မာတိကာသို့ ခုန်သွားရန်

အာယသ်သေစိုက်ဖ်

wikishia မှ
အာယသ်သေ စိုက်ဖ်
အာယသ်တော် အမည်စိုက်ဖ်
လာရှိသည့် စူရဟ်သောင်ဗဟ်
အာယသ်တော်အမှတ်
ဂျွတ်ဇ် နံပါတ်၁၀
ရှာနေနိုဇူလ် ဖြစ်သည့်နေရာမဒီနာ
ခေါင်းစဉ်သက်ဝင်ယုံကြည်မှုများ
အကြောင်းမွတ်ရှ်ရေက်များ နှင့် ဆက်ဆံ ခြင်း
ပတ်သက်ဆက်နွယ်နေသည့် အာယသ်တော်များစူရဟ်ဟဂျ်၏ အာယသ်တော်အမှတ် ၅၊ စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ ၊ စူရဟ် ဗကရဟ် အာယသ်တော်အမှတ် ၁၉၀၊၁၉၁၊၁၉၃

အာယသ်သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် (အရဘီ : آية السّيف أو آية القِتال ) ဆိုသည်မှာ (စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ ) ဖြစ်ပြီး မွတ်ရှ်ရေက်များအား အစ္စလာမ်ဘာသာသို့ မကူး ပြောင်း ပါက လေးလကြာပြီးနောက် သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးခြင်း နှင့် ဝိုင်းရံထားရန် မွတ်စလင်မ်များ အား အမိန့်ပေးထားသည့် အာယသ်တော်ဖြစ်ပါသည်။ ရှီအဟ် နှင့် စွန်နီသဖ်စီးရ် ပညာရှင်များ၏အဆိုအရ ဤ အာယသ်တော်လာ မွတ်ရှ်ရေက် များသည် တမန်တော် (ဆွ) လက်ထက်တွင် ပဋိညာဉ်ဖောက်ဖျက်သော ကိုရည်ညွှန်းကြောင်းဆိုထားပါ သည်။ သို့သော် စလဖီ ၊ဂျေဟာဒ်ဒီ အုပ်စုများသည် ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ (တိုက်စစ်) အတွက် ဤ အာယသ်တော် ကို ကိုးကားကြပါသည်။

အချို့ပညာရှင်များက အာယသ်သေ စိုက်ဖ် အား ဆိုလ်ဟ်ဂျစ်ဇ်ယဟ်ဖစ်ဒ်ယဟ် ခေါင်းစဥ်၏ အချို့ အာယသ် တော်များ ကြောင့် နာစေခ် ဖြစ်သွားသည်ဟု ဆိုကြပါသည်။ သို့သော် အချို့ ပညာရှင်များ က အာယသ် သေ စိုက်ဖ်သည် မည်သည့် အာယသ်တော် ကြောင့် နာစေခ် မဖြစ်ကြောင်း ဆိုထားပါသည်။ ထိုပြင် နောက်အာယသ်တော် ကြောင့် သက်ခ်ဆီးဆ် (သီးခြားသတ်မှတ်ခြင်း ၊ အထူးပြုခြင်း ) ပြုထားပါ သည်။ ဤသည်မှာ အလ္လာဟ်ဟို အရှင်မြတ်သည် တမန်တော်မြတ် (ဆွ) အားမိန့် ကြားတော်မူသည်မှာ «  အကယ်၍ မွတ်ရှ်ရေက် တစ်ဦးတစ်ယောက်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော်ကို ကြားနာရန် သင့်ထံ ခိုလှုံရန်ရှာလျှင် သူ့အား ခွင့်ပြုပေးပြီး လုံခြုံသောနေရာသို့ပို့ဆောင်ပါလေ။  » ဖြစ်ပါသည်။

စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ နှင့် စူရဟ် ဟဂျ် ၏ အာယသ်တော် ၃၉ ကိုလည်း အာယသ် သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် ဟုခေါ်ဆိုပါသည်။

အာယသ်တော် ၏ အချက်အလက် များ

အာယသ်သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် သည် စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ ဖြစ်ပါသည်။ ဤအာယသ် တော်အရ မွတ်စလင်မ် များကို ဟီဂျရီ ၉ ခုနှစ် တွင် အမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအမိန့်မှာ မွတ်ရှ်ရေက်များ ကိုလေးလ အချိန်ပေးပြီးနောက် ပြင်းပြင်းထန်ထန်ဆက်ဆံရန် ဖြစ်ပါသည်။ ပမာအားဖြင့် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဝိုင်းရံပိတ်ဆို့ ခြင်းတို့ ဖြစ်ပါသည်။[]

