မိုဘာဟိလာ အာယသ်

wikishia မှ

        အာယသ် သေ မိုဘာဟိလဟ် (အာရဗီ-آية المباهلة) စူရဟ် အာ‌လေအင်မ်ရာန် ၊ အာယသ်အမှတ် ၆၁ သည် တမန်တော် အီစာ(အစ) ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ သဘောထားကွဲလွဲပြီးနောက် ဖြစ်ပွားခဲ့သော နာဂျရန်ခရစ်ယာန်များ နှင့် တမန်တော်မြတ် (ဆွ) ၏ မိုဘာဟိလာ ဖြစ်စဉ်ကို ရည်ညွှန်းထားသည်။ များစွာသော ရှီအာ သဖ်စီးရ် ပညာရှင်များ နှင့် များစွာ အဟ်လေစွန္နသ်တို့သည် ဤအာယသ်တာ်ကို တမန်တော်မြတ်(ဆွ) ၏ အမှန်တရား နှင့် အဟ်လေဘိုင်းသ်(အစ) တို့၏ သာလွန်မြင့်မြတ်မှု ဟူ၍ သတ်မှတ်ထားကြသည်။ ထို့နောက် အာယသ်တာ် ၌ လာရှိထားသည့် «اَبْناءَنا» " ကျွန်ုပ်၏ သားများ" ၏ ဆိုလိုရင်းမှာ အေမာမ်ဟစန် နှင့် အေမာမ်ဟိုစိုင်းန် တို့ ဖြစ်ပြီး «نِساءَنا» " ကျွန်ုပ်၏ အမျိုးသမီးများ " ၏ ဆိုလိုရင်းမှ ဖွာသွမဟ် သခင်မ ဖြစ်ကာ «اَنْفُسَنا» " ကျွန်ုပ်၏ နက်ဖ်စ်" ၏ ဆိုလိုရင်းမှာ အေမာမ်အလီ(အစ) ဖြစ်သည် ဟူ၍ ပြောထားကြသည်။

        ရှီအာ အီမာမ်များ နှင့် အဆွ်ဟာဘ်အချို့သည် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုရန် အာယသ် သေကျ မိုဘာဟိလာ ကို အသုံးပြုခဲ့သည်။ ထို့အတူ မိုဘာဟီလာ ဖြစ်စဉ်၏ တရားဝင်မှု၊ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ခြင်း စသည်ဖြင့် သက်သေပြုရန်လည်း အသုံးပြုခဲ့သည်။

စာပိုဒ် နှင့် ဘာသာပြန်

فَمَنْ حَاجَّک فِیهِ مِن بَعْدِ مَا جَاءَک مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَکمْ وَنِسَاءَنَا وَنِسَاءَکمْ وَأَنفُسَنَا وَأَنفُسَکمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ الله عَلَی الْکاذِبِینَ

        အရှင့် (ဉာဏ်တော်အနန္တ၏) အသိပညာမှ ဤအမှန်တရားသစ္စာအား အသင့်ထံရောက်လာစေတော်မူပြီးနောက် ယင်းနှင့်ပတ်သက်၍ အသင့်ကို စောဒကတက်ငြင်းခုံ လိုသူတို့အား “လာကြ၊ ကျွန်ုပ်၏သားမြေးများနှင့်သင်တို့၏သားမြေးများ၊ ကျွန်ုပ်တို့၏အမျိုးသမီးများနှင့်သင်တို့၏အမျိုးသမီးများ၊ ကျွန်ုပ်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစ နှင့် စိတ်ဝိဉာဉ်) အပါအဝင် ကျွန်ုပ်ကိုယ်တိုင်နှင့်သင်တို့ကိုယ်တိုင် ဆင့်ခေါ် ပါဝင်စေ (လျက် တစ်နေရာတွင် စုရုံးစေ) ပြီးနောက် “လိမ်လည်သူ (နှင့်အရှင့်အမိန့်တော်များကို သွေဖည်ဆန့်ကျင်၍ အငြင်းသန်သူ) တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးစေမည့်) ကျိန်စာသင့်ပါစေ။” ဟု (နှစ်ဘက်စလုံးက) ရိုကျိုးစွာ ကျိန်ဆိုတိုင်တည်ကြရန်”” တောင်းဆိုမိန့်ကြားလော့။ (အာလေအင်မ်ရာန် အာယသ်အမှတ် ၆၁)

