သက္ကီယဟ်

wikishia မှ

        သက္ကီယဟ် ဆိုသည်မှာ ဘာသာ သာသနာအရေး သို့မဟုတ် လောကီအန္တရာယ်ကို ရှောင်ရှားဖို့ရန်အတွက် အတိုက်အခံများ နှင့် ဆန့်ကျင်သူများ၏ ရှေ့မှောက်၌ ယုံကြည်ချက်ကို ဖုံးကွယ်ထားခြင်း၊ သို့မဟုတ် နှလုံးသား၏ ယုံကြည်ချက်နှင့် ဆန့်ကျင်ဘက် အရာတစ်ခုခုကို ပြုလုပ်ရန်ဖြစ်သည်။ ရှီအာများသည် သက္ကီယဟ်ကို ကျင့်ဆောင်ရာတွင် အခြားသော အစ္စလာမ့် ဂိုဏ်းများထက် ပို၍ကျော်ကြားပေသည်။ ဤသို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ သမိုင်းတစ်လျှောက် အတိုက်အခံများ နှင့် ဆန့်ကျင်သူများဘက်မှ ၎င်းတို့အပေါ် အမြဲတစေ လွှမ်းမိုးခဲ့သော နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး စသည့် အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်သည်ဟု ယူဆထားကြသည်။

        သက္ကီယဟ် အမျိုးမျိုးရှိပေသည်။ ရှီအာ ဖကီးဟ် ပညာရှင်များသည် ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော်များ နှင့် အေမာမ်(အစ) တို့၏ ရေဝါယသ်များ အရ၊ သက္ကီယဟ်အတွက် သက္က်လီဖီး သက္ကီယဟ် နှင့် ဝဇ်အီ သက္ကီယဟ်ဟူ၍ ဖော်ပြထားသည်။ ၎င်းတို့၏ ရှုထောင့်၌ ၊ အတိုက်အခံ လုပ်သူများ ရှေ့မှောက်၌ အခြားသူတစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်များ၏ အသက်၊ ပိုင်ဆိုင်မှု နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဆိုပါက ၊ ထိုအန္တရာယ်များမှ လွတ်ကင်း နိုင်လောက်သည့်အထိ ၊ သက္ကီယဟ်ဖြင့် နေထိုင်ရမည့်မှာ ဝါဂျီဘ် ဖြစ်ပေသည်။ သက္ကီယဟ်သည် အချို့သော အကြောင်းအရာများ ကဲ့သို့ပင် အခြေအနေ နှင့် အချိန်အခါ အပေါ် မူတည်ပြီး မွတ်စ်သဟဘ်မကရူဟ်မိုဗာဟ် နှင့် ဟရာမ် ဟူ၍ ရှိပေသည်။

        ပြောထားသည်မှာ ၊ အဲဟ်လေစွန္နသ်တို့၏ များစွာသော ဥပဒေသပညာရှင်များသည်လည်း အသက်ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း အပြင် ငွေကြေးဆုံးရှုံးမှုကိုလည်း ကြောက်ရွံ့ပါက ထိုသို့ အန္တရာယ်ပြုနိုင်သည့် အခြေအနေမှ လွတ်ကင်းသည့် အချိန်အထိ သက္ကီယဟ် ဖြင့် နေထိုင်ပိုင်ခွင့် ရှိသည်ဟူ၍ သတ်မှတ်ထားသည်။ အစ္စလာမ့် ဂိုဏ်းများ (ဘာသာတရားများ) အကြား ၊ ဇိုင်ဒီယဟ်များ နှင့် ဝဟာဘီများသည် သက္ကီယဟ် အား လက်မခံကြပေ။

ဝေါဟာရအနက်အဓိပ္ပါယ်

        သက္ကီယဟ် ဆိုသည်မှာ ၊ ဘာသာ သာသနာအရေး သို့မဟုတ် လောကီအန္တရာယ်ကို ရှောင်ရှားဖို့ရန်အတွက် အတိုက်အခံများ၏ ရှေ့မှောက်၌ အမှန်တရားအား ဖုံးကွယ်ထားခြင်း၊ ယုံကြည်ချက်အား ဖုံးကွယ်ထားခြင်း က်ုခေါ်ဆိုသည်။ (1) တစ်နည်းဆိုရသော် မိမိကိုယ်တိုင် သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာမှု သို့မဟုတ် အခြားသူတစ်ဦးထံမှ ရောက်ရှိလာမည့် ထိခိုက်နစ်နာမှုမှ ကာကွယ်ခြင်းဖြင့် ၎င်းနှင့် လိုက်လျောညီထွေအောင် ပြုမူ ပြောဆိုဆက်ဆံခြင်း ဖြစ်သည်။ (2)

        သက္ကီယဟ် ဟူသည် အဘိဓာန်၌ «وَقی» ဟူသော ဝေါဟာရမှ ဖြစ်ပြီး ၊ နှိပ်စက်ညှဉ်းပန်းမှုမှ ကင်းဝေးစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဖုံးထားခြင်း ၊ လျှို့ဝှက်ထားခြင်း ဟူ၍ ဖြစ်သည်။ (3)

အရိုက်အရာ

        သက္ကီယဟ် သည် ဖိက္ကဟ်ရေးဆိုင်ရာ အသိပညာတွင် လေ့လာခဲ့သော အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ သန့်ရှင်းစင်ကြယ်ခြင်းနမာဇ်ရိုဇာ ဥပုသ်ဟာ့ဂ်ျ နှင့် ကောင်းရာကိုညွှန် မကောင်းရာကို တားမြစ်ခြင်း အကြောင်းအရာများ၌ သင့်လျော်စွာ ဖော်ပြထားသည်။ (4) သက္က္ယဂ်အား ဖိက္က်ဟ်ရေးရာ စည်းမျဉ်းများဆိုင်ရာ စာအုပ်များတွင် စည်းမျဉ်းတစ်ခုအဖြစ် ဖော်ပြထားပါသည်။ အချို့သော ဖက္ကီးဟ် ပညာရှင်များသည် သက္ကီယဟ် နှင့်ပတ်သက်ပြီး စာအုပ်များ ရေးသားထားသည်။ (5)