ဤ အာယသ်တော်အရ မွတ်ရှ်ရေက်များသည် သတ်မှတ်ထားသောကာလ မကျော်လွန်မီ အစ္စလာမ် ဘာသာ ကို လက်ခံယုံကြည်ကြပြီး အစ္စလာမ်မီ ထုံးတမ်းများ မှ အရေးအကြီးတကာ အကြီးဆုံးဖြစ်သည့် နမာဇ် ဝတ်ပြုခြင်း နှင့် ဇကာသ်ပေးခြင်း ကို ပြုလုပ်လျင် ၎င်းတို့သည် ဘေးကင်းပြီး ကွဲပြားမှုမရှိဘဲ မွတ်စလင်မ် များ နှင့် အတူ အခွင့်အရေး ရရှိမည် ဖြစ်မည်။[] ပညာရှင်များ က အာယသ်တော် တွင် နမာဇ် ဝတ်ပြု ခြင်း နှင့် ဇကာသ် ပေးခြင်း တို့ကို ဖော်ပြခြင်းသည် သောင်ဗဟ် (ဝန်ချတောင်းပန်ခြင်း) နှင့် အီမာန် (သက်ဝင်ယုံ ကြည်ခြင်း) ၏ လက္ခဏာများ မှ ဖြစ်သည်ဟု ဆိုထားကြပါသည်။[]အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှီရာဇီး ၏အဆိုအရ « လမ်းများကိုပိတ်ဆို့ခြင်း၊ ဝိုင်းရံပိတ်ဆို့ ခြင်း၊ ဖမ်းဆီးခြင်း နှင့် သတ်ဖြတ် ခြင်း  » ၏ ရွေးချယ်စရာလေးခုထဲမှ တစ်ခုရွေးချယ်မှုသည် ရွေးချယ်ခွင့် မဟုတ်ကြောင်း ရှင်းလင်းစွာ သိရ သည် ဟု ဆိုထားပါသည်။ ယင်းရွေးချယ်မှုများထဲမှ တစ်ခုကို အကောင်အထည်ဖော်သည့်အခါ အချိန်၊ နေရာ၊ စသည် စည်းကမ်းသတ်မှတ်ချက်များ နှင့် သင့်လျော်သည့်အတိုင်း ပြုရမည် ဖြစ်ပါသည်။[]

သဖ်စီးရ်ပညာရှင်များသည် အချိန်ပေးထားသည် လေးလတွင် မည်သည့်လများ ပါဝင်သည်နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များ ရှိသည်။ အချို့က ဤလများကို တားမြစ်လများဟု ဆိုထားကြပါသည်။[]အပြိုင် တွင် သဖ်စီးရ် ပညာရှင် အများစု သည် အချိန်ပေးထားသည် လေးလ သည် တားမြစ် လ လေးလ မဟုတ်ဘဲ အခြား လများ ဖြစ်သည်ဟု ဆိုထားကြပါသည်။ ထိုလေးလမှာ ဇေလ်ဟဂျ်ဂျဟ် ၉ရက်နေ့ ဟီဂျရီ ၉ ခုနှစ် မှ ရဘီအွတ်စ်စာနီ ၁၀ရက်နေ့ ဟီဂျရီ ၁၀ ခုနှစ် ဖြစ်ကြောင်း ဆိုထားကြပါသည်။[]

အာယသ်သေ စိုက်ဖ် ကို ကိုးကား၍ အချို့ ဓမ္မသတ်ပညာရှင်များ (ခ)ဖေကဟ်ပညာရှင်များ က နမာဇ် စွန့်လွတ်သူ ၊ နမာဇ် လက်မခံသူ အား မိုရ်သဒ် ဖြစ်ကြောင်း ၎င်းအား သတ်ခြင်း မှာ ဝါဂျစ်ဗ် ဖြစ်ကြောင်း ဆိုထားကြပါသည်။ အကြောင်း မှာ အကြောင်းမှာ ဤအာယသ်တော် တွင် နမာဇ် ဝတ်ပြုခြင်း သည် မွတ်ရှ်ရေက် အား သတ်ဖြတ်ခြင်းမှ ကာကွယ်နိုင်သော စည်းကမ်းချက် များမှ တစ်ခုဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။ [] အချို့ သဖ်စီးရ် ပညာရှင်များက စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉[] နှင့် စူရဟ် ဟဂျ် ၏ အာယသ်တော် ၃၉ ကိုလည်း အာယသ် သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် ဟုခေါ်ဆိုထားကြပါသည်။[]