အရိုက်အရာ

        အာယသ် သေ မိုဘာဟိလာ သည် အဆ်ွဟာဘေ ကိစ္စာ (တမန်တော်မြတ်(ဆွ) ၊ အေမာမ်အလီ(အစ) ၊ ဖွာသွမဟ် (စအ) ၊ အေမာမ်ဟစန် (အစ) နှင့် အေမာမ်ဟိုစိုင်းန်(အစ) ) တို့၏ သာလွန်မြင့်မြတ်မှု ကို သက်သေပြု ဖြိ့ရန် ထောက်ထား အသုံးပြုကြသော အာယသ်တစ်ခု ဖြစ်သည်။ (1) အဟ်လေစွန္နသ်တို့၏ သဖ်စီးရ် ပညာရှင် ဖြစ်သူ အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဘီဇွာရီး သည် ၊ ဤအာယသ်တာ်ကို တမန်တော်မြတ်(ဆွ) ၏ နဗူဝသ် ကြွေးကြော်မှုသည် အမှန်တရား ဖြစ်ကြောင်း နှင့် အဟ်လေဘိုင်သ် တို့၏ သာလွန်မြင့်မြတ်မှု ကို ဖော်ပြထားသည် ဟူ၍ လက်ခံထားသည်။ (2) ထို့အတူပင် အဟ်လေစွန္နသ်တို့၏ သဖ်စီးရ် ပညာရှင် ဖြစ်သူ ဂျာရုလ္လာဟ် ဇမခ်ရှရီး (ဟီဂျရီ ၅၃၈ ကွယ်လွန်) သည်လည်း ဤအာယသ်တော်ကို အဆ်ွဟာဘေ ကိစ္စာ၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုဖို့ရန် အခိုင်မာဆုံး အထောက်အထား ဖြစ်သည်ဟူ၍ လက်ခံထားသည်။ (3) ရှီအာ သဖ်စီးရ် ပညာရှင် ဖြစ်သူ ဖက်ဒ်ွလ် ဗင်န် ဟစန် သွီဘ်ရိစီး ( ဟီဂျရီ ၄၆၉ ကွယ်လွန် ) သည်လည်း ဤအာယသ်‌ေတာ်သည် ဟဇရသ် သေ ဖွာသွမဟ် (စအ) သခင်မ သည် အမျိုးသမီး အားလုံးထက် ပိုမိုသာလွန်မှုရှိကြောင်းကို ဖော်ညွှန်းထားသည် ဟူ၍ ပြောထားပေသည်။ (4)