        သက္ကီယဟ် ဟူသော စကားလုံးသည် ကုရ်အာန်ထဲ၌ မလာရှိထားပေ။ မွတ်စ်လင်မ် အိုလမာ ပညာရှင်များ ယုံကြည်ထားသည်မှာ အချို့သော အာယသ်တော်များ (6) သည် ၎င်း၏ အကြောင်းအရာကို ရည်ညွှန်းပြီး သက္ကီယဟ် ၏ တရားဝင်မှုကို သက်သေပြုဖို့ရန် အတွက် ထိုအာယသ်တော်များကို ကိုးကားထောက်ထား ကြလေသည်။ (7) ရှီအာ ရေဝါယသ် ကျမ်းကိုးများ၌၊ သက္ကီယဟ် နှင့် ပတ်သက်ပြီး အေမာမ်(အ.စ) များထံမှ ရေဝါယသ်များစွာကို ကောက်နုတ်ဖော်ပြထားသည်။ (8) ကိုလိုင်နီမိုဟဒ္ဒီစေ ရှီအဟ် (ဟီဂျရီ ၃၂၉ ကွယ်လွန်) သည် အလ်ကာဖီ စာအုပ်၌ ၊ အခန်းတစ်ခုကို “ဘာဘုလ်သက္ကီယဟ်” ဟူသော ခေါင်းစဉ်ဖြင့် သီးသန့် သက္ကီယဟ် နှင့်ပတ်သက်သည့် ရေဝါယသ်‌ ၂၃ ခုကို ဖော်ပြထားသည်။ (9) ဟုရ်အာမေလီ သည်လည်း ဝစာအီလုလ်ရှီအဟ် ၌ အခန်း ၁၂ ခန်းတွင်၊ သက္ကီယဟ်၏ အဲဟ်ကာမ် အမျိုးမျိုး နှင့်သက်ဆိုင်သည့် ရေဝါယသ်ပေါင်း ၁၄၆ ခုကို စုစည်းတင်ပြထားသည်။ (10) ထို့အပြင် အဲဟ်လေစွန္နသ် တို့၏ အချို့ ကျမ်းကိုးများ၌လည်း ၊ သက္ကီယဟ် နှင့် ပတ်သက်သည့် အကြောင်ူအရာများကို ပြန့်ကျဲနေသောပုံစံဖြင့် ပြောပြထားသည်။ (11)

ရှီအာ မဇ်ဟဘ်၌ သက္ကီယဟ်

        သက္ကီယဟ်သည် ရှီအာတို့၏ သီအိုလောဂျီ နှင့် ဖိက္ကဟ် ဓမ္မသတ် ဆိုင်ရာ ယုံကြည်ချက်ဖြစ်ပြီး ရှီအာများသည် ၎င်းတို့၏ မဇ်ဟဘ် နှင့် ယုံကြည်ချက်များကို သမိုင်းတစ်လျှောက် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် အရေးကြီးဆုံးအချက်များထဲမှ တစ်ခုဖြစ်သည်။ (12) သမိုင်းကျမ်းကိုးများအရ ရှီအာများသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် လူမှုရေး၊ ယဉ်ကျေးမှု နှင့် နိုင်ငံရေး ကဏ္ဍအသီးသီးတွင် တင်းကျပ်သော နေရာတစ်ခု၌ ရှိနေခဲ့သည်။ ထို့ကြောင့် သမိုင်းတစ်လျှောက်တွင် ဆန့်ကျင်တိုက်ခိုက်သူများ အကြား ၎င်းတို့၏ ယုံကြည်ချက်များကို ထုပ်ဖော်ပြသခြင်းသည် ၎င်းတို့အတွက် အသက် ၊ ငွေကြေး နှင့် ဆုံးရှုံးမှုများစွာကို ဖြစ်စေခဲ့သည်။ ထို့ကြောင့်၊ ရှီအာတို့၏ အေမာမ်(အစ) များသည် ၎င်းတို့၏ အသက်နှင့် ရှီအာများကို ကယ်တင်ရန် နှင့် ရှီအာအသိုင်းအဝိုင်း ပျက်စီးခြင်းမှ ကာကွယ်ဖို့ရန်အတွက် သက္ကီယဟ်ကို လိုအပ်သည်ဟု ယူဆထားကြသည်။ (13)

        ရှီအာများ၏ အချို့ ရေဝါယသ် ကျမ်းကိုးများ၌၊ لا دینَ لِمَن لا تَقِیَّةَ لَه “၎င်းတို့အတွက် ဘာသာတရားမရှိ၊ သက္ကီယဟ် မရှိသူသည် ဘာသာမရှိ” ကဲ့သို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များ လာရှိထားသည်။ (14) ၎င်းသည် အေမာမ်(အစ) များ နှင့် ၎င်းတို့၏ နောက်လိုက်များ အကြား သက္ကီယဟ်၏ အရေးပါမှုကို ဖော်ပြထားသည်။ (15)

        ရှီအာတို့၏ မရ်ဂျအ် သက္က်လီးဒ် ဖြစ်သူ အာယသုလ္လာဟ် မကာရင်မေရှီရာဇီ၏ အဆိုအရ၊ သက္ကီယဟ်သည် သီးသန့် ရှီအာ မဇ်ဟဘ် ၌သာလျှင် ရှိသည်မဟုတ်ပေ။ (16) ၎င်းယုံကြည်ထားသည်မှာ ၊ မည်သူမဆို တစ်ဦးတစ်ယောက် ဖြစ်စေ လူနည်းစု ဖြစ်စေ၊ သမိုင်းတစ်လျောက်၌ ဖြစ်စေ မည်သည့်နေရာတွင်မဆို ဆန့်ကျင်တိုက်ခိုက်သူများ နှင့် ရန်သူများဖြင့် ရင်ဆိုင်နေရပါက ၊ အကယ်၍ မိမိ၏ ယုံကြည်ချက်ကို ဖော်ထုပ်မည်ဆိုပါက မိမိ သို့မဟုတ် မိမိ၏ အနီးတစ်ဝိုက်၌ ရှိနေသူများ၏ အသက် နှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးနိုင်ပြီး အန္တရာယ် ရှိသည့် အခြေအနေသို့ ဆိုက်ရောက်လာနိုင်ပါက ၊ အကယ်၍ ထိုသို့ မိမိ၏ ယုံကြည်ချက်ကို ဖော်ထုပ်လိုက်ခြင်းသည် အငက်နှင့် ပစ္စည်းဥစ္စာများကို ထိန်းသိမ်းခြင်းလောက် အရေးပါမှု မရှိပါက ၊ လူ့ပင်ကိုယ် သဘောသဘာဝအလျောက် သက္ကီယဟ် ဖြင့်နေထိုင်ပြီး မိမိ၏ ယုံကြည်ချက်ကို ဖုံးကွယ်ထားမည် ဖြစ်သည်။ (17)

        ရှီအာတို့၏ ‌အေမာမ်(အစ) များထံမှ ကောက်နုတ်ဖော်ပြထားသည့် အချို့ရေဝါယသ်များ အရ၊ သက္ကီယဟ်အား ကျင့်ဆောင်ခြင်းသည် တမန်တော်မြတ်ကြီး(ဆွ) မတိုင်မီ အချို့သော တမန်တော်များ ဥပမာ တမန်တော် ရှီးသ် (18) ၊ တမန်တော်အိဗ်ရာဟီးမ်(အ.စ) (19) တမန်တော် ယူစွဖ် (20) နှင့် ထို့အတူ အဆ်ွဟာဘ် ကဟ်ဖ် လည်း (21)ပါ ရှိခဲ့ပေသည်။