فَإِذَا انْسَلَخَ الْأَشْهُرُ الْحُرُمُ فَاقْتُلُوا الْمُشْرِكِينَ حَيْثُ وَجَدْتُمُوهُمْ وَخُذُوهُمْ وَاحْصُرُوهُمْ وَاقْعُدُوا لَهُمْ كُلَّ مَرْصَدٍ فَإِنْ تَابُوا وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ فَخَلُّوا سَبِيلَهُمْ إِنَّ اللَّهَ غَفُورٌ رَحِيمٌ


(ထို့နောက် မြင့်မြတ်သောလများ ကုန်လွန်သွားသောအခါ သင်တို့ တွေ့သမျှ နေရာတိုင်းတွင် မွတ်ရှ်ရေက်များ ကို သတ်ပါလေ။ပြီးနောက် ၎င်းတို့ကို ဖမ်းဆီး ပါလေ။ ပြီးနောက် ဝိုင်းရံ ပိဆ်ဆို့ ပါလေ။ ပြီးနောက် ၎င်းတို့အား ချောင်းမြောင်း နိုင်သည့် ချောင်းမြောင်းမှုတိုင်း ပြုလုပ် ပါသည်။ အကယ်၍ ၎င်းတို့သည် သောင်ဗဟ် (ခ)ဝန်ချတောင်းပန်မည်။ ပြီးနောက် နမာဇ် ဝတ်ပြုမည်။ ပြီးနောက်ဇကာသ် ပေးဆောင်မည် ဆိုလျင် ၎င်းတို့အတွက် လမ်းဖွင့်ပေးလိုက်ပါ။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွတ်သနားတော်မူသောအရှင် ဖြစ်တော်မူသည် အတွက်ကြောင့် ဖြစ်ပါသည်။)



စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅


ပဋ္ဋိညာဉ်ချိုးဖျက်သော မွတ်ရှ်ရေက်များ နှင့် စစ်ဖြစ်ခြင်း

သဖ်စီးရ်ပညာရှင်များ သည် ဤအာယသ်တော် ရှိ မွတ်ရှ်ရေက်များ အား တမန်တော်မြတ်(ဆွ) လက်ထက်က ပဋိညာဉ် ဖောက်ဖျက်သော မွတ်ရှ်ရေက်များ ဖြစ်ကြောင်း ဆိုထားပါသည်။ ထိုသူများသည် တမန်တော်မြတ် (ဆွ )နှင့် မွတ်စလင်မ်များနှင့် ပဋိညာဉ်ဖွဲ့ခဲ့သော် ချိုးဖျက် ခဲ့ကြသူများ ဖြစ်ပါသည်။ [၁၀] အချို့ သဖ်စီးရ် ပညာ ရှင်များ က မွတ်ရှ်ရေက်များ ဆိုသည်မှာ မကောင်း ကြံစည်ကြသည့် မွတ်ရှ်ရေက်များ နှင့် ကာဖေရ် ဟရ်ဘီ များ ဖြစ်ကြောင်း ဆိုထားပါသည်။[၁၁]

ဤအာယသ်တော် နှင့် တိုက်ပွဲနှင့်သက်ဆိုင်သည့် အခြားအာယသ်တော် များကို အနက်ပြန်ဆိုရာတွင် စွန်နီသဖ်စီးရ် ပညာရှင် ရရှီးဒ် ရေဇာ ( ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၃၅ ခုနှစ်) သည် မက္ကဟ် မြို့က မွတ်ရှ်ရေက် များကို ဆိုလိုကြောင်း ထိုမွတ်ရှ်ရေက်များ နှင့်ပတ်သက်၍ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် အာယသ် သေ ကေသာလ် (တိုက်ပွဲ) များ တွင် ပဋိညာဉ်များကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သော ကြောင်း မိန့်ကြား ထားပါသည်။[၁၂] သဖ်စီးရ်ပညာရှင် တစ်ပါး ဖြစ်သည့် မိုဟမ္မဒ် အေဇက်သ် ဒရူဇဟ် (ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၈၄ ခုနှစ် ) ၏အဆိုအရ စူရဟ် သောင်ဗဟ် ၏ အစပိုင်း အာယသ်တော်များတွင်လာရှိသည့် မွတ်ရှ်ရေက်များ ဆိုသည်မှာ ပဋိညာဉ်ကို ချိုးဖျက်ခဲ့ကြသူများ ဖြစ်ကြောင်း ၎င်းတို့ သည် တမန်တော်မြတ် (ဆွ) သဗူက် စစ်ပွဲ တွင် ပါဝင်နေချိန် မွတ်စလင်မ် များ အပေါ် ကောက်ကျစ် ကြံစည်မှု ကို ပြုလပ်ခဲ့ကြသူများ ဖြစ်ပါသည်။[၁၃] မိုဟမ္မဒ် အေဇက်သ် ဒရူဇဟ် ယုံကြည်ချက်အရ ဤအာယသ်တော်များ အရ မွတ်ရှ်ရေက် များ အားလုံး အကျုံးဝင် သည်ဟု ဆိုခြင်းမှာ စေယာက် ဝ စဖါက် (ခ) ဆက်စပ်အကြောင်းအရာနှင့် အခြေ အနေ နှင့် အဓိပ္ပာယ်ဆိုလိုချက် အရ မကိုက်ညီကြောင်း ဖြစ်ပါသည်။[၁၄]

