တမန်တော်မြတ်(ဆွ) နှင့် နဂျ်ရာန် ခရစ်ယာန်များ၏ မိုဘာဟိလာ အဖြစ်အပျက်

wikishia မှ

တမန်တော်မြတ်(ဆွ) နှင့် နဂျ်ရာန် ခရစ်ယာန်များ၏ မိုဘာဟိလာ အဖြစ်အပျက် တမန်တော်မြတ်(ဆွ) သည် နဂျ်ရာန် ခရစ်ယာန်များနှင့်အတူ မိုဘာဟိလာ ပြုလုပ်ခြင်းသည် အစ္စလာမ်၏အစပိုင်း၏ ဖြစ်ရပ်များ အနက်မှ တစ်ခုဖြစ်ပြီး၊ တမန်တော်မြတ်(ဆွ) ၏ ဖိတ်ကြားချက် မှန်ကန်ကြောင်း နိမိတ်လက္ခဏာဟု သတ်မှတ်ထားကြသည်။ ထို့အတူ ဤအဖြစ်အပျက်သည် မိုဘာဟိလာ ၌ တမန်တော်မြတ်(ဆွ) နှင့် ၎င်းနှင့် လိုက်ပါလာကြသူများ ဥပမာ အေ ၏မာမ်အလီ(အစ )ဖွာသွေမဟ်(စအ) ၊ နှင့် ဟစန်နိုင်းန်(အစ) တို့၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုပေသည်။

        စူရဟ် အာလေအင်မ်ရားန် အာယသ် အမှတ် ၆၁ သည် မိုဘာဟိလာ အဖြစ်အပျက် နှင့်ပတ်သက်ပြီး မိန့်ဆိုထားပြီး အာယသ် သေ မိုဘာဟိလာ ဟူ၍ ကျော်ကြားပေသည်။ ရှီအာများ ယုံကြည်ထားသည်မှာ ဤအာယသ်‌ေတာ်၌ ၊ အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) ၏ အသက် ၊ နဖ်စ် အရိုက်အရာ၌ ရှိပေသည်။ ထို့ကြောင့် ဤအာယသ်ကို အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု ဟူ၍ လက်ခံထားကြသည်။ ဤအဖြစ်အပျက်သည် ရှီအာ နှင့် စွန္နီ ကျမ်းကိုးများတွင် လာရှိထားသည်။

        ကျမ်းကိုးများအရ ၊ တမန်တော်မြတ်(ဆွ) သည် ၊ နဂျ်ရာန်ခရစ်ယာန်များနှင့် မိုနာဇေရာ ပြုလုပ်ပြီးနောက် ၎င်းတို့ဘက်မှ အီမာန် သက်ဝင်ယုံကြည်မှုကို လက်မခံလာသည့်အခါ ၎င်းတို့အား မိုဘာဟိလာ ပြုလုပ်ရန် အကြံပေးခဲ့ပြီး ၎င်းတို့သည်လည်း လက်ခံခဲ့ကြသည်။ သို့သော် ထိုမိုဘာဟိလာ နေ့၌ ၊တမန်တော်မြတ်(ဆွ)သည် ၎င်းမိသားစုကို ၎င်းနှင့်အတူ ခေါ်ဆောင်လာသည်ကို မြင်ပြီးနောက် နဂျ်ရာန် ခရစ်ယာန်များသည် မိုဘာဟိလာ ပြုလုပ်ရန် ငြင်းဆိုခဲ့ကြသည်။ မိုဘာဟိလာ ဟူသည် အမှန်တရားကို သက်သေပြုဖို့ရန်အတွက် အရှင်မြတ်၏ လအ်နသ် ကျိန်စာ အား တောင်းဆိုခြင်းဖြစ်ပြီး အုပ်စု နှစ်စုအကြား ဖြစ်ပေါ်ကာ ထိုအုပ်စု နှစ်စုလုံးသည် အမှန်တရား ဖြစ်သည်ဟူ၍ ကြွေးကြော်မှု ရှိပေသည်။