        ဟီဂျရီ ရှစ်ရာစု၊ ရှီအာတို့၏ ဖက္ကီးဟ်ပညာရှင် ဖြစ်သူ ရှဟီးဒ် အောင်ဝလ် သည်၊ အေမာမ်(အစ) များထံမှ ကောက်နုတ်ထားသည့် ဟဒီးစ်တော်များကို သက္ကီယဟ်ဖြင့် ဖော်ပြထားပြီး သက္ကီယဟ်ကို ဟဒီးစ်များ ကွာခြားချက်အတွက် အရေးကြီးဆုံး အချက်များထဲမှ တစ်ခုဖြစ်သည် ဟူ၍ လက်ခံထားသည်။ (22) ထို့ကြာင့်၊ ရေဝါယသ်များတွင် သက္ကီယဟ်ကို နားလည်သဘောပေါက်ခြင်းသည် ၊ ပိုမိုတိကျသော စည်းမျဉ်းများ နှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ကောက်နုတ်ချက် ချမှတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု ဆိုထားသည်။ (23)

သက္ကီယဟ်၏ အမျိုးအစားများ

သက္ကီယဟ် ကို စေ့ဆော်မှု နှင့် ရည်ရွယ်ချက်အရ၊ အမျိုးအစား နှစ်မျိုးခွဲထားသည်။ (24)

  • ကြောက်ရွံ့ထိန့်လန့်မှုကြောင့် သက္ကီယဟ် ပြုလုပ်ခြင်း၊ ဆန့်ကျင်တိုက်ခိုက်သူများ ရှေ့မှောက်၌ သက္ကီယဟ် ပြုလုပ်ခြင်း၊ အသက်၊ ငွေကြေး သို့မဟုတ် နာမည်ဂုဏ်သတင်း ဆုံးရှုံးမည်ကို စိုးရိမ်သော အခါတွင် သက္ကီယဟ် ပြုလုပ်ခြင်း ဖြစ်သည်။ (25) ကြောက်ရွံ့ထိန့်လန့်၍ သက္ကီယဟ် ပြုလုပ်ခြင်း သည်လည်း အကျပ်ကိုင်မှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် နှင့် မလွဲသာမှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် ဟူ၍ နှစ်မျိုးရှိပေသည်။ အကျပ်ကိုင်မှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် ဆိုသည်မှာ တစ်ဦးတစ်ယောက်အား ၎င်းယုံကြည်ချက်နှင့် ဆန့်ကျင်ဘက် အရာတစ်ခု ဥပမာ ကုဖ်ရ် ၊ ကို နုတ်လျှာမှ ပြောဆိုရန် ခြိမ်းခြောက်ကာ အကျပ်ကိုင်ခံရခြင်း ဖြစ်သည်။ (26) မလွဲသာမှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် ဆိုသည်မှာ ၊ တစ်ဦးတစ်‌ေယာက်သည် မိမိ၏အသက်ကို ကယ်တင်ရန်အတွက် သို့မဟုတ် ၎င်း၏ ပတ်ဝန်းကျင်ရှိ လူများကို ကယ်တင်ဖို့ရန်အတွက် ၎င်း၏ ယုံကြည်ချက်ကို ဖုံးကွယ်ထားရန် တွန်းအားပေးခံရခြင်း ဖြစ်သည်။ (27) ကုရိုင်းရှ် မုရှ်ရီက်များ ရှေ့မှောက်၌ ပြုလုပ်ရသည့် မိမိ၏ အသက်ကို ကယ်တင်ဖို့ရန် အတွက် ပြုလုပ်ရသည့် အမာရ် ယာစီရ်၏ သက္ကီယဟ်ကို အကျပ်ကိုင်မှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် အမျိုးအစား မှဖြစ်ပြီး (28) ဖီရ်အာန်နောက်လိုက်သားများ၏ ရှေ့မှောက်၌ ပြုလုပ်ရသည့် မိုအ်မင်နေ အာလေ ဖီရ်အာန်၏ သက္ကီယဟ် နှင့် မိမိတို့၏ အသက်ကို ကာကွယ်ဖို့ရန် အတွက် မိမိတို့၏ ယုံကြည်ချက်ကို ဖုံးကွယ်ထားရသည့် အဆ်ွဟာဘေ ကဟ်ဖ်တို့၏ သက္ကီယဟ်ကို ၊ မလွဲသာမှုကြောင့် ပြုလုပ်ရသည့် သက္ကီယဟ် အမျိုးအစား အနက်မှ ဖြသ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ (29)
  • သနားကြင်နာမှုကြောင့် သက္ကီယဟ် ပြုလုပ်ခြင်း ၊ ဤသက္ကီယဟ် အမျိုးအစားအား မေတ္တာတရား သက္ကီယဟ် ဟုလည်း ခေါ်ဆိုသည်။ (30) "စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုကို ဆွဲဆောင်ခြင်း၊ မုန်းတီးခြင်း နှင့် ရန်ငြိုးဖွဲ့ခြင်းတို့ကို တွန်းလှန်ခြင်း စသည့် အကျိုးရလဒ်များအတွက် ယုံကြည်ချက်များကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ယုံကြည်ချက်များကို ဖော်ပြခြင်းထက် ပိုအရေးကြီးသော အရာများကို ဆိုလိုသည်။" (31) အချို့သာ ရှီအာ ဖိက္ကဟ် ပညာရှင်များသည်၊ အေမာမ်(အစ) များထံမှ လာရှိထားသည့် ရေဝါယသ်များကို ကိုးကားထောက်ထားခြင်းအားဖြင့် (32) အဲဟ်လေစွန္နသ် တို့၏ အခမ်းအနားများ၌ ပါဝင်ဆင်နွဲခြင်း (အသက်ကို ကာကွယ်ဖို့ရန် မဟုတ်ဘဲ) ဥပမာ ၎င်းတို့၏ ဂျမာအသ် နမာဇ်များ၌ ပါဝင်ခြင်း (အထူးသဖြင့် ဟဂ်ျ့ ကာလတွင်) ၊ ၎င်းတို့၏ လူနာများကို သွားရောက် သတင်းအမးမြန်းခြင်း ၊ ၎င်းတို့၏ ဈာပန နှင့် လူမှုရေးကိစ္စများ၌ ပါဝင်တက်ရောက်ခြင်း စသည်တို့သည် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းခြင်း၊ မွတ်စ်လင်မ်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း၊ မရေရာသော သံသယများကို ဖယ်ရှားခြင်း စသည်တို့သည် သနားကြင်နာမှု သို့မဟုတ် မေတ္တာတရားကြောင့် သက္ကီယဟ် ပြုလုပ်ခြင်း ၏ ဥပမာများ ဖြစ်ပေသည်။ (33)

        သက္ကီယဟ် အတွက် ၊ အခြားသော အပိုင်း(ခွဲခြားထားမှု) များကိုလည်း ဖော်ပြထားသည်။ (34) အေမာမ်ခိုမေနီ သည် “သက္ကီယဟ် ပြုလုပ်သူ” ၊ “သက္ကီယဟ် ပြုလုပ်ခြင်း ခံရသူ” နှင့် “သက္ကီယဟ်၏ အကြောင်းအရာ” ဟူ၍ အပိုင်းများကို ဖော်ပြထားသည်။ (35)