သုတေသီအချို့ မှ စူရဟ်သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ အား စလဖီ ၊ဂျေဟာဒ်ဒီ အုပ်စုများ မှ ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ (တိုက်စစ်) အတွက် ကိုးကားကြကြောင်း ဆိုထားပါသည်။[၁၅] ၎င်းတို့ အနေဖြင့် ဤအာယသ်တော် အား ဆိုလ်ဟ်(ငြိမ်းချမ်းရေး) နှင့် အအ်ဖ် (ခွင့်လွတ်ခြင်း ) ဆိုင်ရာ အာယသ်တော်များ အားလုံးအတွက် နစာစေခ် ဖြစ်ကြောင်း ဤအာယသ် တော် လာ မွတ်ရှ်ရေက်များဆိုသည်မှာ ကာဖေရ်များ အားလုံး ကို ဆိုလိုခြင်း ဖြစ်ကြောင်း ထိုကာဖေရ်များသည် မိုဟာရေဗ် ဖြစ်စေ ၊ မိုဟာရေဗ် မဖြစ်စေ ပါဝင် ကြောင်း ဆိုထားပါသည်။[၁၆] အခြားတစ်ဖက်တွင် ဤအကျယ် ဖွင့်ဆိုချက်မှာ မှားယွင်းကြောင်း ဘာသာ သာသနာ နှင့် ပတ်သက်၍ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ပြဌာန်းခြင်းသည် မွတ်စ်လင်မ် ယုံကြည်ချက် အပေါ် ဆိုးကျိုးသက်ရောက်စေပြီး အစ္စလာမ်၏ပုံရိပ်ကို ညှိုးနွမ်းစေကြောင်း ဆိုထားပါသည်။[၁၇]

အာယသ်တော် ၏ နာစေခ် သို့မဟုတ် မန်စူခ် ဖြစ်ခြင်း

အချို့ သဖ်စီးရ် ပညာရှင်များက အာယသ်သေ စိုက်ဖ် သည် ကျမ်းတော်မြတ်ကုရ်အာန် လာ မွတ်ရှ်ရေက်များ နှင့်ပတ်သက်သည့် ဆိုလ်ဟ်(ငြိမ်းချမ်းရေး) နှင့် အအ်ဖ် (ခွင့်လွတ်ခြင်း ) ဆိုင်ရာ အာယသ်တော်များ မွတ်ရှ်ရေက်များ မှ ဖစ်ဒ်ယေ ယူခြင်းဆိုင်ရာ အာယသ်တော်များ ပေါင်း ၁၂၄ အာယသ်တော်ကို နာစေခ် ဖြစ်စေခဲ့ကြောင်း ဆိုထားကြပါသည်။[၁၈] အချို့ သဖ်စီးရ် ပညာရှင်များက အာယသ်သေ စိုက်ဖ် သည် ဆိုလ်ဟ်(ငြိမ်းချမ်းရေး) နှင့် အအ်ဖ် (ခွင့်လွတ်ခြင်း ) ဆိုင်ရာ အာယသ်တော်များကြောင့် မန်စူခ် ဖြစ်သွား သည်ဟု ဆိုထားကြပါသည်။[၁၉] အချို့ သဖ်စီးရ် ပညာရှင်များ မှ အာယသ်သေ စိုက်ဖ် နှင့် စူရဟ် မိုဟမ္မဒ် အာယသ် တော် အမှတ် ၄ တွင်လာရှိသည့် မွတ်ရှ်ရေက်များ မှ ဖစ်ဒ်ယဟ် ဘူဖို့ မိန့်ကြားထားတာ ဖြစ်ပါတယ်။ အာယသ်တော် နှစ်ပါးသည် အပြန်အလှန် နာစေခ်မဟုတ်ဘဲ မိုဟ်ကမ်အာယသ်တော်များ မှ ဖြစ်ပါသည်။ အကြောင်း သည်ကား တမန်တော်မြတ် (ဆွ) သည် မွတ်ရှ်ရေက်များ နှင့် စစ်တိုက်ရန် မိန့်ကြားထားသလို အအ်ဖ် (ခွင့်လွတ်ခြင်း) ပြုရန် နှင့် ၎င်းတို့ထံ မှ ဖစ်ဒ်ယဟ် (ရှရီအီဒဏ်ကြေး) ယူရန် မိန့်ကြားထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။[၂၀]