        ဤမိုဘာဟိလာ အဖြစ်အပျက်၏ နေ့ ၊ နှစ် နှင့် ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိ‌ ပေသည်။ ကျော်ကြားသော သမိုင်းပညာရှင်များသည် ဤအဖြစ်အပျက်ကို ဟီဂျရီ ၁၀ စုနှစ်၌ ဖြစ်ပျက်ခဲ့သည်ဟု သုံးသပ်ထားကြသည်။ ထို့အတူ ဒိုအာ စာအုပ်များ၌ ဇီလ်ဟဂ်ျလ ၂၄ ရက်နေ့ကို မိုဘာဟိလာ နေ့ဟူ၍ ဖော်ပြထားသည်။

        ဤအဖြစ်အပျက် နှင့်ပတ်သက်ပြီး ၊ ရေးသားထားသည့် စာအုပ်များ နှင့် အနုပညာ လက်ရာများကို ထုပ်နုတ်ထားသည်။ ဥပမာ အာစာရုလ်ဘာကီယဟ် အဘူရိန်ဟားန် ဘီရူးနီး စာအုပ် ၏ စာမျက်နှာ တစ်ခုတွင် ( စာအုပ် စာမျက်နှာ၏ သမိုင်း : ဟီဂျရီ ၇၀၇ ) ပါဝင်သည့် ပန်းချီကားတစ်ချပ် အဖြစ် ဖော်ပြထားသည်။

အရိုက်အရာ နှင့် အရေးပါမှု

နဂ်ျရာန် ရစ်ယာန်များနှင့် တမန်တော်မြတ်(ဆွ)၏ မိုဘာဟိလာ အဖြစ်အပျက်သည် ၎င်း၏ဖိတ်ကြားချက်တွင် တမန်တော်မြတ်(ဆွ)၏ အမှန်တရားကို သက်သေပြရန် အသုံးပြုသည့် ဖြစ်ရပ်များ အနက်မှ တစ်ခုဖြစ်သည်။ (1) ကုရ်အာန်ထဲတွင် ၊ စူရဟ် အာလေအင်မ်ရာန်၌ ၊ ဤအဖြစ်အပျက်ကို ဖော်ပြထားသည်။ (2) ထို့အတူ ဤအဖြစ်အပျက်သည် ပန်ချ်သန်( တမန်တော်မြတ် ၊ အေမာမ်အလီ ၊ ဖွာသွမဟ် သခင်မ ၊ အေမာန်ဟစန် နှင့် အေမာမ်ဟိုစိုင်းန် ) တို့၏ သာလွန်မြင့်မြတ်မှုကို ဖော်ညွှန်းထား‌ေပသည်။ (3) ယင်းအား သဖ်စီးရ် ကျမ်းကိုးများ (4) နှင့် သမိုင်း ကျမ်းကိုးများ(5) တွင် လာရှိထားသည် ။ ဤအဖြစ်အပျက် နှင့် ပတ်သက်ပြီး ၊ ရေးသားထားသည့် စာအုပ်များ နှင့် အနုပညာ လက်ရာများကို ထုပ်နုတ်ထားသည်။

  • အာယသုလ္လာဟ် ဂျဝါဒ် အာမိုလီ : နမာဇ်တွင် ၊ နမာဇ်၏ ဝါဂျီဘ် တာဝန်ဖြစ်သည့် မဏ္ဌိုင်တစ်ခု ရှိပြီး နမာဇ်၏ ဝါဂျီဘ် တာဝန်ဖြစ်သည့် မဏ္ဌိုင် မဟုတ်သည့် တာ၀န်တစ်ခု ရှိပေသည်။ အေမာမသ် နှင့် ဝေလာယသ် ၌လည်း အတူပင် ဖြစ်သည်။ ဂဒီးရ်သည် အေမာမသ်၏ ဝါဂျီဘ် တာဝန်ဖြစ်သည့် မဏ္ဌိုင် တစ်ခုဖြစ်ပြီး မိုဘာဟိလာသည် ဝေလာယသ်၏ ဝါဂျီဘ် တာဝန်ဖြစ်သည့် မဏ္ဌိုင် တစ်ခု ဖြစ်သည်။ ဂဒီးရ်သည် သီးခြား(သီးသန့်) အကြာင်းအရာ ဖြစ်သည်မှာ မှန်ပေသည်။ သို့သော် ဂဒီးရ် အဖြစ်အပျက် မဖြစ်ပါ်မီ ကျမ်းမြတ်ကုရ်အာန် မှ အာယင် တစ်ခုသည် အလီ ဗင်န် အဘီသွာလီဘ် အား တမန်တော်မြတ်၏ နဖ်စ် ၊ အသက် ဟူ၍ တိုက်ရိုက် အတိအလင်း မိန့်ဆိုထားသည်။ ထိုအာယသ်မှာ نَدْعُ أَبْناءَنا وَ أَبْناءَکُمْ وَ نِساءَنا وَ نِساءَکُمْ وَ أَنْفُسَنا وَ أَنْفُسَکُمْ ဖြစ်ပြီး သဖ်စီးရ် ပညာရှင်များအားလုံး ၊ ရေဝါသ်များ အားလုံး နှင့် သမိုင်း သုတေသီများသည် ထိုအ‌ေကြာင်းအရာအပေါ် သဘောတူညီ လက်ခံမှု ရှိကြပြီး ကောက်နုတ်ဖာ်ပြထားကြသည်။

