဝယ်ရရှိမည် ဖြစ်သည်။ (28) ကွမ်းမြို့၏ ဓမ္မပညာကျောင်း၏ စာရေးဆရာ ဖြစ်သူ ဂျဝါဒ် မျာဟဒ္ဒီစီ ၏ အဆိုအရ၊ ချစ်ခင်းမေတ္တာ များလေ၊ ၎င်းတို့မှ နာခံလိုက်နာမှု များလေ ဖြစ်သည်။ (29)

အကျိုးအာနိသင်များ

        ပညာရှင်များသည် အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းကို၊ အကြွင်းမဲ့ ပြီးပြည့်စုံမှုဆီသို့ လျောက်လှမ်းနိုင်သည့် အချက်တစ်ချက် (30) အဲဟ်လေဗိုင်သ်(အစ) ကို အချစ်ထားကြသူများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းမှု ရှိကာ တစ်ဦးနှင့်တစ်ဦး လှိုက်လှိုက်လှဲလှဲ ပြုမူဆက်ဆံရန်အတွက် အချက်တစ်ချက် (31) နှင့် ဘာသာတရား၏ စည်းလုံးညီညွတ်မှုဆိုင်ရာ အကြောင်းအရင်း (32) ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။ အဘူနအီးမ် အိဆ်ွဖှဟာနီ နှင့် အိုဗိုက်ဒုလ္လာဟ် ဟစက္ကာနီ (ဟီဂျရီ ငါးရာစာ၌ ၊ အဲဟ်လေစွန္နသ် ပညာရှင်) တို့သည် အေမာန်အလီ(အစ) မှ ကောက်နုတ်ထားသည့် ရေဝါယသ်တစ်ခုအရ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားကြသည့် မိုအ်မင်န် သက်ဝင်ယုံကြည်သူများ ကိုသာလျှင် ကြည့်ရှု့စောင့်ရှောက်ပေသည်။ (33)

လောကုတ္တရာဆိုင်ရာ အကျိုးအာနိသင်များ

        တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်တော်အရ၊ ၎င်း နှင့် အဲဟ်လေဗိုင်သ်(အစ) ကို အချစ်ထားခြင်း၏ အကျိုးအာနိသင်အား ခုနစ်နေရာတွင် ထင်ရှားစေသည်။ ၁ ။ သေဆုံးမည့်အချိန် ၂ ။ ကဗဲရ် ထဲ၌ ၃ ။ ကေယာမသ်နေ့ ရောက်သည့်အချိန် ၄ ။ မိမိ့၏ အမလ် လုပ်ဆောင်ချက်များ၏ စာရွက်ကို လက်ခံရရှိသောအချိန် ၅ ။ လုပ်ဆောင်ချက်များကို တွက်ချက်‌ေသာအချိန် ၆ ။ ချိန်ကွင်အနား နှင့် ၇ ။ ဆွေရာသ် တံတားမှ ဖြတ်လျှောက်ချိန် တို့ဖြစ်သည်။ (34) အဲဟ်လေစွန္နသ်တို့ ကောက်နုတ်ဖော်ပြထားသည့် အခြားသော ရေဝါယသ် တစ်ခုအရ၊ မည်သူမဆို အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းဖြင့် ဆုံးပါးသွားပါက ၊ ရှဟီးဒ် ကဲ့သို့ ၊ ခွင့်လွှတ်ပလပ်မှု ခံရသူ နှင့် အီမာန်နှင့်တကွ ဆုံးပါးသကဲ့သို့ ဖြစ်ပြီး သေဆုံးမည့်အချိန် ၎င်းအား ဂျန္နသ် သုခဘုံကို ပြသပြီး ၎င်း၏ ကဗဲရ်ထဲ၌ ဂျန္နသ်သို့ ဝက်ရောက်သည့် တံခါးပေါက် နှစ်ခု ပွင့်လာကာ အရှင်မြတ်သည် မာလာအိကာ ကောင်းကင်တမန်များကို ၎င်း၏ ကဗဲက်အား ဇေယာရင်ပြုလုပ်သူများ အဖြစ် သတ်မှတ်ပေးထားမည် ဖြစ်သည်။ (35) အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်းအတွက် ရရှိမည့် အခြားသော အကျိူအာနိသင်များကိုလည်း ဖော်ပြထားပြီး ၎င်းတို့မှာ ၊