အာယသ်တော် ကျရောက်ရသည့် အကြောင်းတရား

        အာယသ် သေ မိုဘာဟ်လာ သည် နက်ဂ်ျစ်ရားန် ခရစ်ယာန်များကို တုံ့ပြန်ဖြေဆိုရာ၌ ကျရောက်ခဲ့သည်။ (5) နက်ဂ်ျရားန်မှ ခရစ်ယာန်တစ်စုသည် တမန်တော်မြတ် (ဆွ) အနေဖြင့် မိမိ၏ ရေစာရသ် အရိုက်အရာအား ကြွေးကြော်ခြင်း နှင့်ပတ်သက်ပြီး အပြန်အလှန် ပြောဆိုကြရန် မဒီနာသို့ လာရောက်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွ) သည် မိမိကိုယ်ကို မိတ်ဆက်ပြီးနာက် ၊ တမန်တော်အီစာအား အရှင်မြတ်၏ ကျေးကျွန်များ အနက်မှ ကျေးကျွန်တစ်ဦး ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။ ခရစ်ယာန်များသည် ဖခင် မရှိဘဲ မွေးဖွားလာသည့် တမန်တော်အီစာ၏ မွေးဖွားခြင်းကို ၎င်းသည် ဘုရားသခင်၏ အရိုက်အရာ၌ ရှိရခြင်း၏ အကြောင်းပြချက်အဖြစ် မှတ်ယူကြသည်။ (6) နဂ်ျရားန် ရစ်ယာန်များသည် ၎င်းတို့၏ယုံကြည်ချက်ကို အခိုင်အမာပြောဆိုကြပြီး တမန်တော်မြတ်(ဆွ)က ၎င်းတို့အား မိုဘာဟီလာမြို့သို့ ဖိတ်ကြားကာ ၎င်းတို့သည်လည်း လက်ခံခဲ့ကြသည်။ တမန်တော်မြတ်(ဆွ) သည် ထိုနေ့၌ အလီ ၊ ဖွာသွမဟ် နှင့် ဟစန်နိုင်းန် တို့နှင့်အတူ မိုဘာဟိလာ၌ ရှိခဲ့ပြီး ခရစ်ယာန်များသည် တမန်တော်မြတ်(ဆွ)နှင့် ၎င်း၏ အပေါင်းအဖော်များ၏ လေးနက်မှုကို မြင်သောအခါ အကြီးအကဲများ၏ အကြံဉာဏ်အရ၊ မိုဘာဟိလာ ဆွေးနွေးခြင်းကို စွန့်လွှတ်ခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွ)နှင့် ငြိမ်းချမ်း‌ေရးပြု၍ ဂျဇီယာကို ပေးဆောင်ခြင်းဖြင့် မိမိတို့၏ သာသနာတော်တွင် ဆက်လက်တည်မြဲရန် တောင်းဆိုခဲ့ကြရာ တမန်တော်မြတ်(ဆွ) သည်လည်း လက်ခံခဲ့သည်။ (7)

သဖ်စီးရ် အလင်းဖွင့်ဆိုခြင်း

        ရှီအာ သီအိုလောဂျီ ပညာရှင် ဖြစ်သူ ကာဇွီ နှုရုလ္လာဟ် ရူရှ်သရီး ၏ ပြောကြားချက်အရ ၊ အားလုံး‌သော သဖ်စီးရ် ပညာရှင်များ သဘောတူကြသည်မှာ အာယသ်တာ် ၌ လာရှိထားသည့် «اَبْناءَنا» " ကျွန်ုပ်၏ သားများ" ၏ ဆိုလိုရင်းမှာ အေမာမ်ဟစန် နှင့် အေမာမ်ဟိုစိုင်းန် တို့ ဖြစ်ပြီး «نِساءَنا» " ကျွန်ုပ်၏ အမျိုးသမီးများ " ၏ ဆိုလိုရင်းမှ ဖွာသွမဟ် သခင်မ ဖြစ်ကာ «اَنْفُسَنا» " ကျွန်ုပ်၏ နက်ဖ်စ်" ၏ ဆိုလိုရင်းမှာ အေမာမ်အလီ(အစ) ဖြစ်ကြောင်းကို ဖော်ညွှန်းထားသည်။ (8) အလ္လာမဟ် မဂ်ျလေစီသည် အာယသ် သေ မိုဘာဟိလာ ကို အာလေအဗာ သာလွန်မြင့်မြတ် သော ဂုဏ်သရေဖြင့် ထင်ရှားကြောင်း နှင့်ပတ်သက်ပြီး ညွှန်ပြထားသော ဟဒီးစ်များကို ထင်ပေါ် ကြော်ကြားသော ဟဒီးစ် ဖြစ်သည်ဟု လက်ခံထားသည်။ (9) အိဟ်ကာကုလ်ဟက္က် စာအုပ်၌ (ဟီဂျရီ ၁၀၁၄ ၌ ဖြန့်ဝေခဲ့သည့် အာယသ် သေ မိုဘာဟိလာသည် အဟ်လေကိစ္စာ များအတွက် ကျရောက်ခဲ့ခြင်း နှင့်ပတ်သက်ပြီး အတိအလင်းလာရှိထားသည့် အဟ်လေစွန္နသ်တို့မှ ကျမ်းကိုးပေါင်း ၆၀ ကို ဖော်ပြထားသည်။ (10) ဥပမာ ဇမခ်ရှရီး ရေးသားထားသည့် အလ်ကရှ်ရှာဖ် (11) ဖခ်ရ်ရာဇီး ရေးသားထားသည့် အဘ်သဖ်စီးရုလ် ကဘီးရ် (12) အ‌‌ဗ္ဗ်ဒြလ္လာဟ် ဗင်န် အွမ္မရ် ဘီဒွာဝီး ရေးသားထားသည့် အန်ဝါရုသ် သန်ဇီးလ် ဝါ အစ်ရာရုသ် သအ်ဝီးလ် (13) တို့ဖြစ်သည်။