        အချို့သူများသာ်လည်း ၊ အခြေအနေ နှင့် သက္က္ယဟ် ပြုလုပ်သူ၏ ပညတ်ချက် အပေါ် မူတည်ပြီး သက္ကီယဟ်ကို အပိုင်းသုံးပိုင်း ခွဲခြားထားသည်။ ၎င်းတို့မှာ နိုင်ငံရေးဗျူဟာ ဆိုင်ရာ သက္ကီယဟ် (အုပ်စိုးနေသော နိုင်ငံရေးအာဏာများ၏ ရှေ့မှောက်၌ သက္ကီယဟ် ပြုလုပ်ခြင်း) ၊ ဖိက္ကဟ် ဓမ္မသတ် ပိုင်းဆိုင်ရာ သက္ကီယဟ် (အဲဟ်ကာမ် ဥပဒေသများ ပြောရာ၌ သက္ကီယဟ် ပြုလုပ်ခြင်း) နှင့် လူမူရေး ပိုင်းဆိုင်ရာ သက္ကီယဟ် (ရပ်ရွာရှိလူများကို ဆန့်ကျင်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရာ၌ သက္ကီယဟ် ပြုလုပ်ခြင်း) တို့ဖြစ်သည်။ (36)

ဥပဒေသများ

ကုရ်အာန်နှင့် စွန္နသ် ကဲ့သို့သော အထောက်အထားများကို ကိုးကား၍ ရှီအာ ဥပဒေသ ပညာရှင်များသည် သက္ကီယဟ် အတွက် စည်းမျဉ်းများကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

သက္က်လီဖီး ဥပဒေသ

သက္ကီယဟ်ကို ၎င်း၏ သက္က်လီဖီး ဥပဒေသ အရ အမျိုးအစား ငါးမျိုး ခွဲခြားထားသည်။ (37)

  • ဝါဂျီဘ် သက္ကီယဟ် ၊ ရှီအာ ဥပဒေသ ပညာရှင်များ၏ အဆိုအရ၊ လူတစ်ဦး သို့မဟုတ် အခြားပုဂ္ဂိုလ်များ၏ အသက်၊ ပိုင်ဆိုင်မှု နှင့် ဂုဏ်သိက္ခာများကို ထိခိုက်စေပြီး ထိုသူသည် ဤထိခိုက် နစ်နာ ဆုံးရှုံးမှု ဖြစ်လာမည်ကို သိရှိမည် သို့မဟုတ် သံသယ ရှိမည်ဆိုပါက သက္ကီယဟ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (38) ဝါဂျီဘ် သက္ကီယဟ် အား တိုင်းတာသည့် စံနှုန်းမှာ ၊ထိုအရာသည် သက္ကီယဟ် ပြုလုပ်ခြင်းဖြင့် ထိန်းသိမ်းထားပြီးသော အရာ ဖြစ်သွားကာ ၊ ၎င်းကို ဆက်လက် ထိန်းသိမ်းရန်မှာ ဝါဂျီဘ် ဖြစ်ပြီး ဖျက်စီးလိုက်ခြင်းမှာ ဟရာမ် ဖြစ်သည်။ (39)
  • မွတ်စ်သဟဘ် သက္ကီယဟ် ၊ သက္ကီယဟ် ကို ရှောင်ရှားလိုက်ခြင်းဖြင့် ၎င်းအတွက် ချက်ချင်း ထိခိုက်မှု မဖြစ်စေဘဲ၊ သို့မဟုတ် အန္တရာယ်များ အလျင်အမြန် မဝင်ရောက်လာသော်များလည်း နောင်တစ်ချိန် အနာဂတ်တွင် တစ်ဖြည်းဖြည်းချင်း ထိခိုက်လာမည် သို့မဟုတ် အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်ထိတ်လန့်မှုများ ရှိနေပါက ထိုသို့အခြေအနေ၌ သက္ကီယဟ် ပြုလုပ်ခြင်းသည် မွတ်စ်သဟဘ် ဖြစ်သည်။ (40) ရှီအာ ဥပဒေပညာရှင် အချို့၏ အဆိုအရ ၊ သနားကြင်နာမှုကြောင့် သက္ကီယဟ် ပြုလုပ်ခြင်း သည် မွတ်စ်သဟဘ် သက္ကီယဟ်၏ အမျိုးအစားတစ်ခု ဖြစ်သည်။ (41) ရှီးခ်အန်ဆွာရီ (ဟီဂျရီ၁၂၈၁ ကွယ်လွန်) မွတ်စ်သဟဘ် သက္ကီယဟ်ကို ရေဝါယသ်များ၌ တိုက်ရိုက် တိုက်တွန်ူနှိုးဆော်ထားသည့် အရာ၌ ပါဝင်ပေသည်ဟု သိရှိထားသည်။ ဥပမာ အဲဟ်လေစွန္နသ် တို့နှင့် တွဲဖက်လုက်ကိုင်ခြင်း ၊ ၎င်းတို့၏ မကျမ်းမာသူများထံ သွားရောက်၍ သတင်းမေးခြင်း ၊ ၎င်းတို့၏ ဗလီများ၌ နမာဇ်ဖတ်ခြင်း နှင့် ၎င်းတို့၏ ဈာပနာများ၌ ပါဝင်ခြင်း စသည်တို့ ဖြစ်သည်။ ရှီးခ်အန်ဆွာရီ၏ ဖသ်ဝါအရ၊ ရေဝါယသ်၌ မလာရှိထားသည့် အခြားသော အကြောင်းအရာများ ဥပမာ ၎င်းတို့နှင့် မိတ်ဆွေဖွဲ့ရန်နှင့် ရှီအာ အကြီးအကဲများကို ရှုတ်ချခြင်း နှင့် ထိုကဲ့သို့သော အပြုအမူများအား လုပ်ပိုင်ခွင့် မရှိပေ။ (42)
  • မကရူဟ် သက္ကီယဟ် ဆိုသည်မှာ ၊ သက္ကီယဟ် မလုပ်ခြင်း နှင့် အန္တရာယ်ကို သည်းခံခြင်းသည် သက္ကီယဟ် လုပ်ခြင်းထက် ပို၍ကောင်းပေသည်။ (43) ရှဟီးဒ် ‌‌အောင်ဝလ်၏ အဆိုအရ၊ မကရူဟ် သက္ကီယဟ် ဆိုသည်မှာ ၊ ချက်ချင်းထိခိုက်မှု မရှိသည့်အပြင် အနာဂတ်တွင် ထိခိုက်မှု မဖြစ်နိုင်သော မွတ်သဟဘ် အလုပ်တစ်ခု ဖြစ်သည်။ (44)
  • မိုဗာဟ် သက္ကီယဟ် ဆိုသည်မှာ ၊ သက္ကီယဟ် လုပ်ခြင်း နှင့် မလုပ်ခြင်းသည် ကွဲပြားမှု မရှိပေ။ (45) ရှီးခ်အန်ဆွာရီ၏ အဆိုအရ၊ ထိာသက္ကီယဟ်ဖြင့် ထိခိုက်မှု ပပျောက်ပြီး ၊ ထိုထိခိုက်မှု ရှိခြင်း ၊ မရှိခြင်းသည် အရှင်မြတ်ထံတော်ပါး၌ တန်းတူပင် ဖြစ်ပြီး မည်သည့် ကွာခြားချက်မှ မရှိပေ။ (46)
  • ဟရာမ် သက္ကီယဟ် ၊ သက္ကီယဟ် မလုပ်ခြင်းဖြင့် မည်သည့်အန္တရာယ်မှ မရှိပေ။ (လက်ရှိ၌ ချက်ချင်း ထိခိုက်မှု မရှိသလို အနာဂတ်တွင်လည်း မည်သည့် ထိခိုက်မှုမှ မရှိပေ။) (47) ဟရာမ် သက္ကီယဟ်၏ အချို့သာ ဆိုလိုရင်းမှာ၊ ရှီအဟ် ဥပဒေပညာရှင်များ၏ အမြင်အရ၊ အောက်ပါတို့ ဖြစ်သည် (48) :
  1. သက္ကီယဟ် ပြုလုပ်ခြင်းဖြင့် သာသနာတွင် ပြဿနာများ အကျင့်ပျက်ခြစားမှုများ ဖ်စ်ပေါ်စေပြီး နှင့် ဗဒ်အသ် အယူမှားမှုများ ဝင်ရောက်လာခြင်း ဖြစ်သည်။ (49)
  2. ကျော်ကြားသော ရှီအာ ဥပဒေပညာရှင်များ၏ ပြောကြားချက်အရ သိရသည်မှာ (50) သက္ကီယဟ် ပြုလုပ်ခြင်းဖြင့် သူတပါး၏ အသက်သွေး မြေကြစေသည် ဥပမာ တစ်စုံတစ်ဦးသည် မိုအ်မင်န် သင်ဝင်ယုံကြည်သူ တစ်ဦးကို သတ်ခိုင်းခြင်း သို့မဟုတ်ပါက သူ့ကိုယ်သူ သတ်သေခိုင်းသည့် အချိန် ဖြစ်သည်။ ဤကိစ္စတွင်၊ ၊ ထိုမိုအ်မင်န် အား သက္ကီယဟ်၏ အကြောင်းပြချက်ဖြင့် သတ်လိုက်ပြီး မိမိ၏ အသက်ကို ကယ်တင်ပိုင်ခွင့် မရှိပေ။ (51)