အချို့သော သဖ်စီးရ် ပညာရှင်များ ဤအာယသ် တော် သည် နောက်အာယသ်တော် နှင့် ဆက်စပ်သည်ဟု ဆို ကြပါ သည်။[၂၁] နောက်အာယသ် တော် ၌ အလ္လာဟ်ဟို အရှင်မြတ် က တမန်တော်မြတ်(ဆွ) အား မိန့်ကြား တော်မူသည်မှာ မွတ်ရှ်ရေက်များ ထဲမှ တစ်ဦးတစ်ယောက် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နှုတ် ကပတ်တော်ကို ကြားနာရန် သင့်ထံ ခိုလှုံခွင့်တောင်းပါကထိုသို့အား ကြားနာ ခွင့်ပေးပြီးနောက် လုံခြုံ သော အရပ်သို့ ခေါ်ဆောင်သွားပါရန် မိန့်ကြားထားပါ သည်။[၂၂]စွန်နီသဖ်စီးရ် ပညာရှင် ရရှီးဒ် ရေဇာ ( ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၃၅ ခုနှစ်) က ဤ အာယသ်သေ စိုက်ဖ် ၏ အထူးကိစ္စရပ်ဖြစ်ကြောင်း လက်ခံ ထားပါသည်။ အကြောင်းမှာ အချို့သော မွတ်ရှ်ရေက်များသည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ် ကပတ်တော်ကို မကြားရသေးသောကြောင့် ဖိတ်ခေါ်မှုသည် ၎င်းတို့ထံ လုံးလုံးလျားလျား မရောက် သေး သောကြောင့် ဖြစ်ပါသည်။ ဤအတွက်ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်းတို့အတွက် သမ္မာ တရားလမ်းကို ဖွင့်ထားခဲ့ပြီး အာယသ်သေ စိုက်ဖ် အထူးပြုခဲ့ပါသည်။[၂၃]

အချို့ သဖ်စီးရ် ပညာရှင်များ က အာယသ်သေ စိုက်ဖ် နာစေခ် ဖြစ်ကြောင်းကို ငြင်းဆိုထားကြပါသည်။ အကြောင်းသည်ကား စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ နောက်တွင် ကျရောက်လာသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ထိုအာယသ်တော်တွင် အဲဟ်လေ့ကေသာဗ် (ရဟူဒီ၊ခရစ်ယာန် ၊ ဇရသုထရသ ) အနေဖြင့် ဂျစ်ဇ်ယဟ် (အစ္စလာမ်ဘာသာဝင်မဟုတ်သူများက အစ္စလာမ် အစိုးရကို ပေးဆောင်ရသည့်အခွန်) ကို ပေးဆောင် သည့် အခြေအနေတွင် လွတ်လပ်ခွင့် ပေးထားပါသည်။[၂၄]