  • ရှာဖှာအသ် (ကြားဝင်အသနားခံမှု) ရရှိခြင်း။ တမန်တော်မြတ်ထံမှ လာရှိထားသည့် ဟဒီးစ်တော်များအရ၊ မည်သူမဆို အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားပါက ၊ ထိုအဲဟ်လေဗိုင်သ်(အစ) တို၏ ရှဇာအသ် (ကြားဝင်အသနားခံမှု) ဖြင့် ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ရမည်။ (34)
  • အဲဟ်လေဗိုင်သ်(အစ) နှင့်အတူ ပြန်လည်ဆုံဆည်းခြင်း၊ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ် တစ်ခုအရ၊ အဲဟ်လေဗိုင်သ်(အစ) ကို ချစ်မြတ်နိုးသူများသည် ‌ေကယာမသ် ရှင်ပြန်ထမြောက်သောနေ့တွင် ၎င်းတို့နှင့် ပြန်လည်ဆုံတွေ့ခွင့် ရကြမည်ဖြစ်သည်။ (37)
  • အမလ် လုပ်ဆောက်ချက်များကို အရှင်မြတ် လက်ခံတော်မူခြင်း ၊ အဘူဟမ်ဇဟ်စိုမာလီသည် အေမာမ်အလီ(အစ) ထံမှ ရေဝါယသ်တစ်ခု ကောက်နုတ်ဖော်ပြထားသည်မှာ “လူသားများသည် အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားခြင်းအားဖြင့် ကေယာမသ် ရှင်ပြန်ထမြောက်သောနေ့တွင် အရှင်မြတ်သည် ၎င်းတို့၏ အခြားသော အမလ် လုပ်ဆောင်ချက်များကိုလည်း လက်ခံတော်မူပေမည် ၊ သို့သော် အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်မထားရှိပါက ၊ အခြားသော အမလ် လုပ်ဆောင်ချက်များကို လက်ခံတော်မူမည် မဟုတ်ပေ။ (38)
  • ဖြောင့်မတ်မှန်ကန်သူများ အနက်မှ ဖြစ်ခြင်း။ အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားခြင်းသည် ဖြောင့်မတ်မှန်ကန်သူများ အနက်မှ ဖြစ်ပေသည် ဟူ၍ မိတ်ဆက်ပေးထားသည်။ (39)
  • ဆွေရာသ် တံတားပေါ်တွင် တည်ငြိမ်စွာ ဖြတ်လျောက်နိုင်ခြင်း၊ ဂျအ်ဖရီယာသ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ် အရ၊ အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် ပို၍အချစ်ထားသူတိုင်းသည် ဆွေရာသ် တံတားပေါ်တွင် ပိုမိုတည်ငြိမ်စွာဖြင့် လျောက်လှမ်းနိုင်မည် ဖြစ်သည်။ (40)
  • အပြစ်များ ခွင့်လွတ်မှု ရရှိခြင်း၊ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ် တစ်ခုအရ၊ အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားခြင်းဖြင့် အပြစ်များ ခွင့်လွတ်မှု ရရှိပေမည်။ (41)ဟီဂျရီ ဆယ်ရာစု ၊ အဲဟ်လေစွန္နသ် ပညာရှင်ဖြစ်သူ အိဗ်နေဟဂျရ် ဟီသမီ သည်၊ ဟဒီးစေ “ဘာဘေ ဟိသ်ွသွဟ်” ကို ကောက်နုတ်ခြင်းအားဖြင့် ယုံကြည်ထားသည်မှာ ၊ အရှင်မြတ်ငည် ဗနီအိစ်ရာအီးလ် များအား ဘာဘုလ်ဟိ(သ်ွ)သွဟ် မှ ဝင်ရောက်ခြင်းကို ၎င်းတို့၏ အပြစ်များအား ခွင့်လွှတ်ပလပ်မူရှိခြင်း ဟုသတ်မှတ်ထားသကဲ့သို့ပင် အစ္စလာမ် အွမ္မသ်များ၌လည်း အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားခြင်းကို ၎င်းတို့၏ အပြစ်များအား ခွင့်လွှတ်ပလပ်မူရှိခြင်း ဟူ၍ သတ်မှတ်ထားသည်။ (42)