သက္ကီယဟ်၏ ဝဇ်အီး ဥပဒေသ

        သက္ကီယဟ် ၏ ဝဇ်အီး ဥပဒေသ နှင့်ပတ်သက်၍ ဥပဒေပညာရှင်များမှ စစ်ဆေးခဲ့သော ကိစ္စရပ်များ အနက်မှ တစ်ခုမှာ ၊ အကယ်၌ အေဘာဒသ်တစ်ခုကို သက္ကီယဟ်ဖြင့် လုပ်ဆောင်ခဲ့ပါက ၊ သက္ကီယဟ် အချိန်ကာလ ပြီးသွားပြီးနောက် ၊ ထိုလုပ်ဆောင်ပြီးခဲ့သော အေဘာဒသ်ကို နောက်တစ်ကြိမ် ထပ်မံ၍ ပြုလုပ်ရမည် ဖြစ်ပါသလား? (52) ဥပမာပေးရသော် ၊ လက်ပိုက်၍ နမာဇ်ဖတ်ခြင်း (53) ထိုသို့ဖတ်ခြင်းသည် အဲဟ်လေစွန္နသ် တို့၌ မွတ်စ်သဟဘ် ဖြစ်ပြီး ရှီအာတို့၌ ခွင့်မပြုထားပေ။ (54) အကယ်၍ ၊ တစ်ဦးတစ်ယောက်သည် ၊ သက္ကီယဟ် လုပ်ခြင်းဖြင့် ၊ နမာဇ်ကို လက်ပိုက်၍ ဖတ်ခဲ့မည် ဆိုပါက ၊ သက္ကီယဟ် အခြေအနေမှ ကင်းလွတ်ပြီးနောက် ထိုဖတ်ခဲ့သည့် နမာဇ်အား အစားပြန်ဖတ်ရမည်လော? (55)

        ရှီအာ ဥပဒေပညာရှင်များ၏ အဆိုအရ၊ သက္ကီယဟ်ဖြင့် အရှင်မြတ်၏ အမိန့်တော်အတိုင်း ဆောင်ရွတ်ခဲ့ပြီးသော အရာအား နောက်တစ်ကြိမ် အစားပြန်လုပ်ကန် မလိုပေ။ (56) သို့သော် ဟီဂျရီ ဆယ်ခုနှစ် ရှီအာ ဖက္ကီးဟ် ပညာရှင်ဖြသ်သူ မိုဟက္ကီကေ ကရ်ကီ ယုံကြည်ထားသည်မှာ ၊ ရေဝါယသ်၌ နာမည် အတိအကျ လာရှိထားသော လုပ်ဆောင်ချက်များ ကိုသာလျင် နောက်တစ်ကြိမ် အစားပြန်လုပ်ဖို့ရန် မလိုပေ။ ဥပမာ လက်ပိုက်၍ နမာဇ်ဖတ်ခြင်း နှင့် ဝူဇူ၌ ခြေထောက်ဆေးခြင်း။ (57)

အထောက်အထား နှင့် သက်သေများ

ရှီအာ ဥပဒေပညာရှင်များသည် သက္ကီယဟ် လုပ်ပိုင်ခွင့် ရှိခြင်းကို သက်သေပြဖို့ရန်အတွက် ကုရ်အာန်ရေဝါယသ်များလူ့အဖွဲ့အစည်း နှင့် အသိဉာဏ် တို့ကို ထောက်ထားကိုးကားကြသည်။

ကုရ်အာန်

ရှီအာ ဥပဒေပညာရှင်များ သက္ကီယဟ် လုပ်ပိုင်ခွင့် ရှိခြင်းကို သက်သေပြဖို့ရန်အတွက် ထောက်ထားကိုးကားသည့် အဓိက အရေးကြီးဆုံးသော အာယသ်တော်မှာ ၊ စူရဂ် နဟလ် အာယသ် ၁၀၆ ဖြစ်သည်။ (58) ဤအာယသ်၌ လာရှိထားသည်မှာ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယုံကြည်မှုဖြင့် တင်းတိမ်ရောင့်ရဲမှု နှင့် တည်ငြိမ်အေးချမ်းမှုကို ခံစားပါလျက် အနိုင်ကျင့် အကျပ်ကိုင် ခြိမ်းခြောက်၍ အတင်းအဓမ္မ ခိုင်းစေခြင်းမှအပ သက်ဝင်ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား (သစ္စာဖောက်လျက်) သွေဖည်ငြင်းပယ်သူ (မည်သူမဆို)’သည် ၎င်းတို့၏ စိတ်နှလုံးကို ကျယ်ကျယ်ပြန့်ပြန့် နှင့် လိုလိုလားလား လမ်းဖွင့်ပေးထားကြောင့် သူ့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ထံတော်မှ အမျက်တော် ကျရောက်မည် ဖြစ်သည့်အပြင် သူတို့အတွက် ကြီးမားပြင်းထန်သော ပြစ်ဒဏ်နှင့်ပြစ်တင် ရှုတ်ချမှုလည်း ရှိနေ၏။