အောက်ခြေ မှတ်စုများ

  1. သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၅၂။
  2. မွတ်ဂ်နီယေဟ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၂။
  3. ဘိုင်ဇာဝီ ၊ အန်နဝါရ် ရိုလ်သန်ဇီးလ် ဝအစရာရိုလ်သအာဝီးလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၇၂။
  4. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၇ ၊ စာမျက်နှာ ၂၉၂။
  5. ဟာရှမီ ရာဖ်ဆန်ဂျာနီ ၊ ၊ရာဟ်နမာ ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ အတွဲ ၇ ၊ စာမျက်နှာ ၁၆။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ် ၊ အတွဲ ၂၁ ၊ စာမျက်နှာ ၃၃။
  6. သွဗ်ရေစီ ၊ မဂျ်မအိုလ်ဗယာန်း ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ အတွဲ၅ ၊ စာမျက်နှာ ၁၂။ သွဗာသွဗာရီ ၊ အလ်မီးဇန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၁၅၁။
  7. အစ္စတာအာဘာဒီ၊ အာယာသ်အယ်လ်အာဟ်ကမ်၊ မတ်က်တဘသိုလ်မအာရာဂျီ ၊အတွဲ ၁၊ စာမျက်နှာ ၂၄၉။
  8. ခူဝီ ၊အလ်ဗယာန်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၃၀ ခုနှစ် ၊ စာမျက်နှာ ၂၈၆။
  9. မတ်ကဇ်ဇေအစ်သေလာအာသ် ဝ မဒါရက်ခ် အစ္စလာမ်မီ ၊ ဖရ်ဟန်ဂ်နာမေဟ် အးလူမ်မေ ကုရအာန် အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ်၊ အတွဲ ၁ ၊ စာမျက်နှာ ၄၁၅။
  10. ကာရှဖီး ၊ သဖ်စီးရ် ဟိုစိုင်းန်နီ (မဝါဟစ်ဗ် ဗို အလိုင်း ) ၊ ကေသာဗ်ဖရူရှီ နူးရ် ၊ စာမျက်နှာ ၃၉၈။ ဖိုက်ဇ် ကာရှာနီ ၊ သဖ်စီးရ်ရိုလ်ဆွာဖီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၂။ အရှ်ကူရီ၊ သဖ်စီးရ် ရှရီဖ် လာဟီဂျီ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၂၇။ ဘိုင်ဇာဝီ ၊ အန်နဝါရ် ရိုလ်သန်ဇီးလ် ဝအစရာရိုလ်သအာဝီးလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၇၁။
  11. ကိုရရှီ ဘနာဘီ၊ သဖ်စီး အဲဟ်ဆန် နိုလ်ဟဒီးစ် ၊ အီရန် သက္ကရာဇ် ၁၃၇၅ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၈၈။
  12. အာရ်မင်န် ၊ ဂျာရိယာန်ဟာယ် သဖ်စီးရီ မုအာဆေရ် ၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ စာမျက်နှာ ၁၄၀။
  13. အာရ်မင်န် ၊ ဂျာရိယာန်ဟာယ် သဖ်စီးရီ မုအာဆေရ် ၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ စာမျက်နှာ ၃၉၅။
  14. အာရ်မင်န် ၊ ဂျာရိယာန်ဟာယ် သဖ်စီးရီ မုအာဆေရ် ၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ် ၊ စာမျက်နှာ ၃၉၅။
  15. လွတ်သွ်ဖီ ၊ «  နက်ဒ်ဂေ ဒီဂါဟ် စလ်ဖီယေ ဂျေဟာဒီ ဒရ်ဗါရေဟ် ယေ ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ ဗါ သကီယေ ဗရ် အာယသ် ၅ စူရဟ် သောင်ဗဟ် » ၊ စာမျက်နှာ ၃၅။
  16. လွတ်သွ်ဖီ ၊ «  နက်ဒ်ဂေ ဒီဂါဟ် စလ်ဖီယေ ဂျေဟာဒီ ဒရ်ဗါရေဟ် ယေ ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ ဗါ သကီယေ ဗရ် အာယသ် ၅ စူရဟ် သောင်ဗဟ် » ၊ စာမျက်နှာ ၃၅။
  17. ရှာယစ်က် ၊ « ဟလ်လေ သအာရိုဇ် ဇာဟေရီ ဗိုင်းနေ အာယာသ် သေ စိုက်ဖ် ဝ နဖီ ယေအစ်ကရာဟေ ဝ သာစီးရေ အောန် ဒဲရ် မစအလအေ အာဇါဒီ ဒဲရ် အန်သေခါဗ် ဗေ ဒီးန် » ၊ စာမျက်နှာ ၈၂။
  18. စူယူသီ ၊ အလ်အစ်သကာန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၁။ ဂျဇာယေရီ ၊ အိုကူဒ်ဒိုလ်မရ်ဂျာန် ၊ အီရန် သက္ကရာဇ် ၁၃၈၈ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၈၈။
  19. အန်နဲဟ်ဟာစ်၊ အန်နာစေခ် ဝ အဲလ်မန်စူခ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ စာမျက်နှာ ၄၉၃။
  20. ရှာအ်အဗ်ဒူအာဇီမီ၊ သဖ်စီးရ် အစ်စနာအရှရီ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ် ၊ အတွဲ ၅၊ စာ ၂၂။
  21. ရရှီးဒ် ရေဇာ ၊ သဖ်စီးရ်ရိုလ်မနာရ် ၊ ခရစ် သက္ကရာဇ် ၁၉၉၀ ခုနှစ် ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၁၅၉။
  22. စူရဟ် သောင်ဗဟ် ၊ အာယသ်တော် အမှတ် ၆ ။
  23. ရရှီးဒ် ရေဇာ ၊ သဖ်စီးရ်ရိုလ်မနာရ် ၊ ခရစ် သက္ကရာဇ် ၁၉၉၀ ခုနှစ် ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၁၅၉။
  24. ရှာယစ်က် ၊ « ဟလ်လေ သအာရိုဇ် ဇာဟေရီ ဗိုင်းနေ အာယာသ် သေ စိုက်ဖ် ဝ နဖီ ယေအစ်ကရာဟေ ဝ သာစီးရေ အောန် ဒဲရ် မစအလအေ အာဇါဒီ ဒဲရ် အန်သေခါဗ် ဗေ ဒီးန် » ၊ စာမျက်နှာ ၈၁။