        ရှီအာ သဖ်စီးရ် ပညာရှင်ကြီးများသည် «اَبْناءَنا»، «نِساءَنا» «اَنْفُسَنا» တို့သည် အများကိန်းဖြင့် လာရှိထားသည့် အတွက် ကြောင့် ယင်းတို့၏ ဆိုလိုရင်းမှာ တစ်ဦးတစ်ယာက် ဖြစ်ခြင်း သို့မဟုတ် အုပ်စုလိုက် ဖြစ်ခြင်း နှင့်ပတ်သက်ပြီး ပြောထားသည်မှာ ၊ အာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်းမှာ ၊ ဤသဖ်စီးရ် ဖွင့်ဆိုရှင်းလင်းခြင်းသည် မှန်ကန်မှု ရှိကြောင်းကို ဖော်ပြပေသည်။

  • အဘယ်ကြောင့်ဆိုသော် သဖ်စီးရ် ပညာရှင်များ အားလုံး၏ သဘောတူညီချက်အရ ၊ တမန်တော်မြတ်(ဆွ)သည် အလီ(အစ) ၊ ဖွာသွမဟ်(စအ) ၊အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟိုစိုင်းန် တို့မှ လွဲပြီး အခြား မည်သူကိုမှ မိမိနှင့်အတူ မိုဘာဟ်လာ ဆွေးနွေးပွဲသို့ မခေါ်ဆောင်သွားခဲ့ပေ။ (14)
  • စာချုပ်တွင်၊ တစ်ခါတစ်ရံ စကားလုံးများကို အများကိန်း သုံးထားပြီး အားလုံးအတွက် အသုံးချနိုင်ရန် ကိုးကားဖော်ပြထားသည်။ သို့သော် အကောင်အထည်ဖော်မှု အဆင့်တွင်၊ တစ်ဦးတစ်‌ေယာက်အတွက် သာလျှင် ဖြစ်နိုင်သည်။ ဤသို့ တစ်ဦးဆိုင်ကို ဖော်ညွှန်းထားခြင်းသည် ၊ အကြောင်းအရာ၏ ယေဘူယျ အများကိန်း နှင့် ဆန့်ကျင်မှု မရှိပေ။ ဥပမာအားဖြင့်၊ လက်မှတ်ရေးထိုးသူများ နှင့် ၎င်းတို့၏ သားသမီးများသည် စာချုပ်ကို လိုက်နာရန် တာဝန်ရှိကြောင်း စာချုပ်တွင် ရေးမှတ် ရေးထိုးပေမည်။ သို့သော် ထိုလက်မှတ် ရေးထိုးပွဲတွင် သားသမီးတစ်ဦး သို့မဟုတ် နှစ်ဦးသာလျှင် ရှိနိုင်ပေသည်။ (15)
  • ကျမ်း‌တော်မြတ် ကုရ်အာန်၌လည်း အချို့ အကြောင်းအရာများတွင် အများကိန်း သုံးထားပြီး တစ်ဦးဆိုင်ကို ဖော်ညွှန်းထားသည့် အကြောင်းအရာများရှိ ပေသည်။ ဥပမာ အာယသ် သေ သက်သ်ွဟီးရ် (16) ဤအာယသ် တော်၌ «الَّذِينَ يُظَاهِرُونَ مِنكُم مِّن نِّسَائِهِم» သည် အများကိန်းဖြင့် လာရှိထားသော်လည်း အာယသ် တော်သည် တစ်ဦးတစ်ယာက် အတွက်သာလျှင် ကျရောက်ထားခြင်း ဖြစ်သည်။ (17)