မိုဘာဟိလာ အဖြစ်အပျက်အား ရှင်းလင်းဖွင့်ဆိုခြင်း

မိုဘာဟိလာ အဖြစ်အပျက်တွင် နဂျ်ရာန် ခရစ်ယာန်ဆရာတော် အိုစ်ကုဖ် : "အကယ်၍ မုဟမ္မဒ် မမှန်ကန်ပါက ၊ ၎င်း၏ အချစ်ရဆုံးသော သူများနှင့်အတူ ရောက်လာမည် မဟုတ် ပေ။ အကယ်၍ ကျွန်ုပ်တို့နှင့် မိုဘာဟိလာ ပြုလုပ်ပါက ၊ နှစ်မကုန်မီ နဆ်လူရာနီ မျိုးကုန်သွားပေမည်။

" အခြား‌‌ ရေဝါယသ်တစ်ခု အရ ၊ "ကျွန်ုပ်သည် တောင်ကြီးကို ဖယ်ရှားဖို့ အရှင်မြတ်ထံ တောင်းဆိုပါက အရှင်မြတ်သည် ထိုသို့ ပြုလုပ် ပေးမည့် မျက်နှာတော်များကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် မိုဘာဟိလာ ပြုလုပ်ပါက ကျရှုံးမည် ဖြစ်ပြီး နဆ်ွရာနီ တစ်ယောက်မှ ကမ္ဘာမြေကြီးပေါ်တွင် ကျန်ရှိနေမည် မဟုတ်တော့ပေ။ " ဇေမခ်ရှရီး ၊ အလ်ကိရှာဖ် ၊ ဟီဂျရီ ၁၄၀၇ - ၁၄၁၆

        တမန်တော်မြတ်(ဆွ) သည် တစ်ချိန်တည်းမှာပင် ကမ္ဘာ့အစိုးရခေါင်းဆောင်များနှင့် စာပေးစာယူဖြင့် အစ္စလာမ်ဘာသာကို လက်ခံရန် နဂ်ျရာန် မှ ပြည်သူများအား ဖိတ်ခေါ်ကာ နဂ်ျရာန်၏ ဆရာတော်ထံ စာတစ်စောင်ရေးခဲ့သည်။ နဂ်ျရာန်၏ ခရစ်ယာန်များ ကိုယ်စား အဖွဲ့တစ်ဖွဲ့သည် မဒီနာ သို့ သွား၍ တမန်တော်မြတ်၏ ဗလီတွင် ၎င်းနှင့် စကားပြောဆိုခဲ့ကြသည်။ တမန်တော်မြတ်(ဆွ) သည် မိမိကိုယ်ကို မိတ်ဆက်စဉ်တွင်၊ တမန်တော်အီစာ (အစ) အား အရှင်မြတ်၏ ကျေးကျွန်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ ၎င်းတို့သည် ဖခင်မရှိဘဲ မွေးဖွားလာသည့် ယေရှုသခင် ၏ မွေးဖွားခြင်းကို ၎င်းသည် ဘုရားသခင်ဖြစ်ရခြင်း၏ အကြောင်းပြချက် တစ်ခုအဖြစ် သုံးသပ် လက်ခံခဲ့ကြသည်။ (6)