ကျမ်းကိုးများ

  • အစ္စတာအာဘာဒီ၊ မီရ်ဇာ မိုဟမ္မဒ်ဘင်န်အလီ ၊ အာယာသ်အယ်လ်အာဟ်ကမ်၊ မတ်က်တဘသိုလ် မအာ ရာဂျီ၊ပုံနှိပ်မသိ။
  • အာရ်မင်န် ၊ မိုဟ်စင် ၊ ဂျာရိယာန်ဟာယ် သဖ်စီးရီ မုအာဆေရ် ၊ အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ်။
  • အရှ်ကူရီ၊ မိုဟမ္မဒ်ဘင်န်အလီ ၊ သဖ်စီးရ် ရှရီဖ် လာဟီဂျီ၊ တီဟီရန် ၊ ဒဲဖ်သရ် နရှ်ရ် ဒါဒ် ၊ အီရန် သက္ကရာဇ် ၁၃၇၃ ခုနှစ်။
  • ဘိုင်ဇာဝီ ၊ အဗ်ဒွလ္လာဟ် ဘင်န် အုမရ် ၊ အန်နဝါရ် ရိုလ်သန်ဇီးလ် ဝအစရာရိုလ်သအာဝီးလ် ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာလ်သိုရာစိုလ်အာရဘီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ ခုနှစ်။
  • ဂျဇာယေရီ ၊ ဆယက်ဒ် နေအ်မသွလ္လာဟ် ၊ အိုကူဒ်ဒိုလ်မရ်ဂျာန် ဖီး သဖ်စီးရ်ရေ ကုရ်အာန် ၊ ကွမ်း ၊ နူးရ်ရေ ဝဟီ ၊ အီရန် သက္ကရာဇ် ၁၃၈၈ ခုနှစ် ။
  • ခူဝီ ၊ အဘူလ်ကာစင်မ် ၊ အလ်ဗယာန်း ဖီး သဖ်စီးရ်ရေလ် ကုရ်အာန် ၊ ကွမ်း ၊ မိုအ်စေစေဟ် အဲဟ်ယာ အိုအာစာရ် ရ အေမာမ် ခူဝီ ၊ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၃၀ ခုနှစ်။
  • ရရှီးဒ် ရေဇာ ၊ မိုဟမ္မဒ် ၊ သဖ်စီးရ်ရိုလ်မနာရ် ၊ အီဂျစ် ၊ အလ်ဟိုင်အသိုလ် မစ်ရီယဟ် ဟိုလ်အာမဟ် လစ်လ်ကိုသွန်ဗ် ၊ ခရစ် သက္ကရာဇ် ၁၉၉၀ ခုနှစ်။
  • စူယူသီ ၊ ဂျလာလွတ်ဒ်ဒီးန် ၊ အလ်အစ်သကာန် ဖီး အူလူမေလ်ကုရ်အာန် ၊ ကိုင်ဟေရဟ် ၊ အလ်ဟိုင်အသိုလ် မစ်ရီယဟ် ဟိုလ်အာမဟ် လစ်လ်ကိုသွန်ဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ခုနှစ်။
  • ရှာအ်အဗ်ဒူအာဇီမီ၊ ဟိုစိုင်းန် ၊ သဖ်စီးရ် အစ်စနာအရှရီ၊ တီဟီရန် ၊ မီကာသ် ၊ အီရန် သက္ကရာဇ် ၁၃၆၃ ခုနှစ်။
  • ရှာယစ်က် ၊ မိုဟမ္မု်ရေဇာ ၊ « ဟလ်လေ သအာရိုဇ် ဇာဟေရီ ဗိုင်းနေ အာယာသ် သေ စိုက်ဖ် ဝ နဖီ ယေအစ်ကရာဟေ ဝ သာစီးရေ အောန် ဒဲရ် မစအလအေ အာဇါဒီ ဒဲရ် အန်သေခါဗ် ဗေ ဒီးန် » ၊ဗဂျူဟစ်ရှ် နာမဟ် သဖ်စီးရ် ရေ ကလာမ်မီ ကုရ်အာန် ၊ အတွဲ ၉ ၊ ဘဟာရ် ၊ အီရန် သက္ကရာဇ် ၁၃၉၅ ခုနှစ် ။
  • အလာမာ သွဗာသွဗာရီ ၊ ဆရက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ အလ်မီးဇန်း ဖီး သဖ်စီးရ် ရိုလ်ကုရ်အာန် ၊ ဘေရွတ် ၊ ဒါရိုအဲဟ်ယာလ်သိုရာစိုလ်အာရဘီ ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၀ ခုနှစ် ။