သမိုင်း ဆိုင်ရာ အခြေတင် အပြန်အလှန် ဆွေးနွေး ပြောဆိုမှုများ

ရေဝါယသ်များအရ ၊ ရှီအာ အေမာမ်များ နှင့် အချို့ အဆ်ွဟာဘ်များသည် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုဖို့ရန် အာယသ် သေ မိုဘာဟိလာကို ထောက်ထားကြသည်။

စအ်ဒ် ဗင်န် အဘီ ဝကာဆ်ွ ၏အခြေတင် အပြန်အလှန် ဆွေးနွေး ပြောဆိုမှု

        အာမိရ် ဗင်န် စအ်ဒ် ဗင်န် အဘီဝကာဆ်ွ သည် ၎င်း၏ ဖခင်ဖြစ်သူ စအ်ဒ် ဗင်န် အဘီဝကာဆ်ွ ထံမှ ကောက်နုတ်ထားသည်မှာ မိုအာဝီယာ သည် စအ်ဒ် အား " ဘာကြောင့် အလီ အပေါ် လအ်နသ် မပို့ရသနည်း? ဟု မေးရာ စအ်ဒ် ဖြေဆိုသည်မှာ " အချက် သုံးချက်ကို သတိရနေသရွေ့ ၎င်းကို ဘယ်တော့မှ လအ်နသ် ပို့မည် မဟုတ် ပေ။ အကယ်၍ ထို အချက်သုံးချက် အနက်မှ တစ်ချက်သာလျှင် ကျွန်ုပ် နှင့် သက်ဆိုင်သည် ဆိုပါက ယင်းအား အလွန် တန်ဖိုးထား နှစ်သက်မည် ဖြစ်သည်။ ဥပမာ အာယသ် သေ မိုဘာဟိလာ ကျရောက်သည့်အခါ တမန်တော်မြတ်(ဆွ) သည် အလီ ၊ ဖွာသွမဟ် ၊ ဟစန် နှင့် ဟိုစိုင်းန် တို့အား ခေါ်ဆိုပြီး မိန့်ဆိုသည်မှာ «اَللهُمَّ هؤلاءِ اَهلُ بَیتی» " အို အရှင်မြတ် ၊ ထိုသူများသည် ကျွန်ုပ်၏ အိမ်တော်သူ အိမ်တော်သား အဟ်လေဘိုင်းသ် များသာ ဖြစ်ကြပေသည်" ။ (18)


အေမာမ်ကာဇွင်မ် (အစ) ၏ အခြေတင် အပြန်အလှန် ဆွေးနွေး ပြောဆိုမှု

        ဟာရူးန်အဘ္ဘာစီမင်း သည် ‌အေမာမ်ကာဇွင်မ်(အစ) အား ပြောသည်မှာ " အသင်သည် မိမိကိုယ်ကို တမန်တော်မြတ်၏ မျိုးဆက်မှ ဖြစ်သည်ဟု ပြောသော်လည်း အစစ်အမှန်၌ တမန်တော်မြတ်သည် မျိုးဆက်မရှိ ပေ။ အဘယ်ကြောင့် ဆိုသော် ၊ မျိုးဆက် ဟူသည် သား‌ ယောကျာ်းလေးမှ ဆင်းသက်ရမည် ဖြစ်ပြီး သမီး မိန်းကလေးမှ မဆင်းသက်ပေ။