        နှစ်ဖက်စလုံးသည် ၎င်းတို့၏ ယုံကြည်ချက်များ၏ မှန်ကန်မှုကို အခိုင်အမာ ပြောဆိုပြီးနောက်မိုဘာဟိလဟ်မှ တစ်ဆင့် ပြဿနာကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် နောက်တစ်နေ့၌ သဲကန္တာရတွင်မိုဘာဟိလဟ်အတွက် ပြင်ဆင်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ မိုဘဟာလ၏ နံနက်အချိန်တွင် တမန်တော်မြတ်(ဆွ)သည် မဒီနာမြို့မှ အေမာမ်အလီ (အစ)၊ ဖွာ‌သွေမဟ်(စအ) ၊ ဟစန် (အစ) နှင့် ဟိုစိုင်းန် (အစ) တို့နှင့်အတူ ထွက်ခွာခဲ့သည်။ နဂ်ျရာန် ခရစ်ယာန်များသည် တမန်တော်မြတ်သည် ၎င်း၏ အချစ်ဆုံး လူများနှင့်အတူ မိုဘာဟိလာ အတွက်ရောက်လာပြီး တမန်တော်များ အားလုံး မိုဘာဟိလာ အတွက် မြေကြီးအပေါ် ဒူးထာက်ထိုင်န သကဲ့သို့ မြင်ကွင်းမျိုးကို မြင်တွေ့ပြီးနာက် မိုဘာဟိလာ ပြုလုပ်ခြင်းမှ ငြင်းဆိုခဲ့ကြပြီး ငြိမ်းချမ်းရေးပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ တမန်တော်မြတ်သည်လည်း ဂျဇီယာပေး‌ ဆောင်ရမည် ဟူသော ပညတ်ချက်ဖြင့် ၎င်းတို့၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။

ခရစ်ယာန်များသည် နဂ်ျရာန်သို့ ပြန်လာပြီးနောက် လေ့လာရေးခရီး၏ အကြီးအကဲနှစ်ဦးသည် တမန်တော်မြတ်(ဆွ)ထံသို့ လက်ဆောင်များပေးကာ မွတ်စလင်များ ဖြစ်လာခဲ့သည်။ (7) အဲဟ်လေစွန္နသ် ပညာရှင် ဖခ်ရာဇီး (ဟီဂျရီ ၆၀၆ ) ပြောကြားသည်မှာ ၊ သဖ်စီးရ် ပညာရှင်များ နှင့် ဟဒီးစ် ကိုးကားကြသူများသည် ဤအဖြစ်အပျက်ကို အားလုံးသဘာထား တူညီမှု ရှိကြသည်။ (8)

အာယသ် သေ မိုဘာဟိလာ

အာယသ် သေ မိုဘာဟိလဟ် သည် စူရဟ် အာလေအင်မ်ရားန် အာယသ် အမှတ် ၆၁ ဖြစ်ပြီး မိုဘာဟိလာ အဖြစ်အပျက်အား ဖော်ညွှန်းထား ပေသည်။

(၁၆) فَمَنْ حَاجَّكَ فِیهِ مِن بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَ أَبْنَاءَكُمْ وَ نِسَاءَنَا وَ نِسَاءَكُمْ وَ أَنفُسَنَا وَ أَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ اللَّـهِ عَلَی الْكَاذِبِینَ

အရှင့် (ဉာဏ်တော်အနန္တ၏) အသိပညာမှ ဤအမှန်တရားသစ္စာအား အသင့်ထံရောက်လာစေတော်မူပြီးနောက် ယင်းနှင့်ပတ်သက်၍ အသင့်ကို စောဒကတက်ငြင်းခုံ လိုသူတို့အား “လာကြ၊ ကျွန်ုပ်၏ သားမြေးများနှင့် သင်တို့၏သားမြေးများ၊ ကျွန်ုပ်တို့၏ အမျိုးသမီးများနှင့် သင်တို့၏ အမျိုးသမီးများ၊ ကျွန်ုပ်တို့ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့် စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော် အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အပါအဝင် ကျွန်ုပ်ကိုယ်တိုင်နှင့် သင်တို့ကိုယ်တိုင် ဆင့်ခေါ် ပါဝင်စေ (လျက် တစ်နေရာတွင် စုရုံးစေ) ပြီးနောက် “လိမ်လည်သူ (နှင့်အရှင့်အမိန့်တော်များကို သွေဖည်ဆန့်ကျင်၍ အငြင်းသန်သူ) တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ (မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးစေမည့်) ကျိန်စာသင့်ပါစေ။” ဟု (နှစ်ဘက်စလုံးက) ရိုကျိုးစွာ ကျိန်ဆိုတိုင်တည်ကြရန်”” တောင်းဆိုမိန့်ကြားလော့။