လောကီဆိုင်ရာ အကျိုးအာနိသင်များ

        တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ အောက်ပါအချက်များသည် အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားခြင်းဖြင့် ရရှိခံစားရမည့် လောကီဆိုင်ရာ အကျိုးအာနိသင်များ ဖြစ်သည်ဟု မိတ်ဆက်ပေးထားသည်။ ထိုအချက်များမှာ : • ရှောင်ကြဉ်သူဖြစ်ခြင်း ၊ အလုပ် လုပ်ခြင်းအတွက် စိတ်အားထက်သန်မှု ရှိခြင်း၊ ဘာသာတရားကို ကိုးကွယ်လိုစိတ် ကြည်ညိုလိုစိတ် ဖြစ်လာခြင်း ၊ အေဗာဒသ် ဝတ်ပြုရန် စိတ်အားထက်သန်လာခြင်း ၊ မဆုံးမီ သောင်ဗဟ် ပြုလုပ်ခြင်း၊ ညအချိန် နိုးထကာ အေဗာဒသ်ပြုရာ၌ ရွှင်လန်းနေခြင်း၊ လူတို့၏ ပစ္စည်းဥစ္စာအပေါ် တပ်မတ်လောဘကြီးမှု မရှိခြင်း ၊ ရက်ရောခြင်း၊ အရှင်မြတ်၏ အမိန့် နှင့် တားမြစ်မှုများတွင် ဂရုတစိုက်ရှိခြင်း နှင့် ဒွန္နယာ လောကကြီးအား မနှစ်သက်ခြင်း တို့ ဖြစ်သည်။ (43) အေမာမ်ဘာ ကဲရ်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ အရှင်မြတ်သည် အဲဟ်လေဗိုင်သ်(အစ) ‌အပေါ် အချစ်ထားသူတိုင်း၏ နှလုံးသားများကို သန့်ရှင်းစင်ကြယ် စေတော်မူသည်။ (44) အေမာမ်ဆွာဒီက်(အစ) ထံမှ လာရှိထားသည့် ဟဒီးစ် တစ်ခု၌ ၊ အကြင်သူသည် မိမိ၏ စိတ်နှလုံးသား၌ အဲဟ်လေဗိုင်သ်(အစ)၏ ချစ်ခြင်းမေတ္တာကို မြဲစွာထားရှိခြင်းအားဖြင့် ဉာဏ်ပညာသည် ၎င်း၏ လျှာပေါ်တွင် စီးဆင်းလိမ့်မည်။ (45)

အမှတ်အသားများ

        အေမာမ်ဘာကဲရ်(အစ) ထံမှလာရှိထားသည့် ရေဝါယသ်အရ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားခြင်း နှင့် ၎င်းတို့၏ ရန်သူများအပေါ် အချစ်ထားခြင်း တို့သည် ပေါင်းစပ်၍ မရနိုင်ပေ။ အကယ်၍ တစ်ဦးတစ်ယောက်သည် အဲဟ်လေဗိုင်သ်(အစ)၏ ရန်သူများအပေါ် အချစ်ထားပါက ၊ ၎င်းသည် အဲဟ်လေဗိုင်သ်(အစ) အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိကြောင်း ဖော်ပြသည့် လက္ခဏာ အမှတ်အသားပင် ဖြစ်သည်။ (46) ထို့အတူ အေမာမ်အလီ(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ အကယ်၍ အကယ်၍ တစ်စုံတစ်ယောက်သည် အဲဟ်လေဗိုင်သ်(အစ) ကို အချစ်ထားသူများအပေါ် ချစ်ခြင်းမေတ္တာ မထားရှိပါက ၊ ထိုသူသည် အဲဟ်လေဗိုင်သ်(အစ) ကို စစ်မှန်သော ချစ်ခြင်းမေတ္တာ ထားရှိသူများ အနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပေ။ (47) အခြားသော ဟဒီးတော်များ၏ အဆိုအရ၊ လျစ်လျူရှုသော အမျိုးသားများ၊ ဟရာမ်လမ်းစဉ်(ဇေနာ) ဖြင့် မွေးဖွားလာသူများ ၊ မိမိကိုယ်ကို အမျိုးသမီး အသွင်သဏ္ဌာန် ပြုလုပ်ကြသူများ ၊ ၎င်းတို့၏ မိခင်များသည် ဓမ္မတာလာစဉ်ကာလ၌ ၎င်းတို့အား ကိုယ်ဝန်ဆောင်ပြီး မွေးဖွားလာခဲ့သူများ သည် အဲဟ်လေဗိုင်သ်(အစ) ကို အချစ်မထားကြပေ။ (48) ရေဝါယသ် တစ်ခုတွင်လည်း အဲဟ်လေဗိုင်သ်(အစ) ကို ချစ်မြတ်နိုးခြင်းသည် သန့်ရှင်းစင်ကြယ်စွာ မွေးဖွားလာခြင်း (ဟလာလ်လမ်းစဉ်ဖြင့် မွေးဖွားလာခြင်း) ၏ လက္ခဏာတစ်ခု အဖြစ် ယူဆထားသည်။ (49) အဲဟ်လေဗိုင်သ်(အစ) မှ လက်တွေ့ကျကျ နာခံလိုက်နာခြင်းကို အဲဟ်လေဗိုင်သ်(အစ) အပေါ် ချစ်မြတ်နိုးကြောင်း ဖော်ပြရာတွင် လူတစ်ယောက်၏ အရေးကြီးဆုံးသော လက္ခဏာတစ်ရပ် အဖြစ် ယူဆထားသည်။ (50)