        အသင်တို့သည် တမန်တော်မြတ့် သမီးတော်၏ သားများပင် ဖြစ်ကြသည်။ ထိုအခါ ‌အေမာမ်ကာဇွင်မ်(အစ) သည် အာယသ် သေ မိုဘာဟိလာကို ဖတ်ရွတ်ပြီးနောက် မိန့်ဆိုသည်မှာ " တမန်တော်မြတ်(ဆွ) သည် မိုဘာဟိလာ ဖြစ်စဉ်၌ အလီ ဗင်န် အဘီသွာလီဘ် ၊ ဖွာ‌ေသွမဟ် ၊ ဟစန် နှင့် ဟိုစိုင်းန် တို့အပြင် အခြားသူများကိုလည်း မိမိနှင့်အတူ လိုက်ပါခေါ်‌ေဆာင်သွားသည် ဟူ၍ မည်သူ တစ်ဦးတစ်ယာက်မှ မပြောထားပေ။ ထို့ကြောင့် " ကျွန်ုပ်တို့၏ သားများ" ၏ ဆိုလိုရင်းမှာ ဟစန် နှင့် ဟိုစိုင်းန် ဖြစ်ပြီး " ကျွန်ုပ်တို့၏ အမျိုးသမီးများ" ၏ ဆိုလိုရင်းမှာ ဖွာသွေမဟ် သခင်မ ဖြစ်ကာ " ကျွန်ုပ်တို့ ကိုယ်တိုင်" ၏ ဆိုလိုရင်းမှာ အလီ ဗင်န် အဘီသွာလီဘ် သာလျှင် ဖြစ်သည်။ (19)

အေမာမ်ရဿွာ(အစ) ၏ အခြေတင် အပြန်အလှန် ဆွေးနွေး ပြောဆိုမှု

        ရှီးခ် မိုဖီးဒ် ကောက်နုတ် ကိုးကားထားသည့် အဆိုအရ ၊ မအ်မူးန် အဘ္ဘာစီမင်း သည် အေမာမ်ရဿွာ(အစ) ထံမှ ကျမ်းမြတ်ကုရ်အာန်၌ လာရှိထားသည့် အေမာမ်အလီ(အစ) ၏ အကြီးမားဆုံးသော သာလွန်မြင့်မြတ်မှုကို ဖော်ပြရန် တောင်းဆိုခဲ့သည်။ အေမာမ်ရဿွာ(အစ) သည် ၎င်းအား ဖြေ ဆိုရာ၌ ယသ် သေ မိုဘာဟိလာ ကို ဖတ်ရွတ်ပြခဲ့သည်။ (20) မအ်မူးန် ပြောသည်မှာ အရှင်မြတ်သည် ဤအာယသ်တာ်၌ သားများ ၊ အမျိုးသမီးများ ကို အများကိန်း သုံးထားသော်လည်း တမန်တော်မြတ်သည် သားနှစ်ယာက် နှင့် မိမိ၏ သမီးတော်ကိုသာလျှင် မိမိနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ယင်းအာယသ်၌ လာရှိထားသည့် နဖ်စ် သည်လည်း တမန်တော် ကိုယ်တိုင်သာလျှင်ဖြစ်သည်။ ထို့ကြောင့် အေမာမ်အလီ(အစ) နှင့်ပတ်သက်ပြီး မည်သည့် သာလွန်မြင့်မြတ်မှုမှ မလာရှိထား ပေ။ ထိုအခါ အေမာမ်ရဿွာ(အစ) ဖြေဆိုသည်မှာ " ထို သို့ပြောခဲ့သည်များမှာ မမှန် ပေ။ အဘယ်ကြောင့်ဆိုသော် ၊ ဖိတ်ခေါ်သူ (တမန်တော်မြတ်) သည် မိမိမဟုတ်သည့် အခြားသူကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ အမိန့်ပေးသူ သကဲ့သို့ပင် ၊ မိမိ မဟုတ်သည့် အခြားသူကို အမိန့်ပေးခြင်း ဖြစ်သည်။ မိမိကိုယ်ကို ဖိတ်ခေါ်ခြင်းသည် အစစ်အမှန်၌ မှန်ကန်မှု မရှိပေ။ တမန်တော်မြတ်(ဆွ) သည် မိုဘာဟိလာ ဖြစ်စဉ်၌ အေမာမ်အလီ(အစ) မှ အပ အခြား အမျိုးသား တစ်ဦးတစ်ယာက်ကိုမှ မဖိတ်ခါ်ခဲ့ပေ။ ထို့ကြောင့် ၊ အလီ(အစ) သည် အရှင်မြတ်၏ ကျမ်းမြတ်ကုရ်အာန် စာအုပ်တွင် အရှင်မြတ် ဖော်ညွှန်းထားသည့် နဖ်စ်ဖြစ်ကြောင်း သက်သေပြပြီး ၎င်း၏ စီရင်ချက်များကို ကျမ်းမြတ်ကုရ်အာန်တွင် ထည့်သွင်းထားသည်။ (21)