        ရှီအာ နှင့် သွန္နီ သဖ်စီးရ် ပညာရှင် အများစုသည် ဤအာယသ် ကျရောက်ရသည့် အကြောင်းအရင်းကို အမားရ်ယာစီးရ် နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ သတ်မှတ်ထားကြသည်။ (59) အမားရ်ယာစီးရ် သည် မုရှ်ရီက်များ၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် အစ္စလာမ် နှင့် တမန်တော်မြတ်(ဆွ) အပေါ် ရှုတ်ချသောစကားများကို အနိုင်ကျင့် အကျပ်ကိုင် ခြိမ်းခြောက်၍ အတင်းအဓမ္မ ပြောစေခိုင်းခဲ့သည်။ လူအချို့သည် အမားရ်ယာစီးရ် အား ကာဖဲရ် သစ္စာမဲ့သူ ဖြစ်သွားသည်ဟု ထင်မြင်ကြသည်။ အမားရ်ယာစီးရ် ၏ အကြောင်း တမန်တော်မြတ်(ဆွ) ထံ ရောက်ရှိသောအခါ၊ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ ၊ အမားရ်ယာစီးရ်သည် ဦးခေါင်းမှ ခြေဖျားအထိ အီမာန် သက်တင်ယုံကြည်ခြင်း အပြည့်ရှိပြီး သောင်ဟီးဒ် တစ်ပါးတည်းတည်ရှိခြင်း သည် ၎င်း၏ အသွေးအသားနှင့် ရောနှောနေသည်။ အမားရ်ယာစီးရ်သည် တမန်တော်မြတ်(ဆွ)ထံ ငိုကြွေးမြည်တမ်းလျက် ရောက်ရှိလာပြီးနောက်၊ တမန်တော်မြတ်သည် ၎င်းအား နှစ်သိမ့်ပေးကာ အကယ်၍ နောက်တစ်ကြိမ် ထိုသို့ အနိုင်ကျင့် အကျပ်ကိုင် ခြိမ်းခြောက်၍ ညှဉ်းပန်းနှိပ်စက်မှု နှင့် ကြုံလာပါက ထပ်မံ၍ ထိုသို့ ရှုတ်ချပြောဆို နိုင်ပေသည် ဟူ၍ မှားကြားခဲ့သည်။ (60) ထို့အတူ ၊ ဥပဒေပညာရှင်များ ဖို့ရန်အတွက် ၊ စူရဟ် ဂါဖီရ် အာယသ်အမှတ် ၂၈ နှင့် စူရဟ် အာလေအင်မ်ရားန် အာယသ်အမှတ် ၂၈ ကိုလည်း ထောက်ထားကိုးကားကြသည်။ (61)

ရေဝါယသ်များ

        စိုင်ယိဒ် မုဟမ္မဒ် ဆွာဒီက် ရူဟာနီ နှင့် နာဆွီရ် မကာရင်မေ ရှီရာဇီ တို့၏ အဆိုအရ၊ သက္ကီယဟ် လုပ်ပိုင်ခွင့် ရှိခြင်းကို သက်သေပြုသော ရေဝါယသ်များသည် ၊ ထင်ပေါ်ကျော်ကြား အထောက်အထားရှိ၍ ခိုင်မာသော ရေဝါယသ်များ ဖြစ်ပေသည်။ (62) ထိုရေဝါယသ်များကို အမျိုးအစားများစွာဖြင့် ခွဲခြားထားသည်မှာ :

  • သက္ကီယဟ် သည် မိုအ်မင်န် သက်ဝင်ယုံကြည်သူ၏ ဒိုင်း နှင့် ၎င်းအား ကာကွယ်ပေးသည့်အရာ ဖြစ်ကြောင်း ညွှန်ပြထားသော ရေဝါယသ်များ။ (63)
  • “သက္ကီယဟ် မရှိသူ၌ သာသနာ မရှိပေ” ဟူ၍ လာရှိထားသည့် ရေဝါယသ်။ (64)
  • သက္ကီယဟ်သည် အကြီးမားဆုံးသော ဝါဂျီဘ်တာဝန်များ နှင့် အရှင်မြတ် နှင့် ‌၎င်း၏ သူတော်စင်များ အနှစ်သက်ရဆုံးသော အရာဖြစ်သည် ဟူ၍ ဖော်ပြထားသော ရေဝါယသ်။ (65)
  • အရှင်မြတ်၏ ရှေးယခင် တမန်တော်များသည်လည်း သက္ကီယဟ် လုပ်ဆောင်ခဲ့သည် ဟူ၍ ဖော်ပြထားသည့် ရေဝါယသ်။ (66)

ထိုသို့ ရေဝါယသ်များအပြင်၊ ဖက္ကီးဂ် ပညာရှင်များသည် အခြားရေဝါယသ်များ ဖြစ်ကြသည့် ဥပမာ ထိခိုက်နစ်နာမှု မရှိသော ရေဝါယသ်များ ၊ ရှုတ်ချပြောဆိုသော ရေဝါယသ်များ (တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) များ အပေါ် မိမိ၏ အသက်ကို ကာကွယ်ဖို့ရန်အတွက် ရှုတ်ချပြောဆိုခွင့် ရှိသည်ဟု လာရှိထားသော ရေဝါယသ်များ) နှင့် ဟဒီးစေ ရက်ဖ်အ် စသည်တို့သည် သက္ကီယဟ် လုပ်ပိုင်ခွင့်ရှိကြောင်း သက်သေပြုရာ၌ အသုံးပြုကြသည်။ (67)

လူ့အဖွဲ့အစည်း

        မိုဟက္ကီကေ ကရ်ကီ ပြောထားသည်မှာ ၊ ရှီအာ ဖက္ကီးဟ် ပညာရှင်များသည်၊ သက္ကီယဟ်အား ကျင့်ဆောင်ရန် ခွင့်ပြုချက်အပေါ် လူ့အဖွဲ့အစည်း၏ သဘောတူညီမှု ရှိကြောင်း ပြောကြားခဲ့သည်။ (68)