  • သွဗ်ရေစီ ၊ ဖွဇ်လ် ဗင် ဟစန် ၊ မဂျ်မအိုလ်ဗယာန်း ၊ မိုကဒမဟ် မိုဟမ္မဒ် ဂျဝါဒ် ဘလာဂီ ၊ တီဟီရန် ၊ နာဆေရ် ခွတ်ရူ ၊ တတိယကြိမ် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၂ ခုနှစ် ။
  • ဖိုက်ဇ် ကာရှာနီ ၊ မိုဟမ္မဒ် ဘင်န် ရှားဟ် မိုသဇာ ၊ သဖ်စီးရ်ရိုလ်ဆွာဖီ ၊ တီဟီရန် ၊ မတ်က်သဗသိုဆဒ်ရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ခုနှစ်။
  • ကိုရရှီ ဘနာဘီ၊ အလီအဲက္က်ဘရ် ၊ သဖ်စီး အဲဟ်ဆန် နိုလ်ဟဒီးစ် ၊ တီဟီရန် ၊ ဗွန်နယာဒ် ဗေအ်စသ် ၊ အီရန် သက္ကရာဇ် ၁၃၇၅ ခုနှစ်။
  • ကာရှဖီး ၊ ဟိုစိုင်းန်ဘင်န် အလီ ၊ သဖ်စီးရ် ဟိုစိုင်းန်နီ (မဝါဟစ်ဗ် ဗို အလိုင်း ) ၊ စရာဝါန် ၊ ကေသာဗ်ဖရူရှီ နူးရ် ၊ ခုနှစ်မသိ။
  • လွတ်သွ်ဖီ ၊ «  နက်ဒ်ဂေ ဒီဂါဟ် စလ်ဖီယေ ဂျေဟာဒီ ဒရ်ဗါရေဟ် ယေ ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ ဗါ သကီယေ ဗရ် အာယသ် ၅ စူရဟ် သောင်ဗဟ် » ၊ စေရာဂျ် ဂျိုမိုနီးရ် ၊ အတွဲ ၂၇ ၊ ပါယီဇ် အီရန် သက္ကရာဇ် ၁၃၉၆ ခုနှစ်။
  • မတ်ကဇ်ဇေအစ်သေလာအာသ် ဝ မဒါရက်ခ် အစ္စလာမ်မီ ၊ကွမ်း၊ ဖရ်ဟန်ဂ်နာမေဟ် အးလူမ်မေ ကုရအာန် အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ်။
  • မကာရေမ်မိုရှီရာဇီး ၊ နစေရ် ၊ သဖ်စီးရ် နမူနဟ် ၊ တီဟီရန် ၊ ဒါရို ကိုသွတ်ဗ် အလ်အေလ် မီယေဟ် ၊ အီရန်သက္ကရာဇ် ၁၃၇၁ ခုနှစ်။
  • မွတ်ဂ်နီယေဟ် ၊ မိုဟမ္မဒ် ဂျဝါဒ် ၊ သဖ်စီးရ် ရိုလ်ကာရှစ်ဖ် ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ်ဗေ အစ္စလာမ်မီယဟ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ။
  • နဲဟ်ဟာစ်၊ အဘူ ဂျအ်ဖရ် အဲဟ်မဒ်ဘင်န် မိုဟမ္မဒ် ၊ အန်နာစေခ် ဝ အဲလ်မန်စူခ် ၊ ကူဝိတ် ၊ အလ်ဖလာဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ။
  • နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး ရှရ်ဟ်ဟေ ရှာရာအေအ် အိုလ်အစ္စလာမ် ၊ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ အီရန်သက္ကရာဇ် ၁၃၆၂ ခုနှစ်။
  • ဟာရှမီ ရာဖ်ဆန်ဂျာနီ ၊အဲက္က်ဘရ် ၊သဖ်စီးရ် ရာဟ်နမာ ၊ ကွမ်း ၊ ဘူစ်သာန် နေကေသာဗ် ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ်။