ရှဟာဒသ်

wikishia မှ

ရှဟာဒသ်ဟူသည် အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံရခြင်းကို ရည်ညွှန်းပြီး ဟဒီးစ်များတွင် အမြင့်မားဆုံးသော ကောင်းမြတ်မှု နှင့် အကောင်းမွန်ဆုံးသော သေခြင်းတရားအဖြစ် ဖော်ပြထားသည်။ ကုရ်အာန် အာယသ်တော်များ နှင့် ဟဒီးစ်တော်များတွင် ရှဟာဒသ် ဖြစ်ခြင်းအတွက်၊ ထာဝရရှင်သန်မှု၊ ရှဖှာအသ် နှင့် အပြစ်များကို ခွင့်လွှတ်ခံရခြင်းစသည့် အကျိုးသက်ရောက်မှုများကို ဖော်ပြထားသည်။ ဥပဒေပညာရှင်များ၏ အဆိုအရ၊ ရှဟီးဒ်၌ ဂိုစိုလ် နှင့် ကဖန် မရှိပေ။ ၎င်း၏ ခန္ဓာကိုယ်ကို ထိမိခြင်းသည် ဂိုစ်လေ မက်စေ မိုင်ယဒ် မထိုက်ပေ။ သို့သော် ဤဥပဒေသသည် စစ်ပွဲ၌ ကျရှုံးခဲ့သူများ အတွက်သာဖြစ်ပြီး အရှင်မြတ် လမ်းစဉ်၌ အခြားသော အနေအထားဖြင့် အသတ်ခံရသူများအဖို့ သို့မဟုတ် ရှဟီးဒ် အရိုက်အရာ ရှိသူများအဖို့ အကျုံးမဝင်ပေ။ အချို့ ရေဝါယသ်များအရ၊ ရှီအဟ်တို့၏ အေမာမ်များ အားလုံးသည် ရှဟီးဒ် အနေဖြင့် ဆုံးပါးသွားခဲ့ကြသည်။ သို့သော် ထင်ရှားကျော်ကြားသော ရှီအဟ် ပညာရှင်တစ်ဦးဖြစ်သည့် ရှီးခ်မိုဖီးဒ် သည် ၎င်းတို့ထဲမှ အချို့၏ ရှဟီးဒ် ဖြစ်ခြင်းကို သံသယဝင်ခဲ့သည်။ အီရာန်အစ္စလာမ္မစ်သမ္မတနိုင်ငံစာပေတွင် အီရာန်နှစ် ၁၃၅၇ ခုနှစ် တော်လှန်ရေးကို ထိန်းသိမ်းရန်နှင့် အီရာန်နိုင်ငံကို ကာကွယ်ရန်အတွက် အသတ်ခံခဲ့ရသူများ အားလုံးကို ရှဟီးဒ်ဟု ခေါ်ဆိုထားကြသည်။ ဤနိုင်ငံတွင် ရှဟီးဒ် နှင့် စစ်မှုထမ်းဟောင်း ရေးရာအဖွဲ့ကို ရှဟီးဒ် နှင့် ရှဟီးဒ်များ၏ မိသားစုများအား ပြုစုစောင့်ရှောက် ဖို့ရန်အတွက် ဖွဲ့စည်းထားသည်။ အိစ်ဖန့်လ ၂၂ ရက်နေ့ကို အာဇာနည်နေ့ (ရှဟီးဒ်နေ့) ) အဖြစ် သတ်မှတ်ခဲ့သည်။