        ကာဇွီ နှုရုလ္လာဟ် ရှုရ်ှုသရီး ၏ အဆိုအရ ၊ သဖါစီးရ် ပညာရှင်များအားလုံး လက်ခံထားသည်မှာ အာယသ် သေ မိုဘာဟိလာ၌ လာရှိထားသည့် «ابنائَنا» " ကျွန်ုပ်၏ သားမြေးများ " ဟူသည် ‌‌‌‌‌‌‌‌ဟစန် နှင့် ဟိုစိုင်းန် တို့ဖြစ်ပြီး ၊ «نسائَنا» "ကျွန်ုပ်တို့၏ အမျိုးသမီးများ" ဟူသည် ဖွာ‌‌သွမာဟ် သခင်မ ဖြစ်ကာ «اَنفُسَنا» " ကျွန်ုပ်တို့ နဖ်စ် ၊ ကျွန်ုပ်ကိုယ်တိုင် " ဟူသည် အေမာမ်အလီ (အစ) အား ဖော်ညွှန်းထား‌ပေသည်။ (9) ထို့အတူ အလ္လာမဟ် မဂ်ျလေစီသည် အာယသ် သေ မိုဘာဟိလာသည် အာလေအဘာ ငါးပါး၏ သာလွန်မြင့်မြတ်မှု အပေါ် သက်သေပြုသော ဟဒီးစ်အား ထင်ပေါ်ကျာ်ကြားသော ဟဒီးစ် ဖြစ်သည်ဟု လက်ခံထားသည်။ (10) အိဟ်ကာကုလ်ဟက္က် စာအုပ် ( ဟီဂျရီ ၁၀၁၄ ၌ ထုပ်ဝေခဲ့) ၌ အာယသ်‌‌ သေ မိုဘာဟိလာသည် ထိုသူများ နှင့်ပတ်သက်ပြီး ကျရောက်ခဲ့ခြင်း အကြောင်းကို အတိအလင်း ဖော်ပြထားသည့် အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများမှ ကျမ်းကိုး‌‌ပေါင်း ခြောက်ဆယ်နီးပါးကို ဖော်ပြထားသည်။ (11) တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ ကျွန်ုပ်၏ အသက်သည် ၎င်း၏ လက်ထဲ၌ရှိတော်မူသော အရှင်မြတ်အား တိုင်တည် ကျိန်ဆိုပါ၏ ။ နဂ်ျရာန် ခရစ်ယာန်များသည် ပျက်စီးလုနီးပါး ဖြစ်လာ ပေသည်။ အကယ်၍ ကျွန်ုပ် နှင့် မိုဘာဟိလာ ပြုလုပ်ပါက ၎င်းတို့ အားလုံးသည် မျောက် နှင့် ဝက် ဘဝသို့ ကူးပြာင်းသွားမည် ဖြစ်သည်။ ထို့နောက် ချိုင့်ဝှမ်းတစ်ခုလုံး ၎င်းတို့အတွက် မီးများဖြင့် တောက်လောင်နေပြီး ၎င်းတို့အား လောင်မြိုက်စမည်။ ထိုနောက် အရှင်မြတ်သည် နဂ်ျရာန် လူမျိုးများကို ပျဖျက်ဆီး စေပြီး ဌက်များပင် ၎င်းတို့၏သစ်ပင်များပေါ်တွင် မကျန်တော့ဘဲ ခရစ်ယာန်များအားလုံး တစ်နှစ်မတိုင်မီ သေဆုံးသွားကြမည် ဖြစ်သည်။ မိုဖီးဒ် ၊ အလ်အိရ်ရှာဒ် ၊ ဟီဂျရီ ၁၄၁၃ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၆၆ - ၁၇၁         ရှီအာ အေမာမ်များ (12) နှင့် တမန်တော်မြတ်၏ အဆ်ွဟာဘ်အချို့ များ (13) သည်လည်း အေမာမ်အလီ (အစ) ၏ သာလွန်မြင့်မြတ်မှုကို သက်သေပြုဖို့ရန် အတွက် ဤအာယသ် တော်ကို အသုံးပြုကြသည်။