ဖိက္ကဟ် ဓမ္မသက်ပိုင်းဆိုင်ရာ ကောက်နုတ်ချက်များ

        အချို့သော ခေတ်ပညာရှင်များနှင့် ယခု ခေတ် သဖ်စီးရ် ပညာရှင်များသည် အာယသ် သေ၏ မိုဘာဟိလာ ၏ ဖိက္ကဟ် ဓမ္မသက်ပိုင်းဆိုင်ရာ ကောက်နုတ်ချက်များ ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့်

  • လူ့အဖွဲ့အစည်း၏ နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် အမျိုးသမီးများ တရားဝင် ပါဝင်နိုင်မှု ၊ ဤအကြောင်းအရာကို «نساءَنا» ဟူသော ဝေါဟာရမှ ထုပ်နုတ်ထားပြီး ဟဇရသ် သေ ဖွာ‌‌သွေမဟ်(စအ) သည် မိုဘာဟိလာ ဖြစ်စဉ်၌ ပါ၀င်ခဲ့ခြင်းမှ ကောက်နုတ်ထားသည်။ (22) ရှီအာ သဖ်စီးရ် ပညာရှင် စိုင်ယိဒ် အဗ္ဗ်ဒုလ် အလီ စက်ဘ်ဇ်ဝါရီး (ဟီဂျရီ ၁၄၁၄ ကွယ်လွန်) ၏ အဆိုအရ ၊ ကုရ်အာန်သည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအပေါ် အခြေခံထားသော်လည်းအာယသ် သေ မိုဘာဟိလာ၌ "အမျိုးသမီးများ" ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အကြောင်းပြချက်များရှိပြီး ၎င်းတို့ထဲမှ တစ်ခုမှာ ဘာသာရေးနှင့် ပတ်သက်သည့် ကိစ္စများတွင် အမျိုးသမီးများ ပါဝင်မှုကို ရည်ညွှန်းသည်။ (23) ရရှီးဒ် ရေဿွာ ၏ အဆိုအရ ၊ အာာသ် သေ မိုဘာဟိလာ၌ လူမျိုးရေးနှင့်ဘာသာရေး ဆွေးနွေးပွဲများတွင် အမျိုးသမီးများ သည် အမျိုးသားများ နှင့်အတူ ပါဝင်မှုကို ဖော်ညွှန်းထားပြီး ဤစီရင်ချက်သည် စစ်ပွဲကဲ့သို့သော ကိစ္စများ မှလွဲ၍ သာမန်ကိစ္စများတွင် အမျိုးသမီးများသည် အမျိုးသားနှင့်တန်းတူညီမျှမှုအပေါ် အခြေခံထားသည်။ (24)
  • မိုဘာဟိလာ လုပ်ပိုင်ခွင့်ရှိခြင်း ၊ " အာယသ် သေ မိုဘာဟိလာ ၏ ဖိက္ကဟ် ဓမ္မသက်ရေး အသစ်ဆိုင်ရာ ဖတ်ရှုခြင်း" ဆောင်းပါးကို ရေးသားသူသည် အာယသ် သေ မိုဘာဟိလာကို အသုံးပြု၍ အစ္စလာမ် သာသနာတွင် မိုဘာဟိလာ အားတရားဝင် ပြုလုပ်နိုင်‌ေကြာင်းကို နုတ်ယူထားသည်။ (25) ၎င်းသည် မိမိ၏ ကြွေးကြော်ချက်ကို သက်‌သေပြုဖို့ရန် အတွက် ၊ မိုဘာဟိလာ နှင့် သက်ဆိုင်သည့် အကြေားအရာများ သို့မဟုတ် မိုဘာဟိလာအား မည်သို့မည်ပုံ ပြုလုပ်ရန် မအ်စူးမ် များဘက်မှ သင်ကြားပေးမှုများကို ကိုးကားထောက်ထားခဲ့သည်။ ဥပမာ အာရှူရာ နေ့တွင် အေမာမ်ဟိုစိုင်းန် (အစ) ၏ နောက်လိုက်သားများ အနက်မှ ဖြစ်‌သည့် ဘိုရိုင်းရ် ဗင်န် ခိုဇိုင်းရ် ဟမေဒါနီ သည် အွမ္မရ် ဗင်န် စအ်ဒ် ၏ တပ်သားအနက်မှ ယဇီးဒ် ဗင် မအ်ကီလ်အား မိုဘာဟိလာ ပြုလုပ်ဖို့ရန် ဖိတ်ခေါ်ခဲ့သည်။ (26) သို့သော် အေမာမ်ဟိုစိုင်းန် (အစ)သည် ထိုသို့ ပြုလုပ်ခြင်းကို တားမြစ်ခဲ့သည်။ (27)