ဝေါဟာရအနက်အဓိပ္ပါယ်

ရှဟာဒသ် ဆိုသည်မှာ အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံရခြင်းကို ခေါ်ဆိုသည်။ အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံရသည့်သူတိုင်းကို ရှဟီးဒ် ဟုခေါ်ဆိုသည်။ (1) ဖိက္က်ဟ် ဥပဒေသတွင် ရှဟီးဒ် သည် သီးသန့် မွတ်စ်လင်မ်များနှင့်သာ သက်ဆိုင်ပြီး စစ်မြေပြင်တွင် ကာဖရ်များဘက်မှ သတ်လိုက်ခြင်း သို့မဟုတ် ၎င်းတို့ကို တိုက်ခိုက်ခြင်းဖြင့် စစ်မြေပြင်တွင် ကျရှုံးခဲ့သူများကို ခေါ်ဆိုပေသည်။ (2) နမူနာသဖ်စီးရ်၌ လာရှိထားသည်မှာ ၊ ရှဟာဒသ် သည် ယေဘူယျ အနက်အဓိပ္ပါယ် နှင့် သီးခြားအနက်အဓိပ္ပါယ် ဟူ၍ ရှိပေသည်။ သီးခြားအနက်အဓိပ္ပါယ် မှာ ဖိက္က်ဟ် ၌ ဖော်ပြထားသည့် အနက်အဓိပ္ပါယ် ဖြစ်သည်။ ယေဘူယျ အနက်အဓိပ္ပါယ် မှာ လူသားသည် အရှင်မြတ်၏ တာဝန်ကို ထမ်းဆောင် လျှောက်လှမ်းရာ လမ်းစဥ်၌ အသတ်ခံရခြင်း သို့မဟုတ် ဆုံးပါးသွားခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ရေဝါယသ်များ၌ ၊ ပညာဆည်းပူးနေစဉ် ဆုံးပါးသွားသည့် ပညာဆည်းပူးသင်ယူသူ ၊ အရှင်မြတ် ၊ တမန်တော်မြတ် နှင့် ၎င်း၏အဟ်လေဗိုင်သ် ကို နက်နဲစွာသိကျွမ်းပြီး အိပ်ရာပေါ်တွင် သေဆုံးသွားသူ၊ မိမိ၏ ပစ္စည်းဥစ္စာများကို ခုခံကာကွယ်ဖို့အတွက် ကျူးကျော်သူများ၏ အသတ်ခံရသည့်သူ ၊ ...၎င်းတို့အား ရှဟီးဒ် ဟူ၍ သတ်မှတ်ထားသည်။ (3)

ရှဟီးဒ် ဟုအမည်မှည့်ရခြင်းအကြောင်း

وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِنْدَ رَبِّهِمْ يُرْزَقُونَ﴾ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသူတို့အား လူသေများဟု မထင်မှတ်ကြလေနှင့်။ အမှန်မှာ ၎င်းတို့သည် ၎င်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ (ဂုဏ်သိက္ခာနှင့်) ရိက္ခာများကို ရယူခံစားနေလျှက် ရှင်သန်နေကြ၏။ (စူရဟ် အာလေအင်မ်ရားန် ၊ ၁၆၉) ရှဟီးဒ်သည် အဘိဓာန်၌ တည်ရှိခြင်းနှင့် ရှုမှတ်ခြင်း အနက်အဓိပ္ပါယ်ကို ဆိုလိုသည်။ (4) ထို့ကြောင့် ၊ ရှဟီးဒ် ဟုအမည်မှည့်ရခြင်းအကြောင်း နှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေ အချို့ရှိသည်။ ဥပမာ အရှင်မြတ်၏ ကောင်းကင်တမန်များသည် ၎င်းအား မြင်တွေ့နိုင်ပေသည်။ အရှင်မြတ် နှင့် ကောင်းကင်တမန်များသည် ၎င်းအား ဂျန္နင်သုခဘုံသား ဖြစ်ကြောင်း သက်သေထွက်ဆိုပေမည်။ ၎င်းသည် မသေပဲ အရှင်မြတ် ထံတော်၌ ရှင်သန်‌ေန‌ေပသည်။ ၎င်းသည် အများသူဌာ မမြင်ရသည့်အရာများကို မြင်ရ‌ေပမည် ၊ ကြည့်ရှု့ပေမည်။ (5)

၎င်းသည် ကေယာမသ်နေ့၌ အခြားသူများ၏ လုပ်ဆောင်ချက်အပေါ် သက်သေထွက်ဆိုပေမည်။ (6)