အချိန်ကာလ နှင့် နေရာ

        သမိုင်းဆိုင်ရာ ကျမ်းကိုးများအရ ၊မိုဘာဟိလဟ် အဖြစ်အပျက်သည် တမန်တော်မြတ်(ဆွ) မဒီနာမြို့သို့ ဟီဂျရသ် ပြုလုပ်ပြီးမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (14) သို့သော် ၎င်းဖြစ်ပွားခဲ့သည့် နှစ် ၊ ရက် နှင့် ပတ်သက်ပြီး ကွဲပြားသည့် အမြင်တွေ ရှိပေသည်။ ရှီးခ် မိုဖီးဒ် ( ဟီဂျရီ ၁၄၃ ကွယ်လွန်) သည် မိုဘာဟိလဟ် ဖြစ်ပွားခဲ့သည့်နှစ်ကို ဖသ်ဟေမက္ကာ မက္ကာကို အောင်နိုင်ပြီးနာက်ပိုင်း (ဟီဂျရီ ရှစ်ခုနှစ်) ၌ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (15) သာရီးခေသွီဘ်ရီ (ဟီဂျရီ ၃၀၃ ထုပ်ဝေ) ၌ ဟီဂျရီ ဆယ်စုနှစ် ဟူ၍ ဖော်ပြထားသည်။ (16) မုဟမ္မဒ် မုဟမ္မဒီ ရိန်း ရှဟ်ရီ ( အီရာန်နှစ် ၁၄၀၁ ကွယ်လွန်) ၏ အဆိုအရ ၊ ဖရ်ဟန့်ဂ်နာမေ ယေ မိုဘာဟိလဟ် စာအုပ်၌ ထင်ရှားကျော်ကြားသော သမိုင်းပညာရှင်များက ဤဖြစ်ရပ်ကို ဟီဂျရီ ဆယ်စုနှစ် ၊ အချို့များသည် ဟီဂျရီ ကိုးခုနှစ် နှင့် သက်ဆိုင်သည်ဟု ယူဆကြသည်။ (17)

        မိုဘာဟိလဟ် ဖြစ်ပွားခဲ့သည့် နေ့နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များလည်း ရှိပါသည်။ ဥပမာ ဇီလ်ဟဂ်ျလ၂၁ ရက် (18) ဇီလ်ဟဂ်ျလ ၂၄ ရက် (19) နှင့် ဇီလ်ဟဂ်ျလ ၂၅ ရက် (20) စသည်တို့ ဖြစ်သည်။ ရှီးခ် အန်ဆွာရီ သည် ဇီလ်ဟဂ်ျလ ၂၄ ရက်နေ့ကို ထင်ပေါ် ကျော်ကြားသောနေ့ဟု သတ်မှတ်ထားသည်။ (21) ထို့အတူ ဒိုအာ စာအုပ်များ၌ ၊ ဇီလ်ဟဂ်ျလ ၂၄ ရက်နေ့အတွက် ကျင့်စဥ်များကို ဖော်ပြထားသည်။ (22) ရှီးခ် အဘ္ဘာစ် ကွမ်မီး သည် ၊ မဖာသီးဟုလ်ဂျန်နားန် ၌ ထိုနေ့တွင် ဒိုအာ ဖတ်ရွတ်ခြင်း ၊ ဂိုစူလ် ပြုလုပ်ခြင်း နှင့် ရိုဇာ ထားခြင်း ဟူသော ကျင့်စဉ်များကို ဖော်ပြပေးထားသည်။ (23)