သဖ်စီးရေ နမူနာ ၌ ( အီရာန်နှစ် ၁၄ ရာစု တွင် ထုပ်ဝေခဲ့သည်) လာရှိထားသည်မှာ အာယသ် သေ မိုဘာဟိလာ ၌ မိုဘာဟိလာ ပြုလုပ်ဖို့ရန် ဖိတ်ကြားခြင်းသည် မည်မျှပင် တမန်တော်မြတ်(ဆွ) အဖို့သာလျှင် လာရှိထားပါ စေ ၊ မိုဘာဟိလာ သို့ ဖိတ်ကြားခြင်းသည် တရားဝင် ပြုလုပ်ပိုင်ခွင့် ရှိသည့် ကိစ္စ ဖြစ်ပြီး အများသူဌာနှင့် သက်ဆိုင်သည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ (28) အသက်နှင့် ပစ္စည်းဥစ္စာများကို စတေးခြင်းဖြင့် အစ္စလာမ်ဘာသာကို ကာကွယ်ပိုင်ခွင့် ရှိခြင်း (29) မဝါဟိဘုရ် ရဟ်မားန် သဖ်စီးရ် ၌ အဗ္ဗ်ဒုလ် အလီ စက်ဘ်ဇ်ဝါရီး၏ အဆိုအရ ၊ အာယသ် သေ မိုဘာဟိလာ မှ ကောက်နုတ်အသုံးပြုနိုင်သည့် အချက်များ အနက်မှ အချက်တစ်ချက်မှာ လူသားတိုင်း၏ ရည်မှန်းချက်မှာ မှန်ကန်မှုကို သိရှိနားလည်ပြီး ၎င်းကို ပံ့ပိုးကူညီရန်နှင့် ၎င်း၏ အသက်၊ ဥစ္စာနှင့် မိသားစုကို ဤလမ်းစဥ်၌ စတေးရန် အဆင်သင့် ဖြစ်နေရခြင်း ပင်ဖြစ်သည်။ (30)