အဲဟ်လေဗိုင်သ်(အစ) ၏ အချစ်အပေါ် အခြေခံပြီး အလွဲသုံးစားလုပ်မှုများ

        ဘာသာရေးသမား အုပ်စုတစ်စု ယုံကြည်ထားသည်မှာ ၊ မည်သည့် အပြစ်ငရဲမဆို အဲဟ်လေဗိုင်သ်(အစ) အပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာဖြင့် ပပျောက်သွားပြီး ၊ အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားသူတိုင်း၏ အပြစ်များသည် ၎င်းတို့၏ နောင်တမလွန် ရေးရာ၌ ထိခိုက်မှု မရှိပေ။ (51) ပညာသင်ကျောင်းမှ သုတေသီ တစ်ဦးဖြစ်သည့် အလီနဆွီရီး ၏ ပြောကြားချက်အရ ၊ အဲဟ်လေဗိုင်သ်(အစ) ၏ အချစ်အပေါ် အလွဲသုံးစားလုပ်ကြသူများသည် နက်နဲသော အသိတရား ၊ အသိပညာ မရှိပေ။ ထို့အပြင် “အလီ အပေါ် အချစ်ထားခြင်းသည် ၊ ကောင်းမွန်ျသာအရာ ဖြစ်ပြီး မည်သည့်အပညစ်ဂိုနာဟ်မှ ထိုကောင်းမွန်‌ေသာကို မထိခိုက်စေပေ ၊ ထျို့နာက် အလီအား အမုန်းထားခြင်းသည် အပြစ်ဂိုနာဟ် ဖြစ်ပြီး ၊ မည်သည့်ကောင်းမူကိုမှ လက်ဝယ်ရရှိမည် မဟုတ်ပေ။” (52) ဟူသော ဟဒီးစ်မျိုးကို သက်သေအဖြစ် ထောက်ထားကြပေသည်။ (53) မိုဟက္ကီကေဘဟ်ရာနီ (ဟီဂျရီ ၁၁၂၁ - ၁၀၇၅) သည် ထိုဟဒီးစ်ကို ကုသိုလ်ကောင်းမှု တောင်းတသော ဟဒီးစ် ဟူ၍ လက်ခံထားသည်။ (54) သို့‌သော် အချို့ ရှီအာအိုလမာ ပညာရှင်များသည်၊ ထိုဟဒီးစ်အတွက် အဲဟ်လေဗိုင်သ်(အစ) ၏ အချစ်အပေါ် အလွဲသုံးစားလုပ်ကြသူများ၏ ဆိုလိုရင်းနှင့် မတူညီသည့် အခြား အနက်အဓိပ္ပါယ်တစ်ခုကို ဖွင့်ဆိုကြသည်။ (55) ဥပမာ ရှီအာ သီအိုလောဂျီ ပညာရှင် ရှီးခ် မိုဖီးဒ် ၏ အဆိုအရ၊ ဤဟဒီးစ်၏ ဆိုလိုရင်းမှာ အဲဟ်လေဗိုင်သ်(အစ) နှင့်ပတ်သက်ပြီး နက်နက်နဲနဲ အသိတရား ရှိသော အပြစ်သားများသည် ဗရ်ဇခ် ၌သာလျှင် အပြစ်ပေးခြင်း ခံရပြီး ၊ ဂျဟန္နမ် ငရဲမီးမှ ကင်းဝေးမည် ဖြစ်သည် ဟူ၍ ထင်ကြေးပေးထားသည်။ (56) အချို့သော သုတေသီ ပညာရှင်များ၏ အမြင်၌လည်း ၊ မေ့လျော့၍ အမှတ်မထင် ပြုလုပ်မိလိုက်သော အပြစ်များကိုသာလျှင် အဲဟ်လေဗိုင်သ်(အစ) ၏ ချစ်ခြင်းမေတ္တာဖြင့် ခွင့်လွှတ်ပေးမည် ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော အပြစါများ ယင်း၌ အကျုံးမဝင်ပေ ဟူ၍ ဖော်ပြထားသည်။ (57)