နေရာ

မိုဘာဟိလဟ် အဖြစ်အပျက်သည် မဒီနာ၌ ဖြစ်ပွားခဲ့သည်။ သို့သော် ဖြစ်ပွားခဲ့သည့် တည်နေရာအတိအကျကို မသိရပေ။ ဘကီးအ် သုသာန် အနီး၌ ၊ မိုဘာသိလဟ် ဗလီဝတ်ကျာင်းတော် နှင့် အိဂျာဘဟ် ဗလီဝတ်ကျာင်းတော် ဟူ၍ ရှိပေသည်။ (24) ဇေရာရသ် ပြုလုပ်သူများသည် ထိုနေရာကို မိုဘာဟိလဟ် ပြုလုပ်ခဲ့သည့် နေရာအဖြစ် ဇေရာရသ် ပြုလုပ်ကြသည်။ (25) သို့သော် သမိုင်းဆိုင်ရာ ကျမ်းကိုးများ၌ ၊ ထိုသို့အမည်ဖြင့် ဗလီဝတ်ကျာင်းတော်ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဖော်ပြထားပေ။ (26) ရှီအာ စာရေးဆရာ ဖြစ်သူ မုဟမ္မဒ် ဆွာဒီက္က် နဂ်ျမီ ( အီရာန်နှစ် ၁၃၀ ကွယ်လွန်) ယုံကြည် လက်ခံထားသည်မှာ ဤသို့ အမည်ရှိသော ဗလီဝတ်ကျာင်းတော်သည် မိုဘာဟိလဟ် အဖြစ်အပျက် နှင့် သက်ဆိုင်မှု မရှိ‌ပေ ၊ ဤသို့ မှားယွင်းရခြင်းမှာလည်း အိဂျာဘဟ် နှင့် မိုဘာဟိလဟ် ဟူသော ဝေါဟာရ နှစ်မျိုး၏ အနက်အဓိပ္ပါယ် မှာ ဆင်တူရိုးမှား ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းသည် မိုဘာဟိလဟ် ဗလီတွင် နမာဇ်ဖတ်ရွတ်ရန် အကြံပြုထားသည့် အိဗ်နေ မက်ရှ်ဟဒီ၏ ဆိုစကားကို ကြောင့်လည်း ဖြစ်သည်ဟု ယုံကြည်ထားသည်။ (27) အိဗ်နေ မက်ရှ်ဟဒီ ( ဟီဂျရီ ၆၁၀ ကွယ်လွန်) သည် အလ်မိဇာရ် စာအုပ်၌ ၊ မိုဘာဟိလဟ် ဗီဝတ်‌ကျောင်းတော်၏ အကြောင်းကို ဖော်ပြထားပြီး ထိုနေရာ၌ နမာဇ်ဖတ်ရန် တိုက်တွန်း အကြံပြုထားသည်။ (28) မုဟမ္မဒ် ဆွာဒီက္က် နဂ်ျမီ ၏ အဆိုအရ ၊ မိုဘာဟိလဟ် ဖြစ်ပွားခဲ့သည့် နေရာ၌ ဗလီ မတည်ဆောက်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ တမန်တော်မြတ်(ဆွ) သည် ထိုနေရာ၌ နမာဇ် မဖတ်ရွတ်ခဲ့ ‌သောကြာင့် ဖြစ်သည်။ အဘယ်ကြောင့်ဆို‌သော် မွတ်စ်လင်မ် လူထုသည် တမန်တော်မြတ်(ဆွ) နမာဇ် ဖတ်ခဲ့သည့် နေဗလီရာတိုင်းကို ဗလီ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ (29)

စာအုပ်များ နှင့် အနုပညာ လက်ရာများ

        မိုဘာဟိလာ အဖြစ်အပျက် နှင့်ပတ်သက်ပြီး စာအုပ်များကို ရေးသားခဲ့သည်။ ၎င်းတိုဘအနက်မှ အချို့စာအုပ်များမှာ