အရိုက်အရာ

များစွာသော ရေဝါယသ်များတွင် ရှဟီးဒ်၏ အရိုက်အရာ နှင့်ပတ်သက်ပြီး လာရှိထားသည်။ ဥပမာ ၊ ရှဟာဒသ် သည် အမြင့်မားဆုံးသော ကောင်းမှု (7) နှင့် အမွန်မြတ်ဆုံးသော သေခြင်းတရား (8) ဟူ၍ သတ်မှတ်ထားကြသည်။ ဆုလဘ် အကျိုးစဝါးဘ်များဖြင့် အခြားသေဆုံးမှုအချို့ကို နှိုင်းယှဉ်ထားသည်။ (9) ထို့အတူ မအ်စူမ် ၁၄ ပါးထံမှ လာရှိထားသည့် ဒိုအာများအရ၊ ရှဟာဒသ်သည် (10) တမန်တော်မြတ်၏(ဆွ) အလံအောက်၌ ရှဟာဒသ် ဖြစ်ခြင်း (11) နှင့် အဆိုးရွားဆုံးလူသား၏ လက်ချက်ဖြင့် အသတ်ခံရခြင်း (12) တို့ကို အရှင်မြတ်ထံတော်မှ တောင်းခံထားလေသည်။ ကျမ်းမြတ်ကုက်အာန်၌ ရှဟာဒသ်ဟူသော ဝေါဟာရကို «قَتْل فی سبیل‌الله» အရှင်မြတ်၏ လမ်းစဉ်၌ အသတ်ခံရခြင်း ဟူသော အနက်အဓိပ္ပါယ်ဖြင့် ဖော်ပြထားသည်။ ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့် ရှဟီးဒ်၏ ဆိုလိုရင်းမှာ လူသားများ၏ ကျင့်ဆောင်မှုအပေါ် သက်သေထွက်ဆိုသူ ကိုဆိုလိုပေသည်။ (13) ဓမ္မစာအုပ်များ၌ ၊ ရှဟာဒသ် နှင့် ရှဟီးဒ် အကြောင်းကို သွဟာရသ် အခန်း၌ ဖော်ပြပေးထားသည်။ (14) အေမာမ်စဂျာဒ်(အစ) အရှင်မြတ် ထံတော်၌ ဤအစက်နှစ်စက်ထက် ပိုမိုမြတ်နိုးရသော အစက်ဟူ၍ မရှိပေ။ ၎င်းမှာ ၊ အရှင်မြတ်၏ လမ်းစဉ်၌ ကျခဲ့သော ‌ေသွးတစ်စက် နှင့် အနန္တတန်ခိုးရှင် အရှင်မြတ် အတွက်သာ ညဉ့်နက်သန်းခေါင် အချိန်၌ ကျလာသော မျက်ရည်တစ်စက် တို့ဖြစ်သည်။ မဂ်ျလေစီ ၊ ဗေဟာရုလ်အန်ဝါရ်၊ အတွဲ ၆၄ ၊ စာမျက်နှာ ၃၇၁