        အလီနဆွီရီး၏ အဆိုအရ ၊ ထိုသို့သော တွေးခေါ်မှုသည် အခြားဘာသာတရားများသာမက အစ္စလာမ်ဘာသာ တွင်လည်း ရှိပေသည်။ အချို့ဂိုဏ်းများ ဖြစ်ကြသည့် ဥပမာ မာရ်ဂျအေဟ် နှင့် ကရာမီယဟ် တို့သည် အဲဟ်လေစွန္နသ် နှင့် ရှီအာဂါလီယဟ် များအနက်မှ ဖြစ်ပြီး ၎င်းတို့၌ အလားတူ ယုံကြည်ချက် ရှိပေသည်။ (58) ၎င်းလက်ခံထားသည်မှာ အချို့သူများ အကြား၌ အဲဟ်လေဗိုင်သ်(အစ) ၏ အချစ်အပေါ် အခြေခံပြီး အလွဲသုံးစားလုပ်ကြသူများသည် ၊ သာသနာ့ အိုလမာ ပညာရှင်များ၏ ဖသ်ဝါများ နှင့် အမြင်များကို ဂရုမပြုသောကြောင့် ဖြစ်ပေါ်လာကြသည် ။ (59) ဂျဝါဒ် မိုဟဒ္ဒီစီ သည် အဲဟ်လေဗိုင်သ်(အစ) အပေါ် အချစ်ထားသည် ဟူသော ကြွေးကြော်ချက် နှင့်အတူ အပြစ်များကို ကျူးလွန်ခြင်းသည် ဆန့်ကျင်ကွဲလွဲသောအရာ ဖြစ်ပြီး အဲဟ်လေဗိုင်သ်(အစ) မှ နာခံလိုက်နာသော ချစ်ခြင်းမေတ္တာ သာလျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည် ဟူ၍ ယုံကြည်ထားသည်။ (60) ဖိက်ဟုရ်ရေဇွာ စာအုပ်၌ ၊ ကောငမွန်သော လုပ်ဆောင်ချက်များ နှင့် အဲဟ်လေဗိုင်သ်(အစ) ၏ ချစ်ခြင်းမေတ္တာ တို့၏ ပတ်သက်ဆက်နွယ်မှုကို ၊ ဘက်နှစ်ဖက် ပတ်သက်ဆက်နွယ်မှု ဖြစ်ပြီး ၎င်းတို့အနက်မှ တစ်ခုမပါရှိပါက ကျန်သောအခြားတစ်ခုသည် လက်ခံနိုင်ဖွယ် မရှိပေ ဟူ၍ လက်ခံထားသည်။ (61) အေမာမ်ဘာကဲရ်(အစ) ထံမှ လာရှိထားသည့် ရေဝါယသ်အရ၊ အရှင်မြတ်၏ အမိန့်ကို နာခံသူသည် အဲဟ်လေဗိုင်သ်(အစ) ကို ချစ်မြတ်နိုးသူဖြစ်ပြီး အရှင်မြတ်၏ အမိန့်တော်များကို မနာခံသူသည် အဲဟ်လေဗိုင်သ်(အစ)၏ ရန်သူဖြစ်သည်။ (62)