  • မန်ဘအ် ရှေနာစီ ယေ ဝါကေအေ ယေ မိုဘာဟိလာ ၊ မုဟမ္မဒ် အလီ အစ်ဂရီ နှင့် မုဟမ္မဒ် အလီ နဂျဖီ တို့ ရေးသားထားသည်။ ဤစာအုပ်သည် အီရာန်နှစ် ၁၄၀၁ ၌ ထုပ်ဝေခဲ့ပြီး စာအုပ် ၈၀ ခန့်၊ စာတမ်း ၂၅ ခု၊ ဆောင်းပါး ၁၀၀ နှင့် ဤနယ်ပယ်တွင် ဘာသာစကား အမျိုးမျိုးဖြင့် ဆော့ဖ်ဝဲနှင့် မီဒီယာအရင်းအမြစ် များစွာကို မိတ်ဆက်ပေးခဲ့သည်။ (31)
  • ဖရ်ဟန့်ဂ်နာမေ ယေ မိုဘာဟိလာ ၊ မုဟမ္မဒ် မုဟမ္မဒီ ရိန်းရှဟ်ရီ နှင့် အခြားသူများ ရေးသားထားသည်။ ဤစာအုပ်၌ ၊ မိုဘာဟိလာ အဖြစ်အပျက် နှင့်ပတ်သက်ပြီး သဖ်စီးရ်ပညာရှင် ဖြစ်သူ ဖခ်ရ်ရာဇီ (ဟီဂျရီ ၆၀၆ ကွယ်လွန်) နှင့် ရှီအာ သီအိုလောဂျီ ပညာရှင် ရှီးခ်မိုဖီးဒ် (ဟီဂျရီ ၄၁၃ ကွယ်လွန်) ဖော်ပြချက်များ၌ လာရှိထားသည်။ ထို့အတူ မိုဘာဟိလာ နှင့်ပတ်သက်ပြီး အဲဟ်လေဘိုင်းသ် တို့၏ အ‌ခြေတင် ဆွေးနွေး ပြောဆိုချက်များအပြင် ယင်းနေ့၌ ကျင့်ဆောင်သင့်သည့် ကျင့်ဝတ်များကိုပါ ဖော်ပြထားသည်။ ဒါရုလ်ဟဒီးစ် ပုံနှိပ်တိုက်သည် ဤစာအုပ်ကို အီရာန်နှစ် ၁၃၉၅ ခုနှစ်တွင် စာမျက်နှာပါင်း ၁၅၄ မျက်နှာ ဖြင့် ထုပ်ဝေခဲ့သည်။ (32)
  • လူယီမာစီနီယူးန် ရေးသားထားသည့် မိုဘာဟိလဟ် ဒရ် မဒီနာ ဟူသော စာအုပ် ၊ ဤစာအုပ်ကို ၁၃၇၈ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး မဟ်မူဒ် အိဖ်သေခါရ် ဇာဒေဟ် မှ ဘာသာပြန်ဆိုထားပြီး ‌ရေစာလသ် ကလမ် ပုံနှိပ်တိုက်မှ ထုပ်ဖေဝခဲ့သည်
  • စိုင်ယိဒ် မုဟမ္မဒ် အလဝီ ရေးသားထားသည့် မိုဘာဟိလဟ် ဆွာဒီကီးန် စာအုပ်၊ ကွမ်း ၊ နဂ်မာသ် ၊ အီရာန်နှစ် ၁၃၈၃ ။
  • မိုဘာဟိလဟ် စာပေပွဲတော်၏ ရွေးချယ်ထားသော လက်ရာများ ၊ ၎င်းသည် မိုဘာဟိလဟ် နယ်ပယ်တွင် ပထမဆုံးသော စာပေလက်ရာဖြစ်သည်။ ထို့အပြင် မိုဘာဟိလဟ် စာပေပွဲတော်သို့ ပေးပို့သော လက်ရာများမှ ကောက်နှုတ်ချက် လည်းဖြစ်သည်။ ဤစာအုပ်ကို ကဗျ ာနှင့် စာပေစကားပြေ ဟူ၍ နှစ်ပိုင်းခွဲထားသည်။ (33)

အနုပညာလက်ရာ

        မိုဘာဟိလာ အဖြစ်အပျက် နှင့်ပတ်သက်ပြီး အနုပညာ လက်ရာများ ဖြစ်ကြသော ပန်းချီကားချပ်များ ၊ ကာတွန်း စသည်တို့ကိုလည်း ထုတ်လုပ်ခဲ့သည်။ .ဤလက်ရာများထဲမှ ရှေးအကျဆုံးတစ်ခုမှာ အာစာရုလ်ဘာကီယဟ် စာအုပ်၏ မိတ္တူတွင် ပါရှိသော ပန်းချီကားဖြစ်သည်။ ဤပန်းချီကားကို ဟီဂျရီ ၇၀၇ တွင်ရေးသားခဲ့ပြီး ပြင်သစ် တွင်သိမ်းဆည်းထားသည်။ (34) သမိုင်းပညာရှင် ရစူလေဂျအ်ဖရီယားန် ၏ အဆိုအရ ၊ ကော်ပီဆရာသည် ဤပန်းချီကားကို စာအုပ်ထဲသို့ ထည့်နိုင်ဖွယ်ရှိသည်။ (35)