ရှဟာဒသ်၏ အကျိုးအာနိသင်များ

အာယသ်တော်များနှင့် ရေဝါယသ်များတွင် ရှဟာဒသ်အတွက် အကျိုးအာနိသင်များ ရှိပြီး အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ အသက်ရှင်ခြင်း ၊ ကုရ်အာန်အာယသ်တော်အရ၊ အရှင်မြတ်၏ လမ်းစဉ်၌ အသတ်ခံရသူသည် ၊ (အရှင်မြတ်အနား၌) ရှင်သန်ကြသည်။ (15) ထို့အပြင် အရှင်မြတ်၏ထံတော်မှ (ဂုဏ်သိက္ခာနှင့်) ရိက္ခာများကို စားသုံးလျက်ရှိကြသည်။ (16) ရှဖှာအသ် ပေးပိုင်ခွင့်ရှိခြင်း။ ရှဟီးဒ်သည် တမန်တော်များ နှင့် ပညာရှင်များနှင့်အတူ ရှင်ပြန်ထမြောက်သောနေ့တွင် ရှဖှာအသ် ပေးသူများထဲမှ တစ်ဦးဖြစ်သည်။ (17) အရှင်မြတ်၏ ကရုဏာတော်ဖြင့် အပြစ်များကို ခွင့်လွှတ်ခြင်း (18) အေမာမ်ဘာကရ်(အစ) ထံမှ ကောက်နုတ်ထားသည့် ရေဝါယသ်အရ၊ ရှဟီးဒ်၏ ပထမဆုံး သွေးတစ်စက် မြေကျသည့်အချိန် ၎င်း၏ အပြစ်များ ဟက္က်ုနာစ် မှလွဲ၍ အခြားကျန်ရှိသော အပြစ်များအားလုံး ခွင့်လွှတ်ပေးခြင်း ခံရပေမည်။ (19) ဟက္က်ုနာစ် လူ့သားတို့၏ ရပိုင်ခွင့် နှင့်ပတ်သက်ပြီး ရှဟီးဒ်များ၏ တာဝတ်ကိုလည်း ဖော်ပြထားသည်မှာ အကယ်၍ ရှဟီးဒ်သည် ထိုဟက္က်ုနာစ် လူ့သားတို့၏ ရပိုင်ခွင့်ကို ပေးဆောင်ရန် မတွန့်ဆုတ်ခဲ့ပါက၊ အရှင်မြတ်သည် ထိုအခွင့်အရေးကို ပြန်ဆပ်ပြီး ပိုင်ရှင်အား ကျေနပ်အောင် ပြုလုပ်ပေးမည် ဖြစ်သည်။ (20) ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ခြင်း (21) ရှဟီးဒ်သည် ဂျန္နသ် သုခဘုံသို့ ဝင်ရောက်မည့် ပထမဦးဆုံးသူ ဖြစ်သည်။ (22)

စစ်မြေပြင်၌ ရှဟီးဒ် ဖြစ်သွားသူ၏ ဥပဒေသများ

ဥပဒေသပညာရှင်များသည် စစ်မြေပြင်၌ ရှဟီးဒ် ဖြစ်သွားသူ၏ ဥပဒေသများကို ဖော်ပြထားသည်။ မိုင်ယဒ် ဂိုစူလ်၊ ရှီအဟ် ဥပဒေသပညာရှင်များ၏ အမြင်အရ၊ စစ်မြေပြင်၌ ရှဟီးဒ် ဖြစ်သွားသူသည် မိုင်ယဒ် ဂိုစူလ် မရှိပေ။ (23) သို့သော် စစ်မြေပြင်၌ ဒဏ်ရာရပြီး ၊ စစ်မြေပြင် အပြင် သို့မဟုတ် စစ်ပွဲပြီးနောက် ၊ ရှဟာဒသ် ဖြစ်သွားပါက၊ ၎င်းအား မိုင်ယဒ် ဂိုစူလ် ပြုလုပ်ပေးရမည်။ (24) ကဖန် ၊ ဥပဒေသပညာရှင်များ၏ အမြင်အရ၊ စစ်မြေပြင်၌ ရှဟီးဒ် ဖြစ်သွားသူသည် ကဖန်မရှိပေ။ (25) ထိုစစ်တိုက်စဥ် ဝတ်ထာသည့် ဝတ်စုံဖြင့် မြေမြုပ်ပေးရမည်။ (26) အကယ်၍ အဝတ်အစား မဝတ်ဆင်ထားပါက ၊ ၎င်းအား ကဖန် ပြုပေးရမည်။ (27) ရှဟီးဒ်၏ ခန္ဓာကိုယ်အား ကိုင်တွယ်ခြင်း၊ ရှဟီးဒ်၏ ခန္ဓာကိုယ်အား ထိမိခြင်းဖြင့် ဂိုစ်လေ မက်စေ မိုင်ယဒ် မထိုက်ပေ။ (28) ပရုတ် ၊ မိုင်ယဒ်၏ စဂ်ျဒါပြုလုပ်သည့် ခုနှစ်နေရာသို့ ပရုပ်ကို ပွတ်သပ်ပေးခြင်းသည် ရှဟီးဒ်အတွက် ဝါဂျီဘ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်၊ ပရုတ် ပွတ်လိမ်းပေးခြင်းသည် ကဖန် ပြုပေးပြီးနောက် ဖြစ်ပြီး ရှဟီးဒ် အတွက် ကဖန် မလိုအပ်‌သောကြောင့်ဖြစ်သည်။ (29) ဤဥပဒေသများတွင် အမ်စူမ် အပြစ်ကင်းစင်သူ သို့မဟုတ် ၎င်း၏ အထူးလက်ထောက် တို့၏ ခွင့်ပြုချက်ဖြင့် စစ်ပွဲတွင် ပါဝင်ခဲ့ကြသူများအဖို့ အကျုံးဝင်သည်။ (30) ထို့အပြင် ဥပဒေပညာရှင်အများစု၏ ဖသ်ဝါ အရ သိရသည်မှာ ၊ ဤဥပဒေသများသည် အေမာန်ဇမာန် ကွယ်ပျောက်နေသည့် ကာလ၌ ၎င်းကိုယ်စားလှယ် (ဖကီးဟေ ဂျာမေအုလ် ရှရာယေအ်) ၏ ခွင့်ပြုချက်ဖြင့် သို့မဟုတ် ၎င်း၏ ခွင့်ပြုချက်မပါပဲ ၊ အစ္စလာမ့် ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရာ၌ အသတ်ခံရသူများလည်း အကျုံးဝင်ပေသည်။ (31) ျယင်းအဆို၏ ဆန့်ကျင်ဘက်၊ ရှဟီးဒ်စာနီ ဆိုသူသည် ၊ မိမိ၏ပိုင်ဆိုင်မှု နှင့် မိသားစုကို ကာကွယ်ပြီး အသတ်ခံခဲ့ရသည့်သူများကို မည်မျှပင် ရှဟီးဒ်၏ မြင့်မြတ်သော အဆင့်အတန်း၌ ထားရှိနေပါစေ၊ စစ်မြေပြင်၌ ရှဟီးဒ်ဖြစ်သူ၏ ဥပဒေသများကို ၎င်းအတွက် မသတ်ရောက်ပေဟူ၍ ယူဆထားသည်။ (32)

ရှီအဟ် အေမာမ်များ၏ ရှဟာဒသ်

ရှီအဟ်ပညာရှင် အများအပြား၏ အဆိုအရ ရှီအဟ် အေမာမ်များ အားလုံးသည် ရှဟီးဒ်ဖြင့် သေဆုံးခဲ့ကြသည်။ (33) ထိုသို့ဆိုရခြင်းမှာ ၊ အချို့ရေဝါယသ်များကြောင့် ဖြသ်သည်။ ဥပမာ အေမာမ်ဆွာဒီက်(အစ) မိန့်ဆိုထားသည်မှာ ၊ «وَ اللهِ مَا مِنَّا إِلَّا مَقْتُولٌ شَهِید» ထို့အတွက်ကြောင့်၊ အေမာမ်များ အားလုံးသည် ရှဟီးဒ်ဖြင့် သေဆုံးခဲ့ကြသည်။ (34) ဤအမြင်၏ ဆန့်ကျင်ဘက်၊ ရှီးခ်မိုဖီးဒ်သည် “ သဆ်ွဟီးဟု အိအ်သီကာဒါသုလ် အီမာမီယဟ်” စာအုပ်၌ အေမာမ်အလီ(အစ) ၊ အေမာမ်ဟစန်(အစ) ၊ အေမာမ်ဟိုစိုင်းန်(အစ) ၊ အေမာမ်မူစာကာဇွင်မ်(အစ) နှင့် အေမာမ်ရေဇွာ(အစ) တို့၏ ရှဟာဒသ် ဖြစ်ခြင်းကို လက်ခံထားပြီး အခြားကျန်ရှိသော အေမာမ်များ၏ ရှဟာဒသ် နှင့်ပတ်သက်ပြီး ဒွဟသံသယ ရှိပေသည်။ (35)

]