အသိဉာဏ်

အသိဉာဏ်၏ဆင်ခြင် အတွက် ဖိက္ကဟ်ပညာရှင်များ၏ ကိုးကားချက်မှာ၊ သက္ကီယဟ် ဟူသည် အရေးကြီးတာထက် ပို၍အရေးကြီးသည့် အလုပ်ကို ဦးစားပေး လုပ်ကိုင်ခြင်း ဖြစ်သည်။ (69) အရေးကြီးသည်ထက် ပို၍ အရေးကြီးသည်ကို ဦးစားပေး ရှေ့တန်းတင်ခြင်း သည် ဦးနောက်မှ လက်ခံနိုင်ဖွယ်ရှိသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ ၊ မည်သည့်အချိန်မဆို တစ်ဦးတစ်ယောက်သည် တစ်ချိန်တည်း၌ တာဝန်နှစ်ခုကို လုပ်ဆောင်ရမည် ဖြစ်ပြီး တစ်ချိန်တည်း၌ ထိုအလုပ်နှစ်ခုကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဦးနှောက်ဆင်ခြင်အရ၊ ၎င်းသည် ပို၍အရေးကြီးပြီး သင့်လျော်သောအရာကို လုပ် ဆောင်ရမည် ဖြစ်သည်။ (70) ထိခိုက်နစ်နာမှုအား တွန်းလှန်ရန် နှင့် အသက်ရန်မှ ကာကွယ်ခြင်းသည် ယုံကြည်ချက်ကို ဖော်ကြုးထက် ပို၍ အရေးကြီးသော ဦးစားပေးထိုက်သော တာဝန်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် ၊ ထိခိုက်နစ်နာမှုအား တွန်းလှန်ရန် နှင့် အသက်ရန်မှ ကာကွယ်ဖို့ရန် အတွက် အသိဉာဏ်၏ ဆင်ခြင်အရ သက္ကီယဟ် ပြုလုပ်ရမည်မှာ ဝါဂျီဘ် ဖြစ်သည်။ (71)

သက္ကီယဟ် နှင့် သူရီယဟ် (အမှန်တရားအား ဖုံးကွယ်ထားခြင်း) တို့အကြား ဆက်စပ်မှု

        သူရီယဟ် ဆိုသည်မှာ ၊ စကားပြောသူသည် စကားပြောသည့်အခါ၊ ထိုစကားလုံးသည် မည်မျှပင် အပြင်လောကနှင့် ကိုက်ညီမှု ရှိနေပါစေ၊ မှန်ကန်သော အဓိပ္ပါယ် ရှိနေပါစေ၊ ထိုစကားလုံးကို ပြောရခြင်း၏ ရည်ရွယ်ချက်မှာ နားထောင်သူအတွက် ဆန့်ကျင်ဘက် အနက်အဓိပ္ပာယ်ကို နားလည်စေရန်ဖြစ်သည်။ (72) တခါတရံ သက္ကီယဟ်သည် သူရီယဟ် ပုံစံ ဖြစ်ပေသည်။ သူရီယဟ်သည် သက္ကီယဟ်၏ အကောင်းဆုံးသော အမျိုးအစား ဖြစ်ပြီး၊ ဖြစ်နိုင်ပါက သက္ကီယဟ် လုပ်သူသည် သူရီယဟ် ဖြင့်နေထိုင်ခြင်းမှာ ပိုကောင်းပေသည် ဟူ၍ ဆိုထားကြပေသည်။ (73)

        ဥပမာ၊ ဂျုံယူဖို့ရန်အတွက် တမန်တော်ယူစွဖ်(အစ) ထံ ရောက်လာကြသည့် ၎င်း၏ ညီအစ်ကိုများ အကြောင်း၌ ၊ ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော်အရ၊ တမန်တော်ယူစွဖ်(အစ)သည် ၎င်းတို့၏ အထုပ်အပိုးကို ထာပ်ပိုးလိုက်သောအခါတွင် မိမိ၏ ညီဖြစ်သူ ဗီန်ယာမီးန်အား မိမိနှင့်အတူ ထားရန် တော်ဝင်ဆုဖလားကို ၎င်းတို့၏ အထုပ်အပိုးထဲတွင် လျှို့ဝှက်စွာ ချထားခဲ့သည်။ ထို့နောက်၊ မိမိ၏ မူးမတ်အား “အသင်တို့သည် သူခိုးများ ဖြစ်ကြသည်” ဟု အော်ပြောစေခဲ့သည်။ အချို့သော ရေဝါယသ်များအရ၊ သဖ်စီးရ် ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ တမန်တော်ယူစွဖ်(အစ) သည် ဤနေရာ၌ လိုချင်သည့် အကြောင်းအရာကို ရောက်ရှိဖို့ရန် သက္ကီးယဟ် လုပ်ခဲ့ပြီး သူရီယဟ် အား ကျင့်ဆောင်ခဲ့သည်။ ဆိုလိုသည်မှာ ၊ တမန်တော်ယူစွဖ်(အစ) သည် ၎င်းတို့အား မိမိ၏ တော်ဝင်ဆုဖလားကို ခိုးယူသွားသည်ဟု မဆိုလိုပေ သို့သော် ယင်းအစား၊ ညီအစ်ကိုတို့သည် တမန်တော်ယူစွဖ်(အစ)ကို ဖခင်ဖြသ်သူထံမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရေတွင်းထဲသို့ ပစ်ချခဲ့သည် ဟူ၍ ဆိုလိုခြင်း ဖြစ်သည်။ (74)

အဲဟ်လေစွန္နသ်တို့၏ အမြင်ရှုထောင့်

        အလ်မောင်စူအသုလ် ဖိက္က်ဟီယသုလ် ကဝီသီယဟ် စာအုပ်တွင် ဤသို့ လာရှိထားသည်မှာ ၊ အဲဟ်လေစွန္နသ် ပညာရှင် အများစု၏ အဆိုအရ၊ အရေးကြီး လိုအပ်သော အချိန်များတွင် ၊ ဆိုလိုသည်မှာ၊ အသတ်ခံရပြီး နှိပ်စက်ညှဉ်းပန်း ခံရမည်ကို ကြောက်ရွံ့ပြီး ယေဘုယျအားဖြင့် ထိခိုက်မှုများစွာ ရရှိလာမည် ဆိုပါက ထိုသို့ အန္တရာယ် ရှိသော အခြေအနေများကို ဖယ်ရှားဖို့ရန်အတွက် သက္ကီယဟ် လုပ်ပိုင်ခွင့်ရှိပေသည်။ (75)

        ၎င်းတို့သည် သက္ကီယဟ်၏ လုပ်ပိုင်ခွင့် ရှိခြင်းနှင့် တရားဝင်မှုကို သက်သေပြု ဖို့ရန်အတွက် စူရဟ် အာလေအင်မ်ရာန် အာယသ်အမှတ် ၂၈ အပြင် ၊ စူရဟ် နဟလ် အာယသ်အမှတိ ၁၀၆ (76) နှင့် ရေဝါယသ်များကိုပါ ထောက်ထားကိုးကား ကြသည်။ (77)

သက္ကီယဟ်ကို ဆန့်ကျင်‌သော အစ္စလာမ့် ဂိုဏ်းတရားများ

        အဲဟ်လေစွန္နသ် တို့အနက် ဝဟာဘီများသည် သက္ကီယဟ်ကို ဆန့်ကျင်ပြီး ဝေဖန်သူများ ဖြစ်ကြသည်။ ရှီအာများကို သက္ကီယဟ်အား လက်ခံပြီး ကျင့်ဆောင်သည့် အတွက်ကြောင့် ရှုတ်ချကြသည်။ (78) ရှီအာဂိုဏ်းများအနက် ဇိုင်ဒီယဟ်များသည် သက္ကီယဟ်ကို ဆန့်ကျင်သူများ ဖြစ်သည်။ (79)