ရေးသားထားသည့် စာအုပ်များ

အဲဟ်လေဗိုင်သ်(အစ)၏ ချစ်ခြင်းမေတ္တာအကြောင်း ရေးသားထားသော စာအုပ်အချို့မှာ-

  • “မဝဒ္ဒက်သုလ် အဲဟ်လေဗိုင်သ် ဝါ ဖှဇွာအိလာဟွမ် ဖီလ် ကိသာဘ် ဝလ် စွန္နဟ်” နှင့် ဟုဗ္ဗုန် အဲဟ်လုလ်ဗ်ိုင်သ် ဖီလ် ကိသာဘ် ဝလ် စွန္နဟ်” စာအုပ် ၊ မုဟမ္မဒ် သကီ စိုင်ယိ ယူစွဖုလ် ဟကီးမ် ရေးသားထားပြီး ၊ ဤစာအုပ်နှစ်အုပ်၏ အကြောင်းအရာများကို အဓိကအခန်းကြီးငါးခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမဆုံးစာအုပ်ကို ဟီဂျရီ ၁၄၁၉ တွင် စာမျက်နှာ ၁၄၀ ဖြင့် အရ်ရိစာလဟ် ပုံနှိပ်တိုက် မှထုပ်ဝေခဲ့ပြီး (63) နှင့် အခြားတစ်အုပ်ကို ဟီဂျရီ ၁၄၂၄ တွင် စာမျက်နှာ ၂၇၈ ဖြင့် မိုအ်စစ်စုလ် ဖိက္က်ရုလ် အစ္စလာမီ မှ ထုတ်ဝေခဲ့သည်။ (64)
  • ကုရ်အာန် ဝါ မိုဟိဘ်ဘက်သေ အဲဟ်လေဗိုင်သ် စာအုပ် ၊ အလီရဇွာ အဇွီမီဖဲရ် ရေးသားထားသည်၊ ဤစာအုပ်တွင် စာရေးသူသည် ကုရ်အာန်တွင် အဲဟ်လေဗိုင်သ် ၏ချစ်ခြင်းမေတ္တာကို ဆန်းစစ်ပြီး နောက်ဆုံးအပိုင်းတွင် အာယသ်သေ မိုဝဒ္ဒသ် နှင်ဘပတ်သက်ပြီး အဲဟ်လေစွန္နသ်တို့၏ ဓစာဓကများကို ဖြေဆိုထားသည်။ (65) ဤစာအုပ်ကို စာမျက်နှာ ၃၆၀ ဖြင့် ၂၀၁၅ ခုနှစ်တွင် ဘာသာတရားဆိုင်ရာဌာနမှ ထုတ်ဝေခဲ့သည်။ (66)
  • “မဘာနီယေ နဇဲရီ ဝါ အမလ်လီ ဟုဘ်ဘေ အဲဟ်လေဗိုင်သ်” စာအုပ်၊ အဇ်ဂဲရ်သွာဟီရ် ဇာဒေဟ် ‌ရေးသားထားသည်၊ ဤစာအုပ်သည် စာရေးသူများ ဟောကြားထားသည့် စာသားများ ဖြစ်ပြီး လက်ဘ်ဘုလ် မီဇားန် ပုံနှိပ်တိုက်မှ ၂၀၀၉ ခုနှစ်တွင် စာမျက်နှာ ၃၃၃ ဖြင့် ထုတ်ဝေခဲ့သည်။ (67)
  • “မိုဟ်ဘ်ဘက်သ် ဝါ နေဂျာသ်ဘက်ခ်ရှ်” စာအုပ် ၊ အဗ္ဗ်ဒုရ်ရေဇွာ ဂျမာလီ ရေးသားထားသည်။ စာ‌ေရးသူသည် ဤစာအုပ်၌ ၊ အဲဟ်လေဗိုင်သ် အပေါ် ချစ်ခြင်းမေတ္တာ ထားရှိခြင်းသည် ‌ဤလောက ၊ ဗဲရ်ဇက်ခ် သေဆုံးပြီးကြားကာလ နှင့် ကေယာမသ် ရှင်ပြန်ထမြောက်မည့်နေ့ တွင် အကျိုးသက်ရောက်မှုများ ကှိကြောင်းကို ဖော်ပြထားသည်။ (68) ဤစာအုပ်ကို အီရာန်နှစ် ၁၃၉၃ တွင် ဇမ်ဇမ်ဟေဒါယသ် ပုံနှိပ်တိုက်မှ ထုပ်ဝေခဲ့သည်။ (69)