        သက္ကီယဟ် နှင့်ပတ်သက်ပြီး အိဗ်နေသိမ်မီယဟ် နှင့် ၎င်း၏ နောက်လိုက် ဝဟာဘီများ၏ စောဓကများ အနက်မှ တစ်ခုမှာ၊ သက္ကီယဟ် ဟူသည် လိမ်ညာမှု တစ်မျိုးဖြစ်ပြီး အယောင် အရေခြုံခြင်းပင် ဖြစ်သည်။ (80) ထိုစောဓကအား ဖြေဆိုထားသည်မှာ ၊ သက္ကီယဟ် ၏ အနက်အဓိပ္ပါယ်သည် အယောင် အရေခြုံခြင်း၏ အနက်အဓိပ္ပါယ်နှင့် လုံးဝ ဆန့်ကျင်နေပေသည်။ အဘယ်ကြောင့်ဆိုသော်၊ အယောင် အရေခြုံခြင်း ဟူသည် မယုံကြည်မှု နှင့် မုသာဝါဒကို ဖုံးကွယ်ထားပြီး အပြင်ပိုင်း၌ အီမာန် သက်ဝင်ယုံကြည် ယောင်ဆောင်ထားခြင်း ဖြစ်သည်။ သို့သော် သက္ကီဟယ် ဟူသည် အီမာန် သက်ဝင်ယုံကြည်မှုကို ဖုံးကွယ်ထားပြီး အပြင်ပိုင်း၌ မယုံကြည်ယောင် ဆောင်နေခြင်း ဖြစ်သည်။ (81)

ရေးသားထားသည့် စာအုပ်များ

သက္ကီယဟ် ၏အကြောင်းအရာနှင့် ပတ်သက်၍ စာအုပ်များ နှင့် စာစောင်များ သီးခြားရေးသားထားပြီး၊ အချို့မှာ-

  • ရေစာလသွန် ဖီလ် သက္ကီယဟ် ၊ မိုဟကီကေ ကရ်ကီ ‌ရေးသားထားသည်။ ရစာအိလုလ် မိုဟက္ကီက် ကရ်ကီ အမည်ရှိ စာအုပ်တွင် ပြုစုထားသော သက္ကီယဟ် ၏ ဖိက္ကဟ်ရေးဆိုင်ရာ စီရင်ချက်အကြောင်း ဖြစ်သည်။ သုံးအုပ်တွဲဖြစ်ပြီး သက္ကီယဟ် အကြောင်းအရာသည် အတွဲနှစ်၌ ပါရှိထားသည်။ (82)
  • ရေစာလသွန် ဖီလ် သက္ကီယဟ် ၊ ရှီးခ် အန်ဆွာရီ ရေးသားထားပြီး သက္ကီယဟ် ၏ ဖိက္ကဟ်ရေးဆိုင်ရာ စီရင်ချက်အကြောင်း ဖြစ်သည်။ ရှီးခ် အန်ဆွာရီ ၏ အခြားသော စာအုပ်များစွာနှင့်အတူ ဤစာ‌အုပ်ကို ရစာအိလု ဖိက္ကိဟီယဟ် အမည်ရှိ စာအုပ်တွင် ထုတ်ဝေခဲ့သည်။ (83)
  • အလ်သက္ကီယဟ် ၊ အေမာမ်ခိုမေနီ၏ သက္ကီယဟ် ၏ ဖိက္ကဟ်ရေးဆိုင်ရာ စီရင်ချက်အကြောင်း ‌ေရသားထားသည့် စာအုပ်ဖြစ်သည်။ ဤစာအုပ်ရေးသားသူသည် ဟီဂျရီ ၁၃၇၃ တွင် ရေးသားခဲ့သည်။ (84) ဤစာအုပ်များကို အခြားသော ကျမ်းဂန်များစွာနှင့်အတူ အလ်ရေစာအိလုလ် အရှ်ရဟ် အမည်ရှိ စာအုပ်တစ်အုပ်၌ အတွဲတစ်တွဲတွင် ထုတ်ဝေခဲ့သည်။ (85)
  • သက္ကီယဟ် အဇ် နေဂါဟေ မဇာဟိဘ် ဝါ ဖီရ်ကေဟာယေ အစ္စလာမီ ဂိုင်းရေ ရှီအဟ် ၊ ဤစာအုပ်ကို အာရဗီဘာသာဖြင့် စာမီရ် ဟာရှင်မ် အလ်အမီးဒီ ရေးသားထားပြီး မုဟမ္မဒ် ဆွာဒီက် အာရီဖ် မှ ဖှာရ်စီဘာသာသို့ပြန်ဆိုထားသည်။ ၎င်းတွင်၊ သက္ကီယဟ် နှင့်ပတ်သက်သော အဲဟ်လေစွန္နသ် မဇ်ဟဘ်လေးခု၏ ကျော်ကြားသော ဥပဒေပညာရှင်များ၏ အမြင်များကို ဆန်းစစ်ထားသည်။ စာအုပ်ရေးသားသူသည် အဲဟ်လေသွန္နသ် ဥပဒေပညာရှင်များသည် သက္ကီယဟ် ကို ခွင့်ပြုသည်ဟု ယူဆကြပြီး ၎င်း၏ခွင့်ပြုချက်အတွက် ကုရ်အာန်နှင့် ဆွန္နသ်ထံမှ ငြင်းခုံမှုများကို ကိုးကားခဲ့သည်ဟု ယုံကြည်သည်။ (86)
  • သက္ကီယဟ် စေပဲရီ ဘရာယေ မိုဘာရေဇေဟ် အမီးက်သဲရ် ၊ ဤစာအုပ်ကို နာဆွီရ် မကာရင်မေ ရှီရာဇီး ရေးသားထားသည်။ ဤစာအုပ်၏ အကျိုးသက်ရောက်မှုများမှာ ၊ သက္ကီယဟ် ၏ ဖိက္ကဟ် ရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်များကို လေ့လာခြင်း ၊ စောဓကများ နှင့် ဖြစ်ပေါ်လျက်ရှိသည့် ပြဿနာရပ်များကို ဖြေဆိုထားခြင်း ၊ သက္ကီယဟ်၏ အဘိဓာန် နှင့် အသုံးအနှုန်း ၊ တမန်တော်များ၏ လမ်းစဉ်၌ ‌သက္ကီယဟ်ဖြင့် နေထိုင်ပုံ၊ သက္ကီယဟ် ၏ ရည်ရွယ်ချက်၊ သက္ကီယဟ် နှင့် ပတ်သက်ပြီး ကုရ်အာန်၏ အတိုင်းအတာ ၊ သက္ကီယဟ်၏ ရေဝါယသ်များ၊ သီအိုလောဂျီများ ၊ ကိုယ်ကျင့်တရား နှင့် ဖိက္ကဟ်များ၊ သက္ကီယဟ် နှင့် ပတ်သက်ပြီး မကြာခဏ မေးလေ့ရှိသော မေးခွန်းများအတွက် အဖြေများ စသည်တို့ ဖြစ်